← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း ၁၁၉- ကျိုင်းကောင်သုတ်သင်ခြင်း။

ရွှေရောင်ကျိုင်းကောင်များ တစ်ကောင်ပြီးတစ်ကောင် ဆက်လက်ပျောက်ကွယ်သွားသည်နှင့်အမျှ အိုရော့စ်၏ရင်ဘတ်ရှိ သွေးထွက်သံယိုအပေါက်ကြီးမှာလည်း လျင်မြန်စွာ ပြန်လည်ကျန်းမာလာသည်။

ရွှေရောင်ကျိုင်းကောင် သောင်းနှင့်ချီ၍ ပြာအဖြစ်ပြောင်းလဲသွားသည်ကို မြင်သောအခါ လုပေါင်က သတိဝင်လာပြီး ဟိန်းဟောက်လိုက်သည်။

“အောက်တန်းစားကောင်၊း ငါ့ရတနာတွေကို သုံးပြီး ဒဏ်ရာကုနေတာပေါ့လေသေပေတော့။”

“ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး”

၎င်းသည် မြေကမ္ဘာချပ်ဝတ်အသက်သွင်းခြင်းမှတစ်ဆင့် ပေါက်ကွဲထွက်လာသော ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးပင် ဖြစ်သည်။

“ဘုန်းးး”

အိုရော့စ်သည် ကောင်းကင်သို့ လွင့်တက်သွားသည်။

“ဝူးးး”

မြွေဟောက်နက်လည်းကြီးလှုပ်ရှားလိုက်သည်။၎င်း၏ မေးရိုးများကို ဟလိုက်ရာ ကောင်းကင်သို့ လွင့်တက်သွားသော အိုရော့စ်သည် အမှောင်ထုထဲတွင် ပိတ်မိသွားသလို ခံစားလိုက်ရပြီး အောက်သို့ လျင်မြန်စွာ ဆွဲချခြင်း ခံလိုက်ရသည်။

“ဘုန်းးးး”

ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးမှာ ခဏချင်းအတွင်း ရောက်ရှိလာသည်။အိုရော့စ်က လက်နှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ အလင်းတန်းများ ပြန်လည်ထွက်ပေါ်လာသည်။

“ဝုန်းးး”

လုပေါင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများ ကုန်ခမ်းလုနီးပါးဖြစ်နေသည်ကို ခံစားလိုက်ရသည်။ဘာပဲဖြစ်ဖြစ် သူသည် ဂုဏ်ထူးဆောင်အဆင့် အစစ်အမှန်မဟုတ်သေးသဖြင့် မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်း၏ အပြည့်အဝပုံစံကို အသုံးပြုခြင်းမှာ ကျိန်းချီများကို မတရားစားသုံးလွန်းလှသည်။

အိုရော့စ်သည် သွေးများအန်ကာ နောက်သို့ လွင့်ထွက်သွားပြီး လက်နှစ်ဖက်စလုံး ကျိုးသွားကာ မျက်နှာတစ်ခုလုံးလည်း သွေးချင်းချင်းနီသွားတော့သည်။

“ဝူးးးး”

ချီလင်လေးက ပါးစပ်ကို ဟလိုက်ရာ ထိတ်လန့်တုန်လှုပ်နေသော အိုရော့စ်၏ မျက်လုံးများရှေ့တွင် ကောင်းကင်တစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်သွားသည်။

“မဖြစ်နိုင်တာ”

မီးတောက်များမှာ အိုရော့စ်ကို ကျော်ဖြတ်သွားသည်။ကြေမွနေသော အလောင်းမှာ လေထဲတွင် ခဏမျှ တွဲလောင်းကျနေပြီးနောက် ပြာအဖြစ်ပြောင်းလဲကာ လွင့်စင်သွားတော့သည်။သူ၏ နောက်ဆုံးအချိန်တွင် အိုရော့စ်သည် လုပေါင်ကို အလစ်အငိုက်တိုက်ခိုက်ရန် ကြိုးစားမည့်အစား အလင်းအသွင်ပြောင်း ပညာရပ်ကို သုံးပြီး မပြေးခဲ့မိသည်ကို နောင်တရသွားခဲ့သည်။

နွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင် မြွေဟောက်နက်ကြီး၊ ချီလင်လေးနှင့် လုပေါင်တို့မှာ သူ့ကို သတ်နိုင်သည့် အစွမ်းရှိကြသည်။

သို့သော် သူသာ အစကတည်းက ထွက်ပြေးခဲ့လျှင် အမှန်တကယ် လွတ်မြောက်နိုင်ခဲ့ပေလိမ့်မည်။

ဖြူစင်သော လက်စွပ်တစ်ကွင်းမှာ မြေပြင်ပေါ်သို့ ဂလင် ဆိုသည့် အသံနှင့်အတူ ပြုတ်ကျလာပြီး လိမ့်သွားကာ ရပ်တန့်သွားသည်။

အသွင်ပြောင်းကျားသည် လမ်းလျှောက်သွားလိုက်ပြီး ခေါင်းကိုစောင်းကာ လက်စွပ်ကိုကြည့်လိုက်ပြီးနောက် ၎င်း၏လက်သည်းဖြင့် လုပေါင်ထံသို့ ခတ်ပစ်လိုက်သည်။

“နာလိုက်တာ။”

လုပေါင်သည် သူ၏ သွေးကြောမျှင်များ နှင့် တစ်ကိုယ်လုံး အောင့်နေသည်ကို ခံစားလိုက်ရသည်။သူသည် အင်အားအလွန်အကျွံသုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးများကို ပြင်းထန်စွာ ခံစားနေရခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ် သူ၏ ကိုယ်ပိုင်အစွမ်းမှာ အလွန်အားနည်းနေသေးပြီး လက်ရှိခန္ဓာကိုယ်က ထိုမျှအစွမ်းထက်သော ပညာရပ်ကို အပြည့်အဝ မခံနိုင်သေးပေ။

လက်စွပ် ပျံလာသည်ကို လုပေါင် ဖမ်းလိုက်သည်။၎င်းမှာ အလွန်ပူနေသည်။ချီလင်လေး၏ မီးတောက်အောက်တွင် ဤအရာက မပျက်စီးဘဲ ကျန်ရစ်နေခြင်းမှာ အံ့သြစရာပင်။

“ဒါက ဘာကြီးလဲ။”

လုပေါင် နေရာအနှံ့ စစ်ဆေးကြည့်လိုက်သည်။

“ဒါက အဂ္ဂဒေဝတမန် လက်စွပ်ပါ။”

ဂျင်းနီ၏ အသံမှာ အနည်းငယ် တုန်ရင်နေသည်။

နွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်မှာ သူမ၏အနားတွင် ရပ်နေသည်မှာ ကြာပြီဖြစ်ရာ သူမ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူတို့က စိုက်ကြည့်ကြသည်။

“ဒါက ဘာလုပ်တာလဲ။”

လုပေါင်ကဂျင်းနီကို ကြည့်ကာ ပြောလိုက်သည်။

“မင်းကို ဘာလို့ မသတ်တာလဲသိလား သိသမျှ အကုန်ပြောပြ။လျော်ကြေးမပေးဘဲနဲ့တော့ ဒီကနေ မထွက်ရဘူး။”

“ကျွန်မ နားလည်ပါပြီ။အဂ္ဂဒေဝတမန် လက်စွပ်ဆိုတာ ရှင်တို့အရှေ့တိုင်းက သိုလှောင်အိတ်တွေလိုပါပဲ သူ့မှာ သီးသန့်ဟင်းလင်းပြင် ရှိတယ်။ကျွန်မရဲ့ဆရာက နတ်ဘုရားအပျက်အစီးတစ်ခုကို ရှာဖွေရင်း ရခဲ့တာလို့ ပြောဖူးတယ်။အဂ္ဂဒေဝတမန်၏ မြှားကိုလည်း အဲဒီထဲကနေ သင်ယူခဲ့တာဖြစ်ဖို့ များပါတယ်။အခု ဆရာသေသွားပြီဆိုတော့ သူချန်ခဲ့တဲ့ စိတ်အာရုံမှတ်သားချက် ကလည်း ပျက်ပြယ်သွားပြီ ရှင် အထဲက ဟင်းလင်းပြင်ကို စစ်ဆေးလို့ ရပါတယ်။”

ဂျင်းနီသည် အလွန်ထိတ်လန့်နေသည်။သူမ၏ အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းမှာ လုပေါင်၏အပေါ်တွင်သာ မူတည်နေသည်ကို သူမ သိသည်။

သူမ၏ဆရာ သေဆုံးသွားသဖြင့် သူမ အားငယ်နေသော်လည်း အခုချက်ချင်းတော့ မသေချင်သေးပေ။

“သိုလှောင်အိတ်လား။”

လုပေါင်အံ့သြသွားသည်။သူသည် သူ၏ စိတ်စွမ်းအင်ဖြင့် ဖွင့်ကြည့်လိုက်ရာ အခန်းငယ်တစ်ခုစာ အရွယ်အစားရှိသော ဟင်းလင်းပြင်တစ်ခု ပေါ်လာသည်။အထဲတွင် ရွှေ၊ ငွေ၊ ရတနာများနှင့် စိန်များစွာ ရှိနေသည်။

အနောက်တိုင်း ရှေးဟောင်းစာအုပ်များ၊ သားရေစာလိပ်များ၊ လက်နက်အမျိုးမျိုးနှင့် အမေရိကန်ဒေါ်လာ အမြောက်အမြားရှိနေပြီး အနည်းဆုံး ဆယ်သန်းခန့် ရှိပုံရသည်။ထို့အပြင် တန်ဖိုးကြီး ပန်းချီကားနှင့် လက်ရေးမူ ဒါဇင်ပေါင်းများစွာလည်း ရှိနေသည်။

အနှံ့အပြား ရှာဖွေပြီးနောက် လုပေါင်က မကျေမနပ်နှင့် ပြောလိုက်သည်။

“ရွှေရောင်ကျိုင်းကောင်တွေ မွေးမြူတဲ့ လျှို့ဝှက်နည်းလမ်းက ဘယ်မှာလဲ။ပြီးတော့ ကန္တာရ ရွှေတွင်း တည်နေရာကရော။”

သူသည် ရွှေရောင်ကျိုင်းကောင် မွေးမြူသည့် နည်းလမ်းကိုသာ လိုချင်နေခြင်းဖြစ်သည်။

“ရွှေရောင်ကျိုင်းကောင် မွေးမြူတဲ့ လျှို့ဝှက်နည်းလမ်းဆိုတာ မရှိပါဘူး။ဒီကျိုင်းကောင်တွေကို စိတ်စွမ်းအင်မျှင်လေးတွေနဲ့ ထိန်းချုပ်ထားတာပါ။သူတို့က တကယ့်ကို ရှင်သန်မှုအားကောင်းတဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ အကောင်တွေဖြစ်ပြီး အရေအတွက်များလေလေ ပိုပြီး အစွမ်းထက်လေလေပဲ။ ဒါပေမဲ့ များများထိန်းချုပ်လေလေ စီမံရခက်လေလေပါပဲ...”

ဂျင်းနီက သတိထားပြီး ပြောလိုက်သည်။

“အမှန်တော့ ဆရာက လျှို့ဝှက်ပညာရပ်တွေ သုံးပြီးရင် သူ့ရဲ့ အသက်ဓာတ်ကို ပြန်ဖြည့်တင်းဖို့အတွက် ဒီရွှေရောင်ကျိုင်းကောင်တွေကို သုံးတာပါ။နောက်တစ်နှစ်မှာ ကြီးမားတဲ့ စစ်ပွဲတစ်ခု လာတော့မယ်။ဒီအကောင်တွေကို အဲဒီစစ်ပွဲအတွက် ပြင်ဆင်ထားတာ ဖြစ်ဖို့ များပါတယ်။”

“မင်း အမှန်အတိုင်း မပြောဘူးဆိုရင်တော့ ငါ မင်းကို သတ်ပစ်ရလိမ့်မယ်။”

လုပေါင်က မျက်လုံးလှန်ကြည့်လိုက်ပြီး နွားဦးခေါင်းအလောင်းဘုရင် နှစ်ကောင်ကို အမိန့်ပေးရန် ပြင်လိုက်သည်။

“မဟုတ်ပါဘူး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ ကျွန်မ တရုတ်ပြည်ကို ဘယ်တော့မှ ထပ်မလာတော့ပါဘူးတောင်းပန်ပါတယ်။”

ဂျင်းနီ၏ မျက်နှာမှာ ဖြူလျော့သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

လုပေါင်က မြွေဟောက်နက်ကြီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

“သူမ အမှန်အတိုင်း ပြောနေတာပါ။”

“နှမြောစရာပဲ”

လုပေါင်ကနှမြောတသစွာ ခံစားလိုက်ရသည်။

“ကလပ် ကလပ်”

“ကလပ်”

“ကလပ်”

မြည်သံများစွာ ထွက်ပေါ်လာသဖြင့် လုပေါင် လှည့်ကြည့်လိုက်ရာ မရေမတွက်နိုင်သော ရွှေရောင်ကျိုင်းကောင်များမှာ မိုးရေများကဲ့သို့ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ခဏချင်းအတွင်းမှာပင် ရွှေရောင်ကျိုင်းကောင်အားလုံး သေဆုံးသွားကြသည်။

ဂျင်းနီ၏ အနားတွင် ရှိသော အကောင်များလည်း ထို့အတူပင်ဖြစ်၏။

“ဘာဖြစ်ကုန်တာလဲ။”

လုပေါင်သည်ထိုမြင်ကွင်းကိုကြည့်ကာ ရင်ကွဲမတတ် ခံစားလိုက်ရသည်။သူသည် ထိုအကောင်များကို တွင်းနက်ထဲသို့ ထည့်ပြီး ယဉ်ပါးအောင် မွေးမြူကြည့်ရန် စဉ်းစားထားခြင်းဖြစ်သည်။

‘ဘာလို့အားလုံး ရုတ်တရက် သေသွားရတာလဲ။’

“ဆရာ သေသွားလို့ပါ ဒီကျိုင်းကောင်တွေကို ထိန်းချုပ်ထားတဲ့ စိတ်စွမ်းအင်မျှင်လေးတွေကလည်း ချက်ချင်း ပေါက်ကွဲသွားပြီး သူတို့ကို သေစေတာပါ...”

ဂျင်းနီသည် သူမလည်း အသက်မရှင်တော့ဘူးဟု ခံစားနေရသည်။

“ကဲ... အခု မင်းအသက်အတွက် လျော်ကြေးပေးတော့။ကန္တာရ ရွှေတွင်းနေရာနဲ့ တခြား မင်းသိတဲ့ ရတနာသိုက်နေရာတွေကို ပြောပြလိုက်။”

“အမ်...”

“ဘာ အမ် လဲ မြန်မြန်ပြော။”

နောက်ဆုံးတွင် ကန္တာရ ရွှေတွင်း တည်နေရာမှလွဲ၍ တခြား ရတနာသိုက် တည်နေရာကို လုပေါင် မသိလိုက်ရပေ။

‘ဘာပဲဖြစ်ဖြစ်ငါ့လို ရတနာရှာထွက်နေတဲ့သူက ဘယ်နှယောက် ရှိမှာလဲ။’

ဂျင်းနီကို ပြန်လွှတ်ပေးလိုက်သည်။အိုရော့စ်သည် သူ့ကို လက်စားချေပေးမည့်သူငယ်ချင်းများ မရှိသဖြင့် သူ သေသွားခြင်းမှာ ဘာမှ အရာမထင်ပေ။

ထို့အပြင် ရှေးဟောင်းတရုတ်ပြည်မှာ အနောက်တိုင်း အလင်းကျင့်ကြံသူများ၏ မျက်စိတွင် တားမြစ်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

ဂျင်းနီမှာ အသုံးမဝင်လှပေ။သူမက ကျိုင်းကောင် အနည်းငယ်ကိုသာ ထိန်းချုပ်နိုင်ပြီး အိုရော့စ်ကသာ အဓိက ထိန်းချုပ်သူ ဖြစ်သည်။သူမကို ထိန်းသိမ်းထားလည်း အသုံးမဝင်သဖြင့် လုပေါင် သူမကို လွှတ်ပေးလိုက်တော့သည်။

မီးပုရွက်ဆိတ်နီစစ်တပ်နှင့် ကြွက်စစ်တပ်မှာ ကျိုင်းကောင်များကို မနားတမ်း သုတ်သင်နေဆဲဖြစ်သည်။လူပေါင်းများစွာနှင့် နိုင်ငံပေါင်းများစွာကို ခေါင်းခဲစေခဲ့သော ကျိုင်းကောင်ဘေးမှာ တရုတ်နိုင်ငံသို့ ရောက်သောအခါ ခံစစ်မျဉ်းတစ်ခုကိုပင် မကျော်နိုင်ခဲ့သည်မှာ အံ့သြစရာပင်။

လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ လက်ဆောင်များမှာ အဟုန်နှင့် တက်နေသည်။ဤတစ်ကြိမ်တွင် သာမန်လူများသာမက တခြားနိုင်ငံမှ လူများကလည်း လက်ဆောင်များ ပေးပို့နေကြသည်။

အိန္ဒိယမှ ကျိုင်းကောင်နှိမ်နင်းရန် အကူအညီတောင်းခံခြင်းဆိုသည့် အမည်ရှိသူတစ်ဦးမှာ လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လက်ဆောင် သိန်းပေါင်းများစွာ ပေးထားပြီးဖြစ်သည်။

ပင်လယ်ပြင် ရတနာသေတ္တာများ တစ်ခုပြီးတစ်ခု ပွင့်နေသည်။

သူတစ်ယောက်တည်း မဟုတ်ဘဲ တရုတ်ကုန်သည်များနှင့် အရာရှိများကလည်း လက်ဆောင်များ ပေးပို့နေကြသည်။၎င်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာ အောင်ပွဲခံပွဲတစ်ခုကဲ့သို့ ဖြစ်နေသည်။ကြီးမားသော ပြဿနာဖြစ်စေနိုင်သည့် ကျိုင်းကောင်ဘေးကို ဤကဲ့သို့ ဖြေရှင်းလိုက်နိုင်ခြင်းကြောင့်ပင်ဖြစ်၏။

တစ်ချိန်က အမုန်းခံခဲ့ရသော မီးပုရွက်ဆိတ်နီများနှင့် ကြွက်စစ်တပ်မှာ ယခုအခါ တရုတ်ပြည်သူပြည်သားများ၏ အစောင့်အရှောက်များ ဖြစ်လာကြပြီဖြစ်သည်။

စိတ်လှုပ်ရှားဖွယ် သုတ်သင်ပွဲကြီးက လူတိုင်း၏ သွေးများကို ဆူဝေစေသည်။

“သူတို့ကို ဂရုမစိုက်နဲ့။သူတို့က နယ်စပ်မှာ နေ့တိုင်း ပြဿနာရှာနေတာ။အခု ငါတို့နိုင်ငံကို ကျိုင်းကောင်ကျူးကျော်မှုကနေ အရင်ကာကွယ်ရမှာ ဘယ်သူက သူတို့ကို ကူညီဖို့ အားနေမှာလဲ။”

“လက်ဆောင်လေး နည်းနည်းပေးပြီး တောင်းဆိုနေတာလား။ဘယ်သူက ခင်ဗျားတို့ကို ပေးခိုင်းလို့လဲ။”

“Moderator ဘယ်မှာလဲ။သူ့ကို ကန်ထုတ်လိုက်။”

“ဘုရားရေ အာရုံစိုက်ခံရဖို့ လက်ဆောင်တွေ ပေးနေတာလား ဒီလိုအချိန်မှာ ရတနာနတ်ဘုရားက တိုက်ရိုက်ထုတ်လွှင့်မှုက စာတွေကို ဖတ်အားနေမယ် ထင်လို့လား။”

“ဘာမှမရှိတဲ့အချိန်မှာ ပြဿနာရှာပြီး အခုမှ လာကူညီခိုင်းနေတာလား။မိုးချုပ်နေပြီ။မျက်နှာသစ်ပြီး သွားအိပ်တော့။”

“ပါကစ္စတန်က အကူအညီတောင်းရင်တော့ ကူညီပေးမှာပေါ့။မင်းတို့က အဲဒီအဆင့် ရောက်လို့လား။”

“ငါ့ဘဝမှာ ဒီလောက် စကားမပြောနိုင်တာမျိုး မရှိဖူးဘူး။တရုတ်ပြည်ကို ရောက်ဖို့ တောင်တွေကို ဘယ်လောက် ပင်ပင်ပန်းပန်း ဖြတ်ကျော်လာခဲ့ရလဲ မင်းတို့ သိလား။”

အိန္ဒိယနှင့် ပတ်သက်လျှင် တရုတ်ဘက်မှ လူအနည်းငယ်သာ ကောင်းသော အထင်အမြင် ရှိကြသည်။

လုပေါင် ရောက်လာပြီး ကျန်ရှိနေသော ကျိုင်းကောင်များ သေဆုံးသွားရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။

“နီနီလေး အကုန်သတ်ပစ်။တစ်ကောင်မှ မချန်နဲ့။”

“ကျောက်တုံးမင်း ရှောင်ဟွေ ဆက်လုပ်ကြ။”

“မီးပုရွက်ဆိတ်နီစစ်တပ်နဲ့ ကြွက်စစ်တပ်... တိုက်စစ်ဖွင့်ကြစမ်း။”

အခန်း ၁၂၀- ရွှေ ရှာဖွေခြင်း။

မရေမတွက်နိုင်သော လူများမှာ ဤအနိုင်ပိုင်းသုတ်သင်ပွဲကို စောင့်ကြည့်နေကြသည်။ ကန္တာရကျိုင်းကောင်ဘေးမှာ နိုင်ငံများစွာကို ထိခိုက်စေခဲ့ပြီး တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရကာ နေ့စဉ်နှင့်အမျှ သတင်းများ ထွက်ပေါ်နေခဲ့သည်။

ကန္တာရကျိုင်းကောင်များ တရုတ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် အချို့က လှောင်ပြောင်နေကြပြီး အချို့က စိုးရိမ်နေကြကာ အချို့ကမူ အရေးမစိုက်သလို နေကြသော်လည်း လူအများစုမှာ တရုတ်နိုင်ငံက ဤဘေးအန္တရာယ်ကို မည်သို့ဖြေရှင်းမည်နည်းဆိုသည်ကို သိချင်နေကြသည်။

ကန္တာရကျိုင်းကောင်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးနှင့် တိုးမည်ဟု မည်သူက ထင်ထားမည်နည်း။ထို့နောက် တစ်ကမ္ဘာလုံးကို မှင်သက်သွားစေသည့် တိုက်ရိုက်ထုတ်လွှင့်မှုကြီး ထွက်ပေါ်လာသည်။မီးပုရွက်ဆိတ်နီတပ်မဟာနှင့် ကြွက်စစ်တပ်ဤဖျက်ဆီးတတ်သော သတ္တဝါများမှာ အမှန်တကယ်ပင် တိုက်ရိုက်ထုတ်လွှင့်သူ၏ အမိန့်ကို နာခံကာ မဖောက်ထွင်းနိုင်သော ခံစစ်မျဉ်းကြီး ဖြစ်လာခဲ့သည်။

ဤပိုးမွှားလှိုင်းလုံးကြီး၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ညဦးပိုင်းအထိ ကြာမြင့်ခဲ့ပြီး မြက်ခင်းပြင်ပေါ်တွင် ကျိုင်းကောင်ဘီလီယံပေါင်းများစွာ သေဆုံးသွားချိန်တွင်မှ ပြီးဆုံးသွားတော့သည်။

လရောင်မှာ လင်းထိန်ကြည်လင်နေခဲ့သည်။

လုပေါင်သည် ခန္ဓာကိုယ်အရွယ်အစား တစ်ဆင့်ပိုကြီးလာသည့် နွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်ကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်သည်။

“မဆိုးဘူး မဆိုးဘူး။ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက ဒီလို ရိုင်းစိုင်းတဲ့ပုံစံမျိုး ဖြစ်လာသင့်တာ။ ကြမ်းတမ်းတဲ့ သတ္တဝါဆိုတာ ဒီလိုပုံစံရှိမှပေါ့။”

နွားဦးခေါင်းလေး နှစ်ကောင်မှာ ပို၍ပို၍ ကြောက်စရာကောင်းသော ပုံစံများ ဖြစ်လာသည်။

တွင်းနက်ထဲတွင် ချီလင်လေးမှာ သူ၏အိမ်သစ်ကို ပြင်ဆင်ရန် အလုပ်ရှုပ်နေဆဲဖြစ်သည်။၎င်းသည် အဂ္ဂဒေဝတမန် လက်စွပ်ထဲမှ ရွှေ၊ ငွေ၊ ရတနာများနှင့် စိန်လက်နက်များကို မျက်စိကျနေခြင်းဖြစ်သည်။အခုဆိုလျှင်တွင်းနက်ကြီး ထဲရှိ အကြီးဆုံး ဥက္ကာခဲကြီးမှာ ရတနာသိုက်ကြီးသဖွယ် ဖြစ်နေတော့သည်။

လုပေါင်သည် မြွေဟောက်နက်ကြီး လဲထားသော အရေခွံများကို သိမ်းဆည်းထားလိုက်သည်။အကယ်၍ ၎င်းတို့ကို သုံးပြီး အထူးတပ်ဖွဲ့ဝင်များအတွက် တာဝန်ထမ်းဆောင်ရာတွင် ဝတ်ဆင်ရန် မာကျောသော အကြေးခွံချပ်ဝတ်များ ပြုလုပ်ပေးနိုင်လျှင် သူတို့၏ ခုခံနိုင်စွမ်းမှာ သိသိသာသာ မြင့်တက်လာမည်မှာ သေချာသည်။

နွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်မှာ အဆင့်တက်နေဆဲဖြစ်ပြီး ရွှေအမြောက်အမြား လိုအပ်သည်။လုပေါင်သည် ရွှေရတနာသိုက်ကို အရင်ရှာဖွေချင်နေခဲ့သည်။

အသွင်ပြောင်းကျားမှာ ဘေးတွင်ထိုင်နေသော ဟွမ်ယန်လင်ကို တစ်ချက်ကြည့်ကာ နှာချေလိုက်သည်။

ဟွမ်ယန်လင်မှာ အကြည့်ကို အမြန်လွှဲလိုက်ရသည်။သူသည် ဤအစွမ်းထက်သော အသွင်ပြောင်းကျားကို အလွန်သဘောကျသော်လည်း ဤကဲ့သို့သော အဖော်မျိုးကို ရှာနိုင်သည့် စွမ်းရည် သူ့မှာ မရှိသည်မှာ ရှင်းနေပါသည်။

“မစ္စတာလု နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ သင့်ဆီက အကူအညီတောင်းရဖို့ ရှိတယ်။”

ယန်ဖေးရှန်းသည်လုပေါင်၏ဘေးတွင် ထိုင်ရင်း နွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်ကို အားကျစွာ ကြည့်နေသည်။

“အကူအညီ...”

လုပေါင်က ချက်ချင်း တုံ့ပြန်လိုက်ပြီး စကားမပြောနိုင်စွာ ပြောလိုက်သည်။

“ကျိုင်းကောင်တွေ သုတ်သင်ပေးဖို့ တခြားသူတွေကို သွားကူညီခိုင်းမလို့ မဟုတ်ဘူးလား။”

“မစ္စတာလုက တကယ်ပဲ ထက်မြက်တာပဲ။ ဘာမှလွဲချော်မှုမရှိရင် ကျွန်တော်တို့ သင့်ကို တောင်းဆိုရမှာပါ။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ကျိုင်းကောင်ကျူးကျော်မှုဒဏ်ကို ခံနေရတာလေ။ဟုတ်ပါတယ်။ရရှိမယ့် အကျိုးခံစားခွင့်တွေလည်း နည်းမှာမဟုတ်ပါဘူး။”

ယန်ဖေးရှန်းကခေါင်းငြိမ့်လိုက်သည်။ပါကစ္စတန်ဘက်မှာ ကျိုင်းကောင် ဘီလီယံ ရာနဲ့ချီတဲ့ ဒဏ်ကို ခံနေရတာဖြစ်ပြီး သူတို့သာ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို မြင်ရင် အကူအညီတောင်းလာမှာ သေချာသည်။

သူတို့က အကူအညီမတောင်းရင်တောင် အထက်လူကြီးတွေက တက်တက်ကြွကြွ ကူညီပေးဖို့ ကမ်းလှမ်းကြပေလိမ့်မည်။

“အကျိုးခံစားခွင့်တွေကို ထားလိုက်ပါ နိုင်ငံအတွက် အကျိုးပြုရမှာက ကျွန်တော့်တာဝန်ပဲ။ ကျွန်တော့်ကို ရွှေတွေပဲ ပိုပေးပါ။”

လုပေါင်ကရယ်မောလိုက်သည်။သူ အခုချိန်မှာ ရွှေကိုပဲ လိုချင်နေခဲ့သည်။

“ရွှေလား...”

ယန်ဖေးရှန်းနားလည်သွားသည်။ သူသည် နွားဦးခေါင်းအလောင်းကောင်ဘုရင် နှစ်ကောင်ကို တစ်ချက်ကြည့်ကာ ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ပြည်တွင်းမှာတော့ ရွှေအများကြီး မရှိဘူးဒါပေမဲ့ တကယ်ပေါများတာကတော့ မတူးဖော်ရသေးတဲ့ ရွှေတွင်းတွေပါပဲ။”

ရွှေပမာဏကို ထိန်းချုပ်ထားရပြီး အမှန်တကယ်ရှိသော အရန်ရွှေပမာဏမှာ လူသိရှင်ကြား ထုတ်ပြန်ထားသည်ထက် အဆပေါင်းများစွာ ပိုများလှသည်။

လုပေါင်က ၎င်းကို နားလည်သဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော် သိပါတယ်။ ဒါကြောင့်လည်း ကျွန်တော် နိုင်ငံခြားကိုသွားပြီး သူတို့ မရှာတွေ့သေးတဲ့ ရွှေတွင်းတွေကို ရှာပြီး အကုန်တူးယူပစ်ဖို့ စဉ်းစားနေတာ။”

ကြွက်စစ်တပ်နဲ့ မီးပုရွက်ဆိတ်နီးစစ်တပ်သာရှိနေရင် သူ ရှာမတွေ့နိုင်တဲ့ ရွှေတွင်းဆိုတာ ရှိပါဦးမလား။

ယန်ဖေးရှန်း မှင်သက်သွားပြီး ဟွမ်ယန်လင်လည်း ယန်ဖေးရှန်း၏ အကြည့်ကို လှမ်းကြည့်လိုက်သည်။

“မင်းတို့ ဘယ်မှာရှိလဲဆိုတာ သိလို့လား။”

သူတို့ရဲ့ အမူအရာကို မြင်လိုက်တာနဲ့ လုပေါင် သဘောပေါက်သွားသည်။

‘ဒီနှစ်ယောက်ရွှေတွင်းရှိတဲ့နေရာကို သိနေကြတာပဲ။’

“ဟုတ်တယ်။”

ယန်ဖေးရှန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ရွှေပမာဏက တကယ့်ကို ထိတ်လန့်စရာကောင်းလောက်အောင် များနိုင်ပေမဲ့ တည်နေရာက အလွန်ဝေးလံခေါင်သီတယ်။ လက်နဲ့ပဲ တူးဖော်လို့ရမှာဖြစ်သလို ကျွန်တော်တို့နိုင်ငံထဲမှာလည်း မဟုတ်ဘူး။ဒီသတင်းအချက်အလက်ကို ဖုံးကွယ်ထားတာ ၁၂ နှစ်ရှိပြီ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ တာဝန်တစ်ခုနဲ့ သွားရင်း ရှာတွေ့ခဲ့တာ။”

“အမေရိကလား”

လုပေါင်၏ မျက်လုံးများ တောက်ပသွားသည်။

“ဩစတြေးလျမှာပါ ဩစတြေးလျရဲ့ အကြီးဆုံး အပျိုစင်တောအုပ်ထဲမှာ။ လွန်ခဲ့တဲ့ ၁၂ နှစ်က တာဝန်တစ်ခုနဲ့သွားရင်း ရှာတွေ့ခဲ့တာ။ နောက်ပိုင်းမှာ သွားရောက်စစ်ဆေးတုန်းက ၁၂ ကီလိုဂရမ်ရှိတဲ့ ရွှေတုံးကြီးတစ်တုံးတောင် ယူလာနိုင်ခဲ့သေးတယ်။”

ယန်ဖေးရှန်း၏ စကားကြောင့် လုပေါင် အံ့သြသွားသည်။

“အဲဒီနေရာက တူးဖော်ဖို့ အရမ်းခက်ခဲတယ်အပျိုစင်တောအုပ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိပြီး အန္တရာယ်တွေလည်း အများကြီးပဲ။ စစ်ဆေးရေးအဖွဲ့က အဲဒီမှာ သုံးရက်ပဲ နေခဲ့ရပေမဲ့ သွေးစုပ်လင်းနို့တွေရဲ့ တိုက်ခိုက်မှုကို နှစ်ကြိမ်တောင် ခံခဲ့ရတယ်။လူနှစ်ယောက်က သွေးစုပ်လင်းနို့ကြောင့် သေဆုံးခဲ့ပြီး တစ်ယောက်က အဆိပ်ဖားကြောင့် သေတယ် နောက်တစ်ယောက်ကတော့ အဆိပ်ပြင်းမြွေကြောင့် အသတ်ခံခဲ့ရတယ်။ဝါရင့် ရွှေတူးသမားတွေတောင် အဲဒီကို မသွားရဲကြဘူး”

ဟွမ်ယန်လင်ကလုပေါင်ကို သတိပေးလိုက်သည်။ အကယ်၍ တူးဖော်ဖို့ လွယ်ကူလျှင် သူတို့ နည်းလမ်းရှာခဲ့သည်မှာ ကြာပြီဖြစ်သည်။

အလွန်ကြီးမားပြီး ရွှေထွက်နှုန်းကောင်းသော ရွှေတွင်းကြီး။

လုပေါင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့ပြောတဲ့ အန္တရာယ်တွေက ကျွန်တော့်အတွက် ပြဿနာမဟုတ်ဘူးလို့ ခံစားရတယ်။ဟဲဟဲ...အဲဒီနေရာကဘယ်မှာလဲဆိုတာ ပြောပြပါ။ဩစတြေးလျရဲ့ အကြီးဆုံး အပျိုစင်တောအုပ်ဆိုတာ Queenslandအပူပိုင်းမိုးသစ်တောမဟုတ်လား။မင်းတို့အတွက် အဆင်မပြေရင် အနီးစပ်ဆုံး တည်နေရာကိုပဲ ပြောပြပါ ကျွန်တော်ကိုယ်တိုင် သွားရှာပါ့မယ်။”

အနီးစပ်ဆုံး တည်နေရာရှိရုံနှင့် သူ ရှာတွေ့နိုင်ပါသည်။

ယန်ဖေးရှန်း ခေတ္တစဉ်းစားပြီးနောက်

“အခြေအနေကို အထက်ကို တင်ပြဖို့ လိုတယ်။ပြဿနာရှိမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”

“ကောင်းပြီ”

ယန်ဖေးရှန်းသည် အစီရင်ခံရန် သွားခဲ့ပြီး တစ်မိနစ်မပြည့်မီ ပြန်ရောက်လာသည်။

“ဘယ်လိုလဲ”

“အဆင်ပြေပါတယ်။ကျွန်တော်တို့ WeChat အကောင့်ချင်း အပ်ထားရအောင်။မြေပုံကို သင့်ဖုန်းထဲ ပို့ပေးမယ် ဒါပေမဲ့ ဒါက နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်လို့ တခြားသူတွေကို မပြရဘူးနော်။”

“ဒါပေါ့”

မကြာမီ လုပေါင်သည် အသေးစိတ်မြေပုံကို ကြည့်ကာ ဝမ်းသာသွားသည်။

Queensland အပူပိုင်းမိုးသစ်တောသည် ဩစတြေးလျနိုင်ငံ Queenslandပြည်နယ်၏ အရှေ့မြောက်ကမ်းရိုးတန်းတွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၉,၀၀၀ နီးပါး ကျယ်ဝန်းသည်။ ၎င်းသည် ထူထပ်သော အပင်များ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်များ မြစ်ချောင်းများနှင့် အောက်ခြေမမြင်ရသော ချောက်ကမ္ဘား ရေတံခွန်ကြီးများဖြင့် ပြည့်နှက်နေပြီး ရှုခင်းများမှာလည်း ခန့်ညားထည်ဝါလှသည်။

လုပေါင်သည် ညတွင်းချင်းပင် ထွက်ခွာခဲ့သည်။ စနစ် ၏ မစ်ရှင်မှာ ပေါ်မလာသဖြင့် သူ အနည်းငယ် စိတ်ပျက်သွားသည်။

‘ဒီစနစ်က ဘာလို့ လူသားဆန်မှု မရှိဘဲ ဒီလိုအခွင့်အရေးမျိုးမှာ ငါ့ကို အကျိုးခံစားခွင့်လေးတွေ မပေးရတာလဲ။’

ယန်ဖေးရှန်းသည် ဤနေရာတွင် အလွန်အကူအညီရပါသည်။သူသည် ပထမတန်းစား လေယာဉ်လက်မှတ်ကို တိုက်ရိုက်ဘိုကင်လုပ်ပေးခဲ့ပြီး လုပေါင်ကို လေဆိပ်သို့ ပို့ဆောင်ရန် ရဟတ်ယာဉ်တစ်စီးကိုပင် ပျံသန်းခိုင်းခဲ့သည်။လုပေါင် ရောက်ရှိချိန်တွင်လည်း လာရောက်ကြိုဆို ပို့ဆောင်မည့်သူ ရှိမည်ဖြစ်ရာ အရာအားလုံးမှာ ပြီးပြည့်စုံနေသည်။

“ဒါက ဂြိုဟ်တုဖုန်းပါ။အပျိုစင်တောအုပ်ထဲမှာတောင် ကျွန်တော်တို့ဆီကို အချိန်မရွေး ဆက်သွယ်လို့ရတယ်။လိုအပ်တာရှိရင် ကျွန်တော် ကိုယ်တိုင် ဆက်သွယ်ပါ့မယ်။”

“ကောင်းပြီ”

လုပေါင် လေယာဉ်ပေါ်တက်ချိန်တွင် စစ်ဘက်သုံး ဂြိုဟ်တုဖုန်းတစ်လုံး ပါလာခဲ့သည်။၎င်းမှာ အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်သည်။

ပထမတန်းစားတွင် ပထမဆုံးအကြိမ် ထိုင်ဖူးသဖြင့် လုပေါင် အလွန်ကျေနပ်နေသည်။ လေယာဉ်မယ်များ၏ တက်ကြွလှသော ဝန်ဆောင်မှုကြောင့် သူ အနည်းငယ် အနေရခက်နေသည်။လေယာဉ်မီရန် အလျင်စလိုဖြစ်နေသဖြင့် ၎င်းမှာ သာမန် ပထမတန်းစားသာ ဖြစ်သော်လည်း သက်သောင့်သက်သာရှိမှုမှာ အလွန်ကောင်းမွန်လှသည်။

သူ့ဘေးတွင် လဲလျောင်းကာ သတင်းစာဖတ်နေသော နိုင်ငံခြားသား အဖိုးအိုတစ်ဦးကို မြင်သောအခါ လုပေါင် ခေတ္တစဉ်းစားပြီးနောက် အဂ္ဂဒေဝတမန် လက်စွပ်ထဲမှ ထူထပ်သော ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

သူသည်လည်း ထိုအဖိုးအိုကဲ့သို့ လဲလျောင်းကာ စာစတင်ဖတ်တော့သည်။

“သန့်ရှင်းသော သမ္မာကျမ်းစာ။”

လုပေါင် စကားမပြောနိုင်စွာ ကြည့်နေမိသည်။

‘အနောက်တိုင်းဆရာကြီးတွေက သမ္မာကျမ်းစာကို စိတ်ဝင်စားကြတာလား။’

သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အရောင်းရဆုံးစာအုပ်ဖြစ်ပြီး အနောက်နိုင်ငံများတွင် အကြွင်းမဲ့ လွှမ်းမိုးမှုရှိသော စာအုပ်ဖြစ်သည်မှာ သိသာလှသည်။သူ မတော်တဆ ထုတ်လိုက်သော စာအုပ်မှာ သမ္မာကျမ်းစာ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

‘ဒါကို လေ့လာကြည့်ရမှာပဲ။’

လုပေါင် ခဏမျှ ဖတ်နေလိုက်သည်။ လေယာဉ်မယ် ရောက်လာပြီး သူကိုင်ထားသော ထိုမျှထူထပ်ကြီးမားသော စာအုပ်ကြီးကို မြင်သောအခါ သူမလည်း အံ့သြသွားသည်။ထိုစာအုပ်မှာ အလွန်ပင် ရှေးကျနေပုံရသောကြောင့် ဖြစ်သည်။

“လူကြီးမင်း စောင် လိုအပ်ပါသလား။”

“မလိုပါဘူး မလိုပါဘူး”

All Chapters