အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်းး ၁၁၇- အခု ပေါ်လွင်စရိတ်က အရင်လို မဟုတ်တော့ဘူး။
သူတို့ကို ရွှေတွေသုံးပြီး မွေးမြူထားတာလား။
“ကစားမနေနဲ့တော့ သူ့ကို တား”
လုပေါင်၏ မျက်လုံးများ နီမြန်းသွားသည်။ ရွှေရောင်ကျိုင်းကောင်ကို ခြေမွကြည့်ပြီးနောက် သူ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ဤရွှေရောင်ကျိုင်းကောင်၏ ခန္ဓာကိုယ်ထဲတွင် ရွှေဓာတ်များ ပါဝင်နေလေသည်။
တစ်ကောင်ချင်းစီမှာ တစ်ဂရမ် သို့မဟုတ် နှစ်ဂရမ်လောက်ပဲ ထွက်နိုင်ရင်တောင် အရေအတွက်က အလွန်များပြားလွန်းသည်။
မြွေဟောက်နက်ကြီး၏ အရှိန်မှာ ချက်ချင်းပင် အဆပေါင်းများစွာ မြင့်တက်သွားသည်။ အားပြင်းသော တွန်းကန်အားနှင့်အတူ ၎င်းသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ထိုးတက်သွားတော့သည်။အကယ်၍ လုပေါင်၏ ချီစွမ်းအားများက မြွေဟောက်နက်ကြီးနှင့် ရောယှက်မနေပါက သူသည် လွင့်စင်သွားသည်မှာ ကြာပြီဖြစ်သည်။
“အရှင်ထားလိုက်”
မြွေဟောက်နက်ကြီး ပါးစပ်ဟလိုက်သည်ကို မြင်သောအခါ လုပေါင်က အမြန်တားလိုက်သည်။အကယ်၍ မြွေဟောက်နက်ကြီးသာ ပါးစပ်ဟလိုက်ပါက ပစ်မှတ်မှာ ချက်ချင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ဒီရွှေရောင်ကျိုင်းကောင်တွေတောင် အရည်ပျော်ကုန်လိမ့်မည်။
“ဘုရားသခင်”
ဤအနောက်တိုင်းပညာရှင်မှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
“ဒါကဘာကြီးလဲ”
“ဘုန်းးး”
ရွှေရောင်ကျိုင်းကောင်များဖြင့် ဖွဲ့စည်းထားသော မြွေနဂါးမှာ ချက်ချင်းပင် ကြေမွသွားပြီး အစိတ်အပိုင်းအချို့ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။မြွေဟောက်နက်ကြီး၏ အရှိန်အဝါက သူတို့ကို အလွန်အမင်း ကြောက်ရွံ့သွားစေသည်။မြွေဆိုသည်မှာ သူတို့၏ သဘာဝရန်သူ ဖြစ်သည်မဟုတ်ပါလား။အထူးသဖြင့် မြွေဟောက်နက်ကြီးလိုမျိုးအင်အားကြီးသားရဲများပင်ဖြစ်၏။
“အရှေ့တိုင်းပညာရှင် ကျေးဇူးပြုပြီး သက်ညှာပေးပါ။”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ အဖြူရောင်ဝတ်စုံဝတ် အနောက်တိုင်းပညာရှင်တစ်ဦးမှာ ရွှေရောင်ကျိုင်းကောင်အုပ်ကို နင်းလျက် ရောက်ရှိလာသည်။
အနည်းဆုံး သန်းနှင့်ချီသော ရွှေရောင်ကျိုင်းကောင်များဖြင့် ဖွဲ့စည်းထားသော မြွေနဂါးကြီးကို ကြည့်ရင်း လုပေါင်သည် သွေးများဆူဝေလာကာ မျက်လုံးများ ပိုမိုနီမြန်းလာသည်။
‘ ဒါက တကယ့် ရတနာပုံကြီးပဲ’
လုပေါင်သည် ချီလင်လေးကို ချက်ချင်းနှိုးလိုက်ပြီး နွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်ကိုလည်း တိုက်ပွဲအတွက် အသင့်ပြင်ခိုင်းလိုက်ကာ အသွင်ပြောင်းကျားကိုမူ ထိုအမျိုးသမီးကို စောင့်ကြည့်ရန် အမိန့်ပေးလိုက်သည်။
ရွှေရောင်ကျိုင်းကောင်များ၏ အကူအညီမပါလျှင် အသွင်ပြောင်းကျားသည် ဤထူးဆန်းသော အမျိုးသမီးကို လုံးဝ အနိုင်ယူနိုင်သည်။
“မင်းက ဘယ်သူလဲ။”
လုပေါင်သည်ချက်ချင်းပင် ရင်ဘတ်ကိုပင့်၊ မျက်နှာမော့ကာ ပြောလိုက်သည်။
“အနောက်တိုင်းပညာရှင် ကျိုင်းကောင် ဘီလီယံ ရာနဲ့ချီကို ထိန်းချုပ်ပြီး ငါတို့ တရုတ်နိုင်ငံကို လာဖျက်ဆီးနေတာ မင်း အရှင်လတ်လတ် ပြန်သွားနိုင်မယ်လို့ ထင်နေတာလား။”
စည်းမျဉ်းတွေကို သူ သိပ်နားမလည်ပေမဲ့ အနောက်တိုင်းပညာရှင်တွေအနေနဲ့ အရှေ့တိုင်းကို လာပြီး ဒီလို ဖျက်ဆီးခွင့်မရှိတာကိုတော့ သူ သိသည်။
“ဆရာကြီး နားလည်မှု လွဲနေပါပြီ။ ကျွန်တော်က အလင်းဘုရားကျောင်းက အိုရော့စ် ပါ။ ဒါက ကျွန်တော့်တပည့် ဂျင်းနီ ပါ။ ကျွန်တော်တို့က ဒီကျိုင်းကောင်တွေကို ထိန်းချုပ်နေတာ မဟုတ်ပါဘူးမျိုးဗီဇပြောင်းလဲနေတဲ့ ကျိုင်းကောင်အချို့ကို စုဆောင်းနေရုံတင်ပါ။”
အိုရော့စ်က ယဉ်ကျေးစွာ ဦးညွှတ်လိုက်သော်လည်း သူ၏ အကြည့်မှာ လုပေါင်၏ ခြေဖဝါးအောက်ရှိ မြွေဟောက်နက်ကြီးဆီသို့ သိသိသာသာ ရောက်ရှိသွားသည်။ထိုမြွေဟောက်နက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ခံစားမိသောအခါ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။
‘ဒါက ဘာကြီးလဲ။’
“သောက်ပိုတွေ။”
လုပေါင်က မျက်လုံးလှန်ကြည့်လိုက်သည်။
“ငါ့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား။သူတို့ကို တစ်ခုခုကို အထူးအဆန်း ကျွေးပြီး မွေးမြူထားတာ သိသာနေတာကိုသဘာဝအတိုင်း ပြောင်းလဲနေတဲ့ ကျိုင်းကောင်တွေလို့ ပြောရဲတယ်ပေါ့။”
‘သူမကခုနက တူရိယာတီးပြီး ကျိုင်းကောင်တွေကို တိုက်ခိုက်ဖို့ ထိန်းချုပ်နေတာလေ။ ငါက သောက်ပေါလို့ ထင်နေတာလား။’
‘ကျိုင်းကောင် တစ်ကောင်ကို တစ်ဂရမ်ပဲ ထားဦး၊ရွှေရောင်ကျိုင်းကောင် ငါးရာဆိုရင် ရွှေ တစ်ပေါင်လောက် ထုတ်လို့ရပြီမဟုတ်လား။’
‘ငါးထောင်ဆိုရင် ဆယ်ပေါင်။’
‘ငါးသိန်းဆိုရင် ပေါင်တစ်ထောင်။’
‘ဒီရွှေရောင်ကျိုင်းကောင်တွေဆီက ထွက်မယ့် ရွှေကို တန်ချိန်နဲ့တောင် တွက်ရတော့မှာ မဟုတ်လား။’
‘မမျှော်လင့်ဘဲ ရလိုက်တဲ့ ရတနာပဲ။’
“အဲဒါက တကယ်ပဲ ဒီလိုပါပဲ။ဒီကန္တာရကျိုင်းကောင်တွေက အပြောင်းအလဲတချို့ ဖြစ်ပြီးနောက်မှာ ထူးဆန်းတဲ့အရာတွေကို စားလာကြတယ်။ကျွန်တော်နဲ့ ကျွန်တော့်တပည့် ကျင့်ကြံနေတုန်း သူတို့နဲ့ တွေ့ခဲ့တာပါ။ အရှေ့တိုင်းပညာရှင် ကျွန်တော်တို့မှာ ဒီလောက်ကြီးမားတဲ့ ကျိုင်းကောင်အုပ်ကြီးကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။အစိတ်အပိုင်း အနည်းငယ်ကိုပဲ ထိန်းချုပ်နိုင်တာပါ သူတို့ ဒီကို ရောက်လာတာ ကျွန်တော်တို့ကြောင့် မဟုတ်ပါဘူး။”
အိုရော့စ်၏ မျက်နှာ ပျက်သွားသည်။လုပေါင်၏ ရန်လိုမှုကို သူ ခံစားနေရသည်။
အမှန်စင်စစ် သူသည် ဤကျိုင်းကောင်များကို တရုတ်နိုင်ငံဆီသို့ ရည်ရွယ်ချက်ရှိရှိ မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် စားစရာ ပေါများမှသာ ကျိုင်းကောင်များကြားတွင် မျိုးဗီဇပြောင်းလဲမှုများ ပိုမို ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ရွှေရောင်ကျိုင်းကောင်များကို အနောက်တိုင်း လျှို့ဝှက်ပညာရပ်များ ကို သုံးပြီး သူတို့ကိုယ်တိုင် မွေးမြူထားခြင်း ဖြစ်သည်။
သူသည် ဤအရာများအတွက် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည်။
“လိမ်နေတာ။”
မြွေဟောက်နက်ကြီးက ရုတ်တရက် စကားပြောလိုက်သည်။
“မင်း...”
အိုရော့စ်သည်မြွေဟောက်နက်ကြီးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။သူသည် လူစကား ပြောနိုင်သော နတ်သားရဲများအကြောင်းကို တွေးမိသွားသည်။ဤ
‘မြွေဟောက်နက်ကြီးကတကယ်ပဲ လူစကား ပြောနိုင်တာလား။’
“မင်း ဘယ်လိုလုပ် လူစကား ပြောနိုင်တာလဲ။”
လုပေါင်လည်း အံ့သြသွားသည်။ဤမြွေဟောက်နက်ကြီးက အံ့သြဖို့ သိပ်ကောင်းနေပြီ မဟုတ်ပါလား။
“ခုနတင် သင်လိုက်တာပါ သခင်။သူ လိမ်နေတာ။ ဒီရွှေရောင်ကျိုင်းကောင်တွေကို သူက အနောက်တိုင်း လျှို့ဝှက်ပညာရပ်တွေ သုံးပြီး မျိုးဗီဇပြောင်း ကျိုင်းကောင်တွေကနေ မွေးမြူထားတာ။မျိုးဗီဇပြောင်း ကျိုင်းကောင်တွေက ကျိုင်းကောင်အုပ်ကြီးတွေထဲမှာပဲ အမြောက်အမြား ပေါ်လာနိုင်တာ။သူတို့ ကန္တာရထဲမှာ ရွှေတွင်းတစ်ခုကို တွေ့ခဲ့ပြီး ဒီကျိုင်းကောင်တွေကို အဲဒီရွှေတွင်းက ရွှေတွေကို ဝါးမြိုခိုင်းပြီး အဆင့်မြှင့်တင်ခဲ့ကြတာ။အပင်တွေနဲ့ စားစရာ အမြောက်အမြားကို အာဟာရအဖြစ် သုံးပြီးတော့ ဒီကျိုင်းကောင်ဘေးကို မွေးမြူခဲ့တာ။”
မြွေဟောက်နက်ကြီးက လူစကားဖြင့် ရှင်းပြနေသည်။
“စိတ်ဖတ်တဲ့ပညာ...”
အိုရော့စ်ကမျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
“အစွမ်းထက်တဲ့ ဆရာကြီး ကျွန်တော်တို့မှာ ရန်ငြိုးမရှိပါဘူး။ကျွန်တော်တို့ ကျိုင်းကောင်တွေအတွက် စားစရာ ရှာဖို့ပဲ လာတာပါ။ အခု ချက်ချင်း ပြန်ပါ့မယ်...”
‘ဘာလို့ ဒီမြွေကြီးက ဒီအရှေ့တိုင်းက လူငယ်လေးကို သခင်လို့ ခေါ်နေရတာလဲ။’
‘သူက လူငယ် ဂုဏ်ထူးဆောင် တစ်ယောက်ဆိုပေမဲ့ နတ်သားရဲအဆင့် တည်ရှိမှုက လူသားတစ်ယောက်ကို သခင်လို့ အသိအမှတ်ပြုစရာ အကြောင်းမရှိဘူး မဟုတ်လား။’
‘ဘာကြောင့်လဲ။’
“အလကား စကားတွေ။”
လုပေါင် စိတ်ဓာတ်တွေ တက်ကြွလာပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
“မင်းတို့က ငါတို့ တရုတ်နိုင်ငံကို မွေးမြူရေးခြံလို သုံးနေတာပေါ့လေ မင်းတို့ကြောင့် ငါတို့မှာ ဘယ်လောက် ဆုံးရှုံးနေရလဲ သိလားမင်းတို့ကြောင့် ငါတို့မှာ ဒေါ်လာ ဘီလီယံ ရာနဲ့ချီ ထိခိုက်နေရသလို ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကလည်း အများကြီးပဲ မင်းတို့ ဘီလီယံ ဆယ်ဂဏန်းလောက် လျော်ကြေးမပေးဘဲ ပြန်သွားလို့ရမယ် ထင်နေတာလား ပိုက်ဆံပေးမလား ဒါမှမဟုတ် အသက်ပေးမလား။”
‘’ဟင်းဟင်း အချက်အလက်တွေက တကယ်ပဲ အများကြီးပဲအနောက်တိုင်း လျှို့ဝှက်ပညာရွှေရောင်ကျိုင်းကောင် ပြီးတော့...ရွှေတွင်း။’
မြွေဟောက်နက်ကြီး၏ အကြည့်မှာ နက်ရှိုင်းလှသည်။အိုရော့စ်၏ အတွေးအားလုံးမှာ ၎င်း၏ရှေ့တွင် ဖော်ပြခြင်း ခံနေရသည်။၎င်း၏ စွမ်းရည်မှာ အမှန်တကယ်ပင် ထူးကဲလှသည်။
“အရှေ့တိုင်းပညာရှင် ကျွန်တော် ငွေနဲ့ လျော်ကြေးပေးဖို့ အဆင်သင့်ပါပဲဒါပေမဲ့ မင်းတောင်းတာက များလွန်းတယ်။ကျွန်တော့်ဆီမှာ အမေရိကန်ဒေါ်လာ သန်းသုံးဆယ်ပဲ ရှိတယ်။အကယ်၍ မင်း သဘောတူရင် ကျွန်တော်...”
“ဒေါ်လာ သန်းသုံးဆယ်။မင်း ငါ့ကို သူတောင်းစားလို့ ထင်နေတာလား။ငါ့ရဲ့ ပေါ်လွင်စရိတ်က ဘယ်လောက်ရှိလဲ သိလား။ငါ့ရဲ့ ဟောက်နက်ကြီးရဲ့ ပေါ်လွင်စရိတ်က ဘယ်လောက်လဲ သိလား။ပြီးတော့ ငါ့ရဲ့ ကြွက်စစ်တပ်နဲ့ မီးပုရွက်ဆိတ်နီစစ်တပ်ရဲ့ ပေါ်လွင်စရိတ်တွေကိုရော မင်းသိလားအခု မင်းက ငါ့ကို သန်းသုံးဆယ်ပဲ ပေးချင်တာလား။မင်းက ဆင်းရဲသားလား။ငါ အခု အခွင့်အရေး တစ်ခုပေးမယ်ရွှေရောင်ကျိုင်းကောင် မွေးမြူတဲ့ လျှို့ဝှက်နည်းလမ်းကို ပေး ကန္တာရ ရွှေတွင်းရဲ့ တည်နေရာကို ပေး ဒေါ်လာ သန်းသုံးဆယ် ပေး ပြီးတော့ ရှိသမျှ ရွှေရောင်ကျိုင်းကောင်တွေ အကုန်လုံးကို လျော်ကြေးအဖြစ် ချန်ထားခဲ့။မဟုတ်ရင်တော့ မင်းတို့ ပြန်ဖို့ မစဉ်းစားနဲ့တော့။”
‘ဒေါ်လာ သန်းသုံးဆယ်။’
‘သူ ရတနာရှာထွက်ရင်တောင် ဒီထက်မက အလွယ်တကူ ရှာနိုင်တာပဲ။ဒါက သူတောင်းစားကို ပေးတာလား။’
မာနတွေ တက်နေတဲ့ လုပေါင်သည် ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး နှင့်သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ ပြင်နေပြီဖြစ်သည်။အကယ်၍ တစ်ဖက်လူက မရဘူးလို့ ပြောလိုက်တာနဲ့ သူ ချက်ချင်း ထသတ်တော့မည်ဖြစ်၏။
အိုရော့စ်မှာလည်း ဂုဏ်ထူးဆောင်အဆင့် ရှိသူတစ်ယောက်ဖြစ်ရာ မာနရှိသူဖြစ်သည်။သူသည် အချိန်အတော်ကြာ သည်းခံခဲ့ပြီးနောက် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။
“မင်း လူကို သိပ်ပြီး အနိုင်မကျင့်နဲ့ဦး။ အကယ်၍ ငါသာ အလိုရှိရင် ကျိုင်းကောင် ဘီလီယံ ရာနဲ့ချီကို ထိန်းချုပ်ပြီး တရုတ်ကို ကျူးကျော်ခိုင်းလို့ ရတယ်ဆိုတာ မင်း သိထားသင့်တယ်။အိန္ဒိယမှာ ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိတယ်မဟုတ်လား။ တကယ်လို့ ကျိုင်းကောင် ဘီလီယံ ရာနဲ့ချီ ကျူးကျော်လာရင် တရုတ်ကရော ဘေးကင်းနိုင်မယ်လို့ မင်းထင်နေတာလား။”
ကျိုင်းကောင် ဘီလီယံ ရာချီဆိုသည့် အင်အားက အိုရော့စ်ကို မိမိကိုယ်မိမိ ယုံကြည်မှု ရှိစေပြီး တစ်ကမ္ဘာလုံးကို တစ်ယောက်တည်း ထိတ်လန့်သွားစေနိုင်သည်ဟု ခံစားမိစေသည်။
“ဟားဟားဟားဟား”
လုပေါင်ကမရယ်ဘဲ မနေနိုင်တော့ဘဲ လှောင်ပြောင်လိုက်သည်။
“ငါ အရမ်းကြောက်တာပဲ။မင်း တစ်ခု မေ့နေတာ ရှိတယ် မင်း ဒီကနေ ပြန်သွားနိုင်မယ်လို့ ထင်နေတာလား။”
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်မှာ သူ၏နောက်ကွယ်တွင် ပေါ်လာသည်။တစ်ချိန်တည်းမှာပင် ချီလင်လေးသည်လည်း မြွေဟောက်နက်ကြီး၏ ဦးခေါင်းပေါ်တွင် ပေါ်လာတော့သည်။
မြွေဟောက်နက်ကြီးက အမြီးကို ဝှေ့ယမ်းလိုက်ရာ နွားခေါင်းအလောင်းဘုရင် နှစ်ကောင်မှာ လေထဲသို့ လွင့်တက်သွားသည်။
မျက်လုံးတွေ မှေးစင်းနေတဲ့ ချီလင်လေးက ပျင်းကြောဆန့်လိုက်ရင်း
“ဝူး...”
(ဘာဖြစ်တာလဲ)
“တောင်းပန်ပါတယ် အခု ပေါ်လွင်စရိတ်က ထပ်ပြီး တက်သွားပြန်ပြီ။အရင်ဈေးနဲ့ မရတော့ဘူး။”
လုပေါင်ကမဲ့ပြုံး ပြုံးလိုက်သည်။ဤလူကို ပြန်လွှတ်ပေးလို့ မဖြစ်ပေ။ ကျိုင်းကောင် ဘီလီယံ ရာချီကို ထိန်းချုပ်နိုင်စွမ်း ရှိသူမှာ အလွန် အန္တရာယ်များလှသည်။
“ဒီလို ခြိမ်းခြောက်စကားတွေ ပြောပြီးမှ ပြန်သွားနိုင်မယ်လို့ ထင်နေတာကတော့ အိပ်မက်မက်နေတာပဲ။”
အခန်းး ၁၁၈- ထိပ်တိုက်တွေ့ဆုံခြင်း
ချီလင်လေးရဲ့ ပေါ်လွင်စရိတ်က နည်းပါ့မလား။
အကယ်၍ ဒီကောင်လေးသာ ချီလင်မီးတောက်ကို တစ်ချက်လောက် မှုတ်ထုတ်လိုက်ရင် လက်ရှိအခြေအနေအရ ဂုဏ်ထူးဆောင်အဆင့်ဆရာ တစ်ယောက်တောင် လွတ်မြောက်ဖို့ ခဲယဉ်းလိမ့်မည်။နှစ်တစ်ထောင် မီးဝိညဥ်သီးတွေနဲ့ တွင်းနက်ထဲက ဥက္ကာခဲ အကျိုးကျေးဇူးတွေကြောင့် သူ၏ဆင့်ကဲပြောင်းလဲတဲ့ အရှိန်သည် သူရပ်ချင်ရင်တောင် ရပ်လို့မရတော့ပေ။
ပြီးတော့ သူသည် မကြာသေးခင်ကပင််ထူးဆန်းသော ဥက္ကာခဲတွေကိုလည်း တော်တော်များများ စားထားသေးသည်။
အိုရော့စ်ဟာ သူ့ဘဝမှာ တစ်ခါမှ ဒီလောက်အထိ ကံမကောင်းဘူးလို့ မခံစားခဲ့ရဖူးပေ။ သူ့မျက်နှာဟာ အမည်းရောင်ကနေ အစိမ်းရောင် အစိမ်းရောင်ကနေ အဖြူရောင်ကို ပြောင်းသွားတော့သည်။နွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်ရဲ့ရှေ့မှာ ရပ်နေရတာဟာ ကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံး အရာတွေကို တွေ့နေရသလို သူ ခံစားနေရသည်။
သူက အလင်းကျင့်ကြံသူ တစ်ယောက်ဖြစ်သည့်အတွက် မကောင်းဆိုးဝါး အရှိန်အဝါများကို အလွန်အမင်း ခံစားမိခြင်း ဖြစ်သည်။
ဒီနွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်ထဲက တစ်ကောင်ကတင် သူ့ကို အခြေပျက်အောင် လုပ်နိုင်တယ်လို့ သူ ခံစားနေရသည်။လုပေါင်က ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါနှစ်ကောင်ကို ဘယ်လိုများ ဆင့်ခေါ်လိုက်သလဲဆိုတာ သူ နားမလည်နိုင်တော့ပေ။
ချီလင်လေးကိုတော့ သူ တစ်ချက်ကလေးတောင် လှည့်မကြည့်မိချေ။အကယ်၍ သူသာ သေသေချာချာ ကြည့်မိရင်တော့ သေချင်စိတ်တောင် ပေါက်သွားနိုင်ပါသည်။
“ဆရာ...”
ဂျင်းနီက အိုရော့စ်ကို လှမ်းခေါ်လိုက်သည်။ သူမရဲ့ဆရာ ဘာလို့ ဒီလောက်တောင် စိုးရိမ်တကြီး ဖြစ်နေရသလဲဆိုတာ သူမ နားမလည်ခြင်းဖြစ်၏။
အိုရော့စ် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ဂျင်းနီကို ကြည့်ကာ
“ဘာမှမဖြစ်ဘူး။”
“ဒီလိုအချိန်မျိုးမှာတောင် ဘာမှမဖြစ်ဘူးလို့ ပြောနေတုန်းလား။”
လုပေါင်ကအဝေးကို လက်ညှိုးညွှန်ပြီး ပြောလိုက်သည်။
“မင်းရဲ့ ကျိုင်းကောင် ဘီလီယံ ရာနဲ့ချီကို ဒီမှာ လာစုချင်သေးတာလား။အဲဒီထဲက ဘယ်နှစ်ကောင်လောက် ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”
“မင်းက ဘယ်သူလဲ။”
လုပေါင်လို မိစ္ဆာတစ်ကောင် ဘာကြောင့် တည်ရှိနေရသလဲဆိုတာ အိုရော့စ် စဉ်းစားလို့မရပေ။ကျိုင်းကောင်ဘေးဆိုတာ သဘာဝဘေးအန္တရာယ်ဖြစ်သောကြောင် တရုတ်နိုင်ငံရဲ့ အဓိကဒေသတွေကို သူ ရမ်းကားမဖျက်ဆီးသရွေ့ ဘယ်ပညာရှင်ကမှ သူ့ကို သတိထားမိမှာမဟုတ်ဘူးလို့ သူ ထင်ခဲ့ခြင်းဖြစ်၏။
တရုတ်တွင် ကြောက်စရာကောင်းသည့် တည်ရှိမှုတွေ အများကြီးရှိသည့်အတွက် ဤနယ်စပ်မှာပင် သူ အကဲစမ်းရဲခြင်းဖြစ်၏။
ရောက်ရောက်ချင်းမှာပဲ ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုနဲ့ တိုးရတော့ တရုတ်နိုင်ငံရဲ့ လျှို့ဝှက်နက်နဲမှုအပေါ် သူ့ရဲ့ကြောက်စိတ်က ပိုတိုးလာသည်။အလင်းကျင့်ကြံသူတွေ အများကြီး ဘာလို့ တရုတ်ကို မလာရဲကြသလဲဆိုတာ အခုမှပဲ သူ ကောင်းကောင်းသဘောပေါက်တော့သည်။
“သတ်ပစ်။”
လုပေါင်ကအိုရော့စ်ကို လက်ညှိုးထိုးလိုက်သည်။
“ငါ ဘယ်သူလဲဆိုတာ မင်းအတွက် တကယ်ပဲ အရေးကြီးလို့လား။”
“ဝူးးး”
“ဝူးးး”
နွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်ဟာ အခုဆိုရင် ရွှေရောင်ချပ်ဝတ် အလောင်းကောင်ဘုရင်တွေ လုံးဝ ဖြစ်သွားကြပြီဖြစ်၏။အကြေးခွံတွေနဲ့ နွားအမြီးရှည်တွေ ထက်မြက်တဲ့ ရွှေရောင်နွားချိုတွေဓားသွားလို လက်သည်းတွေနှင့် လုပေါင်ရဲ့ အမိန့်အောက်မှာ နွားခေါင်းအလောင်းဘုရင် နှစ်ကောင်ဟာ ချက်ချင်း ပေါက်ကွဲထွက်လာပြီး အိုရော့စ်ရဲ့ရှေ့မှာ တပြိုင်နက်တည်း ပေါ်လာတော့သည်။
“သောက်ကျိုးနည်းးး”
အိုရော့စ်ရဲ့ ဆံပင်တွေ ထောင်သွားသည်။သူ ရှောင်ဖို့ အချိန်မရတော့ပေ။အဖြူရောင်အလင်းတွေ ပတ်လည်ဝိုင်းနေတဲ့ ကြားကနေ ဧရာမ သားရဲခြေထောက်ကြီး နှစ်ချောင်းရဲ့ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး လွင့်ထွက်သွားတော့သည်။
“ဘုန်းးး”
အိုရော့စ်သည် မီတာ ဒါဇင်ပေါင်းများစွာ လွင့်သွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်။ ပတ်ပတ်လည်က ရွှေရောင်ကျိုင်းကောင်တွေဟာ ဘာမှ အသုံးမဝင်တော့သလိုပင်ဖြစ်သည်။အလောင်းအရှိန်အဝါတွေဟာ အလောင်းဘုရင် နှစ်ကောင်ရဲ့ နွားဦးချိုတွေဆီမှာ တပြိုင်တည်း စုစည်းလာသည်။
“ဘုန်းးးဘုန်းးးး”
အလောင်းကောင်အငွှေ့အသက် တွေဟာ လေဆာတွေလို ထွက်ပေါ်လာသည်။အိုရော့စ် လူးလဲထလိုက်စဉ်မှာပဲ အလောင်းအလင်းတန်း နှစ်ခုက သူ့ကို အပေါက်ဖောက်သွားတော့သည်။
“ဒါပဲလား။”
လုပေါင်မှင်သက်သွားတော့သည်။နွားဦးခေါင်းအလောင်းဘုရင်ကပဲ သိပ်အားကောင်းနေတာလား။ဒါမှမဟုတ် အိုရော့စ်ကပဲ သိပ်ညံ့နေတာလား။
“သခင် သတိထားပါ။ အဲဒါက ကိုယ်ပွားဖြစ်ရမယ်။”
မြွေဟောက်နက်ကြီးရဲ့ အသံ ထွက်လာသည်။
“ကိုယ်ပွား...”
လုပေါင် နားလည်သွားသည်။
‘ဒီလူကဘာလို့ ဒီလောက် ညံ့နေရသလဲဆိုတာ မဆန်းတော့ဘူး။ငါတွေ့ဖူးတဲ့ ဆရာတွေက အစွမ်းချင်း မတူကြဘူး။မြင့်မြတ်တဲ့လေးသည် ထော်လေကလည်း မညံ့ပါဘူး။အဲဒီတုန်းက မြွေဟောက်နက်ကြီးနဲ့ ရင်ဆိုင်ခဲ့ရလို့သာ သူ ညံ့သလို ထင်ရတာ။’
‘ကောင်းကင်ဆရာကြီးလို လူမျိုးကိုဆိုရင် ဘယ်သူက ညံ့တယ်လို့ ပြောရဲမှာလဲ။’
ချီလင်လေးက ရုတ်တရက် ကောင်းကင်ကို မော့ကြည့်ပြီး မြွေဟောက်နက်ကြီးရဲ့ ခေါင်းပေါ်မှာ ထိုင်လိုက်သည်။သူ့ရဲ့ မျက်လုံးကြီးတွေက စူးစမ်းလိုစိတ်နဲ့ ပြည့်နေပြီး ခေါင်းလေးကို စောင်းကာ ကြည့်နေသည်။
လုပေါင် ဘာမှ မခံစားရသလို မြွေဟောက်နက်ကြီးလည်း ဘာမှ မသိသေးပေ သို့သော် ချီလင်လေး တစ်ခုခုကို ရှာတွေ့သွားပြီဆိုတာ သူ သိလိုက်သည်။မြွေဟောက်နက်ကြီးရဲ့ သတိပေးချက်ကို ပြန်စဉ်းစားကြည့်လိုက်တော့ သူ သဘောပေါက်သွားပြီဖြစ်၏။
“မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်း။”
လုပေါင် လျင်မြန်စွာ လက်ကွက်တွေ ဖော်လိုက်သည်။ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေသည့်မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်း က သူ့နောက်မှာ ချက်ချင်း ပေါ်လာတော့သည်။ပထမဆုံး ဧရာမ ဒိုင်းကြီး ပြီးတော့ လက်သည်းကြီး ပြီးတော့ ကိုယ်ထည်မီးတောက်နေတဲ့ အနီရောင် နွားခေါင်းအလောင်းဘုရင်ပုံရိပ်ကြီးက လုပေါင်ရဲ့နောက်မှာ ပေါ်ထွက်လာသည်။
သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင် လေးပုံတစ်ပုံလောက် ချက်ချင်းပဲ အကုန်ခံလိုက်ရသည်။ ပြီးခဲ့တဲ့အကြိမ်နဲ့ မတူတာက သူ့နောက်က မီးတောက်အလောင်းဘုရင်ကြီးရဲ့ ညာဘက်လက်ထဲမှာ မီးတောက်လှံရှည်ကြီး တစ်လက် ပါလာခြင်းဖြစ်၏။
အဲဒီအချိန်မှာ လုပေါင်ဟာ သူကိုယ်သူ ဘယ်သူမှ မယှဉ်နိုင်တော့ဘူးလို့ ခံစားလိုက်ရသည်။
“ဒိုင်းတစ်ချက်နဲ့ အရာအားလုံးကို ကာကွယ်မယ်လှံတစ်စင်နဲ့ အရာအားလုံးကို ဖျက်ဆီးမယ်။”
‘ရွှေရောင်အလင်း ဂါထာ နဲ့ မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်းကို ပေါင်းစပ်လို့ ရမလား။’
လုပေါင် ချက်ချင်းပဲ လက်ကွက်တွေဖော်ပြီး ဂါထာတွေ ရွတ်လိုက်သည်။ဖြစ်နိုင်တယ်လို့ သူ မရေမရာ ခံစားမိသည်။တကယ်ပဲ မြစ်ဖျားခံရာ အရင်းအမြစ်ချင်း တူနေတဲ့အတွက် ဒီစွမ်းအားနှစ်ခုဟာ ငြင်းဆန်ခြင်းမရှိဘဲ ပေါင်းစည်းသွားသည်။
ရွှေရောင်အလင်းတွေ ပျံ့နှံ့သွားပြီး လုပေါင်နဲ့ သူ့နောက်က အသက်ဓာတ်ပုံရိပ်ကြီးကို လွှမ်းခြုံသွားတော့သည်။
“ရွှေရောင်အလင်း လွှမ်းခြုံထားသော ခန္ဓာကိုယ်။”
အဲဒီအချိန်မှာပဲ လုပေါင် သိလိုက်ရသည်။ ကောင်းကင်မှာ အားကောင်းတဲ့ စွမ်းအင်တစ်ခု စုစည်းနေပြီ။ဒီစွမ်းအင်က မျက်နှာပြင်မှာ ရှိနေတာ မဟုတ်ဘဲ ဟင်းလင်းပြင် တစ်ခုထဲမှာ ဝှက်ထားပုံရသည်။
မြွေဟောက်နက်ကြီးတောင် မသိလိုက်တဲ့အရာကို ချီလင်လေးက အရင်သိတာကို ကြည့်ရင် ချီလင်လေးရဲ့ အာရုံခံစားမှုက ပိုသာနေတာ သိသာသည်။
“မဖြစ်နိုင်တာ...”
အိုရော့စ် အဖောက်ခံရတာကို ကြည့်ပြီး ဂျင်းနီ အော်ဟစ်လိုက်သည်။သူမနှလုံးသားထဲမှာ အမြဲတမ်း အနိုင်မခံခဲ့တဲ့ အိုရော့စ်ဟာ တရုတ်ကို ရောက်ရောက်ချင်းမှာပဲ အသတ်ခံလိုက်ရခြင်းလော။
ရုတ်တရက် ခန့်ညားထည်ဝါတဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ ကောင်းကင်တစ်ခုလုံးဟာ အလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားသည်။
“အဂ္ဂဒေဝတမန်၏ မြှား”
ကောင်းကင်တစ်ခုလုံးဟာ ဖြူစင်တောက်ပသွားပြီး ကမ္ဘာမြေကို လင်းထိန်သွားစေသည်။
အလင်းတန်းထဲကနေ ဖြူစင်တဲ့ မြှားတစ်စင် ပစ်ထွက်လာပြီး သူ့နောက်မှာ သန့်ရှင်းတဲ့ ငှက်မွှေးနှစ်ခု ဝဲကျလာသည်။အဂလင်းစွမ်းအား တားမြစ်ပညာရပ်အဂ္ဂဒေဝတမန်၏ မြှားဖြစ်သည်။
အိုရော့စ်မှာ ဒီလောက်အထိ စွမ်းအားရှိတယ်ဆိုတာ ဂျင်းနီတောင် မသိခဲ့ပေ။ အလင်းအသွင်ပြောင်း ပညာရပ် ပဲဖြစ်ဖြစ် အဂ္ဂဒေဝတမန်၏ မြှား ပဲဖြစ်ဖြစ် နှစ်ခုစလုံးက တားမြစ်ပညာရပ်တွေ ဖြစ်ကြသည်။အဲဒါတွေက ပါရမီရှိရုံနဲ့ မရဘဲ အသက်ဓာတ်ကိုပါ ရင်းပြီး သုံးရတာ ဖြစ်သည်။
“မင်းကို စောင့်နေတာ ကြာပြီ တားစမ်းးး”
လုပေါင်က ထိပ်တိုက်ရင်ဆိုင်ဖို့ ခုန်တက်လိုက်သည်။ရွှေရောင်အလင်း လွှမ်းခြုံထာသည့် အနီရောင် မြေကမ္ဘာချပ်ဝတ် ကြီးက လှုပ်ရှားလိုက်ပြီး ဧရာမ ဒိုင်းကြီးနဲ့ အဂ္ဂဒေဝတမန်၏ မြှား ကို ခုခံလိုက်သည်။
“ဘုန်းးး”
အဖြူရောင်အလင်း အလောင်းအငွှေ့အသက်ရွှေရောင်အလင်း တောက်လောင်နေတဲ့ မီးတောက်တွေ သန့်ရှင်းတဲ့ ငှက်မွှေးတွေ ဝဲကျလာပြီး ဧရာမ ဒိုင်းကြီးပေါ်မှာ အက်ကြောင်းတွေ ပေါ်လာသည်။
“မဟာ အလောင်းလှံ”
ပုံရိပ်ကြီးဆီက အလောင်းလှံကြီးကို ပစ်လွှတ်လိုက်ပြီဖြစ်သည်။
ဂုဏ်ထူးဆောင်ဆရာတစ်ယောက်သည် ဒီလောက်အထိ အစွမ်းထက်နိုင်မယ်လို့ ဂျင်းနီ တစ်ခါမှ မတွေးဖူးပေ။သူမသည် ဆရာတွေ အများကြီး မြင်ဖူးပေမဲ့ ဒီလောက်အထိ ခန့်ညားထည်ဝါတဲ့ တိုက်ပွဲမျိုး မကြုံခဲ့ဖူးပေ။
“အလင်းးး”
ခန့်ညားတဲ့ အသံကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ခဏတာအတွင်းမှာ ဂျင်းနီတစ်ယောက် ဒူးထောက်ချင်စိတ် ပေါက်သွားသည်။
လောကကြီးတစ်ခုလုံး ပြင်းထန်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်သွားပြီးနောက် ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
“ဒါ အစစ်လား။”
လုပေါင်ကရင်ဘတ်မှာ လက်သီးဆုပ်လောက် အပေါက်ကြီးနဲ့ ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ အိုရော့စ်ကို ကြည့်ပြီး မြွေဟောက်နက်ကြီးကို လှည့်မေးလိုက်သည်။
“အစစ်ပါ။ သူ့ရဲ့ အသက်ဓာတ်က တဖြည်းဖြည်း ဆုံးရှုံးနေပြီ သူ အသက်ရှင်မှာ မဟုတ်တော့ဘူး။”
မြွေဟောက်နက်ကြီးကလုပေါင်ရဲ့နောက်က မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်းကိုပဲ စိုက်ကြည့်နေသည်။ဒီအစွမ်းထက်တဲ့ ပညာရပ်ကို သူ တကယ်ပဲ အံ့သြနေပုံရသည်။
အိုရော့စ်ကတော့ ဆံပင်ဖြူတွေက ပခုံးပေါ် ဝဲကျနေပြီး မျက်လုံးတွေက မှေးမှိန်လာကာ သူ့ကိုယ်ပေါ်က အဖြူရောင်အလင်းတွေလည်း ပျောက်ကွယ်လာသည်။
လူလတ်ပိုင်းအရွယ်ကနေ သေခါနီး အဖိုးအိုတစ်ယောက်အဖြစ် သူ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
“ဆ... ဆရာ...”
အသက်ငင်နေတဲ့အဖိုးအိုကို ကြည့်ပြီး ဂျင်းနီ မျက်နှာ ဖြူလျော့သွားသည်။
“ယဇ်ပူဇော်ခြင်း...”
အိုရော့စ်ရဲ့ ခြောက်ကပ်ကပ် အသံကြီး ထွက်ပေါ်လာပြန်သည်။
“ဝီးးးးး”
မရေမတွက်နိုင်တဲ့ ရွှေရောင်ကျိုင်းကောင်တွေ ပျံတက်လာကြသည်။ရွှေရောင်ကျိုင်းကောင်တစ်ကောင်က အိုရော့စ်ဆီကို ပျံသွားပြီး အနားရောက်တာနဲ့ အဖြူရောင်အလင်းဖျော့ဖျော့လေး ထွက်လာကာ ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
တစ်ကောင် တစ်ဆယ် တစ်ရ တစ်ထောင်... “ဒါက ဘာစွမ်းရည်လဲ။”
လုပေါင်မြွေဟောက်နက်ကြီးကို လှည့်ကြည့်လိုက်သည်။မြွေဟောက်နက်ကြီးလည်း မော့ကြည့်နေသည်။အိုရော့စ်ဟာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေသည်။ခုနက သေခါနီး အဖိုးအိုဟာ သူ၏ အရင်က အကောင်းဆုံး အခြေအနေ ကို ပြန်ရောက်လာနေပြီ ဖြစ်သည်။