← Chapters

သွေးခြင်္သေ့ဂိုဏ်း

Vol. 80 Ch. 1117

သွေးခြင်္သေ့ဂိုဏ်း

Vol. 80 Ch. 1117

ထို့နောက် လီဖူချန်းက ဒီနည်းလမ်းအတိုင်းပဲ နောက်ထပ်ချော်ရည်နှလုံးတစ်ခုကို ယူလိုက်တယ်။

"နောက်တစ်ခုပဲ ကျန်တော့တယ်"

လီဖူချန်းက တက်ကြွလာတယ်။

"ပစ်မှတ်က ဒီမှာပဲ။ မင်းတို့‌တွေ လှုပ်ရှားတော့"

နတ်ဘုရားစွမ်းအားကိုဖြတ်တောက်နိုင်တဲ့အက်ကြောင်းတစ်ခုထဲမှာ ပုံရိပ်ဒါဇင်ကျော်က ပြေးထွက်လာပြီး လီဖူချန်းကို ဝိုင်းရံလိုက်တယ်။ ခေါင်းဆောင်ဖြစ်တဲ့ငွေရောင်ဆံပင်နဲ့လူက စကားတစ်လုံးမှ မပြောဘဲ ဟင်းလင်းပြင်ထံ နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ ဟင်းလင်းပြင်က ချက်ချင်း မထိုးဖောက်နိုင်ဖြစ်သွားတယ်။

ဘယ်ဘက်ရှိအစိမ်းရောင်ဆံပင်နဲ့အမျိုးသမီးရဲ့မျက်လုံးတွေက နတ်ဆိုးစိတ်ဝိညာဉ်ပမာ အစိမ်းရောင်နဲ့အဖြူရောင်ပြောင်းသွားတယ်။ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက သရဲမီးလျှံတွေအဖြစ် ပြောင်းသွားပြီး လီဖူချန်းရဲ့ဝိညာဉ်ပင်လယ်ထံ တိုက်ခိုက်လာတယ်။

အလယ်ရှိသွေးရောင်ဆံပင်နဲ့လူက နတ်ဘုရားစွမ်းအားကို ပေါက်ကွဲထွက်စေလိုက်တယ်၊ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်သိန်းကို ကျော်လွန်သွားတယ်။ သူက လီဖူချန်းရဲ့တည်ရှိမှုကို ပိတ်ထားလိုက်တယ်။

"အမဲလိုက်အဖွဲ့၊ မင်းတို့က နာမည်ကြီးသွေးခြင်္သေ့လူဆိုးဂိုဏ်းပဲဖြစ်ရမယ်"

လီဖူချန်းက မကြောက်ရွံ့သွားပါဘူး။

သူက ချော်ရည်ချောက်မှာ မစ်ရှစ်တစ်ခုအတွက် ရောက်ရှိနေမှတော့ ဒါကို  လေ့လာထားပြီးပြီပေါ့။

ချော်ရည်ချောက်က ကြယ်နှစ်လုံးအဆင့်မြင့်အန္တရာယ်နယ်မြေတစ်ခုဖြစ်ပြီး ၎င်းက အန္တရာယ်တွေနဲ့ ပြည့်နေတယ်၊ ဒါပေမယ့် အခွင့်အလမ်း‌တွေလဲ အများကြီးရှိတယ်။ ၎င်းက ကြီးမားတဲ့အဆင့်မြင့်နတ်ဘုရားပမာဏတစ်ခုကို ဒီနေရာကို စွန့်စားခရီးထွက်ဖို့ ဆွဲဆောင်ခဲ့တယ်။

အမဲလိုက်ခြင်းနဲ့သတ်ဖြတ်ခြင်းတို့ကိုပဲ အဓိကထားတဲ့အမှောင်အဖွဲ့အစည်းအချို့လဲ ရှိတယ်။

သွေးခြင်္သေ့လူဆိုးဂိုဏ်းက အဆင့်မြင့်နတ်ဘုရားတွေဖွဲ့စည်းထားတဲ့အမဲလိုက်အဖွဲ့တစ်ခုဖြစ်တယ်။    ရှာဖွေဖော်ထုတ်ခြင်းက သူတို့ရဲ့ဒုတိယမစ်ရှင်သာဖြစ်တယ်။ သူတို့ရဲ့အဓိကမစ်ရှင်က အဆင့်မြင့်နတ်ဘုရားတွေကို အမဲလိုက်ပြီး သူတို့ရဲ့ကြွယ်ဝမှုကို လုယက်တာပါပဲ။

သူတို့တွေ ချော်ရည်ချောက်မှာ ရှိတာ နှစ်ဒါဇင်ကျော်ပြီ၊ အဆင့်မြင့်နတ်ဘုရားတစ်ရာလောက်ကို အနည်းဆုံးသတ်ဖြတ်ပြီးပြီ။ သူတို့အထဲမှာ ပထမတန်းစားအဆင့်မြင့်နတ်ဘုရားတွေ၊ အစစ်အမှန်နတ်ဘုရားဂိုဏ်းတွေရဲ့ပင်မတပည့်တွေ အမြောက်အများပါရှိတယ်။

အကြွင်းမဲ့အရေအတွက်နဲ့ ရင်ဆိုင်ရတဲ့အခါ ပထမတန်းစားအဆင့်မြင့်နတ်ဘုရားတွေနဲ့အစစ်အမှန်နတ်ဘုရားဂိုဏ်းရဲ့ပင်မတပည့်တွေက ဘာမှမဟုတ်တော့ပါဘူး။ တိုက်ခိုက်မှုတစ်ပတ်က  သူတို့ကို သတ်ဖြတ်ဖို့ လုံလောက်တယ်။

သူတို့တွေ ဒီလောက်ထိ အကြောက်အရွံ့မဲ့နေတာဆိုတော့ သူတို့မှာ မှီခိုအားထားစရာတစ်ခုခုရှိလို့ပေါ့။

ပထမ၊ ချော်ရည်ချောက်က ကြီးမားပြီး ရှုပ်ထွေး‌တဲ့မြေအနေအထားရှိတယ်။ နတ်ဘုရားစွမ်းအားကို ဖြတ်တောက်နိုင်တဲ့ သဘာဝအတိုင်းဖြစ်လာတဲ့အားစက်ကွင်းတွေရှိတယ်။ ဒါကြောင့် အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဝင်လာရင်တောင် သူတို့က ပစ်မှတ်တစ်ခုကို တွေ့ဖို့ လွယ်ကူမှာမဟုတ်ဘူး။

ဒုတိယ၊ သွေးခြင်္သေ့ဂိုဏ်းမှာ ခေါင်းဆောင်သုံးယောက်ရှိတယ်။ ခေါင်းဆောင်ချုပ်ဖြစ်တဲ့သွေးခြင်္သေ့က ပထမတန်းစားအဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့စွမ်းအားက အားမနည်းဘူး၊ သူက သူ့ရဲ့ကိုယ်ပိုင်နားလည်မှုစွမ်းရည်အပေါ်  မှီခိုပြီး ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့သွေးခြင်္သေ့ကောင်းကင်ဘုံဝါးမျိုလက်သီးကို ဖန်တီးခဲ့တယ်။ ဒါပေမယ့် ဒီလောက်နဲ့ သူက သွေးခြင်္သေ့ဂိုဏ်းရဲ့ခေါင်းဆောင်ချုပ်မဖြစ်လာနိုင်ဘူး၊ သွေးခြ‌င်္သေ့တစ်ဂိုဏ်းလုံးကို မခြိမ်းခြောက်နိုင်ဘူး။

သွေးခြင်္သေ့နဲ့ပတ်သက်ပြီး အမှန်တကယ်ကြောက်စရာကောင်းတဲ့အရာကတော့ သူက သာမန်အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခုဖြစ်တဲ့သွေးခြင်္သေ့ချပ်ဝတ်ကို ရရှိထားတာပဲ။ သွေးခြင်္သေ့ချပ်ဝတ်နဲ့ဆိုရင် သွေးခြင်္သေ့ရဲ့ခုခံမှုက ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီ။ သာမန်အဆင့်မြင့်နတ်ဘုရားတွေက သူ့ခံစစ်ကို လုံးဝမချိုးဖြတ်နိုင်ဘူး။ ဒါ့အပြင် သွေးခြင်္သေ့ချပ်ဝတ်ရဲ့မြှင့်တင်ပေးမှုအောက်မှာ သွေးခြင်္သေ့ရဲ့နတ်ဘုရားစွမ်းအားကို တစ်ဟုန်ထိုးထောင်တက်သွားစေတယ်။ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အဆင့်မြင်နတ်ဘုရားတွေရဲ့အကန့်အသတ်ကိုတောင် ကျော်လွန်သွားခဲ့တယ်။

သွေးခြင်္သေ့ဂိုဏ်းရဲ့ဒုခေါင်းဆောင်ကို  ငွေခြင်္သေ့လို့ ခေါ်တယ်။ သူလဲပဲ ပထမတန်းစားအဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူမှာ အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခုမရှိပေမယ့် သူက နေရာလပ်တာအိုကို ကျင့်ကြံထားခဲ့တယ်။ ဒါ့အပြင် သူက ထူးကဲအဆင့်မြင့်နေရာလပ်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့ဟင်းလင်းပြင်ပိတ်လှောင်ခြင်းကို ဖန်တီးခဲ့တယ်။ သူက ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို ချိတ်ပိတ်နိုင်ပြီး ရန်သူတွေ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

အချိန်အများစုမှာ သွေးခြင်္သေ့ဂိုဏ်းက ငွေခြင်္သေ့ရဲ့အတတ်ကို မှီခိုပြီး ရန်သူတွေကို သတ်ဖြတ်ခဲ့ကြတယ်။ တကယ်‌တော့ ရန်သူတွေက အရူးမဟုတ်ပါဘူး။ ဒုက္ခဖြစ်ပြီးဆိုတာသိတာနဲ့ သူတို့က ထွက်ပြေးကြမှာပေါ့။ သူတို့မှာ သူတို့ရဲ့ရန်သူကို ပိတ်လှောင်ဖို့ နည်းလမ်းမရှိခဲ့ရင် သွေးခြ‌င်္သေ့ဂိုဏ်းက အောင်မြင်ဖို့အခွင့်အလမ်းအများကြီးနိမ့်ကျလာလိမ့်မယ်။

မိုးပြာရောင်ခြင်္သေ့က ခေါင်းဆောင်သုံး‌‌ယောက်ထဲမှာ အားအနည်းဆုံးဖြစ်တယ်။ သူမက သာမန်အဆင့်မြင့်နတ်ဘုရားတစ်ယောက်သာဖြစ်တယ်။ ဒါပေမယ့် သွေးခြ‌‌င်္သေ့ဂိုဏ်းရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ကလဲ မိုးပြာရောင်ခြ‌င်္သေ့ပါပဲ။

အကြောင်းကတော့ မိုးပြာရောင်ခြင်္သေ့က ဝိညာဉ်တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်လို့ပဲ။ သူမရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မွေးရာပါအားကောင်းတယ်။ သူမက သာမန်အဆင့်မြင့်နတ်ဘုရားတစ်ယောက်သာဖြစ်ပေမယ့် သူမရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်ကို ကျော်လွန်ပြီး အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်။

ဒါ့အပြင် သူမက အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်အချို့ကိုလဲ ရရှိထားခဲ့တယ်။ သူမက တိုက်ပွဲထဲမှာ လုံးဝပြိုင်ဘက်ကင်းတယ်။

ဒါကို စဉ်းစားကြည့်ရအောင်၊ မင်းက တိုက်ပွဲမှာ အသည်းအသန်ဖြစ်နေတယ်၊ မင်းရဲ့ရန်သူက နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို အသုံးပြုလိုက်ရင် မင်းက ဒဏ်ရာမရရင်တောင် မင်းက အချိန်ခဏတာအထိ စိတ်ပျံ့လွင့်သွားရလိမ့်မယ်။ နှစ်ဖက်လုံးကြားခွန်အားညီမျှနေတဲ့အဆင့်မြင့်နတ်ဘုရားတွေအကြားတိုက်ပွဲတစ်ခုမှာ စိတ်ပျံ့လွင်တာက ဘာလဲဆိုတာ စိတ်ကူးယဉ်ဖို့ ခက်ခဲတယ်။

အတိုချုပ်အားဖြင့် သွေးခြင်္သေ့ဂိုဏ်းက အဆင့်မြင့်နတ်ဘုရားတွေကို အမဲလိုက်တဲ့အခါ ပုံစံတစ်ခုသာရှိတယ်။ ပထမ၊ ငွေခြင်္သေ့က ပစ်မှတ်ကို ပိတ်ထားမယ်၊ ပစ်မှတ်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ဒဏ်ရာရစေဖို့ဒါမှမဟုတ်စိတ်ပျံ့လွင်စေဖို့ မိုးပြာရောင်ခြ‌င်္သေ့က နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ဖော်ထုတ်မယ်။ ပြီးရင်တော့ သွေးခြ‌င်္သေ့အပါအဝင်အားလုံးကို တိုက်ခိုက်လာကြမယ်။

ပထမတန်းစားအဆင့်မြင့်နတ်ဘုရားတစ်ယောက်ကိုအသာထား၊ အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတစ်ယောက်ကတောင် သွေးခြ‌င်္သေ့ဂိုဏ်းရဲဲ့တိုက်ခိုက်မှုတစ်ပတ်တည်းနဲ့ ရှုံးနိမ့်သွားရလိမ့်မယ်။

ပစ်မှတ်က ‌သွေးခြ‌င်္သေ့လို အဆင့်မြင့်နတ်ဘုရားချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားတာ ဒါမှမဟုတ် ထူးကဲအဆင့်မြင့်နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးထားတာ မဟုတ်ရင်ပေါ့။ ဒါပေမယ့် ဒီလိုလူတွေက ရှားပါးလွန်းပြီး သွေးခြင်္သေ့ဂိုဏ်းက တစ်ခါမှ မရင်ဆိုင်ရသေးပါဘူး။

"တိုက်ကြ"

သွေးခြင်္သေ့က ခေါင်းဆောင်လျက် နတ်ဘုရားအတတ်ဒါဇင်ကျော်က ထွန်းတောက်တဲ့အလင်းတွေ ထုတ်လွှတ်လာပြီး လီဖူချန်းကို နစ်မြုပ်သွားတယ်။

"သွေးခြ‌င်္သေ့ဂိုဏ်းက ဒီလောက်ကျော်ကြားတာ အံ့ဩစရာမရှိဘူးပဲ။ ပုံမှန်ပထမတန်းစားအဆင့်မြင့်နတ်ဘုရားတွေဒါမှမဟုတ်အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတွေက သူတို့ရဲ့တိုက်ခိုက်မှုတစ်ပတ်ကိုတောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး" လီဖူချန်း ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားသလဲကို မသိဘူး၊ သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာ သူက သွေးခြင်္သေ့ဂိုဏ်းရဲ့ညာဘက်ကို ရောက်ရှိနေပြီဖြစ်တယ်။

"ဘာ။ မဖြစ်နိုင်ဘူး"

ငွေခြင်္သေ့ရဲ့မျက်နှာက ရှုပ်ထွေးမှုအပြည့်ဖြစ်သွားတယ်။

သူက နေရာလပ်ဇုန်ကို ချိတ်ပိတ်ထားပါတယ်၊ လီဖူချန်းက ဘယ်လိုလုပ်ပြီး လွတ်မြောက်သွားတာလဲ။ ဒါ့ပြင် သူက ဘာတစ်ခုကိုမှ မခံစားမိဘူးပဲ။

လီဖူချန်းလဲ နေရာလပ်တာအိုကို ကျွမ်းကျင်ပြီး ပြီးပြည့်စုံခြင်းအဆင့်မြင့်နေရာလပ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တာများလား။

မဟုတ်ဘူး၊ ပြီးပြည့်စုံခြင်းအဆင့်မြင့်နေရာလပ်နတ်ဘုရားအတတ်တစ်ခုဆိုရင်တောင် လီဖူချန်းက လွတ်မြောက်နိုင်ပေမယ့် သူ့အနေနဲ့ ဘာတစ်ခုမှ အာရုံမခံမိဖို့က မဖြစ်နိုင်ဘူး။

"ဒါ နေရာလပ်-အချိန်နတ်ဘုရားအတတ်တစ်ခုပဲ"

ငွေခြင်္သေ့က အခုမှ နားလည်သွားတယ်။

လီဖူချန်းက နေရာလပ်-အချိန်တာအိုကို လျှောက်လမ်းနေတာပဲ ဖြစ်ရမယ်။

နေရာလပ်-အချိန်တာအိုက နေရာလပ်တာအိုနဲ့အချိန်တာအိုထက် ပိုမြင့်တယ်။ ငွေ‌ခြင်္သေ့ရဲ့နေရာလပ်တာအိုကျွမ်းကျင်မှုက လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုကျွမ်းကျင်မှုထက် ပိုမမြင့်ရင် သူက လီဖူချန်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်မှာမဟုတ်ဘူး။

"ဒါ ဒုက္ခများတာပဲ"

ငွေခြင်္သေ့က မျက်မှောင်ကြုတ်လိုက်တယ်။

နေရာလပ်-အချိန်တာအိုကျင့်ကြံသူတွေက ရင်ဆိုင်ရတာ အလွန်ခက်ခဲတယ်။ ခွန်အားကွာခြားချက်က မကြီးမားရင် သူတို့ကို သတ်ဖို့ မဖြစ်နိုင်ဘူး။

I

တကယ်တော့ နေရာလပ်-အချိန်တာအိုကျင့်ကြံသူတစ်ယောက်ကိုအသာထား၊ အချိန်တာအိုဒါမှမဟုတ်နေရာလပ်တာအိုကျင့်ကြံသူတစ်ယောက်ကတောင် ရင်ဆိုင်ရတာ အလွန်အမင်းခက်ခဲနေပါပြီ။

မိုးပြာရောင်ခြင်္သေ့ကလဲ စိတ်ရှုပ်ထွေးသွားတယ်။ သူမရဲ့တစ္ဆေမျက်လုံးစိတ်ဝိညာဉ်မီးက လီဖူချန်းကို ထိမှန်သွားတာ ရှင်းနေပါတယ်၊ ဘာလို့ လီဖူချန်းက ထိခိုက်မှုတစ်ခုတောင် မရှိရတာလဲ။

သူမရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အကြိုနတ်ဘုရားအစစ်အမှန်အဆင့်မှာရှိတယ်။ သူမက ထူးကဲအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်ဖြစ်တဲ့ တစ္ဆေမျက်လုံးစိတ်ဝိညာဥ်မီးကို ဖော်ထုတ်တဲ့အခါ  အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အလွယ်တကူပျောက်ကွယ်သွားစေနိုင်တယ်။ တကယ်တော့ နတ်ဘုရားစိတ်ဝိညာဉ်က နတ်ဘုရားခန္ဓာကိုယ်မဟုတ်ပါဘူး။ နတ်ဘုရားစိတ်ဝိညာဉ်က အားနည်းလွန်းပြီး ခုခံနိုင်စွမ်းမရှိဖြစ်တယ်။ တစ်စုံတစ်ယောက်က နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို မကျင့်ကြံထားရင် နတ်ဘုရားစိတ်ဝိညာဉ်က လူတိုင်းရဲ့အားနည်းချက်ဖြစ်ပေလိမ့်မယ်။

တစ်စုံတစ်ယောက်က နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ကျင့်ကြံထားရင်တောင် အချိန်တိုင်းမှာ သတိကပ်နေမှာမဟုတ်ဘူး။ သတိမဲ့တဲ့အခိုက်အတန့်တစ်ခုအမြဲတမ်းရှိပေလိမ့်မယ်။

ချွင်းချက်တစ်ခုပဲရှိတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ထားခြင်းပဲ။

နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ကိုင်ဆောင်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အချိန်တိုင်းမှာ ကာကွယ်နိုင်တယ်။

နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ပုံမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် အဆမရေမတွက်များစွာ ပိုတန်ဖိုးရှိတယ်။ အစစ်အမှန်နတ်ဘုရားတွေကတောင် နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို မပိုင်ဆိုင်နိုင်ဘူး။

"နတ်ဘုရားစိတ်ဝိညာဉ်အတတ်။ ကြည့်ရတာ မင်းက စိတ်ဝိညာဉ်တာအိုအဆင့်မြင့်နတ်ဘုရားတစ်ယောက်ပဲဖြစ်ရမယ်" လီဖူချန်းက မိုးပြာရောင်ခြ‌‌င်္သေ့ကို ကြည့်လိုက်တယ်။

မိုးပြာရောင်ခြင်္သေ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အတတ်က သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အမျှင်ထက် အဆင့်တစ်ဆင့်ပိုမြင့်တာကို သူက မြင်နိုင်တယ်။ အဲဒါက ထူးကဲအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဖြစ်နိုင်တယ်။

"စိတ်ဝိညာဉ်ဖိနှိပ်ခြင်းမှန်....."

မိုးပြာရောင်ခြင်္သေ့ရဲ့အမူအရာက သွေးဆာရက်စက်နေတယ်၊ သူမက နောက်ထပ် ထူးကဲအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဖြစ်တဲ့စိတ်ဝိညာဉ်ဖိနှိပ်ခြင်းမှန်ကို ဖော်ထုတ်လိုက်တယ်။

လေထဲမှာ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားနဲ့တည်ဆောက်ထားတဲ့မှန်တစ်ချပ်က ထွက်ပေါ်လာပြီး လီဖူချန်းကို ရောင်ပြန်ဟပ်သွားတယ်။

စိတ်ဝိညာဉ်ဖိနှိပ်ခြင်းမှန်က ရန်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်ပြီး သူတို့ကို မလှုပ်ရှားနိုင်ဖြစ်စေတယ်။

"ဒါ အသုံးမဝင်ဘူး"

လီဖူချန်းက ခေါင်းခါလိုက်တယ်။ ဘန်းခနဲအသံတစ်ခုနဲ့အတူ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းမှန်က ပေါက်ကွဲသွားတယ်။

ဝှစ်........

မိုးပြာရောင်ခြင်္သေ့က သွေးပွက်ပွက်အန်လိုက်တယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန်ရသွားတယ်။

နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားယှဉ်ပြိုင်မှုက အလွန်အမင်းအန္တရာယ်များတယ်။ ရှုံးနိမ့်သူက နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားရဲ့တန်ပြန်မှုကို အလွယ်တကူခံစားရလိမ့်မယ်။

မိုးပြာရောင်ခြ‌င်္သေ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့မတူပါဘူး။ အရှေ့တစ်ခုက အကြိုအစစ်အမှန်နတ်ဘုရားအဆင့်မှာရှိပြီး အနောက်တစ်ခုက အစစ်အမှန်နတ်ဘုရားရဲ့အထွတ်အထိပ်မှာရှိတယ်။ အနီရောင်နတ်ဘုရားစိတ်ဝိညာဉ်က အဝါရောင်ဖျော့ဖျော့ဖြစ်သွားပြီး အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ဆီ ပြောင်းလဲနေတယ်။

"သွေးခြင်္သေ့ကောင်းကင်ဝါးမျိုလက်သီး"

ထိုအခိုက်မှာ သွေးခြင်္သေ့ရဲ့တိုက်ခိုက်မှုက ရောက်ရှိလာတယ်။

သွေးခြင်္သေ့က သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်ချပ်ဝတ်ကို အသည်းအသန်လှည့်ပတ်လိုက်တယ်။ သွေးရောင်နတ်ဘုရားစွမ်းအားက ကောင်းကင်သို့ ပြေးတက်သွားပြီး ဧရာမသွေးရောင်ခြင်္သေ့ဦးခေါင်းတစ်ခုအဖြစ် ပြောင်းကာ လီဖူချန်းကို ကိုက်ခဲလာတယ်။

လီဖူချန်းရဲ့ထိပ်တိုက်တိုက်ခိုက်ရေးခွန်အားက ပြောင်မြောက်မယ်လို့တော့ သွေးခြ‌င်္သေ့က မယုံပါဘူး။ လူတစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်ရှိပြီး ဘက်စုံကျွမ်းကျင်ဖို့က မဖြစ်နိုင်ဘူးလေ။

"စပ်ကြောင်းမဲ့ဓားချီ"

သွေးခြင်္သေ့ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက နေတစ်ထောင်ဓားကို ထုတ်ကာ စပ်ကြောင်းမဲ့ဓားချီနဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။

ဝှစ်........

‌သွေးခြ‌င်္သေ့ဦးခေါင်းကို ထိုးဖောက်ခဲ့တယ် ဒါမှမဟုတ် ဓားချီက သွေးခြ‌င်္သေ့ဦးခေါင်းကို တစ္ဆေသရဲတစ်ကောင်ပမာ ထိုးဖောက်သွားတယ်။ နောက်အခိုက်အတန့်မှာ ဓားချီက သွေးခြင်္သေ့ကို ထိမှန်သွားတယ်။

အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက တကယ်မယုံနိုင်စရာပဲ။ လီဖူချန်းရဲ့စပ်ကြောင်းမဲ့ဓားချီက သွေးခြင်္သေ့ကို ဒဏ်ရာမရစေနိုင်ခဲ့ဘူး။ ဒါပေမယ့် သွေးခြ‌င်္သေ့ကောင်းကင်ဝါးမျိုလက်သီးကလဲ လီဖူချန်းကို ဒဏ်ရာမရေစေနိုင်ခဲ့ဘူး။ ၎င်းက လီဖူချန်းအဝတ်တွေရဲ့ထောင့်ကိုတောင် မထိတွေ့ခဲ့ဘူး။

"အားလုံးပဲ၊ အတူတိုက်ခိုက်ကြစို့"

သူက ကြမ်းတမ်းတဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရနေမှန်း သွေးခြင်္သေ့က သိတယ်၊ သူက ဒေါသနဲ့ ဟိန်းဟောက်လိုက်တယ်။

"ဝိညာဉ်ဖမ်း"

လီဖူချန်းက သူတို့ကို အခွင့်အရေးတစ်ခုမှ မပေးတော့ဘူး။ သူက သာမန်အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်စွမ်းရည်ဖြစ်တဲ့ဝိညာဉ်ဖမ်းကို ထုတ်ဖော်ခဲ့တယ်။ ပုံရိပ်ယောင်မျက်လုံးတစ်လုံးက လေထဲမှာ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းပကားက လေထဲမှာ ပျံ့နှံ့လာတယ်။ နောက်အခိုက်အတန့်မှာ သွေးခြင်္သေ့၊ ငွေခြင်္သေ့၊ မိုးပြာရောင်ခြင်္သေ့တို့ကလွဲပြီး ကျန်သူတွေအားလုံးက သူတို့ရဲ့ဒွာရခုနှစ်ပေါက်မှ သွေးတွေထွက်လာပြီး သူတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ကြေမွနေတယ်။ သွေးခြင်္သေ့နဲ့ငွေခြ‌င်္သေ့တို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်တွေက မကြေမွပေမယ့် ကြေမွမယ့်လက္ခဏာတွေရှိလာတယ်။ နတ်ဘုရားစိတ်ဝိညာဉ်ကြေမွသွားတာနဲ့ အလွန်အမင်းအန္တရာယ်များတယ်။ အချိန်ကြာလာရင် နတ်ဘုရားစိတ်ဝိညာဉ်က ပျက်ဆီးသေဆုံးသွားနိုင်တယ်။

မိုးပြာရောင်ခြင်္သေ့ကပဲ မထိခိုက်ဘဲ ကျန်ရှိနေတာ။

"ပြေးတော့"

သွေးခြင်္သေ့နဲ့ငွေခြင်္သေ့တို့မလှုပ်ရှားနိုင်တာကို မြင်ပြီး ငွေရောင်ခြင်္သေ့က ထိတ်လန့်တုန်လှုပ်သွားတယ်။

တစ်ဖက်လူက သူမရဲ့တစ္ဆေမျက်လုံးစိတ်ဝိညာဉ်မီးကို မကြောက်တာ အံ့ဩစရာမရှိဘူးပဲ။ တစ်ဖက်လူက ပိုအားကောင်းတဲ့စိတ်ဝိညာဉ်တာမိုကျင့်ကြံသူတစ်ယောက်ဖြစ်နေတာကိုး။ တစ်ဖက်လူနဲ့နှိုင်းယှဉ်ရင် ခြားနားချက်က ပုရွက်ဆိန်နဲ့ဆင်လို့ပဲ။ နှိုင်းယှဉ်နိုင်စရာအကြောင်းရင်းမရှိပါဘူး။

မိုးပြာရောင်ခြင်္သေ့က ပြန်ဆုတ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။

"မင်း ထွက်ပြေးနိုင်မယ် ထင်နေတာလား"

လီဖူချန်းရဲ့မျက်ခုံးနှစ်ဖက်အလယ်မှ နတ်ဘုရားစိတ်ဝိညာဉ်အမျှင်တစ်ခုက မိုးပြာရောင်ခြင်္သေ့ဆီ ပြေးဝင်သွားတယ်။

မိုးပြာရောင်ခြ‌င်္သေ့က တုန်ယင်လျက် မြေပြင်ပေါ်သို့ ကျသွားတယ် သူမရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ပျောက်ကွယ်သွားတော့တယ်။

နောက်မှာတော့ လီဖူချန်းက သွေးခြင်္သေ့နဲ့ငွေခြင်္သေ့တို့ကို အလွယ်တကူသတ်ဖြတ်ခဲ့တယ်။

ဒီတစ်ခါမှာတော့ နာမည်ကြီးသွေးခြင်္သေ့ဂိုဏ်းက လုံးဝအမြစ်ပျက်သွားတော့တယ်။

All Chapters