← Chapters

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းဖွင့်ခြင်း

Vol. 80 Ch. 1128

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းဖွင့်ခြင်း

Vol. 80 Ch. 1128

သုံးရက်က လျှပ်တစ်ပြက်အတွင်း ကုန်သွားကာ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းဖွင့်ပွဲက ရောက်ရှိလာပါပြီ။

တည်နေရာရွှေ့ပြောင်းရေးခန်းမရှိ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသက်သွင်းလိုက်ပြီးနောက် အလင်းတစ်ခုက ကောင်းကင်မှာ မြင့်တက်သွားပြီး ပျောက်ကွယ်သွားခဲ့တယ်။

……

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းကို သင်္ချိုင်းတစ်ခုလို့ ပြောကြပေမယ့် တကယ်တော့ ကြီးမားတဲ့တွင်းချိုင့်တစ်ခုပါပဲ။

တွင်းချိုင့်ရဲ့အစွန်းမှာ မြင်ကွင်းနဲ့နတ်ဘုရားစွမ်းအားစစ်ဆေးမှုကို ဖုံးကွယ်ပေးတဲ့ မမြင်နိုင်တဲ့အတားအဆီးတစ်ခုရှိတယ်။

တွင်းချိုင့်ရဲ့မြောက်ဘက်အစွန်းအပေါ်ရှိ မမြင်နိုင်တဲ့အတားအဆီးပေါ်မှာ သေးငယ်တဲ့အက်ကြောင်းတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာတယ်။ အချိန်ကုန်ဆုံးသွားလာတာနဲ့အမျှ အက်ကြောင်းက တဖြည်းဖြည်းကြီးမားလာတယ်၊ ဒါပေမယ့် လူတစ်ယောက်ဝင်ဖို့ ခက်ခဲနေပါသေးတယ်။

ဝှစ် ဝှစ်......

ကောင်းကင်မှာ ပုံရိပ်တွေက ပျံသန်းလာတယ်။

"အရှေ့က ‌စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းပဲ။ မှတ်ထားပါ၊ ဝင်ပြီးရင် မင်းတို့ကို ‌နေရာလပ်စွမ်းအားက မတူညီတဲ့နေရာတွေကို ပို့လိုက်မယ်၊ ဒါကြောင့် ပထမဆုံးအနေနဲ့ မင်းတို့တွေ ဂိုဏ်းရဲ့ဆက်သွယ်ရေးတိုကင်တွေကို ထုတ်ပြီး တစ်ယောက်ကိုတစ်ယောက်ဆက်သွယ်ရမယ်၊ ဖြစ်နိုင်သမျှ အမြန်လုပ်နော်။ ဆက်သွယ်ရေးတိုကင်က အလုပ်မလုပ်ရင် အတားအဆီးရှိတယ်လို့ ဆိုလိုတယ်၊ မင်းတို့တွေ နောက်တစ်နေရာမှာ ထပ်ကြိုးစားနိုင်တယ်" ခလော့က လီဖူချန်းနဲ့အခြားသူတွေကို သတိပေးလိုက်တယ်။

ပြောနေရင်း စိတ်ဝိညာဉ်သင်္ချိုင်းကို ရောက်ရှိလာပြီး လူတိုင်းက ဆင်းသက်ခဲ့တယ်။

ငှက်မွေးတစ်ထောင်တိုင်းပြည်နဲ့ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းမှလူတွေလဲ အတူတကွဆင်းသက်ခဲ့ကြတယ်။

ဒါက လီဖူချန်းအနေနဲ့ ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ထိပ်ပိုင်းလူတွေကို မြင်ရတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။

ငှက်မွေးတစ်ထောင်တိုင်းပြည်မှ လူနှစ်ဆယ့်ခုနှစ်ယောက်လာတယ်။ ပင်မတပည့်နှစ်ဆယ့်လေးယောက်ကလွဲပြီး ကျန်သူတွေအားလုံးက အစစ်အမှန်နတ်ဘုရားတွေပါပဲ၊ အထူးသဖြင့် သူ့ရဲ့အရေပြားက မှိန်ဖျော့ဖျော့အလင်းတွေ ထုတ်လွှတ်နေတဲ့အစစ်အမှန်နတ်ဘုရားပဲ။ နတ်ဘုရားစွမ်းအားအတက်အကျက အလွန်အမင်းကြောက်စရာကောင်းတယ်။ ထိုလူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ချော်ရည်အရှင်သခင်ထက် အနည်းဆုံး သုံးဆရှိတယ်။

လီဖူချန်းခန့်မှန်းထားတာအရ ချော်ရည်အရှင်သခင်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သန်းကို ကျော်တယ်။

ချော်ရည်အရှင်သခင်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းသုံးဆကျော်ဆိုတော့ ထိုလူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးသန်းဒါမှမဟုတ်လေးသန်းကျော်မှာပေါ့။ ဒါက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့ပုံမှန်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ကျော်လွန်ပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ နီးကပ်တယ်။

နှိုင်းယှဉ်ကြည့်ရင် လိုင်ဒုန်ဟဲရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ချော်ရည်အရှင်သခင်ထက် နှစ်ဆနဲ့တစ်ဝက်ခန့် ပိုအားနည်းတယ်။

"အဲဒါက တောက်ပနတ်ဘုရားကမ္ဘာရဲ့ပထမဆုံးအလယ်ဆင့်အစစ်အမှန်နတ်ဘုရားဖြစ်တဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့မဟာဆရာသခင်ကွမ်းယွင်ရှောင်ပဲ။ သူက ငှက်မွေးတစ်ထောင်တိုင်းပြည်ဘုရင်နဲ့ငါ့အဖေထက် ပိုသန်မာတယ်။ သူ့ခန္ဓာကိုယ်မှာ အလွန်ရှားပါးတဲ့စိတ်ဝိညာဉ်အလင်းမျိုးနွယ်သွေးမျိုးဆက်ရှိတယ်လို့ ပြောကြတယ်" တုန်းယန်ချမ်ယုရဲ့အသံက လီဖူချန်းထံ ရောက်ရှိလာတယ်။

"စိတ်ဝိညာဉ်အလင်းမျိုးနွယ်လား" လီဖူချန်းက သူ့နှလုံးသားထဲမှာ လှုပ်ရှားသွားတယ်။

ခွင်းဝူစကြာဝဠာမှာလဲ စိတ်ဝိညာဉ်အလင်းမျိုးနွယ်တစ်ခုရှိပြီး ကလန်သားတွေရဲ့အရေအတွက်က အလွန်နည်းတယ်။

စိတ်ဝိညာဉ်အလင်းမျိုးနွယ်က ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး သတ္တုကို ထိုးဖောက်နိုင်ဖို့ မွေးဖွားလာတယ်။ တစ်ဦးချင်းစီခွန်အားက အလွန်သန်မာတယ်။ ကလန်သားတွေ အလုံအလောက်ရှိရင် သူတို့က ခွင်းဝူစကြာဝဠာတစ်ခုလုံးကိုတောင် အုပ်ချုပ်နိုင်တယ်။

"ဟုတ်တယ်၊ စိတ်ဝိညာဉ်အလင်းမျိုးနွယ်ပဲ၊ ၎င်းက မျိုးနွယ်စုတစ်ရာစာရင်းမှာ ထိပ်တန်းအဆင့်ဝင်တယ်" တုန်းယန်ချမ်ယုက စိတ်ဝိညာဉ်အလင်းမျိုးနွယ်နဲ့မျိုးနွယ်တစ်ရာစာရင်းကို မိတ်ဆက်ခဲ့တယ်။

မျိုးနွယ်စုတစ်ရာစာရင်းမှာ ဝင်နိုင်တယ်ဆိုတော့ ထိုမျိုးနွယ်က အလုံအလောက်အားကောင်းတယ်လို့ ဆိုလိုတယ်။

နတ်ဘုရားမျိုးနွယ်တွေ အများကြီးရှိမှာကို မင်းသိမှာပါ။ အနည်းဆုံးရှစ်သောင်းရှိပြီး တစ်သောင်းထက် မကျော်ပါဘူး။

"လူသားမျိုးနွယ်ကရော ဘယ်နေရာမှာ ရှိလဲ" လီဖူချန်းက မေးလိုက်တယ်၊ တုန်းယန်မိသားစုမှာလဲ လူသားသွေးမျိုးဆက်ရှိတယ်။

တုန်းယန်ချမ်ယုကလဲ ပြောလိုက်တယ်" လူသားမျိုးနွယ်က မျိုးနွယ်စုတစ်ရာစာရင်းမှာ ထိပ်တန်းအဆင့်ဝင်တယ်။ ဒါက ငါတို့မျိုးနွယ်က တစ်ဦးချင်းစီသန်မာတာကြောင့်မဟုတ်ဘူး၊ လူသားမျိုးနွယ်မှာ သန်မာတဲ့မျိုးပွားခြင်းစွမ်းရည်ရှိတာကြောင့်ပဲ"

သူတို့နှစ်ယောက်က ပြော‌နေတာကို တစ်ချက်ရပ်လိုက်ပြီး ပါးဟိုင်နတ်ဘုရားကမ္ဘာရှိနတ်ဘုရားအဆင့်ဂိုဏ်းငါးဂိုဏ်းရဲ့လူတွေကို စတင်ကြည့်လိုက်တယ်။

ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းမှ လူတစ်ထောင်နီးပါးရောက်ရှိလာတယ်။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ ကွမ်းယွင်ရှောင်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းအထက်မှာရှိတဲ့သူတွေက အနည်းဆုံးငါးယောက်လောက်ရှိတာကို တွေ့လိုက်ရတယ်၊ ဒါက အစစ်အမှန်နတ်ဘုရားအဆင့်ဂိုဏ်းငါးဂိုဏ်းလုံးမှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်အနည်းဆုံးရှိတယ်လို့ ဆိုလိုတယ်။

ပုံမှန်အားဖြင့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က သူတို့အားလုံးကို ရိတ်သိမ်းဖို့ လုံလောက်တယ်။

တုန်းယန်ချမ်ယုက ရှင်းပြလိုက်တယ်"အစက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းအတွက် ငါတို့အရှေ့နေဂိုဏ်းနဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်က အစစ်အမှန်နတ်ဘုရားအဆင့်ဂိုဏ်းငါးဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ထိုတိုက်ပွဲမှာ အစစ်အမှန်နတ်ဘုရားတွေအများကြီးသေခဲ့တယ်။ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတွေတောင် ပါတယ်။ ပြီးနောက် နှစ်ဖက်စလုံးက သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့ကြတယ်"

"ငါတို့အရှေ့နေဂိုဏ်းနဲ့ငှက်မွေးနစ်ထောင်တိုင်းပြည်မှာလဲ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေ ရှိခဲ့တာလား"

တုန်းယန်ချမ်ယုက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်၊ ငါတို့အရှေ့နေဂိုဏ်းမှာ အန္တိမအကြီးအကဲတစ်ယောက်ရှိတယ်၊ ငှက်မွေးတစ်ထောင်တိုင်းပြည်မှာလဲ အရှင်သခင်အိုတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံးရဲ့အစစ်အမှန်ခွန်အားက အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေ ပိုမသန်မာဘူး၊ အရေအတွက်ကလဲ မတူညီဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်က အခွင့်အလမ်းကောင်းတစ်ခုကို တွေ့ခဲ့ပြီး တစ်ယောက်ချင်းစီက အဆုံးစွန်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ရရှိခဲ့တယ်။ သူတို့ရဲ့ခွန်အားက အဆများစွာတိုးလာခဲ့ပြီး ငါတို့အရှေ့နေဂိုဏ်းနဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်အတွက် အခွင့်အရေးတစ်ခုကို ရဖို့ လူအုပ်ကြီးကို ဖိအားပေးနိုင်ခဲ့တယ်"

"ဒိီလိုကိုး" အဆုံးစွန်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပဲဖြစ်ဖြစ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ပဲဖြစ်ဖြစ်၊ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေမှာ အလွန်ရှားပြီး သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေမှာပဲ ရှိမယ်လို့ ခန့်မှန်းထားကြတယ်။

အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းရဲ့အစစ်အမှန်နတ်ဘုရားတွေကို သိပ်အာရုံမထားတော့ဘဲ လီဖူချန်းရဲ့မျက်လုံးတွေက တစ်ဖက်အဖွဲ့ရဲ့ပင်မတပည့်တွေအပေါ် ကျရောက်သွားတယ်။

အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းရဲ့ပင်မတပည့်တွေက မတူညီတဲ့ဝတ်စုံတွေကို ဝတ်ဆင်ထားကြတယ်။ တိုင်ယန်ဓားဂိတ်ရဲ့ပင်မတပည့်တွေအားလုံးက နောက်ကျောမှာ ဓားပုံပန်းထိုးထားတဲ့အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားကြတယ်။ အဆိပ်မီးဂိုဏ်းရဲ့ပင်မတပည့်တွေအားလုံးက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြတယ်။ ကြယ်တစ်သောင်းခန်းမရဲ့တပည့်တွေက အနက်ရောင်မီးလျှံတွေပန်းထိုးထားတဲ့အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကြယ်လုံးတွေရှိတယ်။ သွေးလဂိုဏ်းက နောက်ကျောမှာ သွေးလပုံပါတဲ့အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပင်လယ်နတ်ဘုရားဂိုဏ်းက နောက်ကျောမှာ သုံးခွမှိန်းပုံပန်းထိုးထားတဲ့ကောင်းကင်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြတယ်။

တိုင်ယန်ဓားဂိတ်ရဲ့ပင်မတပည့်တွေအထဲမှာ တစ်ယောက်က ဝင့်ဝါတဲ့အမူအရာနဲ့အတူ နောက်ကျောမှာ ဓားနှစ်လက်ကို လွယ်ထားတယ်။ သူရပ်နေတဲ့ဧရိယာက ဓားကမ္ဘာတစ်ခုလို့ ထင်ရတယ်၊ လူတွေကို သန်မာတဲ့ဖိအားတစ်ခု ပေးနေလေတယ်။

ဒီလူက ဓားတာအိုဥပဒေသနယ်ပယ်ကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ မြှင့်တင်ခဲ့တဲ့ တိုင်ယန်ဓားဂိတ်ရဲ့ဓားဘုရင်ကာဒီလက်ဆိုတာ လီဖူချန်းက ခန့်မှန်းစရာမလိုပါဘူး။

ကြယ်တစ်သောင်းခန်းမရဲ့ပင်မတပည့်တွေကြားမှာ ကြီးမားတဲ့ပုံရိပ်တစ်ခုက လီဖူချန်းရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်။

ဒီလူက လူသားမျိုးနွယ်က မဟုတ်ဘူး၊ ဘာလို့ဆို သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့အသားနဲ့သွေးတွေက သတ္တုနဲ့တူပြီး မှိန်ဖျော့ဖျော့ငွေရောင်အလင်းတစ်ခုရှိနေလို့လေ။

ထိုသူက ခန္ဓာကိုယ်ထဲမှာရွှေရောင်စိတ်ဝိညာဉ်မျိုးနွယ်ရဲ့သွေးမျိုးဆက်စီးဆင်းနေတဲ့ကြယ်တစ်သောင်းခန်းမရဲ့ပြိုင်ဘက်ကင်းပါရမီရှင်ချုံးကျိုးဖြစ်တယ်။

ပင်လယ်နတ်ဘုရားဂိုဏ်းရဲ့ရေတာအိုဥပဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ချိုးဖြတ်ထားတဲ့ပါရမီရှင်ကတော့ ကြီးမားကျယ်ပြန့်တဲ့ပင်လယ်တစ်ခုပမာ ရပ်နေကာ လူတွေကို နက်နဲပြီးအဆုံးမရှိတဲ့ပုံရိပ်ယောင်တစ်ခုကို ပေးစွမ်းနေတယ်။

လီဖူချန်းက အနှီသုံးယောက်ကြားခြားနားချက်ကို မြင်နိုင်ပေမယ့် ထိုသုံးယောက်က လီဖူချန်းရဲ့ထူးခြားကို မြင်ဖို့ ခက်ခဲတယ်။

အဓိကအကြောင်းရင်းကတော့ လီဖူချန်းရဲ့စိတ်ဝိညာဉ်အဆင့်က မြင့်မားလို့ပဲ၊ လူတွေအနေနဲ့ ဖြတ်မြင်နိုင်ဖို့ ခက်ခဲစေတယ်။

"လေ့ပုရမ်၊ မင်း နောက်ဆုံးတော့ ရေတာအိုဥပဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ထိ ချိုးဖြတ်သွားနိုင်ခဲ့ပြီးပေါ့" သူ့ငွေရောင်သွားတွေကို ဖြဲပြလျက်  ချုံးကျိုးက ပြောလိုက်တယ်။

အပြာရောင်ဆံပင်နဲ့လေ့ပုရမ်က ပြောလိုက်တယ်"ချုံးကျိုး၊ မင်းက ငါ့ထက် နှစ်ဒါဇင်လောက်ပဲ ဦးသွားတာပါ၊ ဒါကြောင့် မင်းကိုယ်မင်း အားရမနေပါနဲ့" ချုံးကျိုးက မကြာသေးတဲ့နှစ်တွေကမှ ချိုးဖြတ်လာခဲ့တာ။

ချုံးကျိုးက ပြောလိုက်တယ်"ဒါက အသာစီးရတာပဲကွာ။ ဆယ်နှစ်ကျော်လောက်က ငါ့အနေနဲ့ အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ လုံလောက်တယ်"

"ဟမ့်၊ စောင့်ကြည့်ရ‌တာပေါ့လေ" လေ့ပုရမ်က နှာခေါင်းရှုံ့လိုက်တယ်။

လေ့ပုရမ်က မပျော်မရွှင်ဖြစ်တာကို မြင်ပြီး ချုံးကျိုးရဲ့မျက်လုံးတွေက အရှေ့နေဂိုဏ်းနဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်တွေအပေါ် ကျရောက်သွားတယ်။

"ဒီကောင်တွေက တကယ်ကို စိတ်အနှောင့်အယှက်ပေးနေတာပဲ။ သူတို့က ငါတို့နဲ့ ယှဉ်ပြိုင်ချင်တာပေါ့လေ။ ဘယ်လိုလဲ၊ မင်း ငါနဲ့အတူ ပြိုင်ပွဲတစ်ခုကို ကစားချင်လား" ချုံးကျိုးက ‌ခေါင်းလှည့်ကာ ကာဒီလက်ကို ကြည့်လိုက်တယ်။

"ဘာပြိုင်ပွဲလဲ" လေ့ပုရမ်က မေးလိုက်တယ်။

ချုံးကျိုးက ပြောလိုက်တယ်"ငါတို့သုံးယောက်လေ၊ ငါတို့တစ်ယောက်ချင်းစီက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ငါးခုကို ထုတ်မယ်၊ ပြီးရင် သတ်ဖြတ်ထားတဲ့လူအရေအတွက်ကို နှိုင်းယှဉ်မယ်။ ပထမရတဲ့သူက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ဆယ်ခုကို ရမယ်၊ ဒုတိယရတဲ့သူက သူ့ကိုယ်ပိုင်ဟာကိုပဲ ပြန်ရမယ်၊ တတိယရတဲ့သူက ဗလာပေါ့၊ ဘယ်လိုလဲ၊ မင်း ပြိုင်ရဲလား"

"ငါဘာလို့ မပြိုင်ရဲရမှာလဲ"

လေ့ပုရမ်က ချက်ချင်းတုံ့ပြန်လိုက်တယ်။

ချုံးကျိုးကို ရင်ဆိုင်ဖို့ဆိုရင် သူက မသေချာဘူး။ သတ်ဖြတ်ထားသူအရေအတွက်ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ သူက ရှုံးချင်မှရှုံးမှာလေ။

ဒါ့ပြင် အရေးကြီးဆုံးအရာက သူက အရှုံးကို တတ်နိုင်တာပဲ။ သူတို့ရဲ့ခွန်အားနဲ့ဆိုရင် သူတို့က စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမှာ ပြိုင်ဘက်ကင်းတယ်။ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ငါးခုက များပေမယ့် သူတို့ကို အရမ်းတော့မနာကျင်စေပါဘူး။

"ငါ့ကိုပါထည့်လိုက်"

ကာဒီလက်က ထူးမခြားနားစွာ ပြောလိုက်တယ်။

"ကောင်းပြီလေ၊ ပျော်စရာလေးကစားကြတာပေါ့" ချုံးကျိုးက ပြုံးလိုက်တယ်။

ဒိီနည်းလမ်းနဲ့ သူတို့သုံးယောက်က ပြိုင်ပွဲစည်းမျဉ်းကို သတ်မှတ်ခဲ့ကြတယ်။ သူတို့က အခြားသူတွေရဲ့ သားကောင်ဖြစ်လာမယ်လို့ အရှေ့နေဂိုဏ်းနဲ့ငှက်‌မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်တွေက မသိသေးပါဘူး။

"ဒီသုံးကောင်ရဲ့ဥပဒေသနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားပြီး စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲမှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် ငါ မိုကူးလိုင်ကိုတော့ လာမထိနဲ့။ ငါ့ရဲ့အဆိပ်အစွမ်းကို ပြပေးလိုက်မယ်"

အဆိပ်မီးဂိုဏ်းမှာ ခန္ဓာကိုယ်ပေါ်မှာ သေခြင်းနဲ့ပူပြင်းတဲ့အရှိန်အဝါနဲ့အတူလူရွယ်တစ်ယောက်က နှာခေါင်းရှုံ့ကာ မျက်လုံးတွေ မှိတ်လိုက်တယ်။

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတားအဆီးပေါ်ရှိအက်ကြောင်းက ပိုကျယ်လာပြီး လူနှစ်ယောက် ဘေးချင်းကပ်ဝင်နိုင်တဲ့အထိ ရှိလာတယ်။

"အရင်သွားကြစို့"

သွေးလဂိုဏ်းရဲ့ပင်မတပည့်တွေက ရှေ့သို့ တစ်ဟုန်ထိုးပြေးကာ အက်ကြောင်းထဲသို့ နှစ်ယောက်တစ်တွဲဝင်ရောက်သွားတယ်။

ဒီအက်‌ကြောင်းမှာ နေရာလပ်တည်နေရာရွှေ့ပြောင်းရေးစွမ်းအားပါဝင်မှန်း သိသာတယ်။ လူတွေ။ ဝင်ရောက်သွားတာနဲ့ သူတို့က ပျောက်ကွယ်သွားပြီး အ‌နောက်ကလူတွေကို ပိတ်ထားမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့။

တစ်ခဏကြာပြီးနောက် သွေးလဂိုဏ်းရဲ့ပင်မတပည့်တွေက ပျောက်သွားတယ်။

နောက်မှာတော့ အဆိပ်မီးဂိုဏ်း၊ တိုင်ယန်ဓားဂိုဏ်း၊ ပင်လယ်နတ်ဘုရားဂိုဏ်းနဲ့ ကြယ်တစ်သောင်းခန်းမတို့ရဲ့ပင်မတပည့်တွေပေါ့။

အရှေ့နေဂိုဏ်းနဲ့ငှက်မွေးတိုင်ပြည်တို့ရဲ့ပင်မတပည့်တွေက နောက်ဆုံးပေါ့လေ။

"ဂျူနီယာမောင်လေးလီ၊ ဝင်ကြစို့"

တုန်းယန်ချမ်ယုနဲ့လီဖူချန်းက ဘေးချင်းကပ်ကာ ဝင်ရောက်ခဲ့တယ်။ ထိုအချိန်မှာ အက်ကြောင်းက လူသုံးယောက်ဘေးချင်းကပ်ဝင်ရောက်ဖို့ ဆံ့လာပေမယ့် ဒါက အကန့်အသတ်ဖြစ်တယ်။ အက်ကြောင်းက စတင်ကျုံ့လာတာကို လီဖူချန်းက ရှင်းရှင်းလင်းလင်းမြင်ခဲ့တယ်။

All Chapters