အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း(11)မင်းကို မာလာထန်ကျွေးမယ်
တစ်ဖက်မှ လူသုံးယောက် ပြာရာခတ်နေအချိန်တွင် ယောင်ပင်းက စကားစလိုက်လေသည်။ သူက တစ္ဆေစစ်သူကြီးအား ပြောခဲ့သည်။
“ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ သူတို့ကို လွှတ်ပေးလိုက်ပါ၊ ခင်ဗျားကို ပေါက်စီဝယ်ကျွေးမယ်”
“ပြီးတော့ မာလာထန်လည်း ကျွေးလို့ ရသေးတယ်
သူ့တွင် ငွေအမြောက်အမြား မရှိသဖြင့် တစ္ဆေစစ်သူကြီးအား ကျွေးမွေးနိုင်သမျှမှာ ထိုအရာများသာ ဖြစ်ပေသည်။
အစ်ကိုဟောင်နှင့် ကောရွှေတို့မှာ ဆွံ့အသွားကြ၏။
ကျန်းထျန်းရှီက လှောင်ပြောင်သရော်လိုက်သည်။
“ကောင်လေး... မင်း ဒီအကွက်ကို သုံးနှစ်သားကလေးကို ချော့တဲ့နေရာမှာပဲ သုံးသင့်တယ်၊ ဒါက ဂုဏ်သိက္ခာရှိတဲ့ တစ္ဆေစစ်သူကြီးပဲ၊
မင်းက အမွှေးတိုင်တွေ၊ နတ်စက္ကူတွေနဲ့ ဆွဲဆောင်လို့ ရရက်သားနဲ့ အစားအသောက်ကို သုံးနေတာလား
မင်းသာ တကယ်ပဲ တစ္ဆေစစ်သူကြီးကို နှိမ်နင်းနိုင်ရင် ငါ မင်းကို အဖိုးလို့ ခေါ်လိုက်မယ်”
ကျန်းထျန်းရှီ၏ လေသံမှာ အထင်သေးမှုများဖြင့် ပြည့်နှင့်နေခဲ့သည်။
ယောင်ပင်းထံတွင် တစ်စုံတစ်ခုသော အစွမ်းအစ ရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယောင်ပင်း၏ အစွမ်းမှာ ရှောင်လုံပေါင်နှင့် မာလာထန် အဆင့်မျှသာ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ယောင်ပင်းက လာနောက်နေတာလား။
ကျန်းထျန်းရှီ၏ စကားကို တမင်သက်သက့ ဆန့်ကျင်လိုက်သကဲ့သို့ သူပြောပြီးသည်နှင့် တစ္ဆေစစ်သူကြီးက စတင် လှုပ်ရှားလေသည်။
တစ္ဆေစစ်သူကြီးက ဦးစွာ ကျန်းထျန်းရှီကို လွှတ်ပေးလိုက်ပြီးနောက် ကောရွှေ၏ နောက်ကွယ်တွင်ရှိနေရာမှ ယောင်ပင်းရှိရာသို့ လျှောက်လာ၏။
ထို့နောက် ယောင်ပင်း၏ ပုခုံးကို အသာအယာ ပုတ်လိုက်ပြီး တစ္ဆေအိမ်၏ ထွက်ပေါက်ကို လက်ညှိုးညွှန်ပြလေသည်။
ယောင်ပင်း၏ မြင်ကွင်းတွင် - “တစ္ဆေစစ်သူကြီးက ရင်းနှီးလိုသော အမူအရာ ပြသနေပါသည်၊ မင်း သူနှင့် သူငယ်ချင်း ဖြစ်လိုပါသလား” ဟု ပေါ်လာသောကြောင့် ယောင်ပင်းက တုံ့ဆိုင်းမနေဘဲ “ဖြစ်လိုသည်” ကို ရွေးချယ်လိုက်၏။
တစ္ဆေစစ်သူကြီးမှာ သိသိသာသာပင် ပျော်ရွှင်သွားပြီး ယောင်ပင်း၏ ပုခုံးပေါ်သို့ လက်တင်လိုက်လေ၏။ သူတို့က တစ်ဦးနှင့်တစ်ဦး ပုခုံးဖက်ထားကြသည်မှာ သူငယ်ချင်းအရင်းအခြာများကဲ့သို့ပင် ဖြစ်နေခဲ့သည်။
အစ်ကိုဟောင် ကြောင်အသွား၏။
ကျန်းထျန်းရှီမှာလည်း စကားပင် မပြောနိုင်တော့ပေ။
ကောရွှေ : “ သောက်ကျိုးနည်း”
ကျန်းထျန်းရှီက သူ၏ ကြေးပြားဓားဖြင့်ပင် မနှိမ်နင်းနိုင်သော ဂုဏ်သိက္ခာရှိသည့် တစ္ဆေစစ်သူကြီးသည် ယောင်ပင်းက ပေါက်စီနှင့် မာလာထန်ဖြင့် ဆွဲဆောင်လိုက်ရုံမျှနှင့် ကျန်းထျန်းရှီနှင့် ကောရွှေတို့ကို အမှန်တကယ် လွှတ်ပေးလိုက်သည်။
ယောင်ပင်းက သူ့ကို မျက်နှာသာပေးရန် တောင်းဆိုသည်ကို သူက တကယ်ကြီး လုပ်ပေးခဲ့တာလား။
ဒါကတော့ သောက်ရမ်း ..
အနိုင်ကျင့်လွန်းနေတာပဲကွ!
အထူးသဖြင့် ကျန်းထျန်းရှီတစ်ယောက် စိတ်ထဲမှ အော်ဟစ်နေမိသည်။
သူ့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာမှုက ပေါက်စီတစ်ခြင်းနှင့် မာလာထန်တစ်ပွဲလောက်တောင် တန်ဖိုးမရှိတော့ဘူးလား။
တကယ်ကို စိတ်ပျက်စရာပဲ။
ထိတ်လန့်တကြား အဖြစ်ဆုံးသူမှာ ကောရွှေ ဖြစ်၏။
ကောရွှေ၏ အမြင်တွင် ယောင်ပင်းမှာ သူ၏ ရည်းစား အလုခံရလျှင်တောင် အသံတစ်ချက်မထွက်ဝံ့သည့် ဆင်းရဲသားတစ်ယောက်သာ ဖြစ်ပေသည်။
ယခု ပြန်စဉ်းစားကြည့်သောအခါ သူသည်က မနှောင့်ယှက်သင့်သောသူကို သွားရောက်နှောင့်ယှက်မိပြီဟု တွေးမိလာပြီး ရုတ်တရက် ကျောချမ်းသွားလေသည်။
“မာစတာကျန်း... ခင်ဗျားရဲ့ သားအမိနှစ်ယောက်ကို မြန်မြန် လွှတ်လိုက်တော့”
အစ်ကိုဟောင်လည်း နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ ပြောလာသည်။
“ဒီသားအမိနှစ်ယောက်က အရမ်းအစွမ်းထက်တယ်လို့ ခင်ဗျား ပြောခဲ့တယ်မဟုတ်လား၊ သူတို့ကို ဒီတစ္ဆေစစ်သူကြီးကို သတ်ခိုင်းလိုက်စမ်းပါ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ဒီကောင်လေးကို ဒီအထဲကနေ အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ဘူး”
အစ်ကိုဟောင်က ဤအရာများကို ကောင်းစွာ နားမလည်ပေ။ မာစတာကျန်းက သားအမိနှစ်ယောက်မှာ အလွန်ပင် အစွမ်းထက်ကြောင်း ပြောပြခဲ့ဖူးသဖြင့် ၎င်းတို့က တစ္ဆေစစ်သူကြီးထက်ပင် ပိုမို အစွမ်းထက်လိမ့်မည်ဟု သူ ယူဆထားခဲ့သည်။
ယခုအချိန်တွင် တစ္ဆေစစ်သူကြီးနှင့် ယောင်ပင်းတို့ ပုခုံးဖက်နေသည်ကို မြင်ရသောအခါ ယောင်ပင်းက တစ္ဆေစစ်သူကြီးကို ခိုင်းစေ၍ သူတို့အား ဒုက္ခပေးမည်ကို စိုးရိမ်သဖြင့် ဦးအောင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
မာစတာကျန်းမှာ ငိုချင်စိတ်ပင် ပေါက်သွား၏။
သူ၏ သားအမိနှစ်ယောက်က အစွမ်းထက်သည်မှာ မှန်သော်လည်း မည်သူနှင့် ရင်ဆိုင်ရသည့်အပေါ်တွင် မူတည်ပေသည်။
သာမန်တစ္ဆေများနှင့် လူသားများအတွက်တေခ့ သားအမိနှစ်ယောက်မှာ အလွန်ပင် အစွမ်းထက်သော်လည်း တစ္ဆေစစ်သူကြီးနှင့် ယှဉ်လျှင်တော့ ပုရွက်ဆိတ်များလောက်ပင် အစွမ်းမထက်ပေ။
သို့သော် ဤအချက်ကို သူက အစ်ကိုဟောင်အား တိုက်ရိုက်မပြောဝံ့ပေ။
ပြောလိုက်ပါက သူ့အနေဖြင့် လူချမ်းသာအသိုင်းအဝိုင်းကြားတွင် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ ကံစမ်းကြည့်ရန်သာ ရှိတော့၏။
ဆုံးဖြတ်ချက်ချပြီးနောက် ကျန်းထျန်းရှီက အံကြိတ်၍ သားအမိနှစ်ယောက်ကို ဆင့်ခေါ်လိုက်လေသည်။
ခဏအတွင်းအေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာ၏။
တစ္ဆေအိမ်အတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားတော့သည်။
အဖြူရောင်အရိပ်တစ်ခုက အရှေ့မှ လွင့်မျောလာပြီး လူအုပ်စု၏ ရှေ့သို့ ချက်ချင်း ကျရောက်လာ၏။
သူတို့ လေးဦးက ထိုသားအမိနှစ်ယောက်ကို ချက်ချင်းပင် မြင်တွေ့ကြသည်။ မိခင်ဖြစ်သူမှာ ဖရိုဖရဲဖြစ်နေပြီး သွေးများဖြင့် ဖုံးလွှမ်းနေကာ မျက်နှာမှာ ညိုမည်း၍ အစွယ်များ ထွက်နေလေသည်။
သူမ၏ ကျောပေါ်တွင်တော့ ရယ်မောနေသော တစ္ဆေကလေးတစ်ယောက်ကို ပိုးထား၏။
တစ်ချိန်တည်းမှာပင် အေးစက်သော လေပြင်းက တစ္ဆေအိမ်အတွင်းသို့ တိုက်ခတ်လာပြီး ယခင်က ပိတ်ထားသော မီးလုံးများမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကာ ပတ်ဝန်းကျင်ရှိ အသုံးအဆောင်များမှာလည်း တကျွီကျွီနှင့် အသံများ မြည်လာလေသည်။
ပတ်ဝန်းကျင် အခြေအနေမှာ အတိုင်းအထက်အလွန် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
အစ်ကိုဟောင်နှင့် ကောရွှေတို့က တစ်ဦးကိုတစ်ဦး ကြည့်ကာပြုံးပြလိုက်ကြပြီး ယုံကြည်မှုများ ပြန်လည် မြင့်တက်လာ၏။
ဒါကမှ ရန်ငြိုးကြီးတဲ့ တစ္ဆေတစ်ကောင်မှာ ရှိသင့်တဲ့ အငွေ့အသက်မျိုးပဲ။
ဤသားအမိနှစ်ယောက်နှင့် နှိုင်းယှဉ်ပါက တစ္ဆေစစ်သူကြီး ထွက်ပေါ်လာပုံမှာ အလွန်ပင် သနားစရာ ကောင်းပေသည်။
သားအမိနှစ်ယောက်သာ စတင်တိုက်ခိုက်ပါက တစ္ဆေစစ်သူကြီးကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်ထားကြ၏။
ယောင်ပင်းတစ်ယောက်တည်းသာ မည်သည့် ခြိမ်းခြောက်မှုကို မတွေ့ခဲခြင်းဖြစ်သည်။
“သွားစမ်း... သူတို့ကို သေအောင် ရိုက်စမ်း”
“မှန်တယ်၊ အရင်ဆုံး တစ္ဆေစစ်သူကြီးကို နှိမ်နင်းလိုက်၊ ပြီးရင် အဲဒီကောင်လေးကိုပါ တစ်ခါတည်း ရှင်းပစ်”
အစ်ကိုဟောင်နှင့် ကောရွှေတို့က သားအမိနှစ်ယောက်၏ စွမ်းအားကို မြင်တွေ့လိုသဖြင့် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်နေကြလေသည်။
ကျန်းထျန်းရှီ တစ်ဦးတည်းသာလျှင် ထိတ်လန့်တုန်လှုပ်နေ၏။
သို့သော် အစ်ကိုဟောင်၏ အမိန့်ကို မဖီဆန်ဝံ့သဖြင့် သားအမိနှစ်ယောက်အား တစ္ဆေစစ်သူကြီးကို တိုက်ခိုက်ရန် လက်ဟန်ဖြင့် အချက်ပြလိုက်ရလေသည်။
ဤသို့ဖြင့် အဖြူရောင်အရိပ်တစ်ခု က ဖြတ်ခနဲလက်သွားပြီး သားအမိနှစ်ယောက်က တစ္ဆေစစ်သူကြီးထံသို့ ဒေါသတကြီး ခုန်အုပ်လိုက်ကြ၏။
“မြန်မြန်... မြန်မြန်လုပ်... သူ့ဆီ တိုက်ရိုက်သွားစမ်း”
“သူတို့ကို သေအောင် သတ်ပစ်...”
အစ်ကိုဟောင်နှင့် ကောရွှေတို့က သားအမိနှစ်ယောက်အား အားပေးရန် တာဝန်ယူထားကြလေသည်။
ယခုအခါ ထိုသားအမိနှစ်ယောက်သာလျှင် ၎င်းတို့အတွက် အခြေအနေကို ပြောင်းလဲပေးနိုင်တော့မည်ပင်။
သူတို့၏ ဟစ်အော်သံများကြားတွင် သားအမိနှစ်ယောက်က တစ္ဆေစစ်သူကြီးနှင့် နီးကပ်သထက် နီးကပ်လာ၏။
နီးကပ်လာပြီးနောက်... နောက်ဆုံးတွင် တစ်ပေခန့်သာ ကွာဝေးတော့သည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် လူတိုင်းကို တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
တစ္ဆေစစ်သူကြီးထံသို့ ခုန်အုပ်သွားသော သားအမိနှစ်ယောက်က သူ၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်ကျသွားတော့သည်။
ထို့နောက် မိခင်ဖြစ်သူသည် မြေပြင်ပေါ်သို့ လက်ထောက်ကာ တစ္ဆေစစ်သူကြီးအား အလေးအနက် အရိုအသေပြုလိုက်ပြီး သူမ၏ မူလရုပ်သွင်သို့ပင် ပြန်လည်ပြောင်းလဲကာ ဖားယားသော အပြုံးမျိုးဖြင့် ပြုံးပြနေလေသည်။
သူမ၏ ကျောပေါ်ရှိ တစ္ဆေကလေးသည်လည်း ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။
သူတို့ ဝင်လာတဲ့အချိန်တုန်းက ရှိနေခဲ့တဲ့ မာန်မာနနှင့် ဝံ့ကြွားမှုတွေက ဘယ်ကိုရောက်သွားတာလဲ။
ခွေးစားသွားပြီလား။
ဒါက ဒူးထောက်အညံ့ခံပြီး ဖားယားနေတာပြီလေ!
တစ္ဆေစစ်သူကြီးကျော့ မာန်ပါပါဖြင့် လက်ကို ဝေ့ယမ်းပြလိုက်ပြီး သားအမိနှစ်ယောက်အား ထရပ်နိုင်ကြောင်း အချက်ပြလိုက်၏။
သူ၏ အမူအရာမှာ အလွန်ပင် မာနကြီးလွန်းပေသည်။
ထိုတစ္ဆေလေးများကို သူက အဖက်လုပ်၍ပင် ကိုင်တွယ်လိုပုံမရချေ။
သားအမိနှစ်ယောက်မှာတော့ ရိုသေစွာဖြင့် အကြိမ်ကြိမ် ဦးချပြီးမှသာ တုန်တုန်ယင်ယင်ဖြင့် ထရပ်ရဲကြလေသည်။
အစ်ကိုဟောင်နှင့် ကောရွှေတို့မှာတော့ အံ့အားသင့်ထိတ်လန့်ကာ ဆွံ့အသွားကြလေ၏။
ခုနက ဘာတွေ ဖြစ်သွားတာလဲ။
ဘာလို့ မာန်မာနကြီးလွန်းတဲ့ သားအမိနှစ်ယောက်က တစ္ဆေစစ်သူကြီးကို မတိုက်ခိုက်ရဲတာလဲ။
သူတို့က မတိုက်ခိုက်တဲ့အပြင် သူ့ကိုတောင် မျက်နှာချိုသွေးပြီး ဒူထောက်နေကြသေးတယ်။
သောက်ကျိုးနည်း။
သူမက တိုက်ခိုက်ရမှာ မဟုတ်ဘူးလား။
အခုတော့ ဘာလို့ တစ္ဆေစစ်သူကြီးဆီမှာ မျက်နှာချိုသွေးနေတာလဲ။
“မာစတာကျန်း... ဒါက ဘာဖြစ်တာလဲ”
အစ်ကိုဟောင်က မာစတာကျန်းကို ဒေါသတကြီး မေးမြန်းလိုက်သည်။
“ဒါက... ဒါက...”
အစ်ကိုဟောင် ဒေါသထွက်နေသဖြင့် မာစတာကျန်းမှာ ကြောက်လန့်တုန်ယင်နေလေ၏။
“သခင်လေး... သားအမိနှစ်ယောက်က ရန်ငြိုးကြီးတဲ့ တစ္ဆေတွေ ဖြစ်ပေမဲ့ တစ္ဆေစစ်သူကြီးကတော့ မြေအောက်လောကရဲ့ တမန်တော် တစ်ယောက်ပါ...”
ရန်ငြိုးကြီးတဲ့ တစ္ဆေတစ်ကောင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ မြေအောက်လောကရဲ့ တမန်တော်ကို တွေ့ရင်တော့ နောက်ဆုတ်ပေးရတာ ထုံးစံပါပဲ။
အစ်ကိုဟောင်က ခဏမျှ ဆွံ့အသွားပြီးနောက် မာစတာကျန်းကို ကန်ထုတ်လိုက်သည်။
“သေလိုက်စမ်း... ခင်ဗျားလို အဖိုးကြီးက ကျုပ်ကို လိမ်ရဲတယ်ပေါ့! ခင်ဗျား စောင့်နေလိုက်ဦး၊ အိမ်ပြန်ရောက်ရင် ကျုပ်အဖေကို ပြောပြီး ခင်ဗျားကို အလုပ်ထုတ်ခိုင်းလိုက်မယ်၊ ဒီလိုမျိုး လူတွေကို လိမ်ညာနေတာတွေ ရပ်လိုက်တော့...”
အစ်ကိုဟောင်မှာ မူလက ယောင်ပင်းကို ခြောက်လှန့်လိုသော်လည်း ယခုတွင်တော့ ယောင်ပင်း၏ ပြန်လည်ရိုက်နှက်ခြင်းကိုသာ ခံလိုက်ရသည်။
ဤအရှက်ရမှုကို မျိုချ၍ မရနိုင်တော့ပေ။
ယောင်ပင်းက ပြုံးလိုက်သည်။
“မင်းတို့ ရန်ဖြစ်ချင်ရင် အပြင်ရောက်မှ ဖြစ်ကြပါ၊ အစ်ကိုဟောင်... ခင်ဗျား မေ့မသွားဘူးမလား၊ ကျွန်တော်တို့ တစ္ဆေအိမ်ထဲကို ဝင်လာတာက ဘယ်သူက ကျန်းရှောင်ပေကို အရင်ရှာတွေ့မလဲဆိုတာကို လောင်းကြေးထပ်ဖို့လေ၊
ဟုတ်တယ်မလား၊ ဒါပေမဲ့ အခု ကျွန်တော် ပင်ပန်းနေပြီ၊ ဒါကြောင့် ရှောင်ပေကို ဘယ်မှာ ပိတ်လှောင်ထားလဲဆိုတာ ခင်ဗျား ပြောပြလိုက်တာ ပိုကောင်းလိမ့်မယ် ၊ ဒါဆိုရင် ခင်ဗျားတို့ကို အပြင်ထွက်ခွင့်ပေးဖို့ ကျွန်တော် စဉ်းစားပေးလိုက်မယ်”
ထိုသို့ပြောပြီးနောက် ယောင်ပင်းက လက်ကို ဝေ့ယမ်းလိုက်၏။
တစ္ဆေစစ်သူကြီးက ထွက်ပေါက်ဘက်သို့ မျက်နှာမူကာ ပုခုံးနှစ်ဖက်ကို ပိုက်လျက် ထိုနေရာကို သူပိုင်စိုးသည့်အလား ရပ်နေလေသည်။
ထို့နောက် တစ္ဆေစစ်သူကြီးက သားအမိနှစ်ယောက်အား နှာခေါင်းရှုံ့လျက် အသံတစ်ချက် ပေးလိုက်၏။
သားအမိနှစ်ယောက်သည်လည်း အမိန့်ကို ရရှိသည်နှင့် ၎င်းတို့ သုံးဦးထံသို့ ခုန်အုပ်ရန်ဟန်ပြင်လိုက်ကြတော့သည်။
ကျန်းထျန်းရှီ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၂၀၀၀။
အစ်ကိုဟောင်၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၅၀၀၀။
ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +အဆုံးမရှိ။
“ကျွန်တော် ပြောပါ့မယ်... ပြောပါ့မယ်...”
သားအမိနှစ်ယောက်၏ ရုပ်ရည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။ သတ္တိအနည်းဆုံးဖြစ်သော ကောရွှေမှာ အောင့်မထားနိုင်တော့ဘဲ အလျင်အမြန်ပင် ပြောခဲ့သည်။
“ငါတို့... မင်းကို လိမ်ခဲ့တာပါ...”
*
အခန်း(12)မြေအောက်လောက စီမံကိန်း
ကောရွှေ စကားပြောလိုက်သည်နှင့် ယောင်ပင်းမှာ ထိတ်လန့်သွားပြီး အသေးစိတ်ကို ချက်ချင်းပင် ဖိအားပေး၍ မေးမြန်းလေတော့သည်။
ကောရွှေက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဟောက်ကောက ချက်ချင်း အော်ဟစ်လိုက်၏။
“ကောရွှေ... မင်းသာ သူ့ကို ပြောရဲရင် ငါ မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်”
သူသည် ယောင်ပင်းအား ဆက်လက် စုံစမ်းခွင့် မပေးနိုင်ပေ။
သူသာ ဆက်လက် စုံစမ်းပါက ကျန်းရှောင်ပေ၏ လျှို့ဝှက်ချက်မှာ ပေါ်ပေါက်သွားပေလိမ့်မည်။
အကယ်၍ ထိုလျှို့ဝှက်ချက် ပေါ်ပေါက်သွားပါက သူ၏ အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်ချေရှိ၏။
ယောင်ပင်းက စိတ်မရှည်စွာဖြင့် သူ၏နားကို ကုတ်လိုက်သည်။ ဤအခြေအနေ ရောက်နေသည်အထိ ဟောက်ကောမှာ မာနထောင်လွှားနေသေးသည်လား။
ယောင်ပင်း စိတ်မရှည်ဖြစ်နေသည်ကို မြင်သောအခါ တစ္ဆေစစ်သူကြီးက မိခင်တစ္ဆေမအား ချက်ချင်းပင် နှာမှုတ်ပြလိုက်သည်။
အမိန့်ကို လက်ခံရရှိသည်နှင့် မိခင်တစ္ဆေမသည် ဟောက်ကော၏ မျက်နှာကို ဖြတ်ခနဲ ရိုက်ချလိုက်ပြီး တစ္ဆေဟောက်သံ တချို့ကို ပြုလုပ်လိုက်လေသည်။
၎င်း၏ အဓိပ္ပာယ်မှာ “နင်သာ ဆက်ပြီး စကားများနေရင် ငါ မင်းကို အရင်ဆုံး ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်” ဟူ၍ ဖြစ်ပေသည်။
မိခင်တစ္ဆေမ၏ ခွန်အားမှာ အလွန်ကြီးမားလွန်းသောကြောင့် ရိုက်ချက်တစ်ချက်တည်းဖြင့် ဟောက်ကော၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ဖြစ်လောက်အောင် ချက်ချင်း ဖူးယောင်သွားတော့သည်။
သူသည် နာကျင်လွန်းနေပြီး ဒေါသလည်း ထွက်နေသော်လည်း နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ပါချေ။
တစ္ဆေမမှာ ကြောက်မက်ဖွယ်ကောင်းပြီး ခြိမ်းခြောက်နေသည့် အသွင်ရှိပေသည်။ ကောရွှေမှာ ကြောက်ရွံ့တုန်ရင်စွာဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။
“ကျန်းရှောင်ပေက... မဟုတ်ဘူး၊ သူက ကစားကွင်းမှာ မရှိပါဘူး”
ကျန်းရှောင်ပေက ကစားကွင်းမှာ မရှိဘူး ဟုတ်လား။
ယောင်ပင်းက အလောတကြီး မေးလိုက်သည်။
“ဒါဆို သူက ဘယ်မှာလဲ”
သူတို့၏သူငယ်ချင်းများက ကောရွှေအတွက် လက်စားချေရန်နှင့် သူ့ကို သင်ခန်းစာပေးရန် ကစားကွင်းသို့ သွားခိုင်းလိုက်ခြင်းဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤသည်မှာ လုံးဝကို ထောင်ချောက်တစ်ခု ဖြစ်နေချေပြီ။
ထိုဓာတ်ပုံမှာ သူတို့ ကျန်းရှောင်ပေကို ပြန်ပေးဆွဲပြီးနောက် သူ့ကို လှည့်စားခေါ်ယူရန်အတွက် ကစားကွင်းကို နောက်ခံထား၍ ရိုက်ထားခြင်းသာ ဖြစ်နိုင်ပေသည်။
အမှန်တကယ်တွင် ကျန်းရှောင်ပေမှာ ကစားကွင်း၌ လုံးဝ ရှိမနေခဲ့ပေ။
ယောင်ပင်းက မေးလိုက်ပြီးနောက် တစ္ဆေမက ပြာနှမ်းနေသော မျက်နှာဖြင့် အစွယ်များနှင့် သွေးအလိမ်းလိမ်း ဖြစ်နေသော ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားပြီး ကောရွှေအား ရန်လိုစွာ စိုက်ကြည့်နေတော့သည်။
ကောရွှေမှာ ထိတ်လန့်တကြားဖြင့်လွှတ်ခနဲ ပြောလိုက်မိသည်။
“သူ ကျင်းကျူ KTV မှာ ရှိတယ်”
ကျင်းကျူ KTV သည်ကား ပင်းဟိုင်ရှိ အလွန်ကျော်ကြားသော KTV တစ်ခု ဖြစ်သည်။
ယောင်ပင်းက ထိုKTVဆိုင်အကြောင်းကို သိရှိထားသည်မှာ ၎င်းမှာ သူတို့အတန်းထဲမှ အတော်ဆုံးကျောင်းသား ဝမ်ရှောက်ဟွား ပိုင်ဆိုင်ထားခြင်းဖြစ်သောကြောင့် ဖြစ်သည်။
ဝမ်ရှောက်ဟွားက သူတို့ အတန်းပိုင်ဆရာမ၏ မွေးနေ့ပွဲအတွက် KTVဆိုင်တစ်ဆိုင်လုံးကို ငှားရမ်းခဲ့ဖူးပြီး အတန်းအတော်များများမှ ကျောင်းသားများကို ဖိတ်ကြားခဲ့ဖူးသည်။
ထိုပွဲမှာ အလွန်ကြီးကျယ်သော ကိစ္စဖြစ်ခဲ့ပြီး တစ်ကျောင်းလုံးတွင် ဟိုးဟိုးကျော် သွားခဲ့ရသည်။
ယခု ကျန်းရှောင်ပေက ဝမ်ရှောက်ဟွား၏ KTV ဆိုင်တွင် ရှိနေသည်လား။
ယောင်ပင်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
တကယ်လို့ ကျန်းရှောင်ပော KTVဆိုင်တွင် ရှိနေရုံသက်သက်ဆိုရင်င် ဟောက်ကောက ဘာကြောင့် ကောရွှေကို မပြောပြဖို့အတွက် အဲဒီလောက်တောင် အတင်းအကျပ် တားဆီးနေရတာလဲ။
ကျန်းရှောင်ပေကရော သူ့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ။
ဒီကြားထဲမှာ တစ်ခုခု မသင်္ကာစရာ ရှိနေတာသေချာတယ်။
“ကောင်းပြီ၊ မင်းတို့ အခု သွားလို့ရပြီ”
ယောင်ပင်းက ခဏမျှ စဉ်းစားပြီးနောက် တစ္ဆေစစ်သူကြီးအား သူတို့ကို လွှတ်ပေးရန် လက်ဝေ့ယမ်း၍ အချက်ပြလိုက်လေသည်။
သူ လိုချင်သော အဖြေများကို ရှာဖွေရန်အတွက် ဟောက်ကောနှင့် ကောရွှေတို့၏နောက်သို့ လိုက်ရမည်ပင်။
ကောရွှေ၊ ဟောက်ကောနှင့် ကျန်းထျန်းရှီတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့က ယောင်ပင်းကို ဒုက္ခပေးရန် ကြံစည်ခဲ့ကြသော်လည်း သူက သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်သည်။
ဒါက ဖြစ်နိုင်လို့လား။ သူက ဒီလောက်တောင် တုံးတာလား။
နေရာက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
ထို့နောက်တွင်တော့ ကောရွှေနှင့် ဟောက်ကောတို့သည် ယောင်ပင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် ထရပ်ကာ သရဲအိမ်အတွင်းမှ အလုအယက် ပြေးထွက်သွားကြတော့သည်။
ကျန်းထျန်းရှီကတော့ ယောင်ပင်းကို မကျေမနပ် ကြည့်လိုက်သည်။
ယောင်ပင်းက သူ၏ အစီအစဉ်များကို ထပ်တလဲလဲ ဖျက်ဆီးခဲ့သောကြောင့် သူ့ဘက်က တစ်ဖက်လူကိုပညာပေးမည့်ကိစ္စကို လုံးဝ လက်လျှော့မည်မဟုတ်ပေ။
မကြာသေးမီက သူ၏ စီနီယာအစ်ကိုအား ပင်းဟိုင်သို့ ဖိတ်ကြားထားပြီးဖြစ်သည်။
စီနီယာအစ်ကို၏ တာအိုပညာမှာ သူနှင့် ယှဉ်လျှင် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းသည်။ သူသာဆိုပါက ယောင်ပင်းအား မည်သို့သေဆုံးသွားသည်ကို မသိနိုင်လောက်အောင် သေချာပေါက် လုပ်ဆောင်ပေးလိမ့်မည်။
ကျန်းထျန်းရှီသည် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် အခြားလူများနှင့်အတူ အမြန်ပင် ထွက်ခွာသွားတော့သည်။
ခဏအတွင်း သူတို့ သုံးဦးလုံး ပျောက်ကွယ်သွားကြချေပြီ။
ယောင်ပင်းက မိခင်နှင့် သားတစ္ဆေနှစ်ဦးအား သူတို့နောက်သို့ လိုက်ရန်နှင့် တစ်ခုခု ထူးခြားပါက ချက်ချင်း ပြန်လည်သတင်းပို့ရန် အမိန့်ပေးလိုက်သည်။
မိခင်နှင့် သားတစ္ဆေနှစ်ဦးသည်လည်း အမိန့်ကို နာခံပြီး ထွက်ခွာသွားကြလေသည်။
ယောင်ပင်းသည် သူ၏ ကတိအတိုင်း တစ္ဆေစစ်သူကြီးအား သာမန်စားသောက်ဆိုင်လေးတစ်ခုသို့ ခေါ်သွားခဲ့သည်။ သူက ဟော့ပေါ့အစပ် နှစ်ပွဲကို မှာယူလိုက်ပြီး တစ်ပွဲကို တစ္ဆေစစ်သူကြီး စားရန် စားပွဲပေါ်တွင် တင်ပေးလိုက်ကာ ကျန်တစ်ပွဲကိုတော့ သူကိုယ်တိုင် အားပါးတရစားလိုက်တော့သည်။
သူ ဟော့ပေါ့စားပြီးသည်နှင့် စခရင်ပေါ်တွင် အကြောင်းကြားချက်တစ်ခု ပေါ်လာ၏။
“တစ္ဆေစစ်သူကြီးတစ်ဦးအား အောင်မြင်စွာ နာခံစေနိုင်သည့်အတွက် ဂုဏ်ယူပါသည်၊ ဆုလာဘ်အဖြစ် မြေအောက်လောက ဒင်္ဂါးပြား (၁၀၀,၀၀၀) ရရှိပြီး မြေအောက်လောက၏ ပထမဆုံးသော ဂူဗိမာန်ဖြစ်သည့် ကြိုဆိုရေးနန်းတော်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးပါသည်”
ထို့နောက် စခရင်ပေါ်တွင် မြေပုံတစ်ခု ပေါ်လာသည်။
ဤသည်မှာ မြေပုံထက် မြေအောက်လောက၏ ပုံစံငယ်နှင့် ပိုတူပေသည်။
ယခုအခါ အခြားသော ဒီဇိုင်းပုံစံများမှာ မီးခိုးရောင် ဖြစ်နေဆဲဖြစ်သော်လည်း အရှေ့ဆုံးရှိ “ကြိုဆိုရေးနန်းတော်” မှာ အနက်ရောင်သို့ ပြောင်းလဲသွားချေပြီ။
ဤသည်မှာ ကြိုဆိုရေးနန်းတော် တည်ဆောက်ပြီးစီးပြီဟု အဓိပ္ပာယ်ရပေသည်။
ထို့အပြင် ကြိုဆိုရေးနန်းတော်၏ အဓိက အဆောက်အဦပိုင်ရှင်မှာ အခြားသူမဟုတ်ဘဲ သူ ယခုလေးတင် နာခံအောင်လုပ်နိုင်လိုက်သော တစ္ဆေစစ်သူကြီးပင် ဖြစ်နေခဲ့သည်။
သေစမ်း!
တစ္ဆေငွေတွေ ဆုလာဘ်ရရုံတင်မကဘဲ ကြိုဆိုရေးနန်းတော်တစ်ခုပါ တည်ဆောက်နိုင်ခဲ့တာပေါ့လေ။
ဒါက တကယ့်ကို အလန်းစားကြီးပဲဟ။
ဒီဇိုင်းပုံစံပေါ်ရှိ အနက်ရောင်မျဉ်းဖြင့် မှတ်သားထားသော ကြိုဆိုရေးနန်းတော်ကို ကြည့်ရင်း ယောင်ပင်းတစ်ယောက် အောင်မြင်မှုနှင့် တက်ကြွမှုကို အကြီးအကျယ် ခံစားလိုက်ရကာ မြောက်ကြွကြွဖြစ်လာခဲ့သည်။
သူက မြေအောက်လောကကို ချဲ့ထွင်ရန် အပြည့်အဝ ဆုံးဖြတ်လိုက်ချေပြီ။
သို့သော် ဤစတိုးဆိုင်ရှိ ပစ္စည်းအားလုံးကို ကြောက်ရွံ့ခြင်းတန်ဖိုးများဖြင့် ဝယ်ယူရခြင်းဖြစ်သောကြောင့် သူရရှိသည့် တစ္ဆေငွေများက မည်သည့်နေရာတွင် အသုံးဝင်သည်လဲ။
ယောင်ပင်းသည် စူးစမ်းလိုစိတ်ဖြင့် တစ္ဆေငွေများ၏ အောက်တွင်ရှိသော တန်ဖိုးများကို နှိပ်ကြည့်လိုက်သည်။
သူ နှိပ်လိုက်သည်နှင့် တစ္ဆေငွေများ၏ အောက်တွင်ရှိသော တန်ဖိုးများမှာ ချက်ချင်း ပြန့်ကားလာပြီး အောက်ပါအတိုင်း ပြသလေသည်။
တစ္ဆေငွေ နှင့် တရုတ်ယွမ် လဲလှယ်နှုန်း : 1 : 1
တစ္ဆေငွေ နှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း : 10 : 1
တစ္ဆေငွေ နှင့် ဂျပန်ယန်း လဲလှယ်နှုန်း : 1 : 100
…
ယောင်ပင်းမှာ ကြောင်အမ်းသွားတော့သည်။
ဒီတစ္ဆေငွေတွေကို တကယ့်ငွေကြေးတွေအဖြစ် လဲလှယ်နိုင်တယ်လု့ ပြောချင်နေတာလား။
မြေအောက်လောက၏ နည်းပညာမှာလည်း အလွန်လျင်မြန်စွာ တိုးတက်နေပြီး အတော်လေး အဆင့်မြင့်ပုံရသည်။
သူသည် ချက်ချင်းပင် ယွမ်ငွေအဖြစ် စတင်လဲလှယ်လိုက်သည်။
မျက်နှာပြင်တွင် ချက်ချင်းပင် ပေါ်လာခဲ့သည်။
“သင်သည် ယွမ်ငွေ (၁၁၁,၀၀၀) ကို အောင်မြင်စွာ လဲလှယ်ပြီးပါပြီ၊ ကျေးဇူးပြု၍ စစ်ဆေးပေးပါ”
တစ်ချိန်တည်းမှာပင် သူ၏ ဖုန်းထဲသို့ စာတိုတစ်စောင် ရောက်လာ၏။
“လူကြီးမင်း၏ဘဏ်ကတ်မှ လက်ကျန်ငွေ...”
အားပါးပါး!
တစ္ဆေငွေကို ယွမ်ငွေအဖြစ် တကယ် လဲလို့ရတာပဲ။
သူ ချမ်းသာတော့မယ်!
ယောင်ပင်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားတော့သည်။
သူ တစ္ဆေများများ ဖမ်းနိုင်လေလေ၊ မြေအောက်လောကကို စောစော ချဲ့ထွင်နိုင်လေလေ၊ တစ္ဆေငွေ ပိုရလေလေ ဖြစ်ပြီး တစ္ဆေငွေ ပိုရလေ ယွမ်ငွေ ပိုများလေလေ ဖြစ်ပေမည်။
အကယ်၍ သူ ငွေအလုံအလောက် ရှာနိုင်ပါက သူ၏ အမေမှာလည်း မကျန်းမာသော ခန္ဓာကိုယ်ဖြင့် သူ့ကို ထောက်ပံ့ရန် ဈေးရောင်းပြီး ပင်ပန်းဆင်းရဲစရာ မလိုတော့ပေ။
စိတ်လှုပ်ရှားမှုများအပြီးတွင် သူက ဆိုင်ကိုဖွင့်ကာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းကို ရှာဖွေပြီး ဝယ်ယူလိုက်လေသည်။
မိုရှောက်ယောင်တွင် အချိန်အများကြီး မကျန်တော့သည်ဖြစ်၍ သူမကို ကယ်တင်ရန် သူ အမြန်လုပ်ရမည် ။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းကို ဖွင့်လိုက်သောအခါ ၎င်းမှာ လုံးဝ ဗလာဖြစ်နေ၏။
စာအုပ်၏ ဘေးတစ်ဖက်တွင်တော့ ကလောင်တစ်ချောင်း ရှိနေသည်။
ယောင်ပင်းသည် ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ကလောင်ကို ချက်ချင်းထုတ်ယူကာ ဗလာနေရာတွင် “မိုရှောက်ယောင်” ဟု ရေးလိုက်လေသည်။
သူ ရေးသားပြီးသည်နှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းတွင် စာများ ချက်ချင်း ပေါ်လာခဲ့သည်။
မိုရှောက်ယောင် - အသက် ၁၆ နှစ်
ကံကြမ္မာ - အလွန် ချမ်းသာကြွယ်ဝပြီး မြင့်မြတ်သည်။
မွေးသက္ကရာဇ် - ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်၊ မွန်းတည့်ချိန်။
သေဆုံးမည့်ရက် - ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ သန်းခေါင်ယံအချိန်။
ယောင်ပင်းမှာ တုန်လှုပ်သွားတော့သည်။
ယနေ့သည်က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် ဖြစ်ပေသည်။
အချိန်ကလည်း နံနက် (11) နာရီ ရှိနေပြီ။
မိုရှောက်ယောင်မှာ အလွန် အန္တရာယ်ကြီးနေချေပြီ။
သူက မိုရှောက်ယောင်၏ ကံကြမ္မာကို အမြန်ဆုံး ပြောင်းလဲရမည်။
ယောင်ပင်း ကလောင်ကို ကိုင်ကာ ၂၀၁၈ ကို ၂၀၇၈ သို့ အမြန်ပင် ပြောင်းလဲလိုက်သည်။
သို့သော် သူ ပြောင်းလဲပြီးသည်နှင့် ၇ ဂဏန်းပေါ်ရှိ အလျားလိုက်မျဉ်းမှာ မှေးမှိန်သွားပြီး (1)ဂဏန်းသို့ ပြန်လည် ပြောင်းလဲသွားတော့သည်။
မျက်နှာပြင်တွင် စာတိုတစ်ခု ပေါ်လာ၏။
“ကံကြမ္မာ ပြောင်းလဲခြင်း ခံရမည့်သူနှင့် အကွာအဝေး အလွန်ဝေးကွာနေသောကြောင့် ထိုသူ၏ ကံကြမ္မာကို ပြောင်းလဲရန် မဖြစ်နိုင်ပါ”