ဓားတာအိုနယ်ပယ်မှာ ချိုးဖြတ်ခြင်း
Vol. 80 Ch. 1124
"ဒါ နားလည်မှုလွဲသွားတာပဲ"
သူက လီဖူချန်းကို အထင်သေးခဲ့တယ်လို့ ဖုန်ရှင်းက ဝန်ခံရမှာပဲ။
ဓားတာအိုက ထိပ်တန်းဥပဒေသဖြစ်တယ်။ လေ့ကျင့်ဖို့၊ နားလည်ဖို့ အလွန်ခက်ခဲတယ်။ လူတော်တော်များများက ဓားကို အသုံးပြုကြပေမယ့် သူတို့က ဓားကို လက်နက်အဖြစ်သာ သတ်မှတ်ထားကြတယ်။ အဓိကဥပဒေသတွေက မီးဥပဒေသ၊ ရေဥပဒေသ၊ မိုးကြိုးဥပဒေသတွေသာဖြစ်တယ်...........ဓားတာအိုဥပဒေသက မရှိမဖြစ်တော့မဟုတ်ကြပါဘူး။
ဒါပေမယ့် ဒီဂျူနီယာလီဖူချန်းက ဓားတာအိုဥပဒေသကို နားလည်နိုင်ပြီး အဆုံးစွန်းအဆင့်မြင့်ဓားတာအိုနတ်ဘုရားအတတ်ကို ဖန်တီးနိုင်တယ်။ ဒီလိုပါရမီနဲ့ထိုးထွင်းသိမြင်မှုက ထျန်းရွှေနဲ့သူ့ကိုပါ ကျော်ဖြတ်သွားပါပြီ။
"တစ်တောင်ထက်တစ်တောင်ပိုမြင့်တယ်ဆိုတာ မှန်တာပဲ။ ကံကောင်းစွာနဲ့ ငါ့ရဲ့အသက်အခြေခံအုတ်မြစ်က ဖြည့်စွက်ပြီးဖြစ်နေတာပဲ။ နှစ်အနည်းငယ်အတွင်း ငါက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်။ ငါ ဒီဂျူနီယာညီတွေနဲ့ နှိုင်းယှဉ်စရာမလိုပါဘူးလေ"
သူ့အတွက် အရေးကြီးဆုံးက လက်ရှိမဟုတ်၊ အနာဂတ်ပါပဲ။ သူ အဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်တာနဲ့ သူက နှစ်တစ်သန်းထက်ပိုတဲ့သက်တမ်းတစ်ခုရှိလာပါလိမ့်မယ်။ ဒါက စစ်မှန်တဲ့အသက်ရှည်ခြင်းပါပဲ။
ထျန်းရွှေက အလွန်အရှက်ရမိတယ်၊ သူ့မျက်လုံးတွေက တဖြည်းဖြည်းအေးစက်လာတယ်။
"မင်းက ငါ အစွမ်းကုန်အားထုတ်ဖို့ အရည်အချင်းမှီတယ်လို့ ငါ ပြောရမှာပဲ"
တကယ်တော့ သူက ဆက်လက်တိုက်ခိုက်နေခဲ့တယ်။ သူ ရှုံးမယ်လို့ ထျန်းရွှေက မထင်ပါဘူး။ တစ်ဖက်လူရဲ့ဓားချီက အနက်ရောင်ရေပိုင်နက်အောက်မှာ အားနည်းသွားတယ်၊ သူ့ကို ထိခိုက်မှုကြီးကြီးမားမားမဖြစ်စေနိုင်ဘူး၊ ဒါကြောင့် သူ့ကို အနည်းငယ်ပဲ အရှက်ရစေခဲ့တယ်။
"အနက်ရောင်ရေပိုင်နက်။ အေးခဲကမ္ဘာ"
ကြောက်စရာကောင်းတဲ့လေအေးတွေက ရုတ်တရက် ပျံ့နှံ့လာပြီး သိုင်းစင်မြင့်ကို ဖုံးလွှမ်းထားတဲ့ အနက်ရောင်ရေအကာအကွယ်က အနက်ရောင်ရေခဲတုံးတစ်ခုအဖြစ် ချက်ချင်း ပြောင်းသွားခဲ့တယ်။
လီဖူချန်းက အထဲမှာအေးခဲနေတဲ့ရေခဲတုံးထဲရှိပိုးမွှားတစ်ကောင်လိုပါပဲ။
"ဒါက"
ပရိသတ်ထဲမှာ လူတိုင်းက အံ့ဩတုန်လှုပ်သွားကြတယ်။
အနက်ရောင်ရေပိုင်နက်က ရေတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုမဟုတ်လား။ ဘယ်လ်ိုလုပ်ပြီး ၎င်းက ရေခဲတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်လာတာလဲ။
ရေခဲနဲ့ရေက ခွဲခြားခြင်းမရှိပေမယ့် ကွာခြားချက်တစ်ခုတော့ ရှိပါသေးတယ်။
ရေတာအိုနဲ့ ယှဉ်ရင် ရေခဲတာအိုက ပိုလွှမ်းမိုးတယ်။
"စွမ်းပကားနှစ်ခုနတ်ဘုရားအတတ်" ဖုန်းရှင်က အံ့အားသင့်စွာ ပြောလိုက်တယ်။
စွမ်းပကားနှစ်ခုနတ်ဘုရားအတတ်တွေက အဆင့်မြင့်နတ်ဘုရားနယ်ပယ်မှာ အတွေ့မများပေမယ့် မရှားပါဘူး၊ ဒါပေမယ့် စွမ်းပကားနှစ်ခုပိုင်နက်နတ်ဘုရားအတတ်တွေကအလွန်ရှားပါးတယ်၊ အဆုံးစွန်းအဆင့်မြင့်စွမ်းပကားနှစ်ခုနတ်ဘုရားအတတ်တွေက ပိုတောင်အလွန့်အလွန်ရှားပါးတယ်၊ အဆင့်မြင့်နတ်ဘုရားနယ်ပယ်မှာ အဆုံးစွန်းအဆင့်မြင့်စွမ်းပကားနှစ်ခုနတ်ဘုရားအတတ်ကို ဖန်တီးခဲ့တဲ့သူတစ်ယောက်ယောက်ကို ငါ ဘယ်တုန်းကမှ မကြားခဲ့ဘူး။ ဂျူနီယာထျန်းရွှေက ပထမဆုံးပုဂ္ဂိုလ်လို့ ပြောနိုင်တယ်။
"ဒီကလေးရဲ့ပါရမီက တကယ်ကို မှင်တက်စရာပဲ"
စင်မြင့်ပေါ်မှာ အစစ်အမှန်နတ်ဘုရားအကြီးအကဲတစ်ယောက်က ချီးကျူးလိုက်တယ်။
သူက စွမ်းပကားနှစ်ခုနတ်ဘုရားအတတ်တွေကို မလိုက်စားပါဘူး၊ ဒါက အချိန်ဖြုန်းတီးခြင်းတစ်ခုပါပဲ။ တကယ်တော့ လူတစ်ယောက်မှာ စွမ်းအင်အကန့်အသတ်ရှိတယ်လေ။ စွမ်းအင်အကန့်အသတ်နဲ့ ကိစ္စတွေအများကြီးပြုလုပ်ခြင်းက သူ့ရဲ့တိုးတက်မှုကို နှောင့်နှေးစေလိမ့်မယ်။ ဒါပေမယ့် ဒါက ထျန်းရွှေအပေါ် သူ့ရဲ့ချီးကျူးမှုကို မတားဆီးပါဘူး၊ တကယ်တော့ စွမ်းပကားနှစ်ခုပိုင်နက်နတ်ဘုရားအတတ်တွေက ဖန်တီးရတာ တကယ်ခက်တယ်လေ၊ ဒါက လုံးဝအသုံးမဝင်တာ မဟုတ်ပါဘူး။ နယ်ပယ်က တန့်နေတဲ့အချိန်မှာ ဒါက ခွန်အားကိုတိုးဖို့နည်းလမ်းတစ်ခုပါပဲ။
"အကြီးအကဲထူလင်၊ မင်း မကြာသေးမီက ဥပဒေသတစ်ခုကို ထပ်ကျွမ်းကျင်ခဲ့တယ်လို့ ငါကြားတယ်၊ ဟုတ်သလား" စင်မြင့်ရဲ့အခြားတစ်ဖက်မှာ အနည်းငယ်အသက်ကြီးပုံရတဲ့အဆင့်မြင့်နတ်ဘုရားအကြီးအကဲနှစ်ယောက်က စကားစမြည်ပြောနေကြတယ်၊ ပြောနေတဲ့သူက မီးခိုးရောင်ဆံပင်နဲ့လူအိုကြီးပါပဲ၊ သူက အဖြူရောင်ဆံပင်နဲ့လူအိုကြီးဖြစ်တဲ့အကြီးအကဲထူလင်ကို ပြောလိုက်တယ်။
အဖြူရောင်ဆံပင်နဲ့အကြီးအကဲက သက်ပြင်းချလိုက်တယ်"ဒီလူအိုကြီးက ဒီနှစ်ဆိုရင် နှစ်တစ်သန်းနီးပါးရှိပြီ၊ ဆက်လက်အသက်ရှင်သန်ဖို့ နှစ်အများကြီးမကျန်တော့ဘူး။ ငါက နောက်ထပ်နည်းလမ်းတစ်ခုကို မရှာတွေ့နိုင်ရင် သေဖို့ပဲ စောင့်နေရတော့မယ်"
သူက အရှေ့နေဂိုဏ်းရဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေမှာ အသက်အကြီးဆုံးဖြစ်ပြီး ဖိအားအများဆုံးလဲ ဖြစ်တယ်။
သာမန်လူတွေက သူတို့ရဲ့နောက်ဆုံးအချိန်ကို ချဉ်းကပ်နေကြဆိုတော့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြဘူး။
ဒါပေမယ့် သူတို့က သာမန်လူတွေမဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကြီးရင့်လာတာနဲ့ စိတ်ဝိညာဉ်စွမ်းအားက တဖြညဖြည်းအားနည်းလာပြီး တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးရလိမ့်မယ်။
ပြီးတော့ သာမန်လူတွေအနေနဲ့ အသက်ရှည်ခြင်းက ယူဆောင်လာပေးတဲ့အံ့ဩစရာကောင်းတဲ့အရာတွေကို သိဖို့ တိုတောင်းလွန်းပါတယ်။
ဒါပေမယ့် အစစ်အမှန်နတ်ဘုရားတွေက မတူပါဘူး။ နှစ်သန်းပေါင်းများစွာသက်တမ်းရှိတဲ့အစစ်အမှန်နတ်ဘုရားက ကမ္ဘာကြီးရဲ့အံ့ဩဖွယ်ရာတွေကို သိတယ်၊ ဒါကြောင့် သူတို့က မသေချင်ကြဘူး၊ သူတို့ရဲ့အသက်နယ်ပယ်ကို တိုးမြင့်ဖို့၊ သက်တမ်းတွေပိုရလာဖို့ နည်းလမ်းတိုင်းကို ကြိုးစားရှာဖွေနေကြတယ်။
ယေဘုယျပြောရရင် အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က နှစ်တစ်သန်းခန့် အသက်ရှင်နိုင်တယ်၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားက နှစ်၁.၅သန်းခန့် အသက်ရှင်နိုင်ပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားက နှစ်၂သန်းခန့် အသက်ရှင်နိုင်တယ်။
အကြီးအကဲထူလင်က သစ်သားတာအိုဥပဒေသကို ပထမအဓိကထားခဲ့တယ်၊ အသက်လေးသိန်းမှာ သူက သစ်သားတာအိုဥပဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်အထိ မြှင့်တင်ခဲ့ပြီး အသက်ငါးသိန်းမှာ သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေရဲ့အကန့်အသတ်အထိ တက်လှမ်းခဲ့တယ်။ ပြီးရင်တော့ သူက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းပြီး သူ့ရဲ့သက်တမ်းက နောက်ထပ်နှစ်ငါးသိန်းတိုးလာမယ်ပေါ့။
ဒါပေမယ့် အသက်ရှစ်သိန်းငါးသောင်းအထိ သူက မချိုးဖြတ်နိုင်ဘူးဆိုတာ သူ ဘယ်လိုလုပ်သိမှာလဲ။ ဒိီအချိန်မှာ အကြီးအကဲထူလင်က အထိတ်တလန့်ဖြစ်နေတယ်။ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက နှစ်တစ်သန်းပဲ ရှိတာလေ။
နောက်မှာတော့ အကြီးအကဲထူလင်ကဥပဒေသ နှစ်မျိုးကျင့်ကြံခြင်းကို ဥပဒေသတစ်မျိုးအဓိကထားကျင့်ကြံခြင်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
ကံကောင်းစွာနဲ့ သူမူလကျင့်ကြံခဲ့တဲ့ဥပဒေသတွေအားလုံးက အလွန်အမင်းမြင့်ပြီး အခြေခံအားဖြင့် ပျမ်းမျှအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိတယ်။ သူ အဓိကတစ်ခုအဖြစ် ပြောင်းလိုက်တာနဲ့ သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်ကို အလွယ်တကူချိုးဖြတ်နိုင်လိမ့်မယ်၊ ပြီးရင်တော့ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားရဲ့အကန့်အသတ်ကို ချိုးဖြတ်ရတာ ပိုခက်ခဲလာလိမ့်မယ်။
သူက နောက်ထပ်လမ်းကြောင်းတစ်ခုကို လျှောက်နိုင်တယ်ဆိုပြီး အကြီးအကဲထူလင်က လောင်းကြေးထပ်နေတာပဲ။
အရှေ့နေဂိုဏ်းရဲ့သမိုင်းမှာ ဒါက ဘယ်တော့မှ မဖြစ်လာတာမျိုး မဟုတ်ဘူး။ ဥပဒေသချိူးဖြတ်တဲ့အခါမှာ မျှော်လင့်ချက်မရှိတော့တဲ့အခါ အချို့အစစ်အမှန်နတ်ဘုရားအကြီးအကဲတွေက အဓိကဥပဒေသတွေကို ပိုကောင်းအောင် စတင်ပြုပြင်ခဲ့ကြတယ်။ အများစုက ကျဆုံးခဲ့ပေမယ့် အောင်မြင်သူတစ်ယောက်နှစ်ယောက်တော့ ရှိပါသေးတယ်။
"ငါ့စိတ်ထင် မင်း စွမ်းပကားနှစ်မျိုးလမ်းကြောင်းကို လျှောက်လမ်းလို့ရနိုင်မယ်" မီးခိုးရောင်ဆံပင်နဲ့လူအိုကြီးက အကြံပြုလိုက်တယ်။
ဒါကို ကြားပြီး အကြီးအကဲထူလင်က တစ်ခဏငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်၊ ငါ ဒါကို စမ်းကြည့်ရမယ်"
စွမ်းပကားနှစ်မျိုးက စွမ်းအင်ဖြုန်းတီးမှုတစ်ခုဆိုပေမယ့် အသုံးမဝင်တာတော့ မဟုတ်ဘူးလေ။
သိုင်းစင်မြင့်ပေါ်မှာ။
ထျန်းရွှေက အေးခဲနေတဲ့လီဖူချန်းကို ထူးမခြားနားစွာ ကြည့်လိုက်တယ်။
"မင်းက ငါ့ရဲ့စွမ်းပကားနှစ်မျိုးပိုင်နက်နတ်ဘုရားအတတ်ကို ထုတ်ဖော်ရအောင် ပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံးသူပဲ"
စွမ်းပကားနှစ်မျိုးပိုင်နက်နတ်ဘုရားအတတ်က သူ့ရဲ့ဝှက်ဖဲဖြစ်တယ်၊ နောက်ဆုံးမိနစ်တွေအထိ သူက အဲဒါကို လုံးဝအသုံးပြုမှာမဟုတ်ဘူး။
"ဒါက ငါ့ရဲ့ဖိအားပဲ"
ထိုအချိန်မှာ လီဖူချန်းရဲ့ဓားတာအိုပိုင်နက်က လုံးဝဖျက်ဆီးခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အေးခဲသွားပေမယ့် သူက စကားပြောနိုင်ပါသေးတယ်၊ တကယ်တော့ တစ်ဖက်လူက သူ့ရဲ့နတ်ဘုရားစွမ်းအားကို မအေးခဲစေနိုင်ဘူးလေ။
လီဖူချန်းက ရေခဲတာအိုဥပဒေသနဲ့ပေါင်းစည်းထားတဲ့အနက်ရောင်ရေပိုင်နက်ကို ဂရုတစိုက်လေ့လာခဲ့တယ်။ လက်ရှိအနက်ရောင်ရေပိုင်နက်က ရေခဲနဲ့ရေပေါင်းစပ်ခြင်းအခြေအနေတစ်ခုမှာ ရှိတာ သူသိတယ်။ လုံးဝရေပဲ မဟုတ်ဘူး၊ လုံးဝရေခဲပဲ မဟုတ်ဘူး၊ ဒါပေမယ့် အလွန်အေးစက်တယ်။
"အရှုံးပေးလိုက်တော့"
ထျန်းရွှေရဲ့လက်က အနက်ရောင်ရေခဲလှံတစ်ခုကို သိပ်သည်းခဲ့တယ်။ ဒီအနက်ရောင်ရေခဲလှေကလဲ ရေခဲနဲ့ရေပေါင်းစပ်ခြင်းအခြေအနေတစ်ခုဖြစ်ပြီး ၎င်းထဲမှာ ကြောက်စရာကောင်းတဲ့အအေးစွမ်းအားတစ်ခုရှိတယ်။
"လာစမ်း"
လီဖူချန်းက ဓားတာအိုစွမ်းအားကို အကန့်အသတ်အထိ တွန်းပို့ခဲ့ပြီး အေးခဲတဲ့အခြေအနေက ရုတ်ချဉ်းလွတ်မြောက်သွားတယ်။
နတ်ဘုရားစွမ်းအားအရ သူက ထျန်းရွှေထက် ပိုသန်မာတယ်။
"ခေါင်းမာနေတာပဲ"
ထျန်းရွှေက သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်ရေခဲလှံတစ်ခုက လီဖူချန်းထံ အလွန်အမင်းအရှိန်နဲ့ ပြေးဝင်လာတယ်။
ကျွိကျွိ......
အနက်ရောင်ရေခဲလှံတံက လီဖူချန်းကို ထိမှန်ခဲ့ပေမယ့် သူ့ကို မထိုးဖောက်ခဲ့ပါဘူး။
ဓားတာအိုစွမ်းအားနဲ့အဆုံးစွန်းအလယ်ဆင့်မီးတာအ်ိုခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့နဂါးအင်းကွက်မီးလျှံချပ်ဝတ်တို့ရဲ့ကာကွယ်မှုအောက်မှာ အနက်ရောင်ရေခဲလှံက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။
ဒါပေမယ့် ကြောက်စရာကောင်းတဲ့အအေးစွမ်းအားသာမက အားကောင်းတဲ့သက်ရောက်မှုတွေကပါ လီဖူချန်းအပေါ် သက်ရောက်နေပါသေးတယ်။
ရေခဲအစအနတွေ ပေါက်ကွဲထွက်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဆီနှင်းခဲအလွှာတစ်ခုနဲ့ ချက်ချင်း ဖုံးအုပ်သွားတယ်။
ဆီးနှင်းခဲက ပိုပိုထူထပ်လာပြီး ရေခဲပုံဆောင်ခဲတွေအဖြစ် လျင်မြန်စွာ သိပ်သည်းသွားကာ ရေခဲအလွှာတစ်ခုအဖြစ် သိပ်သည်းသွားခဲ့တယ်။
လီဖူချန်းက ထပ်မံအေးခဲသွားပြန်တယ်။
"ပြီးသွားပြီ"
ထျန်းရွှေက ထပ်မလှုပ်ရှားခဲ့ပါဘူး၊ လီဖူချန်းက ရုန်းထွက်နိုင်မယ်လို့ သူ မယုံဘူး။
"ဖြောက်"
လီဖူချန်းကိုအေးခဲထားတဲ့ရေခဲအလွှာက မမြင်နိုင်တဲ့အက်ကြောင်းတစ်ခုဖြစ်လာတယ်။
"အမ်"
ထျန်းရွှေရဲ့မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်သွားတယ်။
အလားတူစွာပဲ၊ စင်မြင့်ပေါ်ရှိအစစ်အမှန်နတ်ဘုရားအကြီးအကဲတွေက အံ့အားသင့်သွားကြတယ်။
"မှင်တက်စရာပဲ"
အဖြူရောင်ဆံပင်နဲ့အကြီးအကဲထူလင်ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"ဒါက"
ဖုန်းရှင်က တစ်ခုခုကို ခန့်မှန်းမိပေမယ့် သူက မသေချာခဲ့ပါဘူး။
"ဖြောက်"
နောက်ထပ်အက်ကြောင်းတစ်ခုက ရေခဲအလွှာထဲမှာ ထွက်ပေါ်လာတယ်။
တတိယ၊ စတုတ္ထ၊ ပဉ္စမ.....
မျက်စိတစ်မှိတ်အတွင်း သိပ်သည်းတဲ့အက်ကြောင်းတွေက ရေခဲအလွှာထဲမှာ ထွက်ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ အဆုံးမဲ့ဓားအလင်းတွေက တောက်ပနေတဲ့ဖြူကောင်တစ်ကောင်အလား အက်ကြောင်းတွေမှ ထွက်ပေါ်လာတယ်၊ ထက်ရှတယ်၊ ထက်ရှလွန်းတယ်၊ မရပ်တန့်နိုင်လောက်အောင်ပဲ။
အုန်း......
ရေခဲအလွှာတွေက ပေါက်ကွဲထွက်သွားတယ်။
အနက်ရောင်ရေပိုက်နက်က နောက်ဆုတ်လိုက်ရတယ်။
ပုံရိပ်တစ်ခုက ကောင်းကင်မှာ ရပ်နေတယ်၊ သူ့အပေါ်မှာ အဆုံးမဲ့တလက်လက်တောက်ပနေတဲ့ဓားအလင်းတစ်ခုရှိတယ်။
"ဓားတာအိုနယ်ပယ်က ဒီအခြေအနေမှာ ချိုးဖြတ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
လီဖူချန်းက ပြုံးလိုက်တယ်။
ဟုတ်တယ်၊ သူ့ရဲ့ဓားတာအိုနယ်ပယ်က ချိုးဖြတ်သွားတာပဲ။
မချိုးဖြတ်ခင်က အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။ ချိုးဖြတ်ပြီးနောက် ၎င်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာရှိတယ်။
ဒီလိုဆိုပေမယ့် စဦးအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာပါပဲ။
ဒါပေမယ့် ဒါက နယ်ပယ်ချိုးဖြတ်မှုတစ်ခု ဖြစ်ပြီး ယူလာတဲ့ပြောင်းလဲမှုတွေက ကြီးမားတယ်။ သူက နတ်ဘုရားကမ္ဘာမှ ဓားတာအိုဥပဒေသကိုသာ ချေးငှားနိုင်ခဲ့ရာမှ ယခု အနည်းငယ် ထိန်းချုပ်လာနိုင်ပါပြီ။
"အံ့အားသင့်စရာပဲ၊ အံ့အားသင့်စရာပဲ၊ အသက်ငယ်ငယ်နဲ့ သူက ဓားတာအိုဥပဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ ချိုးဖြတ်နိုင်ခဲ့တာပဲ။ ငါ့မှာ သူ့လိုထိုးထွင်းသိမြင်မှုနဲ့ပါရမီရှိရင် သက်တမ်းကုန်ဆုံးသွားမှာကို စိုးရိမ်ကြောင့်ကြနေစရာမလိုတော့ဘူး" အကြီးအကဲထူလင်ရဲ့အမူအရာက ထိတ်လန့်တုန်လှုပ်နေတယ်၊မနာလိုအားကျနေမိတယ်။
"သူ့ရဲ့အသက်က နှစ်တစ်ထောင်အောက်ပဲ ရှိသေးတယ်၊ ကျွတ်၊ ကျွတ်၊ နှစ်တစ်ထောင်အောက်လောက်နဲ့ ဓားတာအိုဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပြီ၊ ဒီလိုပါရမီနဲ့ထိုးထွင်းသိမြင်မှုနဲ့ဆိုရင် စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိဖို့ ဖြစ်နိုင်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုတောင် ကျော်လွန်ပြီး မိသားစုရဲ့သွေးမျိုးဆက်ကို တည်ထောင်သူတစ်ယောက်တောင် ဖြစ်လာဖို့ မျှော်လင့်ချက်ရှိတယ်" မီးခိုးရောင်ဆံပင်နဲ့အကြီးအကဲကလဲ မနာလိုအားကျမိတယ်၊ သူ့အနေအထားက အကြီးအကဲထူလင်ထက် ပိုကောင်းပေမယ့် သူက ဒီနှစ်မှာ နှစ်ခုနှစ်ထောင်ရှိပြီ......ဒါက မငယ်တော့ဘူး၊ မချိုးဖြတ်နိုင်တော့ရင် သူက အနာဂတ်မှာ အကြီးအကဲထူလင်လိုပဲ တူညီတဲ့လမ်းကြောင်းကို သေချာပေါက် လျှောက်လမ်းရလိမ့်မယ်။
"သူ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားတာ ဖြစ်နိုင်မလား" ထျန်းရွှေရဲ့မျက်နှာက ပထမဆုံးအကြိမ် မည်းမှောင်သွားတယ်။