← Chapters

မီးတာအိုမျဉ်း

Vol. 80 Ch. 1119

မီးတာအိုမျဉ်း

Vol. 80 Ch. 1119

လိုဏ်ဂူထဲကို ဝင်ရောက်ပြီးနောက် ချော်ရည်အရှင်သခင်ရဲ့နတ်ဘုရားစွမ်းအားကို အပြင်ဘက်မှာ ဖြတ်တောက်ထားတာကို လီဖူချန်းက သိသိသာသာခံစားနိုင်တယ်။ ဥက္ကာပျံမီးလျှံမိုးက ထုတ်လွှတ်နေတဲ့မီးလျှံစွမ်းအားကလဲ ပျောက်ကွယ်သွားခဲ့တယ်။

"ဒီလိုက်ဂူထဲမှာ ပိုတောင်အားကောင်းတဲ့မီးတာအိုစွမ်းအားရှိတယ်လို့ ငါ ဘာလို့ ခံစားနေမိတာလဲ"

လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလွန်အမင်းအားကောင်းပြီး လိုဏ်ဂူထဲမှာဖုံးကွယ်နေတဲ့ကြောက်စရာကောင်းတဲ့မီးတာအိုစွမ်းအားကို ရေးတေးတေးခံစားနိုင်တယ်။

ကံကောင်းစွာနဲ့ အဲဒါက မီးတာအိုစွမ်းအားသာဖြစ်ပြီး မီးတာအိုနတ်ဘုရားစွမ်းအားမဟုတ်ဘူး။

နတ်ဘုရားစွမ်းအားက ကျင့်ကြံထားတဲ့စွမ်းအားတစ်ခုဖြစ်တယ်။ ဒီလိုဏ်ဂူမှာ မီးတာအိုနတ်ဘုရားစွမ်းအားရှိရင် အထဲမှာ ကျွမ်းကျင်သူတစ်ယောက်ရှိတယ်လို့ ဆိုလိုတယ်။

"အံ့မခန်းမီးတာအိုအသုံးအဆောင်ပစ္စည်းတစ်ခုများလား"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူက လိုဏ်ဂူထဲကို စတင်ဝင်ရောက်ခဲ့တယ်။

နတ်ဘုရားစိတ်ဝိညာဉ်အာရုံခံမှုကို အသုံးပြုလျက်  လီဖူချန်းက မီးတာအိုစွမ်းအားနဲ့ ပိုနီးကပ်လာတယ်။

"ဒီနေရာပဲ။ အမ်၊ ဒီမှာ ကျောက်တုံးအခန်းတစ်ခုရှိနေတာပဲ"

ကျောက်တုံးခန်းအပြင်ဘက်မှာ မှင်တက်စရာမီးတာအိုစွမ်းအားက ကျောက်တုံးခန်းမှ ထွက်လာနေတာကို လီဖူချန်းက သေချာတယ်။

ကျောက်တုံးခန်းကို ဝင်ရောက်ပြီးနောက် လီဖူချန်းက မီးတာအိုစွမ်းအားရဲ့ရင်းမြစ်ကို နောက်ဆုံးမှာ သိလာတယ်။

မီးတာအိုစွမ်းအားက ကျောက်တုံးအခန်းနံရံတွေပေါ်ရှိမျဉ်းကြောင်းတွေမှ လာတာပဲ။

ဒီမျဉ်းကြောင်းတွေက ထူပြီးပါးတယ်၊ နက်ပြီးတိမ်တယ်၊ ဖြောင့်ပြီးကွေးတယ်၊ ရက်စက်ပြီးကြင်နာတယ်၊ ပေါက်ကွဲလွယ်ပြီးကောက်ကျစ်တယ်။

မျဉ်းတွေဘယ်လိုပြောင်းပြောင်းကိစ္စမရှိဘူး၊ သူတို့မှာ ဘုံလက္ခဏာတစ်ခုရှိပြီး အဲဒါက မီးတာအိုရဲ့လက္ခဏာဖြစ်တယ်။

"ဒီလိုပြောင်မြောက်တဲ့မီးတာအိုအဆင့်။ မျဉ်းကြောင်းအနည်းငယ်က ချော်ရည်အရှင်သခင်ကို ကျော်ဖြတ်နိုင်တဲ့ မီးတာအိုစွမ်းအားကို စုစည်းနိုင်ခဲ့တယ်။ ဘယ်လိုခွန်အားမျိုးရှိတဲ့သူက ဒီမျဉ်းကြောင်းတွေကို ချန်ထားခဲ့တာလဲ"

လီဖူချန်းက အံ့အားသင့်စွာ ပြောလိုက်တယ်။

ချော်ရည်အရှင်သခင်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်‌ယောက်က ဒီမျဉ်းတွေကို ချန်ထားမယ်ဆိုရင် အဆင့်နိမ့်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို ကျော်လွန်တဲ့ စွမ်းအားကို စုစည်းဖို့က မဖြစ်နိုင်ပါဘူး။ အဲဒါက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်အနည်းဆုံးဖြစ်လိမ့်မယ်။

ဒီမျဉ်းတွေချန်ထားခဲ့တဲ့သူက မီးတာအိုစိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်အနည်းဆုံးဖြစ်မယ်လို့ ဆိုလိုတယ်။

ငါ့ရဲ့မီးတာအိုနယ်ပယ်က အဆင့်မြင့်နတ်ဘုရားနှောင်းပိုင်းအဆင့်မှာရှိတယ်။ ငါ ဒီမီးတာအိုမျဉ်းကြောင်းတွေကို သုံးပြီး ငါ့ရဲ့မီးတာအိုနယ်ပယ်ကို အဆင့်မြင့်နတ်ဘုရားပထမတန်းစားဒါမှမဟုတ်အထွတ်အထိပ်အထိ တိုးမြှင့်နိုင်မယ်"

ပုံမှန်အချိန်တွေမှာ လီဖူချန်းက မီးတာအိုကို အများကြီးအလေးမထားပါဘူး၊ ဒါပေမယ့် ကံကြမ္မာအခွင့်အလမ်းတစ်ခုနဲ့ တွေ့ရင်တော့ လီဖူချန်းက သူ့ရဲ့မီးတာအိုနယ်ပယ်ကို မြှင့်တင်ဖို့ ပြဿနာမရှိပါဘူး။

မီးတာအိုစိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ချန်ထားခဲ့တဲ့မီးတာအိုလက္ခဏာတစ်ခုက မယုံနိုင်စရာကောင်းတဲ့အရာတစ်ခုပဲလေ။ အဲဒါကို အစစ်အမှန်နတ်ဘုရားစွမ်းအားရဲ့မီးတာအိုအမွေဆက်ခံမှုတစ်ခုလို့ ပြောနိုင်တယ်။

လီဖူချန်းက မီးတာအိုကို နားလည်နေတဲ့အခါမှာ တိုးတက်မှုအရှိန်က အလွန်အမင်းကြောက်စရာကောင်းတယ်။ အတိတ်မှာ သူ့ကို မီးတာအိုရဲ့သူ့ကိုယ်ပိုင်နားလည်မှုက ကန့်သတ်ထားတယ်။ သူ့ရဲ့တိုးတက်မှုအရှိန်က မြန်ပေမယ့် တရားမလွန်ပါဘူး။ လက်ရှိမှာ မီးတာအိုစိတ်ဝိညာဉ်နတ်ဘုရားချန်ထားခဲ့တဲ့ဒီမီးတာအိုလက္ခဏာတွေက သူ့ရဲ့မီးတာအိုအခြေခံကို လျင်မြန်စွာ တိုးစေရုံသာမက  သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ကိုလဲ မီးတာအိုဈာန်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့တယ်။

ပထမတန်းစားအဆင့်မြင့်နတ်ဘုရား။

ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းရဲ့မီးတာအိုကျင့်ကြံခြင်းက နှောင်းပိုင်းအဆင့်မြင့်နတ်ဘုရားမှ ပထမတန်းစားအဆင့်မြင့်နတ်ဘုရားအထိ ချိုးဖြတ်သွားခဲ့တယ်။

"ဒါ ဆန်းကြယ်လွန်းတယ်"

မီးတာအိုလက္ခဏာတွေက လီဖူချန်းအတွက် တံခါးတစ်ချပ်ဖွင့်ပေးခဲ့ပြီး သူ့ကို ပိုကျယ်ပြန့်တဲ့ကမ္ဘာတစ်ခုကို မြင်စေခဲ့တယ်။

ဒီမီးတာအိုလက္ခဏာတွေမရှိရင် သူ့ရဲ့မီးတာအိုကို ပထမတန်းစားအဆင့်မြင့်နတ်ဘုရားအထိ တိုးမြင့်ဖို့ အချိန်အဆတစ်ထောင်လောက် ပိုသုံးစွဲဖို့ လိုအပ်တယ်။

"ဒါကို အရင်ချေဖျက်ရအောင်"

ကျောက်တုံးအခန်းရဲ့နံရံလေးခုပေါ်မှာ မျဉ်းကြောင်းတွေက ဘက်တိုင်းမှာ ရှိတယ်။ ဘယ်ဘက်ရှိပထမဆုံးမျဉ်းကြောင်းမှာ အနည်းငယ်ပိုတိမ်တဲ့မီးတာအိုဥပဒေသရှိတယ်။ လီဖူချန်းက သုံးဆယ်ရာခိုင်နှုန်းကနေ လေးဆယ်ရာခိုင်နှုန်းအထိ နားလည်ထားပြီဖြစ်တယ်။ ဘယ်ဘက်ရှိဒုတိယမြောက်မျဉ်းကြောင်းမှာ ပိုမိုနက်နဲသိမ်မွေ့တဲ့မီးတာအိုဥပဒေသပါဝင်ပြီး ၎င်းကို နားလည်ဖို့ လီဖူချန်းအတွက် အလွန်အမင်းအားစိုက်ရတယ်။ ပထမဘက်ရဲ့မီးတာအိုဥပဒေသကို အရင်နားလည်အောင်လုပ်ပြီးမှ ဒုတိယဘက်ရဲ့မီးတာအိုဥပ‌ဒေသကို နားလည်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒီနားလည်မှုဖြစ်စဉ်က တစ်လတိတိကြာခဲ့တယ်။

"အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရား"

သူ့ရဲ့မျက်လုံးတွေကို ဖွင့်ပြီးနောက် လီဖူချန်းရဲ့အမူအရာက စိတ်လှုပ်ရှားဖွယ်ရာဖြစ်သွားတယ်။

လက်ရှိမှာ သူ နားမလည်ရသေးတဲ့ကျောက်တုံးနံရံသုံးခုကျော်ကျန်သေးတယ်။ သူ ထွက်ခွာတဲ့အချိန်မှာ သူ့ရဲ့မီးတာအိုက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားလောက်တယ်။

"ငါ ဒုတိယနံရံရဲ့မျဉ်းကြောင်းတွေကို ဆက်နားလည်ရမယ်"

သူ့ရဲ့မီးတာအိုအဆင့်တိုးလာတာကြောင့်ဖြစ်နိုင်တယ်၊ လီဖူချန်းက ဒုတိယနံရံရဲ့မျဉ်းကြောင်းတွေကို နားလည်ရာမှာ ပိုလွယ်ကူလာတယ်။

တစ်လရှိပါပြီ၊ နှစ်လရှိပါပြီ၊ သုံးလရှိပြီ။

ဖောက်.......

ဒီနေ့မှာ လီဖူချန်းရဲ့ဦးခေါင်းအထက်မှာ ပုံရိပ်ယောင်မီးလျှံပန်းတစ်ပွင့်က ဖူးပွင့်နေတယ်။ လိမ့်တက်လာတဲ့မီးတာအိုဥပဒေသစွမ်းအားက ပျံ့နှံ့သွားပြီး အဲဒါက အလွန်အမင်းဆန်းကြယ်တယ်။

"အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်"

ဒုတိယနံရံရဲ့မီးတာအိုမျဉ်းကြောင်းတွေက နားလည်ခဲ့တာကြောင့် လီဖူချန်းရဲ့မီးတာအိုအဆင့်က ရေစီးနဲ့အတူ မြင့်တက်လာပြီး အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာတယ်။

ဒါက ဓားတာအိုအဆင့်နဲ့အတူတူပါပဲ။

ဒါက အရင်တုန်းကမစဉ်းစားရဲတဲ့အရာတစ်ခုပါပဲ။

"တတိယနံရံ"

ဒုတိယနံရံရဲ့မျဉ်းကြောင်းတွေမှနားလည်မှုကို ချိုးဖြတ်ပြီးနောက် လီဖူချန်းက တတိယနံရံကို ဆက်ကြည့်လိုက်တယ်။

"ဒါ ခက်ခဲလွန်းတာပဲ"

တတိယနံရံပေါ်မှာ သူက မီးတာအိုမျဉ်းကြောင်းတွေကို နားမလည်နိုင်ဘူးဆိုတာ လီဖူချန်းက သဘောပေါက်ခဲ့တယ်။ ဒီမျဉ်းကြောင်းတွေမှာ ဝိရောဓိတွေအမြောက်အများရှိပြီး ရှင်းပြလို့မရနိုင်ပါဘူး။

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က လုံလုံလောက်လောက်မမြင့်မားတာကို လီဖူချန်းက သိတယ်။

တတိယနံရံရဲ့မျဉ်းကြောင်းတွေကို နားလည်ဖို့ဆိုရင် သူ့ရဲ့မီးတာအိုအဆင့်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေရမယ်။

"ကံကြမ္မာအခွင့်အလမ်းတွေ ရောက်လာဖို့က ခက်ခဲတယ်။ ဆက်စုဆောင်းကြတာပေါ့"

လီဖူချန်းက တတိယနံရံရဲ့မျဉ်းကြောင်းတွေကို ဆက်မကြည့်တော့ဘဲ ပထမနဲ့ဒုတိယနံရံမျဉ်းကြောင်းတွေကို ဆက်နားလည်လိုက်တယ်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်လအနည်းငယ်ကုန်ဆုံးသွားခဲ့တယ်။

ဒီလအနည်းငယ်အတွင်း မီးတာအိုမျဉ်းတွေကို နားလည်တာအပြင် လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားအတတ်တွေကလဲ တိုးတက်လာနေတယ်။

လက်ရှိမှာ သူက မီးတာအိုနတ်ဘုရားအတတ်ဆယ်ခုကို ကျွမ်းကျင်တယ်။ သူတို့ထဲကသုံးခုက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်‌တွေဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တွေအဖြစ် မြှင့်တင်ထားပြီးပါပြီ။ သူတို့ထဲကခုနှစ်ခုကို သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တွေမှ ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တွေအဖြစ် မြှင့်တင်ထားခဲ့တယ်။ သူတို့အားလုံးက နှစ်ဆင့်မြင့်တက်သွားတာပဲ။

ဒါက အချိန်တိုလေးအတွင်းဖြစ်လို့ပဲ။ သူက အချိန်ပိုရရင် သူက သူတို့ကို နောက်တစ်ဆင့်သို့ မြှင့်တက်စေနိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

သူ ယုံကြည်ချက်ရှိတဲ့အကြောင်းပြချက်ကတော့ လီဖူချန်းရဲ့မီးတာအိုအဆင့်က ဓားတာအိုအဆင့်ကို ကျော်ဖြတ်သွားလို့ပဲ။

တကယ်တော့ အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်တွေမှာလဲ ခြားနားချက်တစ်ခုရှိသေးတယ်။

လက်ရှိမှာ လီဖူချန်းရဲ့မီးတာအိုအဆင့်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်နဲ့ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။

"ချိုးဖြတ်ဖို့ဆိုရင် ငါ တတိယနံရံရဲ့မျဉ်းတွေကို ကြည့်ရအုံးမယ်"

အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်နဲ့အဆင့်နိမ့်အစစ်အမှန်နယ်ပယ်ကြားကွာခြားချက်က ကြီးမားလွန်းတယ်။ ချိုးဖြတ်သွားတာနဲ့ ကောင်းကင်ကို ခြေတစ်လှမ်းနဲ့ တက်တာနဲ့ အတူတူပါပဲ။ ဒီဖူချန်းအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ဖို့က မဖြစ်နိုင်ဘူး။

ဒီတစ်ခါမှာတော့ လီဖူချန်းကို နံရံတစ်ခုလုံးကို မကြည့်ဘဲ မျဉ်းတွေထဲကတစ်ခုကိုပဲ ကြည့်လိုက်တယ်။

သူ့ရဲ့မီးတာအိုအဆင့်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ခြေတစ်လှမ်းအကွာမှာပဲ ရှိတော့တယ်။ ဈာန်ဝင်စားခြင်းအနည်းငယ်နဲ့အတူ သူက ချိုးဖြတ်နိုင်လောက်တယ်။

တတိယနံရံရဲ့မျဉ်းတွေက အလွန်ထူးဆန်းတယ်။ လွန်ခဲ့တဲ့အခိုက်အတန်မှာ ၎င်းက အလွန်ပေါက်ကွဲလွယ်ပေမယ့် နောက်အခိုက်အတန့်မှာတော့ ၎င်းက အားနည်းပြီးနှေးကွေးလာတယ်။ ၎င်းက အမြဲတမ်းပြောင်းလဲနေပြီး အလိုက်သင့်ပြောင်းလဲဖို့ ခက်ခဲတယ်။

"ပုံစံတစ်ခုပဲ ဖြစ်ရမယ်။ ငါ ရှုပ်ထွေးစရာမလိုဘူး"

လီဖူချန်းက မျက်တောင်တောင် မခတ်ဘဲ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မြင့်မားတဲ့အရှိန်နဲ့ လည်ပတ်နေတယ်။

နောက်ဆုံးမှာ လီဖူချန်းက အမှတ်သ‌င်္ကေတလက္ခဏာတစ်ခုကို မြင်လိုက်ရတယ်။

"စိတ်ဝင်စားစရာပဲ။ သူတို့က မီးတာအိုဥပဒေသရင်းမြစ်နဲ့ ထိတွေ့ထားတာပဲ။ အစစ်အမှန်နတ်ဘုရားတွေကို အစစ်အမှန်နတ်ဘုရားလို့ ခေါ်တာ အံ့ဩစရာမရှိပါဘူးလေ။ သူတို့က ဥပဒေသရင်းမြစ်နဲ့ စတင်ထိတွေ့နေတာပဲ"

အဆုံးမဲ့မီးတာအိုဥပဒေသနားလည်မှုကို စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ထည့်သွင်းလိုက်တယ်။ လီဖူချန်းရဲ့မီးတာအိုအဆင့်က အတားအဆီးအလွှာတစ်ခုကို ချိုးဖြတ်ပြီး အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားပုံရတယ်။

အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပြီးနောက် သူက ကောင်းကင်ဘုံနဲ့မြေကြီးရဲ့မီးတာအိုဥပဒေသတွေကို ထိန်းချုပ်နိုင်တဲ့လက္ခဏာတစ်ခုရှိလာပြီးဆိုတာ လီဖူချန်းက သိသိသာသာခံစားနိုင်တယ်။ ဒီထိန်းချုပ်မှုက အရမ်းအားနည်းပေမယ့် ထိန်းချုပ်မှုက ထိန်းချုပ်မှုပါပဲ၊ ၎င်းက ပေးအပ်တာနဲ့ မတူပါဘူး။

အခြားစကားဖြင့်ဆိုရရင် လီဖူချန်းက မီးတာအိုနတ်ဘုရားအတတ်တွေကို မဖော်ထုတ်ခဲ့ရင်တောင် သူက မီးတာအိုနတ်ဘုရားစွမ်းအားကို အသုံးပြုသရွေ့ မီးတာအိုဥပဒေသက မြင့်တက်လာပြီး သူ့ရဲ့သတ်ဖြတ်နိုင်စွမ်းကို တိုးလာစေလိမ့်မယ်။

"ဒါ အံ့ဩဖို့ ကောင်းလွန်းတယ်"

မီးတာအိုဥပဒေသလက္ခဏာတစ်ခုကိုထိန်းချုပ်ခြင်းရဲ့ကျေနပ်မှုက လီဖူချန်းရဲ့စိတ်ကို တက်လိုက်ကျလိုက်ဖြစ်စေတယ်။

ဥပဒေသစွမ်းအားကို ထိန်းချုပ်တာက နတ်ဘုရားတွေ တိုးတက်ဖို့ လမ်းကြောင်းဖြစ်ပုံရတယ်"

မီးတာအိုဥပဒေသစွမ်းအားကို ပိုထိန်းချုပ်ခြင်းဖြင့် တစ်စုံတစ်ယောက်ရဲ့မီးတာအိုနတ်ဘုရားခန္ဓာကိုယ်ကို ပိုသန်မာလာစေတယ်။ အကန့်အသတ်တစ်ခုရောက်တဲ့အခါ ၎င်းက ဆင့်ကဲပြောင်းလဲပြီး အစစ်အမှန်နတ်ဘုရားမှ စိတ်ဝိညာဉ်နတ်ဘုရားအဖြစ် ချိုးဖြတ်သွားလိမ့်မယ်။

နတ်ဘုရားဘုရင်တွေက နတ်ဘုရားဟင်းလင်းပြင်ရဲ့အထွတ်အထိပ်မှာ ရပ်တည်ကြတယ်လို့ ပြောကြတယ်။ သူတို့က ပြီးပြည့်စုံတဲ့ဥပဒေသကို ထိန်းချုပ်ထားနိုင်လောက်ပါပြီ။

ဒါပေမယ့် အားနည်းတဲ့၊ အားကောင်းတဲ့ ဥပဒေသတွေရှိတယ်။ နေရာလပ်-အချိန်ဥပဒေသ၊ ဓားတာအိုဥပဒေသ၊ ဓားမော့တာအိုဥပဒေသနဲ့ မီးဒြပ်စင်ဥပဒေသတို့လိုပေါ့။ သူတို့အားလုံးက အထွတ်အထိပ်ဥပဒေသတွေဖြစ်တယ်။  ပိုအားနည်းတာတွေက အချိန်ဥပဒေသ၊ နေရာလပ်ဥပဒေသ၊ အဆုံးစွန်းယင်ဥပဒေသ၊ အဆုံးစွန်းယန်ဥပဒေသတို့ပေါ့။ ပိုအားနည်းတဲ့အထဲမှာ မီးတာအိုဥပဒေသ၊ မြေတာအိုဥပဒေသ၊ သတ္တုတာအိုဥပဒေသနဲ့ အခြားဥပဒေသတို့လဲ ပါတယ်။

ဥပဒေသအမျိုးမျိုးကိုထိန်းချုပ်မှုမရ နတ်ဘုရားဘုရင်တစ်ယောက်ရဲ့ခွန်အားကလဲ ကွဲပြားတယ်။

ဒါပေမယ့် အထွတ်အထိပ်ဥပဒေသတွေက သူတို့ရဲ့ကိုယ်ပိုင်အားသားချက်တွေရှိပြီး သာမန်ဥပဒေသတွေမှာလဲ သူတို့ရဲ့ကိုယ်ပိုင်အားသာချက်တွေရှိတယ်။

အထွတ်အထိပ်ဥပဒေသတွေက နားလည်ဖို့ ပိုခက်ခဲတယ်။ လီဖူချန်းရဲ့ဓားတာအိုစုဆောင်းမှုက အလွန်အမင်းခိုင်မာပြီး သူ့ရဲ့အလွန်အားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ဆိုရင်တောင် သူက အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်မှာပဲ ရှိသေးတယ်။ သူ့ရဲ့အဓိကကျင့်ကြံခြင်းက မီးတာအိုဆိုရင် သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေမှာဖြစ်ပြီး ဒီလောက်ခက်ခဲလိမ့်မှာမဟုတ်ဘူး။

အတိုချုပ်အားဖြင့် အထွတ်အထိပ်ဥပဒေသတွေက နားလည်ရတာ ခက်ခဲပေမယ့် သူတို့မှာ တောက်ပတဲ့အနာဂတ်ရှိတယ်။ အထွတ်အထိပ်ကို ရောက်သွားတာနဲ့ သူတို့က အထွတ်အထိပ်မှာ ရပ်တည်နိုင်လိမ့်မယ်။

သာမန်ဥပဒေသတွေက နားလည်ရလွယ်ကူပေမယ့် အနာဂတ်မှာ အထွတ်အထိပ်ဥပဒေသတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။ တစ်စုံတစ်ယောက်ရဲ့တစ်ဘဝလုံး အထွတ်အထိပ်မှာ ရပ်တည်ဖို့က မဖြစ်နိုင်ဘူး။

အခု လီဖူချန်းရဲ့မီးတာအိုအဆင့်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိတာကြောင့် တတိယမျဉ်းကို နားလည်ဖို့က သူ့အတွက် အများကြီးပိုလွယ်ကူလာတယ်။

စဦးအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်၊ ပျမ်းမျှဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်။

တတိယမျဉ်းကို နားလည်ပြီးတဲ့အခါမှာ လီဖူချန်းရဲ့မီးတာအိုအဆင့်က ပျမ်းမျှအဆင့်နိမ့်အစစ်အမှန်ဘုရားနယ်ပယ်ကို ရောက်ရှိလာခဲ့တယ်။

ထို့နောက် လီဖူချန်းက စတုတ္ထမျဉ်းကို စတင်လေ့လာခဲ့တယ်။

"ဒီမီးတာအိုအစစ်အမှန်နတ်ဘုရားရဲ့အဆင့်က မြင့်မားလွန်းတယ်။ ဒီမျဉ်းတွေကို သူက သာမန်ကာလျှံကာချန်ထားသွားတာပဲ ဖြစ်ရမယ်"

စတုတ္ထမျဉ်းက အလွန်ရှုပ်ထွေးပေမယ့် မီးတာအိုဥပဒေသက တတိယမျဉ်းထက် ပိုနက်နဲသိမ်မွေ့နေသေးတာ ကံကောင်းတယ်။

နှောင်းပိုင်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်။

အထွတ်အထိပ်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်။

နောက်ဆုံးမှာ လီဖူချန်းရဲ့မီးတာအိုအဆင့်က အထွတ်အထိပ်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှ်ိလာခဲ့တယ်။ သူက နောက်ထပ်ခြေတစ်လှမ်းချရင် အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားလိမ့်မယ်။

ဒါပေမယ့် အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို အချိန်တိုအတွင်း မရောက်ရှိနိုင်မှန်း လီဖူချန်းက သိတယ်။ သူ့ရဲ့တိုးတက်မှုက မြန်ဆန်လွန်းပြီး သူ့ရဲ့အခြေခံအုတ်မြစ်က မတည်ငြိမ်လွန်းဘူး။ သူက မတည်ငြိမ်တဲ့အခြေခံအုတ်မြစ်နဲ့ ချိုးဖြတ်ဖို့ဆိုရင် အိမ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မယ်။

"အချိန်ကျပြီ"

လီဖူချန်းက နံရံတွေပေါ်ရှိမီးတာအိုမျဉ်းတွေကို တစ်ချက်ကြည့်လိုက်တယ်။

မျဉ်းအနည်းငယ်က သူ့ရဲ့မီးတာအိုအဆင့်ကို အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားနယ်ပယ်သို့ ခြေတစ်လှမ်းနဲ့ ရောက်ရှိစေခဲ့တယ်။ ကံကြမ္မာက တကယ်ကို ဆန်းကြယ်ပါတယ်လေ။

"ငါ့မှာ အခွင့်အရေးရှိရင်  ပြန်လာရမယ်"

တကယ်တော့ ပထမမျဉ်းဒါမှမဟုတ်အခြားမျဉ်းသုံးကြောင်းပဲဖြစ်စေ၊ လီဖူချန်းက သူတို့ကို အပြည့်အဝနားမလည်ရသေးပါဘူး။ စိတ်ဝိညာဉ်နတ်ဘုရားချန်ထားခဲ့တဲ့မီးတာအိုအမှတ်အသားလက္ခဏာတွေက သူ့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ နားလည်နိုင်တဲ့အရာတွေမဟုတ်ဘူးလေ။ မီးတာအိုမှာ ခိုင်မာတဲ့အုတ်မြစ်တစ်ခုကို တည်ဆောက်ပြီးနောက်မှ နောက်တစ်ကြိမ်သူလာတဲ့အခါ ပိုနားလည်ဖို့အခွင့်အရေးရှိလာလိမ့်မယ်။

"ငါ မထွက်သွားခင် ငါ့ရဲ့မီးတာအိုခွန်အားကို အရင်တိုးအောင် လုပ်ရမယ်"

အပြင်ဘက်မှာ ချော်ရည်အရှင်သခင်ရှိသေးတာကို လီဖူချန်းက မမေ့သေးပါဘူး။

သူ့ရဲ့မီးတာအိုက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားနယ်ပယ်မှာ ရှိနေပေမယ့် သူ့ရဲ့မီးတာအိုခွန်အားက အဆင့်နိမ့်အစ်အမှန်နတ်ဘုရားအဆင့်မှ အဝေးကြီးလိုသေးတယ်။ ချော်ရည်အရှင်သခင်က ထိုနေရာမှာပဲ စောင့်နေသေးရင် လီဖူချန်းက စွန့်စားရလိမ့်မယ်။

All Chapters