← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း ၁၁၅- အင်းဆက်ဘုရင်နှင့် ကျိုင်းကောင်များကို ထိန်းချုပ်နေသောလူသား။

လုပေါင်ကိုယ်တိုင် တောင်းဆိုထားခြင်းဖြစ်သဖြင့် ယန်ဖေးရှန်းကလည်း သဘောတူညီခဲ့ပြီး လိုအပ်သည်များကို မှာကြားကာ ပြတ်ပြတ်သားသား ထွက်ခွာသွားတော့သည်။

ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးပေါ်တွင် လုပေါင်သည် တိုးပွားလာနေသော ကျိုင်းကောင်များကို ကြည့်ရင်း သူ၏နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

“ဟေး... သူဌေး ကျွန်တော် အခု တိုက်ရိုက်ထုတ်လွှင့်မှု စတော့မယ်။ကျွန်တော် ကောင်းလင် မြက်ခင်းပြင်ကို ရောက်နေပြီ။မီးပုရွက်ဆိတ်နီစစ်တပ်နဲ့ ကြွက်တစ်သန်း စစ်တပ်က ကျိုင်းကောင်တွေကို နှိမ်နင်းနေတာကို ထုတ်လွှင့်မှာ။တကယ်ပြောနေတာ နောက်နေတာမဟုတ်ဘူး။ဒါက နိုင်ငံတော်အဆင့် ကိစ္စဆိုတာ ကျွန်တော်သိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အခု စတော့မယ်ဆိုတာ အသိပေးတာပါ။”

လုပေါင် ဖုန်းချလိုက်သည်။ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံးက စောင့်ကြည့်နေခြင်းဖြစ်သည်။လုလင်းဟွာ သည်လည်း မပေါ့ဆရဲပေ။ အကယ်၍ လုပေါင်က စကားကြီးစကားကျယ် ပြောထားပြီးမှ အကောင်အထည်မဖော်နိုင်ပါက အလွန်ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။

“ထွက်လာကြစမ်းး”

“ပွင့်စေ...”

ကြွက်အုပ်ကြီးမှာ သူတို့၏ အသိုက်ထဲမှ မြစ်ရေများသကဲ့သို့ စီးထွက်လာပြီး နေရာအနှံ့ အမည်းရောင် သန်းသွားတော့သည်။ကြွက်ဘုရင် ရှောင်ဟွေ၏ ထိန်းချုပ်မှုအောက်တွင် သူတို့သည် ရှေးဟောင်းစစ်တပ်တစ်ခုကဲ့သို့ စတုရန်းပုံစံ အစီအစဉ်များဖြင့် စနစ်တကျ နေရာယူလိုက်ကြသည်။ရွှေရောင်ကြွက်ဘုရင်မှာလည်း တကျစ်ကျစ်နှင့် အဆက်မပြတ် အော်ဟစ်နေတော့သည်။

မီးပုရွက်ဆိတ်နီစစ်တပ်မှာလည်း ထို့အတူပင်။မြက်ပင်များပေါ်တွင်လည်းကောင်း၊ မြေပြင်ပေါ်တွင်လည်းကောင်း၊ ပင်စည်များပေါ်တွင်လည်းကောင်း မီးပုရွက်ဆိတ်နီများ၏ အရိပ်အယောင်များမှာ နေရာအနှံ့ ရှိနေသဖြင့် မြက်ခင်းပြင်၏ ဤအပိုင်းမှာ တောက်လောင်နေသော မီးတောက်တစ်ခုနှင့်ပင် တူလှသည်။

အသွင်ပြောင်းကျားမှာ ခုန်ထွက်လာပြီး လုပေါင်က ၎င်း၏ကျောပေါ်သို့ လျင်မြန်စွာ တက်လိုက်သည်။ချီလင်လေးပင်လျှင် သူတို့နောက်မှ ပြေးထွက်လာခဲ့သည်။

“ဝူး...”

ထိုကောင်လေးက ပျင်းကြောဆန့်လိုက်ပြီး လုပေါင်ကို ကြည့်ကာ ခုန်တက်လိုက်သည်။

အသွင်ပြောင်းကျားမှာမူ ထိတ်လန့်တကြား တုန်ရင်နေပြီး ဤဘိုးတော်လေး စိတ်ဆိုးမည်ကို ကြောက်သဖြင့် တစ်လက်မမျှပင် မလှုပ်ရဲပေ။

ချီလင်လေးကို ပွေ့ပိုက်ထားရင်း လုပေါင်သည် သူ၏စစ်တပ်နှစ်ခုကို စစ်သေနာပတိချုပ်ကြီးကဲ့သို့ စစ်ဆေးလိုက်သည်။ကောင်းကင်တွင် ပျံသန်းနေသော ကျိုင်းကောင်များကို လက်ညှိုးထိုးကာ သူက ပြောလိုက်သည်။

“ဒီအကောင်တွေကို မြင်တာနဲ့ သတ်ပစ်ကြ။ တစ်ကောင်မှ အရှင်မထားနဲ့။”

ဤကန္တာရကျိုင်းကောင်များမှာ အဆိပ်ရှိပြီး အစားအလွန်ကြူးကြသည်။ယခု လုပေါင်တွင် မီးပုရွက်ဆိတ်နီတပ်မဟာနှင့် ကြွက်စစ်တပ်ရှိနေပြီဖြစ်ရာ ၎င်းတို့ကို အားနာနေစရာ မလိုတော့ပေ။ဤဉာဏ်ရည်နိမ့်သော ဖျက်ပိုးများကို အကုန်အစင် သုတ်သင်ပစ်ရမည်။

“ကျစ်...”

ရှောင်ဟွေသည် ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဝီ ဝီ...”

ရှောင်ဟုန်ကလည်း အမိန့်ထုတ်ပြန်လိုက်သည်။လုပေါင် ပြောသမျှမှာ အမိန့်ပင် ဖြစ်သည်။သူက အကုန်သတ်ရန် ပြောထားလျှင် ၎င်းတို့မှာ လုံးဝ မျိုးတုံးသွားရပေလိမ့်မည်။

ကြွက်ဒီရေလှိုင်းကြီးမှာ အသင့်ဖြစ်နေပြီ မီးပုရွက်ဆိတ်နီစစ်တပ်မှာလည်း အသင့်ဖြစ်နေပြီဖြစ်၏။

“တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်တော့။”

လုပေါင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း စတင်လိုက်သည်။မီးပုရွက်ဆိတ်နီစစ်တပ်မှာ အလွန်ထူးခြားလှပြီး မျိုးစိတ်များစွာ ပါဝင်နေသည်။သာမန် မီးနီပုရွက်ဆိတ်ကြီးများ၊ အလွန်ကြမ်းတမ်းသော အနီနက်ရောင်သံချပ်ကာ ပုရွက်ဆိတ်များအလွန်လျင်မြန်သော ရွှေတောင်ပံပုရွက်ဆိတ်များနှင့် ပထမအဆင့်၊ ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲထားသော အကောင်များစွာ ပါဝင်နေသည်။ကြွက်ဒီရေလှုင်းကြီးမှာမူ ပို၍သန်မာပြီး အရာအားလုံးက တိတ်ဆိတ်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် လူအမြောက်အမြား ဝင်ရောက်ကြည့်ရှုလာကြသည်။လုပေါင်မှာမူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။နောက်ထပ် မိနစ်အနည်းငယ်ကြာလျှင် ကျိုင်းကောင်များကို သုတ်သင်ရန် အချိန်တန်ပြီဖြစ်သည်။

“ဒီခေါင်းစဉ်ကို သဘောကျလိုက်တာ။”

“မီးပုရွက်ဆိတ်နီစစ်တပ်နဲ့ ကြွက်စစ်တပ်က မြက်ခင်းပြင်မှာ ကျိုင်းကောင်နှိမ်နင်းမလို့လား။မဖြစ်နိုင်တာ ခုနကတင် ရတနာနတ်ဘုရား ကို အကူအညီတောင်းဖို့ ပြောနေကြတာ သူက အဲဒီကို ရောက်နေပြီလား။”

“ဒါ တကယ့် အပြုသဘောဆောင်တဲ့ လုပ်ရပ်ပဲ။”

“ကျိုင်းကောင်တွေက ဘာဖြစ်နေတာလဲ။”

“အပေါ်ကလူက တောရွာတစ်ခုခုမှာ အင်တာနက် သုံးနေတာလား။ကျိုင်းကောင်တွေ ဘာဖြစ်နေလဲဆိုတာတောင် မသိဘူးလား။”

“တိုက်ကြတော့။”

လုပေါင်၏ ခေါင်းစဉ်မှာ လူများစွာကို စိတ်လှုပ်ရှားစေခဲ့သည်။ကြွက်တစ်သန်းနှင့် ပုရွက်ဆိတ် သန်းတစ်ရာကျော် လုပေါင်သည် ယခင်က မီးပုရွက်ဆိတ်နီများ၏ ဖျက်ပိုးနှိမ်နင်းမှုကို ပြသဖူးသဖြင့် လူများစွာ၏ မျက်စိထဲတွင် စွဲထင်နေဆဲဖြစ်သည်။

ယခု လုပေါင်သည် ကျိုင်းကောင်များကို အပြတ်ရှင်းမည့်အကြောင်း အမှန်တကယ် တိုက်ရိုက်ထုတ်လွှင့်ပြသနေခြင်း ဖြစ်သည်။

လုပေါင်က ကင်မရာကို လှည့်ကာ စနစ်တကျ နေရာယူထားသော ကြွက်တစ်သန်းစစ်တပ်နှင့် မီးတောက်ကဲ့သို့သော မီးပုရွက်ဆိတ်နီစစ်တပ်ကို ပြလိုက်သောအခါ အားလုံး မှင်တက်သွားကြသည်။

“ဘုရားရေ... ဒါက တကယ့်ကို အမိုက်စားပဲ သူ တကယ်ပဲ ပုရွက်ဆိတ်တွေနဲ့ ကြွက်တွေကို ခေါ်ပြီး ကျိုင်းကောင်တွေကို သတ်တော့မှာလား။”

အရင်ဆုံး ကျိုင်းကောင်တွေကို နှိမ်နင်းမည်။ သူတို့ ပြောင်သွားသည်နှင့် သူသည် အမေရိကရှိ ရွှေတွင်းဒေသများသို့ သွားကာ ရွှေတွင်းအားလုံးကို သူ၏ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲပစ်မည်။

မီးနီပုရွက်ဆိတ်များနှင့် ကြွက်တစ်သန်းစစ်တပ်ရှိလျှင် မည်သည့်ရွှေတွင်းမျှ သူတို့၏မျက်စိမှ လွတ်နိုင်မည်မဟုတ်ပေ။

“ကန္တာရကျိုင်းကောင်တွေ ကောင်းလင်မြက်ခင်းပြင်ကို ရောက်လာတာကို ခင်ဗျားတို့အားလုံး သိကြမှာပါ။ကျွန်တော် သတင်းကြားတာနဲ့ ဒီကို ချက်ချင်းလာခဲ့တာ။ဒီကျိုင်းကောင်တွေက သတင်းတွေထဲကအတိုင်း တကယ်ပဲ ကြောက်စရာကောင်းလားဆိုတာ ကြည့်ရအောင် သာမန်ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိပြီး အရွယ်အစားကလည်း ဆက်တိုက်ကြီးလာတယ်ဆိုတာလေ။ ကျွန်တော့်ရဲ့ မီးပုရွက်ဆိတ်နီစစ်တပ်နဲ့ ကြွက်စစ်တပ်က သူတို့ကို ယှဉ်နိုင်မလားဆိုတာ ကြည့်လိုက်ကြပါ။”

လုပေါင်က လက်လှမ်းလိုက်ရာ သူ၏လက်ထဲတွင် ရုန်းကန်နေသော ကန္တာရကျိုင်းကောင်တစ်ကောင် ရှိနေသည်။အိန္ဒိယက မထိန်းချုပ်နိုင်ခဲ့သဖြင့် ဤကျိုင်းကောင်များမှာ တရုတ်နိုင်ငံသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာနေကြခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာ စိတ်လှုပ်ရှားနေကြပြီဖြစ်၏။

အားလုံးကို အံ့အားသင့်စေသည်မှာ စနစ်တကျ နေရာယူထားသော ကြွက်စစ်တပ်ကြီးပင်ဖြစ်သည်။ဤကြွက်များမှာ အမှန်တကယ် ကြောက်စရာကောင်းသော အရာများဖြစ်သည်။အကယ်၍ ကြွက်ဒီရေလှိုင်းသာ အမှန်တကယ် ပေါက်ကွဲလာပါက ကျိုင်းကောင်ဘေးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကြွက်များမှာ ရောဂါပိုးမွှားများကို သယ်ဆောင်လာနိုင်သောကြောင့် ဖြစ်သည်။

“တိုက်ကြတော့ ကန္တာရကျိုင်းကောင်တွေကို သုတ်သင်ကြစမ်း။”

အချိန်လုံလောက်ပြီဟုခံစားရသည်နှင့် လုပေါင်က တိုက်ခိုက်ရေးအမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျောက်တုံးမင်း က ဟိန်းဟောက်သံကဲ့သို့ အသံတစ်ခု ပြုလုပ်လိုက်တော့သည်။

ကြွက်ဒီရေလှိုင်းကြီးမှာ အနီရောင်အလင်းများ ဖုံးလွှမ်းသွားပြီး မြက်ခင်းပြင်များထဲသို့ ရေလွှမ်းမိုးသကဲ့သို့ တိုးဝင်ကာ သတ်ဖြတ်ခြင်းကို စတင်လိုက်ကြတော့သည်။

မြက်ပင်များကို ကိုက်စားနေသော ကျိုင်းကောင်တစ်ကောင်မှာ ချက်ချင်းပင် အသက်ပျောက်သွားသည်။ကြွက်အရေအတွက်မှာ အလွန်များပြားလှသဖြင့် ကျိုင်းကောင်တစ်ကောင်နှင့် တွေ့သည်နှင့် ၎င်းကို သေသည်အထိ ကိုက်သတ်ပစ်ကြသည်။

ကြွက်စစ်တပ်က ရှေ့တိုးလာသကဲ့သို့ မီးပုရွက်ဆိတ်နီတပ်မဟာကလည်း ရှေ့တိုးလာသည်။

အထူးသဖြင့် လေကြောင်းတပ်ဖွဲ့ဖြစ်သော ရွှေတောင်ပံနီပုရွက်ဆိတ်နီများပင် ဖြစ်သည်။ကောင်းကင်ရှိ ကျိုင်းကောင်များမှာ ဒန်ပေါက်အိုးထဲသို့ ကျလာသော မုန့်လုံးများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာကြသည်။ဆင့်ကဲပြောင်းလဲထားသော ဤမီးပုရွက်ဆိတ်နီများမှာ အလွန်ကြမ်းတမ်းလှပြီး သူတို့၏ အတောင်ပံများက ကျိုင်းကောင်များကို ခဏချင်းအတွင်း အပိုင်းပိုင်း ဖြတ်တောက်နိုင်စွမ်း ရှိသည်။

ကျိုင်းကောင်နှိမ်နင်းရေး စစ်တပ်ကြီးမှာ မြက်ခင်းပြင်အတွင်းပိုင်းသို့ လျင်မြန်စွာ တိုးဝင်သွားသည်။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကျိုင်းကောင်အုပ်ကြီးကို လူတိုင်းမြင်လိုက်ရသောအခါ ဆူညံပွက်လောရိုက်သွားကြသည်။

“ဘုရားရေ ကျိုင်းကောင်တွေ ဒီလောက်တောင် များတာလား နိုင်ငံတော်ကတောင် ဘာလို့ ထိန်းချုပ်ရခက်နေလဲဆိုတာ အခုမှ သိတော့တယ် အရေအတွက်က အရမ်းများတာပဲ။”

“ကြွက်စစ်တပ်နဲ့ မီးပုရွက်ဆိတ်နီစစ်တပ် ရှိနေတော့ ကျွန်တော်တို့ စိတ်အေးအေးထားလို့ ရပြီ။”

“သူတို့ တိုက်ကြတော့မယ်။”

“ဘုရားရေ...”

“ဒီကျိုင်းကောင်တွေက ဘာလို့ အရင်ဆုံး တိုက်ခိုက်နေရတာလဲ။”

“ဒီကျိုင်းကောင်တွေက တကယ့်ကို ကြမ်းတာပဲ။”

အံ့ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာသည်။နှိမ်နင်းရေးအဖွဲ့ ရှေ့တိုးလာသောအခါ လုပေါင် ခန့်မှန်းထားသည့်အတိုင်း ကျိုင်းကောင်အုပ်ထဲမှ ဘုရင်မှာ ငြိမ်မနေနိုင်တော့ဘဲ ကျိုင်းကောင်များစွာက အရင်ဆုံး စတင်တိုက်ခိုက်လာကြခြင်း ဖြစ်သည်။

သူတို့သည် မီးပုရွက်ဆိတ်နီများ၊ ကြွက်အုပ်ကြီးနှင့် လုပေါင်ကိုပင် တိုက်ခိုက်လာကြသည်။

“အထဲမှာ အင်းဆက်ဘုရင် ရှိနေတာလား။”

လုပေါင် နေရာအနှံ့ ရှာဖွေသော်လည်း ရှာမတွေ့ပေ။သို့သော် ဤကျိုင်းကောင်များကို အင်းဆက်ဘုရင်တစ်ကောင်က ထိန်းချုပ်နေသည်မှာ သိသာလှသည်။မဟုတ်ပါက ဤကဲ့သို့ ရူးသွပ်သော ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

၎င်းတို့မှာ မီးပုရွက်ဆိတ်နီစစ်တပ်နှင့် ကြွက်စစ်တပ်ကို အမှန်တကယ် ထိခိုက်မှု မပေးနိုင်သော်လည်း သူတို့၏ အရှိန်အဝါ မှာ ကြည့်ရှုသူများကို ထိတ်လန့်စေခဲ့သည်။

သေရမှာကို မကြောက်ဘဲ မီးကို တိုးဝင်သည့် ပိုးဖလံများကဲ့သို့ပင်ဖြစ်၏။

၎င်းမှာ ဘုရင်တစ်ပါး၏ စွမ်းအားပင် ဖြစ်သည်။သူတို့အား တွေဝေခြင်းမရှိဘဲ သေတွင်းသို့ သက်ဆင်းစေနိုင်စွမ်း ရှိသည်။

“တူ...”

ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာပြီး ကျိုင်းကောင်များမှာ ရုတ်တရက် ပျံ့နှံ့သွားကာ အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြသည်။၎င်းမှာ လုပေါင်ကို အနည်းငယ် အငိုက်မိသွားစေသည်။

“လိုက်ကြ သူတို့ကို အပြတ်ရှင်းကြစမ်းးး”

လုပေါင်သည် သူတို့ကို လွတ်သွားခွင့် မပေးနိုင်ကြောင်း တိုက်ခိုက်ရေးအမိန့်ကို ချက်ချင်း ထပ်မံထုတ်ပြန်လိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် အသွင်ပြောင်းကျားကို စီးကာ တောက်လောင်နေသော တိမ်တိုက်ကြီးနှင့်တူသော ကျိုင်းကောင်အုပ်ကြီးဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။

၎င်းမှာ တူရိယာတစ်ခုမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က ဤကျိုင်းကောင်များကို ထိန်းချုပ်နေခြင်းပင်ဖြစ်၏။

‘ကျိုင်းကောင်တွေကို ထိန်းချုပ်ပြီး တရုတ်နိုင်ငံ ကို ကျူးကျော်ခိုင်းနေတာလား။’

လုပေါင်သည် ငါးကြီးတစ်ကောင်ကို ဖမ်းမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ထိုထူးဆန်းသောအသံမှာ ခဏတာမျှသာဖြစ်ပြီး အင်းဆက်ဘုရင်၏ အသံနှင့် တူသော်လည်း လုပေါင်၏ နားမှ လွတ်အောင် မပြေးနိုင်ပေ။

“ရှာတွေ့ပြီ။”

မီးတောက်နေသော တိမ်တိုက်နှင့်တူသော ကျိုင်းကောင်အုပ်ကြီးအတွင်းတွင် လုပေါင်သည် လူသားပုံသဏ္ဌာန်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

အခန်းး ၁၁၆- ရွှေရောင်ကျိုင်းကောင်များနှင့် ရွှေပါဝင်မှု။

တစ်စုံတစ်ယောက်က ကျိုင်းကောင်များကို ထိန်းချုပ်နေခြင်းဖြစ်ကြောင်း သိလိုက်သည်နှင့် လုပေါင်သည် တစ်ဖက်လူမှာလည်း သူ့ကဲ့သို့ပင် ဖြစ်ရမည်ဟု ချက်ချင်းတွေးမိလိုက်သည်။

အင်အားတစ်မျိုး၏ တွန်းအားပေးမှုကြောင့် ကျိုင်းကောင်များမှာ လျင်မြန်စွာ စုစည်းလာကြသည်။

၎င်းတို့မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

“သတ်ကြ အကုန်လုံးကို အပြတ်ရှင်းကြစမ်း”

လုပေါင်သည် ပုရွက်ဆိတ်ဘုရင်နှင့် ကြွက်ဘုရင်နှစ်ကောင်ကို လာသမျှအကုန်သတ်ရန် အမိန့်ပေးလိုက်သည်။ကျိုင်းကောင်တွေအားလုံး စုရုံးလာရင်တောင် သူ မကြောက်ပေ။ဤမီးပုရွက်ဆိတ်နီများ မည်မျှကြမ်းတမ်းသည်ကို သူ အသိဆုံးဖြစ်သည်။

“ကျစ်...”

ကြွက်ဘုရင်၏ အဖွဲ့လိုက်စွမ်းရည် မှာစတင်ပျံ့နှံ့သွားတော့သည်။

တစ်ချိန်တည်းမှာပင် လုပေါင်သည် နီနီလေး၏ အဖွဲ့လိုက်စွမ်းရည်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။မီးပုရွက်ဆိတ်နီအားလုံးမှာ မှိန်ဖျော့သော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ လေထုထဲတွင် ပြည့်နှက်သွားရာ ပျံသန်းနေသော ကျိုင်းကောင်များမှာ မိုးရေစက်များကဲ့သို့ ပြုတ်ကျလာကြသည်။

အနီးနားရှိ ကြွက်စစ်တပ်ကိုပင်လျှင် အနည်းငယ် သက်ရောက်မှုရှိသွားသည်။

ကျိုင်းကောင်များ ကြွက်စစ်တပ်နှင့် မီးနီပုရွက်ဆိတ်တပ်မဟာတို့မှာ အစစ်အမှန် ထိပ်တိုက်ရင်ဆိုင်မှု စတင်လေပြီ။မိုးကုတ်စက်ဝိုင်းတစ်ခုလုံးမှာ အနီဖျော့ရောင် ကျိုင်းကောင်များဖြင့် ဖုံးလွှမ်းသွားရာ လုပေါင်ပင်လျှင် ဤမျှရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ခေတ္တမျှ ကြည့်နေမိသည်။

ကန္တာရကျိုင်းကောင်များမှာလည်း နစ်ဝင်တော့မည့် နေမင်း၏ အရှိန်အဝါကို ရရှိထားသကဲ့သို့ မှိန်ဖျော့သော အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

အသွင်ပြောင်းကျားကို စီးနင်းရင်း လုပေါင်သည် အခြေအနေကို တစ်ချက်ကြည့်လိုက်ကာ ကင်မရာကို ကြွက်ဘုရင် ရှောင်ဟွေ၏ ဦးခေါင်းပေါ်သို့ ပျံဝဲထားခိုင်းလိုက်သည်။ကြွက်ဒီရေလှိုင်း၏ မြင်ကွင်းမှာ အလွန်ကြည့်ကောင်းနေဆဲပင်ဖြစ်သည်။

“ကျိုင်းကောင် ဘယ်လောက်တောင် များတာလဲ။”

ကောင်းကင်တစ်ခုလုံးမှာ ကျိုင်းကောင်များဖြင့် ပြည့်နှက်နေသည်။

သူတို့မှာ မနားတမ်း ဝင်ရောက်လာနေကြသည်။ထူးဆန်းသော တူရိယာအသံမှာ ဆက်တိုက်ထွက်ပေါ်နေပြီး ၎င်းမှာ တိုက်ခိုက်ရေးအမိန့်၊ ကျိုင်းကောင်အားလုံးကို ထိန်းချုပ်ရန် အမိန့်ပင် ဖြစ်သည်။ဤကျိုင်းကောင်များ ဆီးနှင်းဖုံးတောင်တန်းများကို မည်သို့ ဖြတ်ကျော်လာနိုင်သနည်းဆိုသည်မှာ မဆန်းတော့ပေ။

ကောင်းလင်မြက်ခင်းပြင်ရှိ မရေမတွက်နိုင်သော သိုးထိန်း၊ နွားထိန်းများမှာ ကမ္ဘာပျက်တော့မည့် အရှိန်အဝါကို ခံစားမိကာ ဤမြင်ကွင်းကို ကြောင်ကြည့်နေကြသည်။

လုပေါင် ပျောက်ကွယ်သွားသော်လည်မည်သူမျှ ဂရုမစိုက်ကြပေ။တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူအားလုံးမှာ အဆက်မပြတ် ဟိန်းဟောက်ကာ အမိန့်ပေးနေသော ရှောင်ဟွေနှင့် ကျောက်တုံးမင်းတို့ဆီမှာသာ အာရုံရောက်နေကြသည်။သူတို့သည် ကြွက်ပေါင်း တစ်သန်းကျော်ကို စနစ်တကျ ပုံစံပြောင်းခိုင်းကာ ကျိုင်းကောင်အုပ်ကြီးထဲသို့ ထိုးဖောက်တိုက်ခိုက်ရန် ထိန်းချုပ်နေကြခြင်း ဖြစ်သည်။

ဤမျှရင်သပ်ရှုမောဖွယ် မြင်ကွင်းမှာ ကြည့်ရှုသူတို့၏ စိတ်ဝိညာဉ်များမှာ ကျိန်းစပ်သွားစေသည်။

ဧရာမ ဝါးကြွက်ကြီးတစ်ကောင်မှာ ဖျတ်လတ်သော ယုန်တစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ခုန်လွှားနေပြီး ၎င်းကိုက်လိုက်သည့် ကျိုင်းကောင်တိုင်းမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။၎င်း၏ ကိုက်အားမှာ ထိတ်လန့်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကန္တာရကျိုင်းကောင်များ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း ကြမ်းတမ်းလှသည်။အချို့သော ကြွက်စစ်သည်များမှာ မျက်လုံးဒဏ်ရာရခြင်း သို့မဟုတ် နားရွက်များမှာ သွေးထွက်သည်အထိ အကိုက်ခံရခြင်းများ ရှိသည်။ အကယ်၍ ၎င်းတို့မှာ သာမန်ကြွက်များသာဆိုလျှင် အရှင်လတ်လတ် ဝါးမြိုခြင်း ခံရပေလိမ့်မည်။

မီးပုရွက်ဆိတ်နီများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကန္တာရကျိုင်းကောင်များ၏ အပိုင်းအစများသာ ကျန်ရစ်သည်။ပျံသန်းနိုင်သော မီးနီပုရွက်ဆိတ်များမှာ စစ်မြေပြင်တွင် ကြောက်စရာကောင်းသော သတ်ဖြတ်ရေးစက်ရုပ်များ ဖြစ်လာကြရာ ကောင်းကင်တွင် အနီရောင်အလင်းတန်းများ ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။

သူတို့၏ မာကျောသော ခန္ဓာကိုယ်နှင့် အတောင်ပံများမှာ သတ်ဖြတ်ရန်အတွက် ထက်မြက်သော လက်နက်များ ဖြစ်လာသည်။

အသွင်ပြောင်းကျားကို စီးနင်းရင်း လုပေါင်သည် ရွှေရောင်ကျိုင်းကောင်အုပ်စုနားသို့ ရောက်ရှိလာသည်။

“ဝေါင်းးးး”

အသွင်ပြောင်းကျားက ဟိန်းဟောက်လိုက်ရာ ၎င်း၏ခန္ဓာကိုယ်အတွင်း၌ အားကောင်းသော စွမ်းအင်များ လျင်မြန်စွာ စုစည်းလာသည်ကို လုပေါင် ခံစားလိုက်ရသည်။၎င်းမှာ အသက်ရှူသံဖြင့် တိုက်ခိုက်ခြင်း ပင်ဖြစ်၏။

‘ဒီကောင်ကြီးက တကယ်ပဲ အသက်ရှူသံနဲ့တိုက်ခိုက်မှုကို သုံးနိုင်တာလား။’

၎င်းမှာ မကြာသေးမီကမှ သင်ယူခဲ့ခြင်း ဖြစ်နိုင်သလို လွန်ခဲ့သော အချိန်ကတည်းက တတ်မြောက်ထားခြင်းလည်း ဖြစ်နိုင်သည်။

လုပေါင် ၎င်းကို တားဆီးခြင်းမပြုဘဲ ရွှေရောင်ကျိုင်းကောင်အုပ်ကြီး၏ အလယ်ဗဟိုရှိ ပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။သူ မမှားဘူးဆိုလျှင် ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ရမည်။

“ဘုန်းးးး”

လျှပ်စစ်များ ဖြတ်ပြေးနေသော စွမ်းအင်လုံးတစ်ခုမှာ ရွှေရောင်ကျိုင်းကောင်အုပ်ဆီသို့ ပစ်လွှတ်လိုက်သည်။ဤရွှေရောင်ကျိုင်းကောင်များမှာ သာမန်ကျိုင်းကောင်များထက် အဆပေါင်းများစွာ ပိုကြီးပြီး ရွှေရောင်များ တောက်ပနေကာ သိသိသာသာ အားကောင်းလှသည်။

“ဝီ...”

ချက်ချင်းပင် ဝါဂွမ်းရောင် သဲအတားအဆီးတစ်ခု ပေါ်လာသည်။လျှပ်စစ်လုံးမှာ ပေါက်ကွဲသွားပြီး လျှပ်စစ်စီးကြောင်းများစွာ ထွက်ပေါ်လာသော်လည်း ရွှေရောင်ကျိုင်းကောင် တစ်ဆယ်ကျော်ခန့်သာ ပြုတ်ကျသွားသည်။

သို့သော် အနည်းဆုံး သောင်းနှင့်ချီရှိသော ရွှေရောင်ကျိုင်းကောင်များနှင့် ယှဉ်လျှင် ဤအရေအတွက်မှာ လျစ်လျူရှုနိုင်လောက်သည်။

အသွင်ပြောင်းကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။

“ရပါတယ်ဒါက စွမ်းအင်ချင်း ပြန်လည်ခုခံတာ”

လုပေါင်ကအသွင်ပြောင်းကျားကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

“သားရဲထိန်းချုပ်သူလား။”

ရွှေရောင်ကျိုင်းကောင်များထဲမှ ပြတ်သားပြီး သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။၎င်းမှာ အမှန်တကယ်ပင် အမျိုးသမီးတစ်ဦး ဖြစ်သည်။

“မင်းအဖိုးကို သွားထိန်းခိုင်းလိုက်။”

သူမအင်္ဂလိပ်လို ပြောသည်ကို ကြားလိုက်ရသဖြင့် လုပေါင် ချက်ချင်း ဒေါသထွက်သွားသည်။

‘အနောက်တိုင်းကျင့်ကြံသူတွေက တကယ့်ကို ရွံစရာကောင်းတာပဲကျိုင်းကောင်အုပ်ကို ထိန်းချုပ်ပြီး ငါတို့ဆီမှာ ဘေးဆိုးဖြစ်အောင် လုပ်နေတာလား။’

‘သူတို့က တရုတ်နိုင်ငံ ကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးစေချင်တာလား။’

လုပေါင် ခုန်ဆင်းလိုက်ရာ သူ၏လက်ထဲတွင် ငွေရောင်အလင်းတန်းတစ်ခု လက်သွားပြီး ဧရာမ ငွေရောင်လေးတစ်လက် ပေါ်လာသည်။

မြင့်မြတ်သော လေးသည် ထော်လေ၏ လေးလေးကို တင်လိုက်သည်။

မြှားမရှိသော်လည်း သူ၏ အရှိန်အဝါပြင်းသောချီစွမ်းအားများမှာ မြှားတစ်စင်အဖြစ် အလိုအလျောက် စုစည်းသွားသည်။ စကားတစ်ခွန်းမှ မဆိုဘဲ ပေါက်ကွဲအား ပြင်းထန်သော ချီမြှားမှာ လေထုကို ဖြတ်သန်းကာ လေချွန်သံနှင့်အတူ ပစ်ထွက်သွားတော့သည်။

“ဘုန်းးးး”

သဲဝါရောင်ဒိုင်း ပေါ်လာသော်လည်း ဤမြှား၏ စုစည်းထားသော စွမ်းအားမှာ အသွင်ပြောင်းကျား၏ အသက်ရှူသံ တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။ပေါက်ကွဲသွားသည့် အချိန်တွင် သဲဒိုင်းကြီးမှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး ရွှေရောင်ကျိုင်းကောင် ဒါဇင်ပေါင်းများစွာ ကြေမွသွားကာ ရာနှင့်ချီသော အကောင်များ ပြုတ်ကျကုန်သည်။

“သောက်ကျိုးနည်း။”

“ကလိမ်ကကျစ်တွေ လုပ်မနေနဲ့။မင်း ရွှံ့နဲ့ကစားနေတုန်းက ငါက ပိုးကောင်တွေနဲ့ ကစားလာတာ။အခုများ ပိုးကောင်တွေကို ထိန်းချုပ်ပြီး ဒီမှာ လာပြဿနာရှာရဲတယ်ပေါ့။”

လုပေါင်သည်အနောက်တိုင်းသို့ သွားပြီး သူတို့၏ ရတနာများကို တူးဖော်ရန် အကြောင်းပြချက်ကောင်းတစ်ခု ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။ဘယ်သူက အရင်စတာလဲဆိုသည့် အချက်ကို အကြောင်းပြချက်အဖြစ် သူ သုံးပေလိမ့်မည်။

‘ဒေါသထွက်စရာပဲ။မင်းတို့က ငါ့ကို အရင်လာအနိုင်ကျင့်တာဆိုတော့.အချိန်တန်ရင် ငါ အဲဒီကို တရားဝင် လေ့လာရေးခရီး။သွားရတော့မှာပေါ့။”

“ဘုန်း ဘုန်း ဘုန်း”

သူ မြှားသုံးစင် ဆက်တိုက် ပစ်လိုက်သည်။ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ရွှေရောင်ကျိုင်းကောင် ထောင်ပေါင်းများစွာ သေဆုံးသွားချိန်တွင် အသွင်ပြောင်းကျားက ဟိန်းဟောက်၍ နောက်ထပ် လျှပ်စစ်လုံးတစ်ခုကို မှုတ်ထုတ်လိုက်ရာ ၎င်းမှာ အပေါက်ထဲသို့ တိုးဝင်သွားပြီး လျှပ်စစ်များကို နေရာအနှံ့ ပျံ့နှံ့သွားစေသည်။

ရွှေရောင်ကျိုင်းကောင်များမှာ မိုးရေစက်များကဲ့သို့ ပြုတ်ကျလာကြသည်။

တစ်ဖက်လူမှာ တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ လုပေါင်ဆီသို့ အဖြူရောင် အလင်းတန်းတစ်ခု ပြေးဝင်လာသည်။

“သိုင်းဆရာလား။”

လုပေါင် အံ့အားသင့်သွားသည်။ချီစွမ်းအားကို ဤမျှ လွယ်လွယ်ကူကူ ပစ်လွှတ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာလည်း ဂုဏ်ထူးဆောင်အဆင့် ဖြစ်နေပြီး အရွယ်သိပ်မကြီးသေးပုံရသည်။

“ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး”

သူ လျင်မြန်စွာ တုံ့ပြန်လိုက်ရာ သူ၏ ပြီးပြည့်စုံသော ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးမှာ လေကိုခွဲပြီး ထွက်သွားသည်။ အဖြူရောင်အလင်းတန်းမှာ ကြေမွသွားသော်လည်း ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးမှာမူ အရှိန်မပျက်ဘဲ အနောက်တိုင်းအမျိုးသမီး ဂုဏ်ထူးဆောင်ဆရာထံသို့ ဦးတည်သွားသည်။

“လူငယ် ဂုဏ်ထူးဆောင်ဆရာကြီးလား။”

တစ်ဖက်လူမှာ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး တွေဝေခြင်းမရှိဘဲ လှည့်ပြေးတော့သည်။

သောင်းနှင့်ချီသော ရွှေရောင်ကျိုင်းကောင်များမှာလည်း သူမနောက်မှ လျင်မြန်စွာ လိုက်ပါသွားကြသည်။

“ဂုဏ်ထူးဆောင်အဆင့် မဟုတ်ဘူးလား ဒီကို ရောက်မှတော့ ပြန်ဖို့ မစဉ်းစားနဲ့တော့။”

လုပေါင် နားလည်လိုက်သည်။သူမမှာ ပထမတန်းစားအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး ချင်ပိုင်လျဲ့ ထက်ပင် နိမ့်ကျနေပေလိမ့်မည်။ချင်ပိုင်လျဲ့သာဆိုလျှင် သူ၏ အလျင်စလို ထိုးလိုက်သော လက်သီးကို ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် နောက်ထပ်မြင်ကွင်းမှာ သူ့ကို အံ့အားသင့်စေခဲ့သည်။ထောင်ပေါင်းများစွာသော ရွှေရောင်ကျိုင်းကောင်များမှာ လျင်မြန်စွာ စုစည်းလာပြီး မြွေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ထိုအနောက်တိုင်း ပညာရှင်မှာ ထိုမြွေနဂါး၏ ဦးခေါင်းပေါ်တွင် ရပ်ပြီး လျင်မြန်စွာ ထွက်ပြေးသွားခြင်း ဖြစ်သည်။

“ဒီလိုလည်း ရတာပဲလား။”

လုပေါင်သည် ဤရွှေရောင်ကျိုင်းကောင်များကို သူ၏ပိုင်ဆိုင်မှုအဖြစ် သိမ်းပိုက်လိုသော စိတ်ဆန္ဒ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ သူသာ ၎င်းတို့ကို ဆက်လက် ပြုစုပျိုးထောင်မည်ဆိုလျှင် အခုထက်ပင် ပိုအားကောင်းလာမည် မဟုတ်ပါလား။

မြွေဟောက်နက်ကြီးမှာ အရေခွံလဲပြီး အောင်မြင်စွာ ဆင့်ကဲပြောင်းလဲထားပြီးဖြစ်သည်။ လုပေါင်သည် တွင်းနက်ကို ချက်ချင်းဖွင့်ကာ ၎င်းကို ဆင့်ခေါ်လိုက်သည်။

“ရှူး...”

“သူမနောက်ကို လိုက်စမ်းးး”

လုပေါင်သည် မြွေဟောက်နက်ကြီး၏ ဦးခေါင်းပေါ်တွင် ရပ်လိုက်သည်။ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုမှာ ယခင်နှင့် မတူတော့ပေ။၎င်း၏ တစ်ကိုယ်လုံးမှာ ဥက္ကာခဲ မျက်နှာပြင်နှင့် ပိုမိုတူလာပြီး အလွန်လှပနေသည်။

ရွှေရောင်ကျိုင်းကောင် အသေတစ်ကောင်မှာ သူ့ရှေ့သို့ ပြုတ်ကျလာသည်။လုပေါင်က သိချင်စိတ်ဖြင့် ကောက်ကြည့်လိုက်ရာ ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးသွားတော့သည်။

၎င်းမှာ မာကျောပြီး သတ္တုကဲ့သို့ ခံစားရသည့်အပြင် ရွှေ၏ အငွေ့အသက်လည်း ရှိနေသည်။

“ဒါက ဘယ်လိုလုပ်ပြီး ရွှေရဲ့ အငွှေ့အသက် ရှိနေရတာလဲ။”

လုပေါင်၎င်းကို အကြိမ်ကြိမ် ပြန်လှန်ကြည့်လိုက်သည်။ဤရွှေရောင်ကျိုင်းကောင်တွင် ရွှေဓာတ်ပါဝင်နေသည်မှာ လုံးဝ သေချာသည်။မှားစရာမရှိပေ။

ထို့ပြင် ဤရွှေရောင်ကျိုင်းကောင်၏ ခန္ဓာကိုယ်ထဲတွင် အမှန်တကယ် ရွှေဓာတ်ပါဝင်မှု ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။

“ဒါဆိုရင်..”

All Chapters