အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း ၄၀၃
လှေပေါ်ရှိ ဒေသခံများကိုယ်တိုင်က ကျောက်တုံးများနှင့် ဒူးလေးများ၏ တိုက်ခိုက်မှုများကို မမျှော်လင့်ထားခဲ့ပေ။ ဘေးနှစ်ဖက်စလုံးမှ သင်္ဘောများ ရုတ်တရက်ထွင်ပေါ်လာခြင်းက သူတို့ကို ပို၍ပင် ထိတ်လန့်စေခဲ့သည်။
“မကြောက်ကြနဲ့”
အကြီးစားရွက်သင်္ဘောကြီးပေါ်ရှိ မှော်ဆရာက အော်ဟစ်လိုက်သည်။
“သင်္ဘောတွေများပေမယ့် လူဦးရေက သိပ်မများလှဘူး။ အဲ့ဒါကြောင့် ငါတို့မှာ အာသာချက်ရှိနေတုန်းပါ။”
မှော်ဆရာ၏ သတိပေးချက်အပြီးတွင် သင်္ဘောပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် ဘေးနှစ်ဖက်မှ ထွက်ပေါ်လာသော သင်္ဘောများ၏ ကုန်းပတ်ပေါ်တွင် လူနှစ်ယောက်သာရှိပြီး အချို့သင်္ဘောများတွင် တစ်ယောက်သာရှိကြောင်း တွေ့ရှိခဲ့ကြသည်။
ယခုတွင် သူတို့သည် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ လူတစ်ယောက်တည်းရှိခြင်းမှာ သူတို့အတွက် လှေကိုပေးပို့ရန် ဤနေရာသို့ ရောက်ရှိလာခြင်းသာ ဖြစ်ပေသည်။
ဤအတွေးဖြင့် ဒေသခံများသည် ဘေးနှစ်ဖက်စလုံးမှ စတင်တိုက်ခိုက်ကြတော့သည်။
ရွှမ်းယွမ်ဝူဝေ့သည် သူတို့ကို ဒေသခံများ၏ ပစ်မှတ်ထားခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရပြီးနောက် သူသည် ရယ်မောလိုက်ပြီး ကမ်းခြေရှိတိုက်ခိုက်မှုများကို ရပ်တန့်ကာ စကားပြောစက်ကို ထပ်မံကောက်ယူကာ ပြောလိုက်သည်။
“ဘယ်သာပဲဖြစ်ဖြစ် အလုပ်မလုပ်ဘဲ ပံ့ပိုးကူညီပေးဖို့ ပျက်ကွက်မယ်ဆိုရင် နောက်ပိုင်းမှာ ငါတို့ စာရင်းရှင်းရလိမ့်မယ်ဆိုတာကို မှတ်ထားကြပါ။”
ရွမ်းယွမ်ဝူဝေ့သည်လည်း ကူညီရန် ရောက်လာသူများ၏ အကြံအစည်များကို သိရှိထားပေသည်။
သူသည် နှစ်ဖက်စလုံး တိုက်ခိုက်မည့်အချိန်ကို ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ ဤအချိန်တွင် သူတို့သည် နောက်ပြန်ဆုတ်ပါက ၎င်းတို့၏နောက်ကျောကို ဒေသခံများထံ၌ ချန်ထားခဲ့ရမည်ဖြစ်သည်။
ယခုအခါ ကမ်းခြေရှိ တိုက်ခိုက်မှုများကို ရွှမ်းယွမ်ဝူဝေ့မှ ရပ်တန့်လိုက်ပြီဖြစ်သဖြင့် ဒေသခံများတွင် ဘေးနှစ်ဖက်စလုံးရှိ အကူတပ်များကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းအင်လုံလောက်သွားပြီဖြစ်သည်။
“သေစမ်း...ငါတို့ကို အပစ်ခံလိုက်ရပြီ။”
“ဒေါသထွက်လိုက်တာ။ ငါတို့သင်္ဘောပေါ်က လက်နက်တွေက ဒေသခံတွေကိုဆန့်ကျင်ဖို့ လုံးဝအသုံးမဝင်ဘူး။”
“သခင်ကြီးရွှမ်းယွမ် ကျေးဇူးပြုပြီး လှုပ်ရှားပေးပါတော့။ ကျုပ်တို့ လုံးဝမခံနိုင်တော့ဘူး။ ဘာဆုလာဘ်မှလည်း မလိုချင်တော့ပါဘူး။ ကျေးဇူးပြုပြီး အမြန်ဆုံးလှုပ်ရှားပေးပါ။”
ရွှမ်းယွမ်ဝူဝေ့သည် ၎င်းတို့၏တောင်းဆိုသံများကို အေးစက်စွာ နားထောင်ကာ ခဏတာကြည့်ရှုလိုက်ပြီးနောက် ၎င်းတို့ ကျရှုံးလာနီးပါးဖြစ်လာသောအခါ ထပ်ပြောလိုက်၏။
“ဒီတိုက်ခိုက်မှုပြင်းအားကို ထိန်းထားကြ။ ပြင်းအားကျဆင်းသွားရင် ဒေသခံတွေတိုက်ခိုက်မှုအောက်မှာ မင်းမသေဆုံးခဲ့ဘူးဆိုရင်တောင် ငါကိုယ်တိုင် မင်းတို့ကို ကိုင်တွယ်ဖြေရှင်းမယ်။”
ထိုသို့ပြောပြီးနောက် ရွှမ်းယွမ်ဝူဝေ့သည် လောက်လွှဲကြီးများနှင့် လေးလံသောဒူးလေးများကို ထပ်မံ၍ တိုက်ခိုက်ခွင့်ပြုလိုက်သည်။
ထိုအခါမှသာ ကူညီရန်ရောက်လာသူများသည် နောက်ဆုံး၌ သက်ပြင်းချနိုင်မည်ဖြစ်သည်။ ရွှမ်းယွမ်ဝူဝေ့သာ လုံးဝလှုပ်ရှားခြင်းမရှိပါက ၎င်းတို့သည် ဤနေရာတွင်ပင် ရှင်းပစ်ခံလိုက်ရမည်ဖြစ်သည်။
သို့သော် ၎င်းတို့သည် ၎င်းတို့၏တိုက်ခိုက်မှုများကို လုံးဝရပ်တန့်ဝံ့ကြပေ။ ရွှမ်းယွမ်ဝူဝေ့သည် သူတို့နှင့် အမှန်တကယ် စာရင်းရှင်းမည်ဆိုပါက အလွန်ပြဿနာတတ်မည်ဖြစ်သည်။
အဆုံးတွင် သင်္ဘောသည် လောက်လွှဲကြီး၏ ပစ်ခတ်မှုအကွာအဝေးအတွင်းရှိနေခဲ့သည်။ ၎င်းတို့ ထွက်ပြေးပါက ရွှမ်းယွမ်ဝူဝေ့သည် ၎င်းတို့၏သင်္ဘောကို အရူးအမူးပစ်ခတ်မည်ဖြစ်သည်။
ထွက်ပြေး၍မရသောကြောင့် ရွှမ်းယွမ်ဝူဝေ့နှင့် ပူးပေါင်း၍ ဒေသခံများကို တိုက်ခိုက်ရန်သာ သဘောတူလိုက်ကြရလေသည်။
ကမ်းခြေရှိ တိုက်ခိုက်မှု ပြန်လာခပြင်းထန်လာသောအခါ သင်္ဘောပေါ်ရှိ မှော်ဆရာသည် မျက်မှောင်ကြုံ့ကာ အော်ဟစ်လိုက်၏။
“ကမ်းပေါ်တက်ကြ။”
ရွှမ်းယွမ်ဝူဝေ့သည် ဒေသခံသင်္ဘောကြီး ကျွန်းနှင့်နီးကပ်လာသည်ကို မြင်ရသောအခါ ချက်ချင်းပင် အမိန့်ပေးလိုက်၏။
“ချန်စီ ဒေသခံသင်္ဘောကို ဝင်တိုက်လိုက်။ ပျက်စီးသွားတဲ့သင်္ဘောကို ပြင်ဆင်ဖို့ လိုအပ်တဲဲ့ပစ္စည်းတွေကို ငါထောက်ပံ့ပေးမယ်။”
ချန်စီသည် ကူညီရန်ရောက်လူသူများထဲမှ တစ်ဦးဖြစ်ပြီး ရွှမ်းယွမ်ဝူဝေ့၏အမိန့်ကို ကြားလိုက်ရပြီးနောက် ၎င်း၏လှေကို ဒေသခံသင်္ဘောများဆီသို့ မောင်းသွားရန်မှလွ၍ ရွေးချယ်စရာမရှိတော့ပေ။
ယနေ့ခေတ် သင်္ဘောများ၏ ပြောင်းလွယ်ပြင်လွယ်ရှိမှုမှာ အားနည်းသောကြောင့်သောကြောင့် သင်္ဘောတစ်စီးသည် အခြားသင်္ဘောတစ်စီးကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်မည်ဆိုပါက အခြေခံအားဖြင့် ပြီးမြောက်နိုင်မည်ဖြစ်သည်။
မှော်ဆရာသည် ဆန့်ကျင်ဘက်မှ ဦးတည်လာနေသော အလတ်စားရွက်သင်္ဘောကို မှုန်မှိုင်းနေသောမျက်နှာအမူအရာဖြင့် ကြည့်နေသော်လည်း ဘာမျှမလုပ်နိုင်ခဲ့ပေ။
“ဝုန်း”
“ခရက်”
သင်္ဘောနှစ်စီး ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။ ဒေသခံသင်္ဘောသည် တမ်းစောင်းသွားခဲ့ပြီး ၎င်း၏အရှိန်သည်လည်း နှေးသွားခဲ့သည်။
“ကောင်းတယ်”
ရွှမ်းယွမ်ဝူဝေ့က ကြွေးကြော်လိုက်ပြီး ကမ်းခြေရှိ လောက်လွှဲကြီးများသည် ချက်ချင်းပင် ပျက်စီးနေသောသင်္ဘောအား အားကုန်တိုက်ခိုက်တော့သည်။
မင်းတို့ စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ မင်းကို ငါသတ်ပစ်မယ်။
ထိုအချိန်တွင် ညစာစားပြီးသွားပြီဖြစ်သော ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ကာ ဂရုထဲရှိ တိုက်ပွဲဖော်ပြချက်ကို ကြည့်ရှုနေပြီဖြစ်သည်။
ယီထျန်းဂရုထဲတွင် ရွှမ်းယွမ်ဝူဝေ့၏ ညီငယ်များစွာရှိသကဲ့သို့ ရွှမ်းယွမ်ဂရုထဲတွင်လည်း ရှောင်းယီ၏ သူလျှိုများ ရှိပေသည်။
ထိုသတင်းပေးသူသည် ရွှမ်းယွမ်ဝူဝေ့အား စောစောက ကူညီခဲ့သော ချန်စီနှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်။
ထို့ကြောင့် ရွှမ်းယွမ်ဝူဝေ့အား ဒေသခံများ တိုက်ခိုက်မှု၏ တကယ့်အခြေအနေကို ချန်စီမှ အဆက်မပြတ် ပြန်လည်ဖော်ပြနေခဲ့သည်။
“ဒီလိပ်က တကယ့်ကို ခွေးသူခိုးပဲ။ သူက သူ့ရဲ့ကိုယ်ပိုင်လက်အောက်ငယ်သားတွေကို တကယ်အသုံးချလိုက်တယ်။”
“ဒီစစ်ကူတွေကလည်း နည်းနည်းလောဘကြီးတယ်ဆိုတာ စိတ်ကူးကြည့်လို့ရတယ်။ C-အဆင့်ရေသန့်ရဲ့ ဆွဲဆောင်မှုက ကြီးမားလွန်းတယ်လေ။”
“ဒီလိပ်က တကယ်ပဲ ဒီဒေသခံတွေကို အနိုင်ရနိုင်တယ်ထင်တယ်။”
“ငါလုံးဝလက်မခံချင်ဘူး။ ဒီစစ်ကူတွေနဲ့ ရွှမ်းယွမ်ဝူဝေ့က တစ်ယောက်ကိုတစ်ယောက် ကူညီနေကြတာပဲ။”
ယီထျန်းဂရုထဲရှိ လူတိုင်းက ရွှမ်းယွမ်ဝူဝေ့ကို ကျိန်ဆဲနေစဉ် ရှောင်းယီသည် အခြားပြဿနာတစ်ခုအကြောင်း စဉ်းစားနေခဲ့သည်။
“ဒေသခံသင်္ဘောတွေ ပျက်စီးသွားပြီဆိုရင် ဈေးကွက်မှာ သင်္ဘောကိုယ်ထည်ကိုပြင်ဆင်ဖို့ ပစ္စည်းတွေ ဘာလို့မဝယ်ရသေးတာလဲ။”
ရှောင်းယီသည် ရန်သူကို အမြတ်ထုတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
“ဒေသခံတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘယ်လိုသုံးရမှန်းမသိဘူးလား။ ဒါတော့ မဖြစ်သင့်ဘူး။ အထက်ကလူတွေက မှော်ဆရာကို ကျွန်းအထိမ်းအမှန်ကျောက်တိုင်ကို ဘယ်လိုသုံးရတယ်ဆိုတာ သင်ပေးထားမှာပဲ။”
ရှောင်းယီ သူ့ဘာသူ တွေးလိုက်မိသည်။
ဒီနေရာက ဒေသခံတွေက ငါတို့လိုမျိုး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ လုပ်ဆောင်ချက်တွေကို ဖြည်းဖြည်းချင်းစူးစမ်းနေစရာ မလိုဘူးလေ။
“ငါတို့ အမှားတစ်ခုခု လုပ်မိသွားတာပဲ။”
ရှောင်းယီ ရုတ်တရက် နားလည်သွားခဲ့သည်။
အနောက်ဘက်နှင့် မြောက်ဘက်တွင် ယခင်က တိုက်ခိုက်မှုများကြောင့် ဤအကြိမ်သည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ထားပြီးသား ဒေသခံများ၏ တိုက်ခိုက်မှုဖြစ်သည်ဟု သူ့ကို ထင်မှတ်စေခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် သာမန်ဒေသခံများက အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းကို တိုက်ခိုက်ခြင်းသာဖြစ်သည်။
ဒေသခံများတွင် သေနတ်များရှိနေရသည့် အကြောင်းရင်းမှာ သူတို့တွင် သေနတ်များ ရယူနိုင်သည့် အခြားနည်းလမ်းတွေ ရှိနေသောကြောင့်ပင်။
တစ်နည်းဆိုရသော် ရှောင်းယီသည် ရန်သူကို အမြတ်ထုတ်လိုလျှင်ပင် ရန်သူ၌ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိပါ ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။
ချန်စီသည် သူ၏လှေကို ဒေသခံသင်္ဘောဆီသို့ မောင်းနှင်သွားပြီးနောက် ချက်ချင်းပင် သူ၏ဘေးတွင်ရှိသော လေးနှင့်မြားကို ကောက်ယူကာ ထွက်ပြေးတော့လေသည်။
သင်္ဘောနှစ်စီးသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားပြီဖြစ်ကာ သင်္ဘောပေါ်ရှိလူများသည် စတင်၍ ထိပ်ရင်ဆိုင်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
ဝုန်း ဝုန်း
ဒေသခံသင်္ဘောပေါ်မှ သေနတ်သံများ ချက်ချင်းပင် မြည်ဟီးလာခဲ့သည်။
ချန်စီဘက်မှ ကုန်းပတ်ပေါ်ရှိလူများသည် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်နိုင်ခဲ့ဘဲ ဇကာပေါက်များ ဖြစ်သွားပြီး လဲကျသွားကြတော့သည်။
ထွက်ပြေးလာသည့် ချန်းစီသည် ချက်ချင်းပြန်လှည့်ပြီး သင်္ဘောခန်းထဲသို့ ပြေးဝင်ကာ သင်္ဘော၏အခြားတစ်ဘက်မှ လှေငယ်ကို ချပြီး ရွှမ်းယွမ်ဝူဝေ့၏ကျွန်းဆီသို့ လှော်ခတ်သွားခဲ့သည်။
“သခင်ကြီး သူတို့သင်္ဘောပေါ်မှာ ရှေးခေတ်သေနတ်တွေရှိတယ်။ အနီးကပ်တိုက်ခိုက်လို့မရဘူး။ ကျုပ်ကို အရင်ဆုံး ကျွန်းပေါ်တက်ခွင့်ပေးပါ။”
ချန်စီက စကားပြောစက်မှတစ်ဆင့် အော်ဟစ်လိုက်သည်။
“ကောင်းပြီ မင်းတက်လာခဲ့။ ငါမင်းကို အကာအကွယ်ပေးမယ်။”
ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေပြီး သင်္ဘောကြီးပေါ်က သေနတ်ကိုင်ထားသည့် ဒေသခံများကို လေးလံသည့်ဒူးလေးကြီးများဖြင့် ပစ်ခိုင်းခဲ့လိုက်၏။
ဒေသခံနှစ်ယောက်ကို သတ်ပစ်ပြီးနောက်ဆုံးတွင် ကျန်ဒေသခံများ နောက်ဆုတ်သွားခဲ့သည်။
ချန်စီသည်လည်း ကမ်းပေါ်သို့ အောင်မြင်စွာတက်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူကမ်းပေါ်သို့တက်လာပြီးနောက် သူ၏လက်နက်များကို သိမ်းဆည်းခံခဲ့ရသည်။
“လောက်လွှဲစင်ဆီသွားပြီး ကျည်ဆန်ဖြည့်ဖို့ ကူညီလိုက်ပါ။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“ဟုတ်ကဲ့ သခင်ကြီး”
ချန်စီက တုံ့ပြန်လိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည် ဒေသခံသင်္ဘောများကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။
“ဒီဒေသခံတွေက သူတို့သင်္ဘောကို ဘာလို့မပြင်ကြသေးတာလဲ။ အခုထိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရသေးဘူးလား။”
ထထုအချက်ကို တွေးမိသောအခါ ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် ချန်စီထံသို့သွားကာ မေးလိုက်သည်။
“မင်းလှေကနေဆင်းလာတုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ခွဲပစ်ခဲ့လား။”
“အာ ဟင့်အင်း”
ချန်းစီက ရွှမ်းယွမ်ဝူဝေ့ကို ရှုပ်ထွေးစွာကြည့်ကာ ပြန်ဖြေလိုက်သည်။
ဤတိုက်ပွဲသည် အနိုင်ရရန် အလားအလာရှိသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးလိုက်ပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု လျော့နည်းသွားမည်ဖြစ်သည်။
ဖြန်း
“သောက်ရူး...။”
ရွှမ်းယွမ်ဝူဝေ့သည် ချန်စီကို တိုက်ရိုက် ရိုက်နှက်ကာ ကျိန်ဆဲလိုက်၏။ ချန်စီ ပို၍ရှုပ်ထွေးသွားခဲ့သည်။
“အကယ်၍ အဲ့ဒီဒေသခံတွေက မင်းရဲ့သင်္ဘောကို သိမ်းပိုက်လိုက်ရင် သူတို့က သူတို့သင်္ဘောတွေကို ဆက်တိုက်ပြင်ဆင်ဖို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသွားမှာပေါ့။ ဒါဆိုရင် သူတို့ကို ချန်ထားဖို့ ခက်ခဲသွားလိမ့်မယ်ကွ။”
ရွှမ်းယွမ်ဝူဝေ့က အော်ဟစ်ကြိမ်းမောင်းလိုက်၏။
ချန်စီသည် ခဏတာ ကြောင်အ,သွားပြီး နောက်ပိုင်းတွင် သူသည် သူ၏အသိပြန်ဝင်လာကာ ရှုံ့မဲ့နေသောမျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ် တကယ်ပဲ ဒီအချက်ကို မျှော်လင့်မထားခဲ့မိဘူး။”
အခန်း ၄၀၄
ရွှမ်းယွမ်ဝူဝေ့ မည်မျှပင် ဆူပူဆဲရေးနေပါစေ အနေအထားကို မပြောင်းလဲနိုင်ကြောင်း သိထားသောကြောင့် စကားပြောစက်ကိုကောက်ယူကာ အော်ဟစ်လိုက်၏။
“လူတိုင်းပဲ အကောင်းဆုံးကြိုးစားပြီး ဒေသခံလှေပေါ်ကလူတွေ ချန်စီရဲ့ရွက်သင်္ဘောပေါ်ကို မတက်နိုင်အောင် တားဆီးကြ!”
“ဟုတ်ကဲ့”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
စစ်ကူအားလုံးသည် ချက်ချင်းပင် ဒေသခံသင်္ဘောနှင့် ချန်စီ၏ရွက်သင်္ဘောတို့ ဆက်သွယ်ထားသည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ရန်သူ၏စစ်ကူများ၏ ဦးတည်ချက်များ ရုတ်တရက် နေရာပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ မှော်ဆရာသည် တစ်စုံတစ်ရာနားလည်ပုံရ၏။
စစ်ကူးများ၏ တိုက်ခိုက်မှု၏ပြင်းအားကို ကြည့်ရှုပြီးနောက် မှော်ဆရာသည် လှောင်ပြုံးပြုံးကာ သူ့ဘေးရှိ ချန်စီ၏ အလတ်စားရွက်သင်္ဘောပေါ်သို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ စစ်ကူများသည် အလွန်ပြင်းထန်စွာတိုက်ခိုက်ကြသော်လည်း မှော်ဆရာသည် မြားမိုးများကိုဖြတ်ကျော်ကာ ရေထဲမှငါးတစ်ကောင်ကဲ့သို့ ချန်စီ၏လှေသို့ အောင်မြင်စွာရောက်ရှိသွားခဲ့သည်။
“မကောင်းတော့ဘူး။”
ရွှမ်းယွမ်ဝူဝေ့သည် အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။ ယခုအခါ ရန်သယသည် ချန်းစီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်နိုင်တော့မည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်သင်္ဘောကို အလျင်အမြန် ပြင်ဆင်နိုင်မည်ဖြစ်သည်။
ဤအချိန်တွင် ဤဒေသခံများတွင် ပြင်ဆင်ရန်အတွက် မည်သည့်အရင်းအမြစ်မျှမရှိဘဲ ဈေးကွက်တွင်လည်း မည်သူမျှ ၎င်းတို့အား အရင်းအမြစ်များ မပေးလိုပါစေနဲ့ဟုသာ မျှော်လင့်ရတော့မည်ဖြစ်သည်။
ဤအချိန်တွင် သူသည် လူတစ်ဦး၏ ရန်သူဖြစ်ရခြင်း၏ ရွံရှာဖွယ်ကောင်းပုံကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
မှော်ဆရာသည် ချန်စီ၏သင်္ဘောပေါ်သို့ တက်သွားပြီးနောက် မောင်းသူအခန်းအတွင်း၌ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် သိမ်းပိုက်ရန် ရွေးချယ်ခဲ့သည်။
ချန်စီနှင့် ဆက်သွယ်နေသော သူလျှိုသည် ချန်စီ၏အမည် အဆက်အသွယ်စာရင်းမှ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။
“ချန်စီ ဒုက္ခရောက်နေပြီ။”
သူလျှိုက မျှော်လင့်ချက်မဲ့စွာပြောလိုက်ပြီး ရွှမ်းယွမ်ဂရု၏အင်အားစုအတွင်းမှ ဆုတ်ခွာသွားခဲ့သည်။
သူ မဆုတ်ခွာပါက ရွှမ်းယွမ်ဝူဝေ့၌ အချိန်ရှိသောအခါ သူ့အား နှင်ထုတ်မည်ဖြစ်သည်။
ရွှမ်းယွမ်ဝူဝေ့၏သတင်းများအား ယခုကဲ့သို့ ယီထျန်းဂရုထဲတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် သူ၏သူလျှိုအဖြစ်ကို တိုက်ရိုက်ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူသည် သူ့အား ရွှမ်းယွမ်ဂရုထဲတွင် ဆက်လက်နေခွင့်ပြုရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့သော် ရှောင်းယီ၏ သူလျှိုသည် ဤဖြင့်မျှသာ ကန့်သတ်ထားမည်မဟုတ်ပေ။
“မဟုတ်သေးဘူး။ သူကတိုက်ပြီးပြီးချင်း သေသွားတာလား။ သေနတ်ကြောင့်လား။ မှော်ဆရာကြောင့်လား။”
“ဘယ်သူသိမှာလဲ။ ဒါပေမယ့် တကယ့်အနီးကပ်တိုက်ပွဲမှာ သေနတ်တွေက အားကောင်းနေတုန်းပဲ။”
“ဒါပေမယ့် ဆက်သွယ်သူပျောက်သွားတိုင်း သေသွားတာမဟုတ်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သူ့ဟာမဟုတ်တော့တာလည်း ဖြစ်နိုင်တာပဲ။”
“ဟုတ်တယ်။ ဖျက်ဆီးလိုက်ရတာလည်း ဖြစ်နိုင်တယ်။ တစ်စုံတစ်ယောက်က သိမ်းပိုက်သွားတာလည်းဖြစ်နိုင်သေးတယ်။”
“ဒေသခံတွေ သိမ်းပိုက်လိုက်တာများလား။ ရွှမ်းယွမ်ဝူဝေ့နဲ့ သူရဲ့စစ်ကူတွေကတော့ ဒီအချိန်မှာ သူတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မသိမ်းယူသင့်ဘူးမဟုတ်လား။”
“မင်းဆိုလိုတာက ဒေသခံတွေမှာလည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတယ်လို့လား။”
ထိုသတင်းများကို မြင်လိုက်ရသောအခါ ရှောင်းယီ၏မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် ဈေးကွက်သို့ ပြောင်းကြည့်လိုက်၏။ ထိုနေရာတွင် တစ်စုံတစ်ဦးသည် သစ်သား၊ သံ၊ ကြေးနှင့် ချည်ထည်များအား အကြီးအကျယ်ဝယ်ယူနေသည်ကို တွေ့လိုက်ရလေသည်။
ထိုကုန်ကြမ်းများသည် သင်္ဘောကို ပြန်လည်ပြင်ဆင်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်ကြောင်း ထင်ရှားပေသည်။
ရှောင်းယီသည် တစ်ဖက်လူ၏လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေးရန် ပြင်လိုက်သော်လည်း နောက်အခိုက်အတန့်တွင် ငွေကြေးလဲလှယ်မှုမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
“ဒီလူတွေ အရမ်းမြန်တာပဲ။”
ရှောင်းယီ မျှော်လင့်ချက်မဲ့စွာ ပြောလိုက်မိသည်။ ထို့နောက် ယီထျန်းဂရုထဲသို့ ပြန်ပြောင်းလိုက်၏။
“ဘယ်သူက အဲ့လောက်တောင်မြန်ရတာလဲ။ ငါ့ကိုလည်း ကူညီခွင့်ပြုပါကြဟ။”
“အမှန်ပဲ။ ငါဆို သစ်သား ၁၀၀ ပဲပေးခဲ့ရသေးတယ်။ ရောင်းလို့ပြီးသွားပြီ။”
“မင်းက အရမ်းမြန်တာပဲ။ အရေခွံနွှာခံရမှာ မကြောက်ဘူးလား။”
“မကြောက်ပါနဲ့။ ငါ့မှာ ခွေးအရေပြားပလာစတာရှိတယ်။”
ဆေးရောင်းသူက သူ့ဆေးကို အချိန်မီ ထပ်မံကြော်ငြာခဲ့ပြန်သည်။
“စကားမစပ် မင်းရဲ့ခွေးအရေပြားပလာစတာက တကယ် အဲဒီမှာသုံးလို့ရလို့လား။”
“ငလူး မင်းက တကယ်ပဲ အရေခွံနွှာခံထားရတာလား...ဟုတ်လား။”
“ထွက်သွားစမ်း။ ဖြစ်စရာလားကွ။ ငါက ငါ့သူငယ်ချင်းအတွက်မေးပေးတာ။”
“ဘယ်က ရုတ်တရက်ပေါ်လာတဲ့ သူငယ်ချင်းလဲ။ ငါ့မှာလည်း သူငယ်ချင်းတစ်သုတ်ရှိတယ်။”
ထိုအချိန်တွင် ချန်စီ၏လှေပေါ်ရှိ မှော်ဆရာမှာ ကြက်သေသေနေခဲ့သည်။ သူသည် ဈေးကွက်တွင် လက်ရှိတင်ထားသော ငွေကြေးလဲလှယ်မှုသည် ဤမျှမြန်ဆန်စွာ ပြီးဆုံးမည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းအတွက် အုတ်မြစ်ကျောက်တုံးဆယ်ဂဏန်း အနည်းငယ်ခန့်သာ ကုန်ကျခဲ့ပေသည်။
သို့သော် အပြင်ဘက်မှတိုက်ခိုက်မှုများကြောင့် သူသည် ချက်ချင်းပင် အသိဝင်လာကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပြန်လည်ပြင်ဆင်ရန် ရွေးချယ်လိုက်ရပြန်သည်။
ပျက်စီးနေသောသင်္ဘောသည် ချက်ချင်းပင် မူလအတိုင်းပြန်ဖြစ်သွားခဲ့သည်။
“သေစမ်း”
ရွှမ်းယွမ်ဝူဝေ့သည် ဒေါနှင့်မောနှင့် ကြိမ်မောင်းဆဲဆိုရန်မှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။
“သူတို့သင်္ဘောက ဒီလောက်ထိ ဆိုးဆိုးဝါးဝါးပျက်စီးနေတာ။ ပစ္စည်းတွေအများကြီးလိုအပ်မှာပဲ။ ဘာလို့တစ်ခါတည်းပြင်လိုက်တာလဲ။”
“တစ်ယောက်ယောက်က သူတို့ကို လုံလောက်တဲ့ပစ္စည်းတွေ ပေးခဲ့လို့နေမှာပေါ့။”
ချန်စီက တိုးတိုးပြောလိုက်၏။
“ခွေးသူတောင်းစား...မင်းကဒီစကားကိုပြောရဲသေးတယ်ပေါ့။”
ရွှမ်းယွမ်ဝူ၏ဝေ့ဒေါသများသည် နောက်ဆုံးတွင် ထွက်ပေါက်တစ်ခု ရှာတွေ့သွားခဲ့သည်။
“မင်းသာ ဒေသခံတွေအတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မချန်ထားခဲ့ရင် အခြလောက်ဆို ငါတို့ သူတို့ကို ဖမ်းမိနေလောက်ပြီ။ ငါလည်း အကြီးစားရွက်သင်္ဘောကြီးတစ်စီး ထပ်ရပြီး လမ်းညွှန်ကျောက်တစ်ခုလည်းရရမှာကွ။ ဒါပေမယ့် အခု ဘာမှမကျန်တော့ဘူး။”
ချန်စီသည် သူ၏ခေါင်းကိုငုံ့ကာ ရွှမ်းယွမ်ဝူဝေ့အား ဆဲရေးခွင့်ပြုထားလိုက်သည်။
လူများသည် တံစက်မြိုအောက်၌ ဦးညွှတ်ရန်မှလွဲ၍ နည်းလမ်းမရှိပေ။
သူသည် အသက်ရှင်ကျန်ရစ်ပြီး သူ၏ကျွန်းသို့ပြန်သွားကာ ဤကိစ္စများနှင့် ထပ်မံမပတ်သက်ရန်သာ လိုလားနေခဲ့သည်။
သင်္ဘောကို ပြန်လည်ပြင်ဆင်ပြီးနောက် မှော်ဆရာသည် ကမ်းခြေရှိ ကြမ်းတမ်းသောတိုက်ခိုက်မှုများနှင့် သူ့ပတ်ဝန်းကျင်ရှိ အလတ်စားရွက်သင်္ဘောဆယ်စီးကျော်ကို ကြည့်ကာ ခဏတာတွေးတောပြီးနောက် ချက်ချင်းအမိန့်ပေးလိုက်၏။
“ပြန်ဆုတ်မယ်။”
မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ကြိမ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရသွားပြီဖြစ်သည်။ ရှေ့ကကျွန်းကို သိမ်းပိုက်နိုင်ခြင်း ရှိ၊မရှိဆိုသည်မှာ အရေးမကြီးတော့ပေ။
ထို့အပြင် ၎င်းတို့သည် တကယ်တမ်း ဆက်လက်တိုက်ခိုက်မည်ဆိုပါက ၎င်းတို့သည်လည်း ဆုံးရှုံးမှုအများအပြားရှိလိမ့်မည်မှာ သေချာပေသည်။ ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ကာလတစ်ခုကြာအောင် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပြီးနောက်မှ ပြန်လာကာ ကျွန်းကို တစ်ခါတည်း သိမ်းပိုက်ခြင်းက ပို၍ကောင်းပေသည်။
မှော်ဆရာ၏အမိန့်အရ ရွက်သင်္ဘောသုံးစင်းသည် ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြသည်။
ကမ်းခြေရှိတိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေသေးသော်လည်း မှော်ဆရာသည် ၎င်းကို လုံးဝဂရုမစိုက်ခဲ့ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သာရှိပါက မည်မျှပင်ဖျက်ဆီးစေကာမူ ပြန်လည်ပြင်ဆင်နိုင်ပေသည်။
သင့်တွင် လုံလောက်သောထောက်ပံ့ရေးပစ္စည်းများရှိသရွေ့ သင်သည် ရန်သူ၏တိုက်ခိုက်မှုအကွာအဝေးမှ လွယ်ကူစွာ ထွက်ပြေးနိုင်မည်ဖြစ်သည်။
ပင်လယ်ပြင်ရှိ စစ်ကူများသည်လည်း အနားမကပ်ရဲခဲ့ကြပေ။ အကြောင်းမှာ ဒေသခံများ၏လက်ထဲတွင် သေနတ်များရှိပြီး အကွာအဝေးနီးကပ်လာသောအခါ သေနတ်၏စွမ်းအားသည် လေးနှင့်မြားထက်ပိုမိုကြီးမားသောကြောင့်ဖြစ်သည်။
“သူတို့ကို တားထားစမ်း။”
ရွှမ်းယွမ်ဝူဝေ့က ကမ်းခြေမှ အော်ဟစ်လိုက်၏။
သို့သော် လူတိုင်းသည် ထိုအရာကို ဆက်လုပ်ရန် သဘောမတူခဲ့ကြပေ။ သူတို့သာ ထိုဒေသခံကို ဝင်တိုက်ပါက သေဆုံးမည့်သူမှာ သူတို့သာဖြစ်ပြီး ထိုလူများအား မထိခိုက်စေသည့်အပြင် သင်္ဘောတစ်စီးနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုပင် ပေးလိုက်ရမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဒေသခံလှေများ အဝေသို့ထွက်ခွာသွားသည်ကို ကြည့်ရှုနေရုံသာ ကြည့်နေခဲ့ကြသည်။
“စိတ်မကောင်းပါဘူး သခင်ကြီး ကျုပ်တို့သင်္ဘောက ဒေသခံသင်္ဘောတွေကို လိုက်မမီနိုင်ဘူး။”
“စိတ်မကောင်းပါဘူး။ ကျုပ်ရွက်သင်္ဘောရဲ့ရွက်ကလည်း ရုတ်တရက် ပြဿနာရှိနေတယ်။”
“ကျုပ်က ခုနက အပြင်ဘက်အစွန်းပိုင်းမှာရှိနေခဲ့တာ။ ကျုပ်သူတို့ကို အမှီလိုက်ပေမယ့် သူတို့ကထွက်ပြေးသွားပြီ။”
လူတိုင်း၏အကြောင်းပြချက်များကို နားထောင်ပြီး ရွှမ်းယွမ်ဝူဝေ့သည် သူ့တစ်ကိုယ်လုံး ဒေါသကြောင့်ပေါက်ကွဲတော့မတတ်ပင် ခံစားနေခဲ့ရသည်။
သူ၏ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားအနည်းငယ်က ဦးလေးချန်း၏အကြံပေးချက်ကို သတိရစေခဲ့သည်။
“စိတ်မလှုပ်ရှားနဲ့။ ကျုပ်တို့က အင်အားစုထဲက စစ်ကူတွေကို ဆက်ပြီးလိုအပ်နေတုန်းပဲ။”
ထို့နောက် သက်ပြင်းချလိုက်ပြီး ရွှမ်းယွမ်ဝူဝေ့သည် သူ၏စိတ်နေစိတ်ထားကို ညှိယူကာ ပြောလိုက်၏။
“အင်း မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါတော့ တိုက်ပွဲက မအောင်မြင်ခဲ့ပေမယ့် မင်းတို့ရဲ့ပံ့ပိုးမှုကို လျစ်လျူရှုလို့မရဘူး။ သူတို့ကို C-အဆင့်ရေသန့် ၅၀ မီလီစီပေးလိုက်ပါ။”
ကူညီရန် ရောက်လာခဲ့သူများသည် ဤအကြိမ်တွင် ဘာမျှရလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။ ရွှမ်းယွမ်ဝူဝေ့က ရုတ်တရက်ဤသို့ပြောလိုက်သောအခါ ၎င်းတို့သည် အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့ကြသည်။
သို့သော် အစကတည်းက ကတိပေးထားသော ၅၀၀ မီလီသည် ယခု ၅၀ ဖြစ်သွားပြီဆိုခြင်းမှာ ၎င်းသည် အစောကတည်းက ရွှမ်းယွမ်ဝူဝေ့၏ အကြံအစည်ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော် ယခုအချိန်တွင် အစကတည်းက ပေးခဲ့သော ကတိကို မည်သူမျှ အစပြန်မဖော်ရဲကြပေ။ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ လွတ်မြောက်နိုင်ခြင်းကပင် ကောင်းနေပြီဖြစ်၏။
“သခင်ကြီး မင်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ။”
“ဟုတ်တယ် ငါတို့ဒီမှာရောက်နေတာက မင်းကိုကူညီပေးဖို့ပဲ။ အခြားဘာမှမဟုတ်ဘူး။”
“အမှန်ပဲ ဒီတစ်ခါ ဒေသခံတွေကို မချန်ထားခဲ့နိုင်ပေမယ့် ငါတို့ သူတို့ကို တွန်းလှန်နိုင်ခဲ့တယ်။”
ရွှမ်းယွမ်ဝူဝေ့သည် သူ၏သွားများကို ကြိတ်ခဲလိုက်မိ၏။
သူသည် C အဆင့် ရေသန့်ကို စိတ်ပျက်လက်ပျက်ဖြင့် လဲလှယ်ပေးပြီးနောက် ထိုလူများကိုပြောလိုက်သည်။
“ငါ မင်းတို့ကို အများသုံးချန်နယ်ပေါ်မှာ အလုပ်တစ်ခုလုပ်စေချင်တယ်။”
အခန်း ၄၀၅
ကူညီရန် ရောက်ရှိလာခဲ့ကြသော လူငယ်များသည် ရွှမ်းယွမ်ဝူဝေ့၏ ထိုစကားကို ကြားလိုက်သောအခါ ၎င်းတို့ရရှိခဲ့ပြီးသော C-အဆင့် ရေသန့်သည်ပင် အနည်းငယ်ပူနွေးသွားသလို ခံစားလိုက်ရသည်။
“သခင်လေး ကျုပ်တို့ ဘာလုပ်ပေးရမှာပါလဲ။”
တစ်စုံတစ်ယောက်က သတိထားပြီး မေးလိုက်သည်။
“လူတိုင်းပဲ စိတ်မပူကြပါနဲ့။ ဒါက ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ အများသုံးချန်နယ်မှာ ယီရန်ပင်းကို ငါးဖမ်းလှေနဲ့ တိုက်ခိုက်ရုံပဲ”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“ဒီဒေသခံတွေထွက်ပြေးတာကို ဗဟိုပြုပြီးတော့ ဒီအကြောင်း အထူးစပယ်ရှယ် စာအုပ်တစ်အုပ်လောက်ရေးကြရအောင်။”
“ဒါက လူသိရှင်ကြား စွပ်စွဲရှုတ်ချခြင်းလေးသက်သက်ပါပဲ။ ရိုးရှင်းပါတယ်။ ဒါက ကျုပ်တို့က အဲ့နေရာမှာ မကျွမ်းကျင်းဆုံးပဲ။”
“မှန်တယ် ဘ်ူသူက ကီးဘုတ်ဖိုက်တာမဟုတ်လို့လဲ။ ကီးဘုတ်တစ်ခုတည်းနဲ့ ကမ္ဘာကိုတောင် အောင်နိုင်နိုင်တယ်။ ကျုပ်က အင်တာနက်ပေါ်မှာ ပြိုင်ဘက်ကင်းပဲ။”
“ဒါက ပမွှားလေးပါ။ စိတ်မပူပါနဲ့ သခင်လေး။ ကျုပ်တို့ဆီသာ အပ်ထားလိုက်ပါ။”
လူတိုင်း၏ ကတိကဝတ်များကို ကြားလိုက်ရသော ရွှမ်းယွမ်ဝူဝေ့ ခေါင်းညိတ်ကာ ပြောလိုင်၏။
“ကောင်းပြီ အခြားဘာမှမရှိတော့ဘူးဆိုရင် ပြန်သွားကြတော့။”
ထို့နောက် လူတိုင်း နှုတ်ဆက်သွားခဲ့ကြသည်။
ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောများ စတင်ထွက်ခွာသွားကြသည်ကိုကြည့်ရင်း ချန်စီ ထိတ်လန့်လာခဲ့သည်။ သူသည် ကမ်းခြေသို့ အလျင်အမြန်လမ်းလျှောက်ပြီး အလတ်စားရွက်သင်္ဘောပေါ်ရှိ ရွှမ်းယွမ်ဝူဝေ့ကိုရှာကာ မေးလိုက်သည်။
“သခင်လေး ကျုပ်လည်း ထွက်သွားလို့ရမလား။”
“ထွက်သွားမှာလား”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“မင်းက ဘယ်ကိုသွားမှာလဲ။ မင်းတို့ ငါ့ကျွန်းပေါ်ရောက်နေပြီဆိုမှတော့ ထွက်မသွားတော့နဲ့။”
ချန်စီ၏ မျက်နှာအမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားပြီး သူ့ပတ်ဝန်းကျင်ရှိ လူများက လေးနှင့်မြားများကိုင်ဆောင်ပြီး သူ့ကိုချိန်ရွယ်ထားသည်ကို မြင်လိုက်ရသောအခါ သူ့တွင် ရွေးချယ်စရာမရှိတော့ကြောင်း သိလိုက်လေသည်။
“ဒါဆို သခင်လေး ကျုပ်ကျွန်းကျွန်းပေါ်က ပစ္စည်းတွေကို ပို့ပေးရပါမယ်။”
ချန်စီက ပြောလိုက်သည်။
“မင်းရဲ့ကျွန်းပေါ်မှာရှိတဲ့ မင်းရဲ့ညီငယ်ကို လဲလှယ်ခိုင်းလိုက် ဒါမှမဟုတ်ရင်လည်း သူ့ကို ဒီကိုလာပို့ခိုင်းလိုက်။”
ရွှမ်းယွမ်ဝူဝေ့သည် ချန်စီအား ထွက်ခွာသွားထွင်မပေးရန် ဆုံးဖြတ်ထားဟန်ရှိသည်။
“ကျုပ်တို့ကျွန်းပေါ်က လူသုံးယောက်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှစ်ခုကိုပဲ သိမ်းထားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒါက လှေပေါ်မှာထားတာဆိုတော့ သူလဲလှယ်ပေးလို့မရဘူး။ ဒီကိုလည်း မလာလို့မရနိုင်ပါဘူး။”
ချန်စီက ခါးသီးနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
“ကျုပ်ရဲ့ အုတ်မြစ်ကျောက်တစ်ရာကျော်ကို အလဟဿအဖြစ်မခံနိုင်ဘူး။”
ယီထျန်းဂရုထဲရှိ ယခင်ဆွေးနွေးချက်များကဲ့သို့ပင် ဤကမ္ဘာတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိပါက ပင်လယ်ပြင်ထဲကို လုံးဝမထွက်ရဲပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိဘဲ ချန်စီ၏ကျွန်းရှိ လူငယ်လေးတွင် လမ်းကြောင်းမြေပုံရှိမည်မဟုတ်သလို ရွှမ်းယွမ်ဝူဝေ့၏ကျွန်းသို့ ရွက်လွှင့်ရန်လည်း နည်းလမ်းရှိမည်မဟုတ်ပေ။
ရွှမ်းယွမ်ဝူဝေ့သည် ချန်စီလှော်ခတ်လာသော လှေပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို တွေ့ရှိခဲ့သည်။ သူ၏မျက်နှာအမူအရာမှာ လိမ်ညာနေခြင်းမဟုတ်ဟု ယူဆ၍ရပေသည်။ ထို့ကြောင့် သူက ပြောလိုက်၏။
“စာချုပ်ချုပ်ခြင်းပြီးဆုံးသွားရင် မင်းပြန်သွားပြီး အကုန်လုံး လဲလှယ်လို့ရတယ်။”
ချန်စီ ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ ရွှမ်းယွမ်ဝူဝေ့သည် သူ၏အင်အားစုအတွင်း၌ စာချုပ်အချို့ကို စုဆောင်းပြီး ချန်စီပေါ်တွင် ချက်ချင်းအသုံးပြုလိုက်သည်။ ချန်စီသည်လည်း ခုခံရန် မဝံ့မရဲဖြစ်နေခဲ့ပြီး စာချုပ်ချုပ်ဆိုခြင်းမှာ အလွန်ချောမွေ့စွာ ပြီးမြောက်သွားခဲ့သည်။
စာချုပ်အောင်မြင်ပြီးနောက် ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“မင်း ပြန်သွားပြီး အရာအားလုံး ပြန်ယူလာခဲ့။”
“ဟုတ်ကဲ့”
ချန်စီက တုံ့ပြန်လိုက်သည်။
“ဒါပေမယ့် သခင်လေး ကျုပ် ဒီလှေနဲ့ ပြန်သွားရမှာလား။”
“ဒါပေါ့ ဒီနေရာမှာ အသေးစားသင်္ဘောက ပိုပြီးစိတ်ချရတယ်ဆိုတာ မင်းသိသင့်တယ်။”
ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။
သူသည် ချန်စီ ယခင်က သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဒေသခံများအတွက် ချန်ထားပစ်ခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသေးပုံရပြီး ချန်စီ၏ခြေထောက်အား စတင်ဖျက်ချခဲ့လေသည်။
ချန်စီ သက်ပြင်းချလိုက်မိ၏။
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် သခင်လေး”
ထို့နောက် ညနေခင်းအချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လှေကိုလှော်ခတ်ကွာ ထွက်ခွာသွားခဲ့တော့လေသည်။
သူ၏လှေပေါ်တွင်ရှိသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏လမ်းကြောင်းအတိုင်း သူသည် သူ၏ကျွန်းနှင့် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ နှစ်နာရီကြာပြီးနောက် သူ ရပ်တန့်သွားလိုက်၏။ ထိုအချိန်တွင် သူသည် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းမှ ၂၀ ကီလိုမီတာထက် ပိုမဝေးတော့ပေ။
ချန်စီသည် သူ၏ နာကျင်နေသော လက်မောင်းများကို ခါလိုက်ကာ ရွှမ်းယွမ်ဝူဝေ့ကျွန်း၏ ဦးတည်ချက်ကို တစ်ချက်စွေကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
“သူက အားနည်းနေပုံရတယ်။ ငါသာ B အဆင့်ကို ချိုးဖျက်နိုင်မယ်ဆိုရင် သူ့ကို ဖယ်ရှားပစ်နိုင်လောက်မလား။”
ငါ့ရဲ့ကိုယ်ခန္ဓာအခြေအနေသာ မကောင်းခဲ့ဘူးဆိုရင် နှစ်နာရီအတွင်းမှာ ကီလိုမီတာ ၂၀ နီးပါးကို လှော်ခတ်နိုင်မှာမဟုတ်ဘူး။
ပြောရမည်ဆိုလျှင် ချန်စီသည် ကံထူးရှင်တစ်ယောက်လည်း ဖြစ်ပေသည်။ သူသည် အစောကြီးကတည်းက သင်္ဘောတစ်စီးရခဲ့ပြီး C အဆင့် မြေဆီလွှာကိုပင် ရရှိခဲ့သည်။ ၎င်းမှာ လေးယူနစ်သာရှိခြင်းဖြစ်သော်လည်း အရေးအကြီးဆုံးမှာ C အဆင့် ပြောင်းဖူးပင်ဖြစ်သည်။
သူသည် ပြောင်းဖူးကို သစ်သားအိုးထဲတွင် စိုက်ပျိုးခဲ့သည်။ သူသည် ၎င်းကို မြေကြီးထဲ စိုက်ပျိုးကာ တစ်ခါမှ ကောင်းကောင်းဂရုမစိုက်ခဲ့သော်လည်း ပြောင်းဖူးအချို့ကို ထုတ်လုပ်နိုင်ခဲ့ပေသည်။
ထို့အပြင် ရှောင်းယီ အဆင့်မြင့်အစားအစာများ ရောင်းချစဉ်က ချန်စီသည် ၎င်းတို့ထဲမှ အများအပြားကို ဝယ်ယူခဲ့၏။ ထိုအဆင့်မြင့်အစားအစာများကို စားသုံးခြင်းဖြင့် သူသည် B-အဆင့်ခန္ဓာကိုယ်ကို ရရှိရန် နီးကပ်နေပြီဟု ခံစားနေရပြီဖြစ်သည်။
ရွှမ်းယွမ်ဝူဝေ့၏ကျွန်းပေါ်တွင် စာချုပ်ချုပ်ဆိုခဲ့စဉ်က ချန်စီသည် ရွှမ်းယွမ်ဝူဝေ့နှင့် သူကြားရှိ စာချုပ်သည် လုံလောက်စွာမခိုင်မာကြောင်း ရှင်းရှင်းလင်းလင်းခံစားမိခဲ့၏။
သို့သော် ယခုအခါတွင် သူသည် ၎င်းကို ဆန့်ကျင်နိုင်ပုံရလေသည်။ အနည်းဆုံးအားဖြင့် ရွှမ်းယွမ်ဝူဝေ့၏ အမိန့်များကို တသွေမတိမ်းနာခံရန် မလိုအပ်ပေ။
ရွှမ်ယွမ်ဝူဝေ့သည်လည်း C အဆင့် ဖြစ်ပေသည်။ သို့သော်လည်း သူသည် သူ့ထက် B အဆင့်နှင့် ပို၍နီးကပ်နေပုံရ၏။ တစ်နည်းဆိုရသော် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပါက ချန်စီသည် ရွှမ်းယွမ်ဝူဝေ့ကို အနိုင်ယူနိုင်မည်ဖြစ်သော်လည်း ချန်စီတွင် ယခင်က တစ်ဦးချင်း တိုက်ခိုက်ရန် အခွင့်အရေး မရှိခဲ့ပေ။
လူအများက လေးနှင့်မြားများကို ကိုင်ဆောင်ပြီး သူ့ကို ချိန်ထားသောကြောင့် အခွင့်အရေးမရှိခဲ့ပေ။
“အဆင့်မြင့်တဲ့လူတွေက ကိုယ့်ထက်အနိမ့်ဆုံးတဲ့သူတွေဘက်ကနေ စတင်လိုက်တဲ့စာချုပ်တွေကို အလျင်အမြန် ဖယ်ရှားနိုင်တာပဲ။ တူညီသောအဆင့်မှာဆိုရင် အဲ့ဒါက ပိုအားနည်းသွားပြီးတော့ ရုန်းကန်နိုင်တယ်။ ဒါက စာချုပ်ရဲ့ လျှို့ဝှက်ချက်ဖြစ်နိုင်တယ်။”
ချန်စီက လျှို့ဝှက်စွာ တွေးလိုက်မိသည်။
“ဒါကို အသုံးပြုပြီး ငါ့ကိုယ်ငါ B အဆင့် ရောက်အောင် လုပ်နိုင်လောက်တယ်။”
ထိုအချက်ကို တွေးမိသောအခါ ချန်စီသည် သစ်သားလှေငယ်ပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့သွားကာ ချက်ချင်းပင် စာတစ်စောင်ရေးလိုက်တော့လေသည်။
“ဒီဒီ...လူစိမ်းတစ်ယောက်က သီးသန့်စာပို့လာပါတယ်။ စစ်ဆေးချင်ပါသလား။”
အနားယူရန် ဟန်ပြင်ရှိသော ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အသိပေးချက်ကို ရုတ်တရက် မြင်လိုက်ရပြီး “စစ်ဆေးမယ်” ဟု ပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ အကြီးအကဲယီရန်ပင်း။ ခင်ဗျားကျုပ်ကို မသိနိုင်လောက်ဘူးဆိုပေမယ့် ကိစ္စမရှိပါဘူး။ ကျုပ်မှာ စာချုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိတယ်။ အဲဒါကို ခင်ဗျားရဲ့အဆင့်မြင့်အစားအစာအချို့နဲ့ လဲလှယ်ချင်ပါတယ်။”
ချန်ရှောင်းစီဟူသည် အိုင်ဒီဖြင့်လူတစ်ယောက်က စာပို့ထားခြင်းဖြစ်သည်။ ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။
“ဒါက ငါချထားတဲ့ သူလျှိုနဲ့ ဆက်ဆံရေးကောင်းတဲ့လူပဲဖြစ်မယ်။”
ထိုလူသည် သူ၏ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို ဒေသခံများထံသို့ စွန့်လွှတ်အနစ်နာခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများအတွက် အထူးအကျိုးပြုမှုများမရှိခဲ့သော်လည်း ရွှမ်းယွမ်ဝူဝေ့အား အခြားသူများ၏ကူညီမှုဖြင့် မသက်မသာခံစားရစေခဲ့သည်ကို တွေးမိသောအခါ ရှောင်းယီ၏စိတ်မှာ အေးချမ်းသွားခဲ့သည်။
“ကောင်းပြီ အရင်ဆုံး သတင်းအချက်အလက်အကြောင်း ပြောကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ယီရန်ပင်း၏ ယုံကြည်ရမှုမှာ သိသာထင်ရှားပေသည်။ ချန်စီ အချိန်ခဏကြာအောင် စဉ်းစားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ အကြောင်းပြန်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်နာရီလောက်က ရွှမ်းယွမ်ဝူဝေ့က ကျုပ်ကို စာချုပ်ကတ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့အဆင့်က C အဆင့် အလယ်လောက်မှာရှိလိမ့်မယ်။ ကျုပ်က C အဆင့်ကို ချိုးဖျက်နိုင်လုနီးပါးဖြစ်နေပြီ။ သူနဲ့စာချုပ်ချုပ်တဲ့အခါတုန်းက စာချုပ်ကြိုးက လုံးဝမခိုင်မာဘူးလို့ ခံစားရတယ်။ စာချုပ်ပြီးဆုံးသွားပေမယ့် ကျုပ်က သူ့ရဲ့အမိန့်တွေကို ခံနိုင်ရည်ရှိနေတယ်။ အဲ့ဒါကြောင့် အခု ခင်ဗျားနဲ့စကားပြောနိုင်နေတာပဲ။”
ထိုစကားကိုကြားလိုက်ရသော ရှောင်းယီ အံ့ဩထိတ်လန့်သွားခဲ့သည်။
“တစ်နည်းပြောရရင် အဆင့်တူတွေရဲ့ စာချုပ်ဆက်ဆံရေးက လုံလောက်အောင်မခိုင်မာဘဲ နှစ်ဖက်စလုံးရဲ့ ခွန်အားပေါ်မှာ မူတည်နေတာပေါ့။”
“အမှန်ပဲ အနည်းဆုံး ကျုပ်အတွက်တော့ အဲ့ဒီလိုပါပဲ။”
ချန်စီက အတိအလင်း ပြန်ဖြေလာခဲ့သည်။
ရှောင်ယီသည် ချက်ချင်းပင် သူ့၏နောက်ကျောမှ ချွေးအေးများ စိမ့်ထွက်လာခဲ့သည်။ သူသည် ချင်းလုံ၊ တပိုင်၊ သားရဲဘုရင် နှင့် ခွန်းယွီတို့ကို တွေးမိလိုက်၏။
သူတို့၏စွမ်းအားသည် သူကိုယ်ပိုင်ခွန်အားထက် သာလွန်နေသည်မှာ သေချာပြီး သူ၏အမိန့်များကို လုံးဝမနာခံဘဲနေနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ရှောင်းယီသည် ပျော်လည်းပျော်ရွှင်နေခဲ့မိ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ၎င်းတို့အား တစ်ခါမျှ မောက်မောက်မာမာ အမိန့်ပေးခြင်းမျိုးမရှိခဲ့ဘဲ ၎င်းတို့အား သူ၏ရဲဘော်ရဲဖက်များအဖြစ် အမြဲသဘောထားခဲ့ပေသည်။
“ဒါဆို အခွင့်အရေးရခဲ့ရင် မင်းရဲ့အခုလက်ရှိအခြေအနေနဲ့ ရွှမ်းယွမ်ဝူဝေ့ကို သတ်နိုင်လား။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“ဖြစ်နိုင်လောက်တယ်။”
ချန်စီက ပြန်ဖြေခဲ့သည်။
“ဒါပေမယ့် ရွှမ်းယွမ်ဝူဝေ့ဘေးမှာ အမြဲတမ်း အစောင့်နှစ်ယောက်ရှိတယ်။ အဲ့ဒါကြောင့် တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့ အခွင့်အရေးမရှိဘူး။”
ရှောင်းယီ ခေါင်းညိတ်၏။
“ဒီသတင်းက ကျုပ်အတွက် အရမ်းအရေးကြီးတယ်။ မင်း အဆင့်မြင့်အစားအစာ ဘယ်လောက်လိုချင်လဲ။”
“B အဆင့်ကို ချိုးဖျက်နိုင်မယ်လို့တော့ မျှော်လင့်မိတယ်။”
ချန်စီက ပြန်ဖြေလိုက်သည်။