← Chapters

သတ်

Vol. 80 Ch. 1129

သတ်

Vol. 80 Ch. 1129

နေရာလပ်တည်နေရာရွှေ့ပြောင်းရေးစွမ်းအားက လီဖူချန်းကို မြစ်ငယ်တစ်စင်းဆီ ပို့ဆောင်ပေးခဲ့တယ်။

"ဓားသွားတစ်ထောင်အဆိပ်မြား...."

လီဖူချန်း ပေါ်ထွက်လာချင်းချင်း ခရမ်းရောင်အဆိပ်ဓာတ်ငွေ့တွေမှ ဖြစ်ပေါ်လာတဲ့ မြားမိုးက ကောင်းကင်မှ ရွာကျလာပြီး လီဖူချန်းနဲ့ သူရှိနေတဲ့နေရာကို ဖုံးအုပ်သွားတယ်။

သူ့ကို တိုက်ခိုက်ခဲ့တဲ့သူက အဆိပ်မီးဂိုဏ်းရဲ့ပင်မတပည့်ဆိုတာ လီဖူချန်းက ခန့်မှန်းနေစရာတောင် မလိုပါဘူး။

အဆိပ်မီးဂိုဏ်းရဲ့ပင်မတပည့်တွေကသာ အဆိပ်တာအိုဥပဒေသကို အသုံးပြုနိုင်တာ။

"ဟမ့်"

လီဖူချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ရဲ့ဓားတာအိုစွမ်းအားက တုန်ခါသွားတယ်။

ဝှစ် ဝှစ် ဝှစ်......

မြားမိုးတွေက လီဖူချန်းအနားတောင် မရောက်နိုင်ခဲ့ဘူး၊ အားလုံးက အဆိပ်မီးဂိုဏ်းရဲ့ပင်မတပည့်နဲ့အတူ လွင့်ပါသွားတယ်။

လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးသိန်းငါးသောင်းလောက်ရှိတယ်၊ ရန်သူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကတော့ နှစ်သိန်းအောက်သာ ရှိကာ ခြားနားချက်က နှစ်ဆဖြစ်နေတယ်။

လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကြီးမားလွန်းတယ်ဆိုတာကိုတောင် ဖော်ပြစရာမလိုပါဘူး။

ဒီလိုဆိုတော့ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားတုန်ခါမှုအောက်မှာပဲ ရန်သူက ပြန်တိုက်ခိုက်ဖို့ စွမ်းအားမရှိဘဲ ချက်ချင်းသေဆုံးသွားခဲ့တယ်။

ရန်သူကို သတ်ပြီးနောက် လီဖူချန်းက ရန်သူရဲ့အသုံးအဆောင်ပစ္စည်းနဲ့နေရာလပ်လက်စွပ်ကို ရရှိခဲ့တယ်။

သူ့လိုပဲ၊ ရန်သူမှာ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုရှိတယ်၊ တစ်ခုက သာမန်အဆင့်၊ အခြားတစ်ခုက ပျမ်းမျှအဆင့်ဖြစ်တယ်။

"အန္တရာယ်နဲ့အခွင့်အလမ်းဆိုတာ ဒွန်တွဲလျက်တည်ရှိနေမှာပဲ" လီဖူချန်းက ပြုံးလိုက်တယ်။ မလာခင် လိုင်ဒုံဟဲက သူတို့ကို ရှင်းရှင်းလင်းလင်းပြောခဲ့တယ်၊ ဂိုဏ်းက လုယက်ရရှိလာခဲ့တဲ့အသုံးအ‌ဆောင်ပစ္စည်းတန်ဖိုးတွေရဲ့ငါးဆယ်ရာခိုင်နှုန်းကို ပြန်ပေးမယ်။ သာမန်အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့လုပ်ဆောင်ချက်အမှတ်သန်းနှစ်ရာနဲ့ ပျမ်းမျှအဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့လုပ်ဆောင်ချက်အမှတ်တစ်ဘီလီယံအရ သူက လုပ်ဆောင်ချက်အမှတ်သန်းခြောက်ရာကို ရရှိလိမ့်မယ်။

တန်ဖိုးရဲ့ငါးဆယ်ရာခိုင်နှုန်းက နည်းတယ်လို့ မခံစားရပါဘူး။ တကယ်တော့ ဂိုဏ်းက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းကို ဝင်နိုင်ဖို့ နေရာရအောင် ကြိုးစားခဲ့ရပြီး အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကိုလဲ ချေးငှားပေးခဲ့တယ်။ သူတို့သေသွားရင် ဂိုဏ်းက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအမြောက်အများကို ဆုံးရှုံးသွားရမှာလေ။

"ဟမ်၊ စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲပါလား" နတ်ဘုရားစွမ်းအားရဲ့တုန်ခါမှုအောက်မှာ မြစ်ရေတွေက ကုန်စင်တဲ့အထိ လွင့်သွားပြီး မြစ်အောက်ခြေကို ထုတ်ပြလိုက်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲတစ်ခုက မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။

စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲက အချိန်တစ်ခုကြာပြီးနောက် ကောင်းကင်ဘုံနဲ့မြေကြီးရဲ့အဆီအနှစ်ကို စုပ်ယူခြင်းမှ ဖြစ်ပေါ်လာတဲ့ ရတနာတစ်ခုဖြစ်တယ်၊ ၎င်းက နတ်ဘုရားတွေရဲ့သက်တမ်းကို တိုးစေနိုင်တယ်။

လီဖူချန်းကင်းမဲ့နေတာကလဲ အသက်နယ်ပယ်စုဆောင်းခြင်းပဲ။

သူ့ရဲ့အသက်နယ်ပယ်က အဆင့်မြင့်နတ်ဘုရားပြီးပြည့်စုံခြင်းအထိ စုဆောင်းထားခဲ့ရင် သူက ဟိုးအရင်ကတည်းက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာပါပြီ။

"ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲမျှပဲ"

အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲရဲ့သက်ရောက်မှုက အကန့်အသတ်ရှိတယ်။ သူတို့အခုတစ်ရာလောက်ရှိမှ အသုံးဝင်မှာ။

ခြင်တစ်ကောင်ရဲ့ခြေထောက်က ဘယ်လောက်ပဲ သေးနေပစေ၊ ၎င်းက အသားတစ်ခုဖြစ်နေတုန်းပဲ။ လီဖူချန်းက ဒီအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲကို သိမ်းလိုက်တယ်။

တကယ်တော့ စိတ်ဝိညာဉ်နတ်ဘုရားသင်္ခ်ျုင်းက စိတ်ဝိညာဉ်နတ်ဘုရားအလောင်းရဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်နေရာတစ်ခုဖြစ်တယ်။ ၎င်းမှာ ကိုယ်ပိုင်နေရာလပ်ရှိပေမယ့် မကြီးပါဘူး။ အခြေခံအားဖြင့် လူတွေက နေ့တိုင်းတွေ့ဆုံနေရမှာပဲ။

"သတ်"

ခွင်းရှာလောက သွေးလဂိုဏ်းရဲ့ပင်မတပည့်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး တိုက်ပွဲက ချက်ချင်းပေါက်ကွဲထွက်လာတယ်။

လီဖူချန်းနဲ့ထျန်းရွှေနောက် အရှေ့နေဂိုဏ်းရဲ့ပါရမီရှင်တစ်ယောက်အနေနဲ့ ခွင်းရှာလောရဲ့ခွန်အားက အလွန်သန်မာတယ်၊ အထူးသဖြင့် သူ့ရဲ့အမှောင်ဥပဒေသပဲ၊ တိုက်ပွဲအတွက် အလွန်သင့်တော်တယ်။

"သွေးဓား"

"အမှောင်ပိုင်နက်"

သွေးလဂိုဏ်းရဲ့ဒီပင်မတပည့်ရဲ့ခွန်အားက အားမနည်းပါဘူး။ သူ လာတာနဲ့ ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို အသက်သွင်းလိုက်ပြီး သွေးရောင်ဓားအလင်းတစ်ခုက ခွင်းရှာလောကို ခုတ်ချလာတယ်။

ကံမကောင်းစွာနဲ့ သူက ခွင်းရှာလောနဲ့ တွေ့ခဲ့ရတာပဲ။ ပြီးပြည့်စုံခြင်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်နဲ့အတူ ကမ္ဘာကြီးက အမှောင်ထုထဲသို့ ကျရောက်သွားတယ်။ သွေးလဂိုဏ်းပင်မတပည့်ရဲ့သွေးရောင်ဓားအလင်းက ပင်လယ်ထဲကို ဝင်လာတဲ့ ရွှံ့နွားတစ်ကောင်ပမာ ပျောက်ကွယ်သွားခဲ့တယ်။ ထို့နောက် သွေးလဂိုဏ်းရဲ့ပင်မတပည့်လဲ ပျောက်ကွယ်သွားပြီး နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့နေရာလပ်လက်စွပ်တစ်ကွင်းသာ ကျန်ရစ်ခဲ့တော့တယ်။

"အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုပဲ"

ခွင်းရှာလောရဲ့အမူအရာက ပျော်ရွှင်မှုအပြည့်ဖြစ်သွားတယ်။ လုပ်ဆောင်ချက်အမှတ်သန်းခြောက်ရာက သူ့အတွက် မှင်တက်စရာအရေအတွက်တစ်ခုဆိုတာ သံသယရှိစရာမလို။ ဒီလောက်များတဲ့လုပ်ဆောင်ချက်အမှတ်တွေနဲ့ဆိုရင် သူက အဆင့်မြင့်အမှောင်နတ်ဘုရားအတတ်အချို့နဲ့ ဖလှယ်နိုင်ပြီး သူ့ရဲ့အမှောင်ဥပဒေသအုတ်မြစ်ကို တိုးစေနိုင်မယ်။

အဆင့်မြင့်နတ်ဘုရားအတတ်တွေက အရမ်းဈေးကြီးတာကို သင် သိထားရမယ်။ ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖလှယ်ဖို့ဆိုရင် မင်းက လုပ်ဆောင်ချက်အမှတ်တစ်သန်းနီးပါးလိုအပ်တယ်၊ ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖလှယ်ဖို့ဆိုရင် မင်းက လုပ်ဆောင်ချက်အမှတ်ငါးသန်းခန့်လိုအပ်ပြီး အဆုံးစွန်းအဆင့်အဆင့်မြင့်နတ်ဘုရားအတတ်တွေက လုပ်ဆောင်ချက်အမှတ်သန်းသုံးဆယ်ခန့် လိုအပ်တယ်။

ပြီးတော့ အမှောင်နတ်ဘုရားအတတ်တွေက ရှားတယ်၊ တန်ဖိုးက ပုံမှန်ထက် ငါးဆပိုကြီးတယ်။ လုပ်ဆောင်ချက်အမှတ်သန်းခြောက်ရာက များတယ်ဆိုပေမယ့် ဖလှယ်လိုက်ရင် အဆုံးစွန်းအဆင့်မြင့်အမှောင်နတ်ဘုရားအတတ်သုံးခုဒါမှမဟုတ်လေးခုလောက်ပဲ ရလိမ့်မယ်။

သတ်ဖြတ်ခြင်းက နေရာတိုင်းမှာ ရှိတယ်။ တောက်ပနတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်တွေက အမဲလိုက်ခံရတယ်၊ ဆိုးဝါးစွာ အသတ်ခံရတယ်။ လူတိုင်းက လီဖူချန်းနဲ့ခွင်းရှာလောတို့လို အားမကောင်းဘူးလေ။

"ဂျူနီယာညီလေးလီ၊ ကယ်ပါအုံး။ အား......"

ဆက်သွယ်ရေးတိုကင်ထဲမှာ အော်သံတစ်ခုထွက်လာတယ်၊ ထို့နောက် ရုတ်ချည်းရပ်သွားတယ်။

"လီဖူချန်းရဲ့မျက်နှာက လေးလံနေတယ်။

ဒါက အကူအညီတောင်းသံကို သူကြားရတဲ့ ပထမဆုံးအကြိမ်မဟုတ်ဘူး။

ဒါပေမယ့် နှစ်ဖက်ကြားအကွာအဝေးက ဝေးလွန်းတယ်။ သူ အပြေးလာခဲ့ပေမယ့် တိုက်ပွဲအရိပ်အယောင်အကြွင်းအကျန်ကိုသာ မြင်တွေ့ခဲ့ရတယ်။

လူတွေကို ကယ်ဆယ်ဖို့ နည်းလမ်းမရှိ။ လီဖူချန်းတစ်ခုတည်းသောလုပ်စရာက ရန်သူပင်မတပည့်တွေကို ဖြစ်နိုင်သမျှ များများသတ်ဖို့ပဲ။

တစ်ယောက်၊ နှစ်ယောက်......

လဝက်ကြာပြီးနောက် လီဖူချန်းရဲ့လက်ထဲမှာ သေဆုံးခဲ့တဲ့ရန်သူပင်မတပည့်တွေ ငါးယောက်လောက်ရှိတယ်၊ သူတို့တစ်ယောက်ချင်းစီကို သူ့ကို အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုယူဆောင်လာပေးခဲ့တယ်။

ဒါ့ပြင် လီဖူချန်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးအလုံးတစ်ရာပါတဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသစ်ပင်ကိုလဲ ရရှိခဲ့တယ်။

……

"ကာဒီလက်"

ကွမ်းဝူက မလှုပ်ရှားရဲခဲ့ဘူး၊ သူ့နဖူးပေါ်မှာ ချွေးတစ်စက်က အေးစက်စွာ ရှိနေတယ်။

သူ့အရှေ့မှာ တောင်ကလေးတစ်လုံးရှိတယ်၊ တောင်ထိပ်မှာ ဓားတစ်စုံကိုလွယ်ထားတဲ့လူရွယ်တစ်ယောက်က ရပ်နေရင်း သူ့ကို ကြည့်နေတယ်။

ကာဒီလက်၊ ဓားနတ်ဘုရား။

တစ်ဖက်လူက ထိုနေရာမှာ ရပ်နေရုံနဲ့ သူ့ကို ဖိအားအများကြီးပေးတယ်။ ဒီဖိအားမျိုးက လီဖူချန်းထက် ပိုကောင်းတယ်၊ ဘာလို့ဆို ဒီဖိအားထဲမှာ ဓားဆန္ဒနဲ့သတ်ဖြတ်ခြင်းဆန္ဒရှိလို့ပဲ။

တစ်ဖက်လူက သတ်ဖြတ်ဖို့ အသင့်ဖြစ်နေမှန်း ရှင်းလင်းတယ်။

"ငါ ကွမ်းဝူက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲမှာပဲ သေသွားရတော့မှာလား"

ကွမ်းဝူက စိတ်ထဲမှာ ဝမ်းနည်းသလို ခံစားလာရတယ်။

သူက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲမှာ ထိပ်တန်းအဆင့်တည်ရှိမှုတစ်ခုပဲ။ အခြေခံအားဖြင့် တစ်ယောက်မှ သူ့ကို မနာကျင်နိုင်ပေမယ့် ဒီတစ်ခါတော့ မတူဘူး။ ပြိုင်ဘက်ကင်းပါရမီရှင်လေးယောက်စလုံး တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့တာလေ။ အခုဆိုရင် သူက သူတို့ထဲက တစ်ယောက်နဲ့ တွေ့နေရပြီ။

သူသာ ဒါကို သိခဲ့ရင် ပါးဟိုင်နတ်ဘုရားကမ္ဘာကို ဘယ်တော့မှ မလာဘူး။

သူက အခြားသူတွေနဲ့မတူဘူး။ အများဆုံးနှစ်တစ်ရာအတွင်း သူက အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာမှာ သေချာတယ်။

"မဟုတ်ဘူး၊ ငါ မသေချင်ဘူး၊ ငါ မသေချင်ဘူး၊ ကာဒီလက်ရော ဘာဖြစ်လဲ၊ ဓားနတ်ဘုရားဆိုတော့ရော ဘာဖြစ်လဲ၊ အလင်းလက်သီး....."

ကွမ်းဝူက သူ့ခန္ဓာကိုယ်ပေါ်ရှိ အလယ်ဆင့်နဲ့အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို ချက်ချင်း အသက်သွင်းခဲ့တယ်၊ သူ့နတ်ဘုရားစွမ်းအားက အကန့်အသတ်အထိ ပေါက်ကွဲထွက်လာပြီး ထို့နောက် အကန့်အသတ်ကို ကျော်ဖြတ်သွားတယ်။ တစ်ချိန်တည်းမှာ ကွမ်းဝူရဲ့လက်ထဲရှိ သာမန်အဆင့်မြင့်နတ်ဘုရားလက်အိတ်က လင်းလက်လာပြီး တောင်ထိပ်ပေါ်ရှိ ဓားနတ်ဘုရားကို ထိုးလိုက်တယ်။

အလင်းနတ်ဘုရားလက်သီးက အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ ကွမ်းဝူရဲ့လက်သီးထိုးချက်နဲ့အတူ လက်သီးအမှတ်အသားက မွေးဖွားလာတယ်၊ ထို့နောက် လက်သီးအမှတ်အသားက လျင်မြန်စွာ ကြီးထွားလာပြီး ကောင်းကင်နဲ့နေကို ဖုံးသွားတယ်။

"နတ်ဆိုးကျားသတ်ဖြတ်ခြင်းကောင်းကင်"

ကောင်းကင်နဲ့မြေကြီးကြားမှာ နတ်ဆိုးကျားတစ္ဆေက အဆုံးမဲ့ကြီးမားလာပြီး ဓားအလင်းက လက်သွားတယ်။ နောက်အခိုက်အတန့်မှာ လက်သီးအမှတ်အသားက အရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားတယ်။ အဝေးကိုထွက်ပြေးခဲ့တဲ့ကွမ်းဝူက သွေးမြူတစ်ခုအဖြစ် ချက်ချင်း ပြောင်းသွားတယ်။ သွေးမြူက ပြန်သိပ်သည်းဖို့ စဉ်းစားခဲ့ပေမယ့် ကျားဟိန်းသံအောက်မှာ ၎င်းက ၎င်းရဲ့လုပ်ဆောင်မှုကို ချက်ချင်း ဆုံးရှုံးသွားပြီး  ဗလာဖြစ်သွားခဲ့တယ်။

ဝုန်း........

နတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုအပုံတစ်ခုနဲ့ နေရာလပ်လက်စွပ်တစ်ကွင်းက မြေပြင်ပေါ်သို့ ကျသွားတယ်။

ကွမ်းဝူ၊ အရှေ့နေဂိုဏ်းရဲ့ဝါရင့်ပင်မတပည့်တစ်ယောက်က ကျဆုံးသွားပါပြီ။

……

"စီနီယာ ခူသိ၊ စီနီယာအမဝမ့်ဝေ့၊ ငါ ရောက်လာပြီ....."

ကန္တရာထဲမှာ ပုံရိပ်တစ်ခုက လျင်မြန်စွာ ရောက်ရှိလာပြီး ကန္တရာထဲရှိ ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်နဲ့ ပေါင်းစည်းခဲ့တယ်။

“

"ကောင်းတယ်၊ ငါတို့သုံးယောက်ပေါင်းစည်းလိုက်တာနဲ့ ပြိုင်ဘက်ကင်းပါရမီရှင်သုံးယောက်နဲ့ ထိပ်တိုက်တွေ့ရရင်တောင်  တိုက်ခိုက်ဖို့ခွန်အားမရှိတာတွေမဖြစ်တော့ဘူး"

အနှီသုံးယောက်က ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်တွေပါပဲ။ ခွန်အားအရ သူတို့က ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်တွေထဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်တယ်၊ သူတို့အထဲမှာ ခူသိက ထိပ်ဆုံးငါးယောက်ထဲ ဝင်တယ်။

ဒါပေမယ့် သူတို့သုံးယောက်ပူးပေါင်းလိုက်ရင် ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့နံပါတ်၁ပင်မတပည့်ကတောင် သူတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး။

သူတို့သုံးယောက်ပေါင်းစပ်မှုက ဒီလောက်အားကောင်းတဲ့အကြောင်းပြချက်ကတော့ သူတို့မှာ အားကောင်းတဲ့တိုက်ပွဲဝင်္ကပါနတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့သုတ်သင်ခြင်းဝင်္ကပါရှိလို့ပဲ။

တိုက်ပွဲဝင်္ကပါလို့‌ခေါ်သလို ပေါင်းစည်းခြင်းနတ်ဘုရားအတတ်လို့လဲ ခေါ်ဆိုပြီး လူများစွာရဲ့ခွန်အားကို အပြည့်အဝပေါင်းစည်းပေးနိုင်ပြီး စွမ်းအားကို အဆဒါဇင်ကျော် ပိုထွက်ပေါ်လာစေတယ်။

ဒါပေမယ့် တိုက်ပွဲဝင်္ကပါနတ်ဘုရားအတတ်တွေက ကျင့်ကြံရတာ အလွန်ခက်ခဲပြီး ငှက်မွေးတစ်ထောင်တိုင်းပြည်မှာ အဲဒါတွေကို ရှစ်အမှတ်အထိ ကျင့်ကြံနိုင်တာက လူအနည်းငယ်ပဲ ရှိတယ်။

ဒိီလိုဆိုပေမယ့် ဒါက အဆင်ပြေပါတယ်။ တိုက်ပွဲဝင်္ကပါရဲ့နတ်ဘုရားအတတ်တွေကို ရှစ်အမှတ်အထိ ကျင့်ကြံနိုင်ဖို့ဆိုရင် ‌လေ့ကျင့်သူ‌တွေက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုရှိဖို့ လိုတယ်။

သူတို့သုံးယောက်ကတော့ ကံတရားသတ်မှတ်ထားတဲ့ဆက်ဆံရေးနဲ့ မွေးဖွားလာတယ်။ ပေါင်းစည်းလိုက်ရင် သူတို့သုံးယောက်က တိုက်ပွဲဝင်္ကပါရဲ့နတ်ဘုရားအတတ်တွေကို ဖော်ထုတ်နိုင်ပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝချိတ်ဆက်နိုင်တယ်။

လက်ရှိမှာ သူတို့သုံးယောက်က သုတ်သင်ခြင်းတိုက်ပွဲဝင်္ကပါရဲ့စွမ်းအားက အဆငါးဆယ်အထိ ဖော်ထုတ်နိုင်တယ်။

"တစ်ခါတည်းနဲ့ သုံးယောက်တွေ့ရတာ တယ်ကံကောင်းတာပဲ"

သူတို့သုံးယောက် စုဆုံပြီး မကြာခင်မှာ အသံတစ်ခုက ထွက်လာတယ်။

"ဘယ်သူလဲ"

သူတို့သုံးယောက်က အသံရင်းမြစ်ကို ကြည့်လိုက်တယ်။

"ကြယ်တစ်သောင်းခန်းမက ချုံးကျိုး"

သူတို့သုံး‌ယောက်ရဲ့အမူအရာက ပြောင်းသွားတယ်။

သုတ်သင်ခြင်းဝင်္ကပါနဲ့ဆိုရင် သူတို့က ဘယ်သူကိုမဆို တိုက်ခိုက်နိုင်တယ်လို့ တွေးထားပေမယ့် ကြယ်တစ်သောင်းခန်းမရဲ့ချုံးကျိုးကို လက်တွေ့မှာ မျက်နှာချင်းဆိုင်ရတဲ့အခါ သူတို့က ကြောက်စရာကောင်းတဲ့ဖိအားကို ခံစားရနေတုန်းပဲ။

"ငါတို့က ဘာကြောက်စရာလိုလို့လဲ၊ ငါတို့မရင်ဆိုင်နိုင်တဲ့သူရှိလို့လား"

"ဟုတ်တယ်၊ ဓားနတ်ဘုရားကာဒီလက်ပဲဖြစ်ဖြစ်၊ ချုံးကျိုးပဲဖြစ်ဖြစ် ငါတို့ကို အနိုင်ယူချင်ရင် ငါတို့ရဲ့သုတ်သင်ခြင်းဝင်္ကပါက သဘောတူမတူကို အရင်မေးအုံး"

တကယ်တော့ သူတို့သုံးယောက်က ငှက်မွေးတစ်ထောင်တိုင်းပြည်က ရွေးချယ်ထားတဲ့ လက်ရွေးစင်ပင်မတပည့်တွေ၊ ဒါကြောင့် သူတို့က လျင်မြန်စွာ တည်ငြိမ်လာခဲ့တယ်။

"အိုး၊ ကြည့်ရတာ မင်းတို့မှာ မှီခိုအားထားစရာတစ်ခုခုရှိနေပုံပဲ" ချုံးကျိုးရဲ့ကြီးမားတဲ့ခန္ဓာကိုယ်က တစ်လှမ်းပြီးတစ်လှမ်းလျှောက်လာတယ်။

"တိုက်ကြ"

သူတို့သုံးယောက်က နားလည်မှုရှိရှိရပ်နေပြီး မတူညီတဲ့နတ်ဘုရားစွမ်းအားသုံးခုက လျင်မြန်စွာ ပေါင်းစည်းလာကြတယ်။

"ဒါ တိုက်ပွဲဝင်္ကါနတ်ဘုရားအတတ်တစ်ခုဖြစ်ရမယ်၊ ကောင်းပြီလေ၊ မင်းတို့တွေ စွမ်းအားဘယ်လောက်ထိ ထုတ်ဖော်နိုင်မလဲ ကြည့်ရတာပေါ့" ချုံးကျိုးက မေးငေါ့လိုက်တယ်၊ ကြယ်တစ်သောင်းခန်းမမှာလဲ တိုက်ပွဲဝင်္ကပါနတ်ဘုရားအတတ်ရှိပြီး အလွန်နည်းပါးတဲ့သူတွေကပဲ ကျွမ်းကျင်တာ။

" ကောင်းကင်က အကြွင်းမဲ့"

"‌မြေကြီးဖျက်ဆီး"

"လူတွေ အတူတကွ"

"သုတ်သင်ခြင်းဝင်္ကပါ"

သုံးရောင်ခြယ်နတ်ဘုရားအလင်းတစ်ခုက အလွန်အမင်းအရှိန်တစ်ခုနဲ့အတူ ချုံးကျိုးထံ ပြေးဝင်လာတယ်။  အရှိန်နဲ့စွမ်းအားကြောင့် ဟင်းလင်းပြင်ကတောင် လှိုင်းဂယက်တစ်ခုကို ဖန်တီးခဲ့တယ်။

"စိတ်ဝင်စားစရာကောင်းသားပဲ"

ချုံးကျိုးရဲ့မျက်လုံးတွေက အနည်းငယ်လေးနက်လာတယ်၊ သူက လက်သီးနဲ့ ထိုးလိုက်တယ်။

အုန်း.......

သုံးရောင်ခြယ်နတ်ဘုရားအလင်းက လက်သီးနဲ့ တိုက်မိပြီး ကြောက်စရာကောင်းတဲ့လှိုင်းဂယက်တွေက ဂယက်ထလာတယ်။

နောက်အခိုက်အတန့်မှာ ချုံးကျိုးက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရတယ်၊ ပြီးနောက် သုံးရောင်ခြယ်နတ်ဘုရားအလင်းက ပျက်ဆီးသွားတယ်။

"တားဆီးခဲ့တာလား"

သူတို့သုံးယောက်က တုန်လှုပ်သွားတယ်။

All Chapters