← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း ၁၁၃- ကျိုင်းကောင်တွေကများတရုတ်နိုင်ငံထဲ ကျူးကျော်ရဲတယ်လား။ကြွက်ဒီရေလှိုင်းနှင့် မီးပုရွက်ဆိတ်နီတို့၏ အစွမ်းကုန်တိုက်စစ်။

လုပေါင်သည် အလောင်းချိုင့်ဝှမ်းသို့ ရောက်ရှိသောအခါ ထိုနေရာ၏ မြင်ကွင်းကြောင့် မှင်သက်သွားရသည်။ရှေးဟောင်းစစ်မြေပြင်၏ ကြေကွဲဖွယ်ရာ အခြေအနေမှာ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလှသည်။

လက်မှတ်ထိုးဝင်နိုင်သော အကွာအဝေးသို့ ရောက်သည်နှင့် တာဝန်စတင်လေသည်။

“တီ တီ တိုက်ရိုက်ထုတ်လွှင့်မှု ဧရိယာထဲသို့ ရောက်ရှိနေပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုပါသလား။”

စနစ် ၏ အသံထွက်ပေါ်လာသဖြင့် လုပေါင် အံ့အားသင့်သွားသည်။ ဘာကြောင့် အတင်းအကျပ် ပွင့်မလာရသနည်း။

“မလုပ်ဘူး။”

လုပေါင်က မလုပ်ဘူးကို ရွေးချယ်လိုက်သည်။ဤနေရာ၏ ပတ်ဝန်းကျင်မှာ တိုက်ရိုက်ထုတ်လွှင့်ရန် အလွန်စိတ်မသက်မသာ ဖြစ်စရာကောင်းလှပြီး ယခင်က အလောင်းကောင်ချိုင့်ဝှမ်းထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။

စနစ်က တိတ်ဆိတ်သွားသည်။လက်မှတ်ထိုးလုပ်ငန်းစဉ်မှာ ဆက်လက်လုပ်ဆောင်နေသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာမူ စတင်ခြင်းမရှိပေ။

လုပေါင် နားလည်လိုက်သည်။စနစ်မှာ အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်နိုင်သလို တိုက်ရိုက်ထုတ်လွှင့်ရန် သင့်တော်ခြင်း ရှိ မရှိကိုလည်း အလိုအလျောက် ဆုံးဖြတ်ပေးနေခြင်း ဖြစ်နိုင်သည်။

“ဒါလည်း ကောင်းတာပဲ။ အချိန်ပြည့်အောင်ပဲ စောင့်လိုက်တော့မယ်။”

လုပေါင်သည် အချိန်ကုန်ဆုံးရန် ပျော်ရွှင်စွာ စောင့်ဆိုင်းနေလိုက်သည်။

အရိုးစုများစွာမှာ ကျောက်တုံးများနှင့် တစ်သားတည်း ဖြစ်နေပြီဖြစ်သည်။ကျိုးပဲ့နေသော လက်နက်များ၊ ချပ်ဝတ်တန်ဆာများ၊ မြင်းအရိုးများ၊ သံချေးတက်နေသော မြှားခေါင်းများနှင့် ဦးခေါင်းခွံများမှာ နေရာအနှံ့ ပျံ့ကျဲနေသည်။

ကြွက်များမှာ ဝင်လိုက်ထွက်လိုက်ဖြင့်ပြေးလွှားနေကြသည်။သူတို့သည် ယခင်အတိုင်း ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားများကို ရှာဖွေနေကြသော်လည်း ကံမကောင်းစွာဖြင့် ဤနေရာမှာ အလွန်ဟောင်းနွမ်းနေသဖြင့် ရလဒ်သိပ်မကောင်းလှပေ။

ဤနေရာတွင် ယင်ချီ မှာ အလွန်ပြင်းထန်လှသည်။ကောင်းကင်တွင် ကျီးကန်းတစ်အုပ်မှာ အော်ဟစ်နေကြသော်လည်း အောက်သို့ ဆင်းမလာရဲကြပေ။အကယ်၍ ဆင်းလာပါက ကြမ်းတမ်းသော ကြွက်စစ်သည်များ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

“ဂျွတ်”

ဝါးကြွက်ကြီးတစ်ကောင်မှာ အလောင်းကျင်းထဲမှ ထွက်လာပြီး သံချေးတက်နေသော ကြေးရောင် ဝိုင်ခွက်တစ်ခုကို ပါးစပ်ဖြင့် ခဲလာကာ ရတနာပုံထဲသို့ ပစ်ထည့်လိုက်သည်။လုပေါင် ကြည့်လိုက်ပြီး ခဏမျှ မှင်သက်သွားသည်။

“ကြေးထည်လား။”

ရတနာပုံထဲတွင် အမည်းရောင်စွဲနေသော ငွေစများသာ အများစုဖြစ်ပြီး ရွှေမှာမူ သိပ်မရှိလှပေ။ကျောက်စိမ်းဆွဲပြားများ အမိန့်ပေးတံဆိပ်များလည်း ရှိသော်လည်း ဤဝိုင်ခွက်မှာ ပထမဆုံးတွေ့ရသည့် ကြေးထည် ဖြစ်သည်။

“ဆက်လုပ်ကြ ဆက်လုပ်ကြ”

ရတနာရှာဖွေရေး တပ်မတော်မှာ အလွန်အသုံးဝင်သည်ဟု လုပေါင် ခံစားရသဖြင့် မီးပုရွက်ဆိတ်နီတပ်မဟာကိုပါ ထုတ်လွှတ်လိုက်သည်။မီးပုရွက်ဆိတ်နီတပ်မဟာမှာ ကြွက်အုပ်ကြီးနှင့် ပူးပေါင်းကာ ရတနာများကို ပိုမိုထိရောက်စွာ တူးဖော်ပေးကြသည်။

ပြန်ခါနီးကျလျှင် ချီလင်လေးကို ဤနေရာအား မီးမှုတ်ခိုင်းရမည်။မြေမှလာလျှင် မြေသို့ပြန် ပြာမှလာလျှင် ပြာသို့ပြန်စေခြင်းဖြင့် ကျဆုံးသွားသော သူရဲကောင်းဝိညာဉ်များအတွက် တစ်ခုခု လုပ်ဆောင်ပေးရာ ရောက်ပေလိမ့်မည်။

‘ဘဏ္ဍာတိုက်တွင်’

ယန်ဖေးရှန်းနှင့်အခြားသူများမှာ အမွေးတစ်ပင်ပင် မကျန်တော့သော ဘဏ္ဍာတိုက်ကို ကြည့်ပြီး ဆွံ့အနေကြသည်။သူတို့သည် ဤနေရာမှာ အမှန်တကယ် ဘဏ္ဍာတိုက် ဟုတ်မဟုတ်ကို အကြိမ်ကြိမ် အတည်ပြုနေကြရသည်။

“သိုလှောင်အိတ်ပဲ။”

ယန်ဖေးရှန်း သဘောပေါက်သွားသည်။လုပေါင်တွင် သိုလှောင်အိတ် ရှိနေခြင်းပင်ဖြစ်သည်။

ထို့ပြင် အလွန်ကျယ်ဝန်းသော အိတ်မျိုး ဖြစ်ရမည်။

“အခု ငါတို့ ဘာလုပ်ကြမလဲ။”

ဟွမ်ယန်လင်းမှာကြောင်အသွားသည်။ အလောင်းမွေးမြူရေးဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ပစ္စည်းများကို သယ်ဆောင်သွားရန်မှာ သူတို့၏ တာဝန်တစ်ခုဖြစ်သော်လည်း ယခုမူ ပြောင်သလင်းခါနေပြီ ဖြစ်သည်။

“ထားလိုက်ပါတော့။ဒါတွေက ငွေနဲ့ ဆေးဖက်ဝင်အပင်တွေပဲလေ။ဟိုကြောက်စရာကောင်းတဲ့ ကြွက်တွေနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ။ဒီအခြေအနေကို ငါကိုယ်တိုင် အစီရင်ခံစာ တင်လိုက်မယ်။”

“ဟုတ်ကဲ့”

လူတစ်စုမှာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ထွက်ခွာသွားကြသည်။လုပေါင်၏ အကျင့်စရိုက်မှာ သူတို့ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။

‘နည်းနည်းလောက်လေးထားခဲ့ပေးလို့မရဘူးလား။’

အနည်းဆုံး ထက်ဝက်လောက် ဒါမှမဟုတ် အစိတ်အပိုင်းအချို့လောက် ချန်ခဲ့ရင်တောင် သူတို့ မစ်ရှင်အောင်မြင်တယ်လို့ ပြောလို့ရသေးသည်။

တိရစ္ဆာန်များကဲ့သို့ အကျဉ်းချခံထားရသူများကို ရွှေ့ပြောင်းရသည်မှာ အလွန်ခက်ခဲလှသည်။နောက်ဆုံးတွင် သူတို့ကို တစ်ယောက်ချင်းစီ အတင်းအကျပ် ခေါ်ထုတ်သွားခဲ့ရသည်။ထိုလူများတွင် ထုံထိုင်းခြင်းနှင့်ကြောက်ရွံ့ခြင်းများမှလွဲ၍ ဘာမှမကျန်တော့ပေ။

တစ်နေ့လုံး အချိန်ယူလျှင်ပင် လူအားလုံးကို ခေါ်ထုတ်သွားနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းရသည်။

သုံးနာရီအကြာတွင်

လုပေါင်သည် အချိန်မှတ်နာရီ ပြီးဆုံးသွားမည်ကို စောင့်ကြည့်နေပြီး သူ၏နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

“တီ တီ အလာင်းကောင်ချိုင့်ဝှမ်းတွင် လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။”

“ဘီပ် ဘီပ်- မြေကမ္ဘာ ချပ်ဝတ်အသက်သွင်းခြင်း စွမ်းရည်ကို ရရှိပါသည်။

လုပေါင်၏ အမူအရာမှာ အနည်းငယ် ကြောင်အသွားသည်။

နွားခေါင်းအလောင်းဘုရင် နှစ်ကောင်ကို ကြီးထွားစေမည့် ဆုလာဘ်မျိုး ဖြစ်လိမ့်မည်ဟု သူထင်ထားသော်လည်း ဆုလာဘ်မှာ သူ့အတွက် ဖြစ်နေပြီး ၎င်းမှာ အတောင့်တင်းဆုံးသော ခံစစ်စွမ်းရည် ဖြစ်နေသည်။လက်ဟန်တံဆိပ် များမှာ သူ၏ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားပြီး လုပေါင်သည် ထိုတံဆိပ်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲမှ ထူထဲသောချီများ တိုးထွက်လာသည်။တစ်ချိန်တည်းမှာပင် လုပေါင်သည် အံ့အားသင့်စွာ ကြည့်နေစဉ် သူ၏ခန္ဓာကိုယ်ထဲမှ ဧရာမဒိုင်းလွှားကြီးကို ကိုင်ထားသော နွားခေါင်းအလောင်းဘုရင်ကြီး တစ်ကောင် ထွက်ပေါ်လာသည်။သူ၏ အခြား နွားခေါင်းအလောင်းဘုရင် နှစ်ကောင်နှင့် ယှဉ်လျှင် ဤတစ်ကောင်မှာ လုံးဝ ပြီးပြည့်စုံသော ပုံစံဖြစ်သည်။

‘Gundamစက်ရုပ်စီးပြီး တိုက်ခိုက်ရသလိုမျိုးလား။’

လုပေါင်သည် ဒိုင်းလွှားကို ဝှေ့ယမ်းကြည့်ကာ သူ့ရှေ့ရှိ တောင်စောင်းကို အားဖြင့် ဆောင့်ချလိုက်သည်။

“ဘုန်းးးးး”

ကျယ်လောင်သော အသံကြီးနှင့်အတူ တောင်စောင်းမှာ ပြိုကျသွားပြီး ကျောက်တုံးကြီးများစွာ လိမ့်ကျလာသည်။အနီးနားရှိ ရတနာရှာဖွေနေသော ကြွက်အချို့မှာ ထိတ်လန့်တကြား ထွက်ပြေးကြပြီး လုပေါင်မှာမူ ကျောက်ပုံအောက်တွင် တိုက်ရိုက်မြုပ်သွားတော့သည်။

“သေပါပြီ။”

သူသည် ကျောက်ပုံထဲမှ ကြုံးထလာပြီး သူ၏နောက်ကွယ်ရှိ ကို ကြည့်လိုက်သည်။ ဤတိုက်ခိုက်မှုမျိုးကို ချီလင်လေးနှင့် မြွေဟောက်နက်ကြီး တို့မှလွဲလျှင် နဂါးကျားတောင်မှ ဆရာကြီးတစ်ယောက်သာ ပြုလုပ်နိုင်လောက်သည်။

သူ၏ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှုများ လှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာသည်။သူ၏ ခန္ဓာကိုယ်မှာ ဤဝန်ထုပ်ဝန်ပိုးကို မခံနိုင်သေးကြောင်း လုပေါင် သဘောပေါက်လိုက်သဖြင့် အမြန်ပြန်ရုပ်သိမ်းလိုက်သည်။

ဤနေရာမှ ဆူညံသံကြောင့် ယန်ဖေးရှန်း ရောက်ရှိလာသည်။တောင်စောင်းကြီး ပြိုကျနေသည်ကို မြင်လိုက်ရသဖြင့် သူ ထိတ်လန့်သွားပြီး အားကောင်းသော ချီအကြွင်းအကျန်များကိုလည်း ခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ။”

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး။”

လုပေါင်ကသူ့ကိုယ်ပေါ်က ဖုန်တွေကို ခါထုတ်ရင်း အနေရခက်စွာ ပြောလိုက်သည်။

“နှောင့်ယှက်မိသွားလို့ တောင်းပန်ပါတယ်ဗျာ။ တခြားကိစ္စမရှိရင် ကျွန်တော် အရင်ပြန်တော့မယ်။ လိပ်စာတစ်ခု ပေးလိုက်ပါကျွန်တော် သားရဲကြွက်ငယ်တစ်သုတ် ပို့ပေးလိုက်မယ်။”

သားရဲကြွက်ငယ်တွေကို စစ်သည်တော် တွေနဲ့ တွဲပေးလိုက်ရင် တွေ့သမျှလူ အကုန် အလဲထိုးနိုင်ပြီပဲ။

“ကျေးဇူးအများကြီးတင်ပါတယ် ဂုဏ်ထူးဆောင်ဆရာကြီးလု။ ဒါနဲ့။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့...”

ယန်ဖေးရှန်းကအနည်းငယ် အားနာပုံရပြီး တွေဝေနေသည်။သူ တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း စကားထွက်မလာပေ။

“ပြောပါဗျ အားမနာပါနဲ့။”

လုပေါင်က ချက်ချင်း အချက်ပြလိုက်သည်။

“ဒီလိုပါ လွန်ခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ကျိုင်းကောင်ဘေးဆိုးကြီး ကျရောက်ခဲ့တယ်။ကျိုင်းကောင်ပေါင်း ၄၀၀ ဘီလီယံလောက် သောင်းကျန်းနေတာ။အခု အဲဒီထဲက တချို့က ငါတို့နိုင်ငံဘက်ကို ကူးလာနေပြီ။ထိခိုက်မှုနည်းအောင် ငါတို့ နည်းလမ်းမျိုးစုံ ရှာထားပေမဲ့ ဒီနှစ်မှာ ပြည်တွင်း ဆန်စပါးထုတ်လုပ်မှုက သိပ်မကောင်းဘူး။ အကယ်၍ ဆုံးရှုံးမှုကြီးမားသွားရင် တကယ့်ကို ဒုက္ခရောက်ကုန်လိမ့်မယ်။ဒါကြောင့် မင်းရဲ့ မီးပုရွက်ဆိတ်နီစစ်တပ်နဲ့ ကြွက်ဒီရေလှိုင်းကြီးကို သုံးပြီး ဒီကျိုင်းကောင်တွေကို နှိမ်နင်းပေးလို့ ရမလားလို့ပါ။မီးပုရွက်ဆိတ်နီတွေက သူတို့ရဲ့ ဥတွေကိုပါ သတ်ပစ်နိုင်သလို ပျံသန်းနိုင်တဲ့ ပုရွက်ဆိတ်တွေကလည်း သူတို့ ပိုမပျံ့အောင် တားဆီးပေးနိုင်မှာမို့လို့ပါ။”

ဂု‌‌ဏ်ထူးဆောင်အဆင့် ပညာရှင်တစ်ယောက်ကို ပိုးကောင်သတ်ခိုင်းရခြင်းမှာ အခြားပညာရှင်များသာဆိုလျှင် ဒေါသထွက်သွားနိုင်သည့် ကိစ္စဖြစ်သည်။ယန်ဖေးရှန်းသည်လည်း အချိန်အတော်ကြာ တွေဝေနေခဲ့သော်လည်း လုပေါင်မှာ စကားပြောရလွယ်ကူသူဖြစ်သဖြင့် စမ်းမေးကြည့်ခြင်း ဖြစ်သည်။

“ကျိုင်းကောင်ဘေးလား။ ၄၀၀ ဘီလီယံတောင်။”

လုပေါင်က လက်ခုပ်တီးလိုက်ပြီး

“ဒါက ကူညီပေးလို့ရတဲ့ကိစ္စပါ။မစ္စတာ ယန် ဒီလိုကိစ္စလေးကို စောစောက ပြောရမှာပေါ့။ ဘာမှ မစိုးရိမ်ပါနဲ့ ရပါတယ်။”

‘ကျိုင်းကောင်အုပ်ကြီးက တရုတ်ကို လာချင်တယ်ပေါ့မင်းတို့ သေတွင်းကို တည့်တည့်တိုးနေတာပဲ မဟုတ်လား။’

ဤစကားကို ကြားသောအခါ ယန်ဖေးရှန်း အလွန်ဝမ်းသာသွားသည်။

“သိပ်ကောင်းတာပဲ တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် အားမနာတမ်း ပြောပါ။”

နိုင်ငံအတော်များများက တရုတ်ကို စားနပ်ရိက္ခာ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံရဖို့ စောင့်နေကြတာဖြစ်သည်။ယခုအခါ နိုင်ငံအတော်များများက တရုတ်ကို ဆန်စပါးတင်ပို့မှု ပိတ်ပင်နေကြပြီဖြစ်၏။သဘာဝဘေးအန္တရာယ် ကြုံနေရချိန်တွင် ထိုကဲ့သို့ ရည်ရွယ်ချက်ဆိုးများထားခြင်းကို သူတို့ ဒေါသထွက်မိသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

အကယ်၍ ကျိုင်းကောင်ပြဿနာကို ဖြေရှင်းနိုင်လျှင် အရာအားလုံး ပြေလည်သွားပေလိမ့်မည်။ထို့အပြင် တရုတ်နိုင်ငံသည် ပြည်သူတို့၏ ပိုင်ဆိုင်မှုကို မည်သို့ ကာကွယ်ပေးသနည်းဆိုသည်ကို ကမ္ဘာကို ပြသရာလည်း ရောက်ပေလိမ့်မည်။

“ဒါဆိုရင်... ကျွန်တော် အဲဒါကို တိုက်ရိုက်ထုတ်လွှင့်လို့ ရမလား။”

လုပေါင် တိုက်ရိုက်ထုတ်လွှင့်ချင်နေသည်။ ကြွက်တစ်သန်းနှင့် မီးပုရွက်ဆိတ်နီ သန်းတစ်ရာက ကျိုင်းကောင်တွေကို သွားသတ်မှာဆိုတော့ ကြည့်လို့ကောင်းမှာ အမှန်ပင်။

“ဒါထက် ပိုကောင်းတာ မရှိတော့ပါဘူး။ဒါဟာ ဘေးအန္တရာယ်တွေကို နှိမ်နင်းရာမှာ တရုတ်နိုင်ငံရဲ့ အင်အားကို ပြသဖို့ အကောင်းဆုံးနည်းလမ်းပဲ။ကျွန်တော်တို့ဘက်က အစွမ်းကုန် ကူညီပေးပါမယ်။မနက်ဖြန်လောက် စတင်နိုင်မလား။”

ယန်ဖေးရှန်းသည် လုပေါင်မှာ အခြားဆရာကြီးများနှင့် မတူဘဲ အလွန်ဖော်ရွေသူဖြစ်ကြောင်း ခံစားမိသည်။ဂုဏ်ထူးဆောင်အဆင့် ပညာရှင်များမှာ အလွန်မာနကြီးကြပြီး စကားတစ်ခွန်းကြောင့်ပင် အသက်လုတိုက်ပွဲများ ဖြစ်တတ်သည်။‌ဆရာကြီးများကို စော်ကားလို့မရဘူး ဆိုသည့် စကားမှာ တစ်ခါတစ်ရံ အလွန်ခေါင်းခဲစရာ ကောင်းလှသည်။

“ဘာလို့ မနက်ဖြန်အထိ စောင့်နေမှာလဲ။ဒီနေ့ပဲ လုပ်ကြတာပေါ့။ဆုံးရှုံးမှုနည်းအောင် စောစောလုပ်တာ ပိုကောင်းတယ်။”

လုပေါင်က သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

“ကျွန်တော် လုပေါင်က သွေးဆူနေတဲ့ လူငယ်တစ်ယောက်ဗျ။သွားပြီး သူတို့ကို အပြတ်ရှင်းကြတာပေါ့။”

“…

ယန်ဖေးရှန်းမှာ ဘာပြောရမှန်းမသိဘဲ ပြုံးရုံသာ ပြုံးနိုင်တော့သည်။

အခန်းး ၁၁၄- ကျိုင်းကောင်ကျူးကျော်မှု။

ကျိုင်းကောင်ပေါင်း ဘီလီယံ ရာချီဆိုသည်မှာ မည်ကဲ့သို့သော အယူအဆမျိုးနည်း။

လုပေါင်သည် အချက်အလက်အချို့ကို ရှာဖွေကြည့်လိုက်သည်။အိန္ဒိယနိုင်ငံက ပြီးခဲ့သောနှစ်တွင် ထိန်းချုပ်နိုင်ခဲ့သည်ဟု ယူဆရသော ကျိုင်းကောင်ဘေးမှာ ယခုတစ်ကြိမ်တွင် ပြန်လည်ပေါက်ကွဲလာခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်မှာယခင်ကထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။ လောလောဆယ်တွင် ဘီလီယံ ရာချီရှိနေသော်လည်း အမှန်တကယ် အရေအတွက်မှာ ဘီလီယံ ခုနစ်ရာကျော်အထိ ရှိလာနိုင်ခြေ ရှိသည်။

၎င်းမှာ WHO ပညာရှင်များ၏ ခန့်မှန်းချက်ဖြစ်ပြီး ကျိုင်းကောင်အမြောက်အမြားမှာ ဥမှ ပေါက်ခါစ အဆင့်တွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။

“အခု မီးပုရွက်ဆိတ်နီ ဘယ်လောက်ရှိပြီလဲ။”

တိုက်ခိုက်ရေး ဟယ်လီကော်ပတာပေါ်တွင် ယန်ဖေးရှန်းသည် လုပေါင်၏ ကိုယ်ပေါ်ရှိ နီနီလေးကို လိုချင်တကြီး ကြည့်ရင်း မေးလိုက်သည်။အလုပ်ကြီးတစ်ခု လုပ်ရတော့မည်ကို သိသောအခါ နီနီလေးမှာ စိတ်လှုပ်ရှားစွာဖြင့် အတောင်ပံများကို တဖျတ်ဖျတ် ခတ်နေသည်။

“ဆင့်ကဲပြောင်းလဲမှု မအောင်မြင်လို့ အများကြီး သေသွားကြပြီ။အခု နှစ်သန်း နှစ်ရာလောက်ပဲ ကျန်တော့တယ်။”

လုပေါင်သည်နီနီလေးနှင့် အရင် ဆက်သွယ်ထားပြီးဖြစ်သည်။မီးနီပုရွက်ဆိတ်များ၏ ရွေးချယ်မှုဖြစ်စဉ်မှာ အလွန်ပြင်းထန်ပြီး ဆင့်ကဲပြောင်းလဲမှု မအောင်မြင်ပါက သေဆုံးခြင်းသာ ဖြစ်သည်။

ဤကာလအတွင်း မီးနီပုရွက်ဆိတ် သန်းတစ်ရာကျော် သေဆုံးခဲ့သည်။

“သူတို့ မျိုးမပွားနိုင်ကြဘူးလား။”

ဟွမ်ယန်လင်းက နီနီလေးကို လှမ်းကြည့်လိုက်သည်။မီးပုရွက်ဆိတ်နီများ၏ မျိုးပွားနိုင်စွမ်းမှာ ကြောက်စရာကောင်းလှသည် မဟုတ်ပါလား အဘယ်ကြောင့် မျိုးမပွားနိုင်ကြသနည်း။

“သူတို့က သူတို့ရဲ့ မျိုးဗီဇတွေကို အဆင့်မြှင့်နေတာ။အုံတစ်ခုလုံးရဲ့ မျိုးဗီဇက အဆင့်တစ်ခုကို ရောက်သွားပြီဆိုရင် နောက်ပေါက်လာမယ့် သားဆက်တွေရဲ့ မျိုးဗီဇက ပိုအားကောင်းလာလိမ့်မယ်။အချိန်တော့ နည်းနည်းပေးရမယ် ငါးလကနေ တစ်နှစ်လောက် ကြာနိုင်တယ်။အဲဒီကျမှ သူတို့ မျိုးပြန်ပွားလိမ့်မယ်။ ဒါနဲ့၊ကျိုင်းကောင်တွေက အခု ဘယ်နားမှာလဲ ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။”

နီနီလေး၏ လက်ရှိ မီးပုရွက်ဆိတ်နီစစ်တပ်မှာ အမှန်တကယ် ပြင်းထန်လှသည်။မျိုးဗီဇမပြောင်းလဲသေးသော အကောင်များပင် အရွယ်အစား ပိုကြီးလာပြီး အလွန်ကြမ်းတမ်းလှသည်။

“နိုင်ငံထဲကို ဝင်လာတာ ဘီလီယံ အနည်းငယ်လောက် ရှိပြီ။သူတို့က အနောက်ဘက် မြက်ခင်းပြင်တွေကို ကျူးကျော်နေပြီ အဲဒီနေရာက သူတို့ရဲ့ စားသောက်ရာနေရာဖြစ်နေပြီပေါ့။စိုက်ပျိုးထားတဲ့ တိရစ္ဆာန်အစာမြက်တွေ အကြီးအကျယ် ပျက်စီးနေတယ်။ ပိုပြီး စိုးရိမ်ရတာက သူတို့ မကြာခင် ကောင်းလင်မြက်ခင်းပြင် ဧရိယာထဲကို ဝင်တော့မယ်။ အဲဒီမှာ နောက်နှစ်လနေရင် ရိတ်သိမ်းလို့ရမယ့် ပြောင်းခင်း ဧက တစ်သိန်းကျော် ရှိတယ်။သူတို့ကို တားဖို့ ငါတို့ တပ်ဖွဲ့တွေတောင် လွှတ်ပြီး နှိမ်နင်းနေပေမဲ့ ဆက်တိုက် ဝင်လာနေတာဆိုတော့ တားရခက်နေတုန်းပဲ။”

ယန်ဖေးရှန်းက လက်ပ်တော့တစ်လုံး ယူလာသည်။၎င်းပေါ်တွင် အနီရောင် အဝါရောင်နှင့် အစိမ်းရောင် ဧရိယာများကို တွေ့ရသည်။ အနီရောင်မှာ အိန္ဒိယဖြစ်ပြီး အဝါရောင်ဧရိယာမှာ အကြီးမားဆုံး ဖြစ်သည်။၎င်းမှာ ကျိုင်းကောင်များ ဖုံးလွှမ်းနေသော ဧရိယာဖြစ်ကြောင်း လုပေါင် နားလည်လိုက်သည်။

“ဘီလီယံ အနည်းငယ်ကတောင် ဒီလောက် ခေါင်းခဲနေရတာ။မနှစ်က အိန္ဒိယ အကြီးအကျယ် ဆုံးရှုံးခဲ့တာ မဆန်းပါဘူး။”

လုပေါင်သည် မနှစ်က ထိုသတင်းများကို ဖတ်ဖူးသည်။ယခုနှစ်တွင် သူကိုယ်တိုင် ကျိုင်းကောင်နှိမ်နင်းရေး အဖွဲ့ကို ဦးဆောင်ပြီး သူတို့ကို အပြတ်ရှင်းရမည်ဟု မထင်ထားခဲ့ပေ။

“ကြောက်စရာကောင်းတာက သူတို့ရဲ့ မျိုးပွားနိုင်စွမ်းပဲ။သူတို့ကို အမြန်ဆုံး သတ်ရမယ်။ မဟုတ်ရင် အိန္ဒိယမှာလို မြက်ခင်းပြင်ထဲမှာ ဥတွေ ချန်ခဲ့ရင် တကယ့် ပြဿနာကြီး ဖြစ်လိမ့်မယ်။”

“ငါ့ကိုသာ လွှဲထားလိုက်။”

ကောင်းလင် မြက်ခင်းပြင်။ကျော်ကြားသော ပြောင်းထွက်ရာ မြက်ခင်းပြင်ဖြစ်သည်နှင့်အညီ ကောင်းလင်မြို့သားများသည် ပြောင်း၊ တိရစ္ဆာန်အစာ၊ နွားနှင့် သိုးများမှ နှစ်စဉ် ဝင်ငွေရရှိကြသည်။သို့သော် ယခုအခါ သူတို့မှာ ညဘက် ကောင်းကောင်း အိပ်မပျော်ကြဘဲ နေ့တိုင်း ကောင်းကင်ကိုသာ မော့ကြည့်နေကြရသည်။

သတင်းထောက်အချို့မှာ ထိုနေရာတွင် အင်တာဗျူးများ ပြုလုပ်နေကြသည်။ ကောင်းကင်တွင် ကျိုင်းကောင်များ ပျံသန်းနေသည်ကို ခဏခဏ မြင်နေရသည်။၎င်းမှာ ပထမဆုံးအသုတ်သာ ဖြစ်ပြီး နောက်ထပ် အမြောက်အမြား လာဦးမည် ဖြစ်သည်။ ကောင်းလင်မြို့သားများမှာ စတင် မျှော်လင့်ချက် ကင်းမဲ့နေကြပြီဖြစ်၏။

အိန္ဒိယ၏ လက်ရှိအခြေအနေကို သူတို့ မြင်ဖူးကြသည်။မြက်တစ်ပင်မှ မကျန်တော့ပေ။ ကျိုင်းကောင်အုပ်ကြီး ဖြတ်သန်းသွားသော နေရာတိုင်းမှာ ကန္တာရ ဖြစ်သွားကြပြီး စားစရာရှိသမျှ အကုန်စားပစ်ကြသည်။

စားစရာ ပေါများသော မြက်ခင်းပြင်သို့ ရောက်လာသောအခါ ထိုကျိုင်းကောင်များ မည်မျှ စိတ်လှုပ်ရှားနေမည်ကို စဉ်းစားကြည့်နိုင်သည်။

“အခု ကျွန်တော်တို့ ကန္တာရကျိုင်းကောင်တွေကို စတင် မြင်တွေ့နေရပါပြီ။ကန္တာရကျိုင်းကောင်တွေဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးနဲ့ ဖျက်ဆီးနိုင်စွမ်း အရှိဆုံး ပိုးမွှားတွေ ဖြစ်ပါတယ်။ကောင်းလင် မြက်ခင်းပြင်ဟာ ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။တစ်ရက်အတွင်းမှာ ကျိုင်းကောင်ပေါင်း ၄ ဘီလီယံလောက် ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။ကောင်းလင် မြက်ခင်းပြင်ရဲ့ အဓိကဝင်ငွေဖြစ်တဲ့ တိရစ္ဆာန်အစာနဲ့ ပြောင်းခင်းတွေဟာ တစ်ရက်တည်းနဲ့ ပျက်စီးသွားနိုင်ပါတယ်။ဒါတွေဟာ ကန္တာရကျိုင်းကောင်တွေရဲ့ အကြိုက်ဆုံးအစာတွေ ဖြစ်တာကြောင့် သူတို့အတွက်တော့ စားတော်ပွဲကြီးတစ်ခုလို ဖြစ်နေမှာပါ။”

“ကန္တာရကျိုင်းကောင် အမ တစ်ကောင်ဟာ တစ်နှစ်ကို ဥပေါင်း ရာနဲ့ချီ ဥနိုင်ပါတယ်။ ကျိုင်းကောင် ၄ ဘီလီယံဟာ လူပေါင်း ၃.၅ သန်း တစ်ရက်စာ စားတဲ့ ပမာဏကို စားပစ်နိုင်ပါတယ်။ဒါဟာ တကယ့် ဘေးဆိုးကြီးပါပဲ။အိန္ဒိယမှာ ကန္တာရကျိုင်းကောင်တွေ ကျရောက်ခဲ့တဲ့ နေရာတွေမှာ စိမ်းလန်းစိုပြေမှုတွေ ပျောက်ကွယ်သွားတာ ကြာပါပြီ။”

သတင်းထောက်များက တိုက်ရိုက်ထုတ်လွှင့်နေကြသည်။ကန္တာရကျိုင်းကောင်များ၏ ခြိမ်းခြောက်မှုမှာ တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ရာ လူပေါင်းများစွာ စိုးရိမ်နေကြသည်။

ပြည်တွင်း စားနပ်ရိက္ခာမှာ ပြတ်လပ်နေရသည်မှာ ကြာပြီဖြစ်သည်။အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။

ယခင်က အဝါရောင်ရှိသော ကန္တာရကျိုင်းကောင်များမှာ ယခုအခါ ပန်းရောင် သို့မဟုတ် အညိုရောင်သို့ ပြောင်းလဲသွားကြသည်။၎င်းမှာ အုပ်စုလိုက် ဖွဲ့လိုက်သောအခါ ဖြစ်ပေါ်လာသည့် အာနိသင်ဖြစ်ပြီး ကျိုင်းကောင်အားလုံး၏ အစာစားလိုစိတ်မှာ အဆမတန် မြင့်တက်လာကာ ပျံသန်းနှုန်းမှာလည်း ပိုမြန်လာသည်။

ပန်းရောင် ကျိုင်းကောင်များသည် တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာကာ တိရစ္ဆာန်အစာမြက်များ သို့မဟုတ် ရင့်စပြုနေပြီဖြစ်သော ပြောင်းခင်းများကို ဝါးမြိုနေကြသည်။

အွန်လိုင်းပေါ်တွင်လည်း ဆွေးနွေးမှုများမှာ ပြင်းထန်နေသည်။

“သူတို့ကို နှိမ်နင်းဖို့ နည်းလမ်းအမြန်ရှာကြပါ ပိုးသတ်ဆေးဖျန်း သတ်ပစ်ကြ။”

“ပိုးသတ်ဆေးက အလုပ်မဖြစ်ဘူး။ အကုန်လုံးက တိရစ္ဆာန်အစာနဲ့ ပြောင်းခင်းတွေပဲလေ။ပိုးသတ်ဆေးဖျန်းရင် နွားတွေ သိုးတွေပါ ရောဂါရကုန်မယ် ဒါမှမဟုတ် အုပ်စုလိုက် သေကုန်လိမ့်မယ်။ကျွန်တော်ကတော့ ရတနာနတ်ဘုရားကို ရှာဖို့ အကြံပေးချင်တယ်။ရတနာနတ်ဘုရားက ကြွက်ဒီရေလှိုင်းနဲ့ မီးပုရွက်ဆိတ်နီစစ်တပ်ကို ထိန်းချုပ်နိုင်တယ် မဟုတ်လား။ကျိုင်းကောင်တွေကို သတ်ဖို့က သူ့အတွက် လွယ်လွယ်လေး ဖြစ်မှာပါ။”

“ဒီအတိုင်းဆိုရင် တစ်နိုင်ငံလုံးကို ပျံ့သွားလိမ့်မယ်။ ပြီးတော့ ဒီကျိုင်းကောင်တွေက ပြောင်းလဲသွားပြီ နယ်စပ်က အမြင့်ပိုင်း အအေးဒဏ်ကိုတောင် သူတို့ ခံနိုင်ရည် ရှိနေကြပြီ။ အိန္ဒိယက ကျိုင်းကောင် ဘီလီယံ ရာချီက ငါတို့နိုင်ငံထဲကို အကုန်တိုးဝင်လာလိမ့်မယ်။”

“ဒါနဲ့၊မနှစ်က ဘဲအကောင်ရေ သုံးသိန်းလောက် လွှတ်မယ်ဆိုတာကရောအသုံးမကျဘူးလား။”

“အသုံးမကျပါဘူး။ ကျိုင်းကောင်တွေက မျိုးဗီဇ ပြောင်းလဲသွားပြီ။ဘဲတွေ အရင်က ကြိုက်တဲ့ ကျိုင်းကောင်မျိုး မဟုတ်တော့ဘူးအခု သူတို့ မစားကြတော့ဘူး။”

အင်တာနက်ပေါ်တွင် ဆူညံပွက်လောရိုက်နေကြသည်။၎င်းမှာ လူသားများက ကျိုင်းကောင်များ သောင်းကျန်းနေသည်ကို လက်ပိုက်ကြည့်နေရသော ဘေးဆိုးတစ်ခု ဖြစ်သည်။ပြည်သူပေါင်းများစွာမှာ နေ့တိုင်း သတင်းကိုသာ ကြည့်ရင်း ထိတ်လန့်နေကြရသည်။အဘယ်ကြောင့်ဆိုသော် ကျိုင်းကောင်ဘေးမှာ သူတို့ဒေသသို့ ရောက်လာပါက သူတို့လည်း ကံဆိုးမည့်သူများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုပေါင်သည် ကောင်းလင် မြက်ခင်းပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်တွင် ပျံသန်းနေသော ကျိုင်းကောင်များကို ကြည့်ရင်း လုပေါင်က တစ်ကောင်ကို လှမ်းဖမ်းလိုက်သည်။သူ သေချာစစ်ဆေးကြည့်ပြီးနောက်

“မျိုးဗီဇပြောင်းလဲထားတဲ့အမျိုးအစားပဲ။ ကျိုင်းကောင်အုပ်ထဲမှာဘုရင်တစ်ကောင် ရှိနေတာ သေချာတယ်။ အဲဒီဘုရင်ရှိနေလို့ ကျိုင်းကောင်တွေ အကုန်လုံး အပြောင်းအလဲတွေ ဖြစ်နေတာ။”

ဘုရင်တစ်ကောင် ရှိနေခြင်းမှာ ထူးခြားလှသည်။ကြွက်ဘုရင်၊ ပုရွက်ဆိတ်ဘုရင်၊ ယခုလည်း ခန့်မှန်းထားသော ကျိုင်းကောင်ဘုရင်။

“သူတို့ရဲ့ ခန္ဓာကိုယ်က နှစ်ဆလောက် ပိုကြီးလာတယ်။မနှစ်က ကျိုင်းကောင်ဘေးတုန်းက အိန္ဒိယကို သွားကြည့်ခဲ့သေးတယ်။အဲဒီတုန်းက ဒီလိုမျိုး မဟုတ်ဘူး။ဒီနှစ် အိန္ဒိယမှာ မိုးခေါင်လို့ ကျန်နေတဲ့ ဥတွေအကုန်လုံး အခု ပေါက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ဟွမ်ယန်လင်းက တစ်ကောင်ကို ဖမ်းပြီး လက်ချောင်းဖြင့် ခြေပစ်လိုက်သည်။

သူသည် မနှစ်က သွားရောက်စစ်ဆေးခဲ့ဖူးသဖြင့် ကျိုင်းကောင်များ ဤမျှအထိ ဆင့်ကဲပြောင်းလဲလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“တစ်ခုခုတော့ မှားနေပြီ။အရင်က ငါမြင်ခဲ့တာတွေက မီးခိုးဖြူရောင်တွေပဲလေ။ ဘာလို့ အခု အကုန်လုံး နီနေရတာလဲ။”

ယန်ဖေးရှန်းသည်လည်းတစ်ခုခု မှားနေကြောင်း ခံစားမိသည်။သူ အရင်က မြင်ခဲ့သည်မှာ ဤသို့ မဟုတ်ပေ။

“ရပါတယ် ကိစ္စမရှိဘူး။”

လုပေါင်သည် သေဆုံးသွားသော ကျိုင်းကောင်ကို နင်းလိုက်ပြီး ကောင်းကင်ရှိ ကျိုင်းကောင်ကျဲကျဲများကို ကြည့်ကာ

“ဒါကို ငါ့ကိုသာ လွှဲထားလိုက်ပါ။ ဘီလီယံ အနည်းငယ်တင် မဟုတ်ဘူး ဘီလီယံ ရာနဲ့ချီ လာရင်တောင် ငါ သူတို့ကို ပြန်ခွင့်မပေးဘူး။”

မီးပုရွက်ဆိတ်နီတပ်မဟာနှင့် ကြွက်ဒီရေလှိုင်းစစ်တပ်ကို အသုံးချရမည့် အချိန်ရောက်ပြီဖြစ်၏။

ယန်ဖေးရှန်းနှင့် ဟွမ်ယန်လင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

“ငါတို့ ဘာကူညီပေးရမလဲ။”

“ဘာမှ မလိုပါဘူး။မင်းတို့ ပြန်ပြီး အနားယူကြပါ။ ဒီနေရာကို ငါ့ကိုသာ ထားခဲ့လိုက်။”

လုပေါင်ဘာအကူအညီမှ မလိုပေ။ နောက်ပိုင်းတွင် သူသည် ကျိုင်းကောင်များကို အပြတ်ရှင်းမည့်အကြောင်း တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။ကျိုင်းကောင်အားလုံးကို ရှင်းလင်းပြီး ထိုကြောက်ရွံ့မှုများကို လုံးဝ ပျောက်ကွယ်သွားစေမည်။

“ဘီလီယံ ရာနဲ့ချီ ရှိပါစေ တရုတ်နိုင်ငံ ဆိုတာ မင်းတို့ လာရမယ့်နေရာ မဟုတ်ဘူး။”

All Chapters