အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
အခန်း ၃၉၄
“အဲဒီလူက အစကတည်းက တပ်ဖွဲ့ထဲမှာ မပါခဲ့ဘူး။ ကျုပ် တပ်ဖွဲ့ကို ဒုတိယအကြိမ် စောင့်ကြည့်ဖို့ ပြန်သွားတုန်းက သူအဲဒီမှာ မရှိသေးဘူး။ ဆယ်မိနစ်လောက်ကြာတော့မှ အဲဒီလူက အရမ်းမြန်မြန်ပြေးလာတဲ့မြင်းတစ်ကောင်နဲ့ ရောက်လာခဲ့တာ။”
ခွန်းယွီက ပြောပြသည်။
“သူက တပ်ဖွဲ့ကို လိုက်မိသွားတော့ တပ်ဖွဲ့ထဲက လူတွေနဲ့ စကားနည်းနည်းပြောနေတာ အဲ့အချိန်မှာ ကောင်းကင်မှာ ကျုပ်လှည့်ပတ်နေတာကို သူသတိထားမိသွားတယ်။ အဲဒီလူရဲ့မျက်လုံးတွေက အရမ်းထက်မြက်တယ်။ ကျုပ် သူ့ဆီကအန္တရာယ်ကို သတိထားမိတာနဲ့ချက်ချင်းပြန်ထွက်လာခဲ့တာ။ ဒါပေမယ့် စွမ်းအားပြင်းထန်တဲ့ စိတ်ဝိဉာဉ်ဖိအားတစ်ခုက ကျုပ်ဆီကို ဦးတည်လာခဲ့တယ်။ အဲ့ဒါက ကိုပ်ဦးနှောက်ထဲကို ဝင်ရောက်လာပြီး ကျုပ်ရဲ့စိတ်လည်း ဗလာဖြစ်သွားခဲ့နယ်။ ကျုပ် ဘယ်လိုပျံပြီး သင်္ဘောပေါ်ပြန်ရောက်လာမိလဲတောင် မသိတော့ဘူး။”
“အဲ့လောက်ပြင်းထန်တာလား။”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။
“အဲ့ဒီလူက SS အဆင့်ကို ရောက်နေပြီးသားများလား။”
ခွန်းယွီက ခေါင်းခါပြလိုက်၏။
“မသိဘူး အနည်းဆုံးတော့ သူက ကျုပ်ကို အလွယ်တကူ ချိုးနှိမ်နိုင်တယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ သူသင်္ဘောကို ချက်ချင်းထွက်ခွာခိုင်းလိုက်သည့်အတွက်ပင် ဝမ်းသာသွားခဲ့မိသည်။ နှောင့်နှေးခဲ့မည်ဆိုလျှင် အပြေးမြန်သည့်မြင်းကို စီးလာသော ဆရာကြီးက သူတို့ကို လိုက်မီသွားပေလိမ့်မည်။
“အခုတော့ ဒီမှာ အနားယူလိုက်ပါဦး။”
ရှောင်းယီက ပြောလိုက်သည်။ ခွန်းယွီက အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး သူ၏စိတ်ထဲတွင်လည်း တွေးနေခဲ့မိသည်။
“ဒီလူက အရမ်းစွမ်းအားကြီးမားတယ်။ သူက ကာ့ထ်ပြောခဲ့တဲ့ မြို့ဝန်ဘေးက လူဖြစ်သင့်တယ်။ ဒါပေမယ့် သူက ဘာလို့ အစကတည်းက တပ်ဖွဲ့နှင့်အတူမလာဘဲ နောက်မှလိုက်လာရတာလဲ။”
ဤမေးခွန်း၏အဖြေကို နောင်တစ်ချိန်မှသာ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။
“ကျွန်းပိုင်ရှင် ယီထျန်းဂရုထဲက သတင်းတွေကို စစ်ဆေးကြည့်လိုက်ပါဦး။”
ဆုဝမ်၏အသံသည် ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီသည် ချက်ချင်းပင် ယီထျန်းဂရုသို့ပြောင်းလိုက်၏။ တစ်စုံတစ်ဦးသည် သေနတ်ကိုင်ဆောင်ထားသော အခြားဒေသခံတစ်ဦးကို တွေ့ရှိခဲ့ကြောင်း တွေ့လိုက်ရလေသည်။
“ကျွန်မက လုံဖေးဖုန့်ဝူပါ။ ကျွန်မတို့ကျွန်းရဲ့အရှေ့ဘက် ကီလိုမီတာသုံးဆယ်အကွာမှာ သေနတ်ကိုင်ဆောင်ထားတဲ့ ဒေသခံတွေပေါ်လာတာကို ခုနကမှတွေ့လိုက်ရတယ်။ ဒါပေမယ့် သူတို့က မြောက်ဘက်ကို ဦးတည်ပြီး သွားနေကြတယ်။”
“ကီလိုမီတာသုံးဆယ်လား။ ဒီလောက်ဝေးတဲ့အကွာကနေ ရှင်းရှင်းလင်းလင်းမြင်ရတယ်ဆိုတာ သေချာလား။”
“သေချာပါတယ်။ ကျွန်မမှာ အမြင်အာရုံချို့ယွင်းမှုမရှိတဲ့ မှန်ပြောင်းတစ်ခုရှိတယ်။ လက်ရှိရာသီဥတုကလည်း ကြည်လင်ပြီး ပင်လယ်အခြေအနေကလည်း ကောင်းနေတော့ အဲ့လောက်အကွာအဝေးကို မြင်နိုင်ပါသေးတယ်။”
လုံဖေးဖုန့်ဝူက ပြန်ဖြေလိုက်သည်။
“အရင်က အနောက်နဲ့မြောက်ဘက်မှာ ကြုံခဲ့ရပြီးသားပဲ။ အခု သူတို့က အရှေ့ဘက်ကနေလာနေပြီ။ သူတို့က ငါတို့ရဲ့ပတ်ပတ်လည်လည်ကို မရောက်မချင်း မရပ်ဘူးဆိုတာ ထင်ရှားနေပြီ။”
“အိုး တောင်ဘက်ကိုလည်း မကြာခင်ရောက်လာမယ်လို့ ငါအမြဲခံစားနေရတယ်။ ငါ့စိတ်တွေ အရမ်းပူနေပြီ။ ငါဘာလုပ်ရမလဲ။”
“အရမ်းလည်း စိတ်ပူအနေပါနဲ့။ အကြီးအကဲ ယီရန်ပင်းက အမြဲဒီမှာရှိနေမှာတယ်။ သူဖွဲ့စည်းထားတဲ့ ပူးပေါင်းတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ဆိုရင် ပြဿနာမရှိသင့်ဘူး။”
ရှောင်းယီသည် လုံဖေးဖုန့်ဝူ၏ မြေပုံပေါ်တွင် မှတ်သားထားသော ဒေသလံများ၏ ရွေ့လျားမှုဦးတည်ရာကို ကြည့်ရှုရင်း ပြုံးရယ်ကာ အုပ်စုထဲတွင် ပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ ကျုပ် ပူးပေါင်းတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းမှာမဟုတ်ဘူး။”
“ဘာလဲ။”
သူ၏စကားလုံးများ ထွက်ပေါ်လာသောအခါ လူအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
“အကြီးအကဲ အဲ့လိုမလုပ်ပါနဲ့ အရှေ့ဘက်က ခင်ဗျားလိုအပ်နေပါတယ်။”
“ဟုတ်တယ် ကျုပ် ပူးပေါင်းတိုက်ခိုက်ရေးတပ်ဖွဲ့ကို နောက်တန်းကနေ ပံ့ပိုးမှုပေးနိုင်ပါတယ်။”
“ကျုပ်တို့ရဲ့ အရှေ့ဘက်ကို မစွန့်လွှတ်လိုက်ပါနဲ့။”
“အကြီးအကဲ အကြောင်းပြချက်ကို ပြောပြနိုင်မလား။ ဒါဆိုရင် ကျုပ်လည်း စိတ်ရှင်းရှင်းနဲ့ သေလို့ရတာပေါ့။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
“လူတိုင်းပဲ ဒီဒေသခံတွေရဲ့ ဦးတည်ရာကို သေချာကြည့်လိုက်ပါ။ မင်းတို့ရဲ့ မဟာရန်သူကြီးတစ်ယောက်ကို တွေ့လိမ့်မယ်။ ကျုပ် သူ့အတွက် ဖေုသခံတွေကို တွန်းလှန်ပေးဖို့ကို တော်တော်လေးမနှစ်မြို့ဘူး။ ပြီးတော့ သူကလည်း ဒေသခံတွေကို ပြန်လည်ကောင်းမွန်ဖို့ ကူညီပေးခဲ့သေးတယ်။”
လူတိုင်း လုုဖေးဖုန့်ဝူ ပေးထားသော ဒေသခံများ၏ ဦးတည်ချက်ကို ချက်ချင်းသေချာကြည့်ရှုလိုက်ကြ၏။ ထို့နောက် ၎င်းတို့သည် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းဆီသို့ အမှန်တကယ်ဦးတည်နေသည်ကို တွေ့လိုက်ရတော့သည်။
“အကြီးအကဲ မလုပ်ပေးချင်တာ မဆန်းတော့ဘူး။ ငါဆိုရင်လည်း လုပ်မှာမဟုတ်ဘူး။ ဒီ ရွှမ်းယွမ်လိပ်က အရမ်းစက်ဆုပ်ဖို့ကောင်းတယ်။”
“ဒါပေမယ့် ကျုပ်က ရွှမ်းယွမ်အင်အားစုကနေ ခွဲထွက်လာပြီးပြီ။ ကျုပ်ကိုတော့ မစွန့်လွှတ်ပါနဲ့ အကြီးအကဲ။”
“အရင်က ရွှမ်းယွမ်အင်အားစုက ပူးပေါင်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေကို မစေလွှတ်ခဲ့ဘူး။ ဒါပေမယ့် အခု သူတို့က မင်းကိုတိုက်ခိုက်နေပြီ။ မင်း အဲ့ဒါကို မင်းဘာသာမင်းကိုင်တွယ်တော့လေ။ ဟားဟား...။”
“အိုဘုရားရေ...။ ဒီလိုလိမ်လည်လှည့်စားတတ်တဲ့ အင်အားစုမျိုးနဲ့ ငါဘယ်လိုများ ကြုံတွေ့ခဲ့ရတာပါလိမ့်။”
“ငါမင်းကို အကြံတစ်ခုပေးလိုက်မယ်။ ဒေသခံတွေ မင်းဆီလာနေတာသေချာရင် ချက်ချင်းနေရာပြောင်းပြီး ရွှမ်းယွမ်ဝူဝေ့ကို အဲဒီမှာ တစ်ယောက်တည်းကစားခွင့်ပေးလိုက်။”
“ပြဿနာက ငါဆီမှာ သင်္ဘောမရှိသေးဘူး။”
“အင်း ငါ့ကံကြမ္မာက သိပ်မကောင်းဘူးလို့ ထင်ခဲ့တာ။ ငါ့ထက်ပိုဆိုးတဲ့သူရှိမယ်လို့ မထင်ခဲ့မိဘူး။ ငါ့မှာသင်္ဘောရှိတယ်။ မင်းကတော့ အခုထိရသေးဘူးပဲ။”
“ဟုတ်တယ်။ သူဌေးကြီးတစ်ယောက်လောက် ကျုပ်ကို လှေငယ်လေးတစ်စင်းလောက် ငှားပေးကြပါလားဗျာ။ သူက ကျုပ်နဲ့နီးတယ်။ ကျုပ် နေရာပြောင်းဖို့လိုနေပြီ။”
ရှောင်းယီသည် ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ငါ့မှာ လှေငယ်ခြောက်စီးရှိတယ်။ ကိုဩဒိနိတ်ပေးပါ။ အကယ်၍ သူက အရှေ့ဘက်မှာရှိတဲ့ ဒေသခံတွေရဲ့ လမ်းကြောင်းပေါ်မှာ အမှန်တကယ်ရှိနေတယ်ဆိုရင် အုတ်မြစ်ကျောက်ငါးခုနဲ့ လှေငယ်တစ်စီးဝယ်ယူနိုင်တယ်။”
စျေးနှုန်းသည် အတန်အသင့်ချိုသာသောကြောင့် အန္တရာယ်မရှိသော အခြားအသက်ရှင်ကျန်ရစ်သူများအား မရောင်းချနိုင်ပေ။ အတည်ပြုရန်အတွက် သူတို့၏တည်နေရာကို မေးမြန်းရန်သာလိုအပ်သည်။
“ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ် သူဌေး ကျွန်တော်တစ်စီးလိုချင်တယ်။”
ထိုလူက ချက်ချင်းပင် ပြောလိုက်ပြီး အုပ်စုထဲတွင် သူ၏တည်နေရာကို တိုက်ရိုက်တင်လိုက်သည်။
မည်သို့ပင်ဆိုစေ သူသည် နေရာပြောင်းရွှေ့ရန် အလိုရှိနေသောကြောင့် သူ၏တည်နေရာ ပေါက်ကြားသွားလျှင်လည်း ကိစ္စမရှိချေ။
ရှောင်းယီသည် ချက်ချင်းပင် သူ့ထံသို့ လှေငယ်တစ်စီးရောင်းချပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေး။ ကျွန်တော်ပစ္စည်းတွေထုပ်ပို့ပြီး အရင်ဆုံး ပြောင်းတော့မယ်။”
ထိုလူက ကျေးဇူးတင်ပြောလိုက်သည်။
“ဒီအပိုင်းက လမ်းကြောင်းပဲ။ မင်း အချိန်တစ်ခုလောက်အထိ ဒီအပိုင်းမှာ နေလို့ရတယ်။”
ရှောင်းယီသည် ဂရုထဲသို့ အရှေ့မြောက်ဘက်ရှိ လမ်းကြောင်းတစ်ခုကို ထပ်မံတင်ပေးလိုက်သည်။
“သူဌေးက အရမ်းအံ့ဩစရာကောင်းတာပဲ။ ဒီလိုသူဌေးကြီးတွေ နည်းနည်းလောက်ထပ်ရှိရင် ကျုပ်တို့ အသက်ရှင်ရေးအတွက် စိုးရိမ်စရာမလိုတော့ဘူး။”
“ဟုတ်တယ်...ဒါပေမယ့် ရွှမ်းယွမ်ဝူဝေ့လို သူဌေးတစ်ယောက်နဲ့ တွေ့ရရင်တော့ တကယ်ကို ဒူးနဲ့မျက်ရည်သုတ်ရလိမ့်မယ်။”
“ရွှမ်းယွမ်ဝူဝေ့ ရိုက်ချခံရတာကို ကြည့်ရအောင်။”
“ဒီကမ္ဘာမှာ တိုက်ရိုက်ထုတ်လွှင့်မှုမရှိတာ ဝမ်းနည်းစရာပဲ။”
နောက်ပိုင်းတွင် လှေငယ်နှစ်စီး ရောင်းချခံခဲ့ရသည်။
ရွှမ်းယွမ်ဝူဝေ့သည် မည်မျှပင်ကံဆိုးနေပါစေ သူ့နောက်သို့ စိတ်ရင်းမှန်ဖြင့် လိုက်ပါနေသူများ အမြဲရှိနေသေးသည်။
ယီထျန်းဂရုမှသတင်းသည် ရွှမ်းယွမ်ဝူဝေ့ထံသို့ ချက်ချင်းပင် ပို့ဆောင်ခံခဲ့ရသည်။
“ဘာ သူတို့ တကယ်ပဲ ငါ့ဆီလာနေကြတာလား။”
ရွှမ်းယွမ်ဝူဝေ့ ထိတ်လန့်သွားခဲ့သည်။
“လူတိုင်းပဲ သတိထားကြပါ။ ဒေသခံတွေ ငါတို့ဆီလာနေပြီ။ တိုက်ခိုက်ဖို့ အမြဲတမ်းအဆင်သင့်ရှိနေပါစေ။”
“ဟုတ်ကဲ့”
လူအားလုံးက တစ်ချိန်တည်း ပြန်ဖြေလိုက်ကြသည်။
ရွှမ်းယွမ်ဝူဝေ့သည် ရှောင်းယီ၏အနက်ရောင်စာရင်းတွင် ရှိနေသောကြောင့် ရှောင်းယီ၏လေးလံသောလက်နက်များကို ငှားရမ်းရန်မှာ မဖြစ်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် သူကိုယ်တိုင်က လောက်လွှဲစင်တစ်ခု ရရှိထားခဲ့ပြီး အချိန်ကာလတစ်ခုကြာအောင် လေ့ကျင့်ပြီးနောက် တိုက်ခိုက်နိုင်စွမ်းသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
ကျွန်းပေါ်ရှိ သူ၏လူများကို စီစဉ်ပြီးနောက် ရွီမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် သူ၏ဂရုထဲတွင် ကြေညယချက်ထုတ်လိုက်၏။
“ဒေသခံတွေ ငါ့ဆီလာနေတယ်။ စည်းစည်းလုံးလုံးနဲ့ ငါ့ကို လားပြီးကူညီဖို့ကြပါ။ ဒေသခံတွေသာ ငါ့ကိုတကယ်ဖမ်းမိသွားရင် မင်းတို့အားလုံးလည်း အန္တရာယ်ရှိလိမ့်မယ်။”
“ဟုတ်ကဲ့ ကျုပ်တို့ လာရောက်ကူညီဖို့ အဆင်သင့်ပါပဲ။”
ရွှမ်းယွမ်ဝူဝေ့၏ကျွန်းနှင့် ပိုနီးသော အသက်ရှင်ကျန်ရစ်သူများက ချက်ချင်းပင် တုန့်ပြန်လိုက်ကြသည်။
“ကောင်းပြီ ဒီတစ်ခါ ဒေသခံတွေကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ခဲ့ရင် ကျွန်းတစ်ကျွန်းစီကို C အဆင့် ရေသန့် ၅၀၀ မီလီ ဆုချီးမြှင့်မယ်။”
ရွှမ်းယွမ်ဝူဝေ့က ဆုကြီးတစ်ခုဖြင့် ကတိပြုလိုက်သည်။
ဤဆုသည် ချက်ချင်းပင် လူအားလုံး၏ဆန္ဒကို နှိုးဆွပေးနိုင်ခဲ့လေသည်။ အစပိုင်းတွင် သူတို့သည် စကားသက်သက်သာ ပြောခဲ့ခြင်းဖြစ်ပြီး ယခုတွင်မူ လက်တွေ့လုပ်ဆောင်နေကြပြီဖြစ်သည်။
ယခင်က သူတို့သည် စကားသက်သက်သာ ပြောခဲ့ခြင်းဖြစ်ပြီး ရွှမ်းယွမ်ဝူဝေ့သည် သူတို့ပေါ်မလာပါကလည်း ဘာမှပြောနိုင်မည်မဟုတ်ပေ။ ပင်လယ်ပြင်အခြေအနေသည် အလွန်ရှုပ်ထွေးနေပြီး အချိန်မီမရောက်ရှိနိုင်ခြင်းအတွက် အကြောင်းပြချက်များစွာရှိပေသည်။
ယခုတွင်မူ ထိုလူများသည် ထို C-အဆင့် ရေသန့်အတွက် ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ အဆင့်မြင့်အစားအစာများနှင့် ရေများအား ပြည့်ဝစွာရရှိခြင်းကို မည်သူမျှ မကြိုက်ဘဲမနေချေ။
ဒေသခံများမရောက်မီ ရောက်ရှိလာနိုင်သည့် အသက်ရှင်ကျန်ရစ်သူအားလုံးနီးပါးသည် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းသို့ တက်တက်ကြွကြွဖြင့် ရောက်လာကြလေသည်။
ဒေသခံများကို တိုက်ခိုက်ရမည့် အဓိကတပ်ဖွဲ့မှာ ရွှမ်းယွမ်ဝူဝေ့ပင် ဖြစ်ရပေမည်။ ၎င်းတို့သည် စိတ်ဓာတ်ကိုမြှင့်တင်ပေးရန်နှင့် အလံလွှင့်ထူရန်သာလိုအပ်ပြီး C အဆင့် ရေသန့်တစ်ဘူးရရှိမည်ကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့် မလုပ်ရမည်နည်း။
အခန်း ၃၉၅
ဒေသခံများ၏ ခရီးလမ်းကြောင်းအရ အကယ်၍ ၎င်းတို့သည် အလယ်တွင် အခြားကျွန်းများနှင့်သာ မတွေ့ဆုံခဲ့ပါက မနက်ဖြန်ညသန်ခေါင်ပတ်ဝန်းကျင်၌ ရွှမ်းယွမ်ဝူဝေ့၏ကျွန်းအနီးသို့ ရောက်ရှိလာနိုင်သည်။
ရှောင်းယီသည် ဒုက္ခများ ဖန်တီးလိုလျှင်ပင် ယခုချိန်၌ အပျော်စီးရွက်သင်္ဘောဖြင့် လမ်းကြောင်းပေါ်ရှိ ရွှမ်းယွမ်ဝူဝေ့နှင့် အနီးဆုံးနေရာသို့သွားပြီး ထို့နောက် အကြီးစားသင်္ဘောကြီးဖြင့်ပြောင်းကာ သွားပါကလည်း အချိန်မီ ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။
“ဒီတစ်ကြိမ် ဒေသခံတွေ ပိုစွမ်းအားကြီးနေပါစေလို့ မျှော်လင့်တယ်။ မဟုတ်ရင်လည်း ငါကူညီပေးနိုင်သေးတယ်။”
ရှောင်းယီက တွေးလိုက်မိသည်။
ရွှမ်းယွမ်သည် မရိုးဖြောင့်သောအမှုကို ပြုခဲ့သည်။ ထို့ကြောင့် ရှောင်းယီသည်လည်း မတရားမှုကို ပြုနိုင်ပေသည်။
“ကျွန်းပိုင်ရှင် ကျွန်မ အဝတ်အစားအသစ်တွေလုပ်ထားတယ်။ မင်း တစ်ချက်လောက် လာကြည့်ချင်လား။”
လီယန်က ဝေါ်ကီတော်ကီဖြင့် ရှောင်းယီအား လှမ်းပြောလာခဲ့သည်။
“ကောင်းပြီ ခဏစောင့်ပေးပါဦး။”
ရှောင်းယီက တုန့်ပြန်လိုက်သည်။
“လယ်သမားက အထည်အလိပ်လုပ်ငန်းအတွက် တခြားကုန်ကြမ်းတွေကို တွေ့ရှိသွားတာများလား။”
ထိုသို့တွေးရင်းဖြင့် ရှောင်းယီသည် နေရာမှထရပ်ပြီး သစ်သားအလုပ်ရုံသို့ ထွက်သွားခဲ့သည်။ သစ်သားအလုပ်ရုံသို့ ရောက်သောအခါ ထိုအတွင်း၌ လူများစွာအလုပ်လုပ်နေသည်ကိုတွေ့လိုက်ရပြီး အများစုမှာ ဒေသခံအမျိုးသမီးများဖြစ်ကြသည်။
ချည်ငင်စက်နှင့် ယက်ကန်းစက်များ၏ နမူနာပုံစံကွက်များကြောင့် လီယန်သည် အထည်အလိပ်လုပ်ငန်း၏ အရွယ်အစားကို ချဲ့ထွင်ပြီးဖြစ်ကာ မကြာသေးမီက ဤဒေသခံများသည်လည်း ၎င်းပညာရပ်များကို သင်ယူခဲ့ကြပေသည်။
လုပင်းအာသည် ဒေသခံများကြားတွင် လှည့်လည်စစ်ဆေးနေကာ ၎င်းတို့၏အမှားများကို ပြုပြင်ပေးနေခဲ့သည်။
လီယန်သည် ရှောင်းယီဝင်လာသည်ကိုမြင်ပြီးနောက် ချက်ချင်းပင် အဝတ်တစ်ထည်ယူကာ သူ့နားသို့ လျှောက်လာခဲ့သည်။
“စမ်းကြည့်ပါဦး”
လီယန်က ရှောင်းယီထံ သူယူလာသည့်အဝတ်ကို ကမ်းပေးလိုက်၏။
ရှောင်းယီ ထိုအထည်ကို စတင်ဝတ်ဆင်လိုက်သည့်အခါ ပိုးချည်ကဲ့သို့ချောမွေ့ပြီး အနည်းငယ်အေးမြနေသည်ကို ခံစားလိုက်ရလေသည်။
“ဒါက ပိုးသားလား”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်မိသည်။
လီယန်က ခေါင်းညိတ်ပြလိုက်၏။
“ပိုးကောင်အရေအတွက်က တဖြည်းဖြည်းတိုးလာနေတယ်။ အနာဂတ်မှာ ပိုးထည်တွေ ရှားပါးတော့မှာမဟုတ်ဘူး။”
“အင်း တကယ် မဆိုးဘူး။”
ရှောင်းယီသည် ထိုသို့ပြောရင်းဖြင့် အဝတ်လဲခန်းသို့သွားကာ အဝတ်အစားလဲလိုက်၏။ ဝတ်ဆင်ပြီးနောက် ပထမဆုံးခံစားချက်မှာ သက်တောင့်သက်သာရှိခြင်းဖြစ်ပြီး ထို့နောက်အေးမြသည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် ဤကဲ့သို့ နွေရာသီ၌ ပိုမိုပူနွေးလာသည့်အခါတွင်ဖြစ်၏။
ထို့နောက် ရှောင်းယီသည် အဝတ်လဲခန်းထဲမှ ပြန်ထွက်လာပြီးနောက် လီယန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက အရမ်းကောင်းတယ်။ နောက်ထပ် နည်းနည်းလောက်ထပ်လုပ်ပြီး လူတိုင်းကို ဝတ်ခိုင်းလိုက်ပါဦး။ ဒီနေ့တွေမှာ အရမ်းပူလာနေပြီ။ ဒီဟာကိုဝတ်ထားတာက ပိုကောင်းလိမ့်မယ်။”
“အင်း ကျွန်မတို့ စလုပ်နေပါပြီ။”
လီယန်က ပြုံးရယ်ကာ ပြန်ပြောလိုက်သည်။
ရှောင်းယီသည် ထိုပိုးသားဝတ်စုံကို မချွတ်တော့ဘဲ ဗီလာသို့ ပြန်သွားခဲ့သည်။
“ဟေး ဒါက အင်္ကျီအသစ်လား။”
အန်းရန်သည် ရှောင်ယီဝတ်ဆင်ထားသော အဝတ်အစားအသစ်ကိုမြင်သောအခါ စပ်စုလိုက်၏။
“အင်း ဒါက ပိုးထည်လေ။ ဝတ်ရတာအရမ်းသက်တောင့်သက်သာရှိတယ်။ အန်တီလီက အခု စလုပ်နေပြီ။ နောက်ကျရင် လူတိုင်းဝတ်လို့ရတော့မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက ကိုင်ကြည့်လိုက်တော့ အရမ်းအေးတာပဲ။”
အန်းရန်သည် ရှောင်းယီ၏အဝတ်ပေါ်တွင် သူမ၏နူးညံ့သည့်လက်ချောင်းလေးများဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။
ရှောင်းယီသည် သူမ၏အမူအရာများကို ကြည့်ကာ ပြုံးရယ်လိုက်ပြီး စနောက်လိုက်၏။
“မင်းဒီလိုမျိုး လက်တွေကို မြှောက်လိုက်ချလိုက်နဲ့ ဟိုဟိုသည်သည်လျှောက်ထိနေရင် ငါညည်းမိတော့မယ်နော်။”
“သွားစမ်းပါ။”
အန်းရန်က သူ၏မျက်လုံးလေးများကို လှိမ့်လိုက်ကာဖြင့် ပြန်ပြောလိုက်သည်။
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်နေသော ဆုဝမ်က သူတို့ဘက်သို့လှည့်ကြည့်ပြီး မေးလိုက်၏။
“နင်တို့နှစ်ယောက် ပတ်ဝန်းကျင်ကို လေးစားရကောင်းမှန်းမသိဘူးလား။ လူမရှိတဲ့နေရာကို ရှာလိုက်စမ်းပါ။ ဒီမှာ ငါရှိနေသေးတယ်။”
“ပြီးခဲ့နေ့တွေမှာ ဖြစ်ပျက်ခဲ့တာတွေက အရမ်းများနေခဲ့တော့ ငါတို့ မပျော်ဖြစ်တာတောင် အချိန်အတော်ကြာနေပြီ။ ဒီည အပန်းဖြေစခန်းကိုသွားပြီး ပျော်ကြရအောင်။”
ရှောင်းယီက ပြောလိုက်၏။
“မကြာသေးခင်ကပဲ အပန်းဖြေစခန်းမှာ ဘာဘီကျူးစားခဲ့သေးတယ်လို့ မဟုတ်ဘူးလား။”
အန်းရန်က ရှောင်းယီကိုကြည့်ကာ ဆွံ့အ,သွားခဲ့သည်။
“မကြာသေးခင်ဆိုတာက ဒီနေ့ကိုပြောတာလေ။ ရွှမ်းယွမ်ဝူဝေ့ဆိုတဲ့ မြေးလေးကို ဒေသခံတွေက ပစ်မှတ်ထားတာကို ဂုဏ်ပြုဖို့အတွက် အပန်းဖြေစခန်းကိုသွားရမယ်။”
ရှောင်းယီက ဆုံးဖြတ်ချက်ချလိုက်လေသည်။
“ဒီအကြောင်းပြချက်ကိုတော့ ငါမငြင်းနိုင်တော့ဘူး။”
အန်းရန်က ပြောလိုက်၏။
ဤအကြိမ်တွင်တော့ ရေးကြီးခွင်ကျယ် လုပ်မနေတော့ပေ။ ညစာစားချိန်တွင် တံတိုင်းအတွင်းရှိ ခေါင်းဆောင်လေးဦးနှင့် အခြားလူများကို အပန်းဖြေစခန်းသို့လာကြရန် ခေါ်ယူလိုက်သည်။
အပန်းဖြေစခန်းသို့ရောက်သည်နှင့် ကျန်းယွင်ထျန်းက စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့် ညည်းညူလိုက်၏။
“ငါတို့မှာ ယာဉ်တစ်မျိုးမျိုးတော့ ရှိသင့်တယ်မဟုတ်လား။”
“ဒီကျွန်းတစ်ခုလုံးကို စုစုပေါင်းမှ ကီလိုမီတာအနည်းငယ်ပဲရှိသေးတယ်။ မင်းက မလျှောက်နိုင်တော့ဘူးလား။”
ရှောင်းယီက ပြုံးရယ်ကာ မေးသည်။
“မလျှောက်နိုင်လို့ ပြောတာမဟုတ်ဘူး။ သယ်သူပို့ဆောင်ရေးယာဉ်တစ်မျိုးလောက်ရှိရင် သွားရလာရတာ ပိုပြီးအဆင်ပြေမယ်လို့ ခံစားရလို့ပြောတာ။”
ကျန်းယွင်ထျန်းက ပြန်ပြောသည်။
“လောလောဆယ်တော့ ကောင်းပါသေးတယ်။ ဒါပေမယ့် နောင်တစ်ချိန် ဧရိယာက ၁၀ ဆ၊ အဆ ၁၀၀ လောက် ချဲ့ထွင်လာခဲ့ရင် နံပါတ် ၁၁ ကို ဆက်ထိမ်းထားနိုင်တော့မှာမဟုတ်ဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဖြည်းဖြည်းပေါ့။ ငါတို့ကျွန်းက အဲ့လောက်လည်း မြန်မြန်ကြီးမလာနိုင်ပါဘူးကွာ။”
“ဒါက စိတ်ကျေနပ်စရာမကောင်းဘူးလို့ ဘယ်သူပြောလဲ။ အခု ငါတို့ရဲ့နေ့စဉ်အုတ်မြစ်ကျောက်ဝင်ငွေက ၄၀၀ လောက်ရှိတယ်။”
ထိုစဥ် အန်ယွဲ့သည်လည်း အပန်းဖြေစခန်းအတွင်းသို့ ဝင်ရောက်လာပြီး ရှောင်းယီနှင့် ကျန်းယွင်ထျန်း၏ စကားဝိုင်းကိုကြားသောအခါ ဝင်ပြောလိုက်သည်။
“ထောက်ပံ့ရေးသေတ္တာထဲမှာတင် အုတ်မြစ်ကျောက် ၂၀၀ လောက်ရှိတယ်။ ချူရှန်းဘက်ကနေလည်း တစ်ရက်ကို ၆၀၀ ကနေ ၇၀၀ လောက်ရတယ်။ ရံဖန်ရံခါ သစ်သားအိမ်နဲ့ ကျောက်တုံးအိမ်တွေလည်း အကုန်ရောင်းနေရတယ်လေ။”
“ထောက်ပံ့ရေးသေတ္တာအကြောင်းပြောရရင် မကြာသေးခင်က အထူးပစ္စည်းတစ်ခုခု ထုတ်ပေးခဲ့သေးလား။”
ရှောင်းယီက မေးလိုက်သည်။
မနေ့တစ်နေ့က အလွန်အလုပ်များနေခဲ့သောကြောင့် ရှောင်းယီသည် အန်ယွဲ့အား ထောက်ပံ့ရေးသေတ္တာများကို တစ်ခါတည်းဖွင့်ခိုင်းခဲ့သည်။
“အရမ်းကောင်းတဲ့ပုံစံကွက် တစ်ခုထုတ်ပေးခဲ့တယ်။ အဲ့ဒါက စင်္ကြံလမ်းပုံစံကွက်ပဲ။”
အန်းယွဲ့က ပြန်ဖြေသည်။
“စင်္ကြံလမ်းပုံစံကွက်လား။”
ရှောင်းယီက အနည်းငယ် ကြောင်အသွားပြီးနောက် မေးလိုက်သည်။
“အဲ့ဒါက ခေတ်နောက်ကျနေတဲ့ ပုံစံကွက်တစ်ခုဆိုတာပဲ ငါသိတယ်။”
ရှောင်းယီ၏စကားကိုကြားသောအခါ အန်ယွဲ့သည် သူ၏မျက်လုံးများကိုလှိမ့်ကာ ပြန်ဖြေ၏။
“စင်္ကြံဆိုတာက လမ်းဖောက်ခြင်းနည်းလမ်းဖြစ်ပဲ။ ရှေးခေတ်ချင်နိုင်ငံရဲ့ အမျိုးသားလမ်းလည်းဖြစ်တယ်။ စင်္ကြံကို ပြန့်ပြူးတဲ့နေရာမှာပဲ တည်ဆောက်နိုင်တယ်။ လမ်းအကျယ်က ခြေလှမ်းငါးဆယ်ပဲ (ဒီပုံစံကွက်ကိုက ချိန်ညှိလို့ရတယ်)။ သစ်ပင်တစ်ပင်နဲ့ လမ်းရဲ့ဘေးနှစ်ဖက်ကို သံမှိုတွေနဲ့ ထုရိုက်ပြီး ထူထဲအောင် တည်ဆောက်ထားတယ်။ (ဒီပုံစံကွက်မှာ သစ်ပင်စိုက်တာမပါဘူး။)”
“ဒါက လမ်းအတွက် ပုံစံကွက်ကိုး။”
ရှောင်းယီက ပြောလိုက်သည်။
“တကယ်ကောင်းတဲ့အရာပဲ။ ဒါနဲ့ဆိုရင် ကိုယ့်ဘာသာကိုယ် တစ်ခုချင်းစီလိုက်ဆောက်နေစရာမလိုတော့ဘူး။”
ဖူရှီသည် ထိုစကားကိုကြားလိုက်ရသောအခါ ခါသက်စွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ကျုပ်တို့ မကြာသေးခင်ကမှ လမ်းတစ်ခုတည်ဆောက်ခဲ့တာ။ အခုတော့ ဒီမှာပုံစံကွက်တစ်ခုရှိနေပြီ။ ကံဆိုးလိုက်တာ။”
“မင်းရဲ့ပြုစုပျိုးထောင်မှုကလည်း မဆိုးပါဘူး။ အချိန်တစ်ခုလောက်တော့ သုံးလို့ရပါသေးတယ်။”
ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။
လူများအားလုံး ရောက်ရှိလာသည်ကို မြင်သောအခါ ရှောင်းယီက စကားစလိုက်သည်။
“လူတိုင်းပဲ ဒီနှစ်ရက်အတွင်းမှာ အကုန်လုံး အလုပ်ကြိုးစားခဲ့ကြတယ်။ ကျုပ်တို့ ဒီည နည်းနည်းလောက်အနားယူလို့ရတယ်။”
ပိုင်ချီသည် ဘီယာတစ်ခွက်သောက်ရန် ဤဘားသို့ မကြာခဏ ရောက်လာပြီး အပြေးအလွှားပြန်ထွက်သွားလေ့ရှိ၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူသဘ် ဖျော်ဖြေရေးစက်ကိရိယာများစွာရှိ နေသည်အား တွေ့လိုက်ရလေသည်။
“ဒီနေရာက ယခင်ကမ္ဘာနဲ့ ဘာမှမကွာခြားတော့ဘူး။”
ပိုင်ချီ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ လူတိုင်းသည် အသားကင်များစားရင်း ဘီယာသောက်နေခဲ့ကြသည်။
“ကျွန်းပိုင်ရှင် ရာသီဥတုက ပိုပူလာနေတယ်။ ဒုတိယအပတ်လို ပြန်ဖြစ်လာလောက်မလား။”
ပိုင်ချီက ဘီယာတစ်ငုံသောက်ရင်း ပြောလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“မင်းတို့မျိုးနွယ်စုလေးခုက အပူလျှပ်တာနဲ့ အအေူမိတာကို ဒဏ်ကာကွယ်ဖို့ အာရုံစိုက်ထားသင့်တယ်။ ပဲဟင်းချိုနှင့် ဓာတ်ဆားရေကို အချိန်မီ ထောက်ပံ့ပေးရမယ်။”
ထိုစဉ် အန်ယွဲ့က ဘေးကနေပြောလိုက်သည်။
“ဒါကို ငါစီစဉ်ထားပြီးပြီ။ လယ်သမားက စိုက်ပျိုးရေးထုတ်လုပ်မှုစီမံကိန်းကို ချိန်ညှိပြီး ပဲနီလေးကို တစ်ရာသီရိတ်ပြီးပြီ။”
“ဟိုင်ယန်စက်ရုံမှာ ပြဿနာတစ်ခုခုရှိလို့လား။”
ရှောင်းယီက မေးလိုက်၏။
“မရှိပါဘူး။ အားလုံးပုံမှန်ပါပဲ။ ထုတ်လုပ်မှုကလည်း လုံလောက်လွန်းလို့ ကုန်တောင်မကုန်နိုင်တော့ဘူး။”
အန်ယွဲ့က ပြန်ပြောသည်။
“ဒီလိုဆိုရင် ကျုပ်တို့ အပြင်ကို ထုတ်ရောင်းလို့ရနိုင်မလား။”
ရှောင်းယီက ပြောသည်။
“ရမယ်လို့ထင်တယ်။ အခုဆိုရင် ကျွန်းတိုင်းမှာ ပင်လယ်ရေဆားထုတ်စက်မရှိသေးဘူး။ တချို့မှာ ရှိတယ်ဆိုရင်တောင် ထိရောက်မှုက အသုံးပြုမှုနဲ့ မလိုက်ဖက်ဘူး။”
အန်ယွဲ့က ပြန်ပြောသည်။
“ပြီးတော့ ပင်လယ်ရေကနေ ဆားကိုအကြမ်းဖျဉ်းထုတ်ဖို့ကလည်း သူတိုင်းမလုပ်နိုင်ဘူး။ လုပ်နိုင်တယ်ဆိုရင်တောင် ထုတ်လိုက်တဲ့ဆားက ခါးနေဦးမှာပဲ။”
“အခုရာသီဥတုက ပိုပိုပြီး ပူလာနေတယ်။ ဆားက ပိုပြီး လူကြိုက်များလာလိမ့်မယ်။”
ယွမ်နွန်က ဆက်ပြောသည်။ သူတို့စကားများကို နားထောင်ပြီးနောက် ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“ဒီကိစ္စကို ဦးလေးအန်းယွဲ့ကပဲ ကိုင်တွယ်ပေးပါဦး။ အရမ်းကြီးဈေးတင်ပြီး ရောင်းစရာမလိုဘူး။ ယီထျန်းဂရုထဲမှာပဲရောင်းမယ်။”
“ကောင်းပြီ”
အန်ယွဲ့က တုန့်ပြန်လိုက်သည်။
အမျိုးသမီးများသည် သူမတို့ စားသောက်ပြီးသောအခါ လူကြီးများ သောက်စားနေသည်ကို ကြည့်မနေတော့ဘဲ KTV နှင့် ဂိမ်းခန်းများထဲသို့ တိုက်ရိုက်ဝင်သွားခဲ့ကြသည်။
ထိုအခါ ရှောင်းယီတို့သည် နောက်ဆုံးတွင် သူတို့၏လက်မောင်းများကို လှုပ်ရှားကာ အင်္ကျီများကိုချွတ်ပစ်ပြီးနောက်မှသာ ဆက်လက်သောက်စားနိုင်ခဲ့သည်။
အရမ်းပူတာပဲ။
အခန်း ၃၉၆
“တကယ်တော့ ဒီတစ်ခါ ရာသီဥတုက အတော်လေး နွေးထွေးတယ်လို့ ကျုပ်ခံစားမိတယ်။”
ကျန်းယွင်ထျန်းက ပြောသည်။ ပိုင်ချီသည်လည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
ဒုတိယအပတ်တုန်းက အပူချိန်သည် လုံးဝမခံမရပ်နိုင်သည့်အဆင့်သို့ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့ခြင်းဖြစ်၏။
ယခုအချိန်တွင် အပူချိန်သည် ပူတော့ပူသော်ငြား အမျိုးသမီးတွေရှေ့မှာ အင်္ကျီများကို ချွတ်မပစ်ဘဲ ဆက်၍ရပ်နည်နေနိုင်သေးသည်။ ထိုအရာမှာ ကြုံတောင့်ကြုံခဲပင်။
“ပြီးခဲ့တဲ့ လေးပတ်အတွင်းမှာ ကမ္ဘာကြီးက ငါတို့ကို လှည့်စားနေတယ်လို့ ခံစားရတယ်။ ဂြိုဟ်ပေါ်မှာ လူတွေနေထိုင်နေသရွေ့ ဒီလိုကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ရှိနိုင်မှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဒါလိုတော့ ပြောမရဘူး။ ဂလက်ဆီတစ်ခုမှာ ပတ်ဝန်းကျင်က ကြမ်းတမ်းပေမယ့် ဉာဏ်ရည်မြင့်သတ္တဝါတွေရှိတဲ့ ဂြိုဟ်တစ်ခုတော့ ရှိနိုင်တာပဲ။”
ရှောင်းယီက ပြုံးရင်းပြောလိုက်သည်။
“ဒီဖြစ်နိုင်ခြေက လျစ်လျူရှုနိုင်လောက်အောင်ကို နိမ့်ကျလွန်းတယ်။”
ကျန်းယွင်ထျန်းကပြောသည်။ ထိုအခါ ယွမ်နွန်သည် အနက်ရောင်ပင်လယ်ပြင်ကြီးကို လှမ်းကြည့်မိလိုက်၏။
“တကယ်တော့ ဒီဖြစ်နိုင်ခြေက သိပ်ပြီးတော့လည်း နိမ့်မနေပါဘူး။”
“ဘာလို့လဲ။”
ကျန်းယွင်ထျန်းက သံသယဖြင့် မေးလိုက်သည်။
“ငါတို့သာ ဒီကမ္ဘာကြီးဆီမရောက်ခဲ့ဘူးဆိုရင် အရင်ကမ္ဘာရဲ့ ပတ်ဝန်းကျင်ကလည်း မကြာခင်မှာ မင်းအရင်ကပြောခဲ့တဲ့ အခြေအနေအတိုင်း ပျက်စီးသွားလိမ့်မယ်။”
ယွမ်နွန်က သက်ပြင်းချရင်း ပြောလိုက်သည်။
ယခင်ကမ္ဘာတွင် နည်းပညာယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကိုမူ လျစ်လျူရှုခဲ့ကြပေသည်။
ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုသည် လက်တွေ့အားဖြင့် ရှောင်လွှဲမရနိုင်သော ရလဒ်တစ်ခုဖြစ်၏။ ဖြစ်နိုင်ခြေမှာ ၁၀၀% ဖြစ်ပြီး ထိုအရာမှာ တကယ်ကိုမနိမ့်ကျပေ။
ယွမ်နွန်၏စကားကိုကြားပြီးနောက် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
“ငါတို့ အဲ့ဒါတွေကို မရပ်တည်နိုင်ခဲ့လို့ အထက်ကလူတွေက ငါတို့ကို ဒဏ်ခတ်တာလို့ ထင်လား။”
ရှောင်းယီက ရုတ်တရက် ထပြောလိုက်သည်။ လူတိုင်း အငိုက်မိသွားခဲ့သည်။
“ဖြစ်နိုင်တယ်။”
အန်းယွဲ့က ပြောလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းသည် သူစခေါင်းကိုခါယမ်းကာ ပြောလာခဲ့သည်။
“ဒါကို ဒဏ်ခတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒါကပဲဒဏ်ခတ်တာမဟုတ်ဘူးလို့ ကျုပ်ခံစားရတယ်။ အကယ်၍ ဒီဒဏ်ခတ်မှုက ကျုပ်တို့ကို မူလကမ္ဘာမှာပဲ ချန်ထားခဲ့မယ်ဆိုရင် သူက ကျွန်တော်တို့ကို တွန်းအားပေးပြီး ပတ်ဝန်းကျင်ကို လုံးဝပျက်စီးအောင် လုပ်ဖို့ပဲလိုတယ်။ အထက်ကလူတွေအတွက် ဒီလိုအရာတွေက မခက်ခဲဘူးလို့ ကျုပ်ယုံကြည်တယ်။ ဒါ့အပြင်...”
ကျန်းယွင်ထျန်းသည် သူ၏စကားကို ခဏရပ်နားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ ယခင်အသိပေးချက်မှာလည်း အထက်ကလူတွေက တစ်ခုခုကို ရွေးချယ်နေတယ်လို့ ဖော်ပြထားတယ်။ ဘယ်လိုလူမျိုးတွေကို ရွေးချယ်နေတယ်ဆိုတာ အတိအကျမသိရဘူး။ အသက်ရှင်သန်ကျန်ရစ်နိုင်မယ်ဆိုရင် ရွေးချယ်ခံရနိုင်ခြေရှိတယ်ဆိုတာပဲသိထားရတယ်။ အထက်ကလူတွေရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ကျုပ်တို့ကိုဒဏ်ခတ်ဖို့အတွက် ဒီလောက်ထိ အလုပ်ရှုပ်နေစရာမလိုဘူး။”
လူတိုင်း ခေါင်းညိတ်မိလိုက်ကြသည်။
“ကောင်းပြီ ကျုပ်တို့ မထိန်းချုပ်နိုင်တဲ့ အရာတွေအကြောင်း ဆက်မတွေးတော့ဘူး။ ကျုပ်တို့ ထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ အာရုံစိုက်ရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ထိန်းချုပ်လို့မရတဲ့ အရာတွေကို စိုးရိမ်ပူပန်နေမယ့်အစား ကိုယ့်ကိုယ်ပိုင်ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင် ကျုပ်တို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေ မြှင့်တင်ဖို့ ကြိုးစားရမယ်။”
“ကျွန်းပိုင်ရှင်ပြောတာမှန်တယ်။ ဒါက အရှိန်အဝါလွှမ်းမိုးမှုစက်ဝန်းနဲ့ စိုးရိမ်မှုစက်ဝန်းရဲ့ အယူအဆပဲ။”
အန်းယွဲ့က ပြောလိုက်သည်။
ကုမ္ပဏီပိုင်ရှင်တစ်ဦးအနေဖြင့် အန်းယွဲ့သည် စွမ်းဆောင်ရည်များကို စီမံခန့်ခွဲမှုဆိုင်ရာ၌ စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးသည်။ Stephen Covey ရေးသားသော “အလွန်ထိရောက်သောလူတို့၏အလေ့အထ ၇ ခု” တွင် ဤအယူအဆနှစ်ခုကို ဖော်ပြထားသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် လူတစ်ယောက်သည် လက်ရှိဖြစ်ရပ်သတင်းများ၊ ဖျော်ဖြေရေးကိစ္စရပ်များကဲ့သို့ စိုးရိမ်မှုစက်ဝန်းထက် သူလုပ်နိုင်သည့်အရာများကို အာရုံစိုက်ပြီး ကိုယ်ပိုင်စွမ်းရည်များကိုသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည်ဖြစ်သည်။
လူတိုင်း၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ ရှောင်းယီ ပြုံးလိုက်မိ၏။
“မင်းတို့ နောက်ထပ် အများကြီးလေ့လာရမယ်။ ဒီလိုမှမဟုတ်ရင် တခြားသူတွေ စကားပြောတဲ့အခါ ကျပ်မပြည့်နဲ့ပုံ ပေါ်နေလိမ့်မယ်။”
လူတိုင်း ရယ်မောမိလိုက်ကြသည်။
“အခုချိန်မှာ ငါစာအုပ်ဖတ်ချင်ပေမယ့် ရှာမတွေ့နိုင်ဘူး။”
ယွမ်နွန်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဒါဆို ငါတို့ကိုယ်တိုင် ယဉ်ကျေးမှုဝါဒဖြင့်ဖြူးသူတွေလုပ်ပြီး ကိုယ်ပိုင်စာအုပ်တွေကို ပုံနှိပ်ကြတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်တယ်။”
အန်းယွဲ့က ပြောလိုက်သည်။
“ပိုပြီးပေါ့ပါးတဲ့ခေါင်းစဉ်တစ်ခုကို ပြောင်းလဲပြီး ပျော်စရာအကြောင်းတွေပဲ ပြောကြရအောင်။”
ရှောင်းယြီ ဆက်ပြောသည်။
“ဥပမာ-ရွှမ်းယွမ်လိပ်ကို ဒေသခံတွေ ပစ်မှတ်ထားတာမျိုးလား။”
ကျန်းယွင်ထျန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“မေ့လိုက်တော့။ သူ့ကျွန်းက လမ်းကြောင်းနဲ့ နည်းနည်းဝေးမနေဘူးဆိုရင် ငါလောင်စာထည့်ပေးဖို့တောင် သွားလိုက်ချင်သေးတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“ဂရုထဲမှာ ရွှမ်းယွမ်ကျွန်းနဲ့ နီးတဲ့သူကို မေးကြည့်လိုက်လေ။ သူတို့မှာသာ လမ်းညွှန်ချက်ကျောက်တုံးတွေရှိရင် ကျုပ်တို့ ဟိုကိုသွားလို့ရနိုင်တယ်။”
ပိုင်ချီက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်သည်။
“ဒေသခံတွေကို တွန်းလှန်နိုင်တဲ့ ကျွန်းတွေအများကြီးရှိပေမယ့် ဒေသခံတွေကို အနိုင်ယူပြီး ချန်ထားခဲ့နိုင်တဲ့ ကျွန်းတွေက အရမ်းနည်းတယ်။ မင်းပြောတဲ့နည်းလမ်းကို ဂရုထဲမှာ တစ်ယောက်ယောက်က ပြောဖူးပေမယ့် တစ်ယောက်မှ မတုန့်ပြန်ခဲ့ကြဘူး။ လမ်းညွှန်ကျောက်တုံးကို မရခဲ့ဘူးလို့ငါထင်တယ်။”
ပိုင်ချီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းနားရှိ တက်ဘလက်မှ သတိပေးအချက်ပြသံ မြည်လာခဲ့သည်။
စောစောက အနည်းငယ်မူးနေသော ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သတိဝင်လာပြီး တက်ဘလက်ကို ကောက်ကိုင်ကာ ကျွန်း၏အရှေ့ဘက်ရှိ အနီရောင်အစက်များကို မျက်မှောက်ပြုလျက် မျက်မှောင်ကြုံ့လိုက်သည်။
“ဘာဖြစ်လို့လဲ။”
ရှောင်းယီက မေးလိုက်သည်။
“ဧည့်သည်တွေ ထပ်ရောက်လာပြီ။ စုစုပေါင်း အလတ်စားရွက်သင်္ဘောလေးစီးရှိတယ်။ ငါတို့ရှေ့နားမှာပဲ။”
ကျန်းယွင်ထျန်းက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။
ရှောင်းယီသည် အနက်ရောင်ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်၏။
“ဒီတိုင်းစားနေရတာက ပျော်ဖို့မကောင်းဘူး။ ငါ မီးရှူးမီးပန်းကြည့်ချင်တယ်။”
“ကျွန်းပိုင်ရှင် ကျုပ် သွားစီစဥ်လိုက်ပါ့မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“မဟုတ်ဘူး လူတွေကို သုံးချက်ပစ်လောက်လွှဲစင်ဆယ်လုံးလောက် ဒီကိုတွန်းလာခိုင်းလိုက်ပါ။ သူတို့ရောက်လာရင် ငါမင်းကို မီးရှူးမီးပန်းကြည့်ခိုင်းမယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် ရှုပ်ထွေးသွားသော်လည်း သူ၏လူများကို လောက်လွှဲစင်များအား တွန်းရန် ပြောလိုက်၏။
“ကျောက်စရစ်ခဲ ဒီကိုလာခဲ့”
ရှောင်းယီက ခေါ်လိုက်သည်။
ထိုအခါ အသားများကို တံစို့ထိုးရာ၌ ကူညီနေသော ယွမ်ရှီသည် သူ့နားသို့ ချက်ချင်းပင် အပြေးရောက်လာ၏။ ရှောင်းယီသည် သူ၏နားနားသို့ကပ်ကာ စကားအနည်းငယ်ပြောပြီးနောက် သူသည် ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ယွမ်နွန်နှင့် အခြားသူများသည် သူတို့၏အစားအစာများကို ချထားလိုက်ကြပြီး ပင်လယ်ဖက်သို့ လှမ်းကြည့်လိုက်ကြသည်။
“ဘာကြည့်နေကြတာလဲ။ အပြင်မှာ အရမ်းမှောင်နေတာကို။ ထိုင်ပြီးစားကြပါ။”
ရှောင်းယီက ခေါ်လိုက်သည်။
“စစ်သားတွေ ထပ်မခေါ်တော့ဘူးဆိုတာ သေချာလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“မခေါ်ဘူး...ဆက်ကြရအောင်ကွာ။ သူတို့တွေက ငါတို့ရဲ့ပျော်စရာတွေ မဖျက်ဆီးနိုင်ပါဘူး။”
ရှောင်းယီက ပြန်ဖြေ၏။
ကျန်းယွင်ထျန်း ခေါင်းညိတ်ကာ ချင်းလုံကို သူစဉ်းစားမိလိုက်သောကြောင့် ဘာမှထပ်မပြောတော့ဘဲ ဘေးနားက ဝိုင်ခွက်ကို ကောက်ယူပြီး သောက်လိုက်တော့သည်။
ကျန်သည့်သူများလည်း ပြန်ထိုင်လိုက်ကြ၏။
“ဒေသခံတွေ တိုက်ခိုက်တော့မယ်ဆိုတာ သိပေမယ့် ဒီလိုအေးအေးဆေးဆေး စားသောက်နေနိုင်တာကလည်း တစ်မူထူးခြားတာပဲ။”
ယွမ်နွန်က ပြုံးကာပြောလိုက်သည်။
“အမှန်ပဲ။ ကျွန်းတိုင်းမှာ ချင်းလုံလို အစောင့်အရှောက်သားရဲမျိုး မရှိကြဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။
ကျန်သည့်သူများလည်း ခေါင်းညိတ်လိုက်ကြသည်။ ချင်းလုံကို ရှေးဟောင်းသားရဲကြီးတစ်ကောင်အဖြစ် သတ်မှတ်နိုင်ပေသည်။ ယနေ့ခေတ်တွင် သာမန်သမုဒ္ဒရာသားရဲကြီးများကိုပင် မည်သည့်အသက်ရှင်ကျန်ရစ်သူမျှ မနှောင့်ယှက်ရဲကြပေ။ ရှေးဟောင်းသားရဲကြီးများကိုမူ ပြောနေစရာပင်မလိုတော့ပေ။
ထိုစဉ် ပိုင်ချီသည် စပ်စုလိုစိတ်ဖြင့် ကျန်းယွင်ထျန်းမားသို့ ရောက်လာခဲ့သည်။
“ဒီတက်ဘလက်ကဘာလဲ။”
“ရေဒါထောက်လှမ်းရေးလက်ခံစက် ကြည့်ချင်ရင်ယူကြည့်”
ကျန်းယွင်ထျန်းက တက်ဘလက်ကို သူ့လက်ထဲသို့ ထည့်ပေးလိုက်၏။
ပိုင်ချီသည် ဟိုဟိုသည်သည် ကလိကြည့်ပြီးနောက် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ရန်သူရဲ့လှုပ်ရှားမှုကို ကီလိုမီတာ ၃၀ ကြိုတင်သိရှိထားခြင်း...ဒါက ရန်သူ့မှာ တိုက်ခိုက်ဖို့ အခွင့်အလမ်းမရှိတော့ဘူး။”
ရှောင်းယီဘက်ရှိ ခုခံကာကွယ်ရေးအင်အားဖြင့် ဒေသခံများသည် ထိပ်တိုက်ရင်ဆိုင်ရာ၌ အခွင့်အရေးမရှိနိုင်သလို ဤရေဒါဖြင့်ဆိုလျှင် လျှို့ဝှက်တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်ပေ။
“ဒါပေမယ့် ဘယ်တော့မှ လက်မလျှော့တဲ့ ဒေသခံတွေက အမြဲရှိနေတာပဲ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်၏။
“ဒါဆို သူတို့ရဲ့ လမ်းညွှန်ချက်ကျောက်တုံးတွေကို လက်ခံလိုက်ကြရအောင်။ အဲ့ဒီလမ်းညွှန်ကျောက်တုံးတွေက အရမ်းအသုံးဝင်တယ်။”
ပိုင်ချီက ပြောလိုက်သည်။ အတူတူနေချိန် ပိုများလာသည်နှင့်အမျှ ပိုင်ချီသည်လည်း စကားပိုများလာခဲ့သည်။
“မင်းတို့အားလုံး လောက်လွှဲပေါ်က ကျောက်တုံးတွေအားလုံးကို ချွတ်ပစ်လိုက်။”
ရှောင်းယီသည် လောက်လွှဲစင်ဘေးတွင် ရပ်နေကြသော ဒေသခံတွေကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ဒေသခံများသည် ရှောင်းယီ၏အမိန့်ကို ချက်ချင်းနာခံကာ လောက်လွှဲပေါ်ရှိ ကျောက်တုံးများအားလုံးကို ဖယ်ရှားလိုက်ကြသည်။
ကျန်းယွင်ထျန်းက ရှောင်းယီကို သံသယဖြင့် ကြည့်လိုက်၏။ ထိုအခါ ရှောင်းယီသည် သူ့ကို အပန်းဖြေစခန်း၏ တံခါးဝသို့ လက်ညိုးထိုးပြလိုက်သည်။
ထိုနေရာတွင် ကျောက်စရစ်ခဲသည် အနက်ရောင်အလုံးများ တင်ဆောင်ထားသော လှည်းတစ်စီးကို ဂရုတစိုက် တွန်းလာနေခဲ့လေသည်။