ထျန်းရွှေ
Vol. 80 Ch. 1123
"စိတ်ဝင်စားစရာပဲ၊ မင်း ဒီဓားကွက်ကို တားနိုင်မလား ငါ မသိဘူး"
လီဖူချန်းက ဓားကို နောက်ထပ်ဝှေ့ယမ်းလိုက်တယ်။ ဒီဓားမှာ အဆုံးမဲ့ဓားတာအိုရဲ့ထက်ရှမှုတွေပါဝင်တယ်၊ ၎င်းက မြင်နိုင်သော၊ မမြင်နိုင်သောအရာအားလုံးကို ဖြတ်တောက်နိုင်သလိုပေါ့။
ဝှစ်......
ဒီတစ်ခါမှာတော့ မြူခန္ဓာကိုယ်က ခွဲထွက်ဖို့ ကျရှုံးသွားတယ်။ တစ်ခဏလူးလွန့်ပြီးနောက် ၎င်းက ရုတ်တရက် တစ်စစီဖြစ်သွားတယ်။
မြူဥပဒေသတွေက ဓားတာအိုဥပဒေသတွေကို မကြောက်ပေမယ့် နှစ်ဖက်လုံးရဲ့ဥပဒေသနဲ့နယ်ပယ်တွေက မကြီးမားလွန်းတဲ့အခါ အရာအားလုံးက အဓိပ္ပါယ်မရှိတော့ပါဘူး။
"ကောင်းကင်ဘုံနဲ့မြေကြီးက မြူတွေပဲ"
ကွဲအက်သွားတဲ့ခန္ဓာကိုယ်တွေက အတူတကွ ပေါင်းစည်းသွားပြီး မြူနတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်လာတယ်။ မျက်စိတစ်မှိတ်အတွင်း ပြိုင်ပွဲပလက်ဖောင်းတစ်ခုလုံးကို အနက်ရောင်မြူအလွှာတစ်ခုက ဖုံးလွှမ်းသွားတယ်။
ထူးကဲအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်- ကောင်းကင်ဘုံနဲ့မြေကြီးမြူ။
"ဒါ အသုံးမဝင်ဘူး၊ မင်းနဲ့ငါ့ကြားကွာဟချက်က ကြီးမားလွန်းတယ်"
အဆုံးမဲ့တောက်ပဓားမော့အလင်းက အနက်ရောင်မြူမှ ထွက်ပေါ်လာပြီး ဝူကျိုးက ပြိုင်ပွဲစင်မှ ကျသွားတယ်။
"နံပါတ်၇လီဖူချန်းက နိုင်သွားပြီး တစ်မှတ်ရသွားတယ်"
အရှေ့နေဂိုဏ်းရဲ့ပွဲကြီးကြပ်သူက ကျယ်လောင်စွာ အော်ပြောလိုက်တယ်။
"သန်မာလွန်းတယ်၊ သူ့ရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်မြင့်နတ်ဘုရားတွေရဲ့အကန့်အသတ်ကို အနည်းဆုံးရောက်ရှိနေပြီ" စင်အောက်မှာ ဝူကျိုးက စိတ်ဓာတ်မကျခဲ့ပါဘူး၊ သူ့ရဲ့မြူဥပဒေသနယ်ပယ်က အဆင့်မြင့်နတ်ဘုရားတွေရဲ့နှောင်းပိုင်းအခြေအနေမှာပဲ ရှိသေးတယ်လေ။
လီဖူချန်းက အကောင်းဆုံးမပြုလုပ်ခဲ့ဘူး၊ သူ့ရဲ့ဓားတာအိုခွန်အားရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ ပြသခဲ့တာကို ဝူကျိုးက မသိပါဘူး၊ သို့မဟုတ်ရင် ဓားတာအိုနတ်ဘုရားစွမ်းအားပေါက်ကွဲထွက်လာတဲ့အချိန်မှာ သူက ပထမဓားကွက်ကိုတောင် တောင့်ခံနိုင်လိမ့်မှာမဟုတ်ဘူး။
"ကိုးပွဲမြောက်၊ နံပါတ်၉နဲ့နံပါတ်၂၃၆"
နံပါတ်၉က ကောင်းဝူဖြစ်ပြီး နံပါတ်၂၃၆ကလဲ ဝါရင့်ပင်မတပည့်တစ်ယောက်ဖြစ်တယ်။
"ငါ အရှုံးကို ဝန်ခံတယ်"
ဝါရင့်ပင်မတပည့်တွေက အရှုံးကို ဝန်ခံခဲ့တယ်။
"၁၅ပွဲမြောက်၊ နံပါတ်၃၈နဲ့နံပါတ်၁၅၀"
နံပါတ်၃၈က ထျန်းရွှေဖြစ်ပြီး သူ့ရဲ့ရန်သူကလဲ ဝါရင့်ပင်မတပည့်ဖြစ်တယ်။
ထျန်းရွှေက ထိပ်ဆုံးငါးယောက်နဲ့ တိုက်ပွဲတစ်ပွဲတိုက်ခိုက်ခဲ့တာကို ငါ သိပေမယ့် ဒီဝါရင့်ပင်မတပည့်က အရှုံးကို မဝန်ခံချင်ပါဘူး။ ဒီနှစ်ရဲ့ထိပ်ဆုံးဆယ်ယောက်က ဘာစွမ်းဆောင်နိုင်သလဲကို သူ မြင်ချင်တယ်။
"ကျောက်တုံးတွေက တိမ်တွေကို ဖြတ်ကျော်သွားတယ်"
သူ လာတာနဲ့ တစ်ပြိုင်နက် ဒီဝါရင့်ပင်မတပည့်က ပြီးပြည့်စုံခြင်းအဆင့်မြင့်မြေတာအိုနတ်ဘုရားအတတ်တစ်ခုကို ပေါက်ကွဲထွက်စေလိုက်တယ်။ အဆုံးမဲ့လက်သီးပုံစံကျောက်တုံးတွေက ကြောက်စရာကောင်းတဲ့တစ်ဝီဝီမြည်သံတစ်ခုနဲ့အတူ စင်မြင့်ပေါ်ရှိ ထျန်းရွှေအပေါ် ပျံသန်းလာတယ်။
"အမှောင်ရေပိုင်နက်"
ပြိုင်ပွဲစင်မြင့်ကို အနက်ရောင်ရေအလွှာတစ်ခုက ချက်ချင်း လွှမ်းခြုံသွားပြီး အဆုံးမဲ့လက်သီးအရွယ်အစားကျောက်တုံးတွေက ရွှံ့ဗွက်ထဲမှာ ငြိတွယ်သွားပုံရတယ်၊ မြန်နှုန်းက ပိုပိုနှေးလာပြီး သူတို့က တန့်သွားတယ်။
"ပိုင်နက်အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်လား"
ဝါရင့်ပင်မတပည့်က မလှုပ်နိုင်တော့ဘဲ ခက်ခက်ခဲခဲပြောလိုက်တယ်။
တူညီတဲ့အဆင့်မှာ ပိုင်နက်နတ်ဘုရားအတတ်တွေက အခြားနတ်ဘုရားအတတ်တွေကို ရိုက်နှက်နိုင်တယ်၊ အဆင့်တစ်ဆင့်ပိုမြင့်မားတာကို ဖော်ပြစရာမလိုပါဘူး။
"အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်လား"
"ဒါဟုတ်တယ်၊ အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်နဲ့ဆိုရင် စီနီယာအကိုထျန်းရွှေရဲ့ခွန်အားက အနည်းဆုံးထိပ်ဆုံးသုံးယောက်ထဲ ဝင်တယ်။ စီနီယာအကိုဖုန်းရှင်းကလွဲပြီး တစ်ယောက်မှ သူ့ကို အနိုင်ယူဖို့ မသေချာဘူး"
အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်တွေက ခြိမ်းခြောက်လွန်းတယ်၊ ဒါကို ဘယ်လိုရင်ဆိုင်ရမလဲကို တွေးမိပြီး ကွမ်းဝူကတောင် မျက်မှောင်ကြုတ်လိုက်မိတယ်။
"ဒီတိုက်ပွဲက မညီမျှဘူး၊ ငါ အရှုံးပေးတယ်" ပင်မတပည့်ရဲ့ထိုင်ခုံမှာ ဝါရင်ပင်မတပည့်က ရှုံ့မဲ့ကာ ပြုံးလိုက်တယ်။
ထျန်းရွှေရဲ့အနက်ရောင်ရေပိုင်နက်နဲ့ ရင်ဆိုင်ရာမှာ သူက လုံးဝရွေးချယ်မရှိခဲ့ဘူး၊ သူက အရှုံးကို ဝန်ခံခဲ့ရတယ်။
ပြိုင်ပွဲတွေက အလွန်မြန်တယ်။ နေ့လည်ခင်းမှာ ကိုးချီက ပြီးသွားပြီး နောက်ဆုံးအချီပဲ ကျန်တော့တယ်။
ကိုးချီလုံးမှာ လီဖူချန်းက ပွဲအားလုံးကို အနိုင်ရခဲ့ပြီး ကိုးမှတ်စုဆောင်းခဲ့တယ်။
ဆယ်ချီ၊ ပွဲရှစ်ဆယ်မြောက်။
"နံပါတ်၇နဲ့နံပါတ်၃၈"
အရှေ့နေဂိုဏ်းရဲ့ပြိုင်ပွဲကြီးကြပ်သူရဲ့အသံက ထွက်ပေါ်လာတာကြောင့် ပရိသတ်တွေက သွေးတွေ ဆူပွက်လာကြတယ်။
နံပါတ်၇က လီဖူချန်းဖြစ်တယ်။
ပြီးတော့ နံပါတ်၃၈က ထျန်းရွှေဖြစ်တယ်၊ သူက ဒီနှစ်ရဲ့ထိပ်တန်းပါရမီရှင်ဆယ်ယောက်ထဲကတစ်ယောက်ဖြစ်ပြီး အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်ဖြစ်တဲ့အနက်ရောင်ရေပိုင်နက်ကို ဖန်တီးထားကာ လူအနည်းကပဲ ယှဉ်ပြိုင်နိုင်တဲ့အထိ အားကောင်းလှတယ်။
"ထိပ်တန်းပါရမီရှင်နှစ်ယောက်ကြားတိုက်ပွဲပေါက်ကွဲမှုက စဉ်းစားနိုင်တယ်။
"ငါ ထျန်းရွှေနဲ့ အစောကြီး တွေ့ခဲ့တာပဲ"
တုန်းယန်ချမ်ယုက အလွန်စိတ်ဓာတ်ကျသွားတယ်။ အရိုးသားဆုံးပြောရရင် လီဖူချန်းက ထျန်းရွှေရဲ့ပြိုင်ဘက်ဖြစ်လာမယ်လို့ သူမ မထင်ထားခဲ့ဘူး။
တကယ်တော့ ထျန်းရွှေက ပင်မတပည့်ဖြစ်လာတာ နှစ်တစ်ရာကျော်ပြီး လီဖူချန်းက နှစ်အနည်းငယ်ပဲ ရှိသေးတယ်။
"ဂျူနီယာညီလေးထျန်းရွှေ၊ မင်း ခွန်အားဘယ်လောက်ကောင်းသလဲ ငါတို့ ကြည့်ရတာပေါ့" ဖုန်းရှင်းက ဆံပင်ရှည်တွေတဖျပ်ဖျပ်ခတ်နေတဲ့လူရွယ်တစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့နားထင်ပေါ်မှာ စိမ်းပြာရောင်ငှက်တောင်မွေးအပိုင်းအစတစ်ခုစီရှိတယ်။ ဒီအချိန်မှာတော့ သူက သိလိုစိတ်ပြင်းပြနေတယ်။ ထျန်းရွှေကို ကြည့်ရင်း သူလဲပဲ အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့ ဒီဂျူနီယာညီလေးကို လေးစားမိတယ်။
လီဖူချန်းအတွက်ကတော့ သူ အာရုံမလာပါဘူး။ တူညီတဲ့အဆင့်မှာ ပိုင်နက်နတ်ဘုရားအတတ်တွေက အသန်မာဆုံးဖြစ်တယ်။ လီဖူချန်းမှာ အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုမရှိရင် အနိုင်ရဖို့ မျှော်လင့်ချက်မရှိပါဘူး။
ဒါပေမယ့် သူက လီဖူချန်းရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုအပေါ် အလွန်အကောင်းမြင်တယ်။ ဘာတစ်ခုမှမဖြစ်ရင် သူ့ရဲ့အနာဂတ်က ကောင်းကင်တစ်ခုအလား မြင့်တက်လာလိမ့်မယ်။
သိုင်းစင်မြင့်ပေါ်မှာ လီဖူချန်းနဲ့ထျန်းရွှေက မီတာတစ်ရာအကွာ ရပ်နေကြတယ်။
"မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး" ထျန်းရွှေက ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။
လီဖူချန်းက ပြုံးလိုက်တယ်"အပြောမကြီးပါနဲ့လေ"
ထျန်းရွှေက အော်လိုက်တယ်"နတ်ဘုရားပိုင်နက်အတတ်တွေက အဆင့်တူရင် ဘာကိုဆိုလိုသလဲဆိုတာ မင်း သိပါတယ်"
"ဒါပေါ့၊ သိပ်သိတာပေါ့"
"ဒါဆို မင်း ဘာလို့ အချိန်ဖြန်းနေတာလဲ"
"အချိန်ဖြုန်းတာမဟုတ်ဘူး၊ ထားလိုက်တော့ ၊မင်း နားမလည်ပါဘူးလေ၊ စကြစို့" လီဖူချန်းမှာ ထျန်းရွှေကို အနိုင်ယူဖို့ နည်းလမ်းအများကြီးရှိတယ်။ အလွယ်ကူဆုံးနည်းလမ်းက စိတ်ဝိညာဉ်ကို တိုက်ခိုက်တာပဲ။ ဒါမှမဟုတ်လဲ မီးတာအိုတိုက်ခိုက်မှုပေါ့။ သူ့ရဲ့လက်ရှိမီးတာအိုခွန်အားနဲ့ဆိုရင် သူက နတ်ဘုရားအတတ်ကိုတောင် အသက်သွင်းစရာမလိုပါဘူး။ နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုကတင် ရန်သူကို ပြာအဖြစ် လောင်ကျွမ်းစေဖို့ လုံလောက်တယ်။
ဒါပေမယ့် ဒီနည်းလမ်းနှစ်ခုလုံးကို အသုံးပြုမှာမဟုတ်ဘူး။ သူတို့က ပေါ်လွင်လွန်းတယ်။ လီဖူချန်းက သူ့ကိုယ်သူ ဒုက္ခမရှာချင်ပါဘူး။
ထျန်းရွှေနဲ့တိုက်ပွဲမှာ သူက ရင်ဆိုင်ဖို့အတွက် ဓားတာအိုကို အသုံးပြုဖို့ စဉ်းစားထားတယ်။ သူ့ရဲ့ဓားတာအိုက ရန်သူရဲ့ရေတာအိုကို မရှုံးဘူးလို့ သူက ယုံကြည်ထားတယ်။
"ဒီလိုဆိုလဲ တိုက်ကြတာပေါ့"
ထျန်းရွှေက အချိန်မဖြုန်းချင်ပါဘူး။ သူ လာတာနဲ့ ချက်ချင်း အနက်ရောင်ရေပိုင်နက်က ပေါက်ကွဲထွက်လာပြီး အနက်ရောင်ရေက ပြိုင်ပွဲစင်မြင့်ကို ပိတ်ဖုံးသွားတယ်။
သူ့ခန္ဓာကိုယ်က နစ်မြုပ်သွားတာကြောင့် သူက အဆုံးမရှိတဲ့ရေအနက်ထဲသို့ ဝင်ရောက်သွားသလို လီဖူချန်းက ခံစားရတယ်။ မှင်တက်စရာရေဖိအားက ဦးတည်ဘက်တိုင်းမှ ဖိညှစ်လာတယ်။
ဒါက ရေတာအိုနတ်ဘုရားအတတ်ရဲ့ကြောက်စရာကောင်းတဲ့အရာပါပဲ၊ နေရာတိုင်းမှာ ဖိအားရှိတယ်။
"ချိုးဖြတ်စမ်း"
ထျန်းရွှေရဲ့အနက်ရောင်ရေနတ်ဘုရားပိုင်နက်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းကလဲ သူ့ရဲ့ကိုယ်ပိုင်ဓားဖိအားကို ဖော်ထုတ်လိုက်တယ်၊ မှင်တက်စရာဓားဖိအားက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အနက်ရောင်ရေပိုင်နက်နဲ့ ယှဉ်ပြိုင်လိုက်တယ်။
ဓားပင်လယ်မိုးကုတ်စက်ဝိုင်း- ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုပိုက်နက်နတ်ဘုရားအတတ်။
ဓားတာအိုက အဆင့်နိမ့်ဥပဒေသတစ်ခုဆိုရင် အနက်ရောင်ရေပိုင်နက်နဲ့ ရင်ဆိုင်ရတဲ့အခါ လုံးဝခုခံနိင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ၎င်းက အဆင့်မြင့်ဥပဒေသတွေထက်တောင် ပိုအားကောင်းတဲ့ ထိပ်တန်းအဆင့်ဥပဒေသတစ်ခုဖြစ်တယ်။
ဒါပေမယ့် အစောပိုင်းအဆင့်မှာ ဥပဒေသတွေကြားကွာဟချက်က အရမ်းမကြီးပါဘူး။ မင်းက ထိပ်တန်းဥပဒေသကို လေ့ကျင်ရင်တောင် ပြိုင်ဘက်ကင်းမယ်လို့ မဆိုလိုပါဘူး။ တစ်ခါတစ်ရံမှာ အခြားသူတွေက အဆင့်နိမ့်နဲ့အလယ်ဆင့်ဥပဒေသတွေကိုပဲ လေ့ကျင့်ထားပေမယ့် မင်းတို့ရဲ့ထိပ်တန်းဥပဒေသတွေကို အနိုင်ယူနိုင်ပါတယ်။
နှောင်းပိုင်းအဆင့်တွေမှာသာ မင်းက အထွတ်အထိပ်ဒါမှမဟုတ်အထွတ်အထိပ်အနီးနားမှာ ရပ်တည်တဲ့အခါ ဥပဒေသရဲ့ခွန်အားက အပြည့်အဝ ရောင်ပြန်ဟပ်လာမည်ဖြစ်တယ်၊ အကြောင်းကတော့ ထိုအချိန်မှာ ဥပဒေသတစ်ခုရဲ့အလားအလာက ပေါ်လွင်လာတာကြောင့်ဖြစ်တယ်။ အဆင့်နိမ့်ဥပဒေသတွေက အလားအလာ ကန့်သတ်ထားပြီး ထိပ်တန်းဥပဒေသတွေက အလားအလာပိုကြီးမားတယ်။
အလယ်ဆင့်နဲ့အဆင့်နိမ့်ဥပဒေသတွေကို သာမန်သတ္တုကြောတစ်ခုနဲ့ နှိုင်းယှဉ်ရင် ထိပ်တန်းဥပဒေသတွေက ကြွယ်ဝတဲ့သတ္တုကြောဖြစ်တယ်။
ဓားဖိအားက အလွန်အမင်း သန်မာပေမယ့် ၎င်းက သုံးမီတာဒါမှမဟုတ်လေးမီတာအထိပဲ ကြီးမားနိုင်ကာ အထဲရှိလီဖူချန်းကို ကာကွယ်ဖို့ ဓားဖိအားမျက်နှာဖုံးတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်၊ အပြင်ဘက်မှာတော့ ထျန်းရွှေရဲ့အနက်ရောင်ရေအကာအကွယ်ရှိတယ်။
"ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်၊ ဒီဂျူနီယာညီလေးလီကလဲ သန်မာတဲ့လူတစ်ယောက်ပဲ....."
"စိတ်မကောင်းစွာနဲ့ လေ့ကျင့်ခဲ့တဲ့အချိန်က စီနီယာအကိုထျန်းရွှေကို ရောက်ရှိဖို့ နည်းလွန်းတယ်"
"ဒါပေမယ့် ဂျူနီယာညီလေးလီကို ကြည့်စမ်း၊ သူ့မျက်နှာက တည်ငြိမ်နေပြီး ထိတ်လန့်ခြင်းမရှိဘူး။ သူ အခုထိမဖော်ထုတ်ရသေးတဲ့ဝှက်ဖဲတွေ ရှိပုံပဲ"
"အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်နဲ့ ရင်ဆိုင်ရရင် ဘယ်ဝှက်ဖဲမှ အလုပ်လုပ်မှာမဟုတ်ဘူး"
ပရိသတ်ထဲမှာ ဆွေးနွေးနေကြပြီး လူတိုင်းက သူတို့ရဲ့အမြင်ကို ထုတ်ပြနေကြတယ်။
"အသုံးမဝင်ဘူးကွ"
သိုင်းစင်မြင့်ပေါ်မှာ ထျန်းရွှေက သူ့ခေါင်းကို ခါယမ်းလိုက်တယ်၊ သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ သိပ်သည်းတဲ့ရေနဲ့ဖွဲ့စည်းထားတဲ့အနက်ရောင်လှံတံတွေက လီဖူချန်းထံ ပစ်ခတ်လာတယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်ရေတာအိုတိုက်ခိုက်ရေးနတ်ဘုရားအတတ်-ရေချိုးဖြတ်ခြင်း။
အနက်ရောင်လှံတံက ဓားဖိအားမျက်နှာဖုံးကို ထိမှန်ခွင့်ပြုလို့မရဘူး၊ သို့မဟုတ်ရင် သူက ဓားဖိအားမျက်နှာဖုံးပျက်ဆီးသွားတာနဲ့ သူက ဖိအားတွေ ပိုခံစားရလိမ့်မယ်။
ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း......
ဓားအရိပ်တစ်ထောင်က လေထဲမှာ ပြည့်သွားပြီး ထျန်းရွှေရဲ့ရေစီးကြောင်းကို အနိုင်ယူလိုက်တယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုနတ်ဘုရားအတတ်-ဓားချီမူလပြန်သွားခြင်း။
နောက်မှာတော့ ထျန်းရွှေရဲ့တိုက်ခိုက်မှုတွေက ဘယ်လောက်ပဲအားကောင်းအားကောင်း၊ သူတို့က လီဖူချန်းရဲ့မူလပြန်သွားဓားပြောင်းလဲခြင်းကို မချိုးဖြတ်နိုင်ပါဘူး။
တိုက်ခိုက်ရေးစွမ်းအားအရ သူက လီဖူချန်းထက် အများကြီးဆိုးတယ်။ တကယ်တော့ ဓားတာအိုက တိုက်ခိုက်ရေးအရ အကောင်းဆုံးဖြစ်တယ်။ အနက်ရောင်ရေပိုင်နက်ထဲမှာ မဟုတ်ရင် ထျန်းရွှေရဲ့တိုက်ခိုက်မှုက ပိုတောင် အားနည်းပေလိမ့်မယ်။
မျက်မှောင်ကြုတ်လျက် သူက လီဖူချန်းကို လျော့တွက်မိခဲ့တယ်ဆိုတာ ထျန်းရွှေက ဝန်ခံလိုက်တယ်၊ ပိုင်နက်နတ်ဘုရားအတတ်ကလွဲပြီး လီဖူချန်းက သူ့ထက် ဘယ်နေရာမှ မနိမ့်ကျပါဘူး။
"မင်း ဘယ်လောက်ထိ ခံနိုင်မလဲ ငါ ကြည့်မယ်"
ထျန်ရွှေက အလျင်မလိုပါဘူး။ အနက်ရောင်ရေပိုင်နက်က အကြီးမားဆုံးအထောက်အပံ့ဖြစ်တယ်။ အနက်ရောင်ရေပိုင်နက်ကို မချိုးဖြတ်နိုင်ရင် ရန်သူက သူ့ကို အနိုင်ယူဖို့ လုံးဝမျှော်လင့်ချက်ရှိမှာမဟုတ်ဘူး။
"ဒီအကွက်ကိုပဲ ထပ်အသုံးပြုရမှာပေါ့"
ရေနက်ပိုင်နက်ထဲမှာ လီဖူချိန်းရဲ့ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုနတ်ဘုရားအတတ်တွေက ထျန်းရွှေထံ လုံးဝမကပ်နိုင်ပါဘူး၊ သူက မကပ်နိုင်တာကြောင့် ရန်သူကို ခြိမ်းခြောက်မှုတစ်ခုဖြစ်စေနိုင်မှာမဟုတ်ဘူး။
"စပ်ကြောင်းမဲ့ဓားချီ"
ထျန်းရွေမှာ အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်တွေရှိသလို လီဖူချန်းမှာလဲ အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်တွေရှိပါတယ်။
လီဖူချန်းက လက်ထဲရှိ ယန်ဧကရာဇ်ဓားကို ဝှေ့ယမ်းလျက် မမြင်နိုင်တဲ့ဓားစွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာပြီး ထျန်းရွှေကို ချဉ်းကပ်လာတယ်။
အနက်ရောင်ရေအကာအကွယ်အပေါ်မှာ လှိုင်းဂယက်လေးတွေ ရှိလာတာကို မြင်တွေ့နိုင်တယ်။
"အမ်"
ထျန်းရွှေက အနည်းငယ်အံ့အားသင့်သွားတယ်။ သူ့ရဲ့အနက်ရောင်ရေပိုင်နက်က ရန်သူရဲ့ဓားကို လုံးဝမဖိနှိပ်နိုင်ခဲ့ဘူး။ ဒီဓားက မမြင်နိုင်ဘူး၊ အစစ်အမှန်လား အမှားအယွင်းလာလဲ မသိဘူး၊ ၎င်းက အလွန်မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေမှန်း သိသာတယ်။
"စပ်ကြောင်းမဲ့ဓားချီက သာမန်ဓားတာအိုတိုက်ခိုက်ရေးနတ်ဘုရားအတတ်တစ်ခုမဟုတ်ဘူး"
လီဖူချန်းက ယန်ဧကရာဇ်ဓားကို အကြိမ်ကြိမ်ဝှေ့ယမ်းလိုက်တယ်၊ အဆုံးမဲ့ဓားစွမ်းအင်က တစ်ခုပြီးတစ်ခု ထွက်လာပြီး အနက်ရောင်ရေပိုင်နက်ထဲမှာ လှိုင်းတွေ ဖြစ်စေခဲ့တယ်။
အုန်း.....
ဓားချီတစ်ခုက ထျန်းရွှေကို ချဉ်းကပ်သွားတယ်။ ထျန်းရွှေက အနက်ရောင်လှံတစ်ခုကို ကိုင်ကာ ထိုးဖောက်လိုက်တယ်။ နောက်အခိုက်အတန့်မှာ ပေါက်ကွဲမှူတစ်ခုဖြစ်လာပြီး ဓားချီက ပျက်ဆီးသွားတယ်။ ထျန်းရွှေရဲ့အဝတ်ထောင့်တွေမှာ ပျားတူအုံတစ်ခုလိုပဲ၊ သိပ်သည်းကာသေးငယ်တဲ့အနက်ရောင်အပေါက်တွေရှိတယ်။
အုန်း အုန်း အုန်း ......
ဓားချီတွေ ပိုပိုပြီးတိုက်ခိုက်လာတယ်၊ ထျန်းရွှေရဲ့ခန္ဓာကိုယ်က လှုပ်ယမ်းသွားပြီး ဦးခေါင်းလေးခုနဲ့လက်သုံးဆယ့်ခြောက်ဖက်အဖြစ်သို့ ပြောင်းသွားတယ်၊ လက်တစ်ဖက်စီက အနက်ရောင်လှံတံတစ်ခုကို ကိုင်ထားပြီး ဓားချီရဲ့တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။
ဒီဓားချီတွေက ရင်ဆိုင်ရအလွန်ခက်ခဲတယ်လို့ ပြောကြတယ်။ သူတို့က ပျက်ဆီးသွားရင်တောင် သူက အဆုံးမဲ့သေးငယ်တဲ့ဓားချီတွေအဖြစ် ပြောင်းသွားပြီး ထျန်းရွှေကို ဖိညှစ်ဖို့ ဓားချီမုန်တိုင်းတစ်ခုကို ဖြစ်စေခဲ့တယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်က ရေစီးကြောင်းအဖြစ် မပြောင်းလဲနိုင်ရင် ထျန်းရွှေက ဒဏ်ရာရသွားတာ ကြာပြီ။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ဓားတာအိုတိုက်ခိုက်ရေးအတတ်တစ်ခုလဲ"
ဒါက လူတိုင်းက ဒီလိုကြောက်စရာကောင်းတဲ့ဓားတာအိုတိုက်ခိုက်ရေးအတတ်တစ်ခုကို မြင်တွေ့ရတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါက ပိုင်နက်နတ်ဘုရားအတတ်တွေက ပြိင်ဘက်မကင်းဘူးဆိုတာ ပြောပြခဲ့တာပဲ၊ ဒါမှမဟုတ် အခြားစကားဖြင့် ဆိုရရင် ရေတာအိုပိုင်နက်နတ်ဘုရားအတတ်က ပြိုင်ဘက်မကင်းဘူးဆိုတာပေါ့။