ချော်ရည်ကျောက်တုံးမွန်းစတား
Vol. 80 Ch. 1116
"ဒီမျက်နှာဖုံးနှစ်ခုက အတော်လေးထူးခြားနေတယ်"
လီဖူချန်းက လျှောက်လာပြီး နှစ်ယောက်စလုံးရဲ့မျက်နှာဖုံးကို လှန်လိုက်တယ်။
မျက်နှာဖုံးတွေအောက်မှာ မရင်းနှီးတဲ့မျက်နှာနှစ်ခုရှိတယ်။
မျက်နှာဖုံးကတော့ ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ ရောင်းမယ်ဆိုရင် ၎င်းရဲ့တန်ဖိုးက ပုံမှန်ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအတတ်တွေထက် ပိုမြင့်တယ်။ အဲဒါက လုပ်ဆောင်ချက်အမှတ်သန်းအနည်းငယ် အနည်းဆုံးထိုက်တန်တယ်။ နှစ်ခုပေါင်းရင် လုပ်ဆောင်ချက်အမှတ်ဆယ်သန်းနီးပါးရှိမယ်။
မျက်နှာဖုံးတွေအပြင် နှစ်ယောက်လုံးမှာ အခြားပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုရှိတယ်။ သူတို့က လုပ်ဆောင်ချက်အမှတ်စုစုပေါင်းသန်းလေးဆယ်ပတ်လည် ထ်ိုက်တန်တယ်။
ဒါ့အပြင် နှစ်ယောက်လုံးရဲ့နေရာလပ်လက်စွပ်တစ်ခုစီမှာ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်သန်းလောက်ရှိတယ်။
"ငါ ကြီးမားတဲ့အကျိုးမြတ်တစ်ခုရထားတာပဲ"
လီဖူချန်းရဲ့မျက်နှာက အပြုံးတွေနဲ့ ဝေဆာနေတော့တယ်။
သာမန်အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လုပ်ဆောင်ချက်အမှတ်သန်းနှစ်ရာပတ်လည်ထိုက်တန်တယ်။ ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လုပ်ဆောင်ချက်အမှတ်တစ်ဘီလီယံပတ်လည် ထိုက်တန်တယ်။
ဒီတစ်ခါမှာ လီဖူချန်းက လုပ်ဆောင်ချက်အမှတ်စုစုပေါင်း၁.၂၅ဘီလီယံနဲ့ အဆင့်နိမ့်နတ်ဘုရား ကျောက်တုံးဆယ်သန်း ရရှိခဲ့တယ်။
သူတို့အားလုံးကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေအဖြစ် ပြောင်းလဲခဲ့ရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံကျော် ရှိပေလိမ့်မယ်။
ဒီအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကို ဒင်းတို့နှစ်ယောက်ပိုင်ဆိုင်ထားတာမဟုတ်ဘူးလို့ လီဖူချန်းက ယူဆခဲ့တယ်။ သူတို့ကို သူတို့နောက်ကွယ်ကလူက ယာယီပေးထားတာပဲဖြစ်ရမယ်။ ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ။ သူတို့က လီဖူချန်းရဲ့လက်ထဲမှာ ရှိနေမှတော့ သူတို့ကို ပြန်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
"သူတို့အပေါ်မှာ နတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားတစ်ခုခုများရှိနေမလား"
လီဖူချန်းက အတော်လေးသတိထားနေတယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဆီ ဝင်ရောက်ခဲ့တယ်။
သူက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုရဲ့အတွင်းနက်ပိုင်းထဲမှာ နတ်ဘုရားစိတ်ဝိညာဥ်အမှတ်အသားတွေကို တွေ့ရှိခဲ့တယ်။
လီဖူချန်းရဲ့အထွတ်အထိပ်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်နဲ့အတူ သူက အတွင်းရှိနတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးနိုင်တယ်။ ဒီလိုဆိုရင် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အနာဂတ်ပိုင်ရှင်က အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့တည်ရှိမှုကို အာရုံခံဖို့ နတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားကို အသုံးပြုနိုင်လိမ့်မှာမဟုတ်တော့ဘူး။
"အမ်၊ ဒါ ခြေရာခံနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလား"
တစ်ယောက်ရဲ့လက်ပေါ်မှာ လက်စွပ်တစ်ကွင်းကို လီဖူချန်းက သတိပြုမိခဲ့တယ်။ ဒီလက်စွပ်က အလွန်သာမန်ဆန်တယ်။
သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို လက်စွပ်ထဲ ထည့်ပြီးနောက် လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို အာရုံခံနိုင်တယ်။
"ငါ့ကို ခြေရာခံဖို့ သူတို့က ခြေရာခံနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုနေပုံပဲ"
ဒီခြေရာခံနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ခြေရာခံအကွာအဝေးက မိုင်တစ်သောင်းပတ်လည်ရှိတယ်။
"ဒါလဲ ပစ္စည်းကောင်းတစ်ခုပဲ"
အကုန်လုံးကို သိမ်းပြီးနောက် လီဖူချန်းက ချော်ရည်ရေကန်ထဲသို့ အလောင်းနှစ်လောင်းစလုံးကို ပစ်ထည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ပုံရိပ်က ပျောက်ကွယ်သွားတော့တယ်။
..........
"ငါ ချော်ရည်မြက်ခြောက်ပင် ရထားပြီးပြီ"
လီဖူချန်းရဲ့ကံက အတော်လေးကောင်းတယ်၊ သူက ချော်ရည်မြက်တစ်ပင်ဒါမှမဟုတ်နှစ်ပင်ကို နေ့တိုင်း ရှာတွေ့နိုင်ခဲ့တာလေ။
ချော်ရည်မြက်က ကြက်သွေးရွှေရောင်ရှိပြီး အထဲမှာ အခေါင်းပေါက်ဖြစ်နေတယ်။ လိမ္မော်ဝါရောင်အရည်တစ်ခုက အထဲမှာ စီးဆင်းနေပြီး အပူချိန်က မှင်တက်စရာကောင်းလှတယ်။
"အရှေ့မှာ တိုက်ခိုက်နေတဲ့အသံတွေပဲ"
အရှေ့မှာ လီဖူချန်းက စွမ်းအင်းလှိုင်းတစ်ခုထွက်ပေါ်နေတာကို လီဖူချန်းက အာရုံခံမိလိုက်တယ်။
အချိန်တောင်ပံကို ထုတ်ဖော်ပြီးနောက် လီဖူချန်းက တိတ်တဆိတ်ချဉ်းကပ်လာခဲ့တယ်။
"မြေမီးလျှံကျောက်က ငါ့ဟာလို့ ငါ ပြောပြီးပြီ။ မင်းတို့တွေ သေချင်နေတာပဲ"
ဦးချိုတစ်ချောင်း၊ အနီရောင်ဆံပင်နဲ့အဆင့်မြင့်နတ်ဘုရားတစ်ယောက်က ကြက်သွေးရောင်တိုက်ခိုက်ရေးဓားမော့တစ်စုံကို ကိုင်ဆွဲကာ ဓားမော့တစ်ချက်နဲ့ အဆင့်မြင့်နတ်ဘုရားအချို့ကို လွင့်ထွက်သွားစေခဲ့တယ်။
"မီးလျှံကြယ်၊ မင်း လောဘကြီးလွန်းတာပဲ။ ငါတို့တွေ မြေမီးလျှံကျောက်ကို အတူတူရှာတွေ့ခဲ့ကြတာ။ မင်းတစ်ယောက်တည်း ယူလို့ရမယ် ထင်နေတာလား"
"ဟုတ်တယ်လေ၊ ဘာဖြစ်လဲ၊ ငါက မင်းတို့ထက် ပိုသန်မာလို့လေ။ သေကြစမ်း"
မီးလျှံကြယ်က အလွန်အားကောင်းတယ်။ သူက ဓားမော့ကွက်တွေကို ဆက်တိုက်ထုတ်ဖော်ခဲ့ပြီး လေထုက ရဲရဲတောက်ဓားမော့ချီနဲ့ ပြည့်နေတယ်။ ရဲရဲတောက်ဓားမော့ချီအချို့က ကျားတွေ၊ ချီတာတွေ၊ ငှက်မျိုးစုံဖြစ်ပေါ်စေတယ်။ သူတို့က ပုံသဏ္ဍာန်မျိုးစုံနဲ့ ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးစွမ်းအားရှိတယ်။
အဆင့်မြင့်နတ်ဘုရားအတတ်ကို ထုတ်ဖော်ပြီးနောက် မီးလျှံကြယ်က မြေမီးလျှံကျောက်ကို တူးဖော်တော့မယ့်အခိုက်။
"အမ်၊ မြေမီးလျှံကျောက်က ဘယ်ရောက်သွားတာလဲ"
မြေမီးလျှံက အံ့ဩသွားတယ်၊ စောစောကဒီနေရာမှာရှိနေတဲ့မြေမီးလျှံကျောက်က ပျောက်သွားပြီ။ ကျောက်တွင်းတစ်ခုပဲ ကျန်တော့တယ်။
"ဘယ်သူ ငါ့ရဲ့မြေမီးလျှံကျောက်ကို ခိုးသွားတာလဲ"
မီးလျှံကြယ်က ဒေါသတကြီးအော်လိုက်တယ်၊ သူ့မျက်လုံးတွေက အနီရောင်ပြောင်းသွားတယ်။
မီးလျှံကျောက်က မီးတာအိုအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ ၎င်းက အဆင့်မြင့်မီးတာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထုလုပ်ဖို့အတွက် ပစ္စည်းကောင်းဖြစ်ရုံတင်မကဘူး၊ မီးတာအိုနတ်ဘုရားစွမ်းအားကို ကျင့်ကြံရာမှာလဲ အသုံးပြုနိုင်တယ်။ မြေမီးလျှံကျောက်တစ်ခုက နှစ်ဒါဇင်ကျင့်ကြံမှုကို လျော့ချပေးနိုင်တယ်။
မြေမီးလျှံကျောက်ကို မသွားတဲ့သူက လီဖူချန်းပဲလေ။ သူ့ရဲ့လက်ရှိနေရာလပ်တာအိုကျွမ်းကျင်မှုနဲ့ဆိုရင် မြေမီးလျှံကို တိတ်တဆိတ်ယူသွားဖို့က အလွယ်လေးပဲ။
"ဒီမြေမီးလျှံကျောက်က ပုံမှန်မြေမီးလျှံကျောက်ငါးခုလောက်နဲ့ ညီမျှတယ်"
လီဖူချန်းရဲ့လက်ထဲရှိမြေမီးလျှံကျောက်က ခွက်အရွယ်အစားရှိတယ်။ ပုံမှန်မြေမီးလျှံကျောက်က လက်သီးအရွယ်အစားသာရှိတယ်။
အချိန်တွေ ကုန်ဆုံးနေသလို လီဖူချန်းက ချော်ရည်ချောက်မှာ ရောက်ရှိနေတာ ဆယ်ရက်ကျော်ပြီ။
သူ့ရဲ့မဟာ့မဟာကံကောင်းမှုကြောင့်များလား၊ လီဖူချန်းက ချော်ရည်နှလုံးသားသုံးခုနဲ့မြေမီးလျှံကျောက်တစ်ခုတို့ကိုပဲ ရဖို့ ကျန်တော့တယ်။
"ချော်ရည်ကျောက်တုံးမွန်းစတားက ဝိညာဉ်တိုက်ခိုက်မှုတွေကို ပင်ကိုခံနိုင်ရည်ရှိတယ်။ သူတို့နဲ့ ရင်ဆိုင်ရတာ မလွယ်ဘူး"
နတ်ဘုရားကမ္ဘာနဲ့နတ်ဘုရားဟင်းလင်းပြင်မှာတောင် ထူးဆန်းတဲ့သက်ရှိမျိုးစုံရှိတယ်။ အချို့သက်ရှိတွေက နတ်ဘုရားစိတ်ဝိညာဉ်မရှိဘူး ဒါကြောင့် သူတို့က နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို မကြောက်ဘူး။ အချို့သက်ရှိတွေက မသေမျိုးဖြစ်ပြီး မသတ်ဖြတ်နိုင်ဘူး။ အချို့သက်ရှိတွေက ဟင်းလင်းပြင်ကို လွန်းပြန်သွားနိုင်တဲ့စွမ်းရည်နဲ့ မွေးဖွားလာတယ်။
ချော်ရည်ကျောက်တုံးမွန်းစတားတွေက နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုကို မပိုင်ဆိုင်တဲ့ နတ်ဘုရားကမ္ဘာမှ သက်ရှိတစ်မျိုးဖြစ်တယ်။ သူတို့နဲ့ရင်ဆိုင်ဖို့ဆိုရင် ကြီးမားတဲ့အဆင့်မြင့်နတ်ဘုရားအရေအတွက်တစ်ခုကို လိုအပ်လိမ့်မယ်။
ချော်ရည်ချောက်မှာ အကြီးမားဆုံးချော်ရည်ကန်ခုနှစ်ခုရှိတယ်။ ချော်ရည်ကျောက်တုံးမွန်းစတားတွေက ဒီရေကန်ခုနှစ်ခုပတ်လည်မှာပဲ အမြဲလိုလို ကျက်စားလေ့ရှိတယ်။ ဒါပေမယ့် အချိန်အများစုမှာ သူတို့က ချော်ရည်ကန်ထဲမှာပဲ အိပ်စက်ကြတယ်။
ရွှေရောင်ချော်ရည်ကန်တစ်ခုရဲ့အနီးဝန်းကျင်မှာ လီဖူချန်းက အဝေးကို ကြည့်လိုက်တယ်။
"အဲမှာ တစ်ကောင်ရှိနေတာပဲ"
အဝေးမှ ချော်ရည်ရေကန်မှ ဧရာမချော်ရည်သက်ရှိတစ်ကောင်ကို လီဖူချန်းက မြင်လိုက်ရတယ်။
ဒီချော်ရည်သက်ရှိက မီတာငါးဆယ်မြင့်တယ်၊ ၎င်းရဲ့ခန္ဓာကိုယ်ကို ချော်ရည်တွေနဲ့ ပြုလုပ်ထားတယ်။ ချော်ရည်က ပွက်ပွက်ဆူနေတဲ့သွေးပမာ ၎င်းရဲ့ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းတွေမှ တစ်စက်စက်ကျနေတယ်။ ၎င်းရဲ့မျက်လုံးတွေက ကြီးမားတဲ့မီးဘောလုံးတွေပမာ လောင်မြှိုက်နေတယ်။
"ဒီလိုအားကောင်းတဲ့နတ်ဘုရားစွမ်းအားလှိုင်း"
ဒီချော်ရည်ကျောက်တုံးမွန်းစတားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်သိန်းငါးသောင်းကျော်ရှိတယ်။ ရဲရဲတောက်လောင်နေတဲ့နတ်ဘုရားစွမ်းအားက ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေတယ်။
""ချော်ရည်ကျောက်တုံးမွန်းစတားရဲ့အားနည်းချက်က နှလုံးပဲ၊ အဲဒါကို ချော်ရည်နှလုံးလို့လဲခေါ်တယ်။ ငါ ချော်ရည်နှလုံးကို ကြေမွပျက်စီးအောင်လုပ်လိုက်တာနဲ့ ချော်ရည်ကျောက်တုံးမွန်းစတားကို သတ်နိုင်ပြီ။ ဒါပေမယ့် ချော်ရည်နှလုံးက ငါ့မစ်ရှင်တွေထဲကတစ်ခုပဲ၊ ပျက်ဆီးလို့မရဘူး။ နည်းလမ်းတစ်ခုပဲရှိတယ်၊ ချော်ရည်နှလုံးကို တူးထုတ်ရမယ်"
ချော်ရည်နှလုံးပျက်ဆီးသွားမှာကို လီဖူချန်းက ကြောက်တယ်၊ ဒါကြောင့် သူက စပ်ကြောင်းမဲ့ဓားချီကို မထုတ်ဖော်ခဲ့ဘူး။ သူက ဓားချီမူလပြန်သွားခြင်းကို ချော်ရည်ကျောက်တုံးမွန်းစတားထံ ထုတ်ဖော်လိုက်တယ်။
ဖြောက်.......
ဓားဒဏ်ရာတစ်ခုက ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာတယ်။ ဓားဒဏ်ရာက အရမ်းမနက်ခဲ့ဘူး။
ဟိန်းသံ......
ချော်ရည်ကျောက်တုံးမွန်းစတားက ဟိန်းလိုက်ပြီး လီဖူချန်းထံ ပြေးဝင်လာတယ်။
နောက်အခိုက်အတန့်မှာ ဥက္ကာပျံမီးမိုးက လီဖူချန်းထံ တိုက်ခိုက်လာတယ်။
ဥက္ကာပျံမီးမိုးက ချော်ရည်ကျောက်တုံးမွန်းစတားရဲ့မွေးရာပါနတ်ဘုရားအတတ်ဖြစ်တယ်။
အသုံးပြုသူက ဖန်တီးထားခြင်းမဟုတ်တာကြောင့် မွေးရာပါနတ်ဘုရားနတ်ဘုရားအတတ်က သွေးမျိုးဆက်နတ်ဘုရားအတတ်နဲ့ တူတယ်။
ခြားနားချက်ကတော့ မွေးရာပါနတ်ဘုရားအတတ်က အသုံးပြုသူမှ စတင်တာဖြစ်ပြီး သွေးမျိုးဆက်နတ်ဘုရားအတတ်က ဘိုးဘေးမှာ စတင်တာဖြစ်တယ်။
ဒါပေမယ့် သက်ရှိတိုင်းက မွေးရာပါနတ်ဘုရားအတတ်ကို မပိုင်ဆိုင်ပါဘူး။ ပုံမှန်အားဖြင့် ရှားပါတဲ့ဒါမှမဟုတ်ထူးခြားတဲ့သက်ရှိတွေကပဲ မွေးရာပါနတ်ဘုရားအတတ်ကို ပိုင်ဆိုင်တယ်။ ချော်ရည်ကျောက်တုံးမွန်းစတားက နတ်ဘုရားကမ္ဘာရဲ့ထူးခြားတဲ့သက်ရှိတွေထဲကတစ်ခုဖြစ်တယ်။
လီဖူချန်းက ချော်ရည်ကျောက်တုံးမွန်းစတားရဲ့တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ချင်တာကြောင့် ဥက္ကာပျံမီးမိုးကို ခုခံခဲ့တယ်။
"ငါ ခံနိုင်ရည်ရှိသေးတယ်"
ဥက္ကာပျံမီးမိုးက မီးနဲ့မြေကြီးနှစ်မျိုးစွမ်းပကားအတတ်တစ်ခုဖြစ်တယ်။ ၎င်းမှာ မီးရဲ့ဖိနှိပ်ခြင်းနဲ့ မြေရဲ့အလေးချိန်ပါဝင်တယ်။ ၎င်းမှာ အလွန်အားကောင်းတဲ့တိုက်ခိုက်ရေးစွမ်းအားရှိတယ်။ လီဖူချန်းနေရာမှာ အခြားအထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတစ်ယောက်ယောက်ဆိုရင် ထိုသူက အသားအစအနတွေ ဖြစ်သွားလောက်ပြီ။
ဥက္ကာပျံမီးမိုးက လီဖူချန်းကို ဘာမှမလုပ်နိုင်တာကို မြင်ပြီး ချော်ရည်ကျောက်တုံးမွန်းစတားရဲ့မျက်လုံးတွေက ပေအနည်းငယ်ရှည်တဲ့မီးလျှံတွေ အန်ထွက်လာပြီး လီဖူချန်းထံ လက်သီးတစ်လုံးဝင်လာတယ်။
လက်သီးက ပေါက်ကွဲထွက်သွားတဲ့အခါ ချော်ရည်ကျောက်တုံးမွန်းစတားရဲ့လက်သီးနဲ့လက်မောင်းက ချော်ရည်မီးနဂါးတစ်ကောင်အဖြစ် ပြောင်းသွားတယ်။ ၎င်းမှာ ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုရှိတယ်။
မွေးရာပါနတ်ဘုရားအတတ်၊ ချော်ရည်နဂါးပေါက်ကွဲခြင်း။
အုန်း.......
လီဖူချန်းက လွင့်ထွက်သွားတယ်။ ဒီအကွက်ရဲ့စွမ်းအားက ဥက္ကာပျံမီးမိုးထက် အဆများစွာပိုသန်မာပြီး ၎င်းက အဆုံးစွန်းတိုက်ခိုက်ရေးနတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
"ဒါ အားကောင်းလွန်းမနေဘူးလား"
လီဖူချန်းက ပြောစရာစကားမရှိဖြစ်သွားတယ်။ သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်သိန်းရှိပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားပေ့င်းစပ်မှုက ငါးဆယ်ရာခိုင်နှုန်းမှာ ရှိတယ်။ နှစ်ခုလုံးက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်မှာရှိတယ်။
သန်မာတဲ့၊အားနည်းတဲ့ချော်ရည်ကျောက်တုံးမွန်းစတားဆိုပြီးရှိတာ လီဖူချန်းက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ လီဖူချန်းရင်ဆိုင်ရတဲ့ချော်ရည်ကျောက်တုံးမွန်းစတားက ပိုသန်မာတယ်လို့ ဆိုနိုင်တယ်။ ပိုအားနည်းတဲ့ချော်ရည်ကျောက်တုံးမွန်းစတားတွေက အမြင့်အားဖြင့် ငါးဆယ်မီတာအောက်ရှိကြတယ်။
"ငါ ဒီအတိုင်း ဆက်သွားလို့မရဘူး"
ချော်ရည်ကျောက်တုံးမွန်းစတားရဲ့လက်သီးက လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားတို့ရဲ့သိသာတဲ့ပမာဏတစ်ခုကို ကုန်ဆုံးစေခဲ့တယ်။ တုံ့ဆိုင်းခြင်းမရှိဘဲ လီဖူချန်းက အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့စပ်ကြောင်းမဲ့ဓားချီကို ထုတ်ဖော်ခဲ့တယ်။
စပ်ကြောင်းမဲ့ဓားချီက ချောမွေ့စွာ ဝင်ရောက်လာတယ်။ ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ရင်ဘက်မှာ မမြင်နိုင်တဲ့အက်ကြောင်းတစ်ခုထွက်ပေါ်လာပြီး ဓားချီက ချက်ချင်း စိမ့်ဝင်သွားတယ်။
ဖြောက်.....
ချော်ရည်ကျောက်တုံးမွန်းစတားရဲ့မီးဘောလုံးမျက်လုံးတွေက မီးလျှံတွေ လောင်ကျွမ်းနေတယ်၊ မီးလျှံတွေက ငြှိမ်းသက်သွားတယ်။ ၎င်းရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်သွားတယ်။
ချော်ရည်နှလုံးကတော့ သွားပြီပေါ့လေ။
ခါးသီးစွာရယ်လျက် လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်။
သူ့ဓားကွက်က မယုံနိုင်လောက်အောင်အားကောင်းသွားခဲ့တယ်လေ။ ၎င်းက ချော်ရည်ကျောက်တုံးမွန်းစတားရဲ့နှလုံးကို ကြေမွစေရုံသာမက ချော်ရည်ကျောက်တုံးမွန်းစတားကိုပါ သေစေခဲ့တယ်။ ဒါက လီဖူချန်းမြင်ချင်တဲ့အရာမဟုတ်ပါဘူး။
ရွှေရောင်ချော်ရည်ရေကန်က ကြီးမားပြီး မိုင်သောင်းအနည်းငယ်အချင်းဝက်ရှိတယ်။ ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက နောက်ဆုံးမှာ ဒုတိယမြောက်ချော်ရည်ကျောက်တုံးမွန်းစတားကို ရှာတွေ့ခဲ့တယ်။
ဒီချော်ရည်ကျောက်တုံးမွန်းစတားက အမြင့်လေးဆယ်မီတာရှိပြီး နတ်ဘုရားစွမ်းအားလှိုင်းက အရင်တစ်ကောင်ထက် ပိုအားနည်းတယ်။ ဒါပေမယ့် ၎င်းက လီဖူချန်းက ပိုသန်မာနေသေးပြီး နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်သိန်းသုံးသောင်းပတ်လည်ရှိတယ်။
အရင်အတွေ့အကြုံနဲ့အတူ လီဖူချန်းက စပ်ကြောင်းမဲ့ဓားချီကို ချုပ်ထိန်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ၎င်းက ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ရင်ဘက်ထဲကို ဝင်ရောက်ခဲ့တယ်။ သူက မပေါက်ကွဲစေဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။
ဒါပေမယ့် စပ်ကြောင်းမဲ့ဓားချီရဲ့လက္ခဏာက ထူးခြားလွန်းတယ်။ စပ်ကြောင်းမဲ့ဝင်ရောက်ခြင်းက ၎င်းရဲ့အဓိကသဘောတရားဖြစ်ပြီး ထိန်းချုပ်ရတာ မလွယ်ပါဘူး။ ဒါကြောင့် လီဖူချန်းက ချော်ရည်နှလုံးကို တိုက်ရိုက်မထိတွေ့ရင်တောင် ချော်ရည်နှလုံးက အက်ကြောင်းတွေထွက်ပေါ်လာပြီး ပေါက်ကွဲထွက်သွားရတယ်။
"ဒါကြီးက မဟုတ်တော့ဘူး။ စပ်ကြောင်းမဲ့ဓားချီက မညင်သာလှဘူး။ ငါ လှုပ်ရှားတာနဲ့ သေကြေပျက်ဆီးမှုတွေ ဖြစ်လာတယ်"
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါ ဟုတ်တယ်၊ ငါ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို မေ့နေတာပဲ"
လီဖူချန်းက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ငွေရောင်တူကို ယူထုတ်လိုက်တယ်။
ငွေရောင်တူကို သန့်စင်ပြီးနောက် ၎င်းကို ကောင်းကင်တုန်လှုပ်တူလို့ခေါ်မှန်း လီဖူချန်းက သိလိုက်တယ်။ ၎င်းမှာ ကောင်းကင်တုန်လှုပ်နတ်ဘုရားစွမ်းအားပါဝင်ပြီး အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့ကာင်းကင်တုန်လှုပ်တူအရိပ်ရှိတယ်။
ကိုင်ဆောင်သူက သူ့ရဲ့နတ်ဘုရားစွမ်းအားကို တူထဲသို့ ထည့်သွင်းပြီးနောက် ကောင်းကင်တုန်လှုပ်တူက နတ်ဘုရားစွမ်းအားကို ကောင်းကင်တုန်လှုပ်စွမ်းအားအဖြစ် ချက်ချင်းပြောင်းလဲလိမ့်မယ်။ ဒါက အဆင့်မြင့်နတ်ဘုရားလက်နက်တစ်လက်က ဒီလောက်အားကောင်းရတဲ့အကြောင်းပြချက်လဲ ဖြစ်တယ်။
ဒါပေမယ့် ကိုင်ဆောင်သူက သူ့ရဲ့နတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားနည်းစနစ်ကို ပိုယုံကြည်ရင် သူက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့အတူပါလာတဲ့ပြောင်းလဲခြင်းအင်းကွက်ဒါမှမဟုတ်အဆင့်မြင့်နတ်ဘုရားအတတ်ကို အသုံးမပြုဖို့ ရွေးချယ်နိုင်တယ်။ ပြောင်းလဲခြင်းအင်းကွက်အပြင် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမှာ အရေးကြီးဆုံးဖြစ်တဲ့မြှင့်တင်ခြင်းအင်းကွက်တို့လို အခြားအင်းကွက်တွေလဲရှိတယ်။
အင်းကွက်နဲ့နတ်ဘုရားအတတ်တွေနဲ့အတူ ၎င်းက လီဖူချန်းအတွက် အလွန်ကောင်းတဲ့ပစ္စည်းတစ်ခုပါပဲ။ သို့မဟုတ်ရင် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက သူ့အတွက်သင့်တော်မှာမဟုတ်ဘူး။ တူတာအိုနတ်ဘုရားအတတ်မရှိရင် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက သာမန်မျှပါပဲ။
ကောင်းကင်တုန်လှုပ်တူကို ကိုင်ဆွဲလျက် လီဖူချန်းက ဓားတာအိုနတ်ဘုရားစွမ်းအားကို ထည့်သွင်းလိုက်တယ်။
နောက်အခိုက်အတန့်မှာ လိမ့်တက်လာတဲ့ဓားတာအိုနတ်ဘုရားစွမ်းအားကို ပစ္စည်းအင်းကွက်က ကောင်းကင်တုန်လှုပ်နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲခဲ့တယ်။ မြှင့်တင်ပြီးနောက် ကောင်းကင်တုန်လှုပ်နတ်ဘုရားစွမ်းအားက လီဖူချန်းရဲ့ကိုယ်ပိုင်ဓားတာအိုနတ်ဘုရားစွမ်းအားထက် အများကြီးသာလွန်တယ်။ ထို့နောက် ၎င်းက လှ့ည်ပတ်သွားပြီး ကောင်းကင်တုန်လှုပ်တူရဲ့တစ်ခုတည်းသောအဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့ကောင်းကင်တုန်လှုပ်တူအရိပ်ကို အသက်သွင်းလိုက်တယ်။
"သွားစို့"
တူအရိပ်က ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားတယ်။
ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ခန္ဓာကိုယ်က တုန်ခါသွားပြီး ပေါက်ကွဲသွားကာ အတွင်းရှ်ိချော်ရည်နှလုံးက ထွက်ပြူလာတယ်။
"အခွင့်အရေးကောင်းပဲ"
လီဖူချန်းက အချိန်တောင်ပံကို ထုတ်ဖော်ပြီး ချော်ရည်နှလုံးကို ဆုတ်ကိုင်လိုက်တယ်။ ထို့နောက် သူက ဓားတာအိုနတ်ဘုရားစွမ်းအားကို အသုံးပြုကာ ချော်ရည်နှလုံးကို ဝန်းရံလိုက်ပြီး ၎င်းပြန်ကောင်းလာခြင်းမှ ကာကွယ်လိုက်တယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း......
ချော်ရည်နှလုံးက အဆက်မပြတ်ကျုံ့လိုက်ချဲ့လိုက်ဖြစ်နေတယ်။ အချိန်တစ်ခုကြာပြီးမှ ၎င်းက တည်ငြိမ်သွားခဲ့တယ်။
"ဒါကို စောစောက သိခဲ့ရင် ဒီလောက်ထိဒုက္ခရောက်စရာမလိုတော့ဘူး"
ကောင်းကင်တုန်လှုပ်တူက ဒီလောက်ထိအသုံးဝင်လိမ့်မယ်လို့ လီဖူချန်းက မမျှော်လင့်ထားဘူး။ ၎င်းက ချော်ရည်ကျောက်တုံးမွန်းစတားကို ရင်ဆိုင်ဖို့ အကောင်းဆုံးလက်နက်ဖြစ်တယ်။
ဒါပေမယ့် ဒါက နားလည်နိုင်ပါတယ်။ ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လုပ်ဆောင်ချက်အမှတ်တစ်ဘီလီယံထိုက်တန်တာလေ။ ချော်ရည်ကျောက်တုံးမွန်းစတားတစ်ကောင်ကိုတောင် မရင်ဆိုင်နိုင်ရင် ဟာသတစ်ခုပေါ့။
"ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကတောင် ဒီလောက်အားကောင်းတာ။ ထူးကဲဒါမှမဟုတ်ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားတွေဆိုရင် ဘယ်လိုတောင် ဖြစ်နေမလဲ......."
ကောင်းကင်တုန်လှုပ်တူရဲ့အဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့ကောင်းကင်တုန်လှုပ်တူအရိပ်က ပျမ်းမျအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုသာဖြစ်ပြီး အံ့မခန်းဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ ကောင်းကင်တုန်လှုပ်တူရဲ့ကိုယ်ပိုင်နတ်ဘုရားစွမ်းအားကသာ အဆင့်မြင့်နတ်ဘုရားအများစုနဲ့ တူညီသလောက်ရှိတယ်။
အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးကြောက်စရာကောင်းတဲ့အရာကတော့ သူတို့က ကိုင်ဆောင်သူရဲ့နတ်ဘုရားစွမ်းအားကို နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်တာပဲ။ ဒိီလိုဆိုရင် နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့နတ်ဘုရားစွမ်းအားက အကြီးအကျယ်တိုးမြင့်လာလိမ့်မယ်။ ဘယ်လောက်ထိ တိုးမြင့်လာမလဲဆိုတော့ ကိုင်ဆောင်သူရဲ့နတ်ဘုရားစွမ်းအားအပေါ် မူတည်လာလိမ့်မယ်။
လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက အဆင့်မြင်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်မှာ ရှိတယ်။ ၎င်းကို ကောင်းကင်တုန်လှုပ်နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပြီးနောက် အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်ကို ချိုးဖြတ်ခဲ့တာပေါ့။ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကလဲ အဆအနည်းငယ်တိုးလာတယ်။ ဒိီလိုအားကောင်းတဲ့နတ်ဘုရားစွမ်းအားရှိနေမှတော့ ဘယ်လိုအဆင့်မြင့်နတ်ဘုရားအတတ်ကို အသုံးပြုနေပါစေ၊ ၎င်းက အလွန်အမင်းကြောက်စရာကောင်းနေပေလိမ့်မယ်။