← Chapters

တောင်ပိုင်းဟုန်၏ အရှင်သခင် ၂

Vol. 86 Ch. 857

တောင်ပိုင်းဟုန်၏ အရှင်သခင် ၂

Vol. 86 Ch. 857

သို့သော် ၎င်းမှာ သူလိုအပ်သော ပစ္စည်းမဟုတ်ခဲ့ပါချေ။

သူသည် စနစ်မျက်နှာပြင်ကို ထပ်မံ ကြည့်ရှုလိုက်၏။

[နတ်ဆိုးဧကရာဇ်တံဆိပ်တုံး - ဤတံဆိပ်တုံးကို ကိုင်ဆောင်သူသည် နတ်ဆိုးဧကရာဇ်အဖြစ် လျှောက်လှမ်းပြီး၊ ကောင်းကင်ဘုံမှ ခန့်အပ်ထားသောကင်းလှည့်ခြင်းတာဝန်ကို ထမ်းဆောင်ရမည်]

"..."

ရှန်းယီ ခေတ္တမျှစဉ်းစားခန်း ဝင်သွားခဲ့လေသည်။

ကောင်းကင်ဘုံမဇ ခန့်အပ်ထားသောကင်းလှည့်ခြင်းတာဝန်ကို ထမ်းဆောင်ရမည် ဆိုသည့် စကားလုံးများမှာ မည်သို့ပင်ကြည့်စေကာမူ သူ့အတွက် ထူးဆန်းနေခဲ့၏။

စာသားအတိုင်းအဓိပ္ပာယ်ကောက်ယူမည်ဆိုပါက ဤသည်မှာ ကောင်းကင်ဘုံမှ ခန့်အပ်လိုက်သော တာဝန်တစ်ခုပင်။

မေးစရာရှိသည်မှာ မိုးပြာကောင်းကင်က သင့်ကို ၎င်း၏နေရာတွင် အစားထိုးရန်သဘောတူခဲ့သည်လောဟုဆိုသည်ပင်။

အင်အားသုံးပြီး အတင်းအကျပ်နေရာယူလိုက်ခြင်းလော။

ကံကောင်းထောက်မစွာဖြင့် အလွန်များပြားသော သက်တမ်းမှာ သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ရရှိထားခြင်းမဟုတ်ချေ။ အလွယ်တကူရလာလျှင် အလွယ်တကူသာကုန်လိမ့်မည်။ ဆုံးရှုံးသွားလည်း သိပ်အရေးမကြီးလှချေ။

ရှန်းယီ မျက်လုံးများကို မှိတ်လိုက်ရာ၊ သူ၏ နတ်ဝိညာဉ်သည် နတ်ဆိုးတစ်သောင်းတောင်ပိုင်းခန်းမအတွင်းသို့ စိမ့်ဝင်သွားခဲ့လေ၏။

ကျန်ရှိနေသော နတ်ဆိုးသက်တမ်းမှာ ရုတ်တရက် သိသိသာသာလျော့ကျသွားသည်နှင့်အမျှ၊နတ်ဆိုးနန်းတော်၏ ပလ္လင်ပေါ်ရှိ ယွီလန်၏ ဖြူဖွေးလက်ချောင်းများကြားမှ သွေးရောင်အရှိန်အဝါတစ်ခု တိတ်တဆိတ်ထွက်ပေါ်လာခဲ့လေသည်။

၎င်းသည် ရေဝဲတစ်ခုကဲ့သို့ လျင်မြန်စွာလည်ပတ်လာပြီး တစ်မြို့လုံးကို ချက်ချင်းလွှမ်းခြုံသွားခဲ့လေတော့သည်။

ထိုရေဝဲ၏ အလယ်ဗဟိုတွင် လေးထောင့်ပုံသဏ္ဍာန် အနီရောင်ကျောက်စိမ်းတံဆိပ်တုံးတစ်ခု လျင်မြန်စွာပုံဖော်လာခဲ့လေ၏။

မမြင်ရသောဆောက်တစ်ခုဖြင့် ဂရုတစိုက်ထွင်းထုနေသကဲ့သို့ပင်၊မကြာမီမှာပင် ထိုတံဆိပ်တုံးအထက်တွင်အတောင်ပံဖြန့်ထားသော သွေးဖီးနစ်ငှက်တစ်ကောင် ပျံသန်းနေပုံထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်တုံးပြာနန်းတော်ကို ဖုံးလွှမ်းထားသောနတ်ဆိုးတစ်သောင်းတောင်ပိုင်းခန်းမ၏ အတွေးပုံရိပ်ယောင်အတွင်းတွင်လည်း အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး၊ ကျောက်တုံးပြာနန်းတော်တစ်ခုလုံးကို အကျဉ်းထောင်တစ်ခုကဲ့သို့ ချုပ်နှောင်ကာ လျင်မြန်စွာပျက်စီးယိုယွင်းသွားစေခဲ့လေသည်။

"ဟင်း။"

ယွီလန်သည် အသက်ရှူပြင်းပြင်းဖြင့် တံဆိပ်တုံးကို ဆုပ်ကိုင်ထားလိုက်၏။

တစ်ခဏအတွင်းမှာပင် ရှန်းယီ၏ သူငယ်အိမ်များ ကျယ်လာပြီး သူ၏ မြင်ကွင်းမှာ မိုင်ပေါင်းများစွာ အထက်သို့မြင့်တက်သွားသကဲ့သို့ ခံစားလိုက်ရကာ၊တောင်ပိုင်းရေနယ်မြေတစ်ခုလုံးမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေတော့သည်။

ဤရေပြင်နယ်မြေတစ်ခွင်တွင် သိပ်သည်းလှသော စွမ်းအင်မြူခိုးများသည် ဆမ်ဆာရာတစ်ခုကိုဖန်တီးနေသကဲ့သို့ ဖြည်းညှင်းစွာလှည့်ပတ်နေခဲ့လေသည်။

"ဒါ တောင်ပိုင်းဟုန်တစ်ခုလုံးရဲ့ မိုးမြေဝိညာဉ်စွမ်းအင်လား"

ရှန်းယီ၏ စိတ်အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ပြီးပြည့်စုံနေသောဆမ်ဆာရာကို ရုတ်တရက် နှောင့်ယှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

အကယ်၍ သူသာရွေးချယ်ခဲ့မည်ဆိုပါက ဤစွမ်းအင်များကို သူ၏ ကိုယ်ပိုင်အသုံးပြုရန်အတွက်မည်သည့်အချိန်တွင်မဆို ပြောင်းလဲလွှဲပြောင်းယူနိုင်ပေသည်။

ထို့အပြင် ဤမိုးမြေ၏ ဝိညာဉ်စွမ်းအင် ပမာဏမှာ တာအိုပေါင်းစည်းခြင်းနယ်ပယ်အဆင့်ကို များစွာ ကျော်လွန်နေလေ၏။ ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ကျော်လွန်နေရုံသာမက၊ ပိုမိုအစွမ်းထက်သော တာအိုနယ်ပယ်ပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

တောင်ပိုင်းဟုန်နှင့် နှိုင်းယှဉ်ပါက သာမန် ရတနာနယ်မြေတစ်ခုဆိုသည်မှာ သမုဒ္ဒရာကြီးထဲမှ ရေပြင်ငယ်လေးတစ်ခုမျှသာ ဖြစ်လေသည်။

ခရုခွံတစ်ခုအတွင်းရှိ မည်မျှပင်အဆင့်မြင့်သော ကျင့်စဉ်ဖြစ်ပါစေ၊ ဤမျှကြီးမားလှသော ကွာဟချက်ကို မည်သို့ ဖြည့်ဆည်းနိုင်ပါမည်နည်း။

သူ ဝန်မခံချင်သော်ငြားလည်း၊ နတ်ဆိုးသက်တမ်းဆယ်သန်းနှင့် လဲလှယ်ရရှိလာသော စွမ်းအားမှာ ဤကဲ့သို့အသုံးပြုရာတွင်များစွာ ပို၍ တန်ဖိုးရှိလှပေသည်။

"ရှီး။"

ရှန်းယီသည် သူ၏လျှာကို အတင်းအကျပ် ကိုက်လိုက်ပြီး ကောင်းကင်ဘုံစွမ်းအင်ကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းကိုရပ်တန့်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်၏။

ဤမျှတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သူ မျက်ကန်းဖြစ်မသွားခဲ့ချေ။

စဉ်းစားကြည့်လျှင်၊ မသေမျိုးများတွင် ယခုလိုရှေးဟောင်းပစ္စည်းလေးခု ရှိသည်... အင်း ယခုအခါတွင်မူ သုံးခုသာ ကျန်တော့မည်ဟု သူ ထင်လေသည်။

၎င်းတို့အနက် တောင်ပိုင်းဟုန်မှာ အသီးအနှံအဖြစ်ထွန်းဆုံးနေရာပင်။

မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်ယံရှိ ကျောက်စိမ်းဖြူကြံ့သည် မျက်လုံးများကို ထပ်မံ ဖွင့်လိုက်ပြီး၊အစောပိုင်းက နှောင့်ယှက်မှုကို ခံစားလိုက်ရသကဲ့သို့ တောင်ပိုင်းဟုန်ကို အံ့သြသောအကြည့်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်၏။

သို့သော်လည်း နတ်ဆိုးတစ်သောင်းတောင်ပိုင်းခန်းမ၏ အရိပ်အောက်ရှိ သွေးရောင်ကြိုးမျှင်များက ၎င်း၏ အမြင်အာရုံကို ကွယ်ဝှက်ထားပုံရလေသည်။

ကျောက်စိမ်းဖြူကြံ့သည် ခေတ္တမျှတိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးနောက် ခေါင်းကို ခါယမ်းကာ တစ်ဖန် ပြန်လည်အိပ်မောကျသွားခဲ့လေတော့သည်။

"..."

ရှန်းယီလည်း အချိန်အတော်ကြာတိတ်ဆိတ်သွားခဲ့၏။

ရွှေသိုက်ကြီးပေါ်တွင် ထိုင်နေရသော်လည်း ၎င်းကို အသုံးမပြုနိုင်ခြင်းမှာ အတော်လေးနေရခက်သော ခံစားချက်ပင်။

သို့သော် သူ ကိုယ့်ကိုယ်ကိုယ်သာ နှစ်သိမ့်နိုင်ပေတော့မည်။

အနည်းဆုံးတော့ ယခုအခါ သူ၏ အသက်အတွက် တိုက်ပွဲဝင်ရန် နည်းလမ်းတစ်ခုရရှိသွားပြီ ဖြစ်လေသည်။

အကယ်၍ သူ အမှန်တကယ် အကြပ်အတည်းသို့ ဆိုက်ရောက်ပြီး မသေမျိုးများ၏ တွေ့စုံရမည်ဆိုပါက "အတူတူ သေကြတာပေါ့" ဆိုသော စိတ်ဓာတ်ဖြင့် စွန့်စားရန်ဆန္ဒရှိပါက၊ ဤစွမ်းအားတစ်ခုတည်းဖြင့်ပင် အနန္တတာအိုအင်ပါယာဂိုဏ်း နှင့် မြောက်ပိုင်းနဂါးနန်းတော်တို့သည် သက်ညှာပေးခြင်းမရှိပါက အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်မျှပင် တောင့်ခံနိုင်မည် မဟုတ်ပါချေ။

ထို့အပြင် တစ်ခုရှိလျှင် ဒုတိယတစ်ခုလည်း ရှိစမြဲပင်။

အကယ်၍ သူသည် ဟုန်နယ်မြေနှစ်ခုကို တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်မည်ဆိုပါက၊ နှိုင်းယှဉ်ချက်အရ အတော်လေးခြောက်သွေ့နေသော အနောက်ပိုင်းနှင့် တောင်ပိုင်းပင်ဖြစ်လင့်ကစား၊ မသေမျိုးတစ်ပါးပင်လျှင် သူတို့၏ ရွေးချယ်မှုများကို သေချာချိန်ဆရတော့မည် မဟုတ်ပါလား။

ထိုသို့တွေးမိသောအခါ ရှန်းယီ၏ စိတ်အခြေအနေမှာ များစွာတိုးတက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ပင်ပန်းနွမ်းနယ်မှုများမှာနောက်ဆုံးတွင် တန်ဖိုးရှိသွားပြီဟု ခံစားလိုက်ရလေ၏။

သူသည် ကျောက်တုံးပြာနန်းတော်ထဲမှ ဖြည်းညှင်းစွာထွက်လာပြီး မှုန်ဝါးနေသော နဂါးရုပ်အလောင်းဆီသို့ချဉ်းကပ်ကာ ၎င်းကို သူ၏ လက်စွပ်ထဲသို့ သိမ်းဆည်းရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ သူ၏ နားအနီးတွင် မြန်ဆန်သောအသက်ရှူသံတစ်သံကို ကြားလိုက်ရ၏။

ရှန်းယီ အနည်းငယ်မော့ကြည့်လိုက်ရာ၊ မလှမ်းမကမ်းတွင် မိန်းမပျိုလေးတစ်ဦးက သူမ၏ အင်္ကျီလက်စများကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရလေသည်။

လွန်ခဲ့သောနှစ်သိန်းပေါင်းများစွာကတည်းက တာအိုပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ချင်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ကျိကျင့်ရှီးအနေဖြင့်၊ အထူးသဖြင့် စီနီယာအစ်ကို ချင်း ကွယ်လွန်သွားပြီးကတည်းက ဤကဲ့သို့ တည်ငြိမ်မှုပျက်ယွင်းနေသောအမူအရာမျိုးကို မပြသခဲ့သည်မှာအချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

သူမသည် သူမ၏ နီရဲသော နှုတ်ခမ်းများကို ကိုက်ထားပြီး၊မျက်ရည်များရစ်သိုင်းနေသော မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့်ပြူးကျယ်နေကာ သူမ၏ ရင်ဘတ်မှာလည်း မတည်မငြိမ်နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး၊ ယခင်က တည်ငြိမ်အေးဆေးသောအမူအရာမျိုး လုံးဝ ကင်းမဲ့နေခဲ့လေ၏။

"ရှင်..."

ကျိကျင့်ရှီးသည် ကူညီရန်ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ယနေ့တွင် ဤနေရာ၌ သေဆုံးရမည်ဆိုလျှင်ပင် ရှန်းယီကို ရေထဲမှပြန်ခေါ်ထုတ်သွားရန် စိတ်ပိုင်းဖြတ်ထားခဲ့‌ပါသည်။

မသိစိတ်မှ သူမအားအသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ တောင်ပိုင်းနဂါးဘုရင်၏ ရှေ့မှောက်တွင် တစ်စုံတစ်ခုကိုပြီးမြောက်အောင် လုပ်ဆောင်ရန်အလွန်ခက်ခဲကြောင်း ပြောနေသော်လည်း၊တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ တစ်ခုတည်းသော မျှော်လင့်ချက်ကလေးပျောက်ကွယ်သွားမည်ကို တွေးမိသောအခါ သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားစေခဲ့လေ၏။

မည်သို့ပင်ဖြစ်စေ ကျိကျင့်ရှီးအနေဖြင့် နဂါးသိုက်ဆီသို့ အစွမ်းကုန်အပြေးအလွှား လာခဲ့ပြီးနောက်၊ မည်သည့်ကြိုတင်သတိပေးချက်မျှမရှိဘဲ တောင်ပိုင်းနဂါးဘုရင်၏ ရုပ်အလောင်းကို တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

ဤရက်စက်ပြီး သတိကြီးလှသော နတ်ဆိုးကြီးသည် အသက်ရှူရပ်သွားချိန်တွင်မူ အလွန်သနားစဖွယ်ကောင်းလောက်အောင် စုတ်ပြတ်သတ်နေကာ၊ ရှန်းယီ၏ဖိနပ်ရှေ့တွင် တိတ်ဆိတ်စွာလဲလျောင်းနေပြီး ယခင်ကကြောက်မက်ဖွယ်ကောင်းသော လက္ခဏာရပ်များ အလျဉ်းမရှိတော့ပေ။

"စီနီယာကျိ ဘာလို့ရောက်လာတာလဲ။"

ရှန်းယီသည် နဂါးရုပ်အလောင်းကို တိတ်ဆိတ်စွာ သိမ်းဆည်းလိုက်ပြီး သူ အမြန်လှုပ်ရှားခဲ့မိသည့်အတွက် အနည်းငယ် ကျေးဇူးတင်မိလေ၏။ သို့မဟုတ်ပါက အစောပိုင်းက နဂါးသိုက်ထဲရှိ ထူးဆန်းမှုများကို အခြားသူများသတိပြုမိသွားပါက ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူ အနည်းငယ်လည်း တွေဝေသွားမိလေသည်။

အခြေအနေများက ယခုကဲ့သို့ရှင်းလင်းနေပြီး သူကလည်း မည်သည့်သတင်းကိုမျှဖုံးကွယ်မထားဘဲနှင့်၊ ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့် ရှိသူတစ်ယောက်က အဘယ်ကြောင့် ဤအရှုပ်အထွေးထဲသို့ ပါဝင်လာရသနည်း။

"စီနီယာ"

ထိုခေါ်ဝေါ်သံကို ကြားလိုက်ရသောအခါ ကျိကျင့်ရှီး၏ နှုတ်ခမ်းများမှာ ရှုပ်ထွေးသောအပြုံးတစ်ခုအဖြစ်ကွေးတက်သွားပြီး ရှန်းယီ၏ မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ကျွန်မက ရှင့်ကို စီနီယာလို့ ခေါ်သင့်တယ်လို့ ဘာလို့ ခံစားနေရတာလဲ။"

သူမ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်လေသည်။

"အခုအချိန်ထိတောင် ရှင့်ရဲ့ဂုဏ်ပြုဘွဲ့နာမည်ကို ကျွန်မကို မပြောပြနိုင်သေးဘူးလား။"

ဤအခိုက်အတန့်တွင် ကျိကျင့်ရှီးသည် တစ်ဖက်လူမှာ စီနီယာအစ်ကို ချင်း ဝင်စားခြင်းဖြစ်နိုင်သည်ဆိုသော အချက်ကို လုံးဝပယ်ဖျက်လိုက်ပြီ ဖြစ်လေသည်။

ကောင်းကင်ဘုံနယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံခြင်းဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်း နဂါးသိုက်ရှေ့တွင်ရပ်ကာ နဂါးဘုရင်ကို သတ်ဖြတ်နိုင်ခြင်းသည် သူမ၏ စီနီယာအစ်ကို အောင်မြင်နိုင်မည့် အရာမျိုးလုံးဝမဟုတ်ချေ။ သူ ဝင်စားလာသည်ဆိုလျှင်ပင် ဆိုဖွယ်ရာမရှိရာ၊ အသက်ပြန်ရှင်လာလျှင်ပင် ဖြစ်နိုင်ခြေမရှိတော့ပါဘူး။

လူဝင်စားပြီးစမ်းသပ်မှုများခံယူနေသော စစ်မှန်သည့် မသေမျိုးတစ်ပါးသာလျှင် သူတို့၏ ဂိုဏ်းချုပ်ရှန်းကဲ့သို့ ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်မျိုးကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ဂုဏ်ပြု... ဘွဲ့နာမည်

ရှန်းယီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး အနည်းငယ်ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

ဤစီနီယာကျိမှာ အနည်းငယ်စိတ်ကူးယဉ်လွန်နေပုံရပေသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်နေကြစဉ်၊တောင်ပိုင်းဟုန်ရှိ အခြားသော ရေပေါ်ကျွန်းတစ်ခုပေါ်တွင်မူ၊ ချီယန်ရှန်းသည် ယဲ့ကျိုးကို တွဲကူကာဆင်းသက်လာခဲ့ပြီး ခေတ္တမျှငေးမောနေကာ၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရုန်းကန်နေသောနတ်ဆိုးစွမ်းအားများကို ယာယီဖိနှိပ်ထားရန် ပြင်ဆင်လိုက်၏။

ထိုစဉ် မည်သည့်နေရာကလာမှန်းမသိသော၊ သို့သော် အရပ်မျက်နှာအနှံ့မှပဲ့တင်ထပ်လာသော တိုးညှင်းသည့် ငိုကြွေးသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့ပါသည်။

အသံမှာ သိပ်မကျယ်သော်လည်း တောင်တန်းများကြားမှ တေးဂီတတစ်ခုကဲ့သို့ရစ်ဝဲနေပြီး မည်သည့်အခါမှရပ်တန့်သွားခြင်း မရှိချေ။

ချီယန်ရှန်းသည် ငေးမောစွာဖြင့်မော့ကြည့်လိုက်ရာ၊ ယခင်က ရှင်းလင်းနေသော မိုးပြာရောင် ကောင်းကင်ကန့်လန့်ကာကြီးမှာ လွန်စွာမှောင်မည်းသွားပြီး မိုးဖွဲဖွဲလေးစတင်ရွာသွန်းလာကာ၊ လေထုထဲတွင် ထူထပ်နေသောသွေးညှီနံ့များကို ဆေးကြောပေးနေသည်ကို မြင်လိုက်ရလေသည်။

ကောင်းကင်ဘုံနယ်ပယ်ရှိ နတ်ဆိုးတစ်ကောင် ကျဆုံးသွားခြင်း၏ ပုံမှန်မဟုတ်သော အခြေအနေမှာ အမှန်တကယ်ပင် တွေ့ရခဲလှသောမြင်ကွင်းတစ်ခု ဖြစ်လေ၏။

သို့သော် မကြာသေးမီက သူဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြာခဏမြင်တွေ့ခဲ့ရလွန်း၍ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ချီယန်ရှန်းသည် အစောပိုင်းကကဲ့သို့ ထိတ်လန့်ခြင်းနှင့် ရှုပ်ထွေးခြင်းများ မရှိတော့ဘဲ ထုံထိုင်းသွားသကဲ့သို့ ဖြစ်လာကာ၊ ကျဆင်းလာသော မိုးပေါက်များကို ဖမ်းယူရန် သူ၏ လက်ဖဝါးကို အမှတ်တမဲ့ဆန့်ထုတ်လိုက်လေ၏။ ယဲ့ကျိုးမှာလည်း မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားသော်လည်း မကျေမနပ်ညည်းညူခြင်း မရှိဘဲ၊ ၎င်းကို မြည်းစမ်းကြည့်ရန် ပါးစပ်ကို ဟထားလိုက်တော့သည်။

မိုးပေါက်များပျော်ဝင်သွားသောအခါ မယုံနိုင်ဖွယ်ကောင်းလောက်အောင် သန့်စင်လှသော မိုးမြေ၏ ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ဝေလငါးတစ်ကောင်ကျဆုံးခြင်းက အရာအားလုံးကို အသက်ပြန်ရှင်စေလေသည်။

တောင်ပိုင်းနဂါးဘုရင်သည် ဤရေပြင်နယ်မြေထဲရှိ ထိုဝေလငါးများထဲတွင် အကြီးမားဆုံးဖြစ်ပြီး ၎င်း၏ သေဆုံးခြင်းက သက်ရှိအားလုံးအတွက် ကောင်းချီးမင်္ဂလာများဆောင်ကြဉ်းပေးလာခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ငါ နားမလည်ဘူး။"

ချီယန်ရှန်းသည် ယဲ့ကျိုးကို လှည့်ကြည့်လိုက်ပြီး သူ၏အသံမှာ မီးလောင်ထားသကဲ့သို့ အက်ကွဲနေလေ၏။

"ဒီကမ္ဘာကြီးမှာ အဲ့ဒီလိုပါရမီရှင်မျိုး တကယ်ရှိနေတယ်ဆိုရင်၊သူက ဘာလို့ ငါတို့ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကြားမှာ လာမွေးရတာလဲ။"

တောင်ပိုင်းဟုန်တွင် မသေမျိုးများ၏ ကံကြမ္မာ မရှိရခြင်းမှာ ကံကောင်းခြင်းများအားလုံးကို ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသောသတ္တဝါတစ်ကောင်ကို ဖန်တီးရန် အသုံးပြုခဲ့ခြင်းကြောင့်များ ဖြစ်နိုင်မည်လော။

ယဲ့ကျိုးသည် မျက်လုံးများကို မှိတ်ကာ မိုးရေကို အရသာခံနေပြီး၊ အချိန်အတော်ကြာပြီးနောက် ခြောက်ကပ်ကပ်အပြုံးတစ်ခုကို ပြုံးလိုက်လေ၏။

သူသည် ချီယန်ရှန်း၏ အမြင်များကို သဘောတူခဲသော်လည်း၊ဤတစ်ကြိမ်တွင်မူ သူ ဆန့်ကျင်လိုစိတ်မရှိချေ။

တစ်ခုတည်းသောပြင်ဆင်ရန် လိုအပ်သည့်အချက်မှာ...

"သူက ပါရမီရှင် မဟုတ်ဘူး။"

ယဲ့ကျိုးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မိုးရေ၏ စွမ်းအင်ကြောင့် ခွန်အားအချို့ပြန်လည်ရရှိလာကာ မြေပြင်ပေါ်မှ အတင်းရုန်းကာထလိုက်ပြီးနောက်၊မည်သည့် ဟန်ဆောင်မှုမှ မရှိဘဲ မြေကြီးပေါ်တွင် ထိုင်ကာအမောတကော အသက်ရှူလိုက်လေသည်။

အချိန်အတော်ကြာပြီးနောက် သူက အက်ကွဲသောအသံဖြစ် ရယ်မောလိုက်၏။

"သူက တောင်ပိုင်းဟုန်ရဲ့ သခင်ပဲ။"

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ၊ သတိပေးခံလိုက်ရသကဲ့သို့ ချီယန်ရှန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာတုန်ခါသွားခဲ့လေသည်။

"တောင်ပိုင်းနဂါးဘုရင် သေသွားပြီဆိုရင်၊ အခြား ဟုန်နယ်မြေတွေက သခင်တွေ သေချာပေါက် သတိထားမိကြလိမ့်မယ်..."

"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။"

ယဲ့ကျိုးသည် သူ၏ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး ပြောလိုက်ပါသည်။

"ငါက ဓားတစ်လက်ကိုတောင် ကောင်းကောင်းမကိုင်နိုင်သေးတာကို၊ ဒီကိစ္စတွေကို စဉ်းစားဖို့ ဘယ်လိုလုပ် အချိန်ရပါ့မလဲ။ ငါသိတာကတော့ နန်ယန်းဂိုဏ်းက သားတော်ခုနစ်ပါးရဲ့ ခေါင်းဆောင်ပဲ၊ သူ ပြောသမျှအရာအားလုံးက သေချာပေါက်အမှန်တရားပဲဖြစ်တယ်။"

All Chapters