← Chapters

ပါရမီရှင်အဆင့်

Vol. 80 Ch. 1125

ပါရမီရှင်အဆင့်

Vol. 80 Ch. 1125

"ဒါ တကယ်ကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်တာပဲ။ ဒီဂျူနီယာလီက ဘယ်သူပါလိမ့်"

ပင်မတပည့်ထိုင်ခုံမှာ ဖုန်းရှင်က အသက်ကို အားပါးတရ တစ်ချက်ရှုသွင်းလိုက်ပြီး လီဖူချန်းကို လေးစားအားကျစွာ ကြည့်လိုက်တယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်နဲ့အဆင့်နိမ့်အစစ်အမှန်နယ်ပယ်တို့ကို ကောင်းကင်ဘုံနဲ့မြေကြီးလို့ ပြောနိုင်တယ်။ ဒါက ကြီးမားတဲ့နယ်ပယ်တစ်ခုကို ချိုးဖြတ်ခြင်းပါပဲ။

တိကျတဲ့အတိုင်းအတာတစ်ခုအထိ လီဖူချန်းကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်လို့ ပြောနိုင်တယ်။ တကယ်တော့ အသက်နယ်ပယ်က တိုးတက်ဖို့ လွယ်ကူပြီး ဥပဒေသနယ်ပယ်က တိုးတက်ဖို့ တကယ်ခက်တယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာက သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်တဲ့ အခွင့်အလမ်းတစ်ခု ရရှိခဲ့တဲ့အချက်ကို မကြည့်နဲ့အုံး၊ ထိုအချိန်က သူ့ရဲ့လေတာအိုဥပဒေသက အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိခဲ့တယ်၊ လက်ရှိအချိန်ထိ သူက အကြိုအစစ်အမှန်နတ်ဘုရာနယ်ပယ်မှာ ရှိနေတုန်းပဲ။ သူ့ရဲ့‌လေတာအိုနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာရှိရင် သူ့ရဲ့အသက်နယ်ပယ်က ချက်ချင်းတိုးလာနိုင်တယ်။ တကယ်တော့ သူ့ရဲ့အသက်နယ်ပယ်အခြေခံအုတ်မြစ်က ပြည့်စုံ‌နေပြီးသား၊ သူက ချိုးဖြတ်မယ့်အခိုက်အတန့်ကို စောင့်နေရုံမျှပဲ။

"အသက်နယ်ပယ်က ဥပဒေသနယ်ပယ်ကို လိုက်မမီနိုင်ဘူး။ ဒီဂျူနီယာညီလေးလီက ရှားပါးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ"

ဖုန်းရှင်က မနာလိုအားကျမိတယ်။

ယေဘုယျပြောရရင် လူအများစုရဲ့ချိုးဖြတ်ခြင်းက လမ်းကြောင်းတစ်ခုကို လိုက်တယ်၊ ဘယ်လိုလဲဆိုတော့၊ ဥပဒေသနယ်ပယ်ကို အကန့်အသတ်အထိ မြှင့်တင်မယ်၊ အသက်နယ်ပယ်ကို ပြီးပြည့်စုံခြင်းအထိ စုဆောင်းမယ်။

ဒါပေမယ့် ဒီနည်းလမ်းကို ထပ်ပေါင်းရရင် အခြားနည်းလမ်းနှစ်ခုရှိတယ်။

အခြားနည်းလမ်းနှစ်ခု၊ တစ်ခုက လီဖူချန်းလိုပဲ၊ နားလည်မှုက မြင့်မားလွန်းတယ်၊ ဥပဒေသနယ်ပယ်က အရင်တိုးတက်မယ်၊ ပြီးရင် အသက်နယ်ပယ်စုဆောင်းခြင်းကို ပြီးမြောက်ပြီးနောက် အသက်နယ်ပယ်က တိုးတက်လာလိမ့်မယ်။

ဒီလမ်းကြောင်းကို ပါရမီရှင်လမ်းကြောင်းလို့ ခေါ်တယ်။

သူက နာမည်ကြီးတယ်၊ သူက အရှေ့နေဂိုဏ်းမှာ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး တောက်ပနတ်ဘုရားကမ္ဘာတစ်ခုလုံးမှာလဲ ပါရမီရှင်တစ်ယောက် ဖြစ်ပေမယ့် သူက ပိုကြီးမားတဲ့ကမ္ဘာတစ်ခုမှာဆိုရင်တော့ ပါရမီရှင်တစ်‌‌ယောက်မဟုတ်နိုင်တော့ပါဘူး။

အခြားအရာတွေမပြောနဲ့အုံး၊ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်တဲ့ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ တောက်ပနတ်ဘုရားကမ္ဘာလို အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေတစ်သောင်းရှိတယ်။ ဒီအသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေထဲကအချို့က တောက်ပနတ်ဘုရားကမ္ဘာထက် ပိုကြီးတယ်။ အနီးနားရှိပါးဟိုင်နတ်ဘုရားကမ္ဘာက တောက်ပနတ်ဘုရားကမ္ဘာထက် အဆများစွာပိုကြီးတယ်။ အရွယ်အစားက သာမန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အဆတစ်ထောင်ရှိတယ်၊ ပါရမီရှင်တွေကလဲ သာမန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာထက် အဆတစ်ထောင်ပိုများတယ်။

ဘယ်လိုပဲပြောပြော၊ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာအထက်မှာ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဆိုတာ အမြဲတမ်းရှိမှာပဲ။ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အရွယ်အစားက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာအနေနဲ့ ယှဉ်နိုင်တာမဟုတ်ဘူး၊ ၎င်းရဲ့အရွယ်အစားက အနည်းဆုံးအဆဆယ်ဘီလီယံရှိတယ်။

ထုံစံအတိုင်းပဲပေါ့၊ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာနဲ့အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို ချိတ်ဆက်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို တည်ဆောက်ဖို့က ခက်ခဲတာကြောင့်ပေါ့။ နှစ်ဖက်ကြားကွာဟချက်က ကြီးမားလွန်းတယ်။

အခြားစကားဖြင့်ဆိုရရင် ပါရမီရှင်တွေကို အဆင့်တွေ ခွဲနိုင်တယ်။ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာအတွင်းမှာ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့ပါရမီရှင်တွေကို သာမန်ပါရမီရှင်တွေလို့ပဲ ပြောနိုင်တယ်၊ သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့ပါရမီရှင်တွေကို အလယ်ဆင့်ပါရမီရှင်နဲ့အဆင့်မြင့်ပါရမီရှင်တွေလို့ ပြောနိုင်တယ်။ ထိပ်တန်းအဆင့်ပါရမီရှင်တွေကို အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာပဲ တွေ့နိုင်တယ်။

ဒါပေမယ့် အကြွင်းမဲ့ဆိုတာ မရှိပါဘူး။ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဆိုပေမယ့် နတ်ဘုရားဆန်တဲ့ပါရမီရှင်တစ်ယောက်နှစ်ယောက်ရှိနိုင်တယ်၊ တကယ်တော့ ဒါမျိုးက ရှားပါတယ်။

ဖုန်းရှင်ရဲ့အမြင်အရ သူနဲ့ထျန်းရွှေက သာမန်ပါရမီရှင်တွေလို့ပဲ ပြောနိုင်တယ်။ လီဖူချန်းက အလယ်ဆင့်ပါရမီရှင်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သူက အဆင့်မြင့်ပါရမီရှင်တစ်ယောက်ဟုတ်လားမဟုတ်လားဆိုတာကတော့ သူ့ရဲ့အနာဂတ်လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ်။

ပါရမီရှင်လမ်းကြောင်းပြီးနောက် တတိယလမ်းကြောင်းက အသက်နယ်ပယ်ကို အရင်ချိုးဖြတ်၊ ပြီး‌နောက် ဥပဒေသနယ်ပယ်ကို ချိုးဖြတ်တာပဲ။

ဒီလမ်းကြောင်းနိုင်တဲ့သူတွေက အထူး‌အနေအထားတစ်ခုမှာ ရှိတယ်။

ဥပမာအားဖြင့် အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာအချို့နဲ့အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေမှာ အစစ်အမှန်နတ်ဘုရားဆေးလို့ခေါ်တဲ့ကြယ်သုံးလုံးဆေးတစ်ခုရှိတယ်။ ဒီဆေးမျိုးက အဆင့်မြင့်နတ်ဘုရားတွေရဲ့အသက်နယ်ပယ်ကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်စေနိုင်တယ်၊ ဒါပေမယ့် ဒါက ကြယ်သုံးလုံးနတ်ဘုရားဆေးလေ၊ အစစ်အမှန်နတ်ဘုရားဆေးရဲ့တန်ဖိုးက အခြားကြယ်သုံးလုံးနတ်ဘုရားဆေးတွေထက် အဆတစ်ရာ၊အဆတစ်ထောင်ပိုတယ်။ သာမန်လူတွေက ဒါကို မတတ်နိုင်ဘူး၊ တတ်နိုင်ရင်တောင် မဝယ်နိုင်ဘူး။ ဒီလိုကြယ်သုံးလုံးဆေးတွေကို ဂိုဏ်းကြီးတွေကပဲ ယေဘုယျအားဖြင့် လက်ဝါးကြီးအုပ်ထားတာ၊ ရံဖန်ရံခါမှာ အချို့က ဈေးကွက်ထဲသို့ စီးဝင်လာပြီး နာမည်ကြီးလူအချို့က ချက်ချင်းဝယ်ယူခဲ့တာပဲ။

နတ်ဘုရားဆေးတွေအပြင် အချို့အထူးသွေးမျိုးဆက်တွေဒါမှမဟုတ်အထူးသက်ရှိတွေကလဲ အသက်နယ်ပယ်မှာ ချိုးဖြတ်နိုင်လိမ့်မယ်။

ဒါကြောင့် ဒီတတိယလမ်းကြောင်းကို နောက်ခံလမ်းကြောင်းလို့ ပြောနိုင်တယ်၊ မင်းမှာ သာလွန်တဲ့နောက်ခံတစ်ခုရှိရင် မင်းမှာ ပါရမီလုံလုံလောက်လောက်မရှိရင်တောင် အစစ်အမှန်နတ်ဘုရားဆေးရှိရင် အဆင့်မြင့်နတ်ဘုရားမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထိ တိုးမြှင့်နိုင်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားဆေးရှိရင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားမှ အ‌ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအထိ တိုးမြှင့်နိုင်တယ်။

ဒါပေမယ့် မင်း ရှေ့သွားလေလေ၊ မင်းပေးချေရမယ့်ပမာဏက ပိုကြီးမားလေပဲ၊ မင်း ရှေ့သွားလေလေ၊ ‌မွေးရာပါပါရမီအတွက် လိုအပ်ချက်က ပိုမြင့်မားလေပဲ။

ဖုန်းရှင်က သူ့ရာသူတွေးနေစဉ် ထျန်းရွှေက ထပ်မံတိုက်ခိုက်လာတယ်။

"ဆက်တိုက်ခိုက်ကြတာပေါ့"

ထျန်းရွှေက အဆုံးမဲ့အနက်ရောင်ရေခဲလှံတွေကို လီဖူချန်းထံ ပစ်လွှတ်လိုက်တယ်။

"မင်း တိုက်ခိုက်ချင်နေမှတော့ တိုက်ကြတာပေါ့"

လီဖူချန်းက လက်ထဲရှိယန်ဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အလွန်သန်မာတဲ့ဓားဖိအားတစ်ခုက ထွက်ပေါ်လာပြီး အနက်ရောင်ရေခဲလှံက တရွေ့ရွေ့ ပေါက်ကွဲထွက်သွားတယ်။

ဝှစ်......

နောက်အခိုက်အတန့်မှာ ထျန်းရွှေကို လျှပ်စီးက ထိမှန်သွားပြီး သူက သွေးအန်ထွက်သွားခဲ့တယ်။

ဒီတိုက်ပွဲမှာ လီဖူချန်း အနိုင်ရတယ်။

"အခုကစပြီး ငါတို့အရှေ့နေဂိုဏ်းရဲ့နံပါတ်၁ပါရမီရှင်က ဂျူနီယာညီလီဖူချန်းပဲ"

"ဟုတ်တယ်၊ မင်း ပြောသလိုပဲ၊ အရှေ့နေဂိုဏ်းရဲ့သမိုင်းမှာ စီနီယာလီကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်"

ပရိသတ်ထဲမှာ ဆွေးနွေးသံတွေ ပွက်လောရိုက်နေတော့တယ်၊ ပြိုင်ဘက်ကင်းပါရမီရှင်တစ်‌ယောက်‌ မွေးဖွားလာတာကို မြင်တွေ့ရတာက သူတို့အတွက် အလွန်စိတ်လှုပ်ရှားစရာပဲ။

စင်မြင်ြပေါ်မှာ အစစ်အမှန်နတ်ဘုရားအကြီးအကဲတွေကလဲ ဆွေးနွေးနေကြတယ်။

"ကြည့်ရတာ ဒီတစ်ကြိမ် ငါတို့အရှေ့နေဂိုဏ်းက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမှာ အကျိုးအမြတ်အများကြီးရလာတော့မှာပဲ"

"ဟုတ်ပါ့၊ ပါးဟိုင်နတ်ဘုရားကမ္ဘာမှာတောင် ဒီလိုလူမျိုး အများကြီးမရှိနိုင်ဘူး။ ဒီကလေးနဲ့ဆိုရင်  ငါတို့အရှေ့နေဂိုဏ်းကရရှိမယ့် စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဥ်အဆီအနှစ်က အမြောက်အများတိုးလာလိမ့်မယ်။ အကြီးအကဲထူလင်၊ ဒီတစ်ကြိမ်တော့ မင်းက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ကို ရဖို့ ချွင်းချက်တစ်ခုဖြစ်လာနိုင်တယ်" အစစ်အမှန်နတ်ဘုရားအကြီးအကဲတစ်ယောက်က အကြီးအကဲထူလင်ကို ပြောလိုက်တယ်။

အကြီးအကဲထူလင်က အတော်လေးစိတ်လှုပ်ရှားသွားတယ်။ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်က နှစ်ထောင်ပေါင်းများအားထုတ်မှုကို လျော့ချပေးနိုင်တယ်။ လက်ရှိအချိန်မှာ သူ့အတွက် စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်က သက်တမ်းလိုပါပဲ။

ဆယ်ချီတိုက်ခိုက်ရတဲ့ပထမအသုတ်က ပြီးသွားပါပြီ၊ သုံးချီတိုက်ခိုက်ရတဲ့ဒုတိယအသုတ်က စတင်လာတယ်။

သံသယရှိစရာမလိုပါဘူး၊ လီဖူချန်းက သုံးပွဲလုံးကို အနိုင်ရခဲ့ပြိး စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းကို ဝင်ဖို့နေရာကို အောင်မြင်စွာ ရရှိခဲ့တယ်။

ကျန်ရှိနေတဲ့ကိုးယောက်က ကောင်းဝူတို့လို အားကောင်းတဲ့ပင်မတပည့်တွေနဲ့ ထျန်းရွှေတို့လို ပါရမီရှင်အသစ်တွေပါပဲ။

"နောက်လမှာ မင်းတို့တွေ အသင့်ပြင်ထားရမယ်။ ပြီးတော့ မင်းတို့တစ်ယောက်ချင်းစီက အသုံးအဆောင်ပစ္စည်းခန်းမကို သွားပြီး အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကို ရွေးချယ်နိုင်တယ် ဒါပေမယ့် ဒါတွေက မင်းတို့ကို ယာယီ‌‌ပေးထားတာပဲ။ မင်းတို့တွေ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမှ ပြန်ရောက်တဲ့အခါ မင်းတို့ရရှိလာတဲ့အ‌ပေါ် မူတည်ပြီး ဆုတံခါးတွေ ဖွင့်ထားပေးတယ်"ကိစ္စအချို့ကို ရှင်းပြပြီးနောက် စင်မြင့်ပေါ်ရှိအစစ်အမှန်နတ်ဘုရားအကြီးအကဲတွေက တစ်‌ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။

……

အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခု၊ တစ်ခုက သာမန်အဆင့်မြင့်ဖြစ်ပြီး အခြားတစ်ခုက ပျမ်းမျှအဆင့်မြင့်ဖြစ်တယ်။

သာမန်အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအနေနဲ့ လီဖူချန်းက သူ့ရဲ့ဓားတာအိုစွမ်းအားကို အပြည့်အဝတိုးစေနိုင်တဲ့ ကောင်းကင်ဘုံဓားလည်ဆွဲကို ရွေးချယ်လိုက်တယ်၊

ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုအနေနဲ့ လီဖူချန်းက ခရမ်းရောင်သက်တံလို့အမည်ရတဲ့ဓားတစ်လက်ကို ရွေးချယ်ခဲ့တယ်။

တကယ်တော့ လီဖူချန်းအတွက် ဒီအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုရှိတာမရှိတာက သူ့ခွန်အားအပေါ် သက်ရောက်မှုမရှိပါဘူး။

သူ့ရဲ့လက်ရှိခွန်အားက ကဏ္ဍနှစ်ခုအပေါ်မှာ မူတည်တယ်၊ တစ်ခုက စိတ်ဝိညာဉ်ခွန်အားဖြစ်ပြီး  အခြားတစ်ခုက မီးတာအိုခွန်အားဖြစ်တယ်။

နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားနဲ့ ပတ်သက်ပြီး ပြောစရာတောင် မလိုပါဘူး၊ သူက နတ်ဘုရားစိတ်ဝိညာဥ်အတတ်တစ်ခုကို အသုံးပြုလိုက်တာနဲ့ ဘယ်လိုအဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုမဆို အလွယ်တကူဖျက်ဆီးနိုင်တယ်၊ ထိုအဆင့်မြင့်နတ်ဘုရားရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆင့်နိမ့်နတ်ဘုရားအဆင့်ကို ရောက်နေတာ ဒါမှမဟုတ်  စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဆိုတာ မဟုတ်ရင်ပေါ့။

မီးတာအိုက ပိုသန်မာတယ်။ လက်ရှိမှာ သူ့ရဲ့မီးတာအိုက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားတယ်၊ ဒါဟာဆိုရင် ဓားတာအိုနယ်ပယ်ထက် သုံးဆင့်ပိုမြင့်တယ်။ ဒါကြောင့် လီဖူချန်းက အဆင့်မြင့်ဓားတာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကို ရရင်တောင်  မီးတာအိုလောက် အားကောင်းမှာမဟုတ်ဘူး၊ ဒါပေမယ့် ကွာဟချက်က သိပ်မကြီးပါဘူးလေ။

သူ့ရဲ့တောင်ထိပ်ကို ပြန်ရောက်လာပြီးနောက် လီဖူချန်းက ကောင်းကင်ဘုံဓားလည်ဆွဲနဲ့ခရမ်းရောင်သက်တံဓားတို့ကိူ သန့်စင်ပြီးနောက် သူ့ရဲ့ဓားတာအိုစွမ်းအားကို စတင်တိုးတက်စေခဲ့တယ်။

နှစ်သိန်းငါးသောင်း။

သုံးသိန်း။

သုံးသိန်းငါးသောင်း။

အသက်တစ်ခါရှုချိန်အတွင်းမှာ လီဖူချန်းက ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းကို သုံးသိန်းငါးသောင်းအထိ မြှင့်တင်ခဲ့တယ်။

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ်တစ်ရာခိုင်နှုန်းမှ ငါးဆယ်သုံးရာခိုင်နှုန်းအထိ တိုးလာတယ်။

……

တစ်လက လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားတယ်။

အရှေ့နေဂိုဏ်းရဲ့တည်နေရာရွှေ့ပြောင်းရေးခန်းမ။

ဒီတည်နေရာရွှေ့ပြောင်းရေးခန်းမက ပါးဟိုင်နတ်ဘုရားကမ္ဘာကိုဦးတည်တဲ့သေးငယ်တဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုရှိတယ်။

အစက အရှေ့နေဂိုဏ်းမှာ ပါးဟိုင်နတ်ဘုရားကမ္ဘာကိုဦးတည်တဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုမရှိဘူး။ ပါးဟိုင်နတ်ဘုရားကမ္ဘာကိုဦးတည်တဲ့ကြီးမားတဲ့စစ်ပွဲတည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ရှာတွေ့ပြီးကတည်းက အရှေ့နေဂိုဏ်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အစီအရင်၊ ဒါပေမယ့် သေးငယ်တဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုသာဖြစ်တယ်၊ ၎င်းက တစ်ကြိမ်မှာ လူငါးဆယ်ပို့ဆောင်နိုင်ပြီး တစ်လမှ တစ်ကြိမ်သာဖြစ်တယ်။ ရွှေ့ပြောင်းရေးအကန့်အသတ်က အကြိမ်တစ်သောင်းဖြစ်တယ်၊ အကန့်အသတ်ကို ရောက်ရှိသွားတာနဲ့ အရှေ့နေဂိုဏ်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို ဖန်တီးရလိမ့်မယ်။

အရှေ့နေဂိုဏ်းက ကြီးမားတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို မတည်ဆောက်ချင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်  ကြီးမားတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကိုတည်ဆောက်တဲ့အခါ ပေးချေရမယ့်တန်ဖိုးပဲ။ အရှေ့‌နေဂိုဏ်းက ဒါကို မတတ်နိုင်ဘူး၊ ပြီးတော့ အဆင့်မြင့်အစီအရင်ပညာရှင်တစ်ယောက်ကို လိုအပ်တယ်၊ အရှေ့နေဂိုဏ်းမှာ မရှိပါဘူး။

တည်နေရာရွှေ့ပြောင်းရေးခန်းမထဲမှာ လီဖူချန်းလိုပင်မတပည့်အယောက်နှစ်ဆယ်အပြင် အစစ်အမှန်နတ်ဘုရားအကြီးအကဲအယောက်နှစ်ဆယ်၊ အရှေ့နေဂိုဏ်းဂိုဏ်းခေါင်းဆောင်နဲ့အခြားသူတွေလဲပါတယ်။

အရှေ့နေဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်က ခန့်ညားတဲ့လူရွယ်တစ်ယောက်ဖြစ်ပြီး တုန်ယန်ချမ်ယုရဲ့အဖေ၊တုန်ယန်ကျန်ဖြစ်တယ်။

"စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားသစ်သီး၊ စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲတို့တွေ၊ ဒါ‌တွေက မင်းတို့အတွက် အလွန်အသုံးဝင်တယ်၊ ဒါပေမယ့် မင်းတို့က အဲဒါတွေကို သုံးပြီး လုပ်ဆောင်ချက်အမှတ်တွေနဲ့ ဖလှယ်နိုင်တယ်။ ဂိုဏ်းအတွက်လိုအပ်ချက်ကတော့ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ပဲ။ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ခုဆိုရင် လုပ်ဆောင်ချက်အမှတ်သန်းငါးရာနဲ့လုပ်ဆောင်ချက်အဆင့်အမှတ်ငါးရာ၊ ငါးခုဆိုရင် လုပ်ဆောင်ချက်အမှတ်သန်းခြောက်ရာနဲ့လုပ်ဆောင်ချက်အဆင့်အမှတ်သုံးထောင်၊ ဆယ်ခုဆိုရင် လုပ်ဆောင်ချက်အမှတ်သန်း၁.၅ဘီလီယံနဲ့လုပ်ဆောင်ချက်အဆင့်အမှတ်ခုနှစ်ထောင်ငါးရာ၊ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေပိုရလေ၊ ဆုလာဒ်တွေပိုရလေလေပဲ......"

All Chapters