← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း ၃၉၇

သူ နီးကပ်လာသည်နှင့်အမျှ ကျန်းယွင်ထျန်းသည် ဘောလုံး၏အပြင်ဘက်လွှာမှာ အညိုရောင်နက်နက်ရှိကြောင်း သတိပြုမိလိုက်သည်။ ကျန်းယွင်ထျန်းသည် ပထမဆုံး တုံ့ပြန်လိုက်မိ၏။

“ဒါက အမြှောက်ဆံမဟုတ်ဘူးလား။”

လေမျိုးနွယ်စုမှ သတ္တုကြောနှစ်ခုကို ရရှိခဲ့ပြီးနောက် ယမ်းမှုန့်ဖော်မြူလာအတွက် လိုအပ်သောပစ္စည်းအားလုံး စုစည်းမိသွားပြီးဖြစ်ကြောင်း သူသိထားခဲ့ပေသည်။

ယခုအခါ ယမ်းမှုန့်ထုတ်လုပ်နိုင်ပြီဖြစ်ရာ သဘာဝအတိုင်း အမြှောက်ဆံများကို စဉ်းစားမိမည်ဖြစ်ပေသည်။

ရှောင်းယီက ပြုံးကာ ခေါင်းခါပြလိုက်၏။

“ဒါက မီးဘောလုံးပဲ။ ရတနာမြေပုံကနေရခဲ့တဲ့ နမူနာပုံစံကွက်လေ။”

“အဲ့လောက်တောင်ကြီးတယ်လား။”

ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။ ယခင်ကမ္ဘာတွင် စာသင်ခဲ့ရစဉ်က သူသည် မီးဘောလုံးမှာ ဤကဲ့သို့ အလွန်ကြီးမားမည်မဟုတ်ဟု ထင်ခဲ့ဖူးသည်။

“ဒီမီးဘောလုံးပုံစံကွက်က သူ့ရဲ့အရွယ်အစားကို ကိုယ်တိုင်ဒီဇိုင်းဆွဲနိုင်တယ်။ အဲ့ဒါကြောင့် လောက်လွှဲနဲ့ ပစ်နိုင်တဲ့ ကျောက်တုံးအရွယ်အစားအတိုင်း ဒီဇိုင်းဆွဲခဲ့တယ်။ ပြီးရင် မီးဘောလုံးကို ပစ်လွှတ်ဖို့အတွက် လောက်လွှဲကို အသုံးပြုရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အံ့သြစရာမရှိတော့ပါဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒါဆို ဒီတစ်ခါတော့ တကယ်ပျော်စရာကောင်းတော့မှာပဲ။ မီးဘောလုံးတွေကိုကြည့်ရုံနဲ့တင် ဒီမီးရှူးမီးပန်းတွေက လှမယ်ဆိုတာ သိနိုင်တယ်။”

“အကုန်လုံးတင်လိုက်တော့။”

ရှောင်းယီက ပြောလိုက်သည်။

သုံးချက်ပစ်လောက်လွှဲစင်ကို လည်ပတ်ရန် ပြင်ဆင်နေသော ဒေသခံများသည် ချက်ချင်းပင် မီးဘောလုံးများကို ပစ်လွှတ်သည့်တောင်းထဲသို့ ထည့်လိုက်ကြ၏။

ပိုင်ချီသည် ထိုမီးဘောလုံးများကို ကြည့်ကာ မေးလိုက်သည်။

“ဒီဟာကို ပစ်ထုတ်လိုက်ရုံနဲ့တင် လုံလောက်ပါသယ့မလား။”

“စနက်တံကို မြင်လား။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ပစ်ထုတ်မယ့်အချိန်မတိုင်မီ စနက်တံကို မီးညှိရမယ်။”

“စနက်တံ လမ်းခုလတ်မှာ မီးငြိမ်းသွားတာ ဒါမှမဟုတ် ရန်သူသင်္ဘောကို ရောက်တဲ့အခါ စနက်တံက မကျွမ်းဘဲ ကျန်နေခဲ့တာမျိုးရော မဖြစ်နိုင်ဘူးလား။”

ပိုင်ချီက မေးလိုက်သည်။

“အာ....”

ကျန်းယွင်ထျန်း အမှန်တကယ် စိတ်ရှုပ်သွားခဲ့သည်။

ယခင်က သူသည် ပြောင်းရှည်သေနတ်များ၏ ဆင့်ကဲဖြစ်စဉ်သမိုင်းကို အတိုချုံးလေ့လာခဲ့သော်လည်း ဤအရာကို အသုံးပြုရာတွင် ကြုံတွေ့ရနိုင်သော ပြဿနာများကို နက်ရှိုင်းစွာ နားလည်ခြင်းမရှိခဲ့ပေ။

“စနက်တံက ယမ်းမှုန့်တဲ့ပြုလုပ်ထားတာ။ မီးငြိမ်းဖို့ မလွယ်ဘူး။ မင်းပြောတဲ့ နောက်ဆုံးပြဿနာအတွက်က‌တော့ အသုံးပြုတဲ့အခါမှာ လွတ်လွတ်လပ်လပ် ချိန်ညှိလို့ရတယ်။ ဥပမာ မပစ်ခင် ဒါမှမဟုတ် စပစ်လိုက်တဲ့အချိန်မျိုးမှာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။ ကျန်သူများလည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့စကားပြောနေစဉ်အတွင်း ဒေသခံသင်္ဘောသည် ကျွန်းအနီးသို့ ချဉ်းကပ်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျွန်းပေါ်တွင် သူတို့တစ်ခါမျှ မြင်ဖူးခဲ့ခြင်းမရှိသော အဆောက်အဦများစွာကို မြင်လိုက်ရသောအခါ သင်္ဘောကြီးပေါ်ရှိ ဒေသခံများ၏ မျက်လုံးများ လင်းလက်လာခဲ့ကြလေသည်။

မှော်ဆရာသည်းလည်း သင်္ဘောဦးပိုင်းတွင် ရပ်နေပြီး လရောင်အောက်မှ တန်းစီနေသည့် အဆောက်အဦများကို ကြည့်နေခဲ့၏။

“နတ်ဘုရားက ငါ့ကိုမလိမ်ဘူးအဲ။ ဒီအပြင်လူတွေမှာ အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာတွေရှိတယ်။ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါ့ဟာပဲ။”

ထိုစဉ် လောက်လွှဲစင်ဘေးတွင် ရပ်နေသည်ြ ကာကွယ်ရေးတပ်ဖွဲ့သည် ရန်သူများ၏ ကျူးကျော်တင်ရောက်လာမှုကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် သတင်းပို့လိုက်၏။

“ရန်သူတွေ ပစ်ခတ်ကွင်းထဲကို ဝင်ရောက်လာပါပြီ။ ကျောက်တုံးတွေနဲ့ ပစ်ခတ်ရတော့မလား။”

“သူတို့ သင်္ဘောတွေ မမြုပ်မချင်း မရပ်နဲ့။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်။”

ကာကွယ်ရေးတပ်ဖွဲ့က တုံ့ပြန်လိုက်သည်။

ကျွန်းကာကွယ်ရေးအတွက် ကျန်းယွင်ထျန်းသည် နေ့စဉ်လေ့ကျင့်ရေးအတွက် ရှောင်းယီထံမှ လောက်လွှဲစင်တစ်ခု တောင်းထားခဲ့လေသည်။

ယခုအခါ ဤကာကွယ်ရေးတပ်ဖွဲ့များသည် တစ်မီတာအကွာအဝေးအတွင်း ကျောက်တုံး၏ကျရောက်မှုနေရာကို ထိန်းချုပ်နိုင်ပေသည်။

“ဆွစ် ဆွစ် ဆွစ်”

အနက်ရောင်ဘောလုံးသည် လရောင်အောက်တွင် အေးစက်တောက်ပသည့်အလင်းရောင်များ ရောင်ပြန်ဟပ်နေပြီး နောက်မှနေ၍ မီးရှူးမီးပန်းများ လိုက်ပါနေသည်မှာ အမှန်တကယ် လှပနေခဲ့သည်။

မှန်ပေသည်။ ဤသည်မှာ ရှောင်းယီနှင့် အခြားသူများ၏ မျက်လုံးထဲတွင် လှပမှုသာဖြစ်ပေသည်။ ဒေသခံများ၏ မျက်လုံးထဲတွင်မူ မသိရသေးသောအရာများအတွက် ကြောက်ရွံ့မှုများသာရှိနေ၏။

ဤပပြင်လူများတွင် သေနတ်များ၊ လေးများ၊ ဒူးလေးများနှင့် အခြားလက်နက်များရှိပြီး အချို့တွင် ကျောက်တုံးများကိုပစ်လွှတ်နိုင်သည့်စက်များသာရှိကြောင်း ကြားဖူးထားခဲ့ခြင်းဖြစ်သည်။

သို့သော် မီးများပါသော လက်နက်များ ရှိသေးသည်ဟု မည်သူမျှ မပြောခဲ့ဖူးပေ။

သူတို့သည် လေးနှင့်မြားများကို ကာကွယ်သည့် နည်းလမ်းအတိုင်း ၎င်းတို့ပြုလုပ်ထားသော သစ်သားဒိုင်းများဖြင့်သာ ထိုဘောလုံးများကို တားဆီးနိုင်ခဲ့ပေသည်။

ဝုန်း ဝုန်း ဝုန်း

ပစ်လွှတ်လိုက်သော ဘောလုံးအချို့သည် ၎င်းတို့၏ဒိုင်းများကို ထိမှန်ကာ အချို့သည် သင်္ဘောပေါ်သို့ ကျပြီး အချို့သည် ရွက်ကို ထိမှန်သွားခဲ့ကြသည်။

မည်သို့ပင်ထိမှန်စေကာမူ ထိုဘောလုံးများသည် ချက်ချင်းပင် ပေါက်ကွဲသွားကြပြီး အတွင်းပိုင်းတွင် ထုပ်ပိုးထားသော ယမ်းမှုန့်များကို မီးစွဲလောင်ကာ ယမ်းမှုန့့်၏အပြင်ဘက်ရှိ ဆီစိမ်စက္ကူများမှာ မီးလောင်သွားတော့သည်။ နောက်ဆုံးတွင် အပြင်ဘက်ဆုံးလွှာရှိ အညိုရောင်နက်နက်ဖြစ်သော သစ်စေးသည် ဒိုင်းနှင့် သင်္ဘောအခန်းများ၊ ရွက်၏အပေါ်သို့ ကပ်နေခဲ့သည်။

“ဒီစနက်ကြိုးရဲ့တိုင်ပင်က ငါတို့ရဲ့ ပစ်လွှတ်မှုအတွက် အနေတော်ပဲ။”

ရှောင်းယီသည် မီးဘောလုံးများ အချိန်မီပေါက်ကွဲသွားမှုကို ကြည့်ရှုရင်း အပြုံးတစ်ဖြင့် ပြောလိုက်သည်။ ကျန်သည့်သူများသည်လည်း ခေါင်းညိတ်လိုက်ကြ၏။

တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဒေသခံရွက်သင်္ဘောလေးစီးလုံး မီးစွဲလောင်သွားခဲ့လေသည်။

ဒေသခံများသည် တဒင်္ဂအတွင်း တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ ဤနေရာရှိ အပြင်လူများသည် မီးဖြင့်တိုက်ခိုက်လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ပေ။

မီးကို အလျင်အမြန် စတင်ငြိမ်းသတ်ခဲ့ကြသော်လည်း နေရာတိုင်းတွင် မီးများ လောင်ကျွမ်းနေပြီး မီးသတ်ရန်ပင် အချိန်မရှိခဲ့ပေ။

ကမ်းစပ်မှ အနက်ရောင်ဘောလုံးများသည်လည်း အဆက်မပြတ် ပစ်ခတ်နေခြင်းဖြင့် ကမ်းခြေရှိ ကာကွယ်ရေးတပ်ဖွဲ့များသည် ရှောင်းယီ၏ အမိန့်ကို သစ္စာရှိစွာ လိုက်နာနေခဲ့ကြသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ချက်ချင်းပင် မီးဘောလုံးအသစ်များကို ထည့်ကာ ဆက်လက်ပစ်ခတ်ခဲ့ကြသည်။

“ပစ်...”

ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ခွဲမှူးတစ်ဦးက အော်ဟစ်လိုက်၏။

နောက်ထပ် အနက်ရောင်ဘောလုံးများ ကောင်းကင်ယံသို့ လွှတ်တင်လိုက်ပြီး ၎င်းတို့နောက်မှ မီးရှူးမီးပန်းများ လိုက်ပါသွယးကာ သင်္ဘောလေးစီးဆီသို့ ပျံသန်းသွားခဲ့ကြသည်။

“နောက်ဆုတ်...”

သင်္ဘောပေါ်ရှိ မှော်ဆရာက အော်ဟစ်လိုက်၏။

သင်္ဘောပေါ်ရှိ မီးများကို ငြိမ်းသတ်ရန်မှာ ခက်ခဲနေပြီး ကမ်းခြေမှ အနက်ရောင်ဘောလုံးများ ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် မီးများမှာ ပိုမိုမြင့်တက်လာခဲ့သည်။

ယခုအခါ သူတို့သည် လောက်လွှဲစင်၏ ပစ်ကွင်းအတွင်းမှ ထွက်ခွာသွားပါက သင်္ဘောပေါ်တွင် လောင်ကျွမ်းနေသောမီးများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြေ ရှိသေးပေသည်။

၎င်းသည် အကြံကောင်းတစ်ခုဖြစ်သော်လည်း အကောင်အထည်ဖော်ရန်မှာမူ အလွန်တရာခက်ခဲလှ၏။

ဒေသခံများ သင်္ဘောလှည့်နေသည့်အချိန်အတွင်း ကမ်းခြေမှ မီးဘောလုံးနှစ်ချီ ထပ်မံပစ်ခတ်ခဲ့သည်။

ယခုအခါ ၎င်းတို့သင်္ဘောပေါ်ရှိ မီးများသည် ကောင်းကင်ယံသို့ပင် မြင့်တက်နေပြီး ငြိမ်းသတ်ရန်မှာ မဖြစ်နိုင်တော့ပေ။

မီးသတ်ရန် အခွင့်အလမ်းမရှိတော့ကြောင်း မြင်လိုက်ရသောအခါ မှော်ဆရာသည် သူ၏သွားများကို ကြိတ်ခဲပြီး အမိန့်ပေးလိုက်၏။

“ကမ်းစပ်ကို ခုန်ဆင်းကြ။”

သို့သော် ယခုအခါ မီးသည် ပိုမိုကြီးထွားလာပြီး လူအများသည် သင်္ဘောခန်းမအတွင်း၌ လုံးဝနေထိုင်နိုင်ခြင်းမရှိတော့ပေ။ ဆိုလိုသည်မှာ စွမ်းအင်ခန်းမသည် ဆုံးရှုံးသွားပြီဖြစ်ပြီး ရွက်များလည်း လောင်ကျွမ်းသွားခဲ့သည်။

ဒေသခံသင်္ဘောသည် စွမ်းအင်များ လုံးဝဆုံးရှုံးသွားချိန်တွင်ပင်လျှင် ကမ်းခြေမှ မီးဘောလုံးများ ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်။

“မှော်ဆရာကြီး လှေပေါ်တက်ကြရအောင်ပါ။”

ဒေသခံတစ်ဦးက တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်၏။

မှော်ဆရာသည် အံကြိတ်ရင်း “ကောင်းပြီ” ဟုသာ ပြန်ပြောလိုက်ရသည်။

လမ်းညွှန်ကျောက်ကို ကိုင်ဆောင်ကာ မှော်ဆရာသည် ဒေသခံအနည်းငယ်နှင့်အတူ လှေငယ်တစ်စီးပေါ်သို့ ချက်ချင်းတက်ပြီး လှော်ခတ်ထွက်ခွာသွားခဲ့သည်။

သူတို့သည် မီးဘောလုံးများကြောင့် အလွန်တုန်လှုပ်ချောက်ချားနေပြီး ကမ်းစပ်သို့ ပြန်မသွားဝံ့ကြတော့ပေ။

“ကျွန်းပိုင်ရှင် တစ်ယောက်ယောက်တော့ ထွက်ပြေးချင်နေပြီ။”

ကျန်းယွင်ထျန်းက လှေငယ်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

“ထွက်ပြေးချင်တာလား။ မဖြစ်နိုင်ဘူး။ ချင်းလုံ သူတို့ကိုဆွဲထားလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

လှေသည် မီတာ ၂၀ အကွာအဝေးသို့ လှော်ခတ်ပြီးပြီးချင်းမှာပင် ချင်းလုံသည် ရေထဲမှ သူ၏ခေါင်းမြှောက်ကာ လှေပေါ်ရှိလူများကို အပေါ်စီးမှ ငုံ့ကြည့်လိုက်လေသည်။

“နဂါး...ဒါနဂါးပဲ။”

မှော်ဆရာသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီးနောက် လဲကျသွားတော့လေသည်။

ချင်းလုံသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး လှေငယ်ကို သူ၏အမြီးဖြင့် ကမ်းစပ်သို့ ရိုက်ထုတ်လိုက်လေသည်။

ကမ်းခြေတွင်ရှိနေသော ကာကွယ်ရေးတပ်ဖွဲ့များသည် ချက်ချင်းပင် လှေထဲရှိ လူအားလုံးကို ဖမ်းဆီးလိုက်လေသည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ မှော်ဆရာ သေဆုံးသွားပါပြီ။”

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှောင်းယီကို သတင်းပို့လာခဲ့သည်။

“ဟမ်”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ချင်းလုံက ခုနက ဘာမှမလုပ်ခဲ့ဘူးမဟုတ်ဘူးလား။”

ချင်းလုံနှင့် ဆက်သွယ်ပြောဆိုပြီးနောက် ရှောင်းယီသည် ရယ်စရာကောင်းသော ကောက်ချက်ချမှုတစ်ခုကို ချခဲ့ရပြီး ထိုအရာကြောင့် သူသည် ရယ်မလား၊ ငိုရမလားဆိုသည်ကိုပင် မသိတော့ပေ။

မှော်ဆရာသည် ချင်းလုံကို အကြောက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရပေသည်။

“ဒီလောက်သတ္တိလေးနဲ့ ဒီကိုလာပြီး အခြားသူတွေကို တိုက်ခိုက်ရဲသေးတယ်။”

ရှောင်းယီက ခေါင်းခါကာ ရေရွတ်လိုက်မိသည်။

“ဒီဒေသခံတွေကို အရင်ဖမ်းထားလိုက်။ လှေကိုတော့ မီးသတ်ဖို့ ကူညီပေးလိုက်ပါ။”

“ဟုတ်ကဲ့”

ကာကွယ်ရေးတပ်ဖွဲ့က တုံ့ပြန်လိုက်သည်။

“ကျွန်းပိုင်ရှင် ဒီမီးဘောလုံးက အရမ်းအသုံးဝင်တယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။

“အင်း အနည်းဆုံးတော့ ဒီအဆင့်မှာ အသုံးပြုရတာက အတော်လေးလွယ်ကူတယ်။ ဒုံးကျည်တွေနဲ့ လက်နက်တွေလည်း ရှိသေးတယ်။ ဒီမှာ လေ့ကျင့်ဖို့အတွက် မင်းစီစဉ်ပေးလို့ရတယ်။”

ဒူးလေးနှင့် ဒုံးကျည်နမူနာပုံစံကွက်များကို ရတနာနယ်မြေတွင် တွေ့ရှိခဲ့ရပြီး သေနတ်နမူနာပုံစံကွက်ကို လေမျိုးနွယ်စုထံမှ သိမ်းယူထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တွေ့ရှိခဲ့ရပေသည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

“သေနတ်တွေ ထွန်းလင်းတောက်ပဖို့ အအချိန်ရောက်ပြီ။”

အခန်း ၃၉၈

“ဒီအကျဉ်းသားတွေကို ဘယ်လိုလုပ်ရမလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

ရှောင်းယီ ခဏတာတွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။

“သူတို့အားလုံး အလုပ်သမားပြုပြင်ပြောင်းလဲမှုတစ်ခုလောက် လုပ်ကြတာပေါ့။ သူတို့ကို ခက်ခဲတဲ့အလုပ်တွေ လုပ်ခိုင်းမယ်။ လက်မြှောက်အညံ့ခံလိုက်ရုံနဲ့ဒေသခံတွေက ကိုယ့်လူဖြစ်သွားလို့မရဘူး။ သူတို့ကို တစ်လကြာအောင် အလုပ်ကြမ်းလုပ်စေပြီးမှ လွတ်လပ်ခွင့်ပြန်ပေးမယ်။”

“ကောင်းပြီ”

ကျန်းယွင်ထျန်းက တုံ့ပြန်ပြီး ကာကွယ်ရေးတပ်ဖွဲ့များအား အကျဉ်းသားများကို ခေါ်ဆောင်သွားရန် ပြောလိုက်သည်။

“ကဲ ဆက်ကြရအောင်...”

ရှောင်းယီက ပြောလိုက်သည်။

ဤအကြိမ်တွင် ဒေသခံများ၏ တိုက်ခိုက်မှုသည် သူတို့ကို ဘေးဒုက္ခမဖြစ်စေခဲ့ဘဲ လမ်းညွှန်ကျောက်တစ်ခုကိုပင် ပို့ပေးခဲ့ခြင်းဖြစ်လေသည်။

အနာဂတ်တွင် ဤဒေသခံတစ်သိုက်ဆီ သွားရမည်ဖြစ်ပြီး လမ်းညွှန်ကျောက်များ အားပြည့်သည်အထိ စောင့်ရမည်ဖြစ်သည်။

ရှောင်းယီ၏လက်ထဲတွင် စွမ်းအင်ပြွန်တစ်ခုရှိသေးသော်လည်း ၎င်းကို အရေးပေါ်အခြေအနေအတွက် သိမ်းဆည်းထားရမည်ဖြစ်သည်။

လူတိုင်း ည ၁၁ နာရီကျော်အထိ စားသောက်ပြီးမှ ပြန်သွားခဲ့ကြလေသည်။

နောက်တစ်နေ့တွင် ရှောင်းယီသည် နံနက် ၆ နာရီတွင် အိပ်ရာထပြီး ရေချိုးကာ လက်မှတ်ထိုးဝင်လိုက်၏။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ဉာဏ်ရည်တုဇီဝချစ်ပ်ထုတ်လုပ်ရေးစက် (SSS အဆင့်) ၁။”

“ဉာဏ်ရည်တုဇီဝချစ်ပ်ထုတ်လုပ်ရေးစက် (SSS အဆင့်)- နာနိုမီတာအဆင့် ဉာဏ်ရည်တုဇီဝချစ်ပ်များ ထုတ်လုပ်နိုင်သည်။ ဤချစ်ပ်တွင် ကိုယ်ရေးကိုယ်တာအသိအမှတ်ပြုမှု၊ ဖိုင်သိမ်းဆည်းမှု၊ ငွေကြေးလဲလှယ်မှုစသည့် လုပ်ဆောင်ချက်များစွာပါဝင်သည်။ ကတ်အဖြစ်ပြုလုပ်နိုင်သည် သို့မဟုတ် ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းနိုင်သည်။ လုံခြုံစိတ်ချရသည်။”

“ကောင်းတယ်။”

ရှောင်းယီသည် ကျွန်းပေါ်ရှိ ငွေကြေးစနစ်ကို တည်ဆောက်ရန် အန်းယွဲ့အား တောင်းဆိုထားပြီးဖြစ်သည်။ ဤအရာဖြင့်ဆိုလျှင် ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ဝေနိုင်ပြီဖြစ်သည်။

ချစ်ပ်ထုတ်လုပ်ရေးစက်ကို ထုတ်ယူကာ ဗီလာ၏တွတိုင်းထဲတွင် ထားလိုက်လေသည်။

လိုအပ်တဲ့ပစ္စည်းတွေကို တစ်ချက်လောက်ကြည့်လိုက်တာပေါ့။

ဆီလီကွန်၊ ကြေး...

“ကြည့်ပဲကြည့်ပြီး မသုံးနိုင်တဲ့ နောက်ထပ်စက်တစ်လုံးပဲ။”

ရှောင်းယီ မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုင်မိ၏။

လက်ရှိတွင် ထောက်ပံ့သေတ္တာထဲ၌ ဆီလီကွန်ကဲ့သို့သော အရာမျိုးမရှိသေးပေ။

“ဆီလီကွန်ကို သန့်စင်ဖို့ သတ္တုရိုင်း အရည်ကျိုစက်ကို သုံးနိုင်တယ်။ ကုန်ကြမ်းက နေရာတိုင်းတွင် တွေ့နိုင်တဲ့ ကျောက်တုံးတွေဖြစ်ပါတယ်။”

စနစ်၏အသိ‌ပေးချက်က အချိန်မီမြည်လာခဲ့သည်။

ရှောင်းယီသည် အနည်းငယ် အငိုက်မိသွားခဲ့ပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။ သူသည် ချစ်ပ်လုပ်ငန်းအကြောင်း သိပ်မသိသော်လည်း အခြေခံအချက်အလက်များကိုမူ သိ‌သေးပေသည်။

ချစ်ပ်ကို အဓိကအားဖြင့် အရည်အသွေးမြင့် ဆီလီကွန်ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ဆီလီကွန်ဒြပ်စင်ပါဝင်မှုမှာ အလွန်မြင့်မားကာ နေရာတိုင်းတွင် ရှိနေသော်လည်း သင့်တွင် သန့်စင်သည့်နည်းပညာ ရှိ မရှိပေါ်တွင် မူတည်ပေသည်။

သတ္တုရိုင်း အရည်ကျိုစက်သည် နည်းပညာဆိုင်ရာ ပြဿနာကို ဖြေရှင်းပေးနိုင်၏။

“လက်မှတ်ထိုးခြင်းကနေရတဲ့ ဆုလာဘ်တွေက တစ်ခုနဲ့တစ်ခု စပ်ဆက်မှုရှိနေတုန်းပါ။”

ရှောင်းယီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

သင်သည် လက်မှတ်ထိုးပြီး သတ္တုရိုင်း အရည်ကျိုစက်ကို မရရှိခဲ့ပါက ဤစက်ကို ကြည့်ရုံသာကြည့်နိုင်ပြီး အသုံးပြုနိုင်တော့မည်မဟုတ်ပေ။

ရှောင်းယီသည် ကုန်ကြမ်းပစ္စည်းများကို လုံလောက်စွာစုဆောင်းပြီးနောက် ချစ်ပ်အမျိုးအစားနှစ်မျိုးကို ပြုလုပ်ခဲ့သည်။ တစ်ခုမှာ ယခင်ကမ္ဘာရှိ ဘဏ်ကတ်ကဲ့သို့ ကတ်တစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထားသော ချစ်ပ်ဖြစ်သည်။

ချစ်ပ်ထုတ်လုပ်ရေးစက် ပြီးဆုံးသွားသောအခါတွင် ချက်ချင်းပင် ချိတ်ဆက်မှုနှင့် ခွင့်ပြုချက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပေသည်။ သာမန်လက်ဗွေရာနှင့် မျက်နှာအသိအမှတ်ပြုမှုများအပြင် DNA ချိတ်ဆက်မှုလည်း ရှိသေးသည်။ ၎င်းသည် သူ၏လက်ချောင်းပေါ်တွင် အလွန်သေးငယ်သော သတ္တုချောင်းတစ်ချောင်းဖြင့် ထိုးဖောက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ပြန်လည်ကောင်းမွန်သွားပြီး နောက်ဆုတ်သွားခဲ့သည်။

အထူးသတိပြုမိခြင်းမရှိပါက အထိုးခံလိုက်ရသည်ကိုပင် ခံစားရမည်မဟုတ်ပေ။

ချိတ်ဆက်မှုပြီးဆုံးသွားသောအခါ ရှောင်းယီသည် ကတ်ကိုယူပြီး စူးစမ်းလိုစိတ်ဖြင့် ဆော့ကစားလိုက်သည်။

ကတ်ပေါ်တွင် ချစ်ပ်တစ်ခုရှိ၏။ ရှောင်းယီသည် ချစ်ပ်ကို နှိပ်လိုက်သောအခါ ချစ်ပ်မှ ပုံရိပ်တစ်ခုကို ချက်ချင်းပဲ ထုတ်လွှင့်လိုက်သည်။ ထိုပုံတွင် သူ၏ကိုယ်ပိုင်ဓာတ်ပုံ၊ အမည်၊ အသက်၊ ရာထူးစသည့် အချက်အလက်များ ပါဝင်ပေသည်။

“သိပ္ပံစိတ်ကူးယဉ်ဆန်လိုက်တာကွာ။”

ရှောင်းယီက အံ့ဩဘနန်းဖြစ်နေခဲ့သည်။

“ဒီဟာကို ဘယ်လိုလဲလှယ်ရမလဲ။”

“အခြားသူများနှင့် ကုန်သွယ်ရန် လိုအပ်သောအခါ ထုတ်လွှင့်ထားသော ဈေးကွက်အင်တာဖေ့စ်ပေါ်တွင် ပြုလုပ်ပါ။”

ရှောင်းယီသည် ထုတ်လွှင့်မှုတွင် ဈေးကွက်ကိုသာ ရွေးချယ်စရာသာရှိကြောင်း မြင်လိုက်ရပြီးနောက် အနည်းငယ်စဉ်းစားကာ ထပ်မေးလိုက်၏။

“ခုနကပေါ်လာတဲ့အချက်အလက်က အတော်လေး လုံခြုံဖြစ်တယ်။ ကတ်ကိုသုံးတိုင်း ဒီလိုပေါ်လာမှာလား။ ဒီလိုသာပေါ်လာရင် အခြားသူတွေကြား မသိသွားနိုင်ဘူးလား။”

“သင်က အခြားသူတွေ မမြင်နိုင်အောင် သတ်မှတ်နိုင်တယ်။”

“ဒါကမှ ပိုအဆင်ပြေသေးတယ်။ အစကတည်းက အခြားသူတွေ မမြင်နိုင်အောင် သတ်မှတ်ထားလိုက်ရုံပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ သင့်သဘောပါပဲ။”

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“အခြားလူတွေရဲ့အချက်အလက်ကို သိချင်ရင်ကော။”

“ထိပ်တန်း စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ သင်က လူတိုင်းရဲ့ အချက်အလက်အားလုံးကို ကြိုက်သလောက် ကြည့်ရှုနိုင်ပါတယ်။”

“မဆိုးပါဘူး။”

ရှောင်းယီက ပျော်ရွှင်စွာ ပြောလိုက်၏။

ခွင့်ပြုချက်တွေက တကယ်မိုက်တယ်။

ထိုစဉ် အန်းရန်သည် မီးဖိုခန်းမှထွက်လာခဲ့ပြီး ခြံထဲရှိစက်ကိုမြင်သောအခါ မေးလိုက်သည်။

“ဒီစက်က ဘာစက်လဲ။”

“ချစ်ပ်စက်၊ မင်းလည်း တစ်ခုလောက် ချိတ်ဆက်ထားလို့ရတယ်။ အဆင်ပြေသွားအောင် လက်ကောက်ဝတ်မှာ ထည့်ဖို့ ရွေးချယ်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

အန်းရန်သည် ခေါင်းညိတ်ပြကာ ရှောင်းယီ၏ညွှန်ကြားချက်အတိုင်း ချစ်ပ်ထုတ်လုပ်ရေးစက်ပေါ်တွင် ဇီဝချစ်ပ်တစ်ခုကို ဖန်တီးပြီး ချိတ်ဆက်ခဲ့သည်။

“လာ လဲလှယ်ကြည့်ကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီသည် ငွေကြေးလဲလှယ်ရေး အင်တာဖေ့စ်ကို ဖွင့်လိုက်သည်။ ယင်းတွင် ရွေးချယ်စရာသုံးခုရှိ၏။

တွေ့ဆုံဆွေးနွေးခြင်း၊ မိတ်ဆွေများနှင့် ငွေကြေးလဲလှယ်ခြင်း၊ နှင့် ခွင့်ပြုချက်ကုဒ်ဖြင့် ငွေကြေးလဲလှယ်ခြင်း။

တွေ့ဆုံဆွေးနွေးခြင်းဆိုသည်မှာ သဘာဝအတိုင်း နှစ်ဦးနှစ်ဖက် အတူတကွရှိနေခြင်းကို ဆိုလိုပေသည်။ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး သိရှိကြခြင်းမရှိပေ။

မိတ်ဆွေများနှင့် ကုန်သွယ်ခြင်းတွင် မိတ်ဆွေ၏အမည်ကို ထည့်သွင်းရုံဖြင့် ကုန်သွယ်နိုင်သည်။

ခွင့်ပြုချက်ကုဒ်ဖြင့် ငွေကြေးလဲလှယ်ရန်အတွက် ခွင့်ပြုချက်ကုဒ်ကို ထည့်သွင်းရန်သာလိုအပ်ပြီး နှစ်ဦးစလုံးသဘောတူပါက ငွေကြေးလဲလှယ်မှုကို ဆောင်ရွက်နိုင်ပါသည်။

ရှောင်းယီနှင့် အန်းရန်တို့သည် အခြေအနေသုံးမျိုးလုံးတွင် စမ်းသပ်ကြည့်ရှုခဲ့ကြ၏။ ၎င်းသည် အလွန်အဆင်ပြေပြီး အသံထိန်းချုပ်မှုဖြင့်ပင် လုပ်ဆောင်နိုင်ပေသည်။

သတိပြုရမည့်အချက်မှာ ဤနေရာရှိ ငွေကြေးလဲလှယ်မှုအားလုံးသည် ယူဆချက်အရ ငွေကြေးလဲလှယ်မှုများဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာငွေကြေးလဲလှယ်မှုများကို ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

ဤချစ်ပ်၏လုပ်ဆောင်ချက်ကို အပြည့်အဝနားလည်သွားပြီးနောက် ရှောင်းယီသည် အန်းယွဲ့အား ခေါ်ယူခဲ့လေသည်။

ရှောင်းယီ၏မိတ်ဆက်ကို နားထောင်ပြီးနောက် အန်းယွဲ့လည်း စိတ်လှုပ်ရှားသွားခဲ့သည်။ ဤအရာဖြင့်ဆိုလျှင် လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရာ၌ ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

ဤချစ်ပ်သည် မှတ်ပုံတင်ကတ်ပြားတစ်ခုနှင့် ညီမျှပြီး ငွေကြေးလဲလှယ်မှုလုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်ပေသည်။

“ကျွန်းပေါ်မှာရှိတဲ့လူတိုင်း ချစ်ပ်ချိတ်ဆက်ထားရမယ်။ ချစ်ပ်ထည့်သွင်းခြင်းကို လက်ကောက်ဝတ်ထဲကိုထည့်ဖို့ ရွေးချယ်ရမယ်။ ရုပ်ပိုင်းဆိုင်ရာကတ်တွေ အသုံးပြုခြင်းကို တားမြစ်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

အန်းယွဲ့က တုံ့ပြန်လိုက်သည်။

“သူတို့ကို မခေါ်ခင် လယ်သမားနဲ့ အခြားသူတွေကို အရင်ချိတ်ဆက်ခိုင်းလိုက်ပါ။”

ရှောင်းယီက နောက်ဆုံးညွှန်ကြားချက်ပေးလိုက်သည်။

“နားလည်ပါပြီ။”

အန်းယွဲ့က တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လျှောက်သွားလိုက်၏။ သူပြန်ရောက်လာသောအခါ စွန်းကုထောင်မှ သူ့ဆီသို့ မက်ဆေ့ပို့ထားကြောင်း တွေ့လိုက်ရလေသည်။

“ကျွန်းပိုင်ရှင် ကျုပ် ဟွားမင်မျိုးနွယ်စုရဲ့ တိုက်ခိုက်မှုကို အနိုင်ရခဲ့ပြီး သူတို့ရဲ့ လမ်းညွှန်ကျောက်ကို ရခဲ့တယ်။”

စွန်းကုထောင်က ပြောလိုက်သည်။

ထိုစာကိုမြင်သောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။

“သူတို့ရဲ့မှော်ဆရာက ကိုယ်တိုင်မလာခဲ့ဘူးလား။”

“မဟုတ်ဘူး။”

စွန်းကုထောင်က ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။

“အကျဉ်းသားတွေကို စစ်ကြောပြီးတော့ မှော်ဆရာက သူ့အသက်ကို အရမ်းတန်ဖိုးထားတယ်။ သူက ကျွန်းအပြင်ကို လှေနဲ့ ဘယ်တော့မှ မလိုက်ဘူး။ ဒါပေမယ့် သူ့လူတွေကို ကျုပ်ကိုလာတိုက်ဖို့ အကြိမ်ကြိမ်တောင်းဆိုနေတယ်ဆိုတာတော့ သိခဲ့ရတယ်။”

“အင်း မင်း မှော်ဆရာတစ်ယောက် လှုပ်ရှားလာတာကို တွေ့ရင် ပိုပြီးသတိထားရမယ်။ မှော်ဆရာတွေမှာ အထူးကျွမ်းကျင်မှုတွေရှိတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“နားလည်ပါပြီ”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

“ဒီမှာ ဒေသခံတစ်သုတ်ကို ထပ်ဖမ်းမိတယ်။ ကျုပ်ကျွန်းပေါ်မှာ ဆက်မထားနိုင်တော့ဘူး။ သူတို့ကို သတ်ပစ်လိုက်သင့်လား။”

“မင်းအဲ့ဒါကကို စီမံခန့်ခွဲနိုင်တယ်ဆိုရင် အရမ်းမကြမ်းပါနဲ့။ သူတို့ကို ငါတို့အတွက် အလုပ်လုပ်ခိုင်းလိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မစီမံနိုင်ဘူးဆိုရင်တော့ သတ်ပစ်လိုက်။”

“ဟုတ်ကဲ့၊ နားလည်ပါပြီ။”

စွန်းကုထောင်က တုံ့ပြန်လိုက်သည်။

စွန်းကုထောင်နှင့် စကားပြောပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုဘက်သို့ ပြောင်းလိုက်သည်။

“ရွှမ်းယွမ်လိပ်က လူအတော်များများကို ခေါ်ယူပြီး သူ့ကိုကူညီဖို့ ကြေညာတယ်လို့ ငါကြားမိတယ်။”

“ကျစ်ကျစ်...သူက ငါ့ကိုဆင့်ခေါ်နေတာပဲ။ ဒါပေမယ့် ငါမသွားဘူး။”

“မင်းပြန်သွားသင့်တယ်။ သူက များပြားလှတဲ့ အကျိုးအမြတ်တွေကို ကတိပေးထားပုံရတယ်။”

“အဲ့ဒီရွှမ်းယွမ်လိပ်လည်း ကြောက်စိတ်မွှန်နေပြီထင်တယ်။ အသက်ရှင်ဖို့အတွက် နောက်ဆုံးတော့ ငွေတွေအမြားကြီး ညှစ်ထုတ်လိုက်ပြီပဲ။”

“မင်းတို့ အရမ်းအားနေကြတာလား။ ပင်လယ်ရေသတ္တဝါတွေက မင်းကို မနှောင့်ယှက်တော့ဘူးလား။ ဒါမှမဟုတ် ဒေသခံတွေက မင်းနဲ့သဘောတူညီမှု ယူပြီးပြီလား။ ကိုယ့်ကျွန်းဖွံ့ဖြိုးတိုးတက်မှုကို ဘာလို့ဂရုမစိုက်တာလဲ။ လိပ်တစ်ကောင်ကို ဂရုစိုက်နေကြတယ်။”

“လူတိုင်းက ဝူဝေ့သေရမှာကို မျှော်လင့်နေကြတာမဟုတ်ဘူးလား။ ဒါကြောင့်ပဲ သူ့အကြောင်းပြောကြတာပေါ့။”

“သူ့အကြောင်း ထပ်မပြောတော့ဘူး။ ရာသီဥတုက ပိုပိုပူလာပြီ။ ဒုတိယအပတ်လိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ ဖြစ်လာရင်တော့ တကယ်သေပြီပဲ။”

အခန်း ၃၉၉

“လက်ရှိအပူချိန်မြင့်တက်မှုက သိပ်မများလှပါဘူး။ ဒုတိယအပတ်လောက်တော့ ပူမှာမဟုတ်လောက်ဘူး။”

“ကျွန်းပေါ်က သစ်ပင်တွေ ထပ်မံပြန်လည်မွမ်းမံရင် ပိုပိုပြီး သေးသွားမလားလို့ မင်းပြောခဲ့တယ်မဟုတ်လား။”

“ဖြစ်နိုင်တယ်လို့တော့ ငါခံစားရတယ်။ ဒါပေမယ့် ငါ့ကျွန်းက ၁၀၀ စတုရန်းမီတာကျော်ပဲ ရှိတာ။ သစ်ပင်ဘယ်နှစ်ပင် ပြန်မွမ်းမံမွမ်းမံ အကန့်အသတ်ရှိမှာပဲ။”

“ဟုတ်တယ်။ ငါတော့ ဒီနေ့ ထောက်ပံ့သေတ္တာထဲကနေ လေအေးပေးစက်ရပါစေလို့ ဆုတောင်းနေပြီ။”

“အဲ့ဒါကိုရရင်ရော ဘာအကျိုးရှိလို့လဲ။ မင်းမှာ မီးရှိလို့လား။”

“ငါ့မှာမီးမရှိဘူးလို့ မင်းကိုဘယ်သူပြောလဲ။ ဒါဘာလဲဆိုတာ ငါမင်းကိုပြမယ်။ [လေရဟတ်] (B အဆင့်) ၁။”

“ဝူး...သူဌေးကြီး။ မင်းဘယ်တုန်းက ရခဲ့တာလဲ။”

“လွန်ခဲ့တဲ့နှစ်ရက်က လုပ်ခဲ့တာ။ အခု လေအေးပေးစက် လိုအပ်နေပြီ။”

“ဟေ့ ညီအစ်ကို...။ မီးအားပေးစက်ရောင်းမလား။ အုတ်မြစ်ကျောက်တစ်ရာပေးမယ်။”

“အပေါ်ကလူ မင်းဘာတွေတွေးနေတာလဲ။ ခေါင်းကို မြည်းအကန်မခံထားရသရွေ့ မင်းဟာကို ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ဘူး။”

“မှန်တယ်။ လျှပ်စစ်မီးလိုအရေးကြီးတဲ့အရာကို ဘယ်လိုလုပ်ပြီး ရောင်းနိုင်မှာလဲ။”

“သူ့ခေါင်းကို မြည်းကန်ခံထားရတာဆိုရင်ကော...။”

“မင်းခေါင်းကိုပဲ မြည်းကန်ခံရတာ။ မင်းတို့မိသားစုတစ်ခုလုံး မြည်းကန်ခံရတာကွ။ ဒီဟာကို ငါ့ဟာငါသုံးဖို့ သိမ်းထားမှာကွ။”

ရှောင်းယီသည် B အဆင့် မီးအားပေးစက်ကို မြင်လိုက်ရသောအခါ စိတ်ဝင်စားသော်လည်း တစ်ဖက်လူက မရောင်းချင်ကြောင်း မြင်လိုက်ရသောကြောင့် သူဘာမှမလုပ်နိုင်တော့ပေ။

သူ့၏ စူပါဘက်ထရီတွင် လျှပ်စစ်ဓာတ်အားများ အများကြီးကျန်နေသေးသော်လည်း အခုအခါ နည်းနည်းချင်း သုံးနေခြင်းဖြစ်သောကြောင့် နောက်ပိုင်းကုန်သွားခဲ့လျှင် မည်သို့လုပ်ရမည်ကို သူအမြဲတွေးနေခဲ့ရပေသည်။

“ဘယ်သူ့ခေါင်းကို မြည်းကန်ခံရတာလဲ။ ငါ့မှာ ဒဏ်ရာအတွက် ဆေးရှိတယ်။ ဈေးချိုချိုနဲ့ရောင်းမယ်။ တစ်စုံကို အုတ်မြစ်ကျောက်တစ်တုံး။”

ဆေးရောင်းသူက ရုတ်တရက်ဂရုထဲတွင် ပြောလိုက်သည်။

“ဒီမှာ ဆေးအတုတွေ ဘာလို့လာရောင်းနေပြန်တာလဲ။”

“ငါက တရားဝင် တရုတ်ရိုးရာဆေးဝါးမိသားစုက လာတာပဲ။ မင်းမယုံရင် ငါ့ဆီက လျိုဝေ့တိဟွမ်းဆေးပြား ဝယ်ထားတဲ့သူတွေကို မေးကြည့်လိုက်။”

ဆေးရောင်းသူက ပြန်ပြောသည်။

“အဟမ်း သူ့ဆေးက တကယ်အကျိုးရှိတယ်လို့ ငါပြောရမယ်။”

တစ်စုံတစ်ယောက်က ရှင်းပြရန် ပေါ်လာခဲ့သည်။

“အဲ့ဒါက အစကတည်းက နာမည်ရပြီးသားပဲ။ အစစ်ထင်တယ်။ မင်းက ဆေးအတုတွေရောင်းနေတာပဲ။ မင်းပြောတဲ့ ဒဏ်ရာအတွက် ဆေးတွေကရော အစစ်ပဲလား။”

“ငါဘယ်တုန်းက လူတွေကိုလိမ်ညာခဲ့ဖူးလို့လဲ။”

ဆေးရောင်းသူက ပြန်ဖြေလိုက်သည်။

“[ခွေးအရေပြား ပလာစတာ] ၁။”

“တကယ်ကို ခွေးအရေပြားပလာစတာပဲ။ နာမည်ကတော့ တရားဝင်ဆေးနဲ့မတူဘူး။”

“ဆေးက တရားဝင်ဖြစ်ချင်မှဖြစ်မယ်။ အလုပ်ဖြစ်ရင်ပြီးတာပဲ။”

“အသုံးဝင်မဝင်ဆိုတာ သုံးကြည့်ရင်သိမှာပေါ့။ မင်းလိုတာက အုတ်မြစ်ကျောက်တစ်တုံးတည်းပဲ။ အုတ်မြစ်ကျောက်တစ်တုံးနဲ့ဝယ်ရင် ဆုံးရှုံးတယ်လို့ မခံစားရစေပါဘူး။ ဒါပေမယ့် မင်းရဲ့လုံခြုံရေးကို ထိမ်းသိမ်းပေးနိုင်တယ်။ လာပါ။ တစ်ခုလောက်ယူလိုက်ပါ။”

ဆေးရောင်းသူက ပြောလိုက်သည်။

“ဒီဆေးရောင်းသူက အတုလို့ ငါအမြဲခံစားရတယ်။ တရားဝင်တရုတ်ရိုးရာဆေးကျွမ်းကျင်သူဘယ်သူက ဒီလိုအော်မှာလဲ။ကျန်းနန်လယ်သာစက်ရုံရဲ့ သူဌေးထက်တောင် ကျယ်သေးတယ်။”

“အခုခေတ်မှာ ဝိုင်အနံ့ကလည်း လမ်းကြောင်းနက်သွားမှာကို ကြောက်တာပဲ။ မဟစ်ဘဲနဲ့ ကုန်ပစ္စည်းဘယ်လိုရောင်းမလဲ။”

ဆေးရောင်းသူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

မကြာမီ တိလင်းထျန်းရှားနှင့် ရွှမ်းယွမ်ဝူဝေ့တို့သည်လည်း ဆေးရောင်းသူမှ ဒဏ်ရာများကို ကုသနိုင်သည့်ဆေးမျိုးကို ရောင်းချနေကြောင်း သိရှိခဲ့လေသည်။

တိလင်းထျန်းရှားသည် ချက်ချင်းပင် ပထမဦးဆုံး တစ်စုံဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး တစ်စုံတစ်ဦး ဒဏ်ရာရရှိခဲ့ပါက ၎င်းကို စမ်းသပ်ကြည့်မည်ဖြစ်သည်။

ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် သူ၏လူတစ်ဦးအား ခေါ်ယူကာ ဓားမြှောင်ဖြင့် ထိုလူ၏လက်မောင်းကို လွှီးလိုက်ပြီး ခွေးအရေပြားအလာစတာတစ်ခုဝယ်ယူကာ ကပ်လိုက်သည်။

တစ်နာရီကြာပြီးနောက် ရွှမ်းယွမ်ဝူဝေ့သည် ထိုလူ့လက်၏ ဒဏ်ရာရသည့်နေရာကို ဆုတ်ဖြဲကြည့်လိုက်၏။ ဒဏ်ရာသည် အခြေခံအားဖြင့် ပျောက်ကင်းသွားကြောင်း တွေ့ရှိခဲ့ပေသည်။

“ဒီခွေးအရေပြားပလာစတာက တကယ်အသုံးဝင်တယ်။ အခုချက်ချင်း ဝယ်လိုက်။”

ရွှမ်းယွမ်ဝူဝေ့က အမိန့်ပေးလိုက်သည်။

ထို့နောက် ယီထျန်းဂရုအတွင်း ပုန်းအောင်းနေသော ရွှမ်းယွမ်ဝူဝေ့၏လူများသည် ဆေးရောင်းသူထံမှ ခွေးအရေပြားပလာစတာများကို အရူးအမူးဝယ်ယူကြတော့လေသည်။

မကြာမီမှာပင် ဆေးရောင်းသူပြုလုပ်ထားသော ခွေးအရေပြားပလာစတာ အစုံငါးဆယ်လုံး အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပေသည်။

“တစ်စုံတစ်ယောက်က ကုန်ပစ္စည်းတွေကို သိသေးပုံပဲ။ ခွေးအရေပြားပလာစတာတွေအားလုံး ရောင်းကုန်သွားပါပြီ။ နောက်လာမယ့်တစ်သုတ်ကို စောင့်မျှော်ပေးကြပါဦး။”

ဆေးရောင်းသူက ဂရုထဲတွင် ပြောလိုက်၏။

“ဘာ အားလုံးရောင်းကုန်သွားပြီလား။ မင်း တစ်ခုတည်းလုပ်ခဲ့တာလား။”

“ငါက တစ်ခုတည်းလုပ်ပြီး ငါဒီမှာလာလိမ်နေတာပါ။ ငါက အတုဆေးရောင်းနေတာပါ။”

“နတ်ဘုရားကပဲ တစ်ခုတည်းပြုလုပ်ခဲ့တာကွ။”

ဆေးရောင်းသူက ပြောလိုက်သည်။

“ငါ အစုံငါးဆယ်လုပ်ခဲ့တာပါ ဟုတ်ပြီလား။”

ထိုပြောပြီးနောက် မကြာသေးမီ သူသည် သူ၏ငွေကြေးလဲလှယ်မှု၏စခရင်ရှော့ကို ဂရုထဲသို့ တင်ပေးလိုက်၏။

“တကယ်ကို ငါးဆယ်ရှိတာပဲ။ ဘယ်အင်အားစုက ဒီလောက်ချမ်းသာပြီး အားကောင်းတာလဲ။ သူတို့က တစ်ခါတည်းနဲ့ အကုန်စားသွားနိုင်တယ်။”

“ရွှမ်းယွမ်လိပ်တော့ မဖြစ်နိုင်ဘူးမို့လား။ သူတို့က မကြာခင်မှာ ကြီးမားတဲ့တိုက်ပွဲဝင်ဖို့ရှိတယ်မဟုတ်လား။”

“သေစမ်း မင်းပြောမှာပဲ အဲ့ဒါက သူပဲလို့ ငါထင်မိတယ်။”

“ဆေးအတုရောင်းတဲ့သူရေ ရန်သူကဆိုတာ မင်းသိလား။”

ဆေးရောင်းသူသည် ခဏတာအငိုက်မိသွားပြီးနောက် “မသိဘူး” ဟု ပြန်ဖြေလိုက်သည်။

“ဒါက လူတိုင်းရဲ့ မှန်းဆချက်ပါပဲ။ ဆေးရောင်းသူက တစ်ဖက်လူဘယ်သူလဲဆိုတာ မသိဘူးလေ။ မသိသူတဲ့က အပြစ်မရှိဘူး။”

“ကျေးဇူးတင်ပါတယ် သူဌေးရာ။ ရွှမ်းယွမ်ဆိုတာသာ ကျုပ်သိရင် သူ့ကိုဘယ်တော့မှ မရောင်းပါဘူး။”

ဆေးရောင်းသူက ပြောလိုက်သည်။

“ကျုပ်က အမြတ်အစွန်းကိုပဲ စိတ်ဝင်စားတယ်ဆိုပေမယ့် ဘယ်ကျောက်တုံးတွေက ရသင့်တယ်၊ ဘယ်ကျောက်တုံးတွေမရသင့်ဘူးဆိုတာတော့ သိပါသေးတယ်။”

“မှန်တယ်။ ဒီဆေးရောင်းအတုသူက လေပေါတယ်ဆိုပေမယ့် သူက ယုံကြည်ရတဲ့သူတစ်ဦးပဲ။ အနည်းဆုံးတော့ လိပ်ထက် အများကြီးပိုပြီးယုံကြည်လို့ရတယ်။”

“ဟုတ်တယ်။ အခုလက်ရှိအခြေအနေက ဘာလဲဆိုတာ ငါတို့မသိဘူး။ မင်းရဲ့စိတ်ကူးနဲ့ အခြားသူတွေကို အပြစ်တင်လို့မရဘူး။”

ရှောင်းယီသည် ဂရုထဲရှိ စကားပြောဆိုမှုကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

“မင်းက ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့ပုံပဲ။”

“ဒီဒီ...မစ္စတာချူက ဗီဒီယိုခေါ်ဆိုမှုတောင်းဆိုထားပါသည်။”

ရှောင်းယီသည် ချက်ချင်းပင် ခေါ်ဆိုမှုကို ဖြေကြားပြီး မေးလိုက်၏။

“ဘာဖြစ်သွားတာလဲ။”

“ကျွန်းပိုင်ရှင် ကျုပ်တို့ ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့တယ်။”

ချူရှန်းက အလျင်အမြန်ပြောလိုက်သည်။

“ပင်လယ်ဓားပြလား...။”

ရှောင်းယီ ကြက်သေသေသွားခဲ့သည်။

“မင်းက လမ်းကြောင်းပေါ်မှာပဲ ရှိသင့်တာမဟုတ်ဘူးလား။”

“ဟုတ်တယ်။ ကျုပ်တို့ လမ်းကြောင်းပေါ်ရောက်နေပါပြီ။ ဒါပေမယ့် ဒီပင်လယ်ဓားပြတွေက ရုတ်တရက်ပေါ်လာပြီး ကျွန်တော်တို့နောက်ကို လိုက်နေတယ်။ ကျွန်တော်တို့ သင်္ဘောက အကြီးစားဖြစ်နေလို့ ကံကောင်းတယ်။ သူတို့က အလတ်စားသင်္ဘောလေးပဲ။ ကျုပ်တို့ကို မမီနိုင်ဘူး။”

ချူရှန်းက ပြောလိုက်သည်။

“ရုတ်တရက်ပေါ်လာတာလား။ ဒါဆို ပင်လယ်ဓားပြတွေဆိုတာ မင်းဘယ်လိုသိခဲ့တာလဲ။”

ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကျုပ်တို့ကို သတိပေးခဲ့တယ်။ ပင်လယ်ဓားပြတွေရဲ့ ပစ်မှတ်ထားခံနေရတယ်လို့။”

ချူရှန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီ မျက်မှောင်ကြုံ့ပြီး လေးလေးနက်နက် တွေးတောကာ ပြောလိုက်၏။

“မင်း သူတို့ကို လောက်လွှဲနဲ့တိုက်ခိုက်ပြီး ဖျက်စီးလိုက်။ အကွာအဝေးတစ်ခုတော့ ထားထား။”

“ဒီပင်လယ်ဓားပြရဲ့အဆင့်က ဘယ်လိုမျိုးလဲမသိဘူး။”

ချူရှန်းက အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“မီးဘောလုံးတွေနဲ့ဆိုရင် သူတို့ကို ဖမ်းယူရတာက မခက်ခဲသင့်ဘူး။”

ရှောင်းယီက ပြန်ဖြေပြီး မီးဘောလုံးအသုံးပြုပုံကို ချူရှန်းအား ရှင်းပြလိုက်သည်။

“ကောင်းတယ်။ ဒါနဲ့သာတိုက်လိုက်မယ်ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ်။”

ချူရှန်းက ပြောလိုက်သည်။

“အင်း ဘေးကင်းရေးကို ဂရုစိုက်ပါ။”

ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီးနောက် လောက်လွှဲစင်နှင့် မီးဘောလုံးကို လဲလှယ်ပေးလိုက်သည်။

ချူရှန်းသည် ထိုအရာများကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် ထိုအရာများကို သင်္ဘောကုန်းပတ်ပေါ်တွင် နေရာချကာ ထွက်သွားခဲ့သည်။

“ကျွန်းပိုင်ရှင်က ဒီပင်လယ်ဓားပြသင်္ဘောကို ဖျက်စီးဖို့ အမိန့်ပေးလိုက်တယ်။”

ချူရှန်းက ပြောလိုက်သည်။ ချူဖုန်းက မျက်မှောင်ကြုံ့လိုက်၏။

“ငါတို့ သူ့ကို အနိုင်ယူနိုင်ပါ့မလား။”

“ဒီဟာရှိတယ်။”

ချူရှန်းက မီးဘောလုံးကို ညွှန်ပြရင်း ပြောလိုက်သည်။

ချူရှန်း ရှင်းပြပြီးနောက် လူတိုင်းသည် နောက်ဆုံးတွင် နားလည်သွားခဲ့ကြလေသည်။ သူတို့၏ စိတ်ဓာတ်များသည်လည်း ပြန်မြှင့်တက်လာကာ သူတို့နောက်မှ ပင်လယ်ဓားပြသင်္ဘောဆီသို့ လောင်လွှဲများဖြင့် ပစ်လွှတ်လိုက်ကြတော့သည်။

“မနေ့ညက ငါတို့ရဲ့ကျွန်းပိုင်ရှင်က ဒီဟာနဲ့ ဒေသခံသင်္ဘောလေးစီးကို အနိုင်ယူခဲ့တယ်လို့ ငါကြားခဲ့တယ်။”

ချူရှန်းက ပြောလိုက်သည်။

“ဒီမီးဘောလုံးရဲ့စွမ်းအားကို ငါတို့လည်း စမ်းကြည့်ကြရအောင်။”

မီးခြစ်ဆံကိုမီးထွန်းပြီး ဒိုင်းကိုပစ်လိုက်သည်။

ဝှစ်ရှ် ဝှစ်ရှ်

မီးဘောလုံးသည် မီးပွားများနှင့်အတူ ပင်လယ်ဓားပြသင်္ဘောဆီသို့ ပျံသန်းသွားခဲ့သည်။

ပင်လယ်ဓားပြများသည် ထိုမီးဘောလုံးများကိုမြင်သောအခါ လှံများကိုကိုင်ဆောင်ပြီး အော်ဟစ်ကြတော့သည်။

ချူရှန်းသည် ၎င်းတို့၏ဘာသာစကားကို နားမလည်နိုင်သော်လည်း ထူးဆန်းသည်မှာ ပင်လယ်ဓားပြတို့သည် ဤအမည်မသိလက်နက်ကို လုံးဝကြောက်ရွံ့နေပုံမရေပေ။

All Chapters