အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း(7) အုံကြွပေါက်ကွဲသွားသော မြင်ကွင်း
မတိုင်ခင်က မြင်ကွင်းမှာ အလွန်ပင် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။
ကျောင်းသားတစ်ဦးက ကောရွှေ ဒုက္ခရောက်နေသည်ကို မြင်သောအခါ ရန်ပိုင်ရှင်းထံသို့ တိုက်ရိုက်သွားရောက် ပြောဆိုခဲ့ပြီး ယောင်ပင်းက ကောရွှေကို အနိုင်ကျင့်နေသည်ဟု မီးလောင်ရာလေပင့် ပြောဆိုခဲ့သည်။
ဤစကားကို ကြားလိုက်ရသောအခါ ရန်ပိုင်ရှင်းက ချက်ချင်းပင် ဒေါသထွက်သွားပြီး သူတို့၏အခန်းဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သူရောက်ရှိလာချိန်တွင် ယောင်ပင်းက ကောရွှေအား ရပ်တန့်ရန် အော်ဟစ်နေသည်ကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
ရန်ပိုင်ရှင်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွား၏။
“ဒါရိုက်တာ.. ယောင်ပင်းက ကျွန်တော်တို့ အတန်းပိုင်ဆရာမ မရှိတာကို အခွင့်ကောင်းယူပြီး ရန်ဖြစ်နေတယ်၊ ထူးဆန်းတာတွေလည်း လုပ်တယ်၊
ပြီးတော့ အမျိုးသမီးကျောင်းသားတွေကိုတောင် ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အတန်းထဲမှာ စည်းကမ်းပျက်အောင် လုပ်နေပါတယ်
ဒါရိုက်တာအနေနဲ့ စည်းကမ်းကို ပြန်ထိန်းသိမ်းပြီး ပြဿနာရှာတဲ့သူကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ မျှော်လင့်ပါတယ်”
သူ၏ဦးလေး ရောက်လာသည်ကို မြင်သောအခါ ကောရွှေက ချက်ချင်းပင် ခါးကို ဆန့်လိုက်ပြီး ဦးအောင် တိုင်တန်းလိုက်တော့၏။
ယောင်ပင်းလို ဆင်းရဲသား ငပျော့ကောင်က တောင်းပန်တာကို လိုချင်နေသေးတာလား။
အိမ်မက်ပဲမက်နေလိုက်!
သူပ ဦးလေး၏ အာဏာကို အသုံးချကာ ယောင်ပင်းကို ပင်းဟိုင်း အမှတ်(၁) အထက်တန်းကျောင်းမှ နှင်ထုတ်ပစ်ပြီး မတိုင်ခင်က အရှက်ရမှုကို ကလဲ့စားချေရန် ဆုံးဖြတ်လိုက်လေသည်။
ရန်ပိုင်ရှင်းက ယောင်ပင်းအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ယောင်ပင်း... မင်းရဲ့ ဆရာတွေက မင်းကို ဘယ်လိုများ သွန်သင်ဆုံးမခဲ့တာလဲ၊ တခြားဟာတွေကို ထားလိုက်ဦး၊ ကျောင်းသားတွေ အများကြီးရှေ့မှာ မင်းက အမျိုးသမီးအတန်းဖော်ကို နှောင့်ယှက်ရဲတယ် ဟုတ်လား ၊
မင်း ဒီအတိုင်းဆက်သွားနေရငရ တကယ့်လူမိုက်ပဲ ဖြစ်တော့မယ်၊ အခု အပြင်ကိုထွက်သွားစမ်း”
ယောင်ပင်းက မတ်တပ်ရပ်လျက် တည်ငြိမ်စွာပင် ခုခံပြောဆိုလိုက်သည်။
“ဒါရိုက်တာ... ကျွန်တော် အဲဒီလို မလုပ်ခဲ့ပါဘူး”
ရန်ပိုင်ရှင်းက ယောင်ပင်းဘက်မှ အမျိုးသမီးကျောင်းသားကို နှောင့်ယှက်သည်၊ မနှောင့်ယှက်သည်ကို ဂရုမစိုက်ချေ။ သို့သော် ယောင်ပင်းက သူ၏ တူကို လာရှုပ်နေသည်ကိုတော့ သူ သည်းမခံနိုင်ပေ။
ယောင်ပင်းက ပြန်ပြောရဲသည်ကို မြင်သောအခါ ရန်ပိုင်ရှင်း၏ မျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
“ငါနဲ့အတူ ကျောင်းအုပ်ကြီးဆီ လိုက်ခဲ့၊ မင်း အခုပြောတဲ့ စကားတွေကို ကျောင်းအုပ်ကြီးရှေ့မှာ ထပ်ပြောပြစမ်း”
သူ့ရဲ့ တူကို အနိုင်ကျင့်ရဲပြီး လာငြင်းရဲသေးတာလား။
ဒီယောင်ပင်းက ပင်းဟိုင်အမှတ်(၁) ကျောင်းမှာ ဆက်မနေချင်တော့တဲ့ပုံပဲ။
ရန်ပိုင်ရှင်း၏ ဒေါသကို မြင်သောအခါ အတန်းထဲရှိ ကျောင်းသားများမှာ တိတ်ဆိတ်သွားကြပြီး မည်သူမျှ စကားမပြောရဲကြချေ။
ရန်ပိုင်ရှင်းက ကောရွှေဘက်သို့ ဘက်လိုက်နေသည်ကို လူတိုင်း မြင်နိုင်သည်။
သို့သော် ရန်ပိုင်ရှင်းမှာ ဒါရိုက်တာ ဖြစ်သဖြင့် ကျောင်းတွင် အာဏာအလွန်ကြီးမားပေသည်။ ဆင်းရဲသော ကျောင်းသားတစ်ဦးဖြစ်သည့် ယောင်ပင်းက သေချာပေါက် ဒုက္ခ ရောက်ပေတော့မည်။
ယောင်ပင်းက ကောရွှေကို လက်ညှိုးညွှန်ပြလိုက်သည်။
“ဒါရိုက်တာ... အမျိုးသမီးကျောင်းသားကို နှောင့်ယှက်ခဲ့တာက ကောရွှေပါ၊ ကျွန်တော် မဟုတ်ပါဘူး”
ထိုသို့ပြောဆိုပြီးနောက် သူက လက်ကို အသာဝေ့ယမ်းလိုက်၏။
ထို့နောက်တွင် ကျန်းရှောင်ပေ၏ ကိုယ်ပေါ်တွင် ရှိနေသော တစ္ဆေကြီးက အနက်ရောင် မြူခိုးတစ်စအဖြစ် ပြောင်းလဲသွားပြီး ကောရွှေ၏ ကိုယ်ပေါ်သို့ တိတ်တဆိတ် ကပ်တွယ်သွားတော့သည်။
ချက်ချင်းပင် ယောင်ပင်းက ဂါထာနှစ်ပုဒ်ကို တိုးတိုးလေး ရွတ်ဆိုလိုက်၏။
ရန်ပိုင်ရှင်းကတော့ ထိုသည်ကို လုံးဝ မမြင်နိုင်ပေ။ သူက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည် ။
“ကောရွှေက အမျိုးသမီးကျောင်းသားကို နှောင့်ယှက်တယ်လို့ မင်းပြောချင်တာလား၊ မင်းမှာ ဘာသက်သေရှိလို့လဲ”
ဤဘက်လိုက်မှုမှာ အလွန်ပင် ထင်ရှားလှပေသည်။ ခုနက ကောရွှေက ယောင်ပင်း နှောင့်ယှက်သည်ဟု ပြောခဲ့ချိန်က သက်သေမတောင်းခဲ့ဘဲ ယခု ယောင်ပင်းမှပြောချိန်တွင် သက်သေတောင်းနေခဲ့သည်။
အတန်းထဲရှိ ကျောင်းသားများမှာ ယောင်ပင်းအတွက် ချွေးပြန်သွားကြရ၏။
သူက ဤကဲ့သို့သော သက်သေမျိုးကို ပေးနိုင်ပါမည်လား။
ထိုအချိန်မှာပင် ကောရွှေ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ခါသွားပြီး ကျန်းရှောင်ပေထံသို့ ခုန်အုပ်လိုက်ကာ သူမကို တင်းကြပ်စွာဖက်လျက် နမ်းရှုံ့တော့သည်။
“အချစ်လေး... ငါ မင်းကို နမ်းပါရစေဦး”
“မင်းကို ငါ အရမ်းလွမ်းနေတာ...”
…
အလွန် ရိုင်းစိုင်းပြီး ပွင့်လင်းသော စကားလုံးပေါင်းစုံက ကောရွှေ၏ ပါးစပ်မှ အဆက်မပြတ် ထွက်ပေါ်လာသည်။
ထိုမျှမကဘဲ ကောရွှေသည် သူမအား ကိုယ်ထိလက်ရောက် ကျူးလွန်ကာ နမ်းရှုံ့နေပြီး သူ၏ လုပ်ရပ်များက အလွန်ပင် ညစ်ညမ်းလွန်းသည်။
လူတိုင်း ကြောင်အသွားကြ၏။
ရန်ပိုင်ရှင်းလည်း ကြောင်အမ်းသွားခဲ့သည်။
တစ္ဆေက ကောရွှေ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို သူတို့ မမြင်နိုင်ကြချေ။
သူတို့ မြင်တွေ့ရသည်မှာ ကောရွှေသည် ရန်ပိုင်ရှင်းနှင့် အတန်းဖော်များ အားလုံး၏ ရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ ကျန်းရှောင်ပေထံသို့ ပြေးဝင်သွားကာ သူမကို နမ်းရှုံ့ကိုက်ခဲနေခြင်းသာ ဖြစ်လေသည်။
“သူ ရူးသွားပြီလား၊ ကောရွှေက သတ္တိကောင်းလွန်းတာပဲ.. လူအများကြီးရှေ့မှာတောင် ဒါမျိုး လုပ်ရဲတယ်ပေါ့၊ ကွယ်ရာမှာဆိုရင် ဘာတွေလုပ်နေမလဲ မသိဘူး”
“ဒါရိုက်တာက သက်သေတောင်းနေတာမလား၊ အခုတော့ သက်သေရပြီလေ၊ သူ ဘာပြောဦးမလဲ ကြည့်ရအောင်”
ကျောင်းသားများ အားလုံး တိုးတိုးတိတ်တိတ်ဖြင့် ဝိုင်းဝန်း ဆွေးနွေးနေကြလေသည်။
ရန်ပိုင်ရှင်း၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ကောရွှေ... အခု ချက်ချင်း ရပ်လိုက်စမ်း”
ယောင်ပင်းက သူ၏ တူကို အနိုင်ကျင့်သည်ဟု ကြားသိရသဖြင့် ဤသည်ကို အကြောင်းပြကာ ယောင်ပင်းအား ကျောင်းမှ နှင်ထုတ်ရန် သူ ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
မမျှော်လင့်ဘဲ အခြေအနေမှာ ဆိုးရွားသွားခဲ့ပြီ။ သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီမှာပင် ကောရွှေက ပြေးထွက်သွားပြီး အမျိုးသမီးကျောင်းသားကို အမှန်တကယ်ပင် ကိုယ်ထိလက်ရောက် ကျူးလွန်နေခဲ့ပြီ။
သူ လိုချင်နေသော သက်သေကို ကောရွှေကိုယ်တိုင်က ပေးလိုက်ခြင်း ဖြစ်သည်။
ယခု အရေးကြီးဆုံးအရာမှာ ကောရွှေကို တားဆီးရန်သာ ဖြစ်လေ၏။
ရန်ပိုင်ရှင်း အော်ဟစ်လိုက်ပြီးနောက်တွင် ကောရွှေက အမှန်တကယ်ပင် ရပ်တန့်သွားပြီး ရန်ပိုင်ရှင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လာ၏။
ရန်ပိုင်ရှင်းလည်း သက်ပြင်းချနိုင်သွားရသည်။
သို့သော် သူ သက်ပြင်းချလို့ပင် မဆုံးသေးမီမှာပင် ကောရွှေ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပလာတော့သည်။
“ဝိုး.. ဦးလေး.. ရင့်ကျက်တဲ့ ဦးလေးပဲ၊ ကျွန်တော် ဦးလေးကြီးတွေကို သဘောကျတယ်”
ထိုသို့ ပြောဆိုပြီးနောက် ကောရွှေသည် ရန်ပိုင်ရှင်းထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့၏။
“ဦးလေး... ကျွန်တော် ဦးလေးကို ချစ်တယ်၊ ကျွန်တော့်ကို လက်ခံပေးနိုင်မလား”
ကောရွှေက ရန်ပိုင်ရှင်းပေါ်သို့ ခုန်အုပ်လိုက်ပြီး ပွေ့ဖက်လိုက်ကာ ကျန်းရှောင်ပေကို လုပ်ဆောင်ခဲ့သကဲ့သို့ပင် နမ်းရှုံ့ကိုက်ခဲပြီး သူ၏ အချစ်ကို ပြင်းပြင်းထန်ထန် ဖော်ပြတော့သည်။
ရန်ပိုင်ရှင်း ထိတ်လန့်သွားလေ၏။
ကောရွှေတစ်ယောက် အဘယ်ကြောင့် ဤသို့ဖြစ်သွားကြောင်းကို သူ နားမလည်နိုင်ချေ။
အဘယ်ကြောင့် သူ့ကို လာပြီးချစ်ကြိုက်ကြောင်း ဖော်ပြနေရသနည်း။
ထို့အပြင် ကောရွှေ၏ အားမှာ အလွန်ပင် ကြီးမားလွန်းသည်။
သူက ရန်ပိုင်ရှင်းကို တင်းကြပ်စွာ ဖက်ထားရုံသာမက လူပုံအလယ်တွင် သူ၏ အဝတ်အစားများကိုပါ စတင် ချွတ်နေတော့သည်။
ရန်ပိုင်ရှင်းက ဒေါသထွက်စွာ ဟိန်းဟောက်လိုက်သည်။
“ဒီကောင်စုတ်လေး... ရပ်လိုက်စမ်း”
“ငါ့အင်္ကျီကို မဆွဲနဲ့!”
“ငါ့ဘောင်းဘီ...”
သို့သော် အလွန်အမင်း ရူးသွပ်နေသော အခြေအနေတွင် ရှိနေသည့် ကောရွှေက နားမထောင်ချေ။
သူသည် ရန်ပိုင်ရှင်း၏ ဘောင်းဘီကို ဆွဲချွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို နမ်းလာတော့သည်။
မြင်ကွင်းမှာ အလွန်ပင်ဆိုးရွားလာခဲ့လေ၏။
“ဒီကောင်စုတ်... ငါ့ကို လွှတ်စမ်း”
“မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ သူ့ကို မြန်မြန် လာချုပ်ကြဦး”
ရန်ပိုင်ရှင်း၏ အော်ဟစ်သံက စာသင်ခန်းအတွင်း၌ ပဲ့တင်ထပ်သွားပေသည်။
သို့သော်လည်း တစ္ဆေထိန်းချုပ်ထားသော ကောရွှေက အလွန်ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသဖြင့် ကျောင်းသားများက သူ့ကို လုံးဝ ချုပ်ထားနိုင်ခြင်း မရှိကြချေ။
လူတိုင်း အံ့အားသင့်နေသည့် အကြည့်အောက်တွင် ကောရွှေက သူ၏ ကိုယ်ပိုင် အဝတ်အစားများကိုပင် ချွတ်ပစ်လိုက်ပြီး ရန်ပိုင်ရှင်းပေါ်သို့ ခုန်အုပ်ကာ သူ၏ ခန္ဓာကိုယ်ကို ရိုက်လျက် ပြောပြ၍မရသော အမူအရာများကို စတင်လုပ်ဆောင်လာခဲ့သည်။
မြင်ကွင်းမှာ လုံးဝ ထိန်းချုပ်မရတော့ဘဲ ပျက်စီးသွားလေပြီ။
တစ်တန်းလုံးမှာလည်း ချက်ချင်းပင် ရှုပ်ထွေးသွားတော့သည်။
“ကောရွှေက ဘယ်သူ့ကိုမှ မချန်တော့ဘူးပဲ၊ သူက သူ့ ဦးလေးအရင်းကိုတောင် လွှတ်မပေးဘူးလား”
“ကောရွှေက ယောက်ျားရော မိန်းမရော ကြိုက်တာလား၊ ဒါပေမဲ့ သူ့ရဲ့ ယောက်ျားတွေကို ကြိုက်တဲ့ ပုံစံကတော့ အစွန်းရောက်လွန်းတယ်၊ ငါတောင် ကြည့်ရတာ စိတ်မသက်မသာ ဖြစ်မိတယ်...”
အခန်းခြောက်မှ ဆူညံသံများကြောင့် လူအများအပြားက ချက်ချင်း ရောက်ရှိလာကြလေသည်။
ပထမဆုံးအနေဖြင့် ဆရာအချို့ ရောက်လာကြ၏။
ထို့နောက်တွင် ဘေးအတန်းမှ ကျောင်းသားများနှင့် ဆရာများ ရောက်လာကြသည်။
နောက်ဆုံးတွင် ကျောင်းအုပ်ကြီးပင်လျှင် အခမ်း(6)ဆီသို့ ရောက်ရှိလာတော့သည်။
“ရန်ပိုင်ရှင်း မင်း ဘာတွေ လုပ်နေတာလဲ”
ကျောင်းအုပ်ကြီးက စာသင်ခန်းတံခါးဝသို့ အလျှင်အမြန်တိုးဝင်လာပြီး အတွင်းရှိ အလွန် ပူပြင်းနေသော မြင်ကွင်းကို ချက်ချင်း မြင်တွေ့လိုက်ရ၏။
သူ၏ မျက်နှာက မည်းမှောင်သွားပြီး ကောရွှေကို ဟိန်းဟောက်လိုက်သည်။
“ကောရွှေ... အခု ချက်ချင်း ရပ်လိုက်စမ်း”
ထိုအချိန်တွင် ယောင်ပင်းက ချက်ချင်းပင် ဂါထာအချို့ကို တိုးတိုးလေး ရွတ်ဆိုလိုက်ပေသည်။
တစ္ဆေကြီးက ကောရွှေ၏ ကိုယ်ထဲမှ လျင်မြန်စွာ ထွက်ခွာသွား၏။
ရူးသွပ်နေသော ကောရွှေသည်လည်း ရုတ်တရက် သတိပြန်ဝင်လာတော့သည်။
*
အခွင့်အရေးသာ ရှိခဲ့လျှင် ကောရွှေ ပြန်နိုးမလာချင်တော့ပေ။
သူ နိုးလာသည့်အချိန်တွင် မြင်တွေ့လိုက်ရသည်မှာ သူ့ဦးလေး၏ ရုပ်ဆိုးလွန်းသော အနီရဲရဲ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ထားသည့် တင်ပါးကြီးမှာ သူ့ဘက်သို့ ပြူးထွက်နေခြင်းဖြစ်ပေသည်။
ထို့အပြင် သူကိုယ်တိုင်ကလည်း..
ကျောင်းအုပ်ကြီးသည် သူတို့နှစ်ဦး၏ ရှေ့တွင် မတ်တပ်ရပ်လျက် သတ်ဖြတ်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
အခန်း(6)၏တံခါးဝတွင် ကျောင်းသားများနှင့် ဆရာများမှာ ရှုပ်ထွေးနေကြပြီး အားလုံးက ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသော မျက်နှာအမူအရာများဖြင့် ကြည့်ရှုနေကြလေသည်။
ကောရွှေ ကြောင်အသွား၏။
ခုန ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။
အဘယ်ကြောင့် သူနှင့် သူ၏ဦးလေးမှာ ဤကဲ့သို့ ရှက်ရွံ့ဖွယ် အနေအထားမျိုးသို့ ရောက်နေကြရသည်လဲ။
ကောရွှေ တွေးတောနေချိန်မှာပင် အေးမြသော လေပြေတစ်ခု ဖြတ်တိုက်သွားသဖြင့် သူ၏ ပေါင်ကြား၌ အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ချက်ချင်းပင် ဆဲရေးလိုက်မိသည်။
“သောက်ကျိုးနည်း.. ဘယ်ကောင်က ငါ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်တာလဲ”
ဟိတ်ဟန်ကြီးလွမ်းသော သခင်လေးကောရွှေမှာ လူအများအပြားရှေ့တွင် အဝတ်အစားများ အချွတ်ခံလိုက်ရသည် ဖြစ်ရာ နောက်တွင် သူ မည်သူ့ကို မျက်နှာပြဝံ့ပါတော့မည်နည်း။
*
အခန်း(8)လောင်းကြေးထပ်မယ်
သူနှင့် ရင်းနှီးသော သူငယ်ချင်းအချို့ကတော့ ဖြစ်ပျက်ခဲ့သမျှကို ကောရွှေအား အမြန်ပြောပြကြလေသည်။
ဤသည်ကို ကြားလိုက်ရသောအချိန်တွင် ကောရွှေ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့၏။
“ဒီခွေးကောင်... မင်းကများ ငါ့ကို ကစားရဲတယ်ပေါ့.. မင်း ဘယ်တော့မှ မမေ့နိုင်မဲ့ သင်ခန်းစာမျိုးကို ငါ ပေးလိုက်မယ်...”
ကောရွှေက ယောင်ပင်းအား အဆိပ်ပြင်းလှသော အသံဖြင့်ပြောကာ ရက်ရက်စက်စက် စိုက်ကြည့်လိုက်ပေသည်။
ဒီခွေးကောင် ယောင်ပင်းက လူပုံအလယ်မှာ သူ့ကို အရှက်ခွဲရဲတယ်။
သူ ယောင်ပင်းကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး။
ယောင်ပင်းက ထိတ်လန့်သွားသကဲ့သို့ ဟန်ဆောင်ကာ နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး “ကြောက်လန့်တကြား”ဖြင့် ကျောင်းအုပ်ကြီးထံသို့ အကူအညီ တောင်းခံလိုက်သည်။
“ကျောင်းအုပ်ကြီး ကောရွှေက.. ကျွန်တော့်ကို ခြိမ်းခြောက်နေပါတယ်”
ယောင်ပင်း၏ တစ်ကိုယ်လုံးမှာ တုန်ရင်နေပြီး အလွန်အမင်း ကြောက်လန့်နေပုံရသည်။
ကျောင်းအုပ်ကြီးမှာတော့ ဒေါသကြောင့် တုန်ယင်နေ၏။
ကောရွှေ၏ အပြုအမူများမှာ နဂိုကတည်းက အလွန်အမင်း ဆိုးရွားလွန်းနေပြီပင်။ သို့သော်လည်း ယခုအချိန်တွင် သူ၏ရှေ့တွင်ပင် အတန်းဖော်ကို ခြိမ်းခြောက်ရဲနေသေးသည်။
ဤသည်မှာ လွန်လွန်းနေချေပြီ။
ထိုအချိန်တွင် ရန်ပိုင်ရှင်းက စိတ်ကို ပြန်ထိန်းနိုင်သွားပြီ ဖြစ်၏။ သူက သူ၏ဘောင်းဘီကို အမြန်ဆွဲတင်လိုက်ပြီး ကျောင်းအုပ်ကြီး တုံ့ပြန်ခြင်းမပြုမီမှာပင် ကောရွှေ၏ ပါးကို ဖြတ်ရိုက်လိုက်သည်။
“ဒီခွေးကောင်.. ဘာတွေ အော်ဟစ်နေတာလဲ၊ ကျောင်းအုပ်ကြီးကို အခုချက်ချင်း တောင်းပန်စမ်း .. အတန်းဖော်ကိုတောင် ခြိမ်းခြောက်ရဲသေးတယ်၊ အဲဒီကျောင်းသားကိုလည်း အခုချက်ချင်း တောင်းပန်လိုက်”
ယခုတစ်ကြိမ်တွင် သူနှင့် သူ၏တူမှာ ဒုက္ခရောက်နေပြီဖြစ်ကြောင်း ရန်ပိုင်ရှင်း သိလိုက်သည်။
သို့သော် ကျောင်းအုပ်ကြီး ရှိနေသဖြင့် သူသည်က ဟန်ဆောင်ပြရပေဦးမည်။
ယောင်ပင်းကိုတော့ နောက်မှ အေးအေးဆေးဆေး ကိုင်တွယ်ရန် အခွင့်အရေးများစွာ ရှိနေသေးသည်။
ကောရွှေမှာ မုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီး ယောင်ပင်းကို ခုန်အုပ်ကာ အရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်နေမိ၏။
သို့သော် ကျောင်းအုပ်ကြီးရှေ့တွင်တော့ နာခံမှုရှိစွာဖြင့် အမှားဝန်ခံရုံသာ တတ်နိုင်တော့သည်။
“ယောင်ပင်း... ငါမှားသွားပါတယ်၊ နောက်ကို ဘယ်တော့မှ မလုပ်တော့ပါဘူး”
သူ အမှားကိုဝန်ခံနေချိန်မှာပင် ယောင်ပင်း၏ မျက်ဝန်းထဲ၌ အောင်နိုင်သူ၏ အပြုံးကို သူ ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။
ဒီခွေးကောင်!
ဒီယောင်ပင်းက တမင်လုပ်နေတာပဲ!
ကောရွှေ၏ မျက်နှာမှာ တင်းမာသွားပြီး ဆဲရေးရန် ပြင်လိုက်စဉ်မှာပင် ကျောင်းအုပ်ကြီး၏ မျက်နှာက ပို၍မည်းမှောင်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းတို့နှစ်ယောက်... ငါ့နောက်ကနေ ရုံးခန်းထဲ လိုက်ခဲ့ကြစမ်း”
ရန်ပိုင်ရှင်းနှင့် ကောရွှေတို့က ယောင်ပင်းအား ရက်စက်စွာ စိုက်ကြည့်လျက် ကျောင်းအုပ်ကြီးနောက်သို့ လိုက်ပါသွားကြတော့၏။
ထိုနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ပြီး ကြည့်ရှုနေသော ကျောင်းသားများက ရယ်မောလာကြသည်။
“ဒါရိုက်တာရန် အရှက်ကွဲတာကို မြင်ရတာ တကယ့်ကို ကျေနပ်စရာပဲ”
“ဟုတ်တယ်၊ ဒီအဘိုးကြီးက ဒါရိုက်တာဖြစ်တာကို အားကိုးပြီး ကျောင်းမှာ အမြဲ မောက်မာနေတာ.. ဒီနေ့တော့ တစ်ယောက်ယောက်က ပညာပေးလိုက်ပြီ၊ တကယ့်ကို အားရစရာပဲ!”
…
ရောက်ရှိနေသော ကျောင်းသားအများစုမှာ ရန်ပိုင်ရှင်း၏ အပြစ်ပေးခြင်းကို ခံခဲ့ရဖူးသူများ သို့မဟုတ် ကောရွှေ၏အနိုင်ကျင့်မှုကို ခံခဲ့ရဖူးသူများ ဖြစ်ကြသည်။
သူတို့နှစ်ဦး ယနေ့ ကံဆိုးမိုးမှောင်ကျသည်ကို မြင်တွေ့ရသဖြင့် တစ်တန်းလုံးမှာ ဆူညံစွာ အော်ဟစ်ပြောဆိုမေကြတော့သည်။
အတန်း(6)မှ ကျောင်းသားများသည် ယောင်ပင်းအား လေးစားသော မျက်လုံးများဖြင့် ကြည့်ရှုကြပြီး အားလုံးက သူ့အား မျက်နှာချိုသွေးရန် ကြိုးစားကြပေသည်။
မည်သို့ပင်ဖြစ်စေ ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဒါရိုက်တာနှင့် ကောရွှေကို ပညာပေးနိုင်သူမှာ သာမန်လူ မဟုတ်နိုင်ချေ။
အတန်းဖော်များ၏ တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ ယောင်ပင်း ပို၍ စိတ်ပိုင်းဖြတ်လိုက်သည်:
သူ ပို၍ အစွမ်းထက်လာရမည်။
ယောင်ပင်းက သူ့ကို မျက်နှာချိုသွေးနေသော ကျောင်းသားများကို ဖြေရှင်းနေချိန်တွင် ကျန်းရှောင်ပေက လူအုပ်ထဲမှ ထွက်လာပြီး စာသင်ခန်းအပြင်သို့ အပြေးအလွှား ထွက်သွားသည်ကို သူ ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။
ယောင်ပင်း ခဏမျှ ကြောင်အသွားပြီးနောက် သူမနောက်သို့ လိုက်သွားခဲ့၏။
သို့သော် သူ အပြင်သို့ ရောက်သည့်အချိန်တွင် ကျန်းရှောင်ပေက ကျောင်းဝင်းအတွင်းမှ ပျောက်ကွယ်သွားပြီပင်။ သူ နေရာအနှံ့ ရှာဖွေသော်လည်း သူမကို ရှာမတွေ့တော့ချေ။
ကျန်းရှောင်ပေ ဘယ်ကို ရောက်သွားတာလဲ။
သူမ ကိုယ်ပေါ်က တစ္ဆေကြီးကရော ဘာဖြစ်သွားတာလဲ။
ကျန်းရှောင်ပေကို ရှာမတွေ့သဖြင့် ယောင်ပင်းက သံသယများစွာဖြင့် စာသင်ခန်းသို့ ပြန်လာခဲ့ရုံသာ တတ်နိုင်တော့သည်။
စာသင်ခန်းသို့ ပြန်ရောက်ပြီးနောက် ယောင်ပင်းက မျက်နှာပြင်ကို စစ်ဆေးလိုက်၏။
မျက်နှာပြင်တွင် ဖော်ပြလာသည်။
“ဂုဏ်ယူပါတယ်၊ တစ္ဆေကြီးတစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် အောက်ပြည်လောကကို တည်ဆောက်တဲ့နေရာမှာ နောက်ထပ်ခြေလှမ်းတစ်လှမ်း တိုးတက်လာခဲ့ပါပြီ၊ ဆုကြေးအဖြစ် မြေအောက်လောကသုံးဒင်္ဂါး (၁၀,၀၀၀) ရရှိပါတယ်!”
ယခုအချိန်အထိ ယောင်ပင်းတွင် ကြောက်ရွံ့ခြင်းတန်ဖိုး (၄၀,၀၀၀) နှင့် မြေအောက်လောကသုံး ဒင်္ဂါး (၁၁,၀၀၀) ရှိနေပြီဖြစ်ပြီး မြေအောက်လောကတွင်လည်း တစ္ဆေအကြီးတစ်ကောင်နှင့် အငယ်တစ်ကောင် ရှိနေပြီ ဖြစ်သည်။
ယောင်ပင်း တာဝန်သစ်ကို နှိပ်လိုက်လျှင် မျက်နှာပြင်တွင် စာများကချက်ချင်း ပေါ်လာသည်။
လယ်ဗယ်(3)တာဝန် - တစ္ဆေစစ်သူကြီးတစ်ကောင်ကို ဖမ်းဆီးပါ။
မှတ်ချက် - တစ္ဆေစစ်သူကြီးများမှာ သူတို့ထက် လယ်ဗယ်နိမ့်သော တစ္ဆေများကို ဖမ်းဆီးနိုင်သည်။
သို့သော်လည်း ၎င်းကို ဖမ်းဆီးရန်အတွက် အခက်အခဲလယ်ဗယ် အလွန်မြင့်မားသည်။
တာဝန်ရည်မှန်းချက် - လယ်ဗယ်(၄) ကြောက်ရွံ့ခြင်းကို ခံစားပါ။
တာဝန်တည်နေရာ - ကျောက်တုံးလမ်းရှိ ထင်းရှူးပင်လမ်း အပန်းဖြေဥယျာဉ်မှ သရဲအိမ်။
တာဝန်အချိန် - ည ၁၀ နာရီ
ဒီတာဝန်မှာ တစ္ဆေစစ်သူကြီးကို ဖမ်းဆီးရမှာလား။
ပြီးတော့ ကြောက်ရွံ့ခြင်း လယ်ဗယ် (4)တောင်မှရှိနေသေးတယ်။
ယောင်ပင်းအနေဖြင့် တာဝန်လယ်ဗယ် မြင့်လေလေ၊ ဖမ်းဆီးရမည့် တစ္ဆေအဆင့် မြင့်လေလေ၊ ကြုံတွေ့ရမည့် ကြောက်ရွံ့မှုနှင့် ထိတ်လန့်စရာ မြင်ကွင်းမှာ ပို၍ ဆိုးရွားလေလေ ဖြစ်ကြောင်း သိလာခဲ့သည်။
ထိုနည်းတူ ရရှိလာမည့် ကြောက်ရွံ့ခြင်းတန်ဖိုးမှာလည်း ပို၍များပြားလာလိမ့်မည်။
ကြောက်ရွံ့ခြင်းတန်ဖိုး ပိုရလေလေ၊ ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ကို ဝယ်ယူရန် ပို၍ မြန်ဆန်လေလေ ဖြစ်ပေမည်။
သူ့အနေဖြင့် ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ကို ဝယ်ယူရန် လိုအပ်သော တန်ဖိုးတစ်သိန်း ပြည့်ရန် (၆၀,၀၀၀)တောင် လိုအပ်နေသေးသည်။
ယောင်ပင်း တွေဝေခြင်းမရှိဘဲ အတည်ပြုခလုတ်ကို နှိပ်လိုက်တော့သည်။
ကျောင်းဆင်းချိန်...
ယောင်ပင်း ကျောင်းတံခါးဝမှ ထွက်လိုက်သည်နှင့် ကျောင်းသားအချို့က သူ့ကို ဝိုင်းလိုက်ကြပေသည်။
ထိုကျောင်းသားများကို ယောင်ပင်း မှတ်မိသည်။
သူတို့မှာ ကောရွှေ၏ နောက်သို့ အမြဲလိုက်နေသော ကောင်လေးများ ဖြစ်ကြသည်။
“ဒီနေ့ည ၁၀ နာရီ၊ ကျောက်တုံးလမ်း အပန်းဖြေဥယျာဉ်မှာ မင်းရဲ့ အစ်ကိုဟောင်က မင်းကို တွေ့ချင်နေတယ်!”
ယောင်ပင်းကို ဝိုင်းထားပြီးနောက် ခေါင်းဆောင်ဖြစ်သူ ဖူဟိုင်ဖုန်းက ပြောဆိုလိုက်၏။
ယောင်ပင်း စိတ်လှုပ်ရှားသွားသည်။
_ ကျောက်တုံးလမ်း အပန်းဖြေဥယျာဉ်ဟုတ်လား?
ဤသည် မျက်နှာပြင်တွင် ဖော်ပြထားသော နောက်ထပ်တာဝန် တည်နေရာနှင့် တူညီနေခဲ့သည်။
ဒီလောက်တောင် တိုက်ဆိုင်တာလား။
အစ်ကိုဟောင်က သူ့ကို ဘာကြောင့် တွေ့ချင်ရတာလဲ။
ယောင်ပင်းက အေးစက်စွာ မေးလိုက်သည်။
“အစ်ကိုဟောင်က ငါ့ကို ဘာလို့ ရှာတာလဲ”
အစ်ကိုဟောင်ဆိုသည်မှာ ပင်းဟိုင် အထက်တန်းကျောင်းတွင် အတော်လေး နာမည်ကြီးသူ ဖြစ်သည် ။
သူသည် ဒုတိယမျိုးဆက် သူဌေးသားဖြစ်ပြီး သူ၏ မိသားစုတွင် အိမ်ခြံမြေနှင့် မြေယာများစွာရှိသဖြင့် ကောရွှေ၏ မိသားစုထက်ပင် ပို၍ ချမ်းသာပေသည်။
ပို၍ အရေးကြီးသည်မှာ အစ်ကိုဟောင်က ရက်စက်တတ်သူ ဖြစ်၏။ တစ်စုံတစ်ဦးက သူ့ကို မနာခံလျှင် သူသည် ထိုသူကို သေချာပေါက် ဖျက်ဆီးပစ်တတ်သည်။
ပထမနှစ်နှင့် ဒုတိယနှစ်မှ လူမိုက်အများစုမှာ အစ်ကိုဟောင်၏ နောက်လိုက်များ ဖြစ်ကြသည်။
ကောရွှေ အပါအဝင်ပင်!
ယခုအခါ အစ်ကိုဟောင်က ယောင်ပင်းကို တွေ့ချင်နေသည်မှာလည်း ကောရွှေအတွက် ကလဲ့စားချေရန် ဖြစ်လိမ့်မည်။
“မင်း ဘာတွေလာပြီးစကားများနေတာလဲ၊ အစ်ကိုဟောင်က မင်းကို အကြောင်းပြချက် ပေးဖို့ လိုလို့လား”
ဖူဟိုင်ဖုန်းက ယောင်ပင်းထံသို့ ဓာတ်ပုံတစ်ပုံ ပစ်ပေးလိုက်သည်
“ဒီနေ့ည ကိုးနာရီခွဲ၊ နောက်မကျစေနဲ့”
ယောင်ပင်းထံသို့ ဓာတ်ပုံ ပစ်ပေးပြီးနောက် ထိုကျောင်းသားအုပ်စုမှာ အမြန်ထွက်ခွာသွားကြတော့၏။
ယောင်ပင်း ဓာတ်ပုံကို လှန်ကြည့်လိုက်သည့်အခါ ချက်ချင်းပင် ထိတ်လန့်သွားရသည်။
ဓာတ်ပုံထဲတွင် ကျန်းရှောင်ပေက အလွန်ဟော့လွန်းသော အဝတ်အစားများကို ဝတ်ဆင်ထားရပြီး ကြိုးများဖြင့် အချည်ခံထားရကာ သူမ၏ မျက်နှာအမူအရာမှာ အလွန်ပင် နာကျင်နေပုံ ရသည်။
ထို့အပြင် သူမ၏ နောက်တွင် ရှိနေသည်မှာ အပန်းဖြေဥယျာဉ် ဖြစ်ပေသည်။
အစ်ကိုဟောင်က ကျန်းရှောင်ပေကို အသုံးချကာ ယောင်ပင်းအား ချိန်းဆိုထားသည့်နေရာသို့ လာရန် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ယခုအချိန်တွင် ယောင်ပင်းအနေဖြင့် မသွားဘဲ မနေနိုင်တော့ချေ။
ည ၉ နာရီခွဲ...
အပန်းဖြေဥယျာဉ်အတွင်း၌...
ယောင်ပင်းမှာ လူအုပ်စုတစ်စုနှင့် မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။
ထိုလူအုပ်စု၏ ခေါင်းဆောင်မှာ အခြားသူမဟုတ်ဘဲ အစ်ကိုဟောင် ပင် ဖြစ်၏။
အစ်ကိုဟောင်အှာ အရပ် ၁.၈ မီတာကျော် မြင့်မားပြီး ဆံပင်ကို ရွှေရောင်ဆိုးထားကာ အကြည့်များမှာလည်း ရက်စက်မှုများပြည့်နေသဖြင့် အထက်တန်းကျောင်းသားတစ်ဦးနှင့် လုံးဝ မတူချေ။
အစ်ကိုဟောင်၏ နောက်ကွယ်တွင် လူတစ်ဒါဇင်ခန့် ရပ်နေကြသည်။
ထိုလူများထဲတွင် ကောရွှေနှင့် သူ၏ အတန်းဖော်အချို့ ပါဝင်ကြပြီး ကျန်သည့်လူများမှာ လမ်းဘေးလူမိုက်များ ဖြစ်ကြပေသည်။
“ယောင်ပင်း... ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်”
ကောရွှေက ယောင်ပင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်လုံးများ နီမြန်းသွားပြီး သူ့အား ထိုးကြိတ်ရန် ရှေ့သို့ ပြေးထွက်လာတော့သည်။
သူ၏ အတန်းဖော်များကလည်း သူ့အား ရက်စက်စွာ စိုက်ကြည့်နေကြ၏။ သို့သော်လည်း သူတို့ လှုပ်ရှားခြင်းမပြုမီမှာပင် အစ်ကိုဟောင်က သူတို့ကို တားဆီးလိုက်သည်။
အစ်ကိုဟောင်ရှိနေသဖြင့် ကောရွှေသည်လည်း နာခံရုံသာ တတ်နိုင်ပြီး ပြဿနာ မရှာဝံ့ချေ။
“ကောင်လေး... မင်းက သတ္တိရှိသားပဲ၊ ချိန်းဆိုတဲ့နေရာကို တစ်ယောက်တည်း လာရဲတယ်ပေါ့”
အစ်ကိုဟောင်က ယောင်ပင်းအား အထက်အောက် ကြည့်ရှုလိုက်ပြီး အထင်သေးစွာပြောဆိုလိုက်သည်။
“ဘာလဲ... ကျန်းရှောင်ပေကို လာတွေ့တာလား”
အစ်ကိုဟောင်က ယောင်ပင်းကို လုံးဝ အလေးအနက်မထားချေ။
ယောင်ပင်းမှာ ပိန်လှီနေသဖြင့် သူ၏ လက်ဝါးတစ်ချက်ဆိုလျှင်ပင် လဲကျသွားလောက်သည်။
ကောရွှေက ဤကောင်လေးကြောင့် ဒုက္ခရောက်ခဲ့ရသည်လား။
သူက တကယ့်ကို ကြောက်တတ်တဲ့ ကောင်ပဲ။
ယောင်ပင်းသည် စကားမရှည်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ကျန်းရှောင်ပေ ဘယ်မှာလဲ?”
ဖြောင်း ဖြောင်း..
အစ်ကိုဟောင်က ပျင်းရိစွာဖြင့် လက်ခုပ်အနည်းငယ် တီးလိုက်ပြီး ပြောဆိုလိုက်သည်။
“ကောင်လေး... မင်းက ငါ့ညီကို ဒုက္ခပေးခဲ့တယ်၊ ဒါကြောင့် ငါ သူ့အတွက် ကလဲ့စားချေရမယ်၊ ဒါပေမဲ့ ဒီနေ့တော့ ရန်မဖြစ်ကြစမ်းပါနဲ့၊
တစ်မျိုးလေး စမ်းကြည့်ရအောင်.. ကျန်းရှောင်ပေက အပန်းဖြေဥယျာဉ်ထဲက သရဲအိမ်ထဲမှာ ရှိတယ်၊ မင်းကိုယ်တိုင်ပဲ သွားရှာရမယ်၊ ငါတို့ လောင်းကြေးထပ်မယ်၊ ဘယ်သူ အရင်ရှာတွေ့မလဲဆိုတာ ကြည့်ရအောင်၊ ဘယ်လိုလဲ”