← Chapters

ချော်ရည်အရှင်သခင်

Vol. 80 Ch. 1118

ချော်ရည်အရှင်သခင်

Vol. 80 Ch. 1118

"မယုံနိုင်စရာပဲ"

သွေးခြင်္သေ့ဂိုဏ်းက ချမ်းသာလွန်းတယ်။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကြီးပဲ ဘီလီယံအနည်းငယ်ရှိတယ်။ သူတို့အထဲမှာ သွေးခြင်္သေ့က အများဆုံးဖြစ်ပြီး သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံကျော်ရှိတယ်။ ငွေခြင်္သေ့နဲ့မိုးပြာရောင်ခြ‌င်္သေ့တို့မှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဘီလံပတ်လည်ရှိပြီး ကျန်သူတွေမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ဆယ်ကနေသန်းနှစ်ဆယ်အထိ ရှိတယ်။

အခုလိုအဆင့်နိမ့်နတ်ဘုရားကျောက်တုံးဘီလီယံအနည်းငယ်နဲ့ဆိုရင် လီဖူချန်းက ငွေရေးကြေးရေးပူစရာမလိုတော့ပါဘူး။ အနည်းဆုံးအချိန်အကြာကြီး နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်မရှိမှာနဲပတ်သက်ပြီး သူက စိုးရိမ်စရာမလိုတော့ဘူးပေါ့။

"သာမန်အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းသွေးခြင်္သေ့ချပ်ဝတ်။ ပစ္စည်းကောင်းပဲ...."

သွေးရောင်ချပ်ဝတ်တစ်ခုကို လက်ထဲမှာ ကိုင်လျက် လီဖူချန်းက အလွန်ကျေနပ်နေတော့တယ်။

သူ့ရဲ့ခံစစ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပျမ်းမျှအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်တစ်ခုသာဖြစ်ပြီး နိမ့်ကျလွန်းတယ်။ သွေးခြင်္သေ့ချပ်ဝတ်နဲ့ဆိုရင် သူ့ရဲ့နတ်ဘုရားစွမ်းအားက အဆတစ်ရာလောက်ပိုသန်မာလာလိမ့်မယ်။ ရဲရဲတောက်နေခံတပ်မှာတုန်းက သူ့မှာသာ သွေးခြ‌င်္သေ့ချပ်ဝတ်ရှိနေခဲ့ရင် သူက ထွက်ပြေးစရာတောင် လိုမှာမဟုတ်ဘူး။

အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့သွေးခြင်္သေ့ချပ်ဝတ်အပြင် လီဖူချန်းက အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ရာကျော်ကို ရရှိခဲ့တယ်။ သူတို့အထဲမှာ အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု၊ ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရှစ်ခု၊ ထူးကဲအလယ်ဆင့်အသေးစားချီလီယိုခါဇန်ငါးဆယ့်ရှစ်ခု၊ သာမန်နဲ့ပျမ်းမျှအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနှစ်ရာနီးပါးရှိတယ်။

နတ်ဘုရားဆေးတွေ၊ နတ်ဘုရားဆေးပင်တွေ၊ နတ်ဘုရားသတ္တုတွေနဲ့ အခြားပစ္စည်းအမျိုးမျိုးပါ ပေါင်းထည့်လိုက်ရင် လီဖူချန်းရဲ့ရိတ်သိမ်းမှုက တကယ်ကို မှင်တက်စရာပါပဲ။

"အမ်။ စိတ်ဝိညာဉ်သန့်စင်ခြင်းဆေးပင်လား"

ပစ္စည်းတွေကို စုစည်းနေစဉ် လီဖူချန်းက မိုးပြာရောင်ခြင်္သေ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ ငွေနက်ရောင်ဆေးပင်တစ်ရာကျော်ကို တွေ့လိုက်ရတယ်။

ဒီနတ်ဘုရားဆေးပင်ကို စိတ်ဝိညာဉ်သန့်စင်ခြင်းမြက်လို့ခေါ်ပြီး ၎င်းက ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးပင်တစ်ပင်ဖြစ်တယ်။ ၎င်းက ကြက်သွေးရောင်စိတ်ဝိညာဉ်မြက်ထက် ပိုတန်ဖိုးရှိတယ်။ ကြက်သွေးရောင်စိတ်ဝိညာဉ်မြက်က ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်တစ်ပင်သာဖြစ်တယ်။

"ဒါ ဘယ်လောက်ထိ သက်ရောက်နိုင်မလဲ ငါ သိချင်တယ်"

လီဖူချန်းက စိတ်ဝိညာဉ်သန့်စင်ခြင်းဆေးပင်တစ်ပင်ကို သုံးစွဲလိုက်တယ်။

စိတ်ဝိညာဉ်သန့်စင်ခြင်းဆေးပင်က လီဖူချန်းရဲ့ပါးစပ်ထဲကို ဝင်တဲ့အခါ အရည်ပျော်ကျသွားပြီး အေးစက်တဲ့ချီတည်ရှိမှုတစ်ခုအဖြစ် ပြောင်းကာ လီဖူချန်းရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားတယ်။

"ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးပင်ဆိုတဲ့အတိုင်းပဲ။ ၎င်းရဲ့ဆေးစွမ်းက ကြက်သွေးရောင်စိတ်ဝိညာဉ်မြက်ရဲ့ဆယ်ဆနီးပါးရှိတယ်။ ဒါက ငါ့အတွက် အနည်းငယ်အသုံးဝင်နေပါသေးတယ်"

အရိုးသားဆုံးပြောရရင် စိတ်ဝိညာဉ်သန့်စင်ခြင်းမြက်ရဲ့အဆင့်က အတော်လေးနိမ့်ကျလွန်းပါသေးတယ်။ ကံကောင်းစွာနဲ့ ရွှေရောင်အဆောင်ရဲ့သန့်စင်မှုက ပြီးပြည့်စုံလှပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းမြက်ရဲ့စစ်မှန်တဲ့အဆီအနှစ်ကို ထုတ်နိုင်ခဲ့တယ်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမြက်ပင်တစ်ရာကျော်ကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဝါရောင်ဖျော့ဖျော့ပိုလာတယ်။

စစ်ပွဲပါပစ္စည်းတွေကို ရှင်းလင်းပြီးနောက် လီဖူချန်းရ သွေးခြင်္သေ့ဂိုဏ်းအဖွဲ့သားအားလုံးရဲ့အလောင်းတွေကို ချော်ရည်ရေကန်ထဲသို့ ပစ်ထည့်လိုက်တယ်။

သူ့ရဲ့ကံကောင်းမှုတွေ ကုန်ဆုံးသွားပုံရတယ်၊ နောက်ရက်အနည်းငယ်အတွင်း လီဖူချန်းက တတိယမြောက်ချော်ရည်ကျောက်တုံးမွန်းစတားကို ရှာမတွေ့ခဲ့ပါဘူး။

လီဖူချန်းက ချော်ရည်ကန်ရဲ့ကမ်းပါးသို့ ပျံသန်းသွားပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ ချော်ရည်ကန်ရဲ့အနက်ပိုင်းကို စစ်ဆေးလိုက်တယ်။

"တွေ့ပြီ"

ကြိုးစားမှုက အရာထင်ခဲ့ပါတယ်။ လီဖူချန်းက ချော်ရည်ကန်ရဲ့အောက်ခြေမှာ အိပ်ပျော်နေတဲ့ ချော်ရည်ကျောက်တုံးမွန်းစတားတစ်ကောင်ကို ရှာတွေ့ခဲ့တယ်။

ဒါပေမယ့် ဒီချော်ရည်ကျောက်တုံးမွန်းစတားက အတော်လေးကြီးမားပြီး အမြင့်ခြောက်ဆယ်မီတာပတ်လည်ရှိတယ်။ ၎င်း အိပ်ပျော်နေချိန်မှာ အတော်လေးထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နတ်ဘုရားစွမ်းအားလှိုင်းတွေကို အလိုအလျောက်ထုတ်လွှတ်နေတယ်။

ယခု၊ လီဖူချန်းက ၎င်းကို ရှာတွေ့ပြီဆိုတော့ လက်လွှတ်ခံလို့မရဘူး။ သူက ချော်ရည်ကန်ရဲ့အောက်ခြေဆီ စပ်ကြောင်းမဲ့ဓားချီကို ထုတ်လွှတ်ခဲ့တယ်။

ချော်ရည်ကြောင့် အားနည်းသွားပြီးနောက် ၎င်းက ချော်ရည်ကျောက်တုံးမွန်းစတားနဲ့ ထိတွေ့မိတဲ့အချိန်မှာ စပ်ကြောင်းမဲ့ဓားချီက ပိုအားနည်းလာတယ်။

ဟိန်းသံ........

ချော်ရည်ကျောက်တုံးမွန်းစတားက နိုးထလာပြီး ဒေါသတကြီးဟိန်းဟောက်လိုက်တယ်။

ဥက္ကာပျံမီးမိုး။

တူညီတဲ့မွေးရာပါနတ်ဘုရားအတတ်ဆိုပေမယ့် ဒီချော်ရည်ကျောက်တုံးမွန်းစတားက ဖော်ထုတ်တဲ့အခါ စွမ်းအားက အရင်‌ချော်ရည်ကျောက်တုံးမွန်းစတားနှစ်ကောင်ထက် အဆများစွာ ပိုသန်မာတယ်။ လီဖူချန်းက ဂရုမစိုက်ရင် သူက လွင့်ထွက်ကာ သွေးအန်သွားရလိမ့်မယ်။

လက်ရှိမှာ လီဖူချန်းက သာမန်အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့သွေးခြင်္သေ့ချပ်ဝတ်ကို ဝတ်ဆင်ထားတယ်။ သူ့ခံစစ်က အရင်ကနဲ့ မယှဉ်နိုင်ပါဘူး။

ဒီခြောက်ဆယ်မီတာမြင့်တဲ့ချော်ရည်ကျောက်တုံးမွန်းစတားရဲ့တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်တောင် ပြင်းထန်သလဲဆိုတာ စိတ်ကူးယဉ်လို့မရအောင်ပဲ။

"ကောင်းကင်တုန်လှုပ်တူအရိပ်"

ကောင်းကင်တုန်လှုပ်တူကို ကိုင်ဆွဲလျက် လီဖူချန်းက ချော်ရည်ကျောက်တုံးမွန်းစတားတစ်ကောင်အပေါ်မှာ တူအရိပ်တစ်ခုကို ဖော်ထုတ်ခဲ့တယ်။

အုန်း......

ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ခန္ဓာကိုယ်က တုန်ခါသွားပြီး ၎င်းရဲ့ခန္ဓာကိုယ်မှ ချော်ရည်တွေ ပေါက်ကွဲထွက်လာတယ်။

ဒါပေမယ့် ဒီလောက်ပါပဲ။

ဒိီချော်ရည်ကျောက်တုံးမွန်းစတားက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ကောင်းကင်တုန်လှုပ်တူရဲ့တိုက်ခိုက်မှုကို တကယ်ခုခံနိုင်ခဲ့တာပဲ။

"စပ်ကြောင်းမဲ့ဓားချီ"

ကောင်းကင်တုန်လှုပ်တူက မထိရောက်တာကို မြင်ပြီး လီဖူချန်းက နေတစ်ထောင်ဓားကို ဆွဲထုတ်ကာ စပ်ကြောင်းမဲ့ဓားချီကို အသုံးပြုပြီး ချော်ရည်ကျောက်တုံးမွန်းစတားနဲ့ ရင်ဆိုင်လိုက်တယ်။

စပ်ကြောင်းမဲ့ဓားချီက အပေါက်တွေမှတစ်ဆင့် ထိုးဖောက်သွားတယ်။ စပ်ကြောင်းမဲ့ဓားချီနဲ့ ရင်ဆိုင်ရတဲ့အခါ ချော်ရည်ကျောက်တုံးမွန်းစတားရဲ့မဖျက်ဆီးနိိုင်တဲ့ခံစစ်က ချက်ချင်းအားနည်းသွားပြီး အက်ကြောင်းတွေက ၎င်းရဲ့ခန္ဓာကိုယ်မှ ထွက်လာတယ်။

အက်ကြောင်းတွေ တိုးလာတာကြောင့် ချော်ရည်ကျောက်တုံးမွန်းစတားရဲ့နတ်ဘုရားစွမ်းအားက စတင်အားနည်းလာတယ်။

"အချိန်ကျပြီ"

ဒီချော်ရည်ကျောက်တုံးမွန်းစတားရဲ့နတ်ဘုရားစွမ်းအားက ငါးဆယ်မီတာချော်ရည်ကျောက်တုံးမွန်းစတားနဲ့ အဆင့်တူညီတဲ့အထိ အားနည်းလာတာကို မြင်ပြီး လီဖူချန်းက ကောင်းကင်တုန်လှုပ်တူကို ထပ်မံယူထုတ်ကာ တိုက်ခိုက်လိုက်တယ်။

အုန်း......

ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ခန္ဓာကိုယ်က ပေါက်ကွဲသွားတယ်။

လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက ချော်ရည်နှလုံးသားကို ဆုပ်ကိုင်ခဲ့တယ်။

"နောက်ဆုံးတော့"

လီဖူချန်းက ပြုံးလိုက်တယ်။

ဒီချော်ရည်ကျောက်တုံးမွန်းစတားကို ရင်ဆိုင်ရတာ မလွယ်ပါဘူး။ ကောင်းကင်တုန်လှုပ်တူ၊ စပ်ကြောင်းမဲ့ဓားချီနဲ့ သွေးခြင်္သေ့ချပ်ဝတ်တို့အားလုံးကို အသုံးပြုခဲ့ရတယ်။

"ထွက်သွားဖို့အချိန်ကျပြီ"

ချော်ရည်နှလုံးကို သိမ်းပြီးနောက် လီဖူချန်းက ထွက်ခွာဖို့ ပြင်ဆင်လိုက်တယ်။

ရုတ်တရက် ချော်ရည်ကန်ရဲ့ရေက ပေါက်ကွဲထွက်သွားပြီး ဧရာမချော်ရည်လက်တစ်ဖက်က ရေထဲမှ ထွက်လာပြီး လီဖူချန်းကို ဆောင့်ချလာတယ်။

"အန္တရာယ်ပဲ"

လီဖူချန်းရဲ့အသားတစ်လက်မတိုင်းက တုန်ယင်သွားတယ်။ သူက အချိန်တောင်ပံကို အလိုလိုထုတ်ဖော်လိုက်ပြီး အဝေးကို ကြောက်လန့်တကြား ထွက်ပြေးခဲ့တယ်။

ဝှစ်......

ချော်ရည်ကန်မှအဝေးမိုင်ဒါဇင်အနည်းငယ်အကွာမှာ လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာတယ်။

သူထွက်ပေါ်လာတာနဲ့ သူ့ခန္ဓာကိုယ်မှာ အက်ကြောင်းတွေဖြစ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝက်က ပေါက်ကွဲသွားတယ်။

သွေးခြင်္သေ့ချပ်ဝတ်ကလွဲပြီး ကျန်ရှိနေတဲ့အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအားလုံးက ဖုန်ဖြစ်သွားတယ်။

စောစောက ချော်ရည်လက်က လီဖူချန်းကို မထိမှန်ခဲ့ပေမယ့် လက်ဝါးအားမှအကြည့်တစ်ချက်ကတောင် သူ့ကို သတ်လုနီးပါးဖြစ်စေခဲ့တယ်။ သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားတို့က တစ်ဝက်ကျော်ကျော်လျော့ကျလာတယ်။

သူက နောက်တစ်ကြိမ်တိုက်ခိုက်ခံရရင် သေချာပေါက် သေသွားလောက်တယ်။

လီဖူချန်းက နတ်ဘုရားအဆီအနှစ်ဆေးတွေကို ယူထုတ်ပြီး ပါးစပ်ထဲသို့ အပြည့်သိပ်ထည့်လိုက်တယ်။

နတ်ဘုရားအဆီအနှစ်ဆေးက ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးဖြစ်တယ်။ ၎င်းက အလယ်ဆင့်နဲ့အဆင့်မြင့်နတ်ဘုရားတွေရဲ့နတ်ဘုရားစွမ်းအားကို အလွယ်တကူပြန်ဖြည့်နိုင်တယ်။ ဆေးတစ်လုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာထိုက်တန်တယ်။

အပြင်ကမ္ဘာမှာဒါမှမဟုတ်အရှေ့နေဂိုဏ်းမှာဖြစ်စေ၊ နတ်ဘုရားအဆီအနှစ်ဆေးကို ရှိကိုရှိထားသင့်ရမယ့်ဆေးတစ်ခုလို့ သတ်မှတ်နိုင်တယ်။

နတ်ဘုရားအဆီအနှစ်ဆေးကို သိပ်ထည့်နေရင်း လီဖူချန်းက မနားပါဘူး၊ အချိန်တောင်ပံကို သုံးကာ ဆက်လက်ထွက်ပြေးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ချော်ရည်ကန်ဆီ ရောက်သွားနေခဲ့တယ်။

နတ်ဘုရားစွမ်းအားရဲ့အာရုံခံမှုနဲ့အတူ လီဖူချန်းကို သူ့ကို တိုက်ခိုက်ခဲ့တဲ့တည်ရှိမှုကို မြင်ခဲ့တယ်။

ချော်ရည်ကန်ထဲမှာ အနီရောင်ချော်ရည်ကျောက်တုံးမွန်းစတားရဲ့ဦးခေါင်းတစ်လုံးရှိတယ်။

ဒါဟုတ်တယ်၊ ‌ခေါင်းတစ်လုံးပဲ။

ဒါပေမယ့် ဒီခေါင်းက ကြီးလွန်းပြီး အမြင့်အားဖြင့် မီတာတစ်ရာကျော်နေပြီဖြစ်တယ်။

"ဒီလိုကြောက်းရာကောင်းတဲ့နတ်ဘုရားစွမ်းအားလှိုင်း။ နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အနည်းဆုံးတစ်သန်းရှိတာပဲ"

လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားတယ်။

ဒါ့အပြင် ဒီအနီရောင်ကျောက်တုံးမွန်းစတားက နတ်ဘုရားစွမ်းအားအညွှန်းကိန်းပဲ မြင့်တာမဟုတ်ဘူး။ ၎င်းရဲ့နတ်ဘုရားစွမ်းအားပြင်းအားက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ထက် သာလွန်ပြီး ခြောက်ဆယ်မီတာချော်ရည်ကျောက်တုံးမွန်းစတားထက် အများကြီးပိုမြင့်တယ်။

"ဒါ ချော်ရည်အရှင်သခင်ပဲ"

လီဖူချန်းက ဒီအနီရောင်ချော်ရည်ကျောက်တုံးမွန်းစတားရဲ့အထောက်အထားကို ချက်ချင်းသိလိုက်တယ်။

ချော်ရည်အရှင်သခင်က အစစ်အမှန်နတ်ဘုရားအဆင့်ချော်ရည်ကျောက်တုံးမွန်းစတားတစ်ကောင်ဖြစ်တယ်။ ၎င်းရဲ့ခွန်အားက နယ်ပယ်တူညီတဲ့အခြားအစစ်အမှန်နတ်ဘုရားတွေထက် အများကြီးသာလွန်တယ်။ ၎င်းက ချော်ရည်ချောက်ရဲ့ဘုရင်ပဲဖြစ်တယ်။

မှတ်တမ်းတွေအရ ချော်ရည်ချောက်မှာ အကြီးမားဆုံးချော်ရည်ကန်ခုနှစ်ခုရှိပြီး သူတို့တစ်ခုစီမှာ အိပ်မောကျနေတဲ့ချော်ရည်အရှင်သခင်တစ်ယောက်ရှိတယ်။ အမြဲတမ်းအိပ်မောကျတတ်တဲ့သူတို့ရဲ့အထူးလက္ခဏာတွေသာမရှိရင် ချော်ရည်ချောက်က ကြယ်နှစ်လုံးအဆင့်မြင့်အန္တရာယ်ဇုန်တစ်ခုဖြစ်နေမှာမဟုတ်ဘူး။ ၎င်းက ကြယ်သုံးလုံးအဆင့်နိမ့်အန္တရာယ်ဇုန်တစ်ခု ဖြစ်သွားလောက်တယ်။

ရန်သူက ချော်ရည်အရှင်သခင်ဆိုတာ သိရှိပြီးနောက် လီဖူချန်းက ဆက်မနေရဲတော့ဘဲ သူ့အရှိန်ကို အကန့်အသတ်အထိ တွန်းပို့လိုက်တယ်။

သူ့မှာ အခွင့်အရေးရှိရင် ပြီးပြည့်စုံခြင်းဒါမှမဟုတ်အဆုံးစွန်းအလယ်ဆင့်နေရာလပ်-အချိန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လဲလှယ်ရမယ်လို့ သူက ဆုံးဖြတ်ခဲ့တယ်။ သေရေးရှင်ရေးအခြေအနေမှာ အဲဒါကို သူ လွတ်မြောက်ဖို့အတွက် အသုံးပြုနိုင်တယ်။

လီဖူချန်းက အလွန်ကံကောင်းတယ်။ ချော်ရည်အရှင်သခင်ရဲ့တုံ့ပြန်မှုက အတော်လေး‌နှေးကွေးပြီး ၎င်းရဲ့လှုပ်ရှားမှုတွေက အတော်လေး,လေးကန်တယ်။ သို့မဟုတ်ရင် လီဖူချန်းက စောစောက လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းနိုင်လိမ့်မှာမဟုတ်ဘူး။

လီဖူချန်း ထွက်ပြေးသွားတာကို မြင်ပြီး ချော်ရည်အရှင်သခင်က တစ်ခဏတွေးဆပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်တယ်။ အဆုံးမဲ့ဥက္ကာပျံမိုးက ကောင်းကင်မှ ဆင်းသက်လာပြီး လီဖူချန်းကို ရိုက်ချလာတယ်။

ဥက္ကာပျံမိုးက သိပ်သည်းလှတယ်။ မီးလျှံကျောက်တုံးတွေက အရွယ်အစားအမျိုးမျိုးရှိတယ်။ ကြီးတဲ့ဟာတွေက တောင်တစ်လုံးလောက် ကြီးပြီး ငယ်တဲ့ဟာတွေက လက်သီးအရွယ်အစားရှိတယ်။  တောင်အရွယ်အစားပဲဖြစ်ဖြစ်လက်သီးအရွယ်အစားပဲဖြစ်ဖြစ်၊ သူတို့မှာ ပါနေတဲ့ မီးလျှံတွေက အလွန်အမင်းကြောက်စရာကောင်းတယ်။ သူတို့က အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတစ်ယောက်ကို သေဆုံးစေတဲ့အထိ ရိုက်နှက်နိုင်တယ်။

ဒါ့အပြင် မီးလျှံစွမ်းအားက ‌အချိန်နဲ့နေရာလပ်ကို သက်ရောက်နိုင်တယ်။ သူက နေရာလပ်-အချိန်စွမ်းအားကို အသုံးပြုခဲ့ရင်တောင် မီးလျှံစွမ်းအားရဲ့ဖိအားကို ခံစားရမှာဖြစ်ပြီး သူ့ရဲ့နေရာလပ်-အချိန်စွမ်းအားက ရေပမာ လျော့ကျလာလိမ့်မယ်။

"မကောင်းတော့ဘူး၊ နေရာလပ်-အချိန်က ချိတ်ပိတ်သွားပြီ"

ဥက္ကာပျံမိုးရဲ့အကွာအဝေးက ကြီးမားလွန်းပြီး မိုင်ထောင်အနည်းငယ်အကွာအဝေးကို မမြင်နိုင်တဲ့မီးလျှံစွမ်းအားက ချိတ်ပိတ်ခဲ့တယ်။ လီဖူချန်းရဲ့နေရာလပ်-အချိန်အတတ်ကို ကန့်သတ်ထားပြီး သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုနိုင်ဘူး။ ဒါ့အပြင် သူက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးပြုနိုင်ရင်တောင် လွတ်မြောက်နိုင်မလားဆိုတာ မသိဘူး။ အစစ်အမှန်နတ်ဘုရားအဆင့်ချော်ရည်ကျောက်တုံးမွန်းစတားတစ်ကောင်က အားကောင်းလွန်းလှတယ်။ တိုက်ကွက်တစ်ခုက အဆင့်မြင့်နတ်ဘုရားအမြောက်အများကို ဖျက်ဆီးနိုင်တယ်။ အဲဒါက အစစ်အမှန်နတ်ဘုရားအဆင့်အောက်ကသူတွေ ကန့်သတ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။

"နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုက ချော်ရည်ကျောက်တုံးမွန်းစတားအပေါ်မှာ အသုံးမဝင်တာ စိတ်မကောင်းစရာပဲ"

အဲဒါက အသုံးဝင်ရင် သူ့မှာ အခွင့်အရေးတစ်ခုရှိမယ်လို့ လီဖူချန်းက ခံစားမိတယ်။

ဝုန်း......

တောင်ကလေးတစ်လုံးအရွယ်အစားရှိတဲ့မီးလျှံ‌ကျောက်တုံးတစ်တုံးက လီဖူချန်းရဲ့ချီတည်ရှိမှုကို ပိတ်လှောင်ကာ ရိုက်ချလာတယ်။

"‌သွေးခြင်္သေ့အကာအကွယ်"

လီဖူချန်းက သူ့ရဲ့နတ်ဘုရားစွမ်းအားကို ‌သွေးခြ‌‌င်္သေ့ချပ်ဝတ်ထဲသို့ ထည့်သွင်းလိုက်တယ်။ ‌သွေးခြ‌င်္သေ့ချပ်ဝတ်ရဲ့အင်းကွက်က နတ်ဘုရားစွမ်းအားအားလုံးကို သွေးခြင်္သေ့နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲခဲ့တယ်။ ပြီးနောက် သူက သွေးခြ‌င်္သေ့ချပ်ဝတ်ရဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းနတ်ဘုရားအတတ်ဖြစ်တဲ့သွေးခြ‌င်္သေ့အကာအကွယ်ကို အသက်သွင်းခဲ့တယ်။

ချက်ချင်းပဲ သွေးရောင်ခြ‌င်္သေ့တစ်ကောင်က လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပြေးထွက်လာပြီး သူ့ကို ကာကွယ်လိုက်တယ်။

အုန်း အုန်း......

‌သွေးခြ‌င်္သေ့က မီးလျှံကျောက်တုံးကြောင့် အသက်တစ်ခါရှုချိန်တောင် မခံပါဘူး။ ဒါပေမယ့် ၎င်းက လီဖူချန်းအတွက် အချိန်အချို့ဆွဲပေးနိုင်ခဲ့တယ်။ လီဖူချန်းက အရှေ့ရှိ လိုဏ်ဂူတစ်ခုထဲသို့ ချက်ချင်းဝင်ရောက်ခဲ့တယ်။

ဒိလိုဏ်ဂူက နတ်ဘုရားစွမ်းအားကို ဖြတ်တောက်နိုင်ပြီး အလွန်ဆန်းကြယ်တယ်။

All Chapters