ကြောက်စရာကောင်းတဲ့ဓားတာအိုနယ်ပယ်
Vol. 80 Ch. 1130
ခေါင်းမော့ပြီး ချုံးကျိုးက သူတို့သုံးယောက်ကို ကြည့်ကာ ပြောလိုက်တယ်"အဲဒါက အလုံအလောက်အားကောင်းပေမယ့် ကံမကောင်းစွာနဲ့ အလုံအလောက်မဆန်းကြယ်ဘူးပဲ"
ဒိီသုံးယောက်ရဲ့ဥပဒေသတွေက နိမ့်ကျလွန်းတယ်။ သူတို့က အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ခြေချထားရင် သူက ဒီတိုက်ခိုက်မှုကို အလွယ်တကူတားနိုင်မယ်လို့ မပြောရဲဘူး။
နတ်ဘုရားစွမ်းအားက အခြေခံစွမ်းအားဖြစ်ရင် ဥပဒေသနယ်ပယ်က အခြေခံစွမ်းအားကို အသုံးပြုတဲ့ နည်းလမ်းဖြစ်တယ်။
တူညီတဲ့ခွန်အားပေါင်တစ်ရာရှိတယ်ဆိုပါဆို့၊ တစ်ယောက်က ရိုးရှင်းတဲ့အားကို ဘယ်လိုထုတ်ဖော်ရမလဲဆိုတာပဲ သိပြီး အခြားတစ်ယောက်က မဟာစွမ်းအားကို ဘယ်လိုထုတ်ဖော်ရမလဲ သိတယ်။ နောက်တစ်ခုက အများကြီးပိုသန်မာတယ်။
"တိုက်ကြ၊ အပြောင်မြောက်ဆုံးအကွက်ကို သုံးမယ်"
"ကောင်းကင်ဘုံက နတ်ဘုရားကို သတ်ဖြတ်တယ်"
"နတ်ဆိုးနှလုံးသားကို ဖျက်ဆီးမယ်"
"သေခြင်းရှင်ခြင်း အတူတကွ"
အဆင့်မြင့်အသုံးအဆောင်ပစ္စည်းချပ်ဝတ်နဲ့သုတ်သင်ခြင်းဝင်္ကပါရဲ့ဖိအားအောက်မှာ သူတို့သုံးယောက်ရဲ့နတ်ဘုရားစွမ်းအားက အကန့်အတ်အချို့ကို ကျော်လွန်သွားတယ်။ ယခု၊ ပြောင်မြောက်တဲ့အကွက်ကို အသုံးပြုပြီးနောက် နတ်ဘုရားစွမ်းအားက တစ်ဟုန်ထိုးတက်လာပြန်တယ်။
"ငါ မင်းတို့ကို အထင်သေးလို့မရဘူးပဲ"
ချုံးကျိုးရဲ့မျက်လုံးတွေက ထပ်မံလေးနက်လာပြန်တယ်။
ရန်သူရဲ့ဥပဒေသနယ်ပယ်က မမြင့်မားပေမယ့် စွမ်းအားက အလုံအလောက်သန်မာတဲ့အခါ ဥပဒေသနယ်ပယ်ကို လစ်လျူရှုနိုင်တယ်။
"သွားစမ်း"
ဒီတစ်ခါမှာတော့ သူတို့သုံးယောက်သိပ်သည်းထားတဲ့သုံးရောင်ခြယ်အလင်းက အရောင်အားဖြင့် အဆများစွာ ပိုနက်ပြီး ကြောက်စရာကောင်းတဲ့သုတ်သင်ခြင်းချီက ဖုံးကွယ်လာတယ်။ သာမန်လူတွေဆိုရင် သူတို့က သုတ်သတ်ခြင်းအရိပ်အယောင်တစ်ခုနဲ့ ထိတွေ့ရင်တောင် ချက်ချင်းသေသွားလိမ့်မယ်။
သုံးရောင်ခြယ်နတ်ဘုရားအလင်းက ကြောက်စရာကောင်းတဲ့သုတ်သင်ခြင်းချီနဲ့အတူ ချုံးကျိုးဆီ ပြေးဝင်လာတယ်။
ကြယ်ဖျက်ဆီးခြင်းလက်သီး"
ချုံးကျိုးက ကျယ်လောင်စွာ အော်လိုက်ပြီး အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ပေါက်ကွဲထွက်စေခဲ့တယ်။
သူ ထိုးလိုက်တာကြောင့် အဆုံးမဲ့ငွေရောင်အလင်းတစ်ခုက သူ့လက်သီးမှာ စုဝေးလာတယ်။ ထိုအချိန်မှာ ကမ္ဘာကြီးက တိမ်မြုပ်သွားပြီး ငွေရောင်လက်သီးနဲ့သုံးရောင်ခြယ်နတ်ဘုရားအလင်းတို့ကိုပဲ ချန်ထားရစ်ခဲ့တယ်။
နှစ်ခုဆုံတွေ့တဲ့အခိုက်မှာ ဟင်းလင်းပြင်ထဲမှာ တစ်ခုခုကြေမွသွားသလို အသံတစ်ခု ထွက်လာတယ်၊ ထို့နောက် ကြောက်စရာကောင်းတဲ့တုန်ခါမှုတစ်ခုက ပျံ့နှံ့လာတယ်။
ချွမ်း ချွမ်း ချွမ်း ချွမ်း.....
ချုံးကျိုးက နောက်သို့ ခြေလှမ်းဒါဇင် ဆုတ်လိုက်ရတယ်၊ ခြေလှမ်းတစ်လှမ်းစီက မြေပြင်ကို အက်ကွဲစေခဲ့တယ်၊ ပြီးမှ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေခဲ့တယ်။
တစ်ဖက်မှာ ငှက်မွေးတစ်ထောင်တိုင်းပြည်မှသုံးယောက်က ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူတို့က ပါးစပ်ဟလိုက်တဲ့အခါ သွေးမြားတစ်ခုက ပန်းထွက်လာတယ်။
သူတို့က အကောင်းဆုံးပြုလုပ်ခဲ့တယ်၊ ပြောင်မြောက်တဲ့အကွက်ကိုတောင် ထုတ်သုံးခဲ့တယ်။
ဒါပေမယ့် ရန်သူက အားကောင်းလွန်းတယ်၊ အားကောင်းလွန်းတယ်၊ သူတို့ရဲ့အကောင်းဆုံးအားထုတ်မှုက တစ်ဖက်လူကို အလေးအနက်ထားစေရုံသာ တတ်နိုင်တယ်။
"အခု ငါ တိုက်ခိုက်ဖို့ အလှည့်ပဲ၊ ပုံရိပ်ယောင်ကြယ်ပျံလက်သီးတစ်ထောင်........"
ချုံးကျိုးက အနှီသုံးယောက်ရဲ့တိုက်ပွဲဝင်္ကပါရဲ့နတ်ဘုရားအတတ်တွေကို မြင်တွေ့ပြီးပြီ။ သူက ဆက်လက်သည်းခံစရာလိုတော့ဘူး။ သူက ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့ပုံရိပ်ယောင်ကြယ်ပျံလက်သီးတစ်ထောင်ကို ထုတ်ဖော်လိုက်တယ်၊ အဆုံးမဲ့လက်သီးတစ္ဆေတွေက ထိုသုံးယောက်ကို ဗလာနတ္ထိဖြစ်သွားစေခဲ့တယ်၊ ခေါင်းသုံးလုံး၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုအပုံတစ်ခု၊ နေရာလပ်လက်စွပ်တွေကပဲ ကျန်ရစ်တော့တယ်။
……
"ငါ့လို သွေးလကလေးနဲ့ တွေ့တာ မင်း တကယ်ကံဆိုးတာပဲ။ မင်း ဘယ်လို သေချင်လဲ၊ ငါ့ကို ပြော" မျက်ခုံးနှစ်ဖက်ကြားမှာ သွေးလအမှတ်အသားနဲ့သွေးလဂိုဏ်းရဲ့ပင်မတပည့်က လီဖူချန်းကို ရယ်စရာအလား ကြည့်လိုက်တယ်။
"ငါ မသေချင်ဘူးဆို"
လီဖူချန်းရဲ့လေသံက ပုံမှန်ပါပဲ။
သွေးလကလေးက ရယ်လိုက်တယ်"မင်း မသေချင်လဲ သေရမှာပဲ"
သူက သွေးလဂိုဏ်းရဲ့နံပါတ်၁ပင်မတပည့်ဖြစ်ပြီး နံပါတ်၁ပင်မတပည့်ကသာ သွေးလကလေးဆိုတဲ့နာမည်ကို သုံးဖို့ အရည်အချင်းမီတယ်။
"တကယ်လား။ ငါ စောင့်ကြည့်ပါအုံးမယ်"
"သေချင်နေတာလား"
လီဖူချန်းရဲ့အမူမထားတဲ့အမူအရာက သူ့ကို အလွန်ဒေါသထွက်သွားစေတယ်၊ အဆုံးမဲ့သွေးရောင်လခြမ်းတွေက သူ့ပတ်လည်ရှိဟင်းလင်းပြင်မှာ သိပ်သည်းလာပြီး လီဖူချန်းထံ ချက်ချင်း ခုတ်ပိုင်းလိုက်တယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်- လတစ်ထောင်ခုတ်ချက်။
သူ့အမြင်အရ လီဖူချန်းနဲ့ရင်ဆိုင်ဖို့ ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တွေနဲ့တင် လုံလောက်မယ်ပေါ့။
"ဒီလောက်လေးပဲလား"
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ သူ့ရဲ့ဓားစွမ်းအင်က ရှေ့သို့ ပေါက်ထွက်လာပြီး သွေးရောင်လခြမ်းက အရည်ပျော်ကျသွားပြီး နေပူပူအာက်ရှိအဖြူရောင်နှင်းစက်လေးတွေအလား ချက်ချင်း တစ်စစီဖြစ်သွားတယ်။
"အော်၊ ငါ မင်းကို လျော့တွက်မိတာပဲ။ ဒီလိုဆိုလဲ ငါ့ရဲ့အစစ်အမှန်နတ်ဘုရားအတတ်ကို မြည်းကြည့်လိုက်စမ်း..."
သွေးရောင်ချီက သွေးလကလေးရဲ့မျက်ခုံးနှစ်ဖက်ကြားမှာ ထွက်ပေါ်လာပြီး သူ့လက်ကို ဝှေ့ယမ်းလ်ိုက်ရာ သွေးတွေရွှဲရွှဲဆိုနေတဲ့တံစဉ်တစ္ဆေက လီဖူချန်းထံ လွှဲယမ်းလာတယ်။
တံစဉ်တစ္ဆေက အလွန်ကြောက်စရာကောင်းတယ်၊ ကြောက်စရာကောင်းတဲ့သေခြင်းချီက သူ့ပတ်လည်မှာ ရစ်ဝဲနေတယ်၊ မမြင်နိုင်တဲ့သေမင်းနတ်ဘုရားတစ်ယောက်က ရန်သူရဲ့စိတ်ဝိညာဉ်ကို ရိပ်သိမ်းဖို့ တစ္ဆေတံစဉ်ကို ကိုင်ထားသလိုပေါ့။
အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်- သွေးတံစဉ်။
ရွှမ်း.........
တံစဉ်တစ္ဆေကို ဓားက ဖြတ်သွားတယ်၊ လီဖူချန်းက မျက်ခုံးပင့်ကာ သွေးလကလေးကို ကြည့်လိုက်တယ်"ဒါ မင်းရဲ့ခွန်အားအကုန်ပဲလား"
"ဘာ"
သွေးလကလေးရဲ့သူငယ်အိမ်တွေက ကျုံ့သွားတယ်။
စောစောကတိုက်ခိုက်မှုမှာ သူက သူ့ခွန်အားရဲ့ခုနှစ်ဆယ်ရာခိုင်နှုန်းကနေ ရှစ်ဆယ်ရာခိုင်နှုန်း အထိ အသုံးပြုခဲ့ပြီး အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်ကိုတောင် သုံးခဲ့တယ်။ ဘယ်လိုလုပ်ပြီး လီဖူချန်းရဲ့ဓားက အလွယ်တကူဖြတ်တောက်သွားတာလဲ။
"မဖြစ်နိုင်ဘူး၊ ထွက်လာစမ်း"
သွေးလကလေးက မာန်ဖီလိုက်တယ်၊ သူ့လက်တွေက ချိတ်ပိတ်သွားပြီး ကြောက်စရာကောင်းတဲ့နတ်ဘုရားစွမ်းအားက သိပ်သည်းလာတယ်။ ချက်ချင်းပဲ၊ သွေးရောင်လပြည့်ဝန်းတစ်ခုက သွေးလကလေးရဲ့ဦးခေါင်းအထက်မှာ ထွက်ပေါ်လာတယ်။
သွေးရောင်လပြည့်ဝန်းက အဆုံးမဲ့ကြီးမားလာပြီး နောက်ဆုံးမှာ ဒီနေရာကို ဖုံးသွားတယ်၊ မဟုတ်ဘူး၊ အနီးနားရှိ နေရာတွေကိုရောပဲ၊ ထို့နောက် လီဖူချန်းကို ဆောင့်ချလာတယ်။
အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားအတတ်- လကောင်းကင်။
"အသုံးမဝင်ဘူး"
လီဖူချန်းက ဓားနဲ့ ခုတ်ချလိုက်တယ်၊ ဟင်းလင်းပြင်ကို ဖြတ်တောက်သွားသလို ထင်ရတယ်။ သွေးရောင်လပြည့်က မှန်ကွဲတစ်ခုပမာ ချက်ချင်း ကြေမွသွားတယ်။
"တောက်၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
သူက လီဖူချန်းရဲ့ခွန်အားကို မှားယွင်းစွာ တွက်ဆခဲ့မိမှန်း သွေးလကလေးက သိလိုက်တယ်။
တစ်ဖက်လူက ဘယ်လိုလုပ်ပြီး သာမန်ပင်မတပည့်ဖြစ်ရမှာလဲ၊ ထိပ်တန်းအဆင့်ပင်ပတပည့်ဆိုတာ ရှင်းနေတာပဲ၊ သူ့ရဲ့ဓားတာအိုဥပဒေသက အကြိုအစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားပြီဖြစ်ရမယ်။
"ကောင်းတယ်၊ ငါ မင်းရဲ့ခွန်အားကို မှားခန့်မှန်းမိတာ ဝန်ခံတယ်၊ မင်း ငါ့ရဲ့အားထုတ်မှုအလုံးစုံနဲ့ ထိုင်တန်ပါတယ်လေ၊ သွေးပင်လယ်ပိုင်နက်......."
တုံ့ဆိုင်းမနေဘဲ သွေးလကလေးက အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်ဖြစ်တဲ့သွေးပင်လယ်ပိုင်နက်ကို ဖော်ထုတ်လိုက်တယ်။
သွေးပင်လယ်က သွေးလကလေးကို ဗဟိုထားပြီး ပတ်ဝန်းကျင်မှာ လျင်မြန်စွာ ပျံ့နှံ့လာတယ်။
ဟင်းလင်းပြင်က ရုတ်တရက် စေးကပ်ပြီးသွေးရဲရဲဖြစ်လာတယ်။
"ကြည့်ရတာ ဒါ မင်းရဲ့အကန့်အသတ်ပဲ ဖြစ်မယ်"
လီဖူချန်းက သွေးလကလေးနဲ့ ဆက်ပြီး အချိန်မဖြန်းချင်တော့ဘူး။ သူက သွေးတာအိုဥပဒေသနဲ့လတာအိုဥပဒေသတို့ကို မြင်ပြီးဆိုတော့ တစ်ဖက်လူက သေရတော့မယ်။
ဓားကို ဆွဲထုတ်လိုက်တယ်၊ သွေးပင်လယ်က ပျက်ဆီးသွားတယ်၊ သွေးလကလေးက နေရာမှာတင် ရပ်တန့်နေပြီး သူ့ခန္ဓာကိုယ်က မလှုပ်မယက်ကျန်ရစ်နေတော့တယ်။
"မင်းရဲ့ဓားတာအိုဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေတာပဲ၊ အခုမှ သိတော့ နောက်ကျသွားပြီလေ"
လေတိုက်ခိုက်လာတာနဲ့ သွေးလကလေးရဲ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့နေရာလပ်လက်စွပ်တွေကပဲ ကျလာတယ်။
……
စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမှာ သတ်ဖြတ်မှုတွေက မကြာခဏဖြစ်ပျက်နေတယ်။
ယေဘုယျအားဖြင့် ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်တွေက လုံးဝအသာစီးရထားတယ်။
သူတို့က အရေအတွက်များတယ်၊ တစ်ဦးချင်းစီခွန်အားကလဲ တောက်ပနတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်တွေထက် အများကြီးပိုသန်မာတယ်လေ။
"ဂျူနီယာမောင်လေးလီ၊ ငါတို့ အဝိုင်းခံထားရတယ် ၊ မင်း ဘယ်နေရာမှာလဲ" လီဖူချန်း တောင်က လေးတစ်ခုအပေါ် တက်တဲ့အချိန်မှာ အချိန်အတော်ကြာတိတ်ဆိတ်နေတဲ့ဆက်သွယ်ရေးတိုကင်က ရုတ်တရက် တုန်ခါလာပြီး တုန်းယန်ချမ်ယုရဲ့စိုးရိမ်တကြီးအသံက အထဲမှ ထွက်လာတယ်။
"ငါ အဲကို လာမယ်"
လီဖူချန်းရဲ့မျက်လုံးတွေက လက်သွားတယ်၊ တုန်းယန်ချမ်ယုက သူနဲ့ သိပ်မဝေးဘူး၊ သူတို့တွေ တစ်ခဏလောက်တော့ ထိန်းထားနိုင်ဖို့ မျှော်လင့်ပါရဲ့။
မြန်နှုန်းကို အဆုံးစွန်းအထိ တင်ပြီး လီဖူချန်းက ဓားအလင်းတစ်ခုသို့ ပြောင်းလဲလုနီးပါးဖြစ်ကာ ဟင်းလင်းပြင်ထဲမှာ လွန်းပြန်သွားခဲ့တယ်။
မနီးမဝေးရှိလွင်ပြင်မှာ တုန်းယန်ချမ်ယု၊ တုန်းယန်ဒိုင်လန်နဲ့ ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်သုံးယောက်က အတူတကွစုဝေးလာကြပြီး ပါးဟိုင်နတ်ဘုရားကမ္ဘာပင်မတပည့်တွေရဲ့ကြီးမားတဲ့အရေအတွက်တစ်ခုကို ခုခံနေတယ်။
ဒါပေမယ့် ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်တွေက များလွန်းတယ်၊ အယောက်နှစ်ဆယ်နီးပါးရှိတယ်၊ သူတို့ငါးယောက်ထဲမှသုံးယောက်က သွေးမျိုးဆက်နတ်ဘုရားအတတ်တွေကို အသက်သွင်းထားပေမယ့် တစ်ဖက်က အရေအတွက်ပိုများတာကြောင့် သူတို့ရဲ့နတ်ဘုရားစွမ်းအားက လျင်မြန်စွာ လျော့ကျလာနေတယ်။
ကံကောင်းစွာနဲ့ တစ်ဖက်အုပ်စုမှာ လီဖူချန်း၊ ခွင်းရှာလောတို့လို ပြောက်မြောက်ကျွမ်းကျင်သူတွေမရှိတာပဲ။
ခွန်အားချင်း ယေဘုယျတူညီတာကြောင့် သတ်ဖြတ်ဖို့က အလွန်ခက်ခဲစေပြီး နတ်ဘုရားစွမ်းအားကို တဖြည်းဖြည်းကုန်ဆုံးစေဖို့သာ တတ်နိုင်တယ်။
"နေနတ်ဘုရားမျက်လုံး"
နေနတ်ဘုရားမျက်လုံးကို အလွန်အကျုးအသုံးပြုတာကြောင့် တုန်းယန်ချမ်ယုရဲ့မျက်ခုံးနှစ်ဖက်ကြားရှိမျက်လုံးမှ သွေးစတင်ထွက်လာတယ်။
ဒါပေမယ့် ဒီအချိန်မှာ သူမက အများကြီးဂရုမစိုက်နိုင်တော့ဘူး။
တုန်းယန်ဒိုင်လန်ရဲ့နေနတ်ဘုရားမျက်လုံးက အလင်းတန်းတစ်ခုကို ထုတ်လွှတ်တယ်ဆိုရင် တုန်းယန်ချမ်ယုရဲ့နေနတ်ဘုရားမျက်လုံးက အလင်းတိုင်တစ်ခုကို ထုတ်လွှတ်နေတယ်။ တုန်းယန်ချမ်ယုက နေနတ်ဘုရားမျက်လုံးကို အဆုံးစွန်းအဆင့်သို့ မြှင့်တင်ထားနိုင်ခဲ့မှန်း သိသာတယ်။
ငှက်မွေးတစ်ထောင်တိုင်းပြည်မှာ သွေးမျိုးဆက်နတ်ဘုရားအတတ်ရှိတဲ့လူတစ်ယောက်ရှိတယ်။
သူ့ရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်က တစ္ဆေမြားဖြစ်တယ်။ မြားကြိုးတုန်ခါလိုက်တဲ့အချိန်တိုင်း မြားမိုးတစ်ခုက ရွာကျလာတယ်။
"မင်းတို့ပြောနေတဲ့ဂျူနီယာလီက ဘယ်အချိန်ကျမှ လာမှာလဲ။ ငါ ထပ်မတောင့်ခံနိုင်တော့ဘူး" ထိုလူက စိုးရိမ်တကြီးပြောလိုက်တယ်။
"မကြာခင်ရောက်လာမှာပါ၊ သူ အနီးနားမှာပဲလို့ ပြောတယ်"
"နောက်ကျသွားပြီ"
ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်တစ်ယောက်က ဖြူဖတ်ဖြူရော်မျက်နှာနဲ့ ရှေ့သို့ တစ်ချက်ကြည့်လိုက်တယ်။
အရှေ့မှာ ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်နောက်တစ်ဖွဲ့က ပူးပေါင်းလာပြန်တယ်။ ယခုဆိုရင် သူတို့ရဲ့လူအရေအတွက်က နှစ်ဆယ်ကို ကျော်ကာ သုံးဆယ်ကို ချဉ်းကပ်လာခဲ့တယ်။
အား......
ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်တစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားက ကုန်ဆုံးသွားတယ်၊ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က ပျက်ဆီးကာ သေဆုံးသွားခဲ့တယ်။
သူတို့လေးယောက် စိုးရိမ်တကြီးဖြစ်နေချိန်မှာ ဓားအလင်းတစ်ခုက ကောင်းကင်မှ တစ်ဟုန်ထိုးကျဆင်းလာတယ်။
"ဂျူနီယာမောင်လေးလီ ရောက်လာပြီ" တုန်းယန်ချမ်ယုက ဝမ်းသာသွားတယ်။
လီဖူချန်းရှိနေရင် အရေအတွက်က အသုံးမဝင်တော့ဘူး။
"သူ့ကို တားကြစမ်း"
ပါးဟိုင်နတ်ဘုရားရဲ့ပင်မတပည့်အချို့က လီဖူချန်းကို တားဆီးခဲ့တယ်။
"သေကြစမ်း"
ဓားချီက ကောင်းကင်မှ ဆင်းသက်လာတယ်၊ မြေပြင်ပေါ်မှာ နက်ရှိုင်းတဲ့ဓားအမှတ်အသားတစ်ခုက ထွက်လာတယ်။ ဓားအမှတ်အသားအနီးနားရှိပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်အားလုံးက ဆုတ်ပြတ်သတ်သွားတယ်။ သူတို့နတ်ဘုရားစွမ်းအားက ချက်ချင်းချေမှုန်းခံလိုက်ရကာ ဇီဝိန်ချုပ်သွားခဲ့တယ်။
ကျန်ရှိနေတဲ့ဓားချီက အတားအဆီးမရှိ ရှေ့တိုးလာပြီး တုန်းယန်ချမ်ယုနဲ့အခြားသူတွေကို ဝိုင်းထားတဲ့ ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်တွေဆီ ပြေးဝင်လာတယ်။
နောက်အခိုက်အတန့်မှာတော့ ထိုအုပ်စုက အရှေ့လူတွေနောက်ကို လိုက်သွားတယ်။
ဓားတစ်ချက် ရန်သူအားလုံးသတ်။
ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်နှစ်ယောက်က မှင်တက်သွားခဲ့တယ်။