← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း ၃၈၈

ထိုလေးလံသောမြင်းစစ်သည်များ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ ရှောင်းယီတို့သုံးဦးနှင့် ဝက်ဝံတစ်ကောင်သည် ထပ်မံ၍ ပြေးထွက်သွားကြပြန်သည်။

တပ်ကြပ်သည် ပတ်ဝန်းကျင်အခြေအနေကို သတိထားမိနေခဲ့သည်။ ကြိမ်နွယ်ကြိုးများသည် သူ့ကို ခဏတာ ထိတ်လန့်သွားစေခဲ့သော်လည်း မြေပြင်သို့ရောက်သောအခါ တစ်ဖက်သို့ လှိမ့်ထွက်လိုက်ပြီး သူ၏ကျောပေါ်ရှိ သေနတ်ကို သူ့လက်ထဲသို့ ပြောင်းကိုင်လိုက်ကာ သူ့၏အနီးဆုံးတွင်ရှိနေသော ကျန်းယွင်ထျန်းဘက်သို့ မျက်နှာမူလိုက်လေသည်။

“သတိထား။”

ရှောင်းယီ အော်ဟစ်လိုက်ကာ ရှေ့သို့တက်သွားပြီး သူ့လက်ထဲရှိ ရွှမ်းယွမ်ဓားကို တိုက်ရိုက်ပစ်လွှတ်လိုက်သည်။

တင်း တင်း တင်း တင်း

ရွှမ်းယွမ်ဓားသည် တုဟိုသေနတ်၏နှုတ်ခမ်းဝကို တိုက်ရိုက်ပိတ်ဆို့ထားသောကြောင့် တုဟိုသေနတ်မှ ဖြန်းထုတ်လိုက်သော ကျည်ဆန်အားလုံးသည် ရွှမ်းယွမ်ဓား၏ဓားသွားကိုသာ ထိမှန်သွားခဲ့လေသည်။

ရွှမ်းယွမ်ဓားသည် ထောင့်ဖြတ်မျဉ်းကဲ့သို့ ပျံထွက်သွား၏။ ကျန်းယွင်ထျန်းသည် ရွှမ်းယွမ်ဓားကို ရှောင်ကာ တပ်ကြပ်ထံသို့ ချဉ်းကပ်လိုက်သည်။

တပ်ကြပ်၏တုန့်ပြန်မှုသည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှပေသည်။ သူသည် ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ကျန်းယွင်ထျန်းနှင့် အနီးကပ် တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။

သို့သော် နောက်တစ်မိနစ်မှာပင် တပ်ကြပ်သည် သူ၏ရန်သူကို လုံးဝမယှဥ်နိုင်ကြောင်း သိရှိလာခဲ့သည်။

ကျန်းယွင်ချန်း၏ ပစ်မှတ်သည် သူ၏သံချပ်ကာရှိ ကွာဟချက်ဖြစ်ကြောင်းကိုသာ သူ,မသိရှိထားခဲ့ပါက သူ၏အဓိကနေရာများတွင် ပိတ်ဆို့ကာ ကြိုတင်ကာကွယ်နိုင်မည်မဟုတ်ဘဲ ပြိုင်ဘက်၏ဓားချက်အောက်တွင် သေဆုံးနိုင်ပေသည်။

“မင်းဘယ်သူလဲ။”

တပ်ကြပ်က တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင်မှ ထိုလူများသည် ယဉ်ကျေးမှုလုံးဝမရှိသော ဒေသခံများမဟုတ်ကြောင်း သူသတိထားမိလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အဝတ်အစားများသည် ဒေသခံများ၏ တိရစ္ဆာန်အရေခွံများထက် သာလွန်ကောင်းမွန်နေသောကြောင့်ပင်။

သို့သော် ကျန်းယွင်ထျန်းသည် သူ၏စကားများကို လုံးဝနားမလည်နိုင်ဘဲ သူ့ကို ဂရုစိုက်ရန် ပျင်းရိသွားခဲ့သည်။ သူ၏တိုက်ခိုက်မှုများသည် မိုးသီးမုန်တိုင်းကဲ့သို့ ၎င်းထံသို့ အဆက်မပြန်ကျရောက်လာခဲ့သည်။

လေးလံသောမြင်းစစ်သည်တပ်ကြပ်သည် ဆိုးဆိုးရွားရွား ဒုက္ခရောက်နေသော်လည်း သူ့ကိုယ်သူသာ ထောက်ပံ့ထားနိုင်ခဲ့သည်။

သူသည် ထိုလူကို ဆွဲထားနိုင်ပြီး အခြားသူများက သူတို့၏ရန်သူများကို ကိုင်တွယ်ပြီးနောက် သူ့ကို လာရောက်ကူညီနိုင်မည်ဟု သူထင်ထားခဲ့သည်။

သို့သော် ထိုအချိန်တွင် သူတို့ချီတက်လာခဲ့သော စစ်သည်ဆယ့်နှစ်ဦးအနက် ခုနစ်ဦးသာ ကျန်ရှိတော့သည်။

တပိုင်သည် သူတို့ထဲက တစ်ယောက်ကို ရိုက်နှက်လိုက်ပြီး နှစ်ယောက်ကို သတ်လိုက်၏။ ကျန်နှစ်ယောက်ကိုမူ ပိုင်ချီ၏ဝါးမြားတွေက သူတို့၏ခေါင်းဆောင်းမျက်လုံးပေါက်များဆီသို့ ဖောက်ထွင်းဝင်ရောက်စေပြီး သတ်ပစ်လိုက်လေသည်။

ဖူရှီသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုဖြင့် စစ်သည်တစ်ဦးကို တိုက်ရိုက်ဖြေရှင်းလိုက်သည်။

ကျန်းယွင်ထျန်းကို ကယ်တင်ရန် ရှောင်းယီသည် သူ၏အချိန်များကို အနည်းငယ်ဖြုန်းတီးခဲ့ရပြီး သတ်ဖြတ်ရန် အချိန်မရှိခဲ့ပေ။

ကျန်းယွင်ထျန်း အန္တရာယ်ကင်းသွားကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီသည် ချက်ချင်းပင် ကျန်ရှိနေသေးသော စစ်သည်ခုနစ်ဦးထံသို့ ဦးတည်ကာ ချီတက်သွားတော့သည်။

သူတို့သည် သူတို့၏ကျောပေါ်မှ သေနတ်များကို အလျင်အမြန် ချွတ်ယူလိုက်ကြသည်။ ရှောင်းယီသည် စစ်သည်တစ်ဦး၏ သေနတ်ပြောင်းကို ဆွဲယူလိုက်ပြီး အခြားတစ်ဦး၏ သေနတ်ကို ပိတ်ဆို့ကာ သူတို့နှစ်ဦးကို တစ်ချက်စီ ကန်ထုတ်လိုက်၏။

ထူထဲသော သံချပ်ကာများ ဝတ်ဆင်ထားသည့် ယောက်ျားနှစ်ယောက်သည် လေး၊ငါးမီတာခန့် ကန်ထုတ်ခံလိုက်ရပြီး မြေပြင်သို့ ကျသွားကာ သေသလား၊ ရှင်သလား မသိရတော့ပေ။

ဘမ်း ဘမ်း ဘမ်း

ကျန်ရှိနေသေးသော မီးသေနတ်ငါးလက်မှာ ပစ်ခတ်လိုက်ကြသော်လည်း ရှောင်းယီသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး သူတို့၏တိုက်ခိုက်မှုအကွာအဝေးမှ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် ပိုင်ချီ၏ ဝါးမြားများ ထပ်မံပျံသန်းလာခဲ့၏။ သို့သော်လည်း လေးလံသောမြင်းတပ်သည် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီးဖြစ်ကာ ပိုင်ချီ၏ ဝါးမြားများသည် သူတို့၏ ခေါင်းဆောင်းများကိုသာ ထိမှန်သွားခဲ့သည်။

ရှောင်းယီသည် တစ်ဦးတည်းဖြင့် ပေါက်ကွဲစွမ်းအားများကို ဆွဲဆောင်ထားစဉ် တပိုင်သည် ကျန်ရှိနေသေးသော စစ်သည်ငါးဦးထံသို့ ဝင်ရောက်ပြီး လက်သည်းများ ဘယ်ညာဝှေ့ယမ်းကာ စက္ကန့်ပိုင်းအတွင်း ထိုလူငါးဦးကို သတ်ဖြတ်ပစ်လိုက်သည်။

“တပိုင် အစ်ကိုကျန်းကို သွားကူညီလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“သူ့ကို အသက်ရှင်လျက် ထားနိုင်ရင် အကောင်းဆုံးပဲ။ မရရင်လည်း ပြဿနာမရှိဘူး။”

“ဝေါင်း...”

တပိုင်က ဟိန်းဟောက်ကာ တုန့်ပြန်ပြီးနောက် ကျန်းယွင်ထျန်းဘက်သို့ ပြေးထွက်သွားတော့သည်။

“ဖူရှီ မြင်းစစ်သည်တချို့ကို ခေါ်သွားပြီး လေမျိုးနွယ်စုကို စုစည်းထား။ အဲ့ဒီချိုင့်ဝှမ်းထဲမှာ ငါ့ကိုစောင့်ခိုင်းထားလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဖူရှီက တုန့်ပြန်လိုက်သည်။

တပိုင်၏အကူအညီဖြင့် တပ်ကြပ်သည် လုံးဝခုခံနိုင်ခြင်းမရှိတော့ပေ။ သူသည် တပိုင်၏ရိုက်နှက်ခြင်းကို ခံရပြီးနောက် သတိလစ်သွားခဲ့သည်။

“သူ့ကိုဖမ်းပြီး ချိုင့်ဝှမ်းထဲခေါ်သွားလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“အစ်ကိုကျန်း ဒီနေရာကို ဂရုစိုက်လိုက်ပါဦး။”

“အင်း”

ကျန်းယွင်ထျန်းက တုန့်ပြန်လိုက်သည်။

ဖူရှီသည် တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ လေမျိုးနွယ်စုသို့ ပေါ်ပေါ်တင်တင်ဝင်သွားပြီး မြင်းစစ်သည်များကို ရှေ့ဆုံးသို့တွန်းပို့ကာ ပြောလိုက်သည်။

“ငါက ရှီမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖူရှီပဲ။ မင်းတို့ရဲ့မှော်ဆရာကို ငါသတ်ပြီးပြီ။ မင်းတို့မျိုးနွယ်စုကို သိမ်းပိုက်ဖို့ လာခဲ့တာပဲ။ ခုခံမယ်ဆိုရင် ဒီမြင်းစစ်သည်ခုနစ်လိုပဲ ဖြစ်သွားမယ်။”

လေမျိုးနွယ်စုဝင်များသည် ဖူရှီက မြင်းစစ်သည်များအား ဖမ်းမိလာသည်ကိုမြင်သောအခါ အားလုံးထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

“ကျုပ်တို့ရဲ့ မှော်ဆရာကြီး...သူ တကယ်ပဲ အသတ်ခံလိုက်ရပြီလား။”

“ဒီလောက်စွမ်းအားကြီးတဲ့ မြင်းစစ်သည်တွေကို သူတို့ဘယ်လိုဖမ်းမိခဲ့တာလဲ။”

“သူတို့က ဒီမြင်းစစ်သည်တွေကို သတ်နိုင်တယ်ဆိုရင် ငါတို့ရဲ့မှော်ဆရာကြီး သူတို့လက်ထဲမှာ အမှန်တကယ် သေဆုံးသွားနိုင်တယ်။”

“သူတို့ရဲ့ လေးနဲ့မြားတွေကို ကြည့်လိုက်ဦး။ အရမ်းစွမ်းအားကြီးနေသလိုပဲ။ ငါတို့ ဘာလုပ်ရမလဲ။”

“ဘာလုပ်ရမှာလဲ။ မှော်ဆရာကို သူတို့သတ်လိုက်ပြီ။ မြင်းစစ်သည်တွေကိုလည်း သူတို့က အနိုင်ရလိုက်တယ်။ ကျုပ်တို့မှာ ခုခံနိုင်စွမ်းမရှိတော့ဘူး။”

“အရှင် ကျုပ်တို့ အညံ့ခံပါတယ်။ ကျေးဇူးပြု၍ အသက်ရှင်ခွင့်ပေးပါ!”

ဒေသခံများက မြေပြင်ပေါ်တွဒူးထောက်ကာ အော်ဟစ်လိုက်ကြသည်။

ထို့နောက် ဖူရှီသည် သူတို့ကိုကြည့်ကာ ပြောလိုက်၏။

“မင်းတို့အားလုံး ငါနဲ့အတူ သတ္တုတွင်းချိုင့်ဝှမ်းထဲကို လိုက်ခဲ့ကြ!”

“ဟုတ်ကဲ့”

လူအားလုံးက တစ်ညီတညာတည်း တုန့်ပြန်လိုက်ကြသည်။

ဖူရှီသည် သူတို့ကို သတ္တုတွင်းချိုင့်ဝှမ်းသို့ ခေါ်ဆောင်သွားသောအခါ ညနေ ၆ နာရီဖြစ်သွားပြီဖြစ်သည်။

ရှောင်းယီသည် ခွန်းယွီအား စစ်ကူလာနေသော တပ်ဖွဲ့များကို စောင့်ကြည့်ရန် စီစဉ်ပေးထားခဲ့သည်။

ကျန်းယွင်ထျန်းသည်လည်း စစ်မြေပြင်ကို သန့်ရှင်းပြီး ၎င်းတို့၏နည်းပညာကို ထုတ်ဖော်ပြနိုင်သော အရာများအားလုံးကို ထုပ်ပိုးထားခဲ့သည်။

ထိုအခါမှသာ ကျန်းယွင်ထျန်းသည် ပိုင်ချီ၏ ပစ်ခတ်မှုနည်းစနစ်၏ ပုံမှန်မဟုတ်မှုကို ရှာဖွေတွေ့ရှိခဲ့လေသည်။

သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး ကာကွယ်နိုင်ထားကြသည့် မြင်းစစ်သည်များ၏ မျက်လုံးများကို မိုးမခသစ်သဏ္ဍာန်ကဲ့သို့ ထိုးဖောက်ထားခဲ့သည်။

ဤပုံစံဖြင့်ဆိုလျှင် လေးနှင့်မြား၏ ထိပ်ဖူးသည် ပြားချပ်နေမှသာ ဝင်ရောက်နိုင်မည်ဖြစ်သော်လည်း ဒေါင်လိုက်ထောင့်ချိုးဖြင့် ဝင်ရောက်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

၎င်းတို့ဒီဇိုင်နာများ၏ အမြင်တွင် မြား၏ထိပ်ဖူးကို ထိန်းချုပ်နိုင်သော ဤကဲ့သို့သော ပစ်ခတ်မှုအတတ်ပညာများ ရှိနိုင်မည်မဟုတ်ပေ။

သို့သော် ပိုင်ချီသည် ဤသို့ပြုလုပ်နိုင်ခဲ့သည်။ ရန်သူသည် သူ၏မျက်လုံးများကို တမင်တကာ ကာကွယ်ထားခြင်းမရှိပါက မြားကို တည့်တည့်ဖြင့် ဝင်ရောက်အောင် ပစ်ခတ်နိုင်သည်။

“ရှောင်းယီ ပိုင်ချီရဲ့စွမ်းရည်က အရမ်းဆန်းကြယ်တယ်။”

ကျန်းယွင်ထျန်းသည် ခေါင်းဆောင်းတစ်ခုကို ယူဆောင်ကာ မျက်လုံးများကို ညွှန်ပြရင်း ပြောလိုက်သည်။

ရှောင်းယီသည် ထိုခေါင်းဆောင်ကို ကြည့်ပြီးနောက် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

“ဒါက တကယ်ကို အစွမ်းထက်တယ်။ ဒီလိုမျိုးပစ်ခတ်နိုင်ဖို့အတွက် လေးနဲ့မြားကို ထိန်းချုပ်နိုင်ဖို့ အများကြီးလိုအပ်တယ်။”

“ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ ဒီအဆင့်ကို လိုက်မမီနိုင်ဘူး။ အန်းရန်တော့ လုပ်နိုင်မလားဆိုတာ ငါမသိဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

“ဒါက ခဲယဉ်းမယ်ထင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အခု ဘာလုပ်ရမှာလဲ။ သတ္တုရိုင်းတွေအားလုံးကို သင်္ဘောပေါ်တင်လိုက်ရတော့မှာလား။”

ကျန်းယွန်းတီယန်က မေးလိုက်သည်။

“ငါတို့သင်္ဘောက အဲ့လောက်အများကြီးမဆန့်ဘူး။ ဒီမှာ တစ်ခါတည်း တတ်နိုင်သလောက် သန့်စင်သွားရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်း ကြောင်အ,သွား၏။

“ဒီမှာတင် တစ်ခါတည်းသန့်စင်မှာလား။ မင်း ငါ့ကို ဟာသလုပ်နေတာလား။ ငါ သူတို့ရဲ့ သန့်စင်ခြင်းနည်းလမ်းကို တွေ့ခဲ့တယ်ဆိုရင်တောင်မှ အဲ့ဒါက ဘယ်လောက်တောင်‌ရှေးကျပြီး ဘယ်လိုသန့်စင်ရမလဲဆိုတာ ငါမသိဘူး။ ပြီးတော့ သူတို့မှာ ပြန်လည်အားဖြည့်ဖို့တပ်တွေလည်း လာနေပြီ။”

ရှောင်းယီက ပြုံးလိုက်၏။

“ငါ့မှာ ဒီဟာရှိတယ်လေ။”

သူသည် ထိုသို့ပြောရင်းဖြင့် ယခင်က လက်မှတ်ထိုးခြင်းမှ ရရှိထားသော သတ္တုရိုင်းသန့်စင်စက်ကို စနစ်အာကာသထဲမှ ထုတ်ယူလိုက်သည်။

ယခင်က သတ္တုရိုင်းကြောတစ်ခုမျှ မတွေ့ရှိရသောကြောင့် ဤသတ္တုရိုင်းသန့်စင်စက်နှစ်ခုကို စနစ်အာကာသထဲတွင် ထားရှိခဲ့ပြီး မထုတ်ယူရသေးပေ။

ရှောင်းယီသည် ပစ္စည်းများကို လေထဲမှနေ၍ မည်သို့ထုတ်ယူနိုင်သည်ကို စူးစမ်းလိုသော်လည်း ကျန်းယွင်ထျန်းသည် လိမ္မာပါးနပ်ပြီး ပြဿနာကို မီးခွက်ထွန်းရှားမည်မဟုတ်ပေ။

“ဒီစက်က ဘယ်လိုစက်မျိုးလဲ။”

“SSS အဆင့် သတ္တုရိုင်းသန့်စင်စက်”

ရှောင်းယီက ပြန် ဖြေသည်။

“ဖူရှီက လူတွေအားလုံးကို ခေါ်ပြီးတာနဲ့ သူတို့ကို စွမ်းအားအပြည့်နဲ့ တူးဖော်ခိုင်းလိုက်ပါ။ ငါတို့ရဲ့ကိရိယာတွေနဲ့ တတ်နိုင်သမျှ တူးဖော်ကြပါစေ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

သူ၏စကားမဆုံးသေးမီမှာပင် ဖူရှီသည် လေမျိုးနွယ်စုဝင်များနှင့်အတူ အပြေးအလွှားရောက်လာခဲ့လေသည်။

“အရှင် လူတွေအားလုံးကို ခေါ်လာပြီးပါပြီ။ ဘာဆက်လုပ်ရမလဲ။”

ဖူရှီက မေးလိုက်သည်။

အခန်း ၃၈၉

“အခုချက်ချင်း သူတို့ကို စွမ်းအားအပြည့်နဲ့ သတ္တုရိုင်းတူးဖော်ဖို့ စည်းရုံးလိုက်ပါ။ ငါ ကိရိယာတွေယူလာခဲ့တယ်။ တူးဖော်ပြီးသား သတ္တုရိုင်းအားလုံးကို ဒီစက်နှစ်ခုထဲ ထည့်ရမယ်။”

ရှောင်းယီက ရှေ့တွင်ရှိသော သတ္တုရိုင်းသန့်စင်စက်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဖူရှီက တုန့်ပြန်လိုက်သည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာနေကြောင်း သူသိပေသည်။ ထို့ပြင် မြင်းစစ်သည်များသည်လည်း အင်းအားဖြည့်တပ်များ ရောက်ရှိလာဦးမည်ဖြစ်၏။ ၎င်းတို့၏ အားဖြည့်တပ်များ ရောက်လာသည့်အခါ သတ္တုရိုင်းများကို ဆက်လက်တူးဖော်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

ရှောင်းယီက အနည်းစဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“အစ်ကိုကျန်း သင်္ဘောပေါ်ပြန်သွားပြီး ဆုဝမ်ကို သန့်စင်ပြီးသားသတ္တုရိုင်းတွေ သင်္ဘောပေါ်ပြန်တင်ဖို့အတွက် လှည်းတချို့ ပို့ခိုင်းလိုက်ပါ။ နောက်ပြီး လူဘယ်နှစ်ယောက်ရှိလဲဆိုတာ ရေတွက်ပြီး ကြိုတင်ပြင်ဆင်ထားရမယ်။။ ထွက်ပြေးဖို့ အဆင်သင့်ဖြစ်အောင်လည်း လုပ်ထားရမယ်။”

“ဒီကယဉ်ကျေးမှုအခြေအနေကို အရင်ဆုံး စူးစမ်းကြည့်သင့်တယ်မဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“အခွင့်အရေးရရင် ဒေသခံတွေကို စူးစမ်းခိုင်းလိုက်မယ်။ ဒီတစ်ခါတော့ သတ္တုရိုင်းတွေရပြီဆိုတာနဲ့ ချက်ချင်းထွက်သွားမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့လက်ထဲမှာ လေမျိုးနွယ်စုရဲ့ ဦးတည်ချက်ကျောက်ရှိတယ်။ လိုအပ်ရင် လူတစ်စုကို စီစဉ်ပေးလိုက်ရုံပဲ။

သူသည် ကျန်းယွင်ထျန်းကို သူလျှိုအချို့ လေ့ကျင့်ပေးခိုင်းပြီး စေလွှတ်လိုက်ရုံပင်။ ရှောင်းယီတို့ကိုယ်တိုင် အသက်စွန့်ပြီး စွန့်စားရန် မလိုအပ်ပေ။

“ကောင်းပြီ”

ကျန်းယွင်ထျန်းက တုန့်ပြန်လိုက်ပြီး လူဦးရေကို အကြမ်းဖျင်းရေတွက်ကာ ဒေသခံ ဒါဇင်ခန့်နှင့်အတူ ပင်လယ်ကမ်းခြေဘက်သို့ ဦးတည်ကာ ထွက်သွားခဲ့သည်။ လိုအပ်သော သင်္ဘောများကို ပြင်ဆင်ပြီးနောက် လှည်းဆယ်စီးဖြင့် လဲလှယ်လိုက်သည်။

ခြံဝန်းထဲတွင် ယဉ်ပါးသွားသည့် တောရိုင်းမြင်းများမှာ မွေးဖွားခဲ့ပြီးဖြစ်သော်လည်း အရေအတွက်မှာ အရမ်းမများပေ။ အားလုံးလိုလိုက အရွယ်မရောက်ကြသေးပေ။

ထို့ကြောင့် ဖမ်းမိထားသည့် စစ်မြင်းအသစ်များကို ကုန်တင်မြင်းများအဖြစ် ခိုင်းစေရမည်ဖြစ်သည်။ ၎င်းတို့၏ သံချပ်ကာများကို ဆွဲချွတ်ပြီး လှည်းထဲသို့ဆွဲထည့်ခြင်းမှာ အတော်လေးလွယ်ကူပုံရသည်။

“ဒီသတ္တုကြောနှစ်ခုက သိပ်တော့မများလောက်ဘူး။”

ရှောင်းယီက သတ္တုတွင်းထဲသို့ဝင်ကာ လှည့်ပတ်ကြည့်ရှုရင်း ပြောလိုက်သည်။

“ဒါ မမှန်ဘူး။ အပြေးအလွှားတူးဖော်ရမှာဆိုတော့ လွတ်သွားမယ့်ဟာတွေ ရှိဦးမှာပဲ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။

“အများကြီးမဟုတ်ဘူးဆိုပေမယ့် မနက်ဖြန်မနက်လောက်အထိဆိုရင် ဘယ်လောက်လောက် တူးလို့ရမလဲမသိဘူး။”

“သတ္တုတူးဖော်ရေးစက်ရှိရင် အများကြီးအဆင်ပြေလိမ့်မယ်။”

ကျန်းယွင်ထျန်း ပြောလိုက်သည်။

ကျန်းယွင်ထျန်း၏စကားကို ကြားလိုက်ရသောအခါ ရှောင်းယီသည် သူ ယနေ့အတွက် လက်မှတ်ထိုးမဝင်ရသေးကြောင်း ရုတ်တရက်သတိရသွားခဲ့သည်။ မနက်ပိုင်းတွင် ရှီမျိုးနွယ်စု၏ကျွန်းပေါ်တွင် အလုပ်ရှုပ်နေခဲ့ရသည်။

ထို့နောက် သူသည် တည်နေရာကူးပြောင်းလာပြီး လေမျိုးနွယ်စုသည် အမှန်တကယ်ပင် တိုက်ကြီးတစ်ခုပေါ်၌ တည်ရှိနေကြောင်း တွေ့မြင်ရ၏။ ထို့နောက် ဤလေးလံသောမြင်းစစ်သည်များနှင့် တွေ့ဆုံခဲ့ရသည်။ ဤသို့ဖြင့် လက်မှတ်ထိုးဝင်ရန် မေ့သွားခဲ့ပေသည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

ရှောင်းယီသည် ချက်ချင်းပင် သူ၏စိတ်ထဲမှ ပြောလိုက်၏။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အလိုအလျောက် ဉာဏ်ရည်မြင့် တူးဖော်ရေးစက် (SSS အဆင့်) ၁။”

“အလိုအလျောက် ဉာဏ်ရည်မြင့် တူးဖော်ရေးစက် (SSS အဆင့်)- ၎င်းသည် အလွန်မြင့်မားသည့် အကျိုးသက်ရောပ်မှုဖြင့် သတ္တုရိုင်းများကို လွတ်လပ်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး စုဆောင်းနိုင်သည်။”

“တကယ်ကို အိပ်ငိုက်နေတဲ့အချိန်မှာ ခေါင်းအုံးပေးလိုက်တာပဲ။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။

“သန့်စင်ပြီးသားသတ္တုရိုင်းတွေ ပို့ဆောင်ဖို့ လူတချို့ချန်ထားခဲ့ ကျန်တဲ့လူတွေအားလုံး သင်္ဘောပေါ်ပြန်ဆင်းတော့။ ဖူရှီ မင်းက လေမျိုးနွယ်စုကလူတွေကို ခေါ်သွားပြီး သူတို့ရဲ့ပစ္စည်းတွေအားလုံးထုပ်ပိုးခိုင်းလိုက်။ ပြီးရင် ပြန်သွားပြီး လဲလှယ်လိုက်။”

“ဟုတ်ကဲ့”

ဖူရှီက ချက်ချင်းပင် တုန့်ပြန်ပြီး လူများအားလုံးကို လေမျိုးနွယ်စုသို့ ခေါ်ဆောင်သွားကာ သန့်ရှင်းရေးလုပ်ရန် မိနစ်နှစ်ဆယ်ခန့် အချိန်ပေးလိုက်သည်။

ထိုအချင်းအရာကိုမြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ရှောင်းယီကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်၏။

“သူတို့ကို ဘာလို့ မတူးခိုင်းတော့တာလဲ။”

“တူးဖော်ရေးစက်လိုချင်တယ်လို့ မင်းအခုနကပြောတာ မဟုတ်လား။ အခုရပြီလေ။ အဲ့တော့ သူတို့မလိုတော့ဘူး။”

ရှောင်းယီက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် အလိုအလျောက် တူးဖော်ရေးစက်ကို ထုတ်ယူလိုက်၏။

ကျန်းယွင်ထျန်းသည် သူစရှေ့တွင်ရှိသော တူးဖော်ရေးစက်ကို ကြည့်ရှုရင်း အချိန်အတော်ကြာသည်အထိ ဆွံ့အ,နေခဲ့သည်။

‘ရှောင်းယီမှာ လိုတရစွမ်းအားများ ရှိနေတာလား။ သူလိုချင်တာမှန်သမျှ အကုန်ရနေတော့မှာလား။’

ကျန်းယွင်ထျန်း သူ၏စိတ်ထဲမှ တွေးလိုက်မိသည်။

‘မဟုတ်သေးဘူး...သူ့မှာသာ အဲ့လိုစွမ်းအားရှိတယ်ဆိုရင် အော်တိုရိုက်ဖယ်နဲ့ ကျည်ဆန်တချို့ကို ဆုတောင်းလိုက်ရုံပဲ။ ဒီလောက်ထိ ဒုက္ခရောက်နေမှာမဟုတ်ဘူး။’

သူ့ရှေ့တွင်ရှိနေသော အတော်အတန်ကြီးမားသည့် တူးဖော်ရေးစက်မှာ စတင်အလုပ်လုပ်နေပြီဖြစ်သည်။

စက်တွေက လူ့စွမ်းအားထက် ပိုမြန်တယ်ဆိုတာကိုတော့ တက်ကယ်ကို ငြင်းလို့မရဘူး။

ခြောက်နာရီကြာပြီးနောက် သတ္တုကြောနှစ်ခုလုံးကို လုံးဝထုတ်ယူပြီးပြီဖြစ်၏။ သတ္တုရိုင်းသန့်စင်စက်သည်လည်း ပြီးစီးသွားပြီဖြစ်သည်။ ဆာလဖာ နှင့် ယမ်းစိမ်း နှစ်တန်သာမက သံနှင့်ကြေးနီကဲ့သို့သော အခြားသတ္တုအရင်းအမြစ်များစွာကိုပါ ရရှိခဲ့ပေသည်။

ထို့နောက် တူးဖော်ရေးစက်နှင့် သတ္တုရိုင်းသန့်စင်စက်ကို သင်္ဘောကြီးပေါ်သို့ မောင်းနှင်သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သူ၏ကျွန်းသို့ ပြန်လည်ပေးပို့လိုက်ပြီး သန့်စင်ပြီးသတ္တုရိုင်းများကိုပါ အတူတကွ ပြန်လည်ပေးပို့ခဲ့သည်။

ခရီးသွားလာမှုကို မနှောင့်နှေးစေဘဲ လဲလှယ်နိုင်သောအရာများအားလုံးကို ကြိုတင်လဲလှယ်ထားလိုက်သည်။ ဤသို့ဖြင့် သူတို့သည် လွတ်လပ်ပေါ့ပါးစွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး အရှိန်ကိုလည်း မြှင့်နိုင်ပေလိမ့်သည်။

“ရှောင်းယီ အခုထွက်သွားတော့မလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

ရှောင်းယီက ခေါင်းခါပြလိုက်၏။ ယခင်က သူသည် သတ္တုရိုင်းများထုတ်လုပ်မှု ပိုမိုရရှိလိုသောကြောင့်သာ အလျင်စလိုပြုမူခဲ့ရခြင်းဖြစ်ပြီး လေးလံသောမြင်းစစ်သည်များ၏ နောက်ကွယ်ရှိ အင်အားစုများနှင့် ထိတွေ့ဆက်ဆံရန် မလိုလားပေ။

သို့သော် ယခုအခါတွင်မူ သတ္တုရိုင်းထုတ်လုပ်မှုအားလုံးကို ရရှိပြီးဖြစ်သောကြောင့် ရှောင်းယီသည် လေးလံသောမြင်းစစ်သည်များ၏ နောက်ကွယ်ရှိ အင်အားစုများ၏ စစ်မှန်သောလက္ခဏာများကို စုံစမ်းလိုနေခဲ့သည်။

“ဟိုမြင်းစစ်သည် သတိရလာပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“သတိရနေပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။

ထိုအခါ ရှောင်းယီသည် သင်္ဘောအခန်းသို့ လမ်းလျှောက်သွားပြီး မြင်းစစ်သည်နှင့် တွေ့ဆုံလိုက်သည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းဘယ်သူလဲ။ ဘယ်ကလာတာလဲ။”

မြင်းစစ်သည်တပ်ကြပ်သည် ရှောင်းယီကိုကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“မင်းတို့က ရိုင်းစိုင်းတဲ့ တောသားတစ်အုပ်ပဲ။ မင်းတို့က ငါ့နာမည်ကိုသိရအောင် မတန်ဘူးကွ။”

ထိုအခါ ရှောင်းယီသည် အကူအညီမဲ့သွားဟန်ဖြင့် လက်ဟန်ပြလိုက်၏။ ရှောင်းယီ လက်ဟန်ပြလိုက်သည်နှင့်တပြိုင်နက် ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကိုဆွဲထုတ်ပြီး ထိုတပ်ကြပ်လက်ချောင်းတစ်ချောင်းကို ဖြတ်တောက်ပစ်လိုက်သည်။

“အား....”

လက်ချောင်းများသည် နှလုံးသားနှင့် ဆက်သွယ်နေသောကြောင့် တပ်ကြပ်က နားကွဲလူမတတ် ဟစ်အော်လိုက်ရသည်။

“မင်းမှန်မှန်မဖြေရင် သူက မင်းရဲ့လက်ချောင်းတွေကို တစ်ချောင်းပြီးတစ်ချောင်း ဆက်ပြီးဖြတ်နေလိမ့်ဦးမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းတို့ နတ်ဆိုးတွေပဲ။”

တပ်ကြပ်က ရှောင်းယီတို့နှစ်ယောက်ကို ကြောက်လန့်တကြား ကြည့်ရင်း အော်ဟစ်လိုက်၏။

“အဖြေမှားတယ်။”

ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းသည် လုံးဝမတွန့်ဆုတ်ဘဲ သူ၏အခြားလက်ချောင်းတစ်ချောင်းကို ထပ်မံဖြတ်တောက်လိုက်ပြန်သည်။

“အား...။ ငါပြောမယ် ငါပြောပါ့မယ်။ ငါနာမည်က ကာ့ထ်။ ပထမဦးဆုံး မြင်းတပ်ခွဲရဲ့ တပ်ကြပ်ပါ။ ငါက ချူဖုန်းမြို့ကနေ လာခဲ့တာပါ။”

တပ်ကြပ်ကသည် အဓိပ္ပာယ်မရှိသည့် အပြူအမူများကို လုံးဝမလုပ်ရဲတော့ဘဲ ရှောင်းယီ၏မေးခွန်းများကို ကြောက်လန့်တုန်လှုပ်စွာဖြင့် ပြန်‌ဖြေလိုက်သည်။

“အရမ်းကောင်းတယ်။”

ရှောင်းယီက ဆက်မေးသည်။

“ချူဖုန်းမြို့မှာ မင်းရဲ့တန်ဖိုးက မြင့်တယ်လို့ ယူဆလို့ရလား။”

“မဟုတ်ဘူး။ ကျုပ်ရဲ့အဆင့်က ပျမ်းမျှပဲ။”

ကာ့တ်က ပြန်ဖြေသည်။ ရှောင်းယီ မျက်ခုံးပင့်လိုက်၏။

“မင်းမြင်ဖူးသမျှထဲမှာ သိုင်းပညာအမြင့်ဆုံးက ဘယ်သူလဲ။”

“ကျုပ်တို့တပ်ရင်းမှူးပဲ။”

ကာ့တ်က ပြန်ပြောသည်။

“သူ့လက်ထဲမှာဆိုရင် ကျုပ်လုံးဝမလှုပ်ရှားနိုင်ဘူး။ ဒါပေမယ့် မြို့တော်ဝန်ဘေးမှာ ပိုပြီးစွမ်းအားကြီးတဲ့လူရှိတယ်လို့ ပြဪကြတယ်။ ကျုပ်တို့တပ်ရင်းမှူးတောင် သူ့ကို မထိရဲဘူး။”

“ပြောကြတာလား။ မင်းတစ်ခါမှမမြင်ဖူးဘူးလား။”

ရှောင်းယီက မေးလိုက်သည်။

“မမြင်ဖူးဘူး။ အဲ့ဒီလူအကြောင်းက ဒဏ္ဍာရီတစ်ပုဒ်ပဲ။”

ကာ့တ်ြ ပြန်ဖြေသည်။

“အဲ့ဒီလူမှာ မှော်ပညာစွမ်းအားရှိတယ်လို့ ဆိုကြတယ်။ မြို့တော်ဝန်တောင် သူ့ကိုလေးစားရတယ်။ ပိုပြီးချဲ့ကားပြောရရင် အဲ့ဒီလူက မြို့တော်ဝန်ရာထူးကို လိုချင်တယ်ဆိုရင် မြို့တော်ဝန်က ချက်ချင်းပဲ သူ့ရဲ့ရာထူးကို လွှဲပြောင်းပေးလိုက်မှာပဲ။”

ရှောင်းယီသည် သူ၏မျက်လုံးအိမ်များကို မှေးကျဉ်းကာ ကြည့်လိုက်၏။

“အဲ့ဒီလူကို မျိုးနွယ်စုတိုင်းက မှော်ဆရာတွေလိုပဲ အထက်ကနေ စီစဉ်ပေးထားတာလို့ ငါထင်တယ်။”

ရှောင်းယီ ဘာသာပြန်ပေးသောစကားများကို နားထောင်ပြီးနောက် ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒီလူက B အဆင့် ဖြစ်သင့်တယ်။ သူပြောတာတွေသာ မှန်မယ်ဆိုရင် သူ့ရဲ့တပ်ရင်းမှူးက A အဆင့် ဒါမှမဟုတ် အဲ့ဒါနဲ့အထက်ဖြစ်သင့်တယ်။ ပြီးတော့ မြို့တော်ဝန်ဘေးက လူက S အဆင့် ဖြစ်နိုင်တယ်။”

“S အဆင့်ဆိုရင်တော့ ငါတို့ အလောတကြီး လုပ်လို့မဖြစ်ဘူး။”

ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီးနောက် ဆက်မေးလိုက်၏။

“လေမျိုးနွယ်စုမှာ သတ္တုကြောတွေရှိတယ်ဆိုတာကို မင်းတို့ဘယ်လိုသိတာလဲ။”

“လေမျိုးနွယ်စုရဲ့ ဒေသခံတစ်ယောက်က မြို့တော်ဝန်ကို အစီရင်ခံခဲ့တယ်။ မြို့တော်ဝန်က ကျုပ်တို့ကို လာပြီးစစ်ဆေးခိုင်းတာပဲ။ သတ္တုကြောတွေ့ခဲ့ရင် တိုက်ရိုက်သိမ်းယူရမယ်။ ပြီးရင် စာပို့ခိုနဲ့သတင်းပို့ရမယ်။ ဒါဆို ချူဖုန်းမြို့ကနေ အားဖြည့်တပ်တွေစေလွှတ်လိုက်လိမ့်မယ်။”

ကာ့တ်သည် သွေးဆုတ်ဖြူလျော်နေသည့်မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ပိုင်ချီသည် သူတို့ရှိကြီး အပြေးအလွှား ဝင်ရောက်လာပြီး စိုးရိမ်တကြီးပြောလိုက်၏။

“သူဌေး ခွန်းယွီဒဏ်ရာရလာတယ်။”

ရှောင်းယီသည် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ထထွက်သွားတော့သည်။

အခန်း ၃၉၀

ရှောင်းယီ သင်္ဘောပေါ်သို့ အပြေးအလွှားရောက်သွားသောအခါ ခွန်းယွီမှာ ထိုနေရာတွင် လဲလျောင်းနေပြီဖြစ်သည်။

“ပင်းတျောင်း (S အဆင့်)- စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိထားသည်...”

ရှောင်းယီသည် ခွန်းယွီအား ချူဖုန်းမြို့မှ အားဖြည့်တပ်များနှင့် အရမ်းမကပ်ရန် ပြောခဲ့သည်။ ခွန်းယွီသည် သူ၏အမိန့်ကို မနာခံဘဲနေမည်မဟုတ်ပေ။ သို့သော်လည်း ယခုသူသည် ဤကဲ့သို့ဒဏ်ရာရရှိခဲ့၏။ ဆိုလိုသည်မှာ ထိုတပ်ဖွဲ့တွင် မှော်ဆရာများအမှန်တကယ်ရှိနေခြင်းပင်။

ထို့အပြင် ထိုလူသည် သာမန်မှော်ဆရာများထက် ပိုမိုစွမ်းအားကြီးပြီး ကောင်းကင်၌ပျံသန်းနေသော ခွန်းယွီကိုပင် အဝေးမှ တိုက်ခိုက်နိုင်ခဲ့သည်။

“အစ်ကိုကျန်း နာ့နာကိုခေါ်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ချက်ချင်းပင် ပြေးသွားပြီး နာနိုဆေးဘက်ဆိုင်ရာ စက်ရုပ်ကို လဲလှယ်လိုက်သည်။

“နာ့နာ သူ့ကိုဂရုတစိုက်ကြည့်ပေးပါဦး။”

ရှောင်းယီက ပြောသည်။

နာ့နာသည် ချက်ချင်းပင် ခွန်းယွီထံသို့ ရောက်ရှိလာပြီး စစ်ဆေးမှုများကို စတင်လိုက်လေသည်။

“ဒဏ်ရာနည်းနည်းပြင်းထန်တယ်။ ပြန်ပြီးနာလန်ထူနိုင်ဖို့ အချိန်လိုတယ်။ ပျက်စီးနေတဲ့ အာရုံကြောဆဲလ်များကို ပြင်ပေးပါ့မယ်။ ဒါပေမယ့် မပြင်နိုင်တဲ့ အာရုံကြောတချို့ကိုတော့ ဖယ်ရှားလိုက်ပြီ။ အဲ့ဒီအာရုံကြောဆဲလ်တွေကို ထုတ်လုပ်နိုင်ဖို့လည်း အချိန်လိုအပ်တယ်။”

နာ့နာက ကုသမှုအချို့ပြုလုပ်ပြီးနောက် ရှောင်းယီထံသို့ အစီရင်ခံလိုက်သည်။

“မင်းဆိုလိုတာက သူပြန်ကောင်းလာနိုင်တယ်ပေါ့။”

ရှောင်းယီက အတည်ပြုသည့်အနေဖြင့် မေးလိုက်သည်။

“မှန်ပါတယ်”

နာ့နာက ပြန်ပြောသည်။ ထိုအခါ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ ငါ့ရဲ့အမိန့်ကိုကျော်လိုက်တော့ ချက်ချင်းထွက်ခွာမယ်။”

ချူဖုန်းမြို့မှ အားဖြည့်တပ်ဖွဲ့ကို စောင့်ဆိုင်းမည့် သူ၏မူလစိတ်ကူးသည် ခွန်းယွီ၏ဒဏ်ရာရရှိမှုကြောင့် လုံးဝပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

S-အဆင့် ရွှေဂဠုန်များပင် ၎င်းနှင့်ယှဉ်နိုင်ခြင်းမရှိပါက S-အဆင့်သာရှိသည့် သူသည်လည်း အခွင့်အရေးရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နောက်ပိုင်းမှသာ ထပ်မံ၍ကြိုးစားရမည်ဖြစ်သည်။

ထို့နောက် သင်္ဘောဆယ်စီးပါသည့် တပ်ဖွဲ့တစ်ခုသည် ဖူရှီ၏ကျွန်းဆီသို့ ဦးတည်ကာ ထွက်ခွာသွားတော့သည်။ ထိုနေရာသည် ၎င်းတို့နှင့် အနီးဆုံးတွင်ရှိပြီး လုံခြုံသောနေရာလည်းဖြစ်သည်။ ဖူရှီ၏ကျွန်းသို့ ပြန်လည်ရောက်ရှိပါက ခဏအနားယူပြီး ဖူရှီ၏ ဦးတည်ချက်ကျောက်တုံး၏စွမ်းအင်များ ပြန်လည်ပြည့်ဝသွားသည်ကို စောင့်ဆိုင်းကာ တိုက်ရိုက်ပြန်လည်၍တည်နေရာကူးပြောင်းနိုင်မည်ဖြစ်သည်။

ရှောင်းယီတို့ ထွက်ခွာသွားပြီး နှစ်နာရီခန့်ကြာသောအခါ အနက်ရောင်ဝတ်စုံဝတ်ဆောင်ထားသော လူတစ်ဦး ကမ်းခြေပေါ်၌ ထွက်ပေါ်လာခဲ့သည်။

သူသည် မှောင်မိုက်နေသော ပင်လယ်ကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်မိ၏။

“လေမျိုးနွယ်စုက သူစိမ်းတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ ဦးတည်ချက်ကျောက်တုံးကို ရရှိခဲ့တာ သေချာတယ်။ ဒါပေမယ့် ငါတစ်လှမ်းနောက်ကျသွားတာ စိတ်မကောင်းစရာပဲ။”

ထိုအချိန်တွင် ရှောင်းယီတို့သည် ထိုနေရာမှနေ၍ ကီလိုမီတာ သုံးဆယ်မှ လေးဆယ်ခန့်အထိ မောင်းနှင်ပြီးဖြစ်သည်။

“အရှင် ကျုပ်တို့လူတွေ အနည်းငယ်ပင်ပန်းနေပါပြီ။ ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှုတွေကလည်း အရမ်းကစဉ့်ကလျားဖြစ်နေတယ်။ ဒါပေမယ့် သူတို့က အရမ်းတော့အားမကောင်းဘူး။ အဓိကက သူတို့တိုက်ခိုက်တဲ့ အကြိမ်ရေက အရမ်းများလို့ပါ။”

ဖူရှီက ရှောင်းယီဆီသို့ အပြေးလွှားလာရောက်ပြီး အစီရင်ခံ၏။

“လေမျိုးနွယ်စုင လူအချို့ကို လက်နက်တွေပေးပြီး သူတို့ကိုယ်တိုင် ကိုင်တွယ်ခွင့်ပြုလိုက်ပါ။ ငါတို့လူတွေအားလုံးကို သူတို့အတွက် အလုပ်လုပ်ခိုင်းနေလို့မရဘူး။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဖူရှီက တုန့်ပြန်လိုက်သည်။ ထိုစဦ ကျန်းယွင်ထျန်းက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

“ငါတို့ ကီလိုမီတာ သုံးဆယ်ကေန လေးဆယ်လောက်ပဲ ထွက်ခွာလာရသေးတယ်။ ပင်လယ်သားရဲတွေ အများကြီးတွေ့ခဲ့ရပြီးပြီ။ ဒီခရီးက ရက်စက်ကြမ်းကြုတ်မှာ သေချာတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“လေမျိုးနွယ်မှော်ဆရာရဲ့လမ်းကြောင်းက တစ်ကြိမ်တည်းပဲ အသုံးပြုနိုင်တယ်။ သူတို့ စွန်းကုထောင်တို့ကျွန်းသို့ရောက်တဲ့အခါမှာ အဲ့ဒါကပျောက်ကွယ်သွားပြီ။ အခု ငါတို့ ဒီတိုင်းပဲသွားရမယ်။”

“ဟင်း ငါအပြင်ထွက်ကြည့်လိုက်ဦးမယ်။ မင်းအရင်အနားယူလိုက်ပါ။”

ကျန်းယွင်ထျန်းသည် သူ၏ခေါင်းကိုခါယမ်းရင်း အကူညီမဲ့စွာဖြင့် ပြောလိုက်သည်။

ထို့နောက် ရှောင်းယီသည် သင်္ဘောမောင်းခန်းထဲရှိ ထိုင်ခုံတွင် လဲလျောင်းလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဖြေညင်းစွာကုန်ဆုံးနေသောအချိန်ကို ကြည့်ရှုနေခဲ့သည်။

ည ၁၂ နာရီကျော်သောအခါ ရှောင်းယီ၏မှိတ်ထားသောမျက်လုံးများသည် ချက်ချင်းပင် ပွင့်ဟလာခဲ့သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - စွမ်းအင်ပြွန် ၂”

ထိုဆုလာဘ်ကိုမြင်သောအခါ ရှောင်းယီသည် ချက်ချင်းပင် ထိုင်ခုံမှထကာ မတ်တတ်ထိုင်လိုက်သည်။ သူသည် ယခင်ကလည်း ဤပစ္စည်းကို ရရှိခဲ့ဖူးသည်။ ၎င်းသည် ဦးတည်ချက်ကျောက်တုံးကို အားသွင်းနိုင်သည်။

“စွမ်းအင်ပြွန် - တစ်ကြိမ်တည်းသာအသုံးပြုနိုင်သော အားသွင်းကိရိယာဖြစ်ပြီး ဦးတည်ချက်ကျောက်တုံးကို အားသွင်းနိုင်သည်။”

ဤပစ္စည်းဖြင့်ဆိုလျှင် သူတို့သည် ချက်ချင်းပြန်သွားနိုင်မည်ဖြစ်သည်။

ရှောင်းယီသည် ချက်ချင်းပင် အပြင်သို့ထွက်သွားပြီး ဖူရှီကို အော်ခေါ်လိုက်သည်။

“ဖူရှီ ဒီကိုလာခဲ့။”

ထို့နောက် ဖူရှီသည် သူ့အနားသို့ အပြေးရောက်လာပြီး မေးလိုက်၏။

“အရှင် ဘာကိစ္စရှိလို့ပါလဲ။”

ထို့နောက် ရှောင်းယီသည် စွမ်းအင်ပြွန်တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။

“ဒါကို ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ထဲထည့်ပြီး ဦးတည်ချက်ကျောက်တုံးကို အားသွင်းလိုက်။”

ဖူရှီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဦးတည်ချက်ကျောက်တုံး၏စွမ်းအင်ကို ပြန်လည်အားသွင်းနိုင်သည်ဟု သူတစ်ခါမျှမကြားခဲ့ဖူးပေ။

သူသည် အံ့အားသင့်နေသော်လည်း ရှောင်းယီ၏အမိန့်ကို လိုက်နာကာ စွမ်းအင်ပြွန်ကို ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ထဲထည့်ပြီး ဦးတည်ချက်ကျောက်တုံး၏အနီးတွင် ကပ်ထားလိုက်သည်။

ထိုအခါ ဦးတည်ချက်ကျောက်တုံးသည် အလျင်အမြန်လည်ပတ်လာပြီး မီးအလင်းများ ဖြာထွက်လာကာ မူလကအနီရောင်အလင်းသည် အစိမ်းရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက...သိပ်ကောင်းတယ်။”

ဖူရှီက ထိုသို့ပြောရင်းဖြင့် တံတွေစမျိုချလိုက်မိသည်။

“ပြည့်သွားပြီလား။”

ရှောင်းယီက မေးလိုက်သည်။

ပထမဆုံးအကြိမ် စွမ်းအင်ပြွန်သုံးစွဲခြင်းသည် ဘူးတို့ မျိုးနွယ်စုဘက်တွင် ဖြစ်ပြီး ရှောင်းယီ၏ကျွန်းနှင့် ပို၍နီးစပ်ကာ ဖူရှီတို့ဘက်သည်မူ သူ၏ကျွန်းနှင့် ပို၍ဝေးကွာသည်။ စွမ်းအင်ပြွန်တစ်ခုထက်ပို၍ လိုအပ်မည်လားဆိုသည်ကို မသိရသေးပေ။

ဤအချိန်တွင် လက်မှတ်ထိုးဝင်ခြင်း၏ဆုလာဘ်သည်လည်း စွမ်းအင်ပြွန်နှစ်ခုဖြစ်သောကြောင့် ရှောင်းယီက ထိုမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

ရှောင်းယီ၏မေးခွန်းကိုကြားသောအခါ ဖူရှီက ခေါင်းညိတ်လိုက်၏။

“ပြည့်သွားပါပြီ အရှင်။ အခုအသက်သွင်းလိုက်မယ်ဆိုရင် အရှင့်ရဲ့ကျွန်းကို ချက်ချင်းပြန်ရောက်သွားမှာပါ။”

ရှောင်ယီ အနည်းငယ် ငေးငိုင်သွားပြီးနောက် သူ၏စိတ်ထဲမှ မှတ်ချက်ပေးလိုက်မိသည်။

‘ဒီတည်နေရာကူးပြောင်းမှုက အကွာအဝေးနဲ့ လုံးဝမသက်ဆိုင်တဲ့ပုံပဲ။’

“စိတ်လှုပ်ရှားစရာပဲ အိမ်ပြန်ကြရအောင်!”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့!”

ဖူရှီသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

နောက်ဆုံးတွင် သူတို့ခရီးလမ်းတစ်လျှောက်၌ ရေနေသတ္တဝါအမျိုးမျိုး၏ ဒုက္ခပေးမှုမျကို စိုးရိမ်စရာမလိုတော့ပေ။

ထို့နောက် သူတို့သည် သင်္ဘောအားလုံးကို စုစည်းပြီး ကြိုးများဖြင့် ချည်နှောင်လိုက်၏။ လူအားလုံး သင်္ဘောခန်းထဲသို့ ဝင်သွားပြီးသည့်နောက် ဦးတည်ချက်ကျောက်တုံးကို အသက်သွင်းလိုက်တော့လေသည်။

ထူးဆန်းသည့်မြင်ကွင်းများ ဖြစ်ပေါ်လာပြီးနောက် နာရီဝက်ကြာသောအခါ ရေတပ်သည် ပင်လယ်ပြင်ပေါ်မှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့၏။

ရေတပ် ပြန်လာ်ထွက်ပေါ်လာသည့်အခါ ရှောင်းယီတို့ကျွန်းမှ တစ်ဆယ်ကီလိုမီတာခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။

“ငါတို့ ပြန်ရောက်ဖို့ ရက်အတော်ကြာမယ်လို့ ထင်ခဲ့တာ။ ဒီညမှာတင် ပြန်ရောက်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူး!”

ကျန်းယွင်ထျန်းသည် သူတို့ရှေ့တွင်ရှိနေသောကျွန်းကို ကြည့်ရှာရင်း ပြုံးပြုံးလေးပြောလိုက်၏။

“ဟုတ်တယ်”

ရှောင်းယီသည်လည်း ညင်သာသည့်လေသံဖြင့် ပြောလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ကျွန်းပေါ်ကလူများကို အသိပေးလိုက်သည်။

မိနစ်လေးဆယ်ခန့်ကြာသောအခါ သူတို့ရေတပ်သည် ဆိပ်ကမ်းထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။

“ဖူရှီ မင်းရဲ့လူတွေကို မင်းရဲ့နေရာဆီ တစ်ခါတည်းခေါ်သွားလို့ရတယ်။ ကျန်တဲ့လူတွေအကုန်ကတော့ သင်္ဘောပေါ်မှာနေပြီး အသိပေးချက်ကို စောင့်ဆိုင်းခိုင်းလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင်။”

ဖူရှီက တုန့်ပြန်လိုက်သည်။

ထို့နောက် ဖူရှီသည် သူ့လူများကို ခေါ်ဆောင်ပြီး ကျွန်း၏မြောက်ဘက်သို့ ဦးတည်ကာ ထွက်ခွာသွားတော့သည်။

ရှောင်းယီ၏ကျွန်းပေါ်သို့ ပထမဆုံးအကြိမ် ခြေချမိလိုက်သည့် ရှီမျိုးနွယ်စုမှ ဒေသခံများသည် အနည်းငယ် စိုးရိမ်နေမိကြ၏။ အနာဂတ်တွင် သူတို့၏ဘဝများ မည်သို့မျိုးဖြစ်မည်ကို မသိကြရသေးပေ။

ဖူရှီက သူတို့စစိုးရိမ်မှုများကို သဘောပေါက်နားလည်ထားခဲ့သည်။

“မင်းတို့ရဲ့ အနာဂတ်ဘဝအတွက် စိုးရိမ်စရာမလိုပါဘူး။ မနက်ဖြန်ကျရင် ငါ မင်းတို့ကို အသေးစိတ်ပြောပြမယ်။ ဒီနေ့တော့ ကောင်းကောင်းအနားယူလိုက်ကြပါ။”

သူစကားပြောနေစဉ်မှာပင် လူအားလုံးသည် ရှီမျိုးနွယ်စု၏နေရာသို့ ရောက်ရှိသွားကြပြီဖြစ်၏။ သူတို့သည် စနစ်တကျတည်ဆောက်ထားသော ကျောက်တုံးအိမ်များကို တွေ့လိုက်ကြရသောအခါ အားလုံးအံ့အားသင့်သွားခဲ့ကြသည်။

ဤကဲ့သို့ ကောင်းမွန်သည့်အိမ်မျိုးတွင် သူတို့တစ်ခါမှ မနေထိုင်ခဲ့ဖူးကြပေ။

“ငါတို့ရဲ့ မိသားစုတစ်စုကို ကျောက်တုံးအိမ်တစ်လုံးနဲ့ နေထိုင်ကြရမယ်။”

ဖူရှီက ပြောလိုက်သည်။

ထိုအခါ သူ၏ဘေးနားတွင်ရှိနေသော ဒုခေါင်းဆောင်က ပထမဆုံးအသုတ်မှ ဒေသခံများကို ဦးဆောင်ပြီး အမိန့်ကိုအတည်ပြုရန် စီစဉ်ပေးလိုက်တော့လေသည်။

All Chapters