← Chapters

တောင်ပိုင်းဟုန်၏ အရှင်သခင်

Vol. 86 Ch. 856

တောင်ပိုင်းဟုန်၏ အရှင်သခင်

Vol. 86 Ch. 856

နောက်ကျိနေသောရေအောက်ကြမ်းပြင် အနက်ရှိုင်းဆုံးနေရာတွင် ခံ့ညားထည်ဝါလှသော ကျောက်တုံးပြာနန်းတော်သည် နှစ်သိန်းပေါင်းများစွာတိုင်အောင် မပြောင်းမလဲမားမားမတ်မတ် ရပ်တည်နေခဲ့လေသည်။

သို့သော်လည်း ယခုအခါတွင်မူ ၎င်း၏သခင်ဖြစ်သူမှာ အသက်ရှင်သည့်လက္ခဏာရပ်များ လုံးဝကင်းမဲ့သွားခဲ့ပြီဖြစ်၏။

တောင်ပိုင်းနဂါးဘုရင်၏ ခန္ဓာကိုယ်မှ မီးခိုးရောင်မြူခိုးများထွက်ပေါ်လာပြီး ရှန်းယီ၏ လက်ချောင်းများကြားသို့ စီးဝင်သွားခဲ့လေသည်။

သူ၏လက်ဖဝါးထဲရှိ သွေးသင်္ကေတမှာလည်း ရေလှိုင်းများ၏ပွတ်တိုက်မှုအောက်တွင် မှေးမှိန်သွားကာနောက်ဆုံး၌ လုံးဝပျောက်ကွယ်သွားခဲ့လေတော့သည်။

ဘုန်း

ပြင်းထန်စွာဒဏ်ရာရထားသော ဧရာမနဂါးရုပ်အလောင်းကြီးသည် နောက်ဆုံးတွင်မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးများပေါ်သည်အထိနက်ရှိုင်းလှသော ဒဏ်ရာကြီးများပြည့်နှက်နေခဲ့ပေသည်။

"တောင်ပိုင်းဟုန်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သခင်ကို ဂုဏ်ပြုပါတယ်ဗျာ။"

ခယ်ရှစ်စန်းသည် တာအိုပေါင်းစည်းခြင်းနယ်ပယ်ရှိ မဟာနတ်ဆိုးကြီး ဆယ်ကောင်ကျော်ကို ဦးဆောင်ကာတစ်ညီတစ်ညွတ်တည်း ဒူးတစ်ဖက်ထောက်လျက်လက်နှစ်ဖက်ကို ဆုပ်ကာအရိုအသေပေးလိုက်ကြလေသည်။

တောင်ပိုင်းနဂါးဘုရင်၏ ရုပ်အလောင်းရှေ့တွင် ဤစကားများပြောနေခြင်းမှာ ဖားယားနေခြင်းမျိုး မဟုတ်တော့ဘဲ အမှန်တရားတစ်ခုကိုထုတ်ဖော်ပြောဆိုလိုက်ခြင်းသာ ဖြစ်လေ၏။

"..."

အံ့သြစရာကောင်းလောက်အောင်ပင် ရှန်းယီသည် နဂါးဘုရင်၏ ရုပ်အလောင်းကို ချက်ချင်း သိမ်းဆည်းခြင်း မပြုခဲ့ချေ။ ထို့အစား သူ၏အကြည့်များက ရှေ့ရှိကျောက်တုံးပြာနန်းတော်ဆီသို့ လေးလံစွာကျရောက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မပြီးသေးဘူး။"

သူ၏ မြင်ကွင်းထဲတွင် ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားသော ဤခမ်းနားထည်ဝါလှသည့် အဆောက်အအုံကြီးကို ယခုအခါပို၍ ဆိုးရွားပြီး ကြောက်မက်ဖွယ်ကောင်းသောနတ်ဆိုးခန်းမတစ်ခုက လုံးဝဝါးမြိုသွားခဲ့လေပြီ။

တောင်ပိုင်းမှ နတ်ဆိုးတစ်သောင်းခန်းမပင်တည်း။

ယခင်က ကျောက်တုံးပြာနဂါးနန်းတော်ကို အပြည့်အဝဖိနှိပ်နိုင်စွမ်းမရှိခဲ့ခြင်းမှာ နတ်ဆိုးသက်တမ်းမလုံလောက်သောကြောင့်ဖြစ်ပြီး၊ ရှန်းယီ၏ လုပ်ရပ်များမှာ အနည်းငယ်အလျင်စလိုဖြစ်သွားကာ တောင်ပိုင်းနဂါးဘုရင်၏ အာရုံစိုက်မှုကို မရည်ရွယ်ဘဲ ဆွဲဆောင်မိသွားသောကြောင့် ဖြစ်လေသည်။

သို့သော် ယခုအခါတွင်မူ ဤနေရာကို အပြည့်အဝ သိမ်းပိုက်ရမည့် အချိန်ရောက်လာပြီဟု ထင်ရပါသည်။

ရှန်းယီ၏ မျက်လုံးများသည် နဂါးသိုက်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ရွေ့လျားသွားခဲ့၏။ တောင်ပိုင်းနဂါးဘုရင် သေဆုံးသွားပြီးနောက် နှစ်ပေါင်းများစွာတိုင်အောက်ခြေမမြင်ရသော ချောက်နက်ကြီးအတွင်း စုပုံနေခဲ့သည့် အရေမတွက်နိုင်သောနဂါးချီများသည် လျင်မြန်စွာလှုပ်ရှားရုန်းကန်လာကြသည်ကို သူ တွေ့လိုက်ရလေသည်။

နေ့တစ်ဝက်ပင် မကြာမီတွင် ဤနဂါးချီများသည် ကောင်းကင်ယံသို့ပေါက်ကွဲထွက်ပေါ်လာပြီး ဟုန်နယ်မြေလေးခုစလုံးသို့ ပြန့်နှံ့သွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် မြောက်ပိုင်းဟုန်ကို သတိပေးသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး၊ ကျောက်စိမ်းဖြူကြံ့နှင့် မသေမျိုးတို့၏ နားထဲသို့ ရောက်ရှိသွားခြင်းမှာ သာမန်ကိစ္စတစ်ခုဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ ရှန်းယီ ဖြတ်ကျော်ရမည့် ပထမဆုံး အတားအဆီးပင်။

ကံကောင်းထောက်မစွာဖြင့် သူသည် နည်းဗျူဟာတစ်ခုကို ကြိုတင်စဉ်းစားထားပြီး ဖြစ်ပေသည်။

နဂါးဘုရင်မရှိတော့သည့်နောက် တောင်ပိုင်းဟုန်ကို ထိန်းသိမ်းရန် အခြားတစ်ဦးလိုအပ်နေပေသည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားပါက သန့်စင်သောသွေးမျိုးဆက်နှင့် ခွန်အားအရ ခယ်ရှစ်စန်းနှင့် ယှဉ်နိုင်မည့်သူမည်သူရှိမည်နည်း။

နဂါးသိုက်ကို စိုက်ကြည့်ရင်း ရှန်းယီက တိုးညှင်းစွာ ပြောလိုက်လေ၏။

"စမ်းကြည့်လိုက်။"

ထိုစကားကို ကြားသောအခါ ခယ်ရှစ်စန်းသည် ချက်ချင်းထရပ်လိုက်ပြီး နဂါးသိုက်ထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်သွားခဲ့လေသည်။

နောက်တစ်ခဏတွင် ၎င်းသည် ခွန်အားအားလုံးကို သွေးအနှစ်သာရထဲသို့ ပေါင်းထည့်လိုက်ပြီး၊ အစိုင်အခဲနီးပါးဖြစ်နေသော ပတ်ဝန်းကျင်ရှိ ထူထပ်လှသည့် အဝါရောင်ချီစွမ်းအင်များနှင့် ပဲ့တင်ထပ်သွားစေခဲ့လေသည်။

ဤနဂါးချီများသည် တစ်စုံတစ်ခုကို သံသယဖြင့် စမ်းသပ်နေသကဲ့သို့ ခယ်ရှစ်စန်း၏ အရေပြားကို တင်းကျပ်စွာ ကပ်တွယ်လာခဲ့၏။

ဤကြီးမြတ်လှသော နတ်ဆိုးဖိနှိပ်ကျောက်တုံးအတွင်းရှိ အလွန်သန့်စင်လှသော သွေးမျိုးဆက်စွမ်းအားကို ခံစားလိုက်ရသည့်အချိန်မှသာ ၎င်းတို့သည် ဘုရင်သစ်တစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ဟိန်းဟောက်ကာ ၎င်းထံသို့ အစုလိုက်အပြုံလိုက်ပင် တိုးဝင်လာကြလေတော့သည်။

ဤနဂါးချီများ၏ ထောက်ပံ့ပေးမှုကြောင့် ခယ်ရှစ်စန်းသည် မျက်လုံးများကို မှိတ်ကာမလှုပ်မယှက် ရပ်နေခဲ့သော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသောအရှိန်အဝါများမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့လေသည်။

ယဲ့ကျိုး နှင့် တောင်ပိုင်းနဂါးဘုရင်တို့ထက် များစွာ သာလွန်သွားသည့်တိုင်အောင် ဆက်လက်မြင့်တက်နေခဲ့၏။

ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ပင်။

"ဟူး။"

ရှန်းယီသည် သူ၏ရှေ့မှောက်ရှိ ကြံ့ခိုင်တောင့်တင်းလှသောပုံရိပ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။ အကယ်၍သာ တောင်ပိုင်းနဂါးဘုရင်က တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ခုကို ရင်ဆိုင်ရန် ဤနဂါးချီများကို အားကိုးလျက်ဖြင့်ဤနေရာကို ဆက်လက်အစောင့်ချထားမည်ဆိုပါက၊ သူတို့၏ လက်ရှိခွန်အားဖြင့် ထိုကဲ့သို့သောပြိုင်ဘက်မျိုးကို မည်သို့ အနိုင်ယူနိုင်မည်နည်းဆိုသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသွားလိမ့်မည်။

"သခင်၊ အောင်မြင်သွားပြီ။"

ဂနာမငြိမ်ဖြစ်နေသော နဂါးချီများသည် တဖြည်းဖြည်းငြိမ်သက်သွားပြီး ခယ်ရှစ်စန်း၏ ခန္ဓာကိုယ်ကို ညင်သာစွာရစ်ပတ်ထားလိုက်ကြလေသည်။

၎င်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာဖြင့် ပွင့်လာခဲ့၏။ နဂါးသိုက်က သခင်အသစ်တစ်ဦးကို အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားပေသည်။

ဤကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံခြင်းကို ဂူအပြင်ဘက်သို့ မသယ်ဆောင်သွားနိုင်သော်လည်း၊ ၎င်းသည် သခင်ဖြစ်သူအတွက် ပထမဆုံးပြဿနာကိုတော့ အနည်းဆုံး ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်လေသည်။

"ပြန်လာခဲ့။"

ရှန်းယီက ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ခယ်ရှစ်စန်းနှင့်တကွ မဟာနတ်ဆိုးကြီးအမြောက်အမြားကို သူ၏ မျက်ခုံးကြားရှိ အသိစိတ်ပင်လယ်ထဲသို့ ပြန်လည် ရုပ်သိမ်းလိုက်၏။

ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ခွန်အားရှိသော လက်အောက်ငယ်သားတစ်ဦး ပိုင်ဆိုင်ထားခြင်းက အတော်လေးဆွဲဆောင်နိုင်သော်လည်း၊ ရှန်းယီအနေဖြင့် အကူအညီများပေးရန်တွက် ခယ်ရှစ်စန်းကို သူ၏ဘေးတွင် ရှိနေရန်လိုအပ်နေဆဲပင်။

ထို့အပြင် လက်ရှိကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ရုပ်အလောင်းများစွာကို ပေါင်းစည်းလိုက်ပါက ၎င်းကို အဆင့်ချိုးဖောက်နိုင်ရန်ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်ပေလိမ့်မည်။

နဂါးသိုက်၏ ပြောင်းလဲမှုများ ရပ်တန့်သွားသောအခါ ရှန်းယီသည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့လေတော့သည်။

ဤသည်က သူ၏ ခန့်မှန်းချက်များ မှန်ကန်ကြောင်း သက်သေပြနေလေသည်။

အကယ်၍ တောင်ပိုင်းဟုန်က ဤနည်းလမ်းအတိုင်း လည်ပတ်နိုင်မည်ဆိုပါက၊ အနောက်ပိုင်းဟုန် ၊ အရှေ့ပိုင်းဟုန် နှင့် မြောက်ပိုင်းဟုန်တို့သည်လည်း ဤလည်ပတ်ပုံကိုပုံတူကူးချနိုင်ပါလိမ့်မည်။

သေချာသည်မှာ ဤသည်က သူတို့အနေဖြင့် သတိထားမိခံရခြင်းမှ ရှောင်လွှဲနိုင်ကြောင်းကိုသာ သက်သေပြနိုင်ခြင်း ဖြစ်သည်။ ရေပြင်နှင့် ကုန်းမြေတစ်ခု၏ ဝိညာဉ်ကို အမှန်တကယ် ထိန်းချုပ်နိုင်ရန်အတွက်မူ၊ သူသည် ပျောက်ဆုံးနေသော အမိန့်တော်တံဆိပ်တုံးကို ရှာဖွေရဦးမည် ဖြစ်လေသည်။

ဤပစ္စည်းရှိနေမှသာ သူသည် မသေမျိုးများကို အမှန်တကယ်ခြိမ်းခြောက်နိုင်စွမ်း ရှိလာမည် ဖြစ်လေ၏။

ရှန်းယီသည် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပေသည်။

သတင်းအချက်အလက်များပေါက်ကြားမှုကို ကာကွယ်နိုင်ရန်အတွက် အစောပိုင်းက တောင်ပိုင်းနဂါးဘုရင်ကို ရင်ဆိုင်ခဲ့စဉ်ကတည်းက၊ အခြားသောနတ်ဆိုးဖိနှိပ်ကျောက်တုံးများမှာ သားသတ်သမားများအဖြစ်ပြောင်းလဲကာ ထိုနဂါးသားတော်များနှင့် နဂါးမျိုးဆက်များကို ၎င်းတို့ တုံ့ပြန်နိုင်ခြင်းပင် မရှိမီဤတိတ်ဆိတ်နေသော ရေပြင်နယ်မြေထဲတွင်မြှုပ်နှံပစ်ခဲ့ပြီး ဖြစ်လေသည်။

အစွမ်းအထက်ဆုံးနှင့် သစ္စာအရှိဆုံး သက်တော်စောင့်များအပါအဝင် တစ်ကောင်တစ်မြီးမှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိချေ။

ထူထပ်စွာ ကျလာသောသတိပေးချက်ရာပေါင်းများစွာ၏ အောက်တွင် အနည်းဆုံး ဟင်းလင်းပြင်သို့လျှောက်လှမ်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းရှိသော နတ်ဆိုးများ၏ဝိညာဉ်များကို မြှုပ်နှံထားခဲ့ပြီး၊ဤကျောက်တုံးပြာအုတ်များ၏ အက်ကြောင်းများထဲတွင်ပင် နတ်ဆိုးသွေးများဖြင့် ပြည့်နှက်နေခဲ့၏။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၂၉၄၀၀၀၀]

ဤသည်မှာ ကူးပြောင်းလာပြီးကတည်းက ရှန်းယီအတွက်အကြီးမားဆုံးသော အကျိုးအမြတ်ပင်။ ပမာဏမှာကြီးမားလွန်းလှသဖြင့် ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် သူကိုယ်တိုင်ပင်ခဏတာ မှင်သက်သွားခဲ့ရလေသည်။

ဤမျှများပြားလှသော နတ်ဆိုးသက်တမ်းကို လူတစ်ဦးအားကျင့်စဉ်များ သရုပ်ဖော်ထုတ်ရန် ပေးအပ်လိုက်မည်ဆိုပါက သေချာပေါက်... အဆုံးမဲ့သောအိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော် နတ်ဆိုးတစ်သောင်းခန်းမထွက်ပေါ်လာကတည်းက ရှန်းယီသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိထားမိခဲ့လေ၏။

ထိုခန်းမသည် မသေမျိုးမြို့တော်ကို ဖုံးကွယ်ထားပြီး နဂါးနန်းတော်ကို ဖိနှိပ်ထားကာ မသေမျိုးများ၏ စွမ်းအားကိုပင် ခိုးယူထားခဲ့လေ၏။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသက်တမ်းများ ထိုအထဲသို့စီးဝင်သွားသောအခါတွင် အကျိုးသက်ရောက်မှုများမှာ ရိုးရှင်းသော သရုပ်ဖော်ထုတ်ခြင်းမဟုတ်တော့ဘဲ၊ ကောင်းကင်ဘုံကို အစားထိုးမည့် လုပ်ရပ်တစ်ခုဖြစ်ပုံရပေသည်။

"ဟူး။"

ရှန်းယီသည် နောက်ကျိနေသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး၊ သူ၏ပုံရိပ်မှာ နဂါးနန်းတော်အလယ်သို့အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကာ စားပွဲပေါ်မှကျောက်စိမ်းတံဆိပ်တုံးတစ်ခုကို ကောက်ယူလိုက်ပါသည်။

ဤတံဆိပ်တုံးမှာ ခယ်မိသားစု အိမ်ရှေ့မင်းသားကိုင်ဆောင်ထားသော တောင်ပိုင်းဟုန်ရေပြင်နယ်မြေအပေါ် အာဏာစက်ဖော်ပြသည့် သင်္ကေတတစ်ခုဖြစ်ပြီး၊ နဂါးနန်းတော်၏ စစ်သည်တော်များနှင့် နတ်ဆိုးစစ်သူကြီးများအားလုံးကို အမိန့်ပေးနိုင်စွမ်းရှိကြောင်း ရှင်းလင်းနေလေသည်။

All Chapters