အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
၁- လုပ်ကြံရေးကြွက်နှင့် ဖောက်ထွင်းရေးကြွက်များ။
ဤမစ်ရှင်မှာ ထူးခြားလှသည်။ထိပ်တန်းအဆင့် တိုက်ခိုက်ရေးအင်အားစုအားလုံးနီးပါး ရောက်ရှိနေကြပြီဖြစ်သည် ရောက်ရှိလာသော အထူးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာမှာ သိုင်းပညာကို လေ့ကျင့်ထားသူများဖြစ်ပြီး စစ်တပ်သုံး လက်ဝှေ့ပညာနှင့် ပေါင်းစပ်လိုက်ပါက ၎င်းတို့၏ သတ်ဖြတ်နိုင်စွမ်းမှာ အံ့မခန်းပင်ဖြစ်၏။
သို့သော် ကျွမ်းကျင်ပညာရှင်အဆင့်မှာမူ သိပ်မများလှပေ။ဒုတိယတန်းစား ပညာရှင် အယောက်နှစ်ဆယ်ပင် မပြည့်ချေ။
"ဟိုသာမန်လူတွေကို အခုထိ ရှာမတွေ့သေးဘူးလား။"
လုပေါင် သည် ထိုလူများနှင့် ခေတ္တစကားပြောရင်း အခြေအနေမှာ ဤအတိုင်းဆက်သွားနေပါက မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မသိနိုင်ကြောင်း သဘောပေါက်လိုက်သည်။ရန်သူများသည် ရော့ကက်လောင်ချာများနှင့် အမြောက်ကျည်များကို ထိပ်တိုက်မရင်ဆိုင်တော့ဘဲ စနိုက်ပါရိုင်ဖယ်များကိုလည်း သတိထားနေကြပြီဖြစ်သည်။ပထမတန်းစား ပညာရှင်အချို့မှာ ဒဏ်ရာပင် မရသလောက်ဖြစ်နေပြီဖြစ်၏။
အားနည်းသောသူများမှာမူ အားလုံးနီးပါး သေဆုံးကုန်ကြပြီဖြစ်သည်။
"မတွေ့သေးပါဘူး..."
ချန်ချုံရှန်းက အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်သည်။
"ဒရုန်းတွေ ထက်ဝက်ကျော်လောက် ပျက်စီးသွားပြီ မီနီရိုဘော့တွေရဲ့ ထက်ဝက်လည်း ပျောက်ဆုံးကုန်ပြီ။ဒါပေမဲ့ သူတို့ကို ရှာမတွေ့သေးဘူး။ သူတို့ ဒီဧရိယာထဲမှာ မရှိလောက်တော့ဘူး...။"
"မင်းတို့ရဲ့ ကိရိယာတွေက အသုံးမကျဘူး။တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိဘူးပဲ။"
လုပေါင် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
"ငါ ကူညီပေးမယ်။အဲဒီကြားထဲမှာ ငါအရင်က ပြောဖူးတဲ့ သုတေသနရလဒ်တွေကိုလည်း မင်းတို့ကို ပြပေးမယ်။"
"မင်းပြောတာက..."
ချန်ချုံရှန်း၏ မျက်လုံးများ တောက်ပသွားသည်။လုပေါင် အရင်က ပြောခဲ့သည်များကို ပြန်တွေးမိပြီး ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်
ယန်ဖေးရှန်း စုန့်ယွီ ဟွမ်ယန်လင်း နှင့် စုန့်ဟိုင် တို့အားလုံး လုပေါင်ကို တပြိုင်နက်ကြည့်လိုက်ကြသည်။လုပေါင်တွင် အံ့ဖွယ်သားရဲကိုယဉ်ပါးအောင် ပြုလုပ်နိုင်သည့် စွမ်းရည်ရှိကြောင်း သူတို့သိကြသည်။ ချီလင် သားရဲပင် သူ၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေပုံရသည်။
သူတို့ ပို၍ပင် မနာလိုဖြစ်ရသည်မှာ သူ၏ မီးပုရွက်နီဆိတ်များအပေါ် ထိန်းချုပ်နိုင်စွမ်းပင် ဖြစ်သည်။
လုပေါင်သည် ပြင်းထန်သော ပေါက်ကွဲမှုဇုန်ကို ကြည့်ကာ အချက်ပြလိုက်သည်။
"ပစ်ခတ်မှုကို ခဏရပ်လိုက်လို့ရမလားငါ့ကလေးတွေကို မထိခိုက်စေချင်လို့။"
"ကောင်းပြီလေ"
စုန့်ဟိုင်က တပ်ဖွဲ့ဝင်များကို ပစ်ခတ်မှုရပ်တန့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။သူတို့သည်လည်း လုပေါင်၏ နည်းလမ်းများကို မျှော်လင့်နေကြသည်။
"သားရဲဆင့်ခေါ်ခြင်းပညာ - ချစ်စရာ ကြွက်ကလေးများအုပ်စု။"
လုပေါင်သည် ချက်ချင်းပင် တွင်းနက်ကြီးကို ဖွင့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တံဆိပ်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။၎င်းတို့မှာ ရွှေရောင်အလင်းဂါထာတော် တံဆိပ်များဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးမှ မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ ချက်ချင်းထွက်ပေါ်လာသည်။
"ခန္ဓာကိုယ်ပေါ်က ရွှေရောင်အလင်း..."
ယန်ဖေးရှန်း ထိတ်လန့်သွားသည်။၎င်းမှာ နဂါးကျားတောင်၏ ပြင်ပလူကို လုံးဝမသင်ပေးသော လျှို့ဝှက်နည်းစနစ်ဖြစ်သည်။
နောက်ထပ်မြင်ကွင်းက သူ့ကို ပို၍ပင် မှင်တက်သွားစေသည်။ရွှေရောင်ကြွက်ကဲ့သို့သော သားရဲတစ်ကောင် ခုန်ထွက်လာပြီးနောက် မီးခိုးရောင်သားရဲတစ်ကောင် ထပ်ထွက်လာကာ လေဟာနယ်ထဲမှ ဧရာမကြွက်ကြီးများ မရေမတွက်နိုင်အောင် ဆက်တိုက် ထွက်ပေါ်လာသည်။
'ဒါ... ဒါက ချစ်စရာကြွက်ကလေးများအုပ်စုလား။ဘယ်နားမှာ ချစ်စရာကောင်းလို့လဲ။'
"သား သား ... သားရဲဆင့်ခေါ်ခြင်းပညာလား။"
ယန်ဖေးရှန်းသည် ထိုအကြောင်းကို အရင်က ကြားဖူးသော်လည်း တကယ်ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။သိုင်းပညာမှာ ပြင်းထန်ပြီး အံ့ဖွယ်ကောင်းသော်လည်း သားရဲဆင့်ခေါ်ခြင်းပညာဆိုသည်မှာ လုံးဝမရှိနိုင်ဟု ယူဆခဲ့သည်။
ယခု ဤမြင်ကွင်းကို ကြည့်ရင်း သူ ဆွံ့အသွားရသည်။
'တကယ်ရှိတာပဲလား။'
တစ်သိန်း... နှစ်သိန်း... ငါးသိန်း... တစ်သန်းကျော်... ကြွက်ဒီရေလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။ းတောင်စောင့်နတ်ပုံရိပ်ယောင်ဖြင့် တစ်ညတာ လေ့ကျင့်ပြီးနောက် အောက်ခြေမရှိသောတွင်းနက်ကြီး၏ ထူးခြားမှုနှင့် မီးပုရွက်ဆိတ်နီ အသေကောင်များကို ကျွေးမွေးထားမှုတို့ကြောင့် အသွင်ပြောင်းလဲမှု ပြီးမြောက်သွားသော ကြွက်မျိုးနွယ်များမှာ မရေမတွက်နိုင်အောင် ရှိနေသည်။ကြွက်ဘုရင်ငယ် အရေအတွက်ပင် တစ်ညတည်းနှင့် တစ်ရာကျော် တိုးလာခဲ့သည်။
ရေလွှမ်းမိုးသကဲ့သို့ ပြေးထွက်သွားသော ကြွက်ဒီရေလှိုင်းကြီးကို ကြည့်ရင်း ယန်ဖေးရှန်းက မယုံကြည်နိုင်စွာဖြင့်
"သားရဲဆင့်ခေါ်ခြင်းပညာက တကယ်ရှိတာလား။"
"ဒါ ငါတစ်ယောက်တည်းမှာပဲ ရှိတာ။"
လုပေါင် စကားပြောပြီးနောက် သူ၏နောက်ကွယ်တွင် နွားဦးခေါင်းအလောင်းဘုရင်နှစ်ကောင် ထွက်ပေါ်လာသည်။စိတ်ချင်းဆက်သွယ်မှုဖြင့် ၎င်းတို့သည် ဟိန်းဟောက်ကာ အသက်လုနေရသော ပညာရှင်များကို ရှင်းလင်းရန် စစ်မြေပြင်ထဲသို့ ပြေးဝင်သွားကြသည်။
ကောင်းကင်ရှိ ကျီးကန်းတစ်ကောင်မှာ တောင်ကြွက်ကြီး တစ်ကောင်၏ ခုန်အုပ်ခြင်းကို ခံလိုက်ရပြီး လည်ပင်းမှာ တစ်ချက်တည်းနှင့် အကိုက်ခံလိုက်ရသည်။ကြွက်လှိုင်းလုံးကြီးထဲသို့ ကျသွားပြီးနောက် ခဏအကြာတွင် အမွေးအချို့သာ ကျန်ရစ်တော့သည်။
လုပေါင်သည် ကျီးကန်းများကို သတ်ရန် အမိန့်ပေးထားသည်။အလောင်းများ၏ သွေးနှင့် အသားများကို စားသောက်ကာ ကြီးပြင်းလာသော ဤယုတ်ညံ့သည့်အရာများကို အသက်ရှင်ခွင့် မပေးသင့်ပေ။
"ကျစ်... ကျစ်"
ကြွက်ဟိန်းသံ။
ပြေးလွှားနေသော ကြွက်လှိုင်းလုံးကြီးမှာ ရုတ်တရက် အနီရောင်အလင်းများ ဖုံးလွှမ်းသွားပြီး ၎င်းတို့၏ အရှိန်မှာ ပို၍မြန်လာသည်။တစ်ချိန်တည်းမှာပင် သူတို့သည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး အသက်ရှင်နေသော လူသားများကို စတင်ရှာဖွေတော့သည်။
ကျီးကန်းများမှအပ သူတို့သည် အခြားမည်သည့်အရာကိုမျှ တိုက်ခိုက်မည်မဟုတ်ပေ။
"ဒါကိုကြည့်။ ဒီအရာက အထူးတပ်ဖွဲ့တွေအတွက် မီးပုရွက်ဆိတ်နီတွေထက်တောင် ပိုပြီး လက်တွဲဖော်ဖြစ်ဖို့ သင့်တော်တယ်။ အနံ့ခံအာရုံ၊ ပုန်းကွယ်နိုင်စွမ်း၊ အရှိန်၊ အကိုက်အခဲအား၊ တိုက်ခိုက်နိုင်စွမ်း ဒါမှမဟုတ် ခံစစ်ပိုင်းမှာဖြစ်ဖြစ် အားလုံးက ထိပ်တန်းအဆင့်ပဲ။အရေးကြီးဆုံးက သူတို့မှာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်လောက်ရှိတဲ့ ဉာဏ်ရည်ရှိတယ်Border Collie ခွေးတွေလို ဉာဏ်ကောင်းတယ်။ဒါက မျိုးဗီဇပြောင်းလဲထားတဲ့ တောင်ကြွက်တွေပဲ။ အရွယ်အစား သိပ်မကြီးပေမဲ့ တကယ့်သားရဲအငယ်စားလေးတွေပဲ။ တကယ့် သားရဲကြီး တွေနဲ့တော့ အများကြီး ကွာပါသေးတယ်။"
ကြွက်သုံးကောင်မှာ လုပေါင်၏ လက်မောင်းပေါ်တွင် နားနေကြသည်။ သူတို့အားလုံးမှာ ရဲခွေးများအစား အသုံးပြုနိုင်သည့် သားရဲငယ်လေးများ ဖြစ်ကြသည်။
ထိုသိပ်မကြီးလှသော တောင်ကြွက်များကို ကြည့်ပြီး လူတစ်စုမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ဤအရာများကို မည်သို့မွေးမြူထားသနည်း။ဘာကြောင့် ဤမျှ နာခံနေရသနည်း။
"သူတို့ရဲ့ စုစုပေါင်းအင်အားက ဘယ်လောက်ရှိလဲ။"
ချန်ချုံရှန်းဘာကြောင့် နေ့တိုင်း သူတို့ကို အသည်းအသန် မိတ်ဆက်ပေးနေသလဲဆိုတာ စုန့်ဟိုင် နောက်ဆုံးတွင် သဘောပေါက်သွားသည်။အကယ်၍ ဤအရာများသာ သူတို့လက်ထဲတွင် ရှိပါက ၎င်းတို့မှာ လုံးဝ ပြိုင်ဘက်ကင်း လက်နက်များ ဖြစ်လာပေမည်။
"စုစုပေါင်းအင်အားကတော့ သူတို့ရဲ့သွားတွေက သံမဏိကို ကိုက်ဖြတ်နိုင်တယ်၊ သာမန်သေနတ်ကျည်ဆန်တွေနဲ့ သူတို့ကိုသတ်ဖို့ ခက်ခဲတယ်။ ဒါ့အပြင် သူတို့က အရမ်းသွက်လက်ပြီး သာမန်ကိုယ်ခံပညာရှင်တစ်ယောက်ကို ကိုင်တွယ်ဖို့က ပြဿနာမရှိဘူး။"
လုပေါင်သည်လည်း အပြည့်အဝ မစမ်းသပ်ရသေးသဖြင့် အတိအကျ မပြောနိုင်သော်လည်း ခန့်မှန်းခြေကို ပြောပြလိုက်သည်။
"ဒါက..."
စုန့်ယွီ ထိတ်လန့်သွားသည်။ပညာရှင်တစ်ယောက်ဖြစ်လာရန် လေ့ကျင့်ပေးဖို့မှာ အလွန်ခက်ခဲပြီး အရင်းအမြစ်များစွာ လိုအပ်သည်။ အကယ်၍ သာမန်စစ်သည်တစ်ဦးတွင် ထိုကဲ့သို့သော လက်တွဲဖော်ရှိပါက ပြီးမြောက်ရန် ခက်ခဲသော မစ်ရှင်အချို့ကို ယခု အလွယ်တကူ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပါလား။
"ငါ့လက်ကို ကိုက်ခိုင်းကြည့်ပါလား။"
ဟွမ်ယန်လင်းကလုပေါင်၏ ရှေ့သို့ သူ၏လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး
"ငါက ပြင်ပသိုင်းပညာနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လေ့ကျင့်ထားတာ ငါ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို ငါသိတယ်။ အကိုက်အခဲအားကို ငါအန်တုနိုင်တယ် ဒါကြောင့် ငါတို့ စမ်းသပ်ကြည့်လို့ရတယ်။"
အခြားသူများက သူ့ကို တစ်ချက်ကြည့်လိုက်ကြသော်လည်း ဘာမှမပြောကြပေ။
လုပေါင် ခေါင်းညိတ်ပြပြီး တောင်ကြွက်၏ ခေါင်းကို ပုတ်ကာ
"တစ်ချက်ကိုက်လိုက်။"
မျိုးဗီဇပြောင်းလဲထားသော တောင်ကြွက်မှာ တွေဝေခြင်းမရှိဘဲ ကိုက်လိုက်သည်။၎င်းမှာ အလွန်မြန်ဆန်လှပြီး တစ်ချက်တည်းနှင့်ပင် ဟွမ်ယန်လင်း၏ မျက်နှာပျက်သွားသည်။လူတိုင်းမှာ သူ၏လက်ချောင်းပေါ်တွင် ဖြူဖျော့သော သွားရာများကို မြင်လိုက်ရသည်။
"ဒုတိယတန်းစား ပညာရှင်တစ်ယောက်တောင် အကိုက်ခံရရင် ဒဏ်ရာရနိုင်တယ်။"
ဟွမ်ယန်လင်း၏ စကားကြောင့် အခြားသူများ ထိတ်လန့်သွားကြသည်။ယန်ဖေးရှန်းပင်လျှင် ထပ်မံ၍ သေချာကြည့်လိုက်ရသည်။ဤအရာမှာ အလွန်ကြောက်စရာကောင်းလှသည် ဒုတိယတန်းစား ပညာရှင်များမှာ စစ်တပ်ထဲတွင်ပင် အလွန်ရှားပါးသည်။
"နောက်ထပ် နှစ်ကောင်ကရော။"
ချန်ချုံရှန်း၏ မျက်လုံးများမှာ တောက်ပနေသည်။ဤအရာများရှိပါက သူတို့၏ စုစုပေါင်းအင်အားမှာ အဆပေါင်းများစွာ တိုးတက်သွားမည် မဟုတ်ပါလား။ထို့ပြင် ဤအရာများ၏ ပုန်းလျှိုးကွယ်လျှိုးနိုင်စွမ်းမှာ အလွန်အမင်း အားကောင်းလှသည်။
"ဒါကတော့ တစ်ကြိမ် အသွင်ပြောင်းထားတဲ့ ဝါးကြွက် ပဲ။ သူ့ရဲ့ အကိုက်အခဲအားက တောင်ကြွက်ထက်တောင် ပိုပြင်းသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အရွယ်အစားကြောင့် အရှိန်က နည်းနည်းနှေးပြီး လူသိသာနိုင်တယ်။ဒါပေမဲ့ သူ့ရဲ့ ခံစစ်က ပိုအားကောင်းပြီး နည်းနည်းပိုဉာဏ်ကောင်းတယ်။ဟုတ်ပါတယ် ငါအခုထုတ်ပြထားတဲ့ အကောင်အနည်းငယ်က သူတို့အဆင့်မှာ အကောင်းဆုံးတွေမို့လို့ပါ။ပုံမှန်အားဖြင့်တော့ သူတို့က ဒီလောက်အထိ ထူးခြားမနေဘူး။ဒီလိုအမျိုးအစားကို သာမန်မစ်ရှင်တွေ လုပ်ဆောင်သူတွေကို ပေးထားရင် အံ့ဖွယ်ရလဒ်တွေ ရနိုင်တယ်။အကောင်သေးတဲ့ တောင်ကြွက်တွေကို လုပ်ကြံရေးကြွက် လို့ နာမည်ပေးထားပြီး ဒီဝါးကြွက်အကြီးတွေကိုတော့ ဖောက်ထွင်းရေးကြွက် လို့ နာမည်ပေးထားတယ်။"
လုပေါင်က ဟွမ်ယန်လင်းကို အချက်ပြလိုက်သည်။
ဟွမ်ယန်လင်း ချက်ချင်းသဘောပေါက်သွားပြီး သူ၏လက်ကို ပြတ်ပြတ်သားသား ဆန့်ထုတ်လိုက်သည်။
ဝါးကြွက်ကြီးမှာ ခုန်အုပ်လိုက်သည်။ဟွမ်ယန်လင်း၏ မျက်နှာမှာ စိမ်းဖန်ဖန်ဖြစ်သွားပြီး လက်ချောင်းပေါ်တွင် သွေးစများထွက်လာသည်ကို ကြည့်ကာ အေးစက်သော လေကို ရှူရှိုက်ရင်း
"ဒါ ဘာကောင်ကြီးလဲ..."
အကယ်၍ ဤအရာများကို စစ်သည်များနှင့် တွဲဖက်ပေးလိုက်ပါက...
"ဒီအကောင်အနည်းငယ်က အကောင်းဆုံးတွေပဲ တခြားအကောင်တွေက ဒီလောက် မထူးခြားပေမဲ့ အားလုံးကတော့ အရမ်းပြင်းထန်ကြတယ်။ဒီမှိုင်တိုင်တိုင်ဖြစ်နေတဲ့ ဝါးကြွက်ကို အထင်မသေးနဲ့၊ သူက ကြွက်ဘုရင်ငယ် တစ်ကောင်ပဲ။သူက ဒီဝါးကြွက်လောက် အင်အားမကြီးသလို ဟိုတောင်ကြွက်လေးလောက်လည်း မသွက်လက်ပေမဲ့ သူ့မှာ စွမ်းရည်တစ်ခုရှိတယ်။"
လုပေါင်သည် နောက်ဆုံးကျန်ရှိနေသော အနည်းငယ် မှိုင်တိုင်တိုင်ဖြစ်နေသည့် ဝါးကြွက်ကြီးကို မလိုက်သည်။
၎င်းမှာ မနေ့ညကမှ မွေးဖွားလာသော ကြွက်ဘုရင်ငယ်ဖြစ်သည်။၎င်းမှာ မနေ့ညက စိတ်ကူးပေါက်ပေါက်ဖြင့် ဟိန်းဟောက်လိုက်သဖြင့် ဆူပူအုံကြွမှုတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့သေးသည်။
"စွမ်းရည်...ဘာစွမ်းရည်လဲ။"
အခန်း ၁၁၂- ဘဏ္ဍာတိုက်တစ်ခုလုံး ပြောင်သလင်းခါသွားခြင်း
သူ့ရှေ့တွင်ရှိနေသော ဝါးကြွက် မှာ အရွယ်အစားအားဖြင့် ထူးထူးခြားခြား ကြီးမားခြင်းမရှိပေ။၎င်း၏ ခန္ဓာကိုယ်မှာ ရွှေဖျော့ရောင်ရှိပြီး မျက်လုံးများမှာ ရွှေရောင်ဥက္ကာခဲများကဲ့သို့ ထူးထူးခြားခြား လှပနေသည်။
၎င်းသည် လုပေါင်ကို သတိကြီးစွာဖြင့် မော့ကြည့်နေသည်။
“သူ့နာမည်က အာထိုင် တဲ့။ သူ့ရဲ့စွမ်းရည်က တခြားကြွက်မျိုးနွယ်တွေကို ဆင့်ခေါ်နိုင်ရုံတင်မကဘဲ ထိန်းချုပ်နိုင်စွမ်းပါ ရှိတာ။ ဒါပေမဲ့ သာမန်ကြွက်တွေအပေါ်မှာပဲ အလုပ်ဖြစ်တယ် တစ်ကြိမ် အသွင်ပြောင်းထားတဲ့ ကြွက်တွေကတောင် သူ့ကို စတင်တွန်းလှန်နိုင်ပြီ။ဒီစွမ်းရည်က သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့ ငါ့အတွက်တော့ အရမ်းအသုံးဝင်တယ်။”
ရှောင်ဟွေ မှလွဲလျှင် ကျောက်တုံးမင်း၏ ကြွက်ဘုရင်ဆင့်ခေါ်မှုမှာပင် ဤမျှအစွမ်းမပြင်းလှပေ။
အားထိုင်သည် ထိုကဲ့သို့သော စွမ်းရည်ရှိသည့် တတိယမြောက် သားရဲငယ်လေး ဖြစ်သော်လည်း ၎င်းမှာ အကူအညီပေးရေးအမျိုးအစားကြွက်ဘုရင်သာဖြစ်ပြီး ၎င်းကိုယ်တိုင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ အားနည်းလှသည်။အကယ်၍ ၎င်းသည် မနေ့ညက ကြွက်အုပ်ကြီးအတွင်း ဆူပူအုံကြွမှုဖြစ်စေရန် ကြွက်ဟိန်းသံ ကို မတော်တဆ မပြုလုပ်ခဲ့ပါက လုပေါင်သည် ၎င်း၏တည်ရှိမှုကိုပင် သိလိုက်မည်မဟုတ်ပေ။
“ဆင့်ခေါ်နိုင်ပြီး ထိန်းချုပ်နိုင်တာလား။”
ယန်ဖေးရှန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ဘယ်လောက် အကွာအဝေးအထိလဲ။”
“မီတာတစ်ထောင် ပတ်လည်မှာရှိတဲ့ အရာအားလုံးက သူ့ရဲ့ ဆင့်ခေါ်နိုင်တဲ့ အကွာအဝေးပဲ။ဒါက မင်းတို့အတွက် မဟုတ်ဘူး။အားထိုင်ရဲ့ စွမ်းရည်ကို သိအောင်လို့ပဲ ငါထုတ်ပြတာ။နောက်နောင် တစ်နေရာရာမှာ ကြွက်တွေ အရမ်းသောင်းကျန်းတာ ဒါမှမဟုတ် ကြွက်ဘေးဆိုးတွေ ကြုံရတာမျိုးရှိရင် ငါ့ကိုပြော ငါ အားထိုင်ကို ခဏငှားပေးမယ်။”
လုပေါင်သည် အားထိုင်ကို ပုခုံးပေါ်သို့ တင်လိုက်သည်။ဤအကောင်လေးမှာ အလွန်ကြောက်တတ်လှသည်။မနေ့ညကလည်း လန့်သွားသောကြောင့်သာ စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“ကျစ်...”
အတိုင်မှာ အနည်းငယ် ထိတ်လန့်နေပုံရပြီး လုပေါင်၏ ကိုယ်ကို သတိကြီးစွာဖြင့် မှီကပ်လိုက်မှသာ တဖြည်းဖြည်း တည်ငြိမ်လာသည်။
“မဖြစ်နိုင်ဘူးးးး”
မကျေမနပ်ဖြစ်နေသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
လုပေါင် လှည့်ကြည့်လိုက်သည်။ထိုသူမှာ အလောင်မွေးမြူရေးဂိုဏ် မှ အဘိုးကြီးပင် ဖြစ်သည်။ ယခုအခါ သူသည် နွားဦးခေါင်းအလောင်းဘုရင် ၏ ထူးခြားသော ခွာလက်သည်းဖြင့် မြေပြင်ပေါ်တွင် ဖိနှိပ်ခြင်း ခံထားရသည်။နွားဦးခေါင်းအလောင်းဘုရင်မှာ ၎င်း၏ဦးခေါင်းကို အဘိုးကြီး၏ ဦးခေါင်းခွံဆီသို့ နိမ့်ချလိုက်သည်။
၎င်း၏ ရှည်လျားထက်မြက်သော ဦးချိုနှစ်ခုကြားတွင် အလောင်းချီစွမ်းအင်လုံးကြီးတစ်ခု စုစည်းနေသည်။
“ငါတို့ မင်းတို့ကို ရာစုနှစ်ပေါင်းများစွာ ပူဇော်ပသခဲ့တာကို နောက်ဆုံးကျတော့...”
“ဘုန်းးးးး”
စွမ်းအင်လုံးမှာ အဘိုးကြီး၏ ဦးခေါင်းပေါ်တွင် ပေါက်ကွဲသွားပြီး အရာအားလုံး တိတ်ဆိတ်သွားသည်။သူ၏ ခန္ဓာကိုယ် ထက်ဝက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြား နွားဦးခေါင်းအလောင်းဘုရင် တစ်ကောင်မှာလည်း အေးစက်သော အကြည့်ဖြင့် မီးတောက်များကြားတွင် ရပ်နေသည်။၎င်း၏ခြေဖဝါးအောက်တွင် အစိမ်းရောင်အမွေးရှိသော သံချပ်ကာအလောင်းတစ်ခုမှာ အပိုင်းပိုင်း ပြတ်တောက်နေသည်။ယနေ့မှစ၍ အလောင််မွေးမြူရေးဂိုဏ်းမှာ လုံးဝ ကွယ်ပျောက်သွားပြီ ဖြစ်သည်။ယန်ဖေးရှန်းသည် နွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒီမိစ္ဆာနှစ်ကောင်ကို သေချာ ထိန်းချုပ်ထားရမယ်။အကယ်၍ သူတို့က ထိန်းမနိုင်တော့ဘူးဘူးဆိုရင် အမြန်ဆုံး သတ်ပစ်ရမယ်။”
သူသည် ထိုနွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်သာ ပေါင်းလိုက်ပါက သာမန် ဂုဏ်ထူးဆောင် အဆင့် ပညာရှင်တစ်ဦးပင် ယှဉ်နိုင်မည်မဟုတ်ဟု ခံစားနေရသည်။
အမှန်စင်စစ် သူ ပိုတွေးနေခြင်းသာ ဖြစ်သည်။အကယ်၍ ဤနွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်သာ အမှန်တကယ် ပေါင်းစည်းတိုက်ခိုက်ပါက ဂုဏ်ထူးဆောင်ဆရာကြီး ခုနစ်ယောက်၊ ရှစ်ယောက်မရှိဘဲ သူတို့ကို နှိမ်နင်းရန် မဖြစ်နိုင်ပေ။သူတို့သာ တကယ် ရူးသွပ်သွားပါက သေဆုံးမည့်သူများမှာ ဂုဏ်ထူးဆောင်ဆရာကြီးများသာ ဖြစ်ပေလိမ့်မည်။
“စိတ်မပူပါနဲ့ ငါ သူတို့ကို ထိန်းချုပ်ထားမှာပါ။”
လုပေါင် ခေါင်းညိတ်လိုက်သည်။
“ကျစ် ကျစ်”
(တွေ့ပြီတွေ့ပြီ)
ရှောင်ဟွေ ပြေးပြန်လာပြီး နောက်ခြေထောက်နှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ ပျော်ရွှင်စွာ အော်လိုက်သည်။၎င်း ရှာတွေ့သွားပြီ ဖြစ်သည်။
“တွေ့ပြီလား။”
လုပေါင်ဝမ်းသာသွားပြီး အမြန်ပြောလိုက်သည်။
“အတူတူ သွားကြည့်ရအောင်။ ရှောင်ဟွေလမ်းပြ။”
“ကျစ်”
ရှောင်ဟွေ လှည့်ထွက်ပြီး အရှိန်အဟုန်ဖြင့် ပြေးသွားတော့သည်။
ကျောက်တုံးမင်း၏ ကြွက်ဟိန်းသံတစ်ခုအပြီးတွင် ကြွက်အုပ်ကြီးမှာ ရပ်တန့်မသွားဘဲ ပိုမိုပျံ့နှံ့သွားကာ နေရာအနှံ့တွင် တစ်စုံတစ်ခုကို ရှာဖွေနေကြသည်။
“ငါ ဒီက နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်လိုက်မယ်။”
စုန့်ဟိုင်လိုက်မလာခဲ့ပေ။သူသည် အလေးပြုပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများကို စီစဉ်ရန် ထွက်သွားသည်။ဤနေရာရှိ ရှင်းလင်းရေးမှာ အလွန်ခေါင်းခဲစရာ ကောင်းသဖြင့် သူ အရင်ဆုံး အစီရင်ခံစာ တင်ရမည်ဖြစ်သည်။
ပြန်လည်တည်ဆောက်ထားသော အလောင်းကောင်မွေးမြူရေးဂိုဏ်းတွင် မြေအောက်အကျဉ်းထောင်တစ်ခု ရှိသည်။ လုပေါင်သည် ရှောင်ဟွေနောက်သို့ လိုက်လာစဉ် ထိုနေရာကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ကျောက်တုံးများဖြင့်ပြုလုပ်ထားသော အခန်းပေါင်း ထောင်ချီရှိနေပြီး အခန်းတိုင်းနီးပါးတွင် အကျဉ်းသားအင်္ကျီ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး အများအပြား ရှိနေသည်။
အကျဉ်းထောင်တံခါး ပွင့်သွားသံကို ကြားရသောအခါ လူတိုင်းမှာ ကျောက်တုံးအခန်းများ၏ ထောင့်များတွင် ကူးကူးကောင်ကောင် ဖြစ်နေကြပြီး မော့မကြည့်ရဲကြပေ။
“လူတွေ ဒီလောက်တောင် များတာလား...”
လုပေါင်သည် ထိုအကျဉ်းသားများကို ကြည့်လိုက်သည်။သူ ထင်ထားသကဲ့သို့ အရေခွံနှင့် အရိုးသာ ကျန်တော့သည်မဟုတ်ဘဲ အားလုံးမှာ အဟာရပြည့်ဝနေပုံရသည်။သူတို့၏ လက်မောင်းတစ်လျှောက်ရှိ အမာရွတ်များမှလွဲလျှင် သာမန်လူများနှင့် မခြားနားလှပေ။
“ဒါတွေအားလုံးက အလောင်းကောင်မွေးမြူရေးဂိုဏ်းက မွေးထားတဲ့ သွေးကျွန်တွေပဲ။ သူတို့က တစ်လတစ်ခါ သွေးထုတ်ပေးရပြီး နေ့တိုင်း ဆေးဖက်ဝင်စာတွေကို ကျွေးမွေးခံရတယ်။ ဒါက ပြဿနာပဲ။”
ယန်ဖေးရှန်း ခေါင်းခါလိုက်သည်။ဤလူများကို ကယ်ထုတ်လိုက်လျှင်တောင် နဂိုအတိုင်း ပြန်ဖြစ်ရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။အချို့မှာ စိတ်ပိုင်းဆိုင်ရာပင် မတည်မငြိမ် ဖြစ်နေကြပြီဖြစ်၏။
အလောင်းကောင်မွေးမြူရေးဂိုဏ်းကတော့ မသူတို့ စိတ်ဝေဒနာရှင် ဖြစ်နေမလားဆိုတာ ဂရုမစိုက်ပေ။သူတို့ လိုအပ်သည်မှာ သွေးသာ ဖြစ်သည်။
“လူတွေကို သုံးပြီး အလောင်းတွေကို အားဖြည့်ပေးတာလား... သူတို့ တကယ် သေသင့်တာပဲ။”
လုပေါင်ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤလူများသည် ဤနေရာတွင် ကြာမြင့်စွာ ချုပ်နှောင်ခံထားရပုံရပြီး သူတို့၏ မျက်နှာများမှာ ထုံထိုင်းခြင်းနှင့် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
အလောင်ကောင်မွေးမြူရေးဂိုဏ်းမှာ လွန်ခဲ့သော အချိန်ကတည်းက ပျောက်ကွယ်သွားသင့်သည်မှာ အမှန်ပင်ဖြစ်၏။
“ကျစ် ကျစ်”
ကျောက်တုံးမင်း ရောက်လာပြီး လုပေါင်ကို အော်ပြလိုက်သည်။
လုပေါင်က ချက်ချင်းပင်
“မင်းတို့ အလုပ်ဆက်လုပ်ကြး ငါ ဒီနားတစ်ဝိုက်မှာ ကျန်နေတဲ့သူတွေ ရှိလားလို့ လှည့်ကြည့်လိုက်ဦးမယ်။ဒီအလောင်းမွေးမြူရေးဂိုဏ်းက တကယ့်ကို ရွံစရာကောင်းလိုက်တာ။”
လူနှင့် ကြွက်မှာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
“သူ ဘာတွေ့သွားတာလဲ။”
စုန့်ယွီကယန်ဖေးရှန်းကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။
ယန်ဖေးရှန်းက တစ်ချက်ကြည့်ကာ
“သူ အလောင်မွေးမြူရေးဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို တွေ့သွားတာ ဖြစ်လိမ့်မယ်။ အဲဒီထဲမှာ ဘာမှ အဖိုးတန်တာ မကျန်တော့ပါဘူး သူ ယူနိုင်သလောက် ယူပါစေ။ ချုံရှန်းဒုတိယတပ်ခွဲကို ခေါ်လာပြီး ဒီလူတွေကို ကုသဖို့အတွက် ခေါ်သွားလိုက်။”
“ဟုတ်ကဲ့”
ယန်ဖေးရှန်းနှင့် အခြားသူများမှာ အလောင်းမွေးမြူရေးဂိုဏ်းတွင် ဘဏ္ဍာတိုက်ရှိမှန်း သိကြပြီး လုပေါင်၏ အကျင့်စရိုက်ကိုလည်း သူတို့ သိကြသည်။သူသည် ရတနာမျိုးစုံကို အလွန်နှစ်သက်သူ ဖြစ်သည်။
သို့သော် လုပေါင်တွင် အောက်ခြေမရှိတွင်းနက်ကြီးရှိနေသည်ကိုမူ သူတို့ မသိကြပေ။သူ ရှာတွေ့ခဲ့သည်မှာ အမှန်ပင် ဘဏ္ဍာတိုက်ဖြစ်သည်။ကျောက်တုံးမင်းနှင့် ရှောင်ဟွေတို့သည် လုပေါင် ဘာကို လိုချင်သည်ကို သိသောကြောင့် ရတနာကို ရှာတွေ့သည်နှင့် ချက်ချင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ကြွက်အုပ်အချို့မှာ အလောင်းချိုင့်ဝှမ်း ထဲသို့ပင် တိုးဝင်သွားကြပြီဖြစ်၏။
အလောင်မွေးမြူရေးဂိုဏ်း၏ ဘဏ္ဍာတိုက်တွင် လုပေါင်သည် သေဆုံးနေသော အစောင့်အချို့ကို တွေ့လိုက်ရသည်။ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ကျောက်တုံးမင်း၏ လက်ချက်ဖြစ်ကြောင်း သိသာလှသည်။
ဘဏ္ဍာတိုက်မှာ ပွင့်နေပြီ ဖြစ်သည်။
ဘဏ္ဍာတိုက်မှာ သာမန်မျှသာ ဖြစ်ပြီး အနည်းငယ် မှောင်မည်းကာ ဆေးနံ့များ ပြင်းထန်စွာ နံနေသည်။ဤနေရာရှိ ပစ္စည်းအများစုမှာ ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်သည်မှာ ထင်ရှားလှသည်။
အထဲသို့ဝင်သွားပြီးနောက်တွင် လုပေါင်သည် ရှေးဟောင်းစာလုံးများ ရေးထိုးထားသော တရုတ်ဆေးသေတ္တာ အစီအရီကို တွေ့လိုက်ရသည်။၎င်းတို့ထဲတွင် ဆေးပင်အမျိုးမျိုးကို ပမာဏ အမြောက်အမြား ထည့်ထားသည်။
ရွှေရောင် စာကလေးစေ့၊ မှိုနက်၊ နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်း၊ ဆယ်နှစ်သက်တမ်းရှိ အလောင်းကြာပန်း ၊ သွေးဗောဓိ၊ အရိုးစားမြက်အနည်းဆုံး သေတ္တာတစ်ရာကျော် ရှိနေပြီး လုပေါင် တစ်ခါမျှ မကြားဖူးသော အရာများစွာ ပါဝင်သည်။
အလယ်ဗဟိုရှိ ကျောက်တုံးစင်မြင့်ပေါ်တွင် ကျောက်စိမ်းသေတ္တာ သုံးလုံး ရှိနေပြီး ၎င်းတို့မှာ ဘဏ္ဍာတိုက်၏ အဖိုးအထိုက်ဆုံး ပစ္စည်းများ ဖြစ်သည်မှာ သေချာသည်။
“ကျစ်”
“လာပြီ လာပြီ။”
ကျောက်တုံးမင်းက သူ့ကို ဖွင့်ကြည့်ရန် တိုက်တွန်းနေသည်။၎င်းမှာလည်း သိချင်နေပုံရသည်။
သူ တစ်လုံးကို ဖွင့်လိုက်ရာ အတွင်း၌ အရွယ်အစား အမျိုးမျိုးရှိသော အလောင်းဆေးလုံးလေးလုံး ရှိနေသည်။၎င်းတို့မှာ အလောင်မွေးမြူရေးဂိုဏ်း၏ တန်ဖိုးရှိ ပစ္စည်းများ ဖြစ်ပုံရသည်။အခြားတစ်လုံးကို ဖွင့်လိုက်ရာ ၎င်းမှာ အလွန်ရှားပါးသော နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းဖြစ်နေသည်။နှစ်တစ်ထောင်အထိ သက်တမ်းရှိသော ဂျင်ဆင်းမှာ အလွန်ရှားပါးပြီး ၎င်းမှ မှိန်ဖျော့သော သွေးရောင်အလင်းများ ထွက်ပေါ်နေသည်။
ကြွက်ကြီးမှာ ခေါင်းစောင်းပြီး အကြာကြီး ကြည့်နေပြီးနောက် နောက်ဆုံးတွင် ဂျင်ဆင်းကို နမ်းကြည့်လိုက်သည်။၎င်းသည် ဤအရာကို အတော်လေး စိတ်ဝင်စားပုံရပြီး လုပေါင်ကို မော့ကြည့်လိုက်သည်။
“ပြန်ရောက်မှ သေချာလေ့လာပြီး စားကြတာပေါ့။”
နောက်ဆုံးသေတ္တာမှာ အနည်းငယ် ထူးဆန်းနေသည်။ ၎င်းထဲတွင် ကြေးနီရောင် ငါးပုံစံ အဆောင်ပြား တစ်ခု ပါရှိသည်။ထိလိုက်လျှင် အရိုးထဲထိ အေးစက်သွားစေပြီး ရတနာတစ်ခုနှင့် တူလှသည်။
‘သိမ်းမယ် သိမ်းမယ် သိမ်းမယ် အကုန်လုံးကို သိမ်းပစ်မယ်။’
ဆေးသေတ္တာများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားတော့သည်။တစ်ချိန်တည်းမှာပင် လုပေါင်သည် ရှားပါးသတ္တုများ၊ ရှေးဟောင်းစာအုပ်များ၊ ရှေးဟောင်းအလောင်းဆေးများ၊ လက်နက်များနှင့် ငွေအမြောက်အမြားကိုလည်း တွေ့ရှိခဲ့သည်။လုပေါင် ဘာတစ်ခုမှ ချန်မထားခဲ့ပေ၊ ရှေးဟောင်းပစ္စည်းနှင့် တူသော ဘယ်တော့မှ မငြိမ်းသည့် ကြေးနီရောင် ဆီမီးခွက်များကိုပင် သူ ယူသွားလိုက်သည်။
ဆယ်မိနစ်ပင် မပြည့်မီ ဘဏ္ဍာတိုက်တစ်ခုလုံး ပြောင်သလင်းခါသွားသည်။
“သွားကြစို့ အလောင်းချိုင့်ဝှမ်းကို သွားပြီးတော့ လက်မှတ်ထိုးဝင်ရအောင်။”
သူ့ခြေဖဝါးနားတွင် ကပ်ပါလာသော ရွှေရောင်ကြွက်ဘုရင်ကို ကြည့်ရင်း လုပေါင်က အမြန်ခေါ်လိုက်သည်။အရာအားလုံး ကုန်သွားပြီဖြစ်ရာ အခုချက်ချင်း မထွက်သွားလျှင် သူတို့ အမိခံရပေလိမ့်မည်။
“ကျစ် ကျစ်”