← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း(13)

ယောင်ပင်း ခဏမျှ ကြောင်အသွားပြီးနောက် နောက်ထပ်မစဉ်းစားတော့ဘဲ အီမရယ်ဒ်အိမ်ရာဘက်သို့ ချက်ချင်းပင် ပြေးသွားတော့သည်။

သူ အီမရယ်ဒ်အိမ်ရာသို့ ပြန်ရောက်သောအခါ သန်းခေါင်ယံ အချိန်နားသို့ပင် ရောက်နေချေပြီ။

မကောင်းတော့ဘူး!

မိုရှောက်ယောင်မှာ အချိန်အများကြီး မကျန်တော့ဘူး။

သူ အမြန်သွားရမယ်။

ယောင်ပင်းသည် အပေါ်ထပ်သို့ အမြန်ဆုံး ပြေးတက်သွားပြီး မိုရှောက်ယောင် နေထိုင်သော မျက်နှာချင်းဆိုင် အိမ်သို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။

တံခါးဝသို့ ရောက်သည်နှင့် မိုရှောက်ယောင်၏ အိမ်တံခါးမှာ ပွင့်နေပြီး အတွင်းရှိ မီးများမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။

အတွင်းတွင် လူအများအပြား သွားလာနေကြပြီး ဂါထာမန္တန် ရွတ်ဆိုသံများကိုလည်း တစ်ခါတစ်ရံ ကြားနေရ၏။

တစ်ခုခုတော့ မှားနေပြီ။

မိုရှောက်ယောင် တစ်ခုခု ဖြစ်သွားပြီထင်တယ်။

ယောင်ပင်းသည် တံခါးဝသို့ ချက်ချင်းသွားကာ အတွင်းဘက်သို့ ချောင်းကြည့်လိုက်သည်။

မိုရှောက်ယောင်၏ အိမ်တွင် လူများစွာ ပြည့်နှက်နေခဲ့သည်။

အနက်ရောင် ဝတ်စုံဝတ်ထားသော လူတစ်ဒါဇင်ခန့်မှာ အိမ်၏ ထောင့်အသီးသီးတွင် ရပ်နေကြပြီး တာအိုဘုန်းကြီး ရှစ်ပါးမှာလည်း ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ယဇ်ပူဇော်နေသကဲ့သို့ တစ်ခုခုကို တတွတ်တွတ် ရွတ်ဆိုနေကြသည်။

မိုရှောက်ယောင်မှာ တာအိုဘုန်းကြီး ရှစ်ပါး၏ အလယ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပေသည်။

အခြားတစ်ဖက်တွင်တော့ ဆံပင်နှင့် မုတ်ဆိတ်တို့ ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦး ထိုင်နေသည်။

သူ့နောက်တွင်တော့ သက်လတ်ပိုင်း ဇနီးမောင်နှံတစ်ဦး ရပ်နေ၏။

ထိုအဘိုးအိုက ထိုင်နေသော်လည်း သူထံမှ လူတိုင်း ရိုသေလေးစားရသည့် အရှိန်အဝါများ ထွက်ပေါ်နေပြီး သက်လတ်ပိုင်း ဇနီးမောင်နှံမှာလည်း အထက်တန်းလွှာမှ ပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားနေခဲ့ပေသည်။

လူတိုင်း၏ မျက်နှာမှာ တည်ကြည်လေးနက်နေကြသည်။

ယောင်ပင်း သက်ပြင်းချလိုက်မိသည်။ မိုရှောက်ယောင်က အသက်ရှင်နေဆဲ ဖြစ်ပုံရပေသည်။

သို့မဟုတ်ပါက ဤလူများမှာ သူမကို သယ်ဆောင်သွားကြပေလိမ့်မည်။

ဤနေရာတွင် ယဇ်ပူဇော်နေကြဦးမည်မဟုတ်ပေ။

အခန်းထဲတွင် လူများဖြင့်ပြည့်နှက်နေသော်လည်း လူတိုင်း၏ အာရုံမှာ မိုရှောက်ယောင်ထံတွင်သာ ရှိနေကြသည့်အတွက် ယောင်ပင်း တံခါးဝမှ ချောင်းကြည့်နေသည်ကို မည်သူမျှ သတိမထားမိကြချေ။

ယောင်ပင်းက မိုရှောက်ယောင်၏ ကံကြမ္မာကို ပြောင်းလဲရန် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် တာအိုဘုန်းကြီး ရှစ်ပါးထဲမှ အကြီးဆုံး တာအိုဘုန်းကြီးက စကားပြောလိုက်သည်။

“အကြီးအကဲမို... မိန်းကလေးရဲ့ အသက်က အမျှင်တန်းလေးပဲ ကျန်ပါတော့တယ်

တကယ်လို့ သူ့အသက်ကို ကယ်ချင်တယ်ဆိုရင် ယင်အသက်နဲ့ ဆွဲဆန့်တဲ့ နည်းလမ်းကိုပဲ သုံးလို့ရပါတော့မယ်၊ မဟုတ်ရင်တော့ သူ သန်းခေါင်ယံထက် ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး”

ယောင်ပင်းမှာ အလွန်ဒေါသထွက်သွားရသည်။

ယင်အသက်နဲ့ ဆွဲဆန့်တာကို ထပ်ပြီး သုံးဦးမယ်ဟုတ်လား။

သူတို့ ယခင်က တစ်ခါလုပ်ခဲ့ပြီးပြီ ဖြစ်ပြီး ယခုလည်း ထပ်မံ လုပ်ဦးမည်ဘား။

ဤသည်မှာ မိုရှောက်ယောင်အား ရုပ်သေးရုပ်ဖြစ်အောင် တမင်တကာ လုပ်ဆောင်နေခြင်းပင်။

“ဘယ်လိုလုပ်ပြီး အဲဒီမိစ္ဆာတွေက ငါ မိုချန်ကျုံးရဲ့ မြေးမလေးကို ထိရဲရမှာလဲ”

အဘိုးအိုမှာ အလွန်အမင်းဝမ်းနည်းပူဆွေးနေသော်လည်း မျက်ရည်များကို အတင်းအကျပ် ထိန်းထားကာ သူ့နောက်မှ သက်လတ်ပိုင်း ဇနီးမောင်နှံကို လှည့်မေးလိုက်သည်။

“မင်းတို့နှစ်ယောက်က သူ့ရဲ့ မိဘအရင်းတွေပဲ၊ မင်းတို့ရော ဘယ်လိုထင်လဲ”

သက်လတ်ပိုင်း အမျိုးသမီးမှာ မထိန်းနိုင်ဘဲ ငိုနေချေပြီ။

သက်လတ်ပိုင်း အမျိုးသားက ကြမ်းပြင်ပေါ်ရှိ မိုရှောက်ယောင်ကို ကြည့်လိုက်ပြီး ရိုသေစွာဖြင့် ပြောလိုက်၏။

“အဖေ... မာစတာက အခုပဲ ပြောသွားတယ်လေ၊ ရှောက်ယောင်က သန်းခေါင်ယံထက် ပိုမရှင်နိုင်တော့ဘူးတဲ့၊ အဲဒီ မိစ္ဆာတွေက ညစ်ပတ်တယ်ဆိုပေမဲ့ ဒါက ရှောက်ယောင်ရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာပဲ ဖြစ်နေသရွေ့တော့ ကျွန်တော်နဲ့ သူ့အမေက သူ့ကို အချိန်တိုင်း မြင်နေရဦးမှာပါ

ကျွန်တော်တို့ သေသွားရင်တောင် နောင်တရမှာ မဟုတ်ပါဘူး”

ဤသည်မှာ တာအိုဘုန်းကြီးများအား မိုရှောက်ယောင်၏ အသက်ကို ယင်စွမ်းအင်ဖြင့် ဆွဲဆန့်ရန် သူတို့ သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

ထိုသက်လတ်ပိုင်း အမျိုးသားမှာလည်း ထင်သည့်အတိုင်း မိုရှောက်ယောင်၏ ဖခင်ပင် ဖြစ်ပေသည်။

သူ၏ သားဖြစ်သူက ထိုသို့ပြောလိုက်ပြီး ချွေးမဖြစ်သူကလည်း သည်းထန်စွာ ငိုကြွေးနေသောကြောင့် အဘိုးအိုမှာ တခြားရွေးချယ်စရာမရှိတော့ဘဲ လက်ဝေ့ယမ်းကာ ပြောလိုက်လေသည်။

“ဒါဆိုရင်လည်း ကောင်းပါပြီ... မာစတာ.. ယဇ်ပူဇော်ပွဲကိုသာ စတင်လိုက်ပါတော့”

အကြီးဆုံး တာအိုဘုန်းကြီးမှာ အမိန့်ကို လက်ခံလိုက်ပြီးနောက် ဝိညာဉ်ဆင့်ခေါ်ရန်အတွက် ဘေးမှ အဖြူရောင်အိုးတစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ထိုစဉ်မှာပင် ဒေါသတကြီး ထွက်ပေါ်လာသော အသံတစ်ခုမှာ တံခါးဝဆီမှ ရုတ်တရက် ထွက်ပေါ်လာ၏။

“အသက်ကို ဆွဲဆန့်ဖို့အတွက် ဝိညာဉ်ကို သုံးရမယ်လို့ ဘယ်သူပြောတာလဲ”

*

ဤဒေါသတကြီး ထွက်ပေါ်လာသော အသံမှာ ယောင်ပင်း၏ အသံပင် ဖြစ်ပေသည်။

မိုရှောက်ယောင်၏ ဖခင်သည်က လက်မလျှော့သေးဘဲ သူမ၏ အသက်ကို ဆွဲဆန့်ရန်အတွက် တစ္ဆေများကို ဆင့်ခေါ်ရန် ကြံစည်နေဆဲ ဖြစ်သောကြောင့် သူ အလွန်ဒေါသထွက်နေမိသည်။

သူ၏ သမီးအရင်းမှာ သေလုမျောပါး ဖြစ်နေသည်ကိုပင် သူက ထိန်းချုပ်ရန်သာ စိတ်အားသန်နေသည်ဖြစ်၍ သူ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်းကို တွေးတောစရာ ဖြစ်နေချေပြီ။

တာအိုဘုန်းကြီးများ ယဇ်ပူဇော်တော့မည်ကို မြင်လိုက်ရသဖြင့် ယောင်ပင်းက သူတို့ကို တားဆီးရန်အတွက် ချက်ချင်း စကားဝင်ပြောလိုက်ရခြင်း ဖြစ်ပေသည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ ယောင်ပင်း တံခါးဝသို့ အပြေးရောက်လာပြီး သူမ၏ ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားလိုက်စဉ်တွင် မျက်နှာပြင်၌ “သက်ဆိုင်သူအား ထိန်းချုပ်ထားခြင်း ခံရသဖြင့် ကံကြမ္မာကို ပြောင်းလဲ၍ မရနိုင်ပါ” ဟု ပြသခဲ့ခြင်းပင်။

အထူးတလည် ပြောနေစရာမလိုပါချေ။

ထိုတာအိုဘုန်းကြီးများက မိုရှောက်ယောင်ကို ထိန်းချုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မိုရှောက်ယောင်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရန်အတွက် သူတို့ကို အရင်ဆုံး တားဆီးရန် နည်းလမ်းရှာရမည် ဖြစ်သည်။

ယောင်ပင်း၏ အသံကြောင့် အခန်းထဲရှိ လူတိုင်း၏ အာရုံမှာ ချက်ချင်းပင် သူ့ထံသို့ ရောက်ရှိလာတော့သည်။

တိတိကျကျ ပြောရလျှင် လူတိုင်းမှာ ကြောင်အသွားကြခြင်း ဖြစ်၏။

ဤကဲ့သို့သော အချိန်မျိုးတွင် တစ်စုံတစ်ယောက်က အတွင်းသို့ ဝင်ရောက်နှောင့်ယှက်ရဲလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားကြပေ။

အတွင်းဘက်တွင် ထိုင်နေသော အဘိုးအိုနှင့် သက်လတ်ပိုင်း ဇနီးမောင်နှံမှာ မိုမိသားစုဝင်များပင် ဖြစ်ကြသည်။

မကြာမီမှာပင် သက်လတ်ပိုင်း အမျိုးသားက အချက်ပြလိုက်သောကြောင့် အနက်ရောင် ဝတ်စုံဝတ် လူအချို့မှာ တံခါးဝသို့ ပြေးလာပြီး ယောင်ပင်းကို အောက်ထပ်သို့ ဆွဲခေါ်သွားရန်လှုပ်ရှားလာကြလေသည်။

ဤသည်မှာ အလွန်အရေးကြီးသော အချိန်ဖြစ်၍ မည်သူ့ကိုမျှ ပြဿနာရှာခွင့် မပေးနိုင်ပေ။

“ကျွန်တော် ယင်အသက်နဲ့ ဆွဲဆန့်တဲ့နည်းကို မသုံးဘဲ မိုရှောက်ယောင်ရဲ့ အသက်ကို ကယ်နိုင်ပါတယ်”

ယောင်ပင်းက တမင်သက်သက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“အသက်ဆက်ဖို့အတွက် ယင်အသက်ကို သုံးရတဲ့ ခေတ်နောက်ကျတဲ့ နည်းလမ်းမျိုးကို ဘယ်သူက သုံးနေသေးလို့လဲ၊ ဒါက တကယ့်ကို အရှက်ရစရာပဲ”

သူက အတွင်းဘက်ရှိ အဘိုးအို၏ အာရုံစိုက်မှုကို ရနိုင်မည်လားဟု လောင်းကြေးထပ် ကြည့်ရလိမ့်မည်။

သို့မဟုတ်ပါက မိုရှောက်ယောင်၏ အသက်မှာ အမှန်တကယ်ပင် အန္တရာယ်ရှိသွားပေလိမ့်မည်။

ခဏအကြာတွင် အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက် တံခါးဝသို့ ရောက်လာပြီး တခြားလူများက ယောင်ပင်းကို အိမ်ထဲရှိ အဘိုးအို၏ ရှေ့သို့ ပြန်လည် ခေါ်ဆောင်သွားကြသည်။

အဘိုးအိုက ယောင်ပင်းကို အကဲခတ်ကြည့်ရှုပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။

“လူငယ်လေး... မင်း အခုလေးတင် ဘာပြောလိုက်တာလဲ”

ယောင်ပင်းက တာအိုဘုန်းကြီးများအား တမင်တကာ အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးပြောလိုက်သည်။

“ယင်အသက်နဲ့ အသက်ကို ဆွဲဆန့်တာက အညံ့ဆုံးနဲ့ အမိုက်မဲဆုံး နည်းလမ်းပဲလို့ ကျွန်တော် ပြောလိုက်တာပဲ၊ ကျွန်တော်က အဲဒီနည်းလမ်းကို မသုံးဘဲ လူကို ကယ်နိုင်ပါတယ်”

မိုရှောက်ယောင်၏ ဖခင်အပေါ်တွင်ရှိသော ထိုအဘိုးအို၏ သဘောထားကို သူ မသိရှိသေးသဖြင့် ထိုသူ၏ မရိုးသားသော ရည်ရွယ်ချက်များကို တိုက်ရိုက်ပြောရန်အတွက် သူ မဝံ့ရဲသေးပေ။

ယခု အန္တရာယ်အကင်းဆုံးနှင့် အသုံးဝင်ဆုံးသော နည်းလမ်းမှာ သူတို့ကို ရန်စလိုက်ခြင်းသာ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။

ယောင်ပင်း စကားပြောလိုက်သည်နှင့် တာအိုဘုန်းကြီးများ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။

မိုရှောက်ယောင်၏ ဖခင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဘယ်က ရောက်လာတဲ့ ကလေကချေကောင်က ဒီလောက်အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ၊ မာစတာချင် ယဇ်ပူဇော်နေတာကို လာပြီး မနှောင့်ယှက်နဲ့”

အကြီးဆုံး တာအိုဘုန်းကြီးကလည်း နှာမှုတ်လိုက်ပြီး မာန်တက်သော အသံဖြင့် ပြောလာသည်။

“ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် မာနကြီးပြီးဘဝင်မြင်တာလား၊ ဒါဆိုရင် ငါ ချင်မျိုးရိုးက မေးပါရစေဦး

လူငယ်လေး... မင်းက ဘယ်သူလဲ၊ မင်းရဲ့ ဆရာက ဘယ်သူလဲ၊ မင်းမှာ ဒီမိန်းကလေးကို ကယ်ဖို့ ပိုကောင်းတဲ့ နည်းလမ်း ရှိလို့လား

တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် မင်းမှာ တာဝန်ယူနိုင်တဲ့ အရည်အချင်းရော ရှိရဲ့လား”

သူ့အရည်အချင်းကိုတောင် လာပြီး မေးခွန်းထုတ်ရဲတယ်ပေါ့လေ?

သူက ရုတ်တရက် ဝင်လာတဲ့ ကလေကချေကောင်စုတ်လေးက ဘယ်လိုသေလို့ သေမှန်းတောင် မသိလောက်အောင် သေချာပေါက် လုပ်ပြလိုက်ဦးမယ်။

“ကျွန်တော်က ဒီအတိုင်း ဖြတ်သွားဖြတ်လာတစ်ယောက်ပဲ၊ ခင်ဗျားတို့ ဒီလောက်အထိ အသုံးမကျတာကို ကြည့်မနေနိုင်လို့ ဝင်လာရတာ”

ယောင်ပင်းက မာနထောင်လွှားစွာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို မေးခွန်းနည်းနည်းလောက် မေးဦးမယ်၊ အဲဒါဆိုရင် ခင်ဗျားရဲ့ နည်းလမ်းတွေက ဘယ်လောက်တောင် ကြမ်းတမ်းပြီး နုံအတယ်ဆိုတာ ခင်ဗျား သိသွားလိမ့်မယ်”

မာစတာချင်က အေးစက်စွာ ပြောလိုက်၏။

“မေးကြည့်စမ်း”

ဂုဏ်သရေရှိသော ဆရာတစ်ဦးအတွက် အမွှေးအတောင်မစုံလင်သေးသော ကောင်စုတ်လေးထံမှ မျက်နှာချင်းဆိုင် မေးခွန်းထုတ်ခံရခြင်းမှာ မာစတာချင်အတွက် အလွန်အမင်း အရှက်ရစရာ ဖြစ်ပေသည်။

သို့သော် သူက သဘောထားကြီးဟန်ဆောင်ကာ ယောင်ပင်း၏ မေးခွန်းများကို လက်ခံရပေမည်။

မဟုတ်ပါက မိုမိသားစု၏ ရှေ့တွင် သူ မျက်နှာသာရမည် မဟုယောင်ပင်းက တည်ကြည်စွာ မေးလိုက်သည်။

“ခင်ဗျားတို့ရဲ့ ယင်အသက်နဲ့ အသက်ဆွဲဆန့်တဲ့ ယဇ်ပူဇော်ပွဲက ဘယ်လောက် ကြာမလဲ”

မာစတာချင်က ယောင်ပင်း၏ ရည်ရွယ်ချက်ကို မသိဘဲ သတိကြီးစွာဖြင့် ပြန်ဖြေလိုက်၏။

“တစ်နာရီလောက် ကြာမယ်”

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော်ကတော့ မိနစ်နည်းနည်းလောက်ပဲ လိုတယ်”

လေထုမှာ အေးခဲသွားတော့သည်။

*

အခန်း(14) အပျော်တမ်းလူလိမ်

ယောင်ပင်းက ထပ်မေးပြန်သည်။

“ယဇ်ပူဇော်ပွဲမှာ လူဘယ်နှစ်ယောက် ပါဝင်ရမလဲ”

ဤသည်မှာ သိသာသော ရန်စမှုဖြစ်ကာ ယောင်ပင်း၏ တည်ငြိမ်ပြီး လေးနက်သော အမူအရာက မာစတာချင်ကို ရူးသွပ်လုနီးပါး ဖြစ်စေသည်။

ယခု ယောင်ပင်းက ကလေးကလား မေးခွန်းမျိုးကို မေးနေသည်ကို မြင်လျှင် သူက မျက်နှာတင်းမာသွားပြီးအော်လိုက်သည်။

“ကောင်စုတ်လေး... မင်း ငါ့ကို ကစားနေတာလား”

“ခင်ဗျားက သင်္ချာ ညံ့ပုံရတယ်၊ ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းကိုတောင် လှည့်စားခံရတယ်လို့ ခံစားနေရတာလား.. ဒါဆို ကျွန်တော်ပဲ ကိုယ်တိုင် ရေတွက်ပေးမယ် တစ်၊နှစ်... ရှစ်၊ ခင်ဗျားတို့ လူရှစ်ယောက် လိုတာပဲ!”

“ကျွန်တော်ကတော့ တစ်ယောက်ပဲ လိုတယ်!”

ယောင်ပင်းက အေးစက်သော ရယ်သံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“ဒီလောက်ဆိုရင် ခင်ဗျားရဲ့ နည်းလမ်းက အသုံးမကျသလို ကြမ်းတမ်းလွန်းတယ် မဟုတ်ဘူးလား၊

ဒါ့အပြင် မိုရှောက်ယောင်ရဲ့ အသက်က အမျှင်တန်းလေးပဲ ကျန်တော့တာ၊ စက္ကန့်တိုင်းက တန်ဖိုးရှိတယ်၊

ဒီလောက် အချိန်တွေ အများကြီး သုံးနေတာဟာ မိုရှောက်ယောင်ကို သတ်နေတာနဲ့ အတူတူပဲ”

လေထုမှာ နောက်တစ်ကြိမ် အေးခဲသွားပြန်သည်။

မာစတာချင်နှင့် အခြားတာအိုဘုန်းကြီးများမှာ မင်သက်သွားကြ၏။

“လူတစ်ယောက်ကို ကယ်ဖို့ ဂါထာပညာကို သုံးတာချင်း အတူတူ ဒါက ဘယ်လို နှိုင်းယှဉ်ချက်မျိုးလဲ”

“မင်းက ငါ့ကို ရုတ်တရက် ရန်စရုံတင်မကဘဲ တစ်ပတ်ပြန်လှည့်ပြီး ငါ့ကိုတောင် အပြစ်တင်နေတယ်ပေါ့လေ”

မိုရှောက်ယောင်၏ ဖခင်၏ မျက်လုံးများတွင် စိုးရိမ်စိတ်များ ဖြတ်ခနဲ ပေါ်လာသော်လည်း သူ မည်သည့်စကားကိုမှ ဝင်မပြောနိုင်ခဲ့ပေ။

အဘိုးအိုမှာလည်း စကားမပြောဘဲ အေးစက်စွာသာ ကြည့်နေလေသည်။

မာစတာချင်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး အံကြိတ်၍ မေးလိုက်၏။

“မင်း... အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ! ငါ့နည်းလမ်းက ဒီလောက်တောင် အသုံးမကျပြီး ကြမ်းတမ်းနေတယ်ဆိုရင် မိန်းကလေးကို ကယ်ဖို့ မင်းမှာ ဘယ်လိုနည်းလမ်းရှိလို့လဲ”

ယခုအချိန်တွင် မာစတာချင်မှာ အလွန်အမင်း ဒေါသထွက်နေရုံသာမက သူ၏ ပြိုင်ဆိုင်လိုစိတ်မှာလည်း ပြင်းထန်စွာ နိုးကြားလာချေပြီ။

မာစတာချင်ကဲ့သို့သော အရည်အချင်းရှိပြီး ထင်ရှားသော ကျောင်းတော်မှ ဆင်းသက်လာသူများကို နေရာတိုင်းတွင် အလွန်တန်ဖိုးထားကြသောကြောင့် မည်သူမျှ မာစတာချင်ကို မေးခွန်းထုတ်ရဲခြင်း မရှိခဲ့ပေ။

ယခုမှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။

ယောင်ပင်းက သူ၏ နည်းလမ်းကို မေးခွန်းထုတ်လိုက်သဖြင့် ယောင်ပင်းက မိုရှောက်ယောင်ကို မည်သည့်နည်းလမ်းဖြင့် ကယ်တင်မည်နည်းဆိုသည်ကို သူ သေချာပေါက် ကြည့်ရမည်။

ဆယ်စုနှစ်များစွာကြာအောင် ချီးကျူးခံလာရခြင်းက မာစတာချင်ကို မာနထောင်လွှားစေခဲ့သည်။

ယောင်ပင်းကဲ့သို့သော အတွေ့အကြုံမရှိသည့် လူငယ်မှာ သူ့အတွက် ပြိုင်ဘက်မဟုတ်ဟု ယုံကြည်ထားပေသည်။

ထို့ကြောင့် ယောင်ပင်းတွင် မည်သို့သောကယ်တင်ရန်နည်းလမ်းရှိသနည်းဟု သူ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

သူ ယခု လုပ်ရမည်က ယောင်ပင်းကို ထိုနည်းလမ်းအား လုပ်ဆောင်ဖို့ ဖိအားပေးရန်သာ ဖြစ်ပေသည်။

အကယ်၍ ယောင်ပင်းက အမှားအယွင်းလေး တစ်ခုလုပ်မိသည်နဲ့ သူက မိုမိသားစုကို အသုံးချပြီး ယောင်ပင်းကို အသေသတ်ပစ်မည်။

ယောင်ပင်းက ခေါင်းကို မော့ကာ ဂုဏ်ယူစွာ ပြောလိုက်၏။

“ကံကြမ္မာကို ပြောင်းလဲမယ်”

မာစတာချင်မှာ ရုတ်တရက် ကြောင်အသွားတော့သည်။

သူ ကြားလိုက်တာ မှန်ရဲ့လား။

ဒီလူငယ်လေးက သူ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ တကယ်ကြီး ပြောလိုက်တာလား။

အခန်းထဲတွင် ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

တာအိုဘုန်းကြီးများသည်လည်း အံ့အားသင့်သွားကြပြီး တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

မိုရှောက်ယောင်၏ မိဘများမှာလည်း အံ့သြမှုနှင့် သံသယများဖြင့် ကြည့်နေကြ၏။

အဘိုးအို၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီးမေးလိုက်သည်။

“လူငယ်လေး... မင်းက ဒီလောက်တောင် ငယ်သေးတာကို ကံကြမ္မာကို တကယ် ပြောင်းလဲနိုင်လို့လား”

ယခုအချိန်ထိတော့ အဘိုးအို၏ လေသံမှာ ယဉ်ကျေးနေဆဲ ဖြစ်သည်။

သူသည်ကား စစ်မြေပြင်တွင် အသက်ရှင်လာခဲ့သူဖြစ်ပြီး မုန်တိုင်းအလီလီကို ဖြတ်သန်းခဲ့ကာ ထူးခြားသော လူအတော်များများကို မြင်တွေ့ခဲ့ဖူးသဖြင့် ယောင်ပင်း၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့် သူ့ကို လျှော့မတွက်ခဲ့ပေ။

အဘိုးအို၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ မာစတာချင်မှာ တစ်ခုခု မှားနေပြီဟု သိလိုက်သည်။

ဤအဘိုးအို၏ အမည်မှာ မိုချန်ကျုံး ဖြစ်သည်။ သူသည် စစ်မြေပြင်တွင် ဘဝကို ကုန်ဆုံးခဲ့သူဖြစ်ပြီး သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မြတ်လှပေသည်။

သူက ပင်းဟိုင်တွင် ချောင်းတစ်ချက်ဟန့်လိုက်ရုံဖြင့် မုန်တိုင်းထန်စေနိုင်သော ပုဂ္ဂိုလ်မျိုး ဖြစ်၏။

မိုချန်ကျုံးတွင် သားနှစ်ဦးနှင့် သမီးတစ်ဦး ရှိသည်။

သားကြီး မိုလီချွမ်သည်က ဖခင်၏ မိသားစုလုပ်ငန်းများကို အမြဲတစေ ကူညီစီမံပေးနေပြီး ဒုတိယသား မိုလီချန်မှာ စစ်တပ်တွင် အရေးပါသော ရာထူးကို ရယူထားသည်။

အငယ်ဆုံးသမီး မိုပိုင်ယွီမှာတော့ ကိုယ်ပိုင်ကုမ္ပဏီကို အစမှ တည်ထောင်ခဲ့ပြီး ယခုအချိန်တိိင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ ဖြစ်နေချေပြီ။

မိုမိသားစု၏ ပတ်သက်မှုများမှာ ပင်းဟိုင်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလွန်နက်ရှိုင်းပြီး ခန့်မှန်းရ ခက်ခဲလှကာ ထင်ရှားကျော်ကြားသော ချမ်းသာသည့် မိသားစုများစွာနှင့် ရင်းနှီးကြပေသည်။

မိုမိသားစုကို ပြစ်မှားမိခြင်းမှာ ပင်းဟိုင် တစ်မြို့လုံးနီးပါးကို ပြစ်မှားမိခြင်းနှင့် တူသည်ဟု ဆိုနိုင်ပေသည်။

တစ်ဖက်တွင်လည်း မိုမိသားစု၏ တန်ဖိုးထားမှုကို ရရှိခဲ့ပါက ထိုသူ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပပေလိမ့်မည်။

ယခုအခါ မာစတာချင်က မိုမိသားစုနှင့် ပတ်သက်မှုရရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး မိုချန်ကျုံး၏ သားကြီး မိုလီချွမ်၏ ယုံကြည်မှုကို ရရှိထားသဖြင့် မိုရှောက်ယောင်၏ အသက်ကို ယင်အသက်ဖြင့် ဆွဲဆန့်ရန် ခွင့်ပြုချက် ရထားခြင်း ဖြစ်သည်။

ဤကဲ့သို့သော ကလေးတစ်ယောက်ကြောင့် ကိစ္စများကို ပျက်စီးသွားစေရန် သူ လုံးဝ ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် ယောင်ပင်း ပြန်မဖြေခင်မှာပင် မာစတာချင်က လှောင်ပြောင်လိုက်သည်။

“ကံကြမ္မာကို ပြောင်းလဲမယ်ဟုတ်လား၊ လူတစ်ယောက်ရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသားပဲ၊ မင်းက နတ်ဘုရားတစ်ပါး ဒါမှမဟုတ် ငရဲက တရားသူကြီး မဟုတ်ရင် မပြောင်းနိုင်ဘူး၊

ကောင်လေး... လူငယ်တွေက ကြွားရတာ ဝါသနာပါတာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ကြွားလုံးကတော့ အရမ်းကြီးလွန်းသွားပြီ၊

အကြီးအကဲမို... ဒီကလေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ပါနဲ့၊ လူတစ်ယောက်က ကံကြမ္မာကို ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး”

သူသည် ငယ်စဉ်ကတည်းက ကျင့်ကြံလာခဲ့ပြီး အသက်ချေးငှားခြင်းနှင့် အသက်ဆွဲဆန့်ခြင်းများကို မြင်တွေ့ခဲ့ဖူးသော်လည်း ကံကြမ္မာကို ပြောင်းလဲခြင်းကိုတော့ လုံးဝ မကြားဖူးပေ။

ထို့ကြောင့် မာစတာချင်က ယောင်ပင်းမှာ အဓိပ္ပာယ်မရှိ ပြောနေသည်ဟု အပြည့်အဝ ယုံကြည်ထားသည်။

“ခင်ဗျား မကြားဖူးဘူးဆိုရုံနှင့် အဲဒါက မရှိဘူးလို့ မဆိုလိုဘူးလေ”

ယောင်ပင်းက ပြန်လည် တုံ့ပြန်လိုက်သည်။

“ခင်ဗျား မမြင်ဖူးသေးဘူးဆိုရင်တော့ ဒီနေ့ ကျွန်တော် ခင်ဗျားကို ပြပေးမယ်”

ယောင်ပင်း စကားပြောပြီးသည်နှင့် အခန်းထဲရှိ လူများ၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲသွားတော့သည်။

လူတိုင်းက ယောင်ပင်း၏ စကားမှာ အလွန်အမင်း မာနထောင်လွှားလွန်းသည်ဟု ခံစားနေကြရသည်။

“ကောင်းပြီ... ဒီနေ့ ကံကြမ္မာကို ဘယ်လိုပြောင်းလဲမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့၊ တကယ်လို့ မင်းသာ ကံကြမ္မာကို တကယ် ပြောင်းလဲနိုင်မယ်ဆိုရင် ငါ ချင်ဖာချိုင်က အထုပ်အပိုးပြင်ပြီး မိုရှန်ကိုပဲ ပြန်သွားတော့မယ်!”

မာစတာချင်မှာ ဒေါသကြောင့် တုန်ရင်နေချေပြီ။

သူသည် မာနကြီးသော လူများကို မြင်ဖူးသော်လည်း ဤမျှအထိ မာနကြီးသောသူကို တစ်ခါမျှ မတွေ့ဖူးပေ။

ယောင်ပင်းက ကံကြမ္မာကို ပြောင်းလဲချင်သည်ဟု ဆိုနေသဖြင့် သူက ယောင်ပင်းကို ကံကြမ္မာ ပြောင်းလဲခိုင်းပြီး မာနကြီးခြင်း၏ အကျိုးဆက်ကို ပြသရလိမ့်မည်။

မာစတာချင် စကားပြောလိုက်သည်နှင့် သူ၏ တပည့်များက ချက်ချင်းပင် တားဆီးကြ၏။

“စီနီယာအစ်ကို... ပြန်ပြီး စဉ်းစားပါဦး”

“မိန်းကလေးရဲ့ အခြေအနေက စိုးရိမ်ရနေပြီ၊ သူ့မှာ အသက်ရှူနှုန်းလေး ကျန်နေတုန်း အသက်ကို ဆွဲဆန့်ရမှာပါ”

…

ဤအချိန်တွင် မာစတာချင်၏ ပြိုင်ဆိုင်လိုစိတ်နှင့် မာနမှာ လွှမ်းမိုးနေချေပြီ။

မိုချန်ကျုံးနှင့် မိုလီချွမ်တို့ကို တိုင်ပင်ပြီးနောက် သူက ယောင်ပင်းဘက်သို့ လှည့်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။

“ကောင်းပြီ... မင်း စတင်နိုင်ပြီ!”

ဤသည်က ယောင်ပင်း အလိုချင်ဆုံး အကျိုးသက်ရောက်မှုပင်။

မာစတာချင် စကားပြောလိုက်သည်နှင့် ယောင်ပင်းက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းကို ချက်ချင်း ဖွင့်လိုက်ပြီး မိုရှောက်ယောင်၏ ကံကြမ္မာကို လျင်မြန်စွာ ပြောင်းလဲလိုက်လေသည်။

ယခင်က သူသည် မိုရှောက်ယောင်၏ သေဆုံးမည့်နှစ်ကို ၂၀၁၈ မှ ၂၀၇၈ သို့ ပြောင်းလဲခဲ့ဖူးသည်။

ဤတစ်ကြိမ်တွင်တော့ မာစတာချင်နှင့် တခြားလူများ၏ အနှောင့်အယှက် မရှိသောကြောင့် တစ် ဂဏန်းမှာ (7)ဂဏန်းသို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ထပ်မံ၍ မပြောင်းလဲတော့ပေ။

မိုရှောက်ယောင်သည်က နောက်ထပ် အနှစ် ၆၀ ကြာအောင် အသက်ရှင်နိုင်တော့မည် ဖြစ်သည်။

“ပြီးပြီ”

ယောင်ပင်းက မိုချန်ကျုံးနှင့် မိုလီချွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“သူ သေမှာ မဟုတ်တော့ဘူး”

လူတိုင်းမှာ မယုံကြည်နိုင်သကဲ့သို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“ဒါပဲလား၊ သူ ဘာမှ လုပ်တဲ့ပုံမရဘူး၊ မျက်လုံးလေး မှိတ်ပြီး ခဏလေး ရပ်နေရုံနဲ့ မိန်းကလေးရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တယ်လို့ ပြောနေတာလား”

“လူလိမ်တောင်မဟုတ်တော့ဘူး၊ သူက တကယ့်ကို အပျော်တမ်း လူလိမ်ပဲ၊ ကံကြမ္မာကို ပြောင်းလဲတာက ဒီလောက် အရေးကြီးတဲ့ ကိစ္စကို အနည်းဆုံးတော့ အစွမ်းပြတာမျိုး လုပ်ရမှာ မဟုတ်ဘူးလား

မျက်လုံးလေး မှိတ်လိုက်၊ ဖွင့်လိုက်နဲ့ပဲ ပြီးသွားတယ် ဟုတ်လား ဒါမျိုးကတော့ ဘယ်သူမဆို လုပ်တတ်တာပဲ!”

…

“ဒါလေးပဲလား.. ဒါဆို မိန်းကလေးက ဘာလို့ သတိမရသေးတာလဲ”

မိုရှောက်ယောင် သတိမရသေးသည်ကို မြင်သောအခါ မာစတာချင်က အောင်နိုင်သူအလား လှောင်ပြောင်လိုက်သည်။

“ကလေး... မင်းကို ငါ အကြံတစ်ခု ပေးမယ်၊ မင်းနဲ့ မတန်တဲ့ အရာတွေကို မထိနဲ့၊ မင်းက မထိုက်တန်ဘူး”

ယောင်ပင်းက အငြင်းအခုန် မလုပ်တော့ပေ။

သူက ဖြည်းညင်းစွာဖြင့် စတင် ရေတွက်လိုက်သည်။

“တစ်၊ နှစ်...”

All Chapters