← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း ၃၈၅

ရွှမ်းယွမ်ဝူဝေ့၏အဖွဲ့သည် လူထုဆက်ဆံရေးတွင် အကောင်းဆုံး ကြိုးစားအားထုတ်နေပြီး သူတို့၏ဂုဏ်သတင်းကို ပြန်လည်ထူထောင်ရန် ကြိုးစားနေကြသော်လည်း ရလဒ်မှာ သိပ်မကောင်းလှပေ။

ရွှမ်းယွမ်တပ်ဖွဲ့ဝင်ဦးရေသည် ချက်ချင်းပင် ၃၀,၀၀၀ ကျော်မှ ၁၅,၀၀၀ သို့ ကျဆင်းသွားပြီး လူဦးရေသည် ဖြည်းဖြည်းချင်း ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။

ရွှမ်းယွမ်ဝူဝေ့သည် သူ့အဖွဲ့ရှိလူဦးရေ ကျဆင်းနေသည်ကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲတွင် ယီရန်ပင်းကို အကြိမ်ရေရာနှင့်ချီကာပင် ကျိန်ဆဲနေခဲ့သည်။

ဟုတ်ပါသည်...ဦးလေးချန်းသည်လည်း အဖွဲ့ထဲတတွင်ရှိနေပြီး ဤကျဆင်းမှု ဆက်လက်ဖြစ်ပွားနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူသည် ရွှမ်းယွမ်ဝူဝေ့နှင့် သီးသန့်ဆက်သွယ်လိုက်သည်။

“သခင်လေး မင်းက တစ်ဖက်လူတွေကို ဒေသခံဖြစ်တယ်ဆိုတာ မသိခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုသင့်တယ်။ အဲ့ဒါကြောင့် ကုန်သွယ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင် တစ်ဖက်လူရဲ့တည်နေရာကို ရရှိဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သဘာဝအတိုင်းပြောဆိုသင့်တယ်။ တစ်ချိန်တည်းမှာပဲ C-အဆင့် ရေသန့်ဝယ်ယူမှုကို တစ်ပတ်မှာတစ်ကြိမ် ဖွင့်လှစ်ရမယ်။ ပမာဏဘယ်လောက်ရှိလဲဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက မင်း စာတစ်စောင်ထပ်ပို့ရမယ်။ ဆိုလိုတာက ရွှမ်းယွမ်ရဲ့ဩဇာလွှမ်းမိုးမှုအတွင်း နေထိုင်ခြင်းက အကျိုးရှိတယ်ဆိုတာပဲ။”

“နားလည်ပါပြီ။”

ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေပြီးနောက် ဦးလေးချန်းပြောသည့်အတိုင်း ကြေညာချက်ကို ပြုလုပ်ခဲ့သည်။

ရွှမ်းယွမ်ဝူဝေ့သည် C အဆင့် ရေသန့်ကို ဝယ်ယူနိုင်ရန် ဖွင့်လှစ်ပေးမည်ဟု ဂရုက ကြားသိလိုက်ရသည်။

တစ်ပတ်လျှင်တစ်ကြိမ်သာဖြစ်သော်လည်း ၎င်းသည် ၎င်းတို့၏ကိုယ်ခန္ဓာကြံ့ခိုင်ရေးကို မြှင့်တင်ရန် အခွင့်အရေးတစ်ခုဖြစ်နေဆဲဖြစ်သောကြောင့် အချို့သောလူများသည် ရွှမ်းယွမ်မှ ထွက်ခွာရန် မရွေးချယ်ခဲ့ကြပေ။

ရွှမ်းယွမ်ဝူဝေ့၏ ယခင်ကြေညာချက်နှင့်ပတ်သက်၍ လူတိုင်းသည် ၎င်းမှာ မှားနေကြောင်း သိရှိကြပေသည်။

နောက်ဆုံး၌ ဂရုအတွင်းရှိလူဦးရေ တည်ငြိမ်သွားသည်ကို မြင်လိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့ သက်ပြင်းချလိုက်သည်။

ဤကမ္ဘာသည် လူတစ်ဦးတစ်ယောက်တည်းနှင့် တိုက်ခိုက်ရသောကမ္ဘာမဟုတ်ကြောင်း သိထားရဖြစ်သည်။ မယုံဘူးဆိုဘူးဆိုပါက ယီရန်ပင်းကိုကြည့်နိုင်၏။ သူ့ထံတွင် ဧရာမအဖွဲ့ကြီးရှိသည်။ ထို့ကြောင့် သူသည် ဤမျှကောင်းစွာဖွံ့ဖြိုးတိုးတက်နိုင်ခြင်းဖြစ်သည်။

ဟုတ်ပါသည်။ အထက်ပါအမြင်များမှာ လူထု၏အမြင်သာဖြစ်သည်။ တကယ်တမ်းတွင် ရှောင်းယီသည် အဓိကအားဖြင့် တစ်ကိုယ်တည်းသာ အလုပ်လုပ်ခြင်းဖြစ်၏။ အထူးသဖြင့် သူသည် လက်မှတ်ထိုးဝင်ခြင်းစနစ်ကို အားကိုးနေခြင်းဖြစ်ပေသည်။

ထိုစဉ် ကျန်းယွင်ထျန်းသည် သူနားသို့ ထမင်းဘူးကိုင်ကာ ဝင်လာပြီး စကားစလိုက်သည်။

“ဒီတစ်ပတ်မှာ အပူချိန်က အရမ်းမြန်မြန်တက်လာတယ်လို့ ခံစားရတယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီသည် အနည်းငယ်ကြောင်အသွား၏။ ထိုနေ့က သူသည် သူ၏လမ်းအတိုင်း အပြေးအလွှားသွားနေရသောကြောင့် အပူချိန်ကို အမှန်တကယ် သတိမထားမိခဲ့ပေ။

“ဒုတိယပတ်တုန်းကလိုမျိုးတော့ ဖြစ်မှာမဟုတ်လောက်ပါဘူး။”

ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်း ထမင်းတစ်လုတ်စားပြီး ပြန်ဖြေ၏။

“မသိဘူး အနည်းဆုံးတော့ ပြီးခဲ့တဲ့အပတ်ကထက် အများကြီးပိုပူလာတယ်။”

ရှောင်းယီ ခေါင်းညိတ်သည်။

“မနက်ဖြန်ကျရင် အပူချိန်ကို ငါဂရုစိုက်ကြည့်လိုက်မယ်။”

သူ ယီထျန်းဂရုကို ပြန်ကြည့်လိုက်သောအခါ နောက်ဆုံးတွင် တစ်စုံတစ်ခုက လူတိုင်း၏အာရုံကို ရွီမ်းယွမ်ဝူဝေ့ဆီမှ လွှဲပြောင်းပေးလိုက်ကြောင်း တွေ့လိုက်ရလေသည်။

“ဟားဟား...လူတိုင်းကြည့်ကြည့်စမ်း ဒီနေ့ငါဘာရလိုက်သလဲလို့! [ရှေးခေတ်စစ်သုံးပြောင်းချောသေနတ်ထုတ်လုပ်မှုပုံစံ] ၁။”

“ဝိုး! ဒါကဘယ်လိုတောင် မှော်ဆန်တဲ့ကံကောင်းမှုမျိုးလဲ။ ဒီလိုအရာမျိုးတောင် ထွက်လာနိုင်တယ်။”

“ညီအစ်ကို မင်းအဲ့ဒါကို ရောင်းချင်လား။ ငါ အုတ်မြစ်ကျောက် ၁၀ ခုပေးမယ်။”

“အပေါ်ကလူ မင်းက အရမ်းဆင်းရဲတာပဲ။ ငါ အခုနှစ်ဆယ်ပေးမယ်။”

“လူတိုင်းပဲ ဈေးနှုန်းခေါ်‌နေတာကို ရပ်လိုက်တော့။ ငါရောင်းမှာမဟုတ်ဘူး။ ဒီလိုပစ္စည်းကောင်းကို သဘာဝအတိုင်း ငါကိုယ်တိုင်သုံးမှာပေါ့။”

“ကိုယ်တိုင်သုံးမှာလား။ မင်းကုန်ကြမ်းတွေစုဆောင်းနိုင်မယ်ဆိုတာ သေချာလို့လား။”

“ဟုတ်တယ် ငါဖတ်လိုက်ရတယ်။ ပစ္စည်းတွေက လုံလောက်တယ်။”

“အို စိတ်မကောင်းစရာပဲ။ ဒါပေမယ့် မင်းအဲ့ဒါကို ထုတ်လုပ်ပြီးတာနဲ့ မင်းမှာ ယမ်းမှုန့်မရှိ၊ ကျည်ဆံလည်းမရှိဘူးဆိုတာ မင်းသိလာလိမ့်မယ်။”

“အမှန်ပဲ ယမ်းမှုန့်မရှိရင် ဒီဟာက ထင်းစိုက်ဖို့ပဲ သုံးသင့်တယ်။”

“ဟားဟား...အဲ့ဒါကို ထင်းအဖြစ်သုံးတာက နည်းနည်းပြင်းထန်တယ်လို့ ငါထင်တယ်။”

“စိတ်မကောင်းစရာပဲ။ အဲ့ဟာက ပြင်ဆင်ပြီးသားဖြစ်နေပြီ။ မင်းက ယမ်းမှုန့်မထုတ်လုပ်နိုင်မှာကို စိတ်ပူနေသေးတာလား။”

“တစ်စုံတစ်ယောက်က ယမ်းမှုန့်ဖော်မြူလာကို ရှာဖွေဖော်ထုတ်ပြီးပြီထင်တယ်။”

“ယုံကြည်မှုရှိစမ်းပါ။ ထင်တယ်ဆိုတာကို ဖယ်လိုက်။ အမှန်တကယ်ကို ဖော်မြူလာရှိနေပြီ။ ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။ ယမ်းမှုန့်ရဲ့ကုန်ကြမ်းတွေက ရှာဖွေဖို့ ခက်ခဲတာပံ။ အရင်တုန်းက သူဌေးကြီးယီရန်ပင်းကလည်း ဂရုထဲမှာ ယမ်းမှုန့်အတွက် ကုန်ကြမ်းတွေ စုဆောင်းခဲ့ဖူးတယ်။ သူ့မှာလည်း ယမ်းမှုန့်ဖော်မြူလာ ရှိရမယ်။”

“အပေါ်ကလူကလည်း သူဌေးကြီးတစ်ယောက်ပဲဖြစ်ရမယ်။ မင်းဘယ်တော့ ယမ်းမှုန့်ထုတ်လုပ်နိုင်မှာလဲ။ ရရင် ငါ့ကိုရောင်းဖို့မမေ့နဲ့နော်။”

“ကုန်ကြမ်းတွေရှာတွေ့နိုင်ရင် ယမ်းမှုန့်တွေ အဆက်မပြတ်ထုတ်လုပ်နိုင်လိမ့်မယ်။ မင်းကိုနည်းနည်းလောက်ရောင်းပေးရတာက ပြဿနာမရှိပါဘူး။”

“ကျေးဇူးတင်ပါတယ် သူဌေး။”

ရှောင်းယီသည် ဂရုထဲရှိ စာတိုများကို ကြည့်ရင်း ရေရွတ်လိုက်မိ၏။

“ရှေးခေတ်စစ်သုံးပြောင်းချောသေနတ်က သေနတ်ထက် နည်းနည်းလောက်ပိုပြီး အစွမ်းထက်တယ်မလား။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အမှန်ပဲ။ ဒါပေမယ့် ချို့ယွင်းချက်တွေကတော့ သိသာနေတုန်းပဲ။ ဟန်းဂန်း(handgun)လိုပဲပေါ့။ ပြောင်းချောသေနတ်က တစ်လက်တည်းရှိမယ်ဆိုရင် တစ်ချက်ပစ်ပြီးတာနဲ့ သံတုတ်အဖြစ်ပဲသုံးလို့ရတော့မှာ။”

“ဟုတ်တယ် အော်တိုရိုင်ဖယ်လို လက်နက်မျိုးတွေ ဘယ်တော့ထွက်လာမလဲမသိဘူး။” ရှောင်ရှီယိုက ပြောတယ်။

ကျန်းယွင်ထျန်းက ပြုံးလိုက်၏။

“အဲ့လိုဟာမျိုးက ခန့်မှန်းခြေအားဖြင့် အချိန်တစ်ခုလောက်တော့ စောင့်ရဦးမယ်။ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အရဆိုရင်တော့ အတော်ကြာအောင် စောင့်ရမှာပဲ။”

ရှောင်းယီက ခေါင်းညိတ်လိုက်စည်။

“စားပြီးရင် စောစောအနားယူတော့။ မနက်ဖြန်ကျရင် ဖူရှီရဲ့ကျွန်းကို တစ်ရက်တည်းနဲ့ ပြီးအောင်လုပ်နိုင်ဖို့ ကြိုးစားရမယ်။”

“အင်း”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

အိပ်ရာမဝင်မီ ရှောင်းယီသည် ယွန်နွန် အထူးတလည် ပြောကြားလိုက်သည်။

“နွန် မနက်ဖြန်မှာ ဦးလေးကို ပင်ပန်းခံရဦးမယ်။ ဖူရှီတို့ကျွန်းပေါ်က အပင်တွေကို တစ်ချက်လောက် ဂရုစိုက်ကြည့်ပေးဖို့လိုတယ်။”

“စိတ်မပူပါနဲ့။ ငါ့ကိုအပ်ထားလိုက်ပါ။”

ယွမ်နွန်က ပြုံးကာ ပြန်ဖြေလိုက်၏။

ထို့နောက် တစ်ညလုံး ဘယ်သူမှ စကားမပြောကြပေ။ သို့သော်လည်း နောက်နေ့ နံနက် ၅ နာရီတွင် ရှောင်းယီတို့အဖွဲ့မှာ စတင်လှုပ်ရှားနေပြီကြဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်သည် နွေရာသီဖြစ်ပြီး နံနက် ၅ နာရီတွင် နေရောင်ထွက်နေပြီဖြစ်သည်။ ဖူရှီသည် သူ၏မျိုးနွယ်စုအားလုံးကို လှုံ့ဆော်ကာ ယွမ်နွန်နှင့် နှစ်ရက်ကြာ လေ့လာခဲ့သော ဒေသခံများကို ဦးဆောင်စေပြီး ကျွန်းတစ်ခုလုံးသို့ ဖြန့်ကျက်စေခဲ့သည်။

ရှောင်းယီသည် အဓိကအားဖြင့် ဓာတ်သတ္တုရိုင်းများကို အာရုံစိုက်ကာ တ်ပိုင်အား ကျွန်းပေါ်တွင် ပြေးလွှားစေပြီး သူ့ကိုကျောပေါ်၌ခေါ်ဆောင်သွားစေခဲ့သည်။

ဓာတ်သတ္တုရိုင်းများ ရှိနိုင်သည်ဟု ထင်ရသော မြေမျက်နှာပြင်ပုံစံနေရာများနှင့် ကြုံတွေ့ရသောအခါ ရှောင်းယီသည် စနစ်၏အကြံပြုချက်ကို အသုံးပြုမည်ဖြစ်သည်။

သို့သော် နေ့လယ်အထိ ရှောင်းယီနှင့် တပိုင်သည် ကျွန်းတစ်ခွင်လုံး လှည့်လည်သွားလာခဲ့သော်လည်း ဓာတ်သတ္တုရိုင်းတစ်ခုကိုမျှ မတွေ့ရှိခဲ့ရပေ။

“ဓာတ်သတ္တုရိုင်းတွေ ဖြစ်ပေါ်လာဖို့က ဒီလောက်ထိ အလွယ်တကူပုံပဲ။”

ရှောင်းယီက အနည်းငယ် မျှော်လင့်ချက်မဲ့နေဟန်ဖြင့်ပြောလိုက်သည်။

သို့သော် ယွမ်နွန်သည် အပင်သစ်များစွာကို ရိတ်သိမ်းခဲ့ပြီး ရှောင်းယီကျွန်းရှိ အပင်မျိုးစိတ်များကို တစ်ဖန်ပြန်လည်ကြွယ်ဝစေခဲ့သည်။

မွန်းလွဲ ၂ နာရီတွင် ရှီမျိုးနွယ်စုဝင်အားလုံး၏ ကြိုးပမ်းမှုဖြင့် ကျွန်းတစ်ခုလုံးကို ထွန်ယက်ပြီးစီးခဲ့ပေသည်။

“အရှင် ကျုက်တို့ ကျွန်းတစ်ခုလုံးကို ရှာဖွေပြီးပါပြီ။”

ဖူရှီက ရှောင်းယီကို အစီရင်ခံတင်ပြလိုက်၏။

“ကောင်းပြီ ဒါဆို ထွက်ခွာကြရအောင်။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

ဖူရှီက ခေါင်းညိတ်ပြီး သူ၏မျိုးနွယ်စုထဲက အသုံးဝင်သည့်ပစ္စည်းအားလုံးကို ရှောင်းယီ၏ကျွန်းသို့ ပို့လိုက်၏။ ထို့နောက် သူ၏မျိုးနွယ်စုအားလုံးကို ခေါ်ဆောင်ကာ လှေပေါ်သို့တက်ပြီး ကျွန်းမှထွက်ခွာရန် ပြင်ဆင်ခိုင်းလိုက်သည်။

ထိုအချိန်တွင် လူဦးရေသည် အလွန်များပြားလွန်းနေပြီး အကြီးစားရွက်သင်္ဘောကြီးတစ်စင်းဖြင့်ပင် မနိုင်ကြောင်း သူတွေ့ရှိလိုက်ရ ယလေသည်။

ရှောင်းယီသည် ချက်ချင်းပင် ဆုဝမ်အား အလတ်စားရွက်သင်္ဘောငါးစီး ထပ်မံပို့ပေးရန် တောင်းဆိုခဲ့ပြီး လေမျိုးနွယ်စု၏အကျဉ်းသားများအပါအဝင် လူအားလုံးကို ခေါ်ဆောင်သွားနိုင်ခဲ့သည်။

လူတိုင်း လှေပေါ်သို့တက်ပြီးသောအခါ ဖူရှီသည် ဦးတည်ချက်ကျောက်ကို အသက်သွင်းလိုက်၏။ ရွက်သင်္ဘောကြီးခြောက်စင်းကိုလည်း အတူတကွချိတ်ဆက်ထားခဲ့သည်။

တည်‌နေရာကူးပြောင်းသည့် ထူးခြားဖြစ်စဥ်မြင်ကွင်းများ ပျောက်ကွယ်သွားသောအခါ ရွက်သင်္ဘောကြီးခြောက်စင်းလည်း ပျောက်ကွယ်သွားလေတော့သည်။

သူတို့ပြန်ပေါ်လာသောအခါ အလွန်ကြီးမားသော ကုန်းမြေတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

မှန်ပေသည်၊ ကုန်းမြေတစ်ခုပင်။

ရှောင်းယီသည် ဤသည်မှာ ကျွန်းတစ်ခုမဟုတ်နိုင်သည့် အလားအလာရှိကြောင်း သတိထားမိလိုက်၏။ ၎င်းကုန်းမြေ၏အစွန်းကိုပင် လုံးဝမမြင်နိုင်ပေ။

“လေမျိုးနွယ်စုက ကုန်းမြေပေါ်မှာနေတာလား။”

ကျန်းယွင်ထျန်းက အံ့အားသင့်စွာပြောလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။

“မသိဘူး ဒီလောက်ကြီးမားတဲ့ကုန်းမြေပေါ်မှာရှိတဲ့ လူသားတွေက တိုးတက်ထွန်းကားနိုင်ပြီး ယဉ်ကျေးမှုလည်းရှိသင့်တယ်။”

ထိုအခါ ကျန်းယွင်ထျန်းက သူ၏ပခုံးကိုတွန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ဒါကိုတော့ ဘယ်သူမှရှင်းရှင်းလင်းလင်းမပြောနိုင်ဘူး။”

“ခွန်းယွီ”

ရှောင်းယီက အော်ခေါ်လိုက်၏။ ထိုစဉ် ငှက်ကြီးတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာခဲ့လေသည်။ ထိုငှက်ကြီးမှာ ခွန်းယွီပင်ဖြစ်လေသည်။

“ကုန်းမြေရဲ့အတွင်းပိုင်းကိုသွပြီး စူးစမ်းလေ့လာလိုက်။ လူသားတွေ တည်ဆောက်ထားတဲ့ အဆောက်အအောက်တွေနဲ့ အရမ်းမကပ်ဖို့သတိရရမယ်။ ဝေးဝေးကနေပဲ ကြည့်ပါ။”

ရှောင်းယီက သတိပေးလိုက်၏။

“ခရစ်”

ခွန်းယွီက ပြန်ဖြေပြီးနောက် သူ၏အတောင်ပံများကို ခတ်ကာ ကောင်းကင်အမြင့်သို့ ပျံတက်သွားပြီး မကြာမီမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။

အခန်း ၃၈၆

ဤကဲ့သို့ အလွန်ကြီးမားသော ကုန်းမြေသည် ရှောင်းယီအား လူအယောက် ၂၀,၀၀၀ လောက် ထပ်မံပေးလိုက်လျှင်ပင် ခဏအတွင်း စူးစမ်းရှာဖွေ၍ ရနိုင်မည်မဟုတ်ပေ။

ထို့နောက် ရှောင်းယီသည် ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်သည်။

“လေမျိုးနွယ်စုရဲ့ သတ္တုရိုင်းကြောနှစ်ခုကို ချက်ချင်းရှာဖွေကြ။ အခုအချိန်မှာ ကုန်းမြေပြင်ရဲ့ အတွင်းပိုင်းနက်နက်ထဲကို မသွားနဲ့ဦး။ ကုန်းမြေကနေ တစ်ယောက်ယောက် ရောက်ရှိလာခြင်းရှိမရှိ အချိန်ပြည့်စောင့်ကြည့်ဖို့ လူတွေစီစဉ်ထား။”

“ဟုတ်ကဲ့”

ဖူရှီက တုန့်ပြန်ပြီး ချက်ချင်းပင် တပ်ဖွဲ့တစ်ခုကို ဦးဆောင်ကာ ကမ်းခြေသို့ ဆင်းသက်သွားခဲ့သည်။

အကျဉ်းသားများနောက်သို့ လိုက်ပါသွားခြင်းဖြစ်သောကြောင့် ဖူရှီသည် လေမျိုးနွယ်စု၏တည်နေရာကို အလွယ်တကူရှာဖွေတွေ့ရှိခဲ့သည်။

“ကျုပ်တို့မျိုးနွယ်စုက ရှေ့မှာပါ။”

အကျဉ်းသားတစ်ဦးက သူတို့ရှေ့ရှိ တည်နေရာတစ်ခုကို ညွှန်ပြကာပြောလိုက်သည်။

ရှောင်းယီသည် သူ့ရှေ့တွင်ရှိနေသော အခြေအနေများကို သေချာစွာကြည့်ရှုပြီးနောက် ပို၍ပင် အံ့အားသင့်သွားခဲ့၏။ ထိုနေရာတွင် သစ်သားအိမ်များနှင့် ကျောက်တုံးအိမ်များ အများအပြားရှိနေ

လေသည်။

“သတိထားပြီးလှုပ်ရှားကြ။”

ရှောင်းယီက သတိပေးလိုက်သည်။

ဖူရှီက ခေါင်းညိတ်လိုက်သည်။ ဗိသုကာလက်ရာအရ လေမျိုးနွယ်စုသည် ၎င်းတို့ထက် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အဆင့်မြင့်သင့်ပေသည်။

သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ ဖြည်းဖြည်းချင်း လေမျိုးနွယ်စုအနီးသို့ ချဉ်းကပ်သွားသောအခါ အပြင်ဘက်တွင် စောင့်ကြပ်ကြည့်ရှုနေသော အစောင့်တပ်သားများကို မြင်လိုက်ရပြီး ဖူရှီသည် ချက်ချင်းပင် ထိုလူများသတ်ပစ်ရန် အမိန့်ပေးလိုက်သည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

ဝါးမြားများစွာ ပျံသန်းထွက်ခွာသွားပြီးနောက် ထိုအစောင့်တပ်သားများသည် မည်သည့်တုန့်ပြန်မှုမျှမရှိဘဲ နေရာတွင်း၌ပင် ချက်ချင်းသေဆုံးသွားကြတော့သည်။

ဤယထိုအစောင့်တပ်သားများကို ကိုင်တွယ်ပြီးသည်နှင့် လေမျိုးနွယ်စုအတွင်းမှ လေးလံပြီးရှည်လျားသောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

မျိုးနွယ်စုတစ်ခုလုံး ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့လေသည်။

ဖူရှီ၏မျက်နှာသည်လည်း အနည်းငယ်တင်းမာသွားခဲ့သည်။

“ကျုပ်တို့ကို ရှာတွေ့သွားပြီလား။”

ရှောင်းယီက သူ့ကို ခေါင်းခါပြကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး ကြည့်လိုက်။”

လေမျိုးနွယ်စုရှိ ဒေသခံအားလုံးသည် ဦးတည်ဘက်တစ်ခုတည်းသို့ ပြေးသွားကြခြင်းဖြစ်ပြီး ထိုဦးတည်ဘက်သည် သူတို့၏ဦးတည်ဘက်မဟုတ်ပေ။

“ကျုက်တို့ နောက်ကလိုက်သွားမှာလား။”

ဖူရှီက မေးလိုက်သည်။

“ဒါပေါ့ သူတို့ဘာလုပ်လုပ် ငါတို့ လျှို့ဝှက်တိုက်ခိုက်နိုင်တယ်။”

ရှောင်းယီက ပြန်ပြောလိုက်၏။

ဖူရှီတို့အဖွဲ့သည် ချက်ချင်းပင် ထိုဒေသခံများ ပြေးထွက်သွားသောဦးတည်ရာသို့ လိုက်ပါသွားခဲ့ကြလေသည်။

မကြာမီ သူတို့သည် ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာတွင် အမျိုးမျိုးသော အော်ဟစ်သံများ ထွက်ပေါ်လာနေခဲ့သည်။

ရှောင်းယီသည် ထိုအသံများကို သေချာစွာနားထောင်ပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားခဲ့လေသည်။

“တစ်ယောက်ယောက်က ငါတို့လိုပဲ ဤဒီနေရာမှာရှိတဲ့ သတ္တုရိုင်းကြောတွေကို စိတ်ဝင်စားနေတာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ငါတို့ ကုန်းမြင့်ပေါ်တက်ပြီး သူတို့ပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့။”

ဖူရှီက ခေါင်းညိတ်ကာ သူ၏လူများကို ဘေးနှစ်ဖက်စလုံးရှိ တောင်ကုန်းများပေါ်သို့ ခေါ်ဆောင်သွားပြီး သစ်တောထဲတွင် ပုန်းအောင်းလိုက်ကြသည်။

ရှောင်းယီသည်လည်း မြင်ကွင်းကျယ်သောနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာမှ ချိုင့်ဝှမ်းအတွင်းသို့ ကြည့်ရှုလိုက်ရုံမျှဖြင့် ရှောင်းယီ ငေးငိုင်သွားခဲ့လေသည်။

ချိုင့်ဝှမ်းအတွင်း၌ လူနှစ်စုရှိနေ၏။

တစ်စုသည် သဘာဝအားဖြင့် လေမျိုးနွယ်စုမှ ဒေသခံများဖြစ်ပြီး အခြားတစ်စုမှာ သံချပ်ကာများ ဝတ်ဆင်ထားသော မြင်းသည်တော်တပ်ဖွဲ့ဖြစ်ကာ ၎င်းတို့၏လက်ထဲတွင် လှံတံများကို ကိုင်ဆောင်ထားပြီး ကိုယ်ပေါ်တွင်လည်း သေနတ်တစ်လက်ကို သယ်ဆောင်ထား၏။ ၎င်းတို့အောက်ရှိ မြင်းများကိုပင်လျှင် သံချပ်ကာဖြင့် ဖုံးအုပ်ထားခဲ့သည်။

လေမျိုးနွယ်စုမှ ဒေသခံများသည် အရေအတွက်အားဖြင့် များပြားသော်လည်း ရှေ့သို့မတိုးဝံ့ကြပေ။

ထိုမြင်းသည်တော်တပ်ဖွဲ့တွင် တပ်သားအယောက်နှစ်ဆယ်ခန့်သာရှိသော်လည်း ၎င်းတို့သည် ဒေသခံများရှေ့တွင် ၎င်းတို့၏မြင်းများဖြင့် အားလပ်ချိန် လမ်းလျှောက်ထွက်သကဲ့သို့ အေးဆေးတည်ငြိမ်စွာရှိနေခဲ့ကြသည်။

“ဟမ့် ယဉ်ကျေးမှုမရှိတဲ့ လူရိုင်းတွေ။”

ဦးဆောင်လာသော မြင်းသည်တော်တစ်ဦးက ပြောလိုက်သည်။

“ငါတို့ရဲ့ဘုရင်မင်းမြတ်က ဒီသတ္တုရိုင်းကြောနှစ်ခုကို သဘောကျနေတယ်။ မင်းတို့ ရိုးရိုးသားသား လက်နက်ချသင့်တယ်။ မဟုတ်ရင် မင်းတို့မျိုးနွယ်စု အကြာကြီး မတည်ရှိနိုင်တော့ဘူး။”

“ငါတို့ရဲ့ မှော်ဆရာသာ ဒီမှာရှိနေရင် မင်းတို့ ဒီနေရာကို လာရောက်ရဲမှာမဟုတ်ဘူးကွ။”

ဒေသခံတစ်ဦးက ထိုမြင်းသည်တော်ကို ဒေါသတကြီး ပြောလိုက်၏။

မြင်းသည်တော်က ခေါင်းခါကာ ပြောလိုက်သည်။

“မင်းတို့ရဲ့မှော်ဆရာ ရှိရှိ မရှိရှိ သူက ဒီသတ္တုရိုင်းကြောနှစ်ခုကို ထိန်းသိမ်းမထားနိုင်တော့ဘူး။ မင်းတို့ကို တစ်မိနစ်အချိန်ပေးမယ်။ ဒီနေရာကနေ ချက်ချင်းပျောက်ကွယ်သွားလိုက်။ မဟုတ်ရင် သနားညှာတာခြင်းမရှိဘဲ သတ်ဖြတ်ခံရမယ်။”

“မဖြစ်နိုင်ဘူး။”

ဒေသခံများက အော်ဟစ်လိုက်ကြ၏။

ထိုအခါ မြင်းသည်တော်သည် သည်းခံမှုများ ကုန်ဆုံးသွားပုံရ၏။ သူသည် သူ၏အဖော်များကို ခေါ်လိုက်ရာ မြင်းစစ်သည်အယောက်နှစ်ဆယ်ကျော်သည် ချက်ချင်းပင် ပြေးလာခဲ့ကြလေသည်။

၎င်းတို့သည် ၎င်းတို့လက်ထဲရှိ လှံတံအားလုံးကို ရှေ့တွင်ရှိနေသော ဒေသခံများဆီသို့ ချိန်ရွယ်ထားကြ၏။

ဒေသခံများသည်လည်း သူတို့လက်ထဲတွင် သစ်သားဒိုင်းများ ပြင်ဆင်ထားပြီး မြန်မြန်ဆန်ဆန်ပင် သူတို့၏ရှေ့တွင် တားဆီးလိုက်လေသည်။

ရှောင်းယီက ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းခါလိုက်မိသည်။

“သစ်သားဒိုင်းတွေက လုံးဝမတားဆီးနိုင်ဘူး။”

သူ၏စကားများမဆုံးမီမှာပင်...

ကလစ် ကလစ် ကလစ်

သစ်သားဒိုင်းသည် မြင်းစစ်သည်၏လှံဖြင့် ချက်ချင်းပင် ထိုးဖောက်ထွင်းခံလိုက်ရပြီး သစ်သားဒိုင်း၏နောက်တွင်ရှိနေသော တိုင်းရင်းသားများပင် လှံဖြင့် တံစို့ထိုးခံလိုက်ရလေသည်။

လှံတံဖြင့် တံစို့ထိုးခံလိုက်ရသော ဒေသခံများမှာ နာကျင်စွာ အော်ဟစ်နေကြရ၏။

ကထမတစ်ကြိမ် တိုက်ခိုက်မှုမှာပင်လျှင် လေမျိုးနွယ်စုသည် ရှုံးနိမ့်ကာ နေရာအနှံ့သို့ ထွက်ပြေးသွားကြတော့သည်။

ထိုမြင်ကွင်းကိုကြည့်နေသော ဦးဆောင်လာသည့် မြင်းသည်တော်က အေးစက်စွာ နှာ‌ခေါင်းရှုံ့လိုက်၏။

“ဟမ့် အားနည်းလိုက်တာ။”

လေမျိုးနွယ်စုမှ ဒေသခံများသည် ထိုလူများကို အနိုင်မယူကြောင်းသိရှိသွားသောအခါ ချက်ချင်းပင် ဆုတ်ခွာသွားကြလေသည်။ ၎င်းတို့၏ မှော်ဆရာကြီး ပြန်ရောက်လာမှသာ ရေရှည်စီမံကိန်းချမှတ်နိုင်မည်ဖြစ်သည်။

သူ၏ရှေ့တွင်ရှိသောအခြေအနေကို ကြည့်ရှုရင်း ရှောင်းယီ အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။

ဤမြင်းစစ်သည်တော်များသည် ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားသည်မှာ သိသာထင်ရှားသည်။ ဒေသခံမျိုးနွယ်စုများရှိ မှော်ဆရာများမှာ ကိုင်တွယ်ရန် အနည်းငယ်ခက်ခဲသည်။ ဤမြင်းစစ်သည်တော်များကို ကိုယ်စားပြုသော အင်အားစုများပါ ရှိနေပါသလော။

အရေးအကြီးဆုံးမှာ ယခုအချိန်တွင် ရှောင်းယီသည် ဤမြင်းစစ်သည်တော်များကို ကိုယ်စားပြုသော အင်အားစုသည် ဤနေရာနှင့် ဝေးကွားခြင်းရှိ၊မရှိကိုပင် မသိရသေးပေ။

သူသည် ထိုမြင်းစစ်သည်တော်များအား ဤနေရာတွင် နေခိုင်းခဲ့ရန်မှာ လွယ်ကူပေသည်။ သို့သော်လည်း အကယ်၍ သူတို့သည် ပြိုင်ဘက်အင်အားစုကိုသာ နှိုးဆွမိလိုက်ပါက ဒုက္ခရောက်လာမည်ဖြစ်သည်။

ရှောင်းယီသည် သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးဟု မတွေးထားခဲ့ပေ။

သို့သော် နောက်ဆုံးတွင် ဤနေရာသို့ရောက်ရှိလာပြီးနောက်တွင်မူ လက်ဗလာဖြင့် ပြန်သွားရန်မှာမူ ပို၍ပင်မဖြစ်နိုင်ပေ။

“ငါတို့ ဘာလုပ်သင့်လဲ။”

ကျန်းယွင်ထျန်းက ရှောင်းယီကိုကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“စောင့်မယ်။”

ရှောင်းယီက စကားတစ်လုံးတည်းဖြင့်သာ ပြန်‌ဖြေလိုက်သည်။

ထိုမြင်းစစ်သည်တော်များသည် လေမျိုးနွယ်စု၏ ဒေသခံများကို နှင်ထုတ်ပြီးနောက် မြင်းပေါ်မှဆင်းကာ ဘေးတွင်ထိုင်လိုက်ကြ၏။ သူတိုလသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံရသည်။

ခဏကြာပြီးနောက် ငှက်ကြီးတစ်ကောင်သည် ဝေးကွာသောနေရာမှ ပျံသန်းလာခဲ့သည်။

မြင်းစစ်သည်တော်များသည် သူတို့၏ခေါင်းများကို မော့ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် တင်းမာသွားကာ လူအားလုံးကို အတူတကွ ရပ်စေလိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ငှက်ကြီးသည် ခဏတာ လှည့်ပတ်ပျံသန်းပြီးနောက် ထပ်မံ၍ ပျံသန်းသွားခဲ့လေသည်။

“ဒီငှက်က ဘာငှက်လဲ။ ဘာလို့ အရင်က မတွေ့ဖူးတာလဲ။”

ဦးဆောင်သော မြင်းသည်တော်က ပြောလိုက်သည်။

“မသိပါဘူး။ ပင်လယ်ပြင်ကနေ ပျံသန်းလာတာ ဖြစ်နိုင်ပါတယ်”

မြင်းသူရဲတစ်ဦးက ပြန်ဖြေသည်။

ဦးဆောင်သော မြင်းသည်တော်က စဉ်းစားနေပုံရ၏။

ထိုပျံသန်းလာသော ငှက်ကြီးမှာ ခွန်းယွီပင်ဖြစ်လေသည်။

ခွန်းယွီသည် တစ်စုံတစ်ရာကို တွေ့ရှိလိုက်ရသောကြောင့် ပြန်ပျံလာခဲ့ခြင်းဖြစ်သည်။

ရှောင်းယီသည် ယခင်က ချိုင့်ဝှမ်းမှထွက်ခွာရန် ၎င်းကိုခေါ်ယူခဲ့ပြီးနောက် ဆင်းသက်ခိုင်းခဲ့သည်။

“မင်းဆိုလိုတာက ဒီကိုလာနေတဲ့ တပ်ဖွဲ့တစ်ခုရှိတယ်။ အချို့က မြင်းစစ်သည်တွေနဲ့ အချို့က သာမန်လူတွေလား။”

ခွန်းယွီထံမှ တုန့်ပြန်မှုကို ရရှိပြီးနောက် ရှောင်းယီက သံသယအပြည့်ဖြင့် ပြောလိုက်မိသည်။

ခွန်းယွီက ခေါင်းညိတ်ပြလိုက်သည်။

“သူတို့ရဲ့အရှိန်ကရော ဘယ်လိုလဲ။ ဒီကို ဘယ်ချိန်လောက်ရောက်နိုင်မလဲ။”

ရှောင်းယီက မေးလိုက်သည်။ ခွန်းယွီက အနည်းငယ်စဉ်းစားလိုက်ပြီးနောက် နှစ်ခါတွန်လိုက်သည်။

“မနက်ဖြန် မွန်းတည့်ပတ်ဝန်းကျင်လောက်! ကောင်းပြီ လှုပ်ရှားကြတာပေါ့။”

ရှောင်းယီက ပြောသည်။

“ဖူရှီ ဒီကိုလာခဲ့။”

ထိုအခါ ဖူရှီသည် သူ့နားသို့ အပြေးအလွှား ရောက်လာခဲ့သည်။ သူရောက်လာသောအခါ ရှောင်းယီက အမိန့်ပေးလိုက်၏။

“မင်း အခုချက်ချင်း တိုက်ခိုက်မှုကိုစတင်ပြီး အဲ့ဒီမြင်းစစ်သည်တွေရဲ့ အာရုံကိုဆွဲဆောင်ထားရမယ်။ ဒါပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖို့မလိုဘူး။ အားသာချက်ရှိတဲ့နေရာကိုရှာပြီး မြားနဲ့ပစ်နေရုံပဲ။ ကိုယ့်ရဲ့ဘေးကင်းရေးကို ကာကွယ်ရမယ်။”

“ဟုတ်ကဲ့”

ဖူရှီက တုန့်ပြန်ကာ ပြန်ထွက်သွားပြီး သူ၏လုပ်ငန်းတာဝန်များ စတင်စီစဉ်တော့သည်။

ရှောင်းယီက ပြောလိုက်သည်။

“ဒီလူတွေက လေးလံတဲ့သံချပ်ကာတွေကို ဝတ်ဆင်ထားတယ်။ သာမန်လေးနဲ့မြားတွေက သူတို့ရဲ့ကာကွယ်မှုကို ချိုးဖျက်ဖို့ခက်ခဲတယ်။ ငါတို့ကိုယ် ငါတို့ပဲ အားကိုးရမယ်။”

ထိုအခါ ကျန်းယွင်ထျန်းက သူ၏နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ပြန်ပြောလိုက်သည်။

“ရှေးခေတ်လေးလံတဲ့မြင်းတပ်ကို ဘယ်လိုသတ်ရမလဲဆိုတာ ငါစမ်းကြည့်ချင်တယ်။”

ပိုင်ချီက ပြုံးရယ်ကာ ပြောလိုက်၏။

“သူတို့ရဲ့သံချပ်ကာတွေကြားထဲမှာ ကွာဟချက်သာရှိကြည့်လိုက် ဒီလိုဆို ကျုပ်ရဲ့မြားတွေကို လက်ခံဖို့ အသင့်ပြင်ထားရမယ်။”

ပိုင်ချီ၏စကားကိုကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။

“မင်းက မြားပစ်တဲ့နေရာမှာလည်း ဆရာကြီးပဲလား။”

“ဆရာကြီးတစ်ယောက်လို့တော့ ပြောလိုမရပါဘူး။ အရင်ကမ္ဘာမှာတုန်းက မြှားပစ်လေ့ကျင့်ထားခဲ့ရုံပါပဲ။”

ပိုင်ချီက နှိမ့်ချကာ ပြန်ဖြေလိုက်၏။

“ကောင်းပြီ သူတို့မှာ သေနတ်တွေရှိနေသေးတယ်ဆိုတာ သတိထားရမယ်။ ဘေးကင်းရေးက အရေးကြီးဆုံးပဲ။”

ရှောင်းယီက သတိပေးလိုက်သည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းတို့အဖွဲ့သားများသည် တစ်ချိန်တည်းမှာပင် ပြန်လည်ပြန်ဖြေကြားလိုက်ကြပြီး မြင်းတပ်ကို ထပ်မံစောင့်ကြည့်ရန်အတွက် သူတို့၏နေရာသို့ ပြန်သွားခဲ့ကြသည်။

ဖူရှီသည်လည်း လေးသမားများ၏နေရာများကို စီစဉ်ပေးပြီးဖြစ်ကာ ရှောင်းယီ၏အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။

ရှောင်းယီသည်လည်း နောက်ထပ်အချိန်ဆွဲမနေတော့ဘဲ သူ၏လက်ကို ပြင်းထန်စွာလှုပ်ယမ်းရင်း အချက်ပြလိုက်တော့သည်။ ရှောင်းယီ၏ အမိန့်ကို လက်ခံရရှိလိုက်သောအခါ ဖူရှီသည် ချက်ချင်းပင် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

“မြားတွေပစ်ကြ...။”

အခန်း ၃၈၇

ဖူရှီ၏ကျယ်လောင်သောအော်သံအဆုံးတွင် ဒေသခံများလက်ထဲရှိ ဝါးမြားများသည် ချက်ချင်းပင် ပျံထွက်သွားလေတော့သည်။

ဖူရှီ၏အသံကို မိုင်ငါးမိုင်အကွာအဝေးမှပင် ကြားနိုင်မည်ဖြစ်သည်။ ချိုင့်ဝှမ်းအတွင်းရှိ လေးလံသောမြင်းသည်တပ်ကိုမူ ပြောနေစရာမလိုတော့ပေ။

“ရန်သူတိုက်ခိုက်နေပြီ။”

ဦးဆောင်လာသောမြင်းစစ်သည်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

အထိအခါ ကျန်ရှိနေသော မြင်းစစ်သည်များသည် ချက်ချင်းပင် သူတို့၏မြင်းပေါ်သို့ ခုန်တက်ကာ လျင်မြန်စွာလှုပ်ရှားလိုက်ကြသည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

တင် တင် တင် တင်

ဝါးမြားများသည် ထိုလေးလံသောမြင်းစစ်သည်များ၏ သံချပ်ကာအပေါ် ထိမှန်သွားသောအခါ သတ္တုချင်း ထိတိုက်မိသည့်အသံများ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း သံချပ်ကာကိုမူ ချိုးဖျက်နိုင်ခြင်းမရှိဘဲ ယင်း၏ပေါ်တွင် အဖြူရောင်အစက်အပြောက်အနည်းငယ်ကိုသာ ချန်ရစ်နိုင်စေခဲ့သည်။

မြင်းစစည်များသည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် ပြုံးရယ်လိုက်ကြသည်။

“တပ်ကြပ်ကြီး အဲ့ဒီမိုက်မဲတဲ့ ဒေသခံတွေက ကျုပ်တို့ကို လေးနဲ့မြားတွေနဲ့ တိုက်ခိုက်ချင်နေပုံရတယ်။ ဘယ်လောက်တောင်နုံအလိုက်သလဲ။”

တပ်ကြပ်က ပြုံးလိုက်၏။

“အဲ့လိုပဲပေါ့။ မင်းတို့ငါးယောက် သူတို့ရဲ့တပ်ဖွဲ့ထဲ ပြေးဝင်သွားပြီး ပြန်လာခဲ့။”

ဖူရှီတို့၏တိုက်ခိုက်မှုများသည် ၎င်းတို့၏ကာကွယ်မှုများကို လုံးဝချိုးဖျက်နိုင်ခြင်းမရှိကြောင်း တွေ့မြင်လိုက်ရသောအခါ မြင်းစစ်သည်အားလုံးသည် စိတ်သက်သာရာရသွားခဲ့ကြသည်။ သို့သော် ဤတိုက်ခိုက်မှုမျိုးသည် သူတို့ကို နှောက်ယှက်ဖျက်ဆီးရန်မှလွဲ၍ မည်သည့်အမှန်တကယ်ထိခိုက်မှုမျိုးကိုမျှ မဖြစ်စေနိုင်ပေ။

ဖူရှီထံသို့ မြင်းစစ်သည်ငါးဦး ဦးတည်လာသည်ကိုမြင်လိုက်ရသောအခါ ရှောင်းယီက ချက်ချင်းပြောလိုက်၏။

“ဒီငါးယောက်ကို အရင်ဆုံး ကြိုဆိုလိုက်ကြရအောင်။”

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဖူရှီတိုက်ခိုက်ရာနေရာသို့ ချက်ချင်းပင် ဦးတည်ကာ ရွေ့လျားသွားကြသည်။

မြေပြင်အနေအထားအရ ချိုင့်ဝှမ်းမှထွက်ခွာလာသော မြင်းစစ်သည်ငါးဦးသည် ဖူရှီ၏တပ်ဖွဲ့ကိုရှာဖွေရန်အတွက် ချိုင့်ဝှမ်း၏အပြင်ဘက်သို့ရွေ့လျားကာ အပေါ်သို့တက်ရမည်ဖြစ်သည်။

ရှောင်းယီတို့သည် ချိုင့်ဝှမ်း၏အပြင်ဘက်တွင်ရှိနေသောကြောင့် ဖူရှီထံသို့ ခြေတစ်လှမ်းစောကာ ရောက်သွားခဲ့ကြသည်။

“ခဏနေဦး...အဲ့မြင်းစစ်သည်ငါးဦးရောက်လာရင် ချိုင့်ဝှမ်းကိုတိုက်ခိုက်နေတာကိုရပ်ပြီး ငါ့အမိန့်ကိုစောင့်နေ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဖူရှီက ပြန်ပြောလိုက်၏။

မြင်းစစ်သည်ငါးဦးသည် ဖူရှီတို့အဖွဲ့ထံသို့ အလျင်အမြန်ရောက်ရှိလာခဲ့ကြသည်။ ဖူရှီတို့အဖွဲ့ကိုမြင်လိုက်ရသောအခါ သူတို့သည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း မည်သည့်အရာများ ထူးဆန်းနေသည်ကို အချိန်တိုအတွင်း မပြောနိုင်ခဲ့ကြပေ။

“ညီအစ်ကိုတို့ လုပ်လိုက်ကြစို့ အချိန်မဖြုန်းကြနဲ့။”

မြင်းစစ်သည်တစ်ဦးက ပြောလိုက်သည်။

ကျန်မြင်းစစ်သည်လေးဦးသည်လည်း ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် သူတို့ငါးဦးစလုံးသည် တန်းစီကာဖြင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့ကြသည်။

ထိုအချိန်တွင် ဝါးမြားတစ်စင်းသည် မြင်းစစ်သည်တစ်ဦးထံသို့ အလွန်လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

ကျန်မြင်းစစ်သည်လေးဦးသည် ၎င်းကို လုံးဝဂရုမစိုက်ဘဲ ရယ်မောလိုက်ကြ၏။

“ငါတို့ရဲ့သံချပ်ကာတွေ ဘယ်လောက်ခိုင်ခံ့တယ်ဆိုတာ သူတို့မသိသေးပုံပဲ။”

သို့သော်လည်း သူတို့စကားမဆုံးမီမှာပင် ဖောင်ခနဲမြည်သံနှင့်အတူ ထိုဝါးမြားသည် သံမဏိခေါင်းဆောင်း၏ မျက်လုံးပေါက်ထဲသို့ ဖောက်ထွင်းသွားခဲ့လေသည်။

ထိုမြင်းစစ်သည်သည် အသံပင်မထွက်လိုက်နိုင်ဘဲ မြေပေါ်သို့ လဲကျသွားခဲ့သည်။

ကျန်လေးယောက်သည် ခေါင်းဆောင်းကြားတွင် ညှပ်နေသော ဝါးမြားကိုကြည့်ကာ ခဏတာ တုန်လှုပ်သွားခဲ့ကြသည်။

သို့သော် ရှောင်းယီ၊ ကျန်းယွင်ထျန်းနှင့် တပိုင်တို့သည်လည်း အချည်းနှီးမနေခဲ့ကြပေ။ သူတို့သည် တစ်ဖက်လူများ ကြောင်အ,နေသောအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ချက်ချင်းပင် ပြေးထွက်လာခဲ့ကြလေသည်။

ရှောင်းယီသည် သူ့လက်ထဲရှိ ရွှမ်းယွမ်ဓားဖြင့် ခေါင်းဆောင်းနှင့် သံချပ်ကာအကြားရှိ ကွာဟချက်ကို တိုက်ရိုက်ခုတ်ချလိုက်၏။

ဖျစ်

သူသည် အနည်းငယ်မျှပင် နှေးကွေးလေးပင်နေခြင်းမရှိဘဲ လူတစ်ဦး၏ဦးခေါင်းကို တိုက်ရိုက်ပင် ခုတ်ပိုင်းပစ်လိုက်၏။

ရွှမ်းယွမ်ဓားသည် လေးလံသောဓားတစ်လက်အဖြစ် သတ်မှတ်ခံထားရသောကြောင့် ခုတ်ပိုင်းပစ်ရန်မှာ အလွန်လွယ်ကူပေသည်။

ကျန်းယွင်ချန်း၏ B-အဆင့် ဓားမြှောင်သည်လည်း ခေါင်းဆောင်းနှင့် သံချပ်ကာအကြားရှိ ကွာဟချက်ကို ရှာဖွေတွေ့ရှိပြီး အထဲသို့ ထိုးသွင်းလိုက်၏။ ထို့နောက် ထိုစစ်သည်၏လည်ချောင်းကို ဓားဖြင့်လှီးဖြတ်လိုက်ကာ သွေးများသည် ကွာဟချက်မှ အဆက်မပြတ် စီးထွက်လာခဲ့သည်။

ထိုလူသည်လည်း အသံတိတ် သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

တပိုင်၏တိုက်ခိုက်မှုသည်မူ အရိုးရှင်းဆုံးနှင့် အရက်စက်ဆုံးဖြစ်သည်။ သူ၏ဝက်ဝံလက်ဖဝါးတစ်ဖက်သည် မြင်းစစ်သည်ကို မြင်းပေါ်မှ ချက်ချင်းရိုက်ချလိုက်၏။ အရိုးကျိုးသံများ ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုလူသည် မည်သည့်အသံကိုမျှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

တိုက်ခိုက်မခံရသေးသော မြင်းစစ်သည်သည် နောက်ဆုံးတွင် တုန့်ပြန်လာနိုင်ခဲ့ပြီး ချက်ချင်းပင်လှည့်ကာ ထွက်ပြေးရန် အသင့်ပြင်လိုက်၏။ သို့သော်လည်း သူ၏မြင်းဇက်ကြိုးကို ဆွဲလိုက်သောအခါ သူသည် ရွေ့လျားခြင်းမရှိဘဲ ထိုနေရာတွင်ပင် ရပ်နေခဲ့လေသည်။

ရှောင်းယီသည် ထိုလူထံသို့ ခုန်ဝင်သွားပြီး ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်တော့သည်။

နောက်ဆုံးလူကို ကိုင်တွယ်ပြီးနောက် ရှောင်းယီသည် သူ့တို့ဆီသို့ လှမ်းလာနေသော ဖူရှီထံသို့ လက်မထောင်ပြလိုက်၏။

ဖူရှီ၏ စိတ်ဝိဉာည်တိုက်ခိုက်မှုကြောင့် မြင်းစစ်သည်များ ရုတ်တရက် ရပ်တန့်သွားခဲ့ခြင်းဖြစ်လေသည်။

မြင်းစစ်သည်များကို ကိုင်တွယ်ပြီးနောက် တပိုင်၏ ဖိအားပေးမှုအောက်တွင် သာမန်မြင်းများသည် မည်သည့်အမှားမှ မပြုလုပ်ရဲကြတော့ပေ။ ဒေသခံများက ၎င်းတို့ကို ဘေးတစ်ဖက်သို့ ခေါ်ဆောင်သွားပြီး ဇက်ကြိုးများကို သစ်ပင်များနှင့်တွဲကာ ချည်နှောင်လိုက်ကြသည်။

“အရှင် ကျုပ်တို့ ဆက်တိုက်ရမလား။”

ဖူရှီက မေးလိုက်သည်။ သူတို့သည် ချိုင့်ဝှမ်းအတွင်းရှိ မြင်းစစ်သည်များကို တိုက်ခိုက်ခြင်းအား ရပ်ဆိုင်းထားခဲ့ကြသည်။

“မလိုဘူး ငါပြောခဲ့တဲ့အတိုင်း ကြိမ်နွယ်ပင်တွေကို ကြိုးတစ်ချောင်းတည်းဖြစ်အောင် ပူးကျစ်ပြီး သူတို့လာတာကို စောင့်နေရုံပဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ဖူရှီသည် ခဏကြာအောင် ကြောင်အ,သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

ချိုင့်ဝှမ်းအတွင်းရှိ မြင်းစစ်သည်များသည် ထွက်သွားသောသူများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ထွက်ခွာသွားသော မြင်းစစ်သည်များထံမှ မည်သည့်သတင်းရရှိရှိလာခြင်းမရှိဘဲ ၎င်းတို့ကို တိုက်ခိုက်နေသော ဒေသခံများသည်လည်း ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပေ။

“ဘာတွေဖြစ်နေတာလဲ။ သူတို့ငါးယောက်က ဘာတွေလုပ်နေကြတာလဲ။ ဒီလောက်ကြာတာတောင် ပြန်မလာသေးဘူး။”

“သူတို့က ပျင်းရိပြီး အိပ်ငိုက်နေကြတာ သေချာတယ်။ ခေါင်းဆောင် သူတို့ပြန်လာရင် အပြစ်ပေးရမယ်။”

“ဟုတ်တယ် ဒေသခံမျိုးနွယ်စုထဲမှာ အမျိုးသမီးဒေသခံတွေရှိနေပုံပဲ။ အဲ့ဒါကြောင့် သူတို့မပြန်လာသေးတာ။ ဦးနှောက်ထဲမှာ သုတ်ပိုးအပြည့်နဲ့ကောင်တွေပဲ။”

ထိုအခါ တပ်ကြပ်က မျက်မှောင်ကုတ်လိုက်၏။

“မင်းတို့နှစ်ယောက် သူတို့ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်။ ပြီးရင် ဒီသတ္တုတွင်းက အရမ်းအရေးကြီးတယ်ဆိုတာ သူတို့ကိုပြောပြလိုက်။ မြို့တော်ဝန်က တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတာနဲ့ ငါတို့ပြန်လို့ရပြီ။ အဲ့အချိန်ကျရင် သူတို့ကို စိတ်ကြိုက်ကစားခွင့်ပေးမယ်။”

“နားလည်ပါပြီ ဆရာကြီး ကျုပ်တို့ သူတို့ကို အခုချက်ချင်းပြန်ခေါ်လာခဲ့မယ်။”

ထိုယောက်ျားနှစ်ယောက်က ပြန်ပြောလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့စေလွှတ်လိုက်သော လူငါးဦးပါသည့်အဖွဲ့သည် ဤကဲ့သို့ အသံတိတ် သတ်ဖြတ်ခံလိုက်ရမည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ကြပေ။

စစ်ကူရောက်လာသော မြင်းစစ်သည်နှစ်ဦးသည် ချိုင့်ဝှမ်း၏အပြင်ဘက်သို့ရောက်ရှိသောအခါ ချက်ချင်းပင် ထိုနေရာတွင် စောင့်ကြပ်နေသော ရှောင်းယီ၏ သတ်ဖြတ်ကို ခံလိုက်ရလေတော့သည်။

နောက်ထပ်ခဏစောင့်ပြီးနောက် ဤတစ်ကြိမ် စေလွှတ်လိုက်သော မြင်းသူရဲနှစ်ဦးပင် ပြန်ရောက်မလာကြတော့ပေ။ တပ်ကြပ်သည် နောက်ဆုံးတွင် တစ်ခုခုမှားယွင်းနေကြောင်း သိရှိသွားခဲ့လေသည်။

“အားလုံး အပြင်ထွက်ကြည့်မယ်။”

တပ်ကြပ်က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

လူအားလုံးက တစ်ချိန်တည်း ပြန်ဖြေလိုက်ကြသည်။

ကျန်ရှိနေသေးသော မြင်းစစ်သည်ဆယ်ဦးသည် ချက်ချင်းပင် ၎င်းတို့၏မြင်းများကို စီးနင်းကာ ချိုင့်ဝှမ်းထဲမှ ထွက်ခွာလာခဲ့ကြသည်။

သူတို့၏လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသောအခါ ရှောင်းယီသည် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“မင်းတို့ စောစောကလုပ်ထားတဲ့ ကြိမ်ကြိုးကို မြက်ပိုထူတဲ့ ချုံပုတ်ရှေ့မှာထားလိုက်။ လူတွေ ဘေးတစ်ဖက်တစ်ချက်စီကနေ သစ်ပင်ကြီးရဲ့နောက်မှာ ပုန်းနေ။ သူတို့တိုက်ခိုက်လာပြီဆိုရင် အနီးဆုံးမှာတဲ့ကြိမ်ကြိုးကို ဆွဲတင်လိုက်။ ပြီးရင် အဲ့ဒီကြိုးကို သစ်ပင်နဲ့ပတ်ပြီး ခိုင်ခိုင်ချုပ်ထားကြ။ နားလည်ပြီလား။”

ဖူရှီက ခေါင်းညိတ်ပြီး ထိုကိစ္စများကို စီစဉ်လိုက်သည်။

လေးလံသောမြင်းတပ် ချိုင့်ဝှမ်းမှထွက်ခွာလာသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် လေူနှင့်မြားများကိုင်ဆောင်ထားသော ဒေသခံများကိုခေါ်ကာ ချက်ချင်းပင် တိုက်ခိုက်ခိုင်းလိုက်သည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

မြားများ ထပ်မံပစ်လွှတ်လိုက်၏။ တပ်ကြပ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုလူခုနစ်ဦးသည် အန္တရာယ်တွေ့နေပြီဖြစ်ကြောင်း သိသွားခဲ့သည်။

“လူတိုင်း သတိထား။ တိုက်ခိုက်ရေးပုံစံ ဖွဲ့စည်းကြ...။”

တပ်ကြပ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ကျန်ရှိနေသေးသော မြင်းစစ်သည်ဆယ်ယောက်ကျော်သည် ချက်ချင်းပင် တပ်ဖွဲ့ပုံစံဖွဲ့စည်းပြီး ရှောင်းယီတို့အဖွဲ့ဘက်သို့ ဦးတည်ကာ ရွေ့လျားသွားခဲ့ကြသည်။

စစ်မြင်းများ အရှိန်မြှင့်လာသည်နှင့်အမျှ ၎င်းတို့၏အရှိန်သည်လည်း ပိုမိုမြန်ဆန်လာခဲ့သည်။

သူတို့သည် ရှောင်းယီတို့အဖွဲ့ထဲသို့ ဝင်ရောက်တိုက်ခိုက်တော့မည့်အချိန်တွင် ရှောင်းယီတို့အဖွဲ့သည် ရုတ်တရက် ဆုတ်ခွာသွားကြ၏။ ထို့နောက် ချက်ချင်းပင် သူတို့ကြားရှိ မြက်ခင်းထဲမှ ကြိုးသုံးချောင်း ပေါ်ထွက်လာခဲ့သည်။

လေးလံသောမြင်းတပ်သည် တိုက်ခိုက်သောအခါ ၎င်း၏ဒြပ်ထုသည် အလွန်ကြီးမားပြီး အရွေ့ဂုဏ်သတ္တိမှာလည်း အလွန်အားကြီးသောကြောင့် အချိန်မီရပ်တန့်ရန် ခက်ခဲသွားခဲ့သည်။

တပ်ကြပ်သည် မကောင်းတော့ဘူးဟု စိတ်ထဲတွင် တွေးလိုက်မိသော်လည်း ထိပ်တိုက်တိုးဝင်လိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။

ရှောင်းယီ သတိပေးခဲ့သောကြောင့် ထိုကြိမ်နွယ်ကြိုးများသည် နွယ်ကြိုးများစွာကို တစ်ချောင်းတည်းအဖြစ်သို့ လိမ်ကျစ်ထားသောကြောင့် အလွန်ခိုင်ခံ့ပေသည်။ ထို့အပြင် အစွန်းနှစ်ဖက်စလုံးကို သစ်ပင်ပတ်လည်တွင် ခိုင်ခံ့စွာရစ်ပတ်ကာ ဒေသခံငါးဦးက ခိုင်ခံ့စွာကိုင်ထားခဲ့သဖြင့် လေးလံသောမြင်းတပ်၏ ဝင်ဆောင့်ခြင်းကို ဧကန်မုချ တားဆီးနိုင်မည်ဖြစ်သည်။

ဂျစ်

ပထမဆုံးကြိမ်နွယ်ကြိုးသည် ချက်ချင်းဖြစ်ပေါ်သော ဝင်ဆောင့်မှုကြောင့် ကျိုးပြတ်သွားသော်လည်း မြင်းများသည်လည်း ယိုင်နဲ့သွားခဲ့ကြသည်။

“လေးလံသောမြင်းတပ်ရဲ့ ဝင်ဆောင့်မှုအင်အားကို ငါလျှော့တွက်မိနေတုန်းပဲ။”

ရှောင်းယီက သူ၏စိတ်ထဲမှ တွေးလိုက်မိသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့နောက်တွင် နောက်ထပ်နှစ်ချောင်းရှိသေး၏။ ဒုတိယကြိုးတစ်ချောင်းသည် နှေးကွေးသွားသော မြင်းများကို မြေပေါ်သို့ ချော်ကျစေခဲ့ပြီး မြင်းပေါ်ရှိ လေးလံသောမြင်းစစ်သည်များသည် ချက်ချင်းပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားကြလေတော့သည်။

All Chapters