အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း ၃၉၁
ရှောင်းယီသည် သူ၏အိပ်ခန်းသို့ ပြန်သွားပြီးနောက် လေအေးပေးစက်ကို ဖွင့်လိုက်သည်။
လေထွက်ပေါက်မှ အေးမြသောလေများ ထွက်ပေါ်လာသောအခါ ရှောင်းယီသည် သူ၏စိတ်ထဲမှ တွေးလိုက်မိ၏။
“အေးမြလိုက်တာ။”
ရာသီဥတုမှာ အမှန်တကယ်ပူနွေးလာနေပြီဖြစ်သည်။ သို့သော်လည်း ဒုတိယအပတ်ကဲ့သို့ ဖြစ်မည်လားဆိုသည်ကိုမူ မသိရသေးပေ။
ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ စဉ်းစားခြင်းကို ရပ်တန့်လိုက်ပြီး ရေချိုးကာ ချက်ချင်းပင် အိပ်ရာပေါ်သို့ ပြန်လဲချလိုက်၏။ ယခင်ကပြောခဲ့သကဲ့သို့ပင် မည်သည့်ကိစ္စမဆို မနက်ဖြန်မှ ပြောဆိုကြမည်ဖြစ်သည်။
နောက်နေ့ မနက် ၇ နာရီတွင် ရှောင်းယီသည် အိပ်ရာမှထကာ လက်နှစ်ဖက်ကိုဆန့်တန်းကာ အကြောဆန့်လိုက်ပြီး လသာဆောင်ပြတင်းပေါက်မှ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ကျွန်းပေါ်ရှိ သစ်တောများသည် ပို၍ပို၍ ထူထပ်လာနေပြီး အလွန်ဝေးကွာသည့်နေရာသို့ မကြည့်နိုင်တော့ပေ။
မနက်ခင်း၏ လန်းဆန်းသောလေထုသည် လူကို အမှန်တကယ်ပင် လန်းဆန်းတက်ကြွစေသည်။
သို့သော် သူ၏ဘေးတစ်ဖက်တွင်ရှိနေသော ဟွားဖုန့်ကိုကြည့်လိုက်မိသောအခါ ရှောင်းယီ၏သက်တောင့်သက်သာဖြစ်နေသော စိတ်ခံစားမှုများကို နည်းနည်းပို၍ လေးလံသွားစေခဲ့သည်။
မနေ့ညက သူတို့ပြန်ရောက်သောအခါ ရှောင်းယီသည် ခွန်းယွီကို ဗီလာ၏ အပေါ်ဆုံးထပ်ရှိ ကြီးမားသော လသာဆောင်ပေါ်တွင် ထားရှိခဲ့ပြီး ဟွားဖုန့်သည် ၎င်း၏ရောက်ရှိလာမှုကို ချက်ချင်းပင် သတိထားမိခဲ့သည်။
သူမ၏ခွင်ပွန်းသည် သတိလစ်နေသည်ကိုမြင်သောအခါ ဟွားဖုန့်သည် ချက်ချင်းပင် အဆက်မပြတ် ငိုယိုရှိုက်ကြွေးတော့လေသည်။
ရှောင်းယီသည် သူမကို အချိန်တစ်ခုကြာအောင် နှစ်သိမ့်ပေးပြီးနောက် ဟွားဖုန့်သည် စိတ်သက်သာရာရသွားခဲ့သော်လည်း ခွန်းယွီ၏ဘေးနားတွင်သာနေပြီး လုံးဝမခွာခဲ့ပေ။
ပြင်းထန်စွာဒဏ်ရာရရှိထားသော ခွန်းယွီကိုမြင်လိုက်ရသောအခါ ရှောင်းယီသည် ကြီးမားသောကုန်းမြေတိုက်အသစ်နှင့် မသိရှိရသေးသည့် အဆင့်မြင့် မှော်ဆရာကို တွေးလိုက်မိသည်။
“ငါတို့ ကိုယ့်ကိုကိုယ် ပိုပြီး မြန်မြန်တိုးတက်အောင် လုပ်ဖို့လိုနေပြီ။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်လည်း သူသည် အဆင့်မြင့်လာသည်နှင့်အမျှ တိုးတက်ရန် ပို၍ခက်ခဲလာသည်ကို တွေ့ရှိခဲ့ရသည်။
ရှောင်းယီသည် နေ့စဉ်နေ့တိုင်း အဆင့်မြင့်ပါဝင်ပစ္စည်းများ စားသုံးပြီး SS-အဆင့် ရေသန့်ကို သောက်သုံးခဲ့သော်လည်း ယနေ့ထိတိုင် အဆင့်တက်မည့်လက္ခဏာများကို မတွေ့ရှိရသေးပေ။
လွန်ခဲ့သည့်ရက်များက ဒူခန်း၏ ပါရမီကို သူ့ဆီသို့ ကူးယူထားခဲ့သည့်တိုင် သိသာထင်ရှားသည့် တိုးတက်မှုများ မရရှိသေးပေ။
“ကိုယ့်ကိုယ်ကိုယ် အဆင့်တက်စေမယ့် အဆင့်မြှင့်တင်ရေး ကတ်ပြားရှိရင် ကောင်းမှာပဲ။”
နောက်ဆုံး၌ ရှောင်းယီ ထိုသို့တွေးလိုက်မိ၏။
ထိုအချိန်တွင် အန်ယွဲ့သည် အပြင်ဘက်မှ ဝင်ရောက်လာပြီး ရှောင်းယီ တတိယထပ်ရှိ လသာဆောင်ဆောင်ပြတင်းပေါက်ပေါ်တွင် ရပ်နေသည်ကိုမြင်သောအခါ သူ၏လာရင်းကိစ္စကို တင်ပြလိုက်သည်။
“ရှောင်းယီ မနေ့က လေမျိုးနွယ်စုကနေ ခေါ်ဆောင်လာတဲ့ ဒေသခံတွေကို စာရင်းပြုစုပြီးသွားပြီ။ စုစုပေါင်း ၁,၆၃၈ ယောက်ရှိတယ်။ နာ့နာကလည်း ကနဦးရောဂါရှာဖွေမှုကို ပြုလုပ်ပြီးပြီ။ သူတို့အားလုံးက အခြေခံအားဖြင့် ကျန်းမာကြပြီး အထူးဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့သူတွေမရှိဘူး။ လူကအများကြီးပဲဆိုတော့ နေရာအကျယ်ကြီး ထပ်ယူဖို့လိုနေတယ်။”
အန်းယွဲ့၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ရှောင်းယီသည် အနည်းငယ်တွေးတောပြီး ပြန်ပြောလိုက်သည်။
“သူတို့ကို ခွဲထုတ်လိုက်ပါ။ အရှေ့၊ အနောက်၊ တောင်ဘက်ကို လူငါးရာစီခွဲဝေပြီး ပိုနေတဲ့လူတွေကို မြောက်ဘက်မှာရှိတဲ့ ရှီမျိုးနွယ်စုဆီကို ပေးလိုက်ပါ။”
“အနောက်ဘက်မှာ ပိုင်ချီတို့သုံးယောက်ရှိတယ်။ သူတို့က ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ မခက်ခဲနိုင်ဘူးလား။”
အန်ယွဲ့က ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ ဘယ်နည်းနဲ့မဆို သူတို့လလည်း ကျွန်တော်တို့ရဲ့ ရှားဘာသာစကားကို ဖြည်းဖြည်းချင်းသင်ယူရမှာပါပဲ။ ရှီမျိုးနွယ်စုက လူအချို့ကို ဘာသာပြန်အဖြစ် ခန့်ထားလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ ဒါဆို ငါအခုချက်ချင်း စီစဉ်လိုက်တော့မယ်။”
အန်ယွဲ့က ပြန်ပြောပြီးနောက် ထွက်သွားခဲ့သည်။
ရှောင်းယီသည် သတိလစ်နေဆဲဖြစ်သော ခွန်းယွီအား SS-အဆင့် ရေသန့်တိုက်ကျွေးပြီးနောက် ဘေးနားတွင်ရှိနေသော ဟွားဖုန့်က သူ့ကို ကျေးဇူးတင်စကား ပြောလာခဲ့သည်။
“မလိုပါဘူး။ တကယ်တော့ သူ့ကို ဒီလိုမျိုး ပြင်းပြင်းထျန်ထန်စွာဒဏ်ရာရခဲ့တာက ငါ့အမှားပါပဲ။”
ရှောင်းယီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စွစ်”
ထိုစဥ် ရှောင်ရှန်းသည် အပြင်ဘက်မှ ခုန်ဆင်းဝင်ရောက်လာပြီး သူ၏ကျောပေါ်တွင်လည်း အထုပ်တစ်ခုကို သယ်ဆောင်ထားခဲ့သည်။
“ဘာလုပ်နေတာလဲ မင်းအိမ်ကနေ ထွက်ပြေးလာတာလား။”
ရှောင်းယီက ရှောင်ရှန်း၏ ရယ်စရာကောင်းနေသောပုံစံကို ကြည့်ကာ မေးလိုက်သည်။
ထိုအခါ သူ၏ဘေးနားတွင်ရှိနေသော ဟွားဖုန့်သည် စိုးရိမ်စွာဖြင့် ထရပ်လိုက်ပြီး ရှောင်ရှန်းထံသို့ အော်ဟစ်လိုက်၏။
“နင့်ကလေးကို ငါခိုးလာမဟုတ်ဘူးဟ။ ငါသာ မတွေ့ခဲ့ရင် နင့်ရဲ့ကလေးက အစောကြီးကတည်းက မြွေဟောက်ကြီးရဲ့ စားပွဲဖြစ်သွားပြီ။”
ရှောင်ရှန်းသည် ပြန်လည်အော်ဟစ်လိုက်ရင်းဖြင့် သူ့ကျောပေါ်ရှိ အထုပ်ကို မြေပြင်ပေါ်သို့ ဂရုတစိုက်ချလိုက်သည်။
ထိုအထုပ်ကို ဖွင့်လိုက်သောအခါ လူကြီးလက်သီးဆုပ်အရွယ် ဥသုံးလုံး ရှောင်းယီရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
မျောက်နှင့် ရွှေဂဠုန်တို့၏ ဆက်သွယ်မှုမှတစ်ဆင့် ရှောင်းယီသည် ဖြစ်ပျက်နေသည်များကို နားလည်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းမှာ ကလေးရှိနေပြီလား။”
ဟွားဖုန့်က ရှောင်းယီကို ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ရှန်းထံသို့ ထပ်မံ၍အော်ဟစ်ကာ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
ရှောင်ရှန်းသည် သူ၏မျောက်လက်ဖဝါးလေးကို အမှုမထားဟမ်ဖြင့် ဝှေ့ယမါးလိုက်၏။ ထို့နောက် ရှောငယီကိုကြည့်ကာ လက်ဖြန့်လိုက်သည်။
“ဒီကိစ္စမှာ ငါကောင်းကောင်းလုပ်ခဲ့တယ်။ အဲ့တော့ ရေပိုပေး။”
“ပြဿနာမရှိပါဘူး။ မင်းက တကယ်ကို ကောင်းကောင်းလုပ်ခဲ့ပါတယ်ကွာ။”
ရှောင်းယီက ပြုံးရယ်ကာပြောလိုက်ပြီးနောက် အခန်းသို့ထဲဝင်သွားကာ SS အဆင့်ရေသန့်တစ်ခွက်ကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှောင်ရှန်းသည် ရေခွက်ကိုယူကာ ချက်ချင်းပင် လသာဆောင်ပေါ်ရှိ လွှဲထိုင်ခုံပေါ်တွင်ထိုင်ကာ သောက်ရင်း လွှဲရင်းဖြင့် အဆင်ပြေလွန်းနေခဲ့သည်။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး ယီထျန်းဂရုကို ကြည့်လိုက်သောအခါ သတင်းအသစ်မရှိကြောင်း တွေ့ရှိလိုက်ရသည်။ ထို့နောက် ထုတ်လုပ်မှုအင်တာဖေ့စ်သို့ပြောင်းကာ ယမ်းမှုန့်ကိုပေါင်းစပ်လိုက်တော့သည်။
ထို့နောက် ဒူးလေးဒုံးကျည်နှင့် မီးဘောလုံးတစ်ခုစီကို ပြုလုပ်လိုက်သည်။ ဤအရာနှစ်ခုသည် ယခင်က ရတနာမြေပုံတူးဖော်ရာတွင် တောင်ထိပ်မှ ရှာဖွေတွေ့ရှိသော နမူနာပုံစံကွက်များဖြစ်လေသည်။
ထိုအရာများကို ပြုလုပ်ပြီးနောက် ရှောင်းယီသည် ဒးလေးဒုံးကျည်ကို ကောက်ယူလိုက်သည်။ ထိုအရာ၏ပုံစံသည် မြားပေါ်၌ ယမ်းပြွန်တစ်ခုကို သယ်ဆောင်ထားခြင်းဖြစ်လေသည်။
အသုံးပြုသောအခါ ယမ်းမှုန့်ကို မီးညှိပြီး ပစ်လွှတ်ရမည်ဖြစ်သည်။ ၎င်းသည် ရန်သူ၏ ကောက်ပဲသီးနှံများနှင့် အဆောက်အဦများကို မီးရှို့ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်မည်ဖြစ်သည်။
မီးဘောလုံးသည်လည်း ဆင်တူသော အကျိုးသက်ရောက်မှုရှိသော်လည်း မီးဘောလုံး၏အရွယ်အစားကိုမူ လွတ်လပ်စွာ ဒီဇိုင်းဆွဲနိုင်ပေသည်။
အသေးစားများကို လောက်လေးခွဖြင့် ပစ်ခတ်နိုင်ပြီး အကြီးစားများကို လောက်လွှဲစင်ဖြင့် ပစ်ခတ်နိုင်ပေသည်။
ဤလက်နက်နှစ်မျိုးဖြင့် အနာဂတ်တွင် ကျူးကျော်ဝင်ရောက်လာမည့် ဒေသခံများကို ကိုင်တွယ်ရာ၌ ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။
“အစ်ကိုကျန်း အရပ်လေးမျက်နှာမှာရှိတဲ့ ခေါင်းဆောင်တွေကို မွန်းလွဲပိုင်းမှာ ဒီကိုလာခဲ့ဖို့ အသိပေးလိုက်ပါ။ ကျုပ်တို့ တစ်ခုခုကို ဆွေးနွေးဖို့ လိုနေပြီ။”
ရှောင်းယီက ဝေါ်ကီတော်ကီကို ကောက်ယူကာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက တုန့်ပြန်လိုက်သည်။
ပိုင်ချီသည် မနေ့ညက ပြန်ရောက်ပြီးနောက် မနက်အိပ်ရာထသောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
အန်ယွဲ့သည် သူ့လက်ထဲသို့ ဒေသခံငါးရာကို ခန့်အပ်လိုက်ပြီး ရှောင်းယီက သူ့အား ဦးဆောင်ရန် တောင်းဆိုထားသည်ဟုဆိုခဲ့သည်။ သူ၏ညွှန်ကြားချက်များကို အကြမ်းဖျင်းနားလည်နိုင်သော ဒေသခံဆယ်ဦးကိုပါ ဘာသာပြန်အဖြစ် ခန့်အပ်ထားခဲ့သည်။
သို့သော် ထိုဒေသခံငါးရာရှိနေသော်ငြား နောက်တစ်ဆင့်တွင် သူဘာလုပ်ရမည်ကို မသိသေးပေ။
မြေပြင်ကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာလုပ်ရမည်လော။
သို့သော် သစ်တောများ၏ ဆင့်ကဲပြောင်းလဲမှုသည်လည်း အလွန်အရေးကြီးပေသည်။
အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းလား။
ဤအရာကို ရှောင်းယီနှင့် အရင်ဆွေးနွေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် သူရှိရာသို့ ရောက်လာခဲ့လေသည်။
“ခဏနေရင် ရှောင်းယီဆီကို သွားရမယ်။ အရေးကိစ္စတွေ ဆွေးနွေးဖို့ လိုနေတယ်။ ဘယ်လိုသွားရမလဲဆိုတာတော့ သူတို့သိတယ်။ သူတို့ကို မေးကြည့်လိုက်ပါ။”
ကျန်းယွင်ထျန်းသည် ဘာသာပြန်အဖြစ် ဆောင်ရွက်နေကြသော ဒေသခံများကို ညွှန်ပြကာပြောလိုက်သည်။
ပိုင်ချီက ခေါင်းညိတ်ကာ “ဟုတ်ကဲ့” ဟု ပြောလိုက်၏။ ထို့နောက် ကျန်းယွင်ထျန်း ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဒေသခံများအား မေးမြန်းခြင်းမှတစ်ဆင့် ပိုင်ချီသည် ကျွန်း၏ဗဟိုတွင် မြင့်မားသောနံရံကြီးတစ်ခုရှိပြီး ရှောင်းယီသည် ထိုနံရံအတွင်း၌ နေထိုင်ကြောင်း သိရှိခဲ့ရသည်။
“နံရံအမြင့်ကြီးလား။ အဲ့ဒါက သိပ်တော့ မကြီးလောက်ဘူးထင်တယ်။”
ပိုင်ချီ ရေရွတ်လိုက်မိသည်။ ဤနေရာရှိ လူအင်အားမှာ အကန့်အသတ်ရှိသောကြောင့် နံရံတစ်ခုအတွက်နှင့် လူနှင့်ငွေကို အလဟဿ ဖြုန်းတီးနိုင်မည်မဟုတ်ပေ။
ထိုအတွေးဖြင့် ပိုင်ချီသည် ၎င်းတို့ညွှန်ပြသော နံရံဘက်သို့ ဦးတည်ကာ ထွက်လာခဲ့လိုက်သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် ပိုင်ချီသည် သူ၏ရှေ့တွင်ရှိသော သတ္တုနံရံကို စိုက်ကြည့်ရင်း လုံးဝငေးငိုင်သွားခဲ့သည်။
“ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ။”
ပိုင်ချီက နံရံကိုကြည့်ရင်း သူ၏နှလုံးခုန်နှုန်းများ မှုမမှန်ဖြစ်သွားခဲ့သညါ။
“ဝင်ခဲ့လေ”
ထိုစဉ် ရှောင်းယီ၏ပုံရိပ်သည် အီလက်ထရွန်းနစ်တံခါးပေါ်၌ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် နံရံပေါ်ရှိ အီလက်ထရွန်းနစ်တံခါးသည် အလိုအလျောက်ပွင့်သွားပြီး ပိုင်ချီသည် အလျင်အမြန်ပင်တုန့်ပြန်ကာ အထဲသို့ဝင်သွားလိုက်သည်။
နံရံအတွင်းသို့ ဝင်ရောက်ပြီးနောက် ပိုင်ချီသည် သူ၏အသိပညာများ ပြောင်းပြန်လှန်ချခံရသည်ကို တွေ့ရှိလိုက်ရလေသည်။
နံရံအတွင်းရှိ အဆောက်အဦများသည် ခေတ်သစ်အဆောက်အဦများဖြစ်ပြီး အဆောက်အဦတစ်ခုစီအား စင်္ကြံလမ်းကြောင်းများဖြင့် ဆက်သွယ်ထားသည်။
“မင်္ဂလာပါ ခင်ဗျားက ပိုင်ချီပဲဖြစ်ရမယ်။ ကျုပ်က ယွမ်ရှီပါ။ ခင်ဗျားရဲ့ ဘော်ဒီဂတ်တစ်ယောက်ပါ။”
ယွမ်ရှီသည် သူနှင့်သွားရောက်တွေ့ဆုံကာ ပြောလိုက်သည်။
“ကျုပ်နောက်ကိုလိုက်ခဲ့ပေးပါ။”
ပိုင်ချီသည် သူ့ရှေ့တွင်ရှိနေသော လူကို မြင်လိုက်ရ၏။ သူသည် သိသိသာသာပင် ဒေသခံတစ်ယောက်ဖြစ်သော်လည်း ရှားဘာသာစကားဖြင့် ကျွမ်းကျင်စွာပြောဆိုနေသည်ကို မြင်လိုက်ရရသောအခါ အနည်းငယ်ရှုပ်ထွေးသွားခဲ့လေသည်။
အခန်း ၃၉၂
“မင်းက ရှားနိုင်ငံကလား။”
ပိုင်ချီက မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ သူ၏မေးခွန်းကိုကြားသောအခါ ယွမ်ရှီက ပြုံးရယ်ကာ ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး ဆရာကြီးတွေပြောတဲ့အတိုင်းဆိုရင် ကျုပ်က ဒီကမ္ဘာကဒေသခံပါ။”
“ဒါပေမယ့် မင်းက ရှားဘာသာစကားကို အတော်လေးကောင်းကောင်းပြောနိုင်တယ်လေ။ ဆရာကြီးရှောင်းယီဆီကနေ သင်ခဲ့တာလား။”
ပိုင်ချီက မေးလိုက်သည်။ ယွမ်ရှီက ခေါင်းခါလိုက်၏။
“မဟုတ်ပါဘူး။ ကျုပ်တို့က TV ထဲကလူတွေဆီကနေ သင်ခဲ့ရတာ။”
“တီဗီလား”
ပိုင်ချီ ထိုစကားလုံးက သူ့နှင့်အနည်းငယ်ဝေးကွာနေသလိုခံစားလိုက်ရ၏။ သို့သော်လည်း ဆိပ်ကမ်းဘေးက အပန်းဖြေစခန်းကို တွေးကြည့်လြိက်သောအခါ နားလည်နိုင်သွားခဲ့သည်။
သံမဏိဖြင့်ပြုလုပ်ထားသော ဂိုဒေါင်ကြီးတစ်ခုကို လှည့်ပတ်လမ်းလျှောက်ပြီးနောက် ပိုင်ချီသည် ဗီလာအိမ်နှစ်လုံးနှင့် အိမ်ယာခြံဝန်းတစ်ခုကို မြင်လိုက်ရသည်။
“ဒီကွာဟချက်က အရမ်းကြီးတယ်။ အခြားသူတွေက သစ်သားအိမ်ငယ်လေးတွေရတာကိုတောင် တိတ်တိတ်လေးဂုဏ်ယူနေကြသေးတာ။ သူဌေးကတော့ ဇိမ်ခံဗီလာမှာ နေပြီးနေပြီ။”
ပိုင်ချီသည် မျှော်လင့်ချင်မဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။
ယွမ်ရှီသည် ပိုင်ချီကို အလယ်ရှိ ဗီလာ၏ ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ အရှင်က မကြာခင်ဆင်းလာပါလိမ့်မယ်။”
ထိုအချိန်တွင် ဖူရှိသည်လည်း ဧည့်ခန်းထဲသို့ ရောက်ရှိလာပြီး ပိုင်ချီကိုမြင်သောအခါ နှုတ်ဆက်လိုက်သည်။ ပိုင်ချဌသည်လည်း ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
ဘေးတစ်ဖက်ရှိ ဒေသခံနှစ်ယောက်ကလည်း သူ့ကို ခေါင်းညိတ်ပြလိုက်ကြသည်။
ထိုစဥ် ရှောင်းယီသည် အပေါ်ထပ်မှဆင်းလာပြီး ၎င်းတို့ကိုကြည့်ကာ ပြောလိုက်၏။
“အားလုံးပဲ ထိုင်ကြပါ။”
သူတို့အားလုံး ထိုင်လိုက်ကြပြီးနောက် ယွမ်နွန်နှင့် အခြားသူများသည်များ အလျင်အမြန် ပြန်ရောက်လာခဲ့ကြသည်။
ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီးနောက် ရှောင်းယီက စကားစလိုက်တော့သည်။
“ကျုပ်တို့ကျွန်းပေါ်တွင် လူဦးရေတိုးပွားလာပြီဖြစ်တဲ့အတွက်ကြောင့် စည်းမျဉ်းအချို့ ချမှတ်သင့်ပြီ။ ဒီနေရာမှာ အဓိကအခြေခံမူတစ်ခုပဲရှိတယ်။ အဲ့ဒါကဘာလဲတိုရင် သစ္စာမဖောက်ဘဲ သဟဇာတဖြစ်စွာအတူယှဉ်တွဲနေထိုင်ခြင်းပဲ။”
“ဟုတ်ကဲ့”
လူအားလုံးက တစ်ချိန်တည်း ပြန်ဖြေလိုက်ကြသည်။
“အထူးစနစ်လိုအပ်ချက်တွေကို ဦးလေးအန်းယွဲ့ကက ချမှတ်ပေးလိမ့်မယ်။ ခင်ဗျားတို့လေးယောက်က အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တာဝန်ယူပါ။ ကျုပ်တို့က ခင်ဗျားတို့ရဲ့အကောင်အထည်ဖော်မှုကို မကြာခဏစစ်ဆေးသွားမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဖူရှီနှင့် အခြားသူများက တုန့်ပြန်လိုက်ကြ၏။
“ကျွန်းစီမံခန့်ခွဲမှုဆိုင်ရာ အထူးကိစ္စရပ်တွေအတွက်အတော့ ခင်ဗျားတို့ဘာသာ အချိန်ရတဲ့အခါ ဆွေးနွေးနိုင်ပါတယ်။ အခု ကျွန်းရဲ့လုံခြုံရေးအကြောင်း ပြောကြရအောင်”
ရှောင်းယီက ပြောလိုက်သည်။
“မနေ့က ကျုပ်တို့ လေမျိုးနွယ်စုရဲ့မူလဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့သတ္တုကြောနှစ်ခုကို အပြည့်အဝတူးဖော်နိုင်ခဲ့တယ်။ အခုဆိုရင် ယမ်းမှုန့်ကို ထုတ်လုပ်နိုင်ပြီ။”
“သိပ်ကောင်းတယ်...နောက်ဆုံးတော့ သေနတ်တွေသုံးလို့ရပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
သေနတ်တစ်လက်တည်းဖြင့်ဆိုလျှင် အနည်းငယ်အသုံးမဝင်သော်လည်း ယခုအခါ အရေအတွက်မှာ များပြားလာပြီဖြစ်ပြီး အဖွဲ့အစည်းအနေဖြင့် အသုံးပြုနိုင်ဆဲဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အရင်တုန်းက ရတနာနယ်မြေထဲမှာ ရထားတဲ့ ဒူးလေးဒုံးကျည်တွေနဲ့ မီးဘောလုံးတွေကိုလည်း ပြုလုပ်လို့ရတယ်။ ဒါဆို အနာဂတ်မှာ ကျွန်းကိုကာကွယ်ဖို့အတွက် လက်နက်အသစ်နှစ်မျိုး ရှိလာလိမ့်မယ်။ ဒီလက်နက်တွေကို ဘယ်လိုသုံးမလဲဆိုတာကတော့ အစ်ကိုကျန်းတို့လိုမျိုး ကျွမ်းကျင်သူတွေက လေ့ကျင့်ပေးဖို့ လိုအပ်တယ်။ လူတွေကို လိုသလောသုံးပါ။”
“ကောင်းပြီ”
ကျန်းယွင်ထျန်းက တုန့်ပြန်လိုက်သည်။
“အရပ်လေးမျက်နှာမှာတော့ ခေါင်းဆောင်တစ်ဦးစီက ကိုယ့်ကိုယ်ပိုင်လူတွေကို ရွေးချယ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းရမယ်။ စုပေါင်းလေ့ကျင့်ရေးကိုတော့ အစ်ကိုကျန်းက ထိန်းချုပ်လိမ့်မယ်။”
ရှောင်းယီက ပြောသည်။ ဖူရှီတို့လေးဦးကလည်း သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
“နောက်တစ်ခုရှိသေးတယ်။”
ရှောင်းယီက ယွမ်နွန်တို့အဖွဲ့ကို ကြည့်ကာပြောလိုက်သည်။
“မနေ့က ကျွန်တော်တို့ လေမျိုးနွယ်စုဆီသွားတုန်းက လေမျိုးနွယ်က တိုက်ကြီးတစ်ခုပေါ်မှာရှိနေတာကို တွေ့ခဲ့ရတယ်။”
“တိုက်ကြီးလား။”
ယွမ်နွန်တို့ အလန့်တကြား ဟစ်အော်မိလိုက်ကြ၏။
“ဟုတ်တယ် တိုက်ကြီးတစ်ခုပဲ။”
ရှောင်းယီက အသေအချာပင် ပြောလိုက်သည်။
“ပြီးတော့ သံချပ်ကာဝတ်ထားတဲ့ လေးလံတဲ့မြင်းတပ်ကိုလည်း တွေ့ခဲ့ရတယ်။ ခွန်းယွီရဲ့ဒဏ်ရာကလည်း အဲဒီတပ်ဖွဲ့ရဲ့နောက်ကွယ်က အင်အားစုတွေကြောင့်ရခဲ့တာပဲ။”
“ဆိုလိုတာက ဒီကမ္ဘာမှာ ဒေသခံတွေထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းတွေရှိတယ်ပေါ့။”
အန်းရန်က ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။
ထိုအခါ ယွမ်နွန်က မျက်မှောက်ကြုံ့ကာ ပြောလိုက်သည်။
“အစတုန်းက ဒေသခံတွေအများကြီးကို အောင်နိုင်ပြီးရင် ဒေသခံတွေရဲ့တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုတော့ဘူးလို့ ထင်ထားခဲ့တာ။ ဒီဒေသခံတွေထက် ပိုအဆင့်မြင့်တဲ့ ဒေသခံတွေ ချက်ချင်းပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“အင်း တကယ်တော့ တွေးကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးက ဘာကြောင့် ငါတို့ကို လွယ်လွယ်ကူကူနေခွင့်ပေးမှာလဲဆိုတာ နားလည်နိုင်ပါတယ်။”
အန်ယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါဆို နောက်ထပ် ဘာဆက်လုပ်ရမှာလဲ။”
လီယန်က မေးလိုက်သည်။
“ကိုယ့်ကိုကိုယ် အမြန်ဆုံးမြှင့်တင်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်အောင်ကြိုးစားကြရမယ်။ အခြားအရာတွေအတွက်ကတော့ ဒီကမ္ဘာက စည်းမျဉ်းတွေကို ဘယ်လိုစီစဉ်ထားလဲဆိုတာ စောင့်ကြည့်ရုံပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အရှင် ကျုပ် ဒီမှာ ချူဖုန်းမြို့ရဲ့ဘာသာစကားကို နားလည်တဲ့သူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက လေမျိုးနွယ်စုမှာတုန်းက ဘာသာပြန်အဖြစ်လည်း တာဝန်ယူခဲ့ဖူးတယ်။”
ဘူးက ပြောလိုက်သည်။
ရှောင်းယီသည် ခဏတာ ကြောင်အသွားပြီးနောက် ပြောလိုက်၏။
“နောက်ကျရင် အဲ့လူကိုခေါ်လာခဲ့။ သူကအရမ်းအသုံးဝင်လာလိမ့်မယ်။”
“ဟုတ်ကဲ့”
ဘူးက တုန့်ပြန်သည်။
“ဖမ်းမိထားတဲ့ မြင်းတပ်ရဲ့တပ်ကြပ်ကိုရော ဘာလုပ်ရမလဲ။ သူ့ကို ဆက်ပြီး အကျဉ်းချထားရမလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“အလုပ်လုပ်ပြီး ပြုပြင်ခိုင်းလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
လူတိုင်းသည် ချူဖုန်းမြို့၏စွမ်းအားကြောင့် အနည်းငယ်စိုးရိမ်နေပုံရသည်ကို မြင်သောအခါ ရှောင်းယီသည် လက်ခုပ်တီးကာ ပြောလိုက်၏။
“ကဲပါ ခင်ဗျားတို့ ဒီလောက်လည်း စိုးရိမ်နေစရာမလိုပါဘူး။ အနည်းဆုံးတော့ ရန်သူက ကျုပ်တို့ကို ရှာမတွေ့သေးဘူး။ အနည်းဆုံးပြောရရင် သူတို့တွေ့သွားပြီးပြီဆိုရင်တောင် ကျုပ်တို့ဆီရောက်လာနိုင်မလားဆိုတာ မသေချာသေးဘူး။ ဒီစိုးရိမ်မှုကို စိတ်ထဲမှာပဲထားပြီး သတိတော့မလျော့သွားစေနဲ့။”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
“စားကြရအောင် စားရင်းစကားပြောကြတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
ထို့နောက် အန်းရန်တို့သည် သူတို့ပြင်ဆင်ထားသော အစားအစာများကို ယူလာကြပြီး အစားအစာများ၏ မွှေးရနံ့များ လေထုထဲ၌ ပျံ့လွင့်သွားတော့၏။
“သူဌေး ဒီနေ့ဘာလို့ ယမကာနှစ်မျိုးလောက် မသောက်ရမှာလဲ။”
ဒူခန်းက ပြုံးရယ်ကာ ပြောလိုက်သည်။
“မင်းကိုကြည့်ရတာ ဘီယာချက်တဲ့နေရာမှာ နောက်ထပ်တိုးတက်မှုတစ်ခု ရလာသလိုပဲ။”
ရှောင်းယီက မေးလိုက်သည်။
“သူဌေးကြီးက တကယ်စွမ်းအားကြီးတာပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ်။ ကျွန်တော် အရက်ချက်ထားတယ်။”
ဒူခန်းက ပြန်ဖြေလိုက်၏။ ထိုအခါ ရှောင်းယီက မျက်ခုံးပင့်ကြည့်ပြီး ပြောလိုက်သည်။
“ဒါဆို ယူလာပြီး လူတိုင်းကို ငှဲ့ပေးလိုက်ပါဦး။”
“ကောင်းပြီ”
ဒူခန်းက ချက်ချင်းပင် ပြေးထွက်သွားပြီး ဝိုင်ပုလင်းတစ်လုံးကို သူ၏လက်မောင်းများကြားထဲတွင်ပိုက်ကာ ပြန်ရောက်လာခဲ့သည်။ ပုလင်းအပေါ်က ရွှံ့စေးတံဆိပ်ကို ဖွင့်လိုက်သောအခါ ချက်ချင်းပင် ပြင်းထံသည့်ယမကာရနံ့များ ထွက်ပေါ်လာခဲ့လေသည်။
ယမကာကို ကြိုက်နှစ်သက်သော ယွမ်နွန်နှင့် အန်ယွဲ့တို့သည် သူတို့၏လည်ချောင်းများပင် တုန်ခါနေပုံရပြီး တံတွေးများ မျိုချနေခဲ့ကြသည်။
ဒူခန်းသည် လူတိုင်း၏ခွက်ထဲသို့ ငှဲ့ပေးလိုက်၏။
“လူတိုင်းပဲ စမ်းကြည့်ပြီး ထင်မြင်ချက်လေးပေးကြပါဦး။”
ထိုအခါ ရှောင်းယီက သူ၏ခွက်ကို မြှောက်ကာ ပြောလိုက်၏။
“အားလုံးပဲ အတူတူသောက်ကြရအောင်။ မသောက်တတ်ရင် နည်းနည်းပဲသောက်ပါ။ ကြိုက်ရင်တော့ လွတ်လွတ်လပ်လပ်သောက်လို့ရတယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် တစ်ငုံစုပ်သောက်လိုက်ပြီးနောက် သူ၏ပါးစပ်မှ ဝမ်းဗိုက်အထိ စပ်ဖျဉ်းဖျဉ်းခံစားရမှုတစ်ခု ထိုးထွက်လာခဲ့လေသည်။
“ဝိုင်ကောင်းပဲ!”
ယွမ်နွန်သည် ထိုယမကာကို မြည်းစမ်းပြီးနောက် မှတ်ချက်ပေးလိုက်၏။ အန်ယွဲ့၊ ကျန်းယွင်ထျန်းနှင့် ပိုင်ချီတို့သည်လည်း ခေါင်းညိတ်လိုက်ကြသည်။
ကျန်သည့်လူများမှာမူ မျက်မှောက်ကြုံ့နေကြပြီး မိန်းကလေးအချို့သည် တစ်ငုံစုပ်သောက်ပြီးနောက် မျက်နှာများ နီမြန်းလာခဲ့ကြလေသည်။
“အရမ်းစပ်တာပဲ။ ငါဘာသောက်နေမှန်းတော့တောင် မသိတော့ဘူး။”
လီယန်က မနေနိုင်တော့ဘဲ ညည်းညူလိုက်သည်။
“ဟားဟား....ဒါတွေ မင်းနားမလည်ပါဘူးကွာ။”
အန်ယူးက ပျော်ပျော်ကြီး ပြောချလိုက်လေသည်။
“သိပါတယ် သောက်တာများသွားရင်တော့ ကိုယ့်ဟာကိုယ် ဆိုဖာပေါ်မှာပဲအိပ်။”
လီယန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
အန်ယူးသည် ချက်ချင်းပင် သူ၏ခေါင်းနှိမ့်ကာ တိုးတိုးပြောလိုက်သည်။
“အခုက အပြင်မှာလေ။ ငါ့ကိုမျက်နှာသာလေးတော့ပေးပါဦး။”
လီယန်က သူ့ကိုစိုက်ကြည့်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။
“ဟားဟား!! အန်တီလီ ဦးလေးကပျော်နေတာဆိုတော့ သူ့ကိုနှစ်ခွက်လောက်တော့ သောက်ခိုင်းလိုက်ပါဗျာ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟမ့် ရှောင်းယီပြောလို့နော်။ ဒီနေ့နည်းနည်းပိုသောက်လို့ရတယ်။ ဒါပေမယ့် သိပ်တော့မများပါစေနဲ့။”
လီယန်က ပြောလိုက်၏။
“ဟုတ်ကဲ့။”
ထို့နောက် အန်ယွဲ့သည် အရက်ခွက်ကို ကောက်ယူပြီး တစ်ခါတည်း မော့သောက်လိုက်တော့သည်။
“အား...ခံစားလို့ကောင်းလိုက်တာကွာ။”
လီယန်သည် ချက်ချင်းပင် အန်ယွဲ့ဆီကို အစားအစာတချို့ တွန်းပို့လိုက်၏။
“ဘာလို့ အဲ့လောက်တောင် ပြင်းပြင်းထန်ထန်သောက်နေရတာလဲ။ မသောက်ခင် တစ်ခုခုစားပါဦးလား။”
ဖူရှီတို့ ဒေသခံသုံးဦးသည် မည်သည့်အကြောင်းကြောင့် ဤမျှစပ်သောအရာကို သောက်နေရသည်အား နားမလည်နိုင်ခဲ့ကြပေ။
ထိုအခါ ရှောင်းယီသည် သူတို့ကိုကြည့်ကာ ရှင်းပြလိုက်၏။
“ဒီဟာကို ယမကာလို့ခေါ်တယ်။ ဒါကို ကောက်ပဲသီးနှံတွေကနေ ချက်ထားတာဖြစ်ပြီး သွေးလှည့်ပတ်မှုကို အားပေးတဲ့အပြင် ပိုးမွှားတွေကိုလည်း သေစေနိုင်တယ်။ ရာသီဥတုအေးတဲ့အခါ တစ်ငုံသောက်လိုက်ရင် ကိုယ်ခန္ဓာတစ်ခုလုံး နွေးထွေးသွားလိမ့်မယ်။ ဒဏ်ရာရရင်လည်း ဒါနဲ့ ပိုးသတ်လို့ရတယ်။”
သူတို့သုံးဦးသည် အေးစက်ခြင်းနှင့် ပိုးသတ်ခြင်းအကြောင်း ကြားသိလိုက်ရသောအခါ ၎င်းတို့၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားခဲ့တော့လေသည်။
အခန်း ၃၉၃
ကုထောင်ချွေ့ရှန်းသည် တားမြစ်ချက်ကို ချိုးဖျက်လိုက်သောအခါ တားမြစ်ချက်အနီးရှိ ဒေသခံများစွာသည် အေးခဲ၍သေဆုံးခဲ့ကြရသည်။
ဤယမကာဖြင့်ဆိုလျှင် ၎င်းတို့သည် အသက်မဆက်နိုင်ကောင်းသော်လည်း အသေအပျောက်များကိုမူ အနည်းငယ်လျှော့ချနိုင်ကောင်းပေသည်။
ဖူရှီနှင့် အခြားသူများသည် ယခုအခါ ဒဏ်ရာများ အလွယ်တကူရောင်ရမ်းရသည့် အကြောင်းရင်းကို နားလည်လာကြပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘက်တီးရီးယားဟုခေါ်သော သေးငယ်သည့်သက်ရှိများကြောင့်ဖြစ်ပြီး ဤယမကာသည် ဘက်တီးရီးယားများကို သေစေနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းသည် အမဲလိုက်ခြင်းအတွင်း ဒဏ်ရာများကို ကိုင်တွယ်ရန်နှင့် ၎င်းတို့၏အသက်ရှင်နှုန်းကို မြှင့်တင်ရန်အတွက် အလွန်အရေးကြီးပေသည်။
ရှောင်းယီ၏ရှင်းလင်းချက်ကို နားထောင်ပြီးနောက် ဖူရှီနှင့် အခြားလူများသည် ယမကာဟုခေါ်သော ဤအရည်ကို စတင်၍အာရုံစိုက်လာခဲ့ကြသည်။
“အားလုံးပဲ စားကြရအောင်”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ပိုင်ချီက သူ၏တူကို ကောက်ယူပြီး ကြက်သားတစ်တုံးကိုညှပ်ကာ တစ်ကိုက်ကိုက်လိုက်၏။
အကြိမ်အနည်းငယ် ဝါးပြီး မျိုချလိုက်သောအခါ ကြက်သားသည် သူ၏ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အပူဓာတ်တစ်ခုသည် သူ၏ခြေလက်အင်္ဂါများဆီသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရလေသည်။
“ဒီကြက်သားက B အဆင့်အောက်မနိမ့်ဘူးမို့လား။”
ပိုင်ချီက အံ့အားသင့်စွာပြောလိုက်သည်။
“မင်းပါးစပ်က တော်တော်ကောင်းပါလား။ စားပွဲပေါ်က ကြက်သားအားလုံးက A အဆင့် ကြက်သားတွေချည်းပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
စားပွဲပေါ်တွင် ကြက်စပ်တစ်ပွဲထက်ပိုရှိသည်ကို မြင်လိုက်ရသောအခါ ပိုင်ချီ ထပ်မံအံ့အားသင့်သွားခဲ့သည်။
“အမျိုးမျိုးသော မျိုးနွယ်စုတွေကားထဲမှာ မင်းရဲ့ ခေါင်းဆောင်နေရာကို အာမခံချက်ပေးနိုင်ဖို့အတွက် မင်းနေ့တိုင်း ဒီကိုလာပြီး အဆင့်မြင့်အစားအစာတချို့ စားလို့ရတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“နေ့တိုင်းလား။”
ပိုင်ချီက မယုံကြည်နိုင်အောင်ဖြစ်သွားပြီး အတည်ပြုလိုဟန်ဖြင့် ပြန်မေးလိုက်သည်။
“မှန်တယ် နေ့တိုင်းပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထို့နောက် ကျန်းယွင်ထျန်းက မျက်တော်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်၏။
“ဒီမှာ အားလုံးက ကိုယ့်သူငယ်ချင်းတွေချည်းပဲ။ မင်းကို ဘာမှဖုံးကွယ်ထားမှာမဟုတ်ဘူး။ ငါတို့လူတွေက ဒီဟာတွေကို ကိုင်တွယ်နိုင်တယ်။”
ပိုင်ချီသည် လုံးဝအံ့အားသင့်သွားခဲ့သည်။
“အစ်ကိုကျန်းပြောတာက အခြေခံအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမယ့် ဒါက ငါတို့ပဲရှိသေးတယ်။ လူပိုများလာရင်တော့ မကျွေးနိုင်တော့ဘူး။”
“ကျုပ် မင်းတို့ရဲ့ဖွံ့ဖြိုးမှုကို ပိုတွက်ထားတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် မျှော်လင့်မထားစွာနဲ့ လျှော့တွက်မိနေတုန်းပဲ။”
ပိုင်ချီက ခေါင်းခါကာ ပြောလိုက်သည်။ သူ့စကားကိုကြားသောအခါ ဒူခန်းက ပြုံးရယ်ကာ ပြောလိုက်၏။
“သူဌေးရဲ့ ဖွံ့ဖြိုးမှုတိုးတက်အဆင့်က ငါတို့စိတ်ကူးထက်ကျော်လွန်နေပြီ။”
ပိုင်ချီက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အန်ယွဲ့က ရုတ်တရက်စကားဖြတ်ပြောလိုက်သည်။
“ရှောင်းယီ ငါတို့ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်လက္ခဏာတစ်ခုပေးဖို့ အချိန်ရောက်ပြီလို့ ငါထင်တယ်။”
ရှောင်းယီသည် အနည်းငယ်ကြောင်အ,သွားပြီးနောက် မေးလိုက်၏။
“ဘာကိုဆိုလိုတာလဲ။”
အန်ယွဲ့က ဆက်ပြောသည်။
“မင်းကြည့်ကြည့် တချို့က မင်းကို သူဌေးလို့ခေါ်ကြတယ်။ တချို့ကကျ အရှင်လို့ခေါ်ကြတယ်။ ငါတို့ကျတော့ နာမည်နဲ့ခေါ်ကြတယ်။ ဒီအရာမှာ အမြဲတမ်း အမှားတွေရှိနေတာပဲ။”
ယွမ်နွန်ကလည်း ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ ငါတို့လူတွေအားလုံးရဲ့ ပကတိခေါင်းဆောင်တစ်ဦးအနေနဲ့ မင်းအတွက် တိကျတဲ့ဂုဏ်ပုဒ်တစ်ခုရှိဖို့ အချိန်ရောက်ပြီ။”
“ဒါက နာမည်တစ်ခုသက်သက်ပါပဲ။”
ရှောင်းယီက ထိုအရာကို ဂရုမစိုက်ဟန်ရှိသည်။
သို့သော် အန်ယွဲ့က လေးလေးနက်နက် ပြောလိုက်၏။
“ငါတို့ရဲ့ကျွန်းက နောင်တစ်ချိန်မှာ တိုက်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာနိုင်တယ်။ အမြဲတမ်း ဒီလိုမျိုး လွတ်လွတ်လပ်လပ်ခေါ်ဆိုနေလို့မရဘူး။”
“ဟုတ်တယ် ငါလည်း ကိုယ်ပိုင်လက္ခဏာတစ်ခုရှိသင့်တယ်လို့ ထင်တယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဒါက ငါတို့ရဲ့ ပြင်ပလူထုအပေါ် ကြေညာချက်အတွက်လည်း အထောက်အကူဖြစ်စေတယ်။ ပြင်ပနိုင်ငံတွေနဲ့ စစ်ဖြစ်တဲ့အခါမှာလည်း အမြဲတမ်း နာမည်တစ်ခုရှိဖို့လိုတယ်။ ဒါမှ တပ်ဖွဲ့ရဲ့စည်းလုံးညီညွတ်မှုက ပိုပြီးအားကောင်းလာလိမ့်မယ်။”
အားလုံး သဘောတူညီနေကြကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
“ဒါဆိုလည်း ကျွန်းပိုင်ရှင်လို့ပဲ ခေါ်ကြတာပေါ့။”
လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ ရှောင်းယီသည် အမြဲတမ်းလိုလို နာမည်များကို တုံးတုံးတိတိသာ ရွေးချယ်လေ့ရှိသည်။
“အနည်းဆုံးတော့ ဘုရင်တစ်ပါး ဒါမှမဟုတ် ဧကရာဇ်တစ်ပါး၊ ပိုပြီးဩဇာကြီးတဲ့သူတစ်ယောက်လောက်တော့ ရှိသင့်တာပေါ့ကွ။”
ကျန်းယွင်ထျန်းသည် သူ၏မျက်နှာပေါ်၌ မနှစ်မြို့နေဟန်ဖြင့် ပြောလိုက်သည်။
“အခုလောလောဆယ်မှာ ဒါက ကျွန်းငယ်လေးပဲရှိနေသေးတယ်။ နောက်တစ်ချိန်ကျမှ ချဲ့ထွင်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကျွန်တော် ထပ်ပြောမယ်။ ဒီကျွန်းပေါ်မှာ ကျွန်တော့်မှာ ဗီတိုအာဏာနဲ့ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်အာဏာရှိတယ်။ ကျွန်တော့်စကားကို နားလည်ကြလား။”
“နားလည်ပါပြီ ကျွန်းပိုင်ရှင်။”
လူတိုင်း တစ်ချိန်တည်း ပြန်ဖြေလိုက်ကြ၏။
“လူတိုင်းရဲ့တာဝန်တွေကတော့ အရင်အတိုင်းပါပဲ။ နွန်လောင်က စိုက်ပျိုးရေးနဲ့ ဦးလေးအန်ယွဲ့က အလုံးစုံအုပ်ချုပ်ရေးကိစ္စတွေကို တာဝန်ယူရမယ်။ ကျန်းယွင်ထျန်းက စစ်ရေး၊ လီယန်က အသေးစားစက်မှုလုပ်ငန်း အဓိကအားဖြင့် အထည်အလိပ်နဲ့ နောက်ဆက်တွဲပံ့ပိုးရေးကို တာဝန်ယူရမယ်။ ခင်ဗျားတို့ ခေါင်းဆောင်လေးယောက်ကတော့ ခင်ဗျားတို့ရဲ့မျိုးနွယ်စုတွေကို စီမံခန့်ခွဲပြီး အထက်ကပေးတဲ့တာဝန်တွေကို အကောင်အထည်ဖော်ကြရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်း ထပ်မံတုန့်ပြန်လိုက်ကြ၏။
“ဖူရှီ မင်းလက်ထဲက ဦးတည်ချက်ကျောက်တုံးကိုလည်း ငါ့ဆီထားခဲ့ပါ။”
ရှောင်းယီက ပြောလိုက်သည်။
ဖူရှီသည် ချက်ချင်းပင် သူ့လက်ထဲရှိ ဦးတည်ချက်ကျောက်တုံးကို လက်ဆင့်ကမ်းလိုက်၏။
ယခုအခါ ရှောင်းယီတွင် သူ၏ကိုယ်ပိုင်ကျွန်းဆီသို့ ဦးတည်နေသော ဦးတည်ချက်ကျောက်တုံးနှစ်ခုရှိနေပြီဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ခုကို ချူရှန်းနှင့် အဖွဲ့သားများအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်တစ်ခုကို အရေးပေါ်အခြေအနေများအတွက် သိမ်းဆည်းထားမည်ဖြစ်သည်။
လေမျိုးနွယ်စုအတွက် ဦးတည်ချက်ကျောက်တုံးလည်း ရှိသေးသည်။ ထိုကျောက်တုံးသည် ထိုထူးဆန်းသောကုန်းမြေတိုက်ကြီးဆီသို့ ဦးတည်နေသော ဦးတည်ချက်ကျောက်တုံးဖြစ်ပေသည်။
ထို့နောက် လူတိုင်းသည် ဇိမ်ခံနေ့လည်စာကို ခံစားပြီးနောက် အပြေးအလွှား ပြန်ထွက်သွားကြတော့လေသည်။
ဘူးသည် သူ၏မျိုးနွယ်စုသို့ ပြန်ရောက်ပြီးနောက် ချူဖုန်းမြို့၏ဘာသာစကားကို နားလည်သော ဒေသခံကို ချက်ချင်းပင် ပို့ဆောင်ပေးလိုက်သည်။
ဒေသခံများသည် ဤနေရာ၏အဆန်းကြယ်သော ဗိသုကာလက်ရာကို မြင်လိုက်ရသောအခါ သဘာဝအတိုင်း အံ့ဩထိတ်လန့်သွားခဲ့ကြသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ”
ရှောင်းယီက ထိုလူကိုကြည့်ကာ မေးသည်။
“ကုန်းပါ။”
ထိုလူက တုန့်ပြန်သည်။
“ချူဖုန်းမြို့မှာသုံးတဲ့ ဘာသာစကားကို မင်းနားလည်လား။”
“နားလည်ပါတယ်။”
“မင်းတို့မျိုးနွယ်စုက ချူဖုန်းမြို့နဲ့ အဆက်အသွယ်အများကြီးရှိလား။”
ရှောင်းယီက မေးလိုက်သည်။
“မများပါဘူး။ ကျုပ်တို့မျိုးနွယ်စုက ရံဖန်ရံခါ ချူဖုန်းမြို့ကို သွားပြီး ပစ္စည်းတချို့ ရောင်းဝယ်ဖောက်ကားတတ်ပါတယ်။”
ကုန်းက ပြန်ဖြေသည်။
“ဒါဆို ချူဖုန်းမြို့ရဲ့အခြေအနေကိုရော မင်းသိလား။”
“သိပါတယ်။ ဒါပေမယ့် သိပ်တော့မများပါဘူး။”
“ပြောပါ မင်းသိသမျှအကုန် ငါ့ကိုပြောပြ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကုန်းသည် ချူဖုန်းမြို့၏အခြေအနေကို အကျဉ်းချုပ်ပြောပြခဲ့သော်လည်း ရှောင်းယီ အနည်းငယ်စိတ်ပျက်သွားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူပြောသမျှသည် အရေးကြီးသောသတင်းအချက်အလက်များ မပါဝင်သောကြောင့်ပင်။
သူစကားပြောပြီးနောက် ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အခု ငါ မင်းကို တာဝန်တစ်ခုပေးမယ်။ မင်း ပြီးအောင်လုပ်မယ်ဆိုရင် ဆုချီးမြှင့်ခံရမယ်။”
“ကျွန်းပိုင်ရှင် ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ။”
ကုန်းက ပြောလိုက်သည်။ သူရောက်မလာမီတွင် ဘူးသည် နောင်ပိုင်းကလများ၌ သူ့ကို ကျွန်းပိုင်ရှင်ဟုသာခေါ်ဆိုရန် ပြောထားခဲ့သည်။
“မင်း ဒေသခံအချို့ကို ချူဖုန်းမြို့ရဲ့ ဘာသာစကား၊ နေထိုင်မှုပုံစံနဲ့ အခြားဆက်စပ်တဲ့အကြောင်းအရာတွေ သင်ပေးရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မျိုးနွယ်စုလေးခုထဲက လူတွေကို မင်းစိတ်ကြိုက်ရွေးချယ်ပြီး ပထမအသုတ်အနေနဲ့ လူအယောက်ငါးဆယ်ကို လေ့ကျင့်ပေးရမယ်။”
ကုန်းသည် အနည်းငယ်ရှုပ်ထွေးသွားသော်လည်း ပြန်လည်တုန့်ပြန်လိုက်ဆဲပင်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။ ဒါပေမယ့် ကျုပ်မှာ အခြားတာဝန်တွေရှိပါသေးတယ်။”
“အခြားတာဝန်တွေကို ဘေးဖယ်ထားလို့ရတယ်။ ဒါက ငါ့အမိန့်ပဲ။”
ရှောင်းယီက ပြောလိုက်၏။
“နားလည်ပါပြီ။”
ကုန်းက တုန့်ပြန်လိုက်၏။
ရှောင်းယီသည် သူ၏ဝေါ်ကီတော်ကီကို ထပ်မံကောက်ယူပြီး ဘူးထံသို့ ထိုကိစ္စအား အထူးတလည် ပြောပြခဲ့သည်။
သူသည် ၎င်းတို့မျိုးနွယ်စုလေးခု၏ ခေါင်းဆောင်များကိုလည်း ဝေါ်ကီတော်ကီတစ်လုံးစီ ထုတ်ပေးခဲ့သည်။
“ကျွန်းပိုင်ရှင် သူလျှိုတွေလေ့ကျင့်ဖို့ စီစဉ်နေတာလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ညသတိပေးချက်မရှိတော့တဲ့အတွက် မိုးမရွာခင် ကြိုတင်ပြင်ဆင်ထားရမယ်။ မသိတဲ့နေရာတွေကို ကိုယ့်ဘာသာကိုယ် စူးစမ်းရှာဖွေပြီး နားလည်အောင်လုပ်ထားရမယ်။”
“ကောင်းပါပြီ။ သူတို့ရဲ့ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းတွေကို သင်ယူပြီးရင် ကျုပ်ဆီကို လာပြီးနောက်ထပ်သင်ယူခိုင်းလိုက်ပါ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“သူလျှိုဖြစ်လာပြီဆိုတော့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေနိုင်စွမ်းလည်း လိုအပ်သေးတယ်။”
“သေချာတာပေါ့ မင်းက မင်းမပါဘူးလို့ ထင်နေတာလား။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“ကောင်းပြီ။ ဒါဆို ကျုပ်အရင်ထွက်သွားပြီး မျိုးနွယ်စာလေးကို ကာကွယ်ရေးတပ်ဖွဲ့ မြန်မြန်ဖွဲ့စည်းဖို့ တိုက်တွန်းလိုက်မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်၏။
ကျန်းယွင်ထျန်း ထွက်ခွာသွားပြီးနောက် တတိယထပ်တွင်ရှိနေသော ဟွားဖုန့်က တွန်ကြူးသံကို ကြားလိုက်ရလေသည်။
ရှောင်းယီသည် ချက်ချင်းပင် ရှေ့သို့ပြေးသွား၏။ ထိုတွန်ကြူးသံ၏အဓိပ္ပာယ်မှာ- “ခွန်းယွီနိုးလာပြီ!”
“ခွန်းယွီ မင်းအခုဘယ်လိုခံစားရလဲ။”
ရှောင်းယီသည် မျက်လုံးများပွင့်နေပြီဖြစ်သော ခွန်ယွီကိုကြည့်ကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ကံကောင်းသွားပါတယ်။ ကျုပ်ကိုကယ်တင်ပေးတဲ့အတွက် အရှင်ကို ကျေးဇူးတင်ပါတယ်”
ခွန်းယွီက ပြန်ဖြေသည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး ဒါကငါလုပ်သင့်တဲ့အရာပါ။ မင်းက ငါတို့ရဲ့လုံခြုံရေးအတွက် ဒဏ်ရာရခဲ့တာပဲ။ မင်းကြိုတင်သတိပေးခဲ့လို့သာမဟုတ်ရင် ငါတို့အားလုံး အဲမှာပဲ တစ်သက်လုံးနေခဲ့ရလိမ့်မယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ခဏရပ်လိုက်ပြီး ထပ်မေးလိုက်သည်။
“အဲဒီတုန်းက မင်း သူတို့နဲ့ဘယ်လောက်ဝေးဝေးမှာ ရှိနေခဲ့တာလဲ။ တပ်ဖွဲ့တွေနဲ့ အရမ်းနီးကပ်ခဲ့တာလား။ ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာလဲ။”