အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း ၃၇၆
ဖူရှီ၏စကားကို ကြားလိုက်ရပြီးနောက် ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ ဒါဆို မင်းအရင်ပြန်သွားလိုက်ပါ။ ဒီကဒေသခံတွေကို မင်းနဲ့အတူ ပြန်ခေါ်သွားလို့ရတယ်။ ငါ့ဆီကအကူအညီလိုရင် အချိန်မီဆက်သွယ်လိုက်ပါ။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အရှင် ကျုပ်လူတွေအားလုံးကို အမြန်ဆုံးပြန်ခေါ်လာခဲ့ပါ့မယ်။”
ဖူရှီက သူ၏လက်နှစ်ဖက်ကိုမြှောက်ပြီး ပြန်ဖြေလိုက်သည်။
“စကားမစပ် ဒီကိုခေါ်လာတဲ့လူတွေထဲမှာ လယ်သမားနဲ့အတူ ပညာသင်ဖူးတဲ့သူတွေရှိလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့ သူတို့ထဲမှာ အချို့ရှိပါတယ်။”
ဖူရှီက ပြန်ဖြေသည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ မင်းပြန်သွားတဲ့အခါ ဦးတည်ချက်ကျောက်ကို အားသွင်းဖို့ တစ်ပတ်လောက်ကြာလိမ့်မယ်။ ဒီတစ်ပတ်အတွင်း မင်းရဲ့ကျွန်းကို စူးစမ်းလေ့လာပြီး ငါတို့ကျွန်းမှာမတွေ့ရတဲ့ အပင်တချို့ကိုရှာရမယ်။ ပြီးရင် ငါ့ဆီပြန်ပို့ပေးရမယ်။”
“ဟုတ်ကဲ့ ရှန်းနွန်က ကျုပ်တို့ထွက်လာတဲ့အချိန်တည်းက ဒီအကြောင်းကို အသိပေးထားပြီးပါပြီ။”
ဖူရှီက ပြောသည်။
“ကောင်းပြီ မင်းမှာမေးစရာရှိရင် ငါ့ကိုဆက်သွယ်လိုက်ပါ။”
ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီးနောက် သင်္ဘောပေါ်မှခုန်ဆင်းကာ အပျော်စီးသင်္ဘောပေါ်သို့ တက်သွားလိုက်သည်။
ရှောင်းယီ သင်္ဘောကြီးနှင့် ဝေးရာသို့ရောက်သွားပြီးနောက် ဖူရှီသည် ချက်ချင်းပင် ဦးတည်ချက်ကျောက်ကို အသုံးပြုလိုက်တော့လေသည်။
ရုတ်တရက် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တမင်တကာ နောက်ဆုံးတွင်နေခဲ့သည့် တိလင်းကုချီကီသည်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရလေသည်။
“ခေါင်းဆောင် ဒါက ဒေသခံတွေ ဦးတည်ချကါကျောက်သုံးတဲ့ပုံစံ ဘာလို့တူနေရတာလဲ။”
တိလင်းကုချီကီ၏ဘေးတွင်ရှိနေသော ညီငယ်တစ်ယောက်က မေးလိုက်၏။ ထိုအခါ တိလင်းကုချီကီက သူ့ကိုရိုက်ပုတ်ပြီး ပြောလိုက်သည်။
“အဲ့ဒါက ဦးတည်ချက်ကျောက်သုံးနေတာကွ။”
“အာ...။”
ထိုညီငယ်သည် တဒင်္ဂတုန်လှုပ်သွားပြီးနောက် ချက်ချင်းပင်နားလည်သွားတော့လေသည်။
“ဒါက သူဌေးရဲ့အဖွဲ့က ဦးတည်ချက်ကျောက်ကိုသုံးပြီး ချက်ချင်းသူတို့ရဲ့ကျွန်းကို ပြန်နိုင်တယ်လို့ဆိုလိုတာလား။”
“အဲ့လိုမျိုးဖြစ်သင့်တယ်။ ဦးတည်ချက်ကျောက်တွေကို ဒီလိုနည်းနဲ့လည်း သုံးလို့ရသေးတာပဲ။”
တိလင်းကုချီကီက ပြောလိုက်သည်။
“ငါတို့ကိုတိုက်ခိုက်လာတဲ့ ဒေသခံတွေနဲ့ အပေးအယူလုပ်သင့်တယ်လို့ထင်တယ်။ ငါတို့သာ ဦးတည်ချက်ကျောက်တွေကို ရိတ်သိမ်းနိုင်မယ်ဆိုရင် ဝေးကွာတဲ့နေရာဒေသွားတွေကိုသွားဖို့အတွက် ဘာမှစိုးရိမ်နေစရာ မလိုတော့ဘူး။ ငါတို့ အချိန်မရွေးသွားပြီး ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။”
“ဒါပေမယ့် ခေါင်းဆောင် သူတို့က ဘာလို့သီးသန့်ခွဲထွက်ပြီး အတူတူမပြန်ကြတာလဲ။ အဲ့ဒါက ပိုမြန်တယ်မဟုတ်ဘူးလား။”
ထိုညီငယ်သည် သင်္ဘောကြီး အဝေးတွင်ရှိနေသော အပျော်စီးရွက်သင်္ဘောကို စိတ်ရှုပ်ထွေးမှုအနည်းငယ်ဖြင့် ကြည့်လိုက်မိ၏။ တိလင်းကုချီကီက ခေါင်းခါကာ ဖြေလိုက်သည်။
“ငါမသိဘူး။ အပျော်စီးရွက်သင်္ဘော အခြားလုပ်စရာတာဝန်တွေရှိသေးလို့ဖြစ်လိမ့်မယ်။ ငါတို့လည်းပြန်ကြရအောင်။”
တိလင်းကုချီကီသည် ထိုသတင်းကို တိလင်းထျန်းရှားဆီ ပို့ပေးပြီးတဲ့နောက် တိလင်းထျန်းရှားက ချက်ချင်းပင် သူ၏ဂရုထဲသို့ ပြောလိုက်၏။
“အားလုံးပဲ ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ။ ဖြစ်နိုင်မယ်ဆိုရင် မင်းတို့ကိုတိုက်ခိုက်လာတဲ့ ဒေသခံတွေကို ချန်ထားနိုင်အောင်ကြိုးစားကြပါ။ အထူးသဖြင့် ဒေသခံသင်္ဘောတွေပေါ်က ဦးတည်ချက်ကျောက်တွေပဲ။ ဒါက အနာဂတ်မှာအရမ်းအသုံးဝင်လာလိမ့်မယ်။”
“ယီရန်ပင်းက ဦးတည်ချက်ကျောက်က အသုံးမဝင်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“ဟုတ်တယ် ဥက္ကဌက အထူးအကျိုးသက်ရောက်မှုတစ်ခုခုကို ရှာတွေ့ခဲ့တာလား။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။
“ဒီပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအတွင်းမှာ ယီရန်ပင်းရဲ့အဖွဲ့က ဦးတည်ချက်ကျောက်ကိုသုံးပြီး ချက်ချင်းဆိုသလို တည်နေရာကူးပြောင်းသွားတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါက အသုံးဝင်တယ်လို့ မင်းထင်လား။”
“ဖက်ခ် ဒါက မြို့ကိုပြန်ဖို့ လက်မှတ်အမျိုးအစားခွဲခြားတာလား။”
“ဒါဆို ငါတို့လည်း တစ်ခုလောက်တော့ ရထားဖို့လိုတယ်။ အဲ့ဒါသာရှိရင် အနာဂတ်မှာ ငါတို့ရဲ့အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်။”
“မျှော်လင့်ထားတဲ့အတိုင်း ယီရန်ပင်းမှာ မြှုပ်ကွက်တွေရှိနေသေးတာပဲ။”
“ဒါပေါ့ သူသိတာတွေအားလုံးကို လူတိုင်းကိုလိုက်ပြီး ပြောပြနေမှာမဟုတ်ဘူး။”
ဖူးရှီတို့ တည်နေရာကူးပြောင်းသွားသည်ကို ကြည့်ပြီးနောက် ရှောင်းယီက ရှောင်ယောက်ကို အမိန့်ပေးလိုက်သည်။
“ရှောင်ယောက် အိမ်ပြန်ကြမယ်။”
ထို့နောက် အပျော်စီးရွက်သင်္ဘောသည် အရှိန်ဖြင့် မောင်းထွက်သွားလေတော့သည်။
ဖူရှီ၏တည်နေရာကူးပြောင်းမှု ပြီးဆုံးသွားပြီးနောက် သူသည် အမှန်တကယ်ပင် သူ၏ကျွန်းအနီးရှိ ပင်လယ်ထဲတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအခါ သူက သင်္ဘောသားများအား ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။
“အားပြည့်နဲ့သွားမယ်။”
လူတိုင်းသည် ချက်ချင်းပင် ရွက်များ၏ထောင့်ကို ချိန်ညှိလိုက်ကြ၏။ ထို့နောက် သင်္ဘောအောက်ခြေရှိ စွမ်းအင်ခန်းထဲရှိ လူတိုင်းသည် ပိုမို၍ အလုပ်ကြိုးစားလိုက်ကြသည်။
ဖူရှီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မီတစ်ဆင့် ရှောင်းယီဆီသို့ သတင်းပို့လိုက်၏။
“အရှင် ကျုပ်တို့ ကျွန်းနားကိုရောက်နေပါပြီ။ နောက်နာရီဝက်လောက်နေရင် ရောက်လိမ့်မယ်။”
“ကောင်းပြီ ကမ်းခြေကိုရောက်ရင် သတိထားပါ။ ဘာပဲပြောပြော မင်းတို့မပြန်ဖြစ်တာ ချိန်တစ်ခုကြာနေပြီ။”
ရှောင်းယီက သတိပေးလိုက်သည်။
“ဟုတ်ကဲ့။”
ဖူရှီက ပြန်ဖြေလိုက်၏။
ထို့နောက် ရှောင်းယီသည် လမ်းကြောင်းပေါ်တွင် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုများကို စိုးရိမ်စရာမလိုသောကြောင့် သင်္ဘောခန်းအတွင်းရှိ အိပ်ယာသို့ ပြန်လည်ဝင်ရောက်ကာ အနားယူလိုက်တော့သည်။
ကျန်းယွင်ထျန်းနှင့် ပိုင်ချီတို့သည် ကပ္ပတိန်ခန်းရှိ မောင်းသူထိုင်ခုံများပေါ်တွင် ထိုင်လိုက်ကြ၏။ ထိုထိုင်ခုံများ နောက်မှီများသည် ပြားချပ်နေကာ အသေးစားအိပ်ယာနှင့် သိပ်မခြားနားပေ။
မကြာမီ နာရီဝက်ကြာသွားခဲ့ပြီး ဖူရှီ၏သင်္ဘောသည်လည်း ကမ်းခြေသို့ ဆိုက်ကပ်သွားတော့လေသည်။
သင်္ဘောဆိုက်ကပ်ပြီးနောက် ဖူးရှီသည် လူအယောက်လေးဆယ်ကို ခေါ်ဆောင်ကာ ကမ်းခြေသို့သွားလိုက်ပြီး လူဆယ်ယောက်ကို သင်္ဘောပေါ်တွင် ချန်ထားခဲ့လိုက်သည်။
“အားလုံးပဲ ဂရုတစိုက် ဆက်လက်လုပ်ဆောင်ကြ။ ကိုယ့်ကိုယ်ကိုယ် မထုတ်ဖော်မိစေနဲ့။”
ဖူရှီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
လူအားလုံးက လေသံတိုးတိုးဖြင့် တုန့်ပြန်လိုက်ကြ၏။
ထို့နောက် ဖူရှီနှင့် သူ၏အဖွဲ့သည် သူတို့၏မျိုးနွယ်စုဆီသို့ ချဉ်းကပ်သွားလိုက်ကြသည်။
ယခုအချိန်မှာ ည ၁၁ နာရီရှိနေပြီဖြစ်၏။
သူတို့ မျိုးနွယ်စုအနီးသို့ရောက်သောအခါ ဖူရှီသည် သူ၏လူများကိုရပ်တန့်စေကာ သူတို့ကိုယ်သူတို့ ဖုန်းကွယ်လိုက်ကြလေသည်။
သူတို့ရှေ့ရှိ မျိုးနွယ်စုများကြားတွင် မီးပုံသုံးပုံရှိပြီး မီးပုံဘေးတွင် သံလှံနှင့် လေးများကို ကိုင်ဆောင်ထားသော လူများစွာလည်း ရှိနေလေသည်။
ဖူရှီသည် သူ၏ကျွန်းမှ ထွက်ခွာလာစဉ်က သူသည် သူ၏တိုက်ခိုက်ရေးစွမ်းအားအများစုကို ခေါ်ဆောင်သွားခဲ့ပြီးဖြစ်၏။ သို့သော် ယခုအခါ မီးပုံပတ်လည်တွင်ရှိနေသော လူများမှာ သူချန်ထားခဲ့သည့် အစောင့်အကြပ်များထက် ပိုမိုများပြားနေသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ ဂရုတစိုက်စောင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဖူရှီ သတိပြုမိသွားခဲ့၏။
ဤလူများသည် သူ၏မျိုးနွယ်စုမှလူများ လုံးဝမဟုတ်ပေ။
“သတ်ဖြတ်ဖို့ အသင့်ပြင်တော့။ မင်းတစ်ယောက်ကို ပစ်မှတ်တစ်ခုစီးရှာပြီး ဝါးမြားတွေသုံးရမယ်။”
ဖူရှီက လေးသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
အခြားသူများက ခေါင်းညိတ်ကာ သူတို့၏လေးများကို မြှောက်တင်လိုက်ကြလေသည်။
ဖူရှီသည် မီးပုံဘေးရှိ လူများကို ကြည့်ရှုကာ သူ၏ဘယ်ဘက်လက်ကို အောက်ဘက်သို့ အချက်ပြလိုက်၏။
ဝူးရှ် ဝူးရှ် ဝူးရှ်
မှောင်မိုက်သည့် သစ်တောထဲမှ ပျံထွက်လာသော ဝါးမြားများသည် မီးပုံ၏အလင်းရောင်ကြောင့် အေးစက်စက်အလင်းများ ရောင်ပြန်ဟပ်နေခဲ့သည်။
ဖောက်...
မည်သည့်ကာကွယ်မှုမှမရှိသော ထိုအစောင့်များသည် ချက်ချင်းဆိုသလိုပင် သူတို့၏လည်ပင်းကို ထိုးဖောက်ခံလိုက်ပြီး သတိပေးသည့်အသံများကိုပင် မပြုလုပ်နိုင်ခဲ့ကြပေ။
“တိုက်ကြ... ခုခံတဲ့သူရှိရင် သေတဲ့အထိသာပစ်ကွာ။”
ဖူရှီက တီးတိုးအမိန့်ပေးလိုက်ကာ သူကိုယ်တိုင်သည်လည်း ချက်ချင်းပင် ထွက်ပြေးသွားလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှပေသည်။
“ဘယ်သူလဲ။”
ရုတ်တရက် ယောက်ျားတစ်ယောက်သည် ကောက်ရိုးအိမ်ထဲမှ လမ်းလျှောက်ထွက်လာပြီး အပြင်ဘက်ရှိ အရိပ်များကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်၏။
ဖောက်...
ထိုစဉ် သူ၏လည်ပင်းသည် သံလှံတစ်ချောင်းဖြင့် တိုက်ရိုက်လှီးဖြတ်ခံလိုက်လေတော့သည်။
သို့သော်လည်း ထိုလူ၏အသံကြောင့် မျိုးနွယ်စုတစ်ခုလုံး နိုးကြားသွားတော့၏။ ထို့နောက် မျိုးနွယ်စု၏ကောက်ရိုးအိမ်များထဲမှ ဒေသခံများစွာထွက်လာကြပြီး ထိုဒေသခံများထဲတွင် ဖူရှီ၏လူများ တစ်ဦးမျှမပါဝင်ပေ။
“မြားပစ်”
ဖူရှီက အော်ဟစ်လိုက်သည်။
ဝူးရှ် ဝူးရှ်
ဖူရှီခေါ်ဆောင်လာသော အဖွဲ့သည် လေးသမားကောင်းများဖြစ်ကြပေသည်။ သူတို့သည် မြားများကို တစ်ချောင်းပြီးတစ်ချောင်း တရစပ်ပစ်လွှတ်ပြီး ပြေးထွက်လာသူ လူခြောက်ဆယ်နီးပါးကို သတ်ပစ်လိုက်လေသည်။
အကွာအဝေးမှာ အလွန်နီးကပ်နေသောကြောင့် ဖူရှီတို့အဖွဲ့၏လက်ထဲတွင်ရှိသော အားကောင်းသောလေးများနှင့် ဝါးမြားများရှိပြီး ၎င်းတို့၏ထိုးဖောက်အားကို မြှင့်တင်ပေးနိုင်ခဲ့သည်။
တစ်ချောင်းထက်ပိုသောဝါးမြားများသည် လူတစ်ဦးကိုဖောက်ထွင်းပြီးနောက် သူ၏နောက်ကွယ်ရှိလူများကို သစ်ပတ်လိုက်၏။
ဤသည်မှာ ဖူရှီတို့အဖွဲ့သည် မြားအချောင်းလေးဆယ်သာ ပစ်ခတ်ပြီး လူအယောက်ခြောက်ဆယ်နီးပါးကို သတ်ဖြတ်နိုင်ရခြင်း၏ အကြောင်းရင်းလည်းဖြစ်ပေသည်။
ထိုစဥ် အနောက်ဘက်တွင်ရှိနေသောလူများက ချက်ချင်းပင် အော်ဟစ်ကြတော့လေသည်။
“တစ်ယောက်ယောက် တိုက်ခိုက်နေပြီ။”
“မကြောက်ကြနဲ့ ဒိုင်းတွေကို ရှေ့မှာထားထားကြ။”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
ဒေသခံများသည် သူတို့၏ကျောရိုးတစ်ခု ရှာတွေ့သွားကြပုံရပြီး တစ်စုံတစ်ဦးသည် ချက်ချင်းပင် ဒိုင်းတစ်ခုကိုကိုင်ဆောင်ကာ ရှေ့တွင်ရပ်လိုက်လေသည်။
ဖူရှီသည် သူ၏လူများကို မျိုးနွယ်စု၏အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်သွား၏။ ထိုနေရာတွင် ကာကွယ်ရေးပုံစံတစ်ခုကို တည်ဆောက်ထားပြီး ထိုနေရာရှိလူများ၏လက်ထဲတွင် အမှန်တကယ်ပင် သေနတ်များရှိနေလေသည်။
သူတို့လက်ထဲရှိ သေနတ်များကိုမြင်လိုက်ရသောအခါ ဖူရှီသည် ချက်ချင်းပင် သူ၏လူအားလုံးကိုရပ်တန့်စေလိုက်သည်။
“နောက်ဆုတ်မယ်။”
“မင်းက ကိုယ့်အစွမ်းအစကိုယ် သိပုံပဲ။”
ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာ၏။
“ငါကိုငါမိတ်ဆက်ပေးပါရစေ။ ငါနာမည်က ဖုန့်...လေမျိုးနွယ်စုရဲ့မှော်ဆရာပေါ့။ အခု ငါ မင်းရဲ့မျိုးနွယ်စုကို သိမ်းပိုက်ချင်တယ်။ မင်းတို့ လက်နက်တွေချပြီး နားထောင်ရင်ကောင်းမယ်။ မဟုတ်ရင် သူတို့ သေသွားကြလိမ့်မယ်။ ဒါက မဖြစ်နိုင်တာတော့ဘူး။”
ထိုအချိန်တွင် သူ၏ဘေးတစ်ဖက်ရှိ တစ်စုံတစ်ဦးက ရှီမျိုးနွယ်စုမှလူများကို တွန်းထုတ်လိုက်လေသည်။
ဖူရှီသည် သူ၏လူအားလုံးကို ချည်နှောင်ခံထားရသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ပြန်ပြောလိုက်၏။
“မင်းက အရမ်းစွမ်းအားကြီးတဲ့ဆိုရင် အဲ့ဒီအပြင်လူတွေကို ဘာလို့မတိုက်ခိုက်တာလဲ။ ငါတို့ရဲ့ မျိုးနွယ်စုကို သိမ်းပိုက်ချင်တာက မင်းမှာရှိတာက ဘာသောက်စွမ်းရည်လဲကွ။”
အခန်း ၃၇၇
ဖုန့်က ဖူရှီကိုကြည့်ပြီး ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
“စမ်းသပ်ပြီး တိုက်ခိုက်ဖို့အတွက် လူတစ်ချို့ကို အမြဲတမ်းလိုအပ်နေတတ်တာပဲလေ။ တောင်းပန်ပါတယ်... ငါမင်းကိုရွေးလိုက်မိတယ်။”
“နတ်ဘုရားက ငါတို့ကို တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခွင့်မပေးထားဘူး။”
ဖူရှီက အေးစက်စက်ဖြင့် ပြောလိုက်၏။
“မဟုတ်ဘူး ငါတို့က တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြတာ မဟုတ်ရပါဘူးကွာ။ ငါတို့က ငါတို့ရဲ့အားသာချက်တွေကို ထိထိရောက်ရောက် အသုံးချနေတာပါ။”
ဖုန့်က ပြန်ဖြေလိုက်သည်။
“မင်းလက်ထဲက သေနတ်တွေကိုရဖို့ အခြားမျိုးနွယ်စုတွေရဲ့အသက်တွေကို စတေးခဲ့တာလား။”
ဖူရှီက လှောင်ပြောင်လိုက်၏။
“မှန်တယ်...မဟုတ်ရင် အပြင်လူတွေရဲ့ကျွန်းကို သိမ်းယူပြီး ရတနာရဲ့နောက်ဆုံးအဆင့်ကို ဘယ်လိုလုပ်ရနိုင်မှာလဲ။”
ဖုန့်ဟွေ့က ပြောလိုက်သည်။
“မင်းရဲ့မျိုးနွယ်စုက ငါ့ကို တိုက်ခိုက်ဖို့ ကူညီပေးနေသ၍ အောင်မြင်မှုရပြီးရင် မင်းတို့ကို ငါလွတ်လပ်ခွင့်ပေးမယ်။ ပြီးတော့ ငါက မင်းကိုလည်း ဆုချပေးနိုင်ပါတယ်။ သေနတ်နှစ်လက်ဆိုရင်ရော ဘယ်လိုလဲ။”
ဖုန့်သည် ဖူရှီတို့အဖွဲ့၏ လေးနှင့်မြားများမှာ အလွန်စွမ်းအားကြီးသည်ကို မြင်ထားခဲ့ပြီးဖြစ်၏။ အကယ်၍ ဖူရှီကိုသာ အမှန်တကယ် အနိုင်ယူချင်ပါက သူ၏အဖွဲ့ဝင်များစွာကိုလည်း ဆုံးရှုံးရနိုင်ပေသည်။ ထို့အပြင် စောစောက တိုက်ပွဲကြောင့်လည်း ပျက်စီးဆုံးရှုံးမှုအများအပြား ဖြစ်ပွားခဲ့ပေသေးသည်။
ထို့ကြောင့် လေမျိုးနွယ်စု၏မှော်ဆရာက ဤကဲ့သို့ အလျှော့ပေးခဲ့ခြင်းဖြစ်ပေသည်။
ဖူရှီက ဖုန့်ကို ခဏကြာအောင် စိုက်ကြည့်ပြီး ထိုလူဖမ်းထားသည့်လူများကို ပြန်ကြည့်ကာ အသံနက်နက်ကြီးဖြင်း ပြောလိုက်၏။
“ကောင်းပြီ ဒါပေမယ့် မင်းငါတို့မျိုးနွယ်စုဝင်တွေကို အရင်လွှတ်ပေးရမယ်။”
“ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး။”
ဖုန့်က ပြောလိုက်သည်။
“အခြားအခြေအနေတွေကို ပြောင်းလိုက်ကြရအောင်။”
ဖူရှီက စဉ်းစားပြီးနောက် ပြောလိုက်၏။
“မင်းတို့ ငါတို့သင်္ဘောပေါ် တက်လို့မရဘူး။ ငါတို့ရဲ့တိုက်ခိုက်မှုကို အနှောင့်အယှက်ပေးလို့မရဘူး။ ငါအခုထိလိုက်တဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လုံးဝမထိရဘူး။ ဒါက အခြေခံအကျ ဆုံးအခြေအနေပဲ! မင်းသဘောမတူဘူးဆိုရင် စစ်ပွဲ စကြတာပေါ့။”
“ကောင်းပြီ...ငါတို့ မနက်ဖြန် စထွက်မယ်။ အဲ့ဒီပစ်မှတ်ကိုသတ်ပြီးရင် မင်းရဲ့မျိုးနွယ်စုလည်း လွတ်လပ်သွားလိမ့်မယ်။”
ဖုန့်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ဖူရှီသည် ထိုလူအား မဲမှောင်နေသည့်မျက်နှာဖြင်ကြည့်ကာ ပြောလိုက်၏။
“ငါတို့က အပြင်ပတွေကို တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်သည်တွေထပ်ထည့်ဖို့လိုတယ်။ ငါ့မျိုးနွယ်စုထဲက အစောင့်တပ်တွေအားလုံးကို ငါ့ကိုပေးပါ။”
“မရဘူး။”
ဖုန့်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်၏။
“အများဆုံးလူ ၅၀ပဲရမယ်။”
အကယ်၍ ရှီမျိုးနွယ်စု၏ အစောင့်တပ်အားလုံးကို ဖူရှီဆီ ပြန်ပေးလိုက်မည်ဆိုလျှင် ဖူရှီသည် သူတို့နှင့် တိုက်ရိုက်ပင် စစ်ပွဲစနိုင်ပေလိမ့်မည်။
“ကောင်းပြီ ၅၀ ဆိုတော့လည်း ၅၀ ပဲပေါ့။”
ဖူရှီက မကျေမနပ်ဖြင့် သဘောတူလိုက်ရလေသည်။
ဖုန့်သည် ရှီမျိုးနွယ်စု၏ အကျဉ်းသားတစ်ချို့ကို ရွေးချယ်ပြီး ဖူရှီဆီသို့ ပြန်ပို့ပေးလိုက်၏။
“ငါတို့က စစ်တိုက်ထွက်ရမှာ။ မင်းဒီကိုခေါ်လာပေးတဲ့လူတွေက တိုက်ခိုက်ဖို့ မသင့်တော်ဘူး။”
ဖူရှီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်းမလိုချင်ရင် ပြန်ပို့လိုက်။”
ဖုန့်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
သူ့လက်ထဲတွင် အကျဉ်းသားများနှင့် သေနတ်များ အများအပြားရှိပေသည်။ သူသာ တစ်ဖက်လူကို အရမ်းဖိအားမပေးမိသရွေ့ တစ်ဖက်လူက ကျိန်းသေလက်လျှော့ရမည်ဖြစ်သည်။
“ဟမ့်! မင်း ငါ့လူတွေကို ကောင်းကောင်းဆက်ဆံ... မဟုတ်ရင် ငါနဲ့တွေ့မယ်။”
ဖူရှီက ထိုသို့ပြောပြီးနောက် သူ့လူများကို ပြန်ခေါ်သွားလိုက်သည်။ ဖူရှီနှင့် သူ၏အဖွဲ့သည် ချက်ချင်းပင် ကမ်းခြေရှိ သင်္ဘောကြီးဆီသို့ ဆုတ်ခွာသွားခဲ့ကြ၏။
“ဘာဖြစ်နေတာလဲ။”
ဖူရှီသည် စောစောက ဖုန့်ဆီမှ ပြန်ယူလာခဲ့သော ဒေသခံများကိုကြည့်ကာ မေးလိုက်သည်။
“မှော်ဆရာကြီးထံပြန်လည်အစီရင်ခံပါတယ်။ ကျုပ်တို့လည်း မသိပါဘူး။ ညနေပိုင်းမှာ လူတစ်စု ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့လက်ထဲမှာ အဲဒီမည်းနက်နေတဲ့အရာတွေကို ကိုင်ထားကြတယ်။ အဲ့ဟာက အရမ်းအသံကျယ်ပြီး လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်။”
ဒေသခံတစ်ဦးက ပြန်ဖြေသည်။
“သူတို့ လူဘယ်နှစ်ယောက်လာခဲ့တာလဲ။”
ဖူရှီက မေးလိုက်သည်။
“လူနှစ်ရာကျော်ပါတယ်။”
ထိုဒေသခံက ပြန်ဖြေ၏။ ဖူရှီ ခေါင်းညိတ်လိုက်သည်။ အကယ်၍ တစ်ဖက်လူသည် လူနှစ်ရာကျော်ဖြင့် ရောက်လာခဲ့သည်ဆိုပါက ရှိမျိုးနွယ်စုအနေဖြင့် ရန်သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။
ဖူရှီသည် အစောင့်တပ်စားပေါင်း သူ၏ကျွန်းပေါ်တွင် တစ်ရာကျော်သာချန်ထားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသူများသည် တိုက်ခိုက်ရေးစွမ်းအားအကန့်အသတ်ချက်ရှိသော သာမန်လူများသာဖြစ်သည်။
အခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် ဖူရှီသည် ချက်ချင်းပင် ရှောင်းယီထံသို့ သတင်းပို့လိုက်၏။
“အရှင် ကျုပ်တို့မျိုးနွယ်စုကို အခြားမျိုးနွယ်စုတွေက တိုက်ခိုက်ခဲ့တယ်။”
ဤအချိန်တွင် ရှောင်းယီသည် အပျော်စီးရွက်သင်္ဘော၏ သင်္ဘောခန်းအတွင်း၌ အိပ်ပျော်နေပြီဖြစ်သည်။ ပိုင်ချီသည် ထိုသတင်းကို မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်းပင် ထထိုင်ကာ သင်္ဘောခန်းသို့သွားပြီး ရှောင်းယီကို သတင်းပို့လိုက်၏။
“သူဌေး ဖူရှီဆီက သတင်းရောက်လာပါတယ်။”
ရှောင်းယီသည် ချက်ချင်းပင် နိုးသွားကာ ထရပ်ထွက်သွားပြီး မောင်းသူအခန်းဘေးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြန်ဖြေလိုက်သည်။
“ဘာဖြစ်သွားတာလဲ။”
ဖူရှီက ဗီဒီယိုခေါ်ဆိုမှုကို တိုက်ရိုက်ရွေးချယ်ပြီး အကြောင်းအရာကို အသေးစိတ်အစီရင်ခံလိုက်သည်။
“သေနတ်ရှိတဲ့ မျိုးနွယ်စုရှိလား။”
ရှောင်းယီ မျက်ခုံးကြုတ်လိုက်မိသည်။
“ဒါဆို သူတို့က ဘယ်ကိုတိုက်ခိုက်ဖို့ စီစဉ်နေတာလဲ။”
“ကျုပ်တို့ မသိရသေးပါဘူး။”
ဖူရှီက ပြန်ဖြေလိုက်သည်။
“သူက ဘာမှမပြောသေးဘူး။ သူက နတ်ဘုရားက သတ်မှတ်ပေးထားတဲ့ ပစ်မှတ်မဟုတ်ဘူး။ ကျုပ်တို့စောစောက အနိုင်ရခဲ့တဲ့ မျိုးနွယ်စုလိုမျိုး ကျပန်းရှာဖွေနေတာဖြစ်သင့်တယ်။ ဦးတည်ချက်အရဆိုရင် မြောက်ဘက်က ကျွန်းတစ်ကျွန်းပဲ။”
“မှော်ဆရာရဲ့အဆင့်ကိုရော သိလား။”
ရှောင်းယီက မေးသည်။ ဖူရှီက ခေါင်းခါပြလိုက်၏။
“မသိဘူး...ဒါကိုခံစားလို့မရဘူး။ မှော်ဆရာတွေက တခြားမှော်ဆရာတွေရဲ့ စွမ်းရည်တွေကို တစ်စိတ်တစ်ပိုင်းခံနိုင်ရည်ရှိတယ်။ အဲ့ဒါကြောင့် မျိုးနွယ်စုတွေဟာ လူအင်အားနဲ့ လက်နက်တွေအပေါ်ကို မှီခိုနေရဆဲပဲ။”
“ကောင်းပြီ မင်းအရင်ဆုံး သူ့ကိုကိုင်တွယ်ထားလိုက်ပါ။ ပြီးရင် အချိန်နဲ့တပြေးညီ ဆက်သွယ်နေရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ဖူရှီက ပြန်ဖြေသည်။
စကားပြောဆိုမှု ပြီးဆုံးပြီးနောက် ကျန်းယွင်ထျန်းက မေးလိုက်၏။
“ဘာတွေဖြစ်နေတာလဲ။”
“အနာဂတ်မှာ ငါတို့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေလို့မရတော့မှာကို စိုးရိမ်မိတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီတစ်ခါ မြောက်ဘက်က နောက်ထပ်သေနတ်ရှိတဲ့ လူမျိုးစုတစ်စုပဲ။”
“ဒါဆို ဘာလုပ်ရမလဲ။ ပူးပေါင်းဆောင်ရွက်တာကို ဆက်လုပ်ရမှာလား။”
ပိုင်ချီက မေးလိုက်၏။
“အခြားနည်းလမ်းကောင်းတွေ မရှိတော့ပုံပဲ။”
ရှောင်းယီက ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်မိသည်။
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုထဲသို့ နောက်တဖန် သတင်းလွှင့်လိုက်တော့လေသည်။
“ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေအရ မြောက်ဘက်မှာလည်း သေနတ်တွေကိုင်ဆောင်ထားတဲ့ ဒေသခံအုပ်စုတစ်စု ပေါ်လာပြီ။ မြောက်ဘက်မှာရှိ တဲ့ညီအစ်ကိုများ ဒီနှစ်ရက်အတွင်း ပိုပြီးသတိထားဖို့ လိုအပ်ပါတယ်။!”
“ဘာ သူတို့က ဘာလို့မြောက်ဘက်ကိုပြေးနေတာလဲ။ အရင်က အနောက်ဘက်မှာမဟုတ်ဘူးလား။”
“သူတို့က မတူညီတဲ့ ဒေသခံမျိုးနွယ်စုနှစ်ခုဖြစ်သင့်တယ်။”
“မတူညီတဲ့ ဒေသခံမျိုးနွယ်စုနှစ်ခုဆိုတာဘာလဲ။ မင်းဆိုလိုတာက ဒေသခံတွေထဲက တစ်စုထက်ပိုပြီး သေနတ်တွေရထားတယ်လို့လား။”
“မျိုးနွယ်စုနှစ်စုထက်ပိုပြီး သေနတ်တွေရထားတယ်လို့ ငါထင်တယ်။”
“ဒါစည်းချက်က တကယ်ပဲ ငါတို့ကို အသက်မရှင်စေချင်ဘူးပဲ။”
ညဉ့်နက်ချိန်ဖြစ်သော်လည်း ရှောင်းယီ၏စာကိုမြင်ပြီးနောက် လူတိုင်းသည် အနားယူခြင်းမရှိဘဲ ချက်ချင်းပင် စတင်ဆွေးနွေးကြတော့သည်။
“ဒီလောက်လူတွေအများကြီး ဘာလို့မအိပ်ကြသေးတာလဲ။”
ရှောင်းယီက အံ့အားသင့်သွားမိ၏။
သူသည် ယခင်ပူးပေါင်းဆောင်ရွက်မှု၏ရလဒ်များကိပြောပြခဲ့ပြီးဖြစ်ပြီး လူတိုင်းအနားယူနေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဤကဲ့သို့ အလွန်များပြားသည့်လူများ လိုင်းပေါ်တွင်ရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိုအခါ ပိုင်ချီက အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်၏။
“ဒါက သူတို့ရဲ့အကျင့်ပဲ မဟုတ်ဘူးလား။”
“အကျင့်လား။ ညနက်သန်းခေါင်ထိနေတာကို အကျင့်မလုပ်သင့်ဘူးမဟုတ်ဘူးလား။”
ကျန်းယွင်ထျန်းသည်လည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
“ကျုပ်မေးပါဦးမယ် ခင်ဗျားတို့နှစ်ယောက် တစ်ခုခုမေ့မနေဘူးလား “
ပိုင်ချီက ပြောလိုက်သည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ထပ်မံ၍ ရှုပ်ထွေးသွားကြပြန်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့နှစ်ယောက်က ဒီဟာကို ထပ်ပြီး ဂရုစိုက်တော့မှာမှမဟုတ်ဘဲ။”
ပိုင်ချီသည် ရှောင်းယီ၏ကျွန်းအရွယ်အစားကို တွေးမိလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒီနေ့က ဆဋ္ဌမအပတ်ရဲ့ နောက်ဆုံးနေ့လေ။ ယခင်က ရက်သတ္တပတ်တိုင်းရဲ့နောက်ဆုံးနေ့တိုင်း ရေတိုင်စားခြင်းနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်တွေ ရှိခဲ့တယ်မဟုတ်ဘူးလား။ အခု သူတို့မရှိတော့ပေမယ့် လူတိုင်းက ဒီလိုနောက်ဆုံးနေ့မျိုးမှာ နောက်ကျမှအိပ်တာကို အကျင့်ဖြစ်နေကြပြီ။”
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ရုတ်တရက် နားလည်သဘောပေါက်သွားကြပြီး သူတို့သည် ၎င်းကို အမှန်တကယ်မေ့သွားကြောင်း သတိထားမိလိုက်ကြသည်။
ယခုအချိန်၌ ရှောင်းယီ၏ကျွန်းပေါ်တွင် လူဦးရေ ငါးဆယ်နီးပါးရှိပြီး ယနေ့ ပင်လယ်ရေကြောင့် တိုစားခံရမည့် အုတ်မြစ်ကျောက်များမှာ ငါးဆယ်ခန့်ရှိသော်လည်း ဤအရေအတွက်သည် ရှောင်းယီအတွက် အမှန်တကယ် ဘာမှမဟုတ်ပေ။
လူဦးရေ ငါးဆယ်ရှိခြင်းသည် နေ့စဉ်နေ့တိုင်း ထောက်ပံ့ရေးသေတ္တာထဲမှ အုတ်မြစ်ကျောက်ပေါင်း ၃၀၀ ခန့် ရရှိနေကြောင်း ဆိုလိုပေသည်။ ပျမ်းမျှအားဖြင့် ထောက်ပံ့ရေးသေတ္တာတစ်ခုစီတွင် အုတ်မြစ်ကျောက်တစ်ခုစီပါရှိပါက နေ့စဉ်ရရှိသည့် အုတ်မြစ်ကျောက်များကို ၃၀၀ အဖြစ် ထည့်တွက်ရမည်ဖြစ်သည်။
သူ၏ အိမ်များ၊ အဝတ်အစားများနှင့် C အဆင့် ပင်လယ်ငါးအချို့ ရောင်းချခြင်းနှင့်အတူ နေ့စဉ်အုတ်မြစ်ကျောက်ဝင်ငွေသည် ထောက်ပံ့ရေးသေတ္တာထက်ပင် ပိုမိုများပြားပေသေးသည်။
“လူတိုင်းအနားယူမနေတာ အံ့သြစရာမဟုတ်တော့ဘူးပဲ။ လူတိုင်းကို အချိန်မီအသိပေးပြီး ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းတို့နှစ်ဦးလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“သူဌေး သေနတ်ကိုင် ဒေသခံတွေက တကယ်ပဲ မြောက်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်လာမှာလား။”
ကုထောင်ချွေ့ရှန်းက ရှောင်းယီဆီသို့ သီးသန့်စာပို့လိုက်၏။
ထိုသတင်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ကုထောင်ချွေ့ရှန်းက မြောက်ဘက်တွင်ရှိပြီး မြောက်ဘက်အစွန်းဆုံးတွင်ရှိကြောင်း သတိရမိလိုက်လေသည်။ ထိုသို့မဟုတ်လျှင် သူသည် ပထမဆုံးနှစ်ပတ်ကတည်းက အတားအဆီးကို ထိမိခဲ့မည်မဟုတ်ပေ။
အခန်း ၃၇၈
“အင်း ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေအရ မြောက်ဘက်ကနေ ထိုးဖောက်တိုက်ခိုက်မယ့် ဒေသခံအဖွဲ့တစ်ဖွဲ့ တကယ်ရှိနေတယ်။ မင်းက မြောက်ဘက်အစွန်ဆုံးနေရာမှာ ရှိနေတယ်လို့ ပြောလို့ရတယ်ဆိုတော့ အထူးသတိထားဖို့လိုတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ နောက်ထပ်သတိထားရမယ့်အရာတွေရော ရှိသေးလား။”
“အဲ့အချိန်တော့ ငါတို့အားလုံးပူးပေါင်းပြီး ဒေသခံတွေကို မောင်းထုတ်သင့်တယ်။ မင်းက ပထမဆုံးတိုက်ခိုက်ခံရမယ့်သူမဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပေါ့။”
ရှောင်းယီက အကူညီမဲ့စွာဖြင့် ပြောလိုက်၏။
ယေဘူယျအားဖြင့် ပထမဆုံးတိုက်ခိုက်ခံရမည့် အသက်ရှင်ကျန်ရစ်သူသည် ပူးပေါင်းတပ်ဖွဲ့ရောက်ရှိရန်အတွက် အချိန်နှောင်းနေပြီဖြစ်ကာ စတူးငှက်တစ်ကောင်ကဲ့သို့ စွန့်လွှတ်ခံရမည်သာဖြစ်သည်။
“ကောင်းပြီ ကျုပ် ပင်လယ်ပြင်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို စီစဉ်ထားလိုက်မယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
“မင်း အရမ်းကြီး စိတ်ပူနေစရာတော့ မလိုပါဘူး။ ငါ မင်းဆီကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် လာခဲ့မယ် “
ရှောင်းယီက ပြောလိုက်၏။ ထို့နောက် ထို့ပြောရင်းနှင့် သူသည် ပိုင်ချီ၏ မှန်ပြောင်းကို သူ့ဆီသို့ ပို့ပေးလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
ကုထောင်ချွေ့ရှန်းသည် ရှောင်းယီကို ကျေးဇူးတင်လိုက်ပြီးနောက် လဲလှယ်မှုကိုကို လက်ခံလိုက်၏။
သူတို့၏ စကားပြောဆိုမှုပြီးဆုံးပြီးနောက် ကုထောင်ချွေ့ရှန်းက သူ၏ညီငယ်နှစ်ယောက်ကို ပြောလိုက်သည်။
“အခုကစပြီး ပင်လယ်ပြင်ကို နေ့တိုင်း ၂၄ နာရီလုံး စောင့်ကြည့်ရမယ်။ အထူးသဖြင့် မြောက်ဘက်ကို အာရုံစိုက်ထားရမယ်။”
ဟွားလန်နှင့် မဂတ္တမတို့သည်လည်း သဘောတူလိုက်ကြ၏။
“ကျွန်တော် နေ့ခင်းဘက်မှာ နည်းနည်းပိုပြီးအိပ်ထားတယ်ဆိုတော့ ဒီညရဲ့ ဒုတိယတစ်ပိုင်းကို စောင့်ကြည့်မယ်။”
မဂတ္တမက ပြောလိုက်သည်။
“ကောင်းပြီ ဟွားလန် မင်းအရင်အနားယူလိုက်ပါ။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“ကောင်းပြီ!”
ဟွားလန်က ချက်ချင်းပင် ခေါင်းညိတ်ပြီး ပြောလိုက်၏။
“မင်းအိပ်ချင်ရင် ငါ့ကို ဘယ်အချိန်မရွေးခေါ်လိုက်။”
မဂတ္တမက သူ့ကို အိုကေလက်ဟန်ပြန်ပြကာ ကျောက်တုံးအိမ်ထဲမှ ထွက်သွားပြီး အနီးရှိသစ်သားအိမ်သို့သွားကာ အထဲရှိ ဒေသခံများကိုနှိုးလိုက်သည်။ ထို့နောက် ၎င်းတို့ထဲမှ လူတစ်ဝက်ကိုခေါ်ဆောင်သွားလိုက်သည်။
သူတစ်ယောက်တည်းဖြင့် အရပ်လေးမျက်နှာကို မမြင်နိုင်သော်လည်း ဤဒေသခံများ၏အကူအညီဖြင့်ဆိုလျှင် ပြဿနာမရှိပေ။
ရှောင်းယီက မြောက်ဘက်မှ တိုက်ခိုက်လာလိမ့်မည်ဟု ပြောထားသော်လည်း ရန်သူသည် သူတို့၏ပတ်ပတ်လည်မှ ဝိုင်းရံလာမည်ဆိုလျှင် သူတို့သည် မည်သည့်ဦးတည်ချက်မှမဆို ရောက်လာနိုင်ပေသည်။
ထို့ကြောင့် ကုထောင်ချွေ့ရှန်းသည် အရပ်လေးမျက်နှာစလုံးကို စောင့်ကြည့်ရန် ၎င်းတို့အား တောင်းဆိုခဲ့သည်။
ကုထောင်ချွေ့ရှန်း၏ကျွန်းပေါ်ရှိ ဒေသခံများသည် ရှောင်းယီ၏ကျွန်းရှိ ဒေသခံများထံမှ အကူအညီများကို ရရှိထားခဲ့ပြီးဖြစ်ကာ ရှားနိုင်ငံ၏ဘာသာစကားကို အကြမ်းဖျင်းနားလည်နိုင်ပြီး အမိန့်ပေးရာ၌ အဆင်ပြေစေခဲ့သည်။
“ဒီပစ္စည်းက အဝေးကို ပိုပြီးကြည့်လို့ရတယ်။ အခုနည်းနည်းမှောင်နေပြီဆိုပေမယ့် ပင်လယ်ပြင်မှာ အရိပ်တစ်ခုခုမြင်လိုက်ရရင် ငါ့ကိုလာပြီးသတင်းပို့ရမယ်။”
မဂတ္တမသည် မှန်ပြောင်းအသုံးပြုနည်းကို ဒေသခံများအား သင်ကြားပေးလိုက်သည်။
ထိုဒေသခံများသည် ယခုအခါ အများအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်းကို အကျင့်ပါနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နားမလည်သောအရာများစွာရှိသောကြောင့်ဖြစ်သည်။ ကုထောင်ချွေ့ရှန်းသည် ၎င်းတို့အား သရုပ်ပြရန် လိုအပ်ပေသည်။
မဂတ္တမက အတိုချုံးရှင်းပြခဲ့ပြီးဖြစ်ကာ ၎င်းတို့သည် ထိုပစ္စည်းကိုမည်သို့ လည်ပတ်ရမည်ကို သိရှိသွားပြီးနောက် ခေါင်းညိတ်ပြလိုက်ကြသည်။
ဤဒေသခံများ၏ လုပ်ဆောင်နိုင်စွမ်းမှာ အလွန်ကောင်းမွန်ပြီး သူတို့ကို မှော်ဆရာများမှ လေ့ကျင့်ပေးထားခဲ့ခြင်းဖြစ်၏။ ဤကျွန်းပေါ်တွင် ၎င်းတို့၏ဘဝမှာ ယခင်ထက် ပိုမိုကောင်းမွန်လာပြီး ခုခံရန် သို့မဟုတ် ပြန်သွားရန် အတွေးများ မရှိကြတော့ပေ။
မနက် ၇ နာရီခန့်တွင် ရှောင်းယီတို့အဖွဲ့သည် သူတို့၏ကျွန်းသို့ ပြန်ရောက်လာခဲ့၏။ ပထမဦးစွာ အပျော်စီးရွက်သင်္ဘောအား အားသွင်းခွင့်ပြုလိုက်ကာ သူ၏တပ်ဖွဲ့ကိုစုရုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် ဒေသခံအချို့ကို ခေါ်ဆောင်သွားရန် လိုအပ်နေဆဲဖြစ်သည်။
ကျန်းယွင်ထျန်း လေ့ကျင့်ပေးခဲ့သော ဒေသခံများ၏ ပထမအသုတ်ကို ဆွဲထုတ်ကာ အစစ်အမှန်တိုက်ပွဲတွင် လေ့ကျင့်ခြင်းခံယူသည်ဟု ယူဆလိုက်၏။
ထိုအမိန့်ကို လက်ခံရရှိသောအခါ ဘူးတစ်ယောက် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူသည် အရှင်မှ နေ့စဉ်ပေးအပ်နေသော အကျိုးခံစားခွင့်များကို ခံစားနေခဲ့ရသော်လည်း ကျေးဇူးဆပ်ရန် နေရာမရှိခြင်းက သူ့ကို အနည်းငယ် ကြောက်ရွံ့စေခဲ့သည်။
ဤတစ်ကြိမ်တွင် အရှင်သည် သူတို့ကို အတူတကွ တိုက်ခိုက်ရန် ခေါ်ဆောင်သွားခြင်းဖြစ်၏။ ထိုအရာမှတစ်ဆင့် အရှင်သည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အသိအမှတ်ပြုကြောင်း ပြသလိုက်ခြင်းဖြစ်ပေသည်။
ရှောင်းယီသည် သူ၏အခန်းသို့ပြန်သွားပြီး ရေချိုးအဝတ်အစားလဲကာ စိတ်ထဲတွင် ပြောလိုက်၏။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - သုံးချက်ပစ် လောက်လေးခွစင်ပုံစံကွက် (A အဆင့်) ၁။”
“ပစ္စည်းကောင်းပဲ။”
ရှောင်းယီသည် အလွန်ဝမ်းသာသွား၏။ လက်ရှိအချိန်အတွင် သူအများဆုံးလိုအပ်နေသောအရာမှာ စစ်ရေးပစ္စည်းကိရိယာများဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
“သုံးချက်ပစ် လောက်လေးခွစင်ပုံစံကွက် (A အဆင့်)- အသုံးပြုပြီးနောက် လုံလောက်သောအရင်းအမြစ်များရှိပါက ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွင် A အဆင့် သုံးချက်ပစ် လောက်လေးခွစင်များကို အကန့်အသတ်မရှိ ပြုလုပ်နိုင်သည်။”
သူသည် လုံးဝတုန့်ဆိုင်းမနေဘဲ ထိုပုံစံကွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တိုက်ရိုက်အသုံးပြုလိုက်၏။ လိုအပ်သောပစ္စည်းများအားလုံးသည် အခြေခံအရင်းအမြစ်များဖြစ်ကြောင်း မြင်တွေ့လိုက်ရပြီး ရှောင်းယီသည် ချက်ချင်းပင် လောက်လေးခွစင်တစ်ခုပြုလုပ်ကာ ကမ်းခြေပေါ်တွင် နေရာချလိုက်သည်။
ထို့နောက် ရှောင်းယီသည် ကမ်းခြေသို့ ထွက်လာခဲ့လိုက်၏။ သာမန်လောက်လေးခွစင်ထက် ပိုမိုရှည်လျားပြီး လောက်လွှဲသုံးဆင့်ပါရှိသော သုံးချက်ပစ် လောက်လေးခွစင်တစ်ခုကို မြင်လိုက်ရလေသည်။
ထို့နောက် ကျောက်ခဲသုံးလုံးကိုရှာပြီး လောက်လွှဲထဲသို့ထည့်ကာ စတင်ပစ်လွှတ်လိုက်၏။
“ဝူးရှ် ဝူးရှ်”
လောက်လွှဲသုံးခုသည် သုံးစက္ကန့်အတွင်း တစ်ခုပြီးတစ်ခု ခုန်ထွက်သွားပြီး သာမန်လောက်လေးခွစင်များထက် ပိုဝေးပိုမြန်စွာ ပစ်ခတ်နိုင်ပေသည်။ ဤသည်မှာ A-အဆင့် ပစ္စည်းကိရိယာများအတွက် အပိုဆုဖြစ်သည်။
“အင်း ဒါတွေကို သင်္ဘောပေါ်မှာ တန်းစီထားလိုက်ရင် ရှေးဦးအမြှောက်တွေအဖြစ် အသုံးပြုလို့ရနိုင်လောက်တယ်။”
ရှောင်းယီ အလွန်ကျေနပ်သွားခဲ့သည်။
ထိုအချိန်တွင် အပျော်စီးရွက်သင်္ဘောသည်လည်း လုံးဝအားသွင်းပြီးသွားပြီဖြစ်သည်။ ရှောင်းယီသည် ချက်ချင်းပင် လူအားလုံးကို ခေါ်ယူကာ မြောက်ဘက်ရှိ ကုထောင်ချွေ့ရှန်း၏ကျွန်းဆီသို့ ဦးတည်ကာ ထွက်ခွာသွားတော့လေသည်။
ဖူရှီ၏ကျွန်းပေါ်တွင် ဖုန့်သည် ကမ်းခြေသို့ရောက်လာပြီး ဖူရှီ၏သင်္ဘောကြီးကို ကြည့်ရှုကာ အနည်းငယ်မနာလိုဖြစ်နေသော်လည်း ယခုအချိန်သည် အရမ်းကာရောလုပ်ဆောင်ရန် မသင့်လျော်သေးပေ။
“ဖူရှီ သွားကြရအောင်။ ငါ့ကို တိုက်ပွဲအမြန်ပြီးအောင်ကူညီပေး။ ဒါဆိုရင် မင်းရဲ့လူတွေလည်း လွတ်လပ်သွားလိမ့်မယ်။”
ဖုန့်က ပြောလိုက်၏။
“ဦးတည်ရာကိုပြော။”
ဖူရှီက အေးစက်စက် ပြန်ဖြေလိုက်သည်။
“အရင်ဆုံး အရှေ့ဘက်ကို သွားကြတာပေါ့။ ဦးတည်ချက်ကို ပြင်ဆင်ဖို့လိုတဲ့အခါ ငါမင်းကိုပြောမယ်။”
ဖုန့်က သူ၏မူပိုင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ဟမ့်!”
ဖူရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုပ်ပြီး ချက်ချင်းပင် သူ့လူများအား သင်္ဘောကိုစတင်ရွက်လွှင့်ရန် အမိန့်ပေးလိုက်တော့လေသည်။
သူတို့ ကမ်းခြေမှ ထွက်ခွာလာပြီးနောက် ဘေးတစ်ဖက်ရှိ ပင်လယ်ပြင်ကနေ အလတ်စားရွက်သင်္ဘောငါးစီး ထွက်လာပြီး သူတို့နောက်သို့ လိုက်လာကြလေသည်။
“ဒါက အလတ်စားရွက်သင်္ဘောတွေပဲ။ ဖုန့်ရဲ့အဆင့်က သိပ်မမြင့်သင့်ဘူး။”
ဖူရှီက ရေရွတ်လိုက်၏။ ထို့နောက် ဤနေရာ၏အခြေအနေများကို ရှောင်းယီဆီသို့ သတင်းပို့လိုက်သည်။
“အလတ်စားရွက်သင်္ဘောငါးစီးလား။”
ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားမိသည်။
“ဒါက လူပေါင်း တစ်ထောင်ကျော်မဟုတ်ဘူးလား။”
“သူတို့ရဲ့အင်အားကို မမြင်ရသေးပေမယ့် ဒီလောက်တော့များမယ်လို့ မထင်ဘူး။ ခင်ဗျား ကျုပ်ကိုပေးထားတဲ့ အဆင့်မြင့်လက်နက်တွေရှိပေမယ့် သူတို့မှာ တကယ်သာ လူပေါင်းတစ်ထောင်ကျော်ရှိရင် ကျုပ်တို့နဲ့ညှိနှိုင်းရမယ့်အစား ကျုပ်တို့ကို တစ်ခါတည်းဝါးမြိုလိုက်နိုင်တယ်။”
ဖူရှီက ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ မင်းရဲ့တည်နေရာကို အချိန်တိုင်း ငါမြင်နိုင်အောင် ဆက်ထိမ်းထား။”
“ဟုတ်ကဲ့”
ဖူရှီက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ဖူရှီ၏သင်္ဘောအား ကိုယ်စားပြုသော အလင်းစက်ဝိုင်းငယ်သည် အရှေ့ဘက်သို့ ရွေ့လျားနေသည်ကို ကြည့်ရှုရင်း စိတ်ထဲတွင် ပြောလိုက်မိသည်။
“ဒီမျိုးနွယ်စုမှာ ပစ်မှတ်ရှိပြီးသားလား ဒါမှမဟုတ် အခုမှ ရှာဖွေနေတာလား။”
သို့သော် ရှောင်းယီအား အနည်းငယ်စိတ်သက်သာရာရစေသည်မှာ ဖူရှီတို့၏လက်ရှိအမြန်နှုန်းဖြင့် ကုထောင်ချွေ့ရှန်း၏ကျွန်းသို့သွားနိုင်ရန်မှာ အနည်းဆုံး ဆယ့်နှစ်နာရီကြာမည်ဖြစ်သည်။
ထိုဆယ့်နှစ်နာရီအတွင်း သူတို့သည် ကုထောင်ချွေ့ရှန်း၏ကျွန်းနှင့် အလွန်ပင် နီးကပ်နေပြီဖြစ်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ယီထျန်းဂရုသို့ သတင်းပို့လိုက်သည်။
“မြောက်ဘက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် သင်္ဘောတွေရဲ့ ဆုံမှတ်အဖြစ် ဒီနေရာကို သတ်မှတ်ထားပါတယ်။ ဒါက လမ်းကြောင်းပေါ်မှာရှိတဲ့ အယဆုံချက်တစ်ခုဖြစ်ပြီး ပိုပြီးဘေးကင်းတယ်။”
“ဟုတ်ပြီ။ သူဌေးက တကယ်ကို ကြီးကျယ်မြင့်မြတ်တာပဲ။ အနောက်ဘက်က ဒေသခံတွေရဲ့ ဝင်ရောက်စီးနင်းမှုကို ဖြေရှင်းပြီးတာနဲ့ မြောက်ဘက်ကို ထပ်သွားပြီ။”
“ဟုတ်တယ် ငါလုံးဝမထင်ထားခဲ့မိဘူး။ ဒီတစ်ခါတော့ အဲ့ဟာတွေကိုကူညီဖို့ ဘယ်သူ့ကိုမှ စီစဉ်မထားလောက်တော့ပါဘူး။”
“ရွှမ်းယွမ်လိပ်အကြောင်း ဆက်မပြောတော့နဲ့။ သောက်ရမ်းရွံဖို့ကောင်းတယ်။ သူကတကယ်ကို အရေထူတယ်။ မင်းသူ့ကို ကျန်ဆဲနေရင်တောင် သူက မင်းသူ့ကိုချီးမွမ်းနေတယ်လို့ ထင်ရင်ထင်နေမှာ။”
“ဒီတစ်ခါ လင်းအင်ပါယာက လူတွေစေလွှတ်လိုက်ပြီလား။”
“ဟုတ်ကဲ့ ဧကရာဇ်တပ်ဖွဲ့တွေက မြောက်ဘက်တိုက်ပွဲကို ကူညီဖို့ အလတ်စားရွက်သင်္ဘောလေးစီး စီစဉ်ထားပါတယ်။”
“လင်းအင်ပါယာ အရမ်းကြီးကျယ်ခမ်းနားတာပဲ။ ငါ့ကို လင်းအင်ပါယာထဲ ဝင်ချင်စိတ်တောင် ဖြစ်စေတယ်။”
“ဟုတ်တယ် အနည်းဆုံးတော့ တိလင်းထျန်းရှားက ရှေ့ကနေ စည်းလုံးညီညွတ်ရမယ်ဆိုတာကို သိသေးတယ်။ နောက်ကွယ်မှာတောင် ရန်သူကိုကူညီနိုင်တဲ့လူတစ်ယောက်နဲ့ မတူဘူး။”
“ငါ့ကိုပြော မင်းအထောက်အထားရှာပြီး အဲ့ရွှမ်းယွမ်ကကောင်တွေကို သေတဲ့အထိတောင်းပန်ခိုင်းနိုင်မလား။”
“ဒါကတော့ ခက်ခဲလိမ့်မယ်။ အခုက အရင်လိုမဟုတ်တော့ဘူး။ အရင်ကဆိုရင် အင်တာနက်ပေါ်ကနေ ခြေရာခံလို့ရသေးတယ်။ အခု ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကကျောက်တုံးတစ်ခုပဲ။ အတွင်းပိုင်းဖွဲ့စည်းပုံကို ဘယ်သူမှမသိနိုင်ဘူး။”