အခန်း (၅၀၁-၅၀၂)
Vol. 34 Ch. 501-502
အခန်း (၅၀၁) ကံကြမ္မာရွေးချယ်ခံရသူကိုခြေရာခံခြင်း
ဧည့်ခန်းမအပြင်ဘက်ရှိ စင်္ကြံလမ်းတစ်လျှောက်တွင် ခြေသံများ ပဲ့တင်ထပ်လာသည်။
ထိုခြေသံများမှာ မြန်ဆန်လှ၏
ထို့အပြင် အလောတကြီး ဖြစ်နေပုံရသည်။
ခဏအကြာတွင်
တံခါးများ ပွင့်သွား၏
ဧကရီ စွန်းယောင်ချင်း ခန်းမထဲသို့ ဝင်လာခဲ့ချေသည်။
သူမ၏ မျက်နှာတွင် တည်ငြိမ်သော အမူအရာ ရှိနေသော်လည်း လှမ်းလိုက်သော ခြေလှမ်းများတွင် အရေးတကြီးဖြစ်နေသော ဟန်ပန်ကို မြင်တွေ့နိုင်သည်။
ပိုင်ကျီဟန်ကို မြင်လိုက်ရသည်နှင့် သူမ၏ ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။
ထို့နောက် ရှေ့သို့ လှမ်းလာကာ ရိုသေစွာ နှုတ်ဆက်လိုက်၏
"သခင်လေး ပိုင်”
သူမ၏ အသံမှာ တည်ငြိမ်နေသည်။
လေသံအတွင်း၌ မာန်မာနများ မရှိဘဲ ဂုဏ်သိက္ခာနှင့် သတိထားမှုတို့သာ ပြည့်နှက်နေသည်။
ပိုင်ကျီဟန်က သူမကို အေးဆေးစွာ ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
"မင်း အလုပ်ကို တော်တော်လေး ကောင်းကောင်း လုပ်ထားတာပဲ"
၎င်းမှာ အပိုပြောသော ချီးမွမ်းစကား မဟုတ်ပေ။
လွန်ခဲ့သော လအနည်းငယ်အတွင်း ကြယ်ကြွေအင်ပါယာ၌ ဖြစ်ပျက်ခဲ့သမျှကို ပိုင်ကျီဟန် အတော်အတန် သိထားပြီးဖြစ်သည်။
အုပ်ချုပ်သူ အပြောင်းအလဲဖြစ်ပြီးနောက် စွန်းယောင်ချင်းသည် အင်ပါယာကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး သူမ၏ ရာထူးကိုလည်း ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ရုတ်တရက် အာဏာလွှဲပြောင်းမှု ဖြစ်ခဲ့သော်လည်း ကြယ်ကြွေအင်ပါယာမှာ ပရမ်းပတာ မဖြစ်သွားခဲ့ပေ။
အမှန်စင်စစ် စွန်းယောင်ချင်း၏ ဦးဆောင်မှုအောက်တွင် အင်ပါယာသည် လူအများ မမျှော်လင့်ထားသော လမ်းကြောင်းသစ်တစ်ခုသို့ စတင် ရွေ့လျားလာခဲ့သည်။
အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးတွင် ပြုပြင်ပြောင်းလဲမှုများစွာကို ဖော်ဆောင်ခဲ့သည်။
ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သော စနစ်ဟောင်းများကို ဖျက်သိမ်းခြင်း သို့မဟုတ် ပုံစံသစ် ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။
အထင်ရှားဆုံး အပြောင်းအလဲမှာ မင်းမျိုးမင်းနွယ် မိသားစုများက ကာလရှည်ကြာ လက်ဝါးကြီးအုပ်ထားသော အခွင့်ထူးများကို တဖြည်းဖြည်း ဖယ်ရှားပစ်
ခြင်းပင် ဖြစ်သည်။
မျိုးဆက်ပေါင်းများစွာ ထိုအင်အားကြီး မျိုးနွယ်စုများသည် အင်ပါယာ၏ နိုင်ငံရေးနှင့် စီးပွားရေး ဖွဲ့စည်းပုံကို လွှမ်းမိုးထားခဲ့ကြ၏
ဘာလုပ်လုပ် အပြစ်မရှိသကဲ့သို့ ပြုမူခဲ့ကြသည်။
ယခုမူ
ထိုသြဇာလွှဲမိုးမှုများကို တဖြည်းဖြည်း ရုပ်သိမ်းခဲ့ပြီဖြစ်သည်။
အင်ပါယာ အုပ်ချုပ်ရေး ကဏ္ဍများတွင် မင်းမျိုးမင်းနွယ် သွေးပါသူများသာ ရယူနိုင်
သည့် နေရာဟူ၍ မရှိတော့ပေ။
အင်အားကြီး မိသားစု အနည်းငယ်၏ လက်ထဲတွင် စုပြုံနေသော အရင်းအမြစ်များနှင့် အာဏာများကို ပြန်လည် ခွဲဝေပေးခဲ့သည်။
သာမန် ပြည်သူလူထုအတွက်မူ ဤအပြောင်းအလဲများမှာ အံ့မခန်းပင် ဖြစ်သည်။ တစ်ချိန်က မဖြစ်နိုင်ဟု ထင်ရသော အခွင့်အရေးများမှာ ယခုအခါ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ၎င်းမှာ နှေးကွေးသော်လည်း အပြောင်းအလဲ၏ လက္ခဏာရပ်ပင် ဖြစ်သည်။
သို့သော်လည်း
အင်ပါယာ၏ အထက်တန်းလွှာတွင် ကာလရှည်ကြာ ရပ်တည်ခဲ့သူများအတွက်မူ ဤအခြေအနေမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
မင်းမျိုးမင်းနွယ် မိသားစု အတော်များများသည် ဤပြုပြင်ပြောင်းလဲမှုများ၏ ဖိအားကို စတင် ခံစားနေရပြီဖြစ်သည်။
သူတို့၏ အခွင့်ထူးများမှာ ကျဉ်းမြောင်းလာ၏
သြဇာအာဏာများမှာလည်း အားနည်းလာသည်။
သဘာဝအတိုင်းပင် ဤအပြောင်းအလဲများကို လူတိုင်းက ကြိုဆိုကြသည်တော့ မဟုတ်ပေ။
လူမှုအဖွဲ့အစည်း၏ အထက်တန်းလွှာများကြားတွင် မကျေနပ်မှုများမှာ တိတ်တဆိတ် ပျံ့နှံ့နေတော့သည်။
ဤဆုံးဖြတ်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိကိုမူ လာမည့် နှစ်များတွင် ရလဒ်ကို မြင်တွေ့ရပေလိမ့်မည်။
"သခင်လေး ပိုင် ချီးမွမ်းတာ များနေပါပြီ”
သူမ၏ လေသံမှာ နှိမ့်ချမှု ရှိနေဆဲပင်။
"ဒါဆို သခင်လေး ဒီကို လာတာက ချုန်ရှန်းကြောင့်လို့ ကျွန်မ ယူဆပါတယ်"
ပိုင်ကျီဟန်သည် ချုန်ရှန်းကို ဘာကြောင့် ဤမျှအထိ စိတ်ဝင်စားနေရသနည်းဆိုသည်ကို စွန်းယောင်ချင်း မသိသေးပေ။
သူမ သတင်းပို့လိုက်သည်နှင့် သူကိုယ်တိုင် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ပိုင်ကျီဟန်အနေဖြင့် သူ့ကို စောင့်ကြည့်ရန် သို့မဟုတ် ခြေရာခံရန် သတင်းစကား တစ်ခုခုသာ ပေးပို့လိမ့်မည်ဟု သူမ ထင်ခဲ့သည်။
သူကိုယ်တိုင် အကြောင်းမကြားပဲရောက်လာမည်ဟု မထင်ချေ
ပိုင်ကျီဟန်က ခေါင်းညိတ်လိုက်၏
"ဒါဆိုရင် ဖျက်ဆီးခံလိုက်ရတဲ့ ချွမ်မျိုးနွယ်စုရဲ့ နေရာကို သွားကြည့်ကြမလား?"
စက္ကန့်ပိုင်းအတွင်းမှာပင် ပိုင်ကျီဟန်၊ စွန်ဍယောင်ချင်းနှင့် မင်ကျူတို့သည် ချွမ်မျိုးနွယ်စုဝင်းသို့ ရောက်ရှိသွားကြသည်။
ယခုအခါ အရာအားလုံး ပျက်စီးသွားပြီး ပုရွက်ဆိတ်တစ်ကောင်တောင် မကျန်သဖြင့် ၎င်းကို ချွမ်မျိုးနွယ်စုဟုပင် မခေါ်ဆိုနိုင်တော့ပေ။
ပိုင်ကျီဟန်က ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို ကြည့်လိုက်သည်။
၎င်းမှာ ဗလာသန့်စင်ခြင်းအဆင့် သို့မဟုတ် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်
ကျွမ်းကျင်သူတစ်ဦးကသာ ပြုလုပ်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာလှသည်။
"သူ ဒါကိုလုပ်ဖို့ အစီအရင် တစ်ခုခုကို အသုံးပြုခဲ့တာဖြစ်မယ်လို့ ကျွန်မတို့ ယူဆထားပါတယ်"
စွန်းယောင်ချင်းက ပြောလိုက်သည်။
ပိုင်ကျီဟန်က ခေါင်းညိတ်ပြလိုက်သည်။
၎င်းမှာ ဖြစ်နိုင်ခြေ အရှိဆုံးပင် ဖြစ်သော်လည်း ဤမျှလောက်အထိ ဖျက်ဆီးနိုင်စွမ်းရှိသည်မှာ အံ့သြစရာ ကောင်းနေဆဲပင်။
ချွမ်မျိုးနွယ်စု၏ ဝင်းကြီးသည် မိုင်ပေါင်းများစွာ ကျယ်ဝန်းလှပြီး တစ်မျိုးနွယ်စုလုံးကို လွှမ်းခြုံနိုင်ရန်မှာ တစ်ရက်၊ နှစ်ရက်အတွင်း ပြင်ဆင်နိုင်သည့်အရာ မဟုတ်ပေ။
အစီအရင်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည့်တိုင်အောင် ချုန်ရှန်းအနေဖြင့် မည်သူမျှ သတိမထားမိစေရန် အထူးဂရုစိုက်ခဲ့ရပေလိမ့်မည်။
ချွမ်မျိုးနွယ်စုဝင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန်အတွက် သူ အနည်းဆုံး ရက်သတ္တပတ်အနည်းငယ်မှ တစ်လခန့်အထိ အချိန်ယူခဲ့ရပုံပေါ်သည်။
(သူ ဒါကို ကြိုတင်စီစဉ်နေခဲ့တာ တော်တော်ကြာပြီပဲ။)
ထိပ်တန်းမိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်သည့်အပြင် ကံကြမ္မာရွေးချယ်ခံရသူ တစ်ယောက်ပီပီ သူတို့သည် ရန်ငြိုးရန်စကို အခြားသူများထက် ပို၍ မှတ်ထားတတ်ကြသည်။
လက်စားချေရန် လုံလောက်သော စွမ်းအားရသည်နှင့်တစ်ပြိုင်နက် အချိန်ဆွဲမနေဘဲ ချက်ချင်းပင် အကောင်အထည် ဖော်တတ်ကြသည်။
ထို့အပြင် ချုန်ရှန်းသည် ချွမ်မျိုးနွယ်စုမှ တစ်ဦးတစ်ယောက်ကိုမျှ ချန်မထားခဲ့ပေ။
အပြစ်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ သူ၏လက်စားချေမှု မီးလျှံအတွင်း အားလုံးကို ဝါးမြိုပစ်ခဲ့သည်။
ပိုင်ကျီဟန်အနေဖြင့် ထိုကိစ္စအပေါ် ဒေါသထွက်နေခြင်းမျိုးမဟုတ်သော်လည်း ၎င်းက ချုန်ရှန်းသည် မည်မျှအထိ ရက်စက်ကြမ်းကြုတ်သည်ကို သက်သေပြနေသည်။
ထို့ကြောင့် သူ့နောက်ကို လိုက်မည်ဆိုပါက အလုပ်ကို အပြတ်အသတ် ပြီးမြောက်အောင် လုပ်ရန်လိုအပ်သည်။ မဟုတ်ပါက သူကိုယ်တိုင်လည်း ထိုကဲ့သို့သော ကံကြမ္မာဆိုးမျိုးနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။
"အခု သူ့ကို ဘယ်လိုရှာရမလဲ?"
အကယ်၍ ယခင်ကဆိုလျှင် ဖေးလိန်ကို ရှာခိုင်းနိုင်ပြီး ချုန်ရှန်းသာ သူမ၏ စိတ်အာရုံအတွင်း ရှိနေပါက ချက်ချင်း ရှာတွေ့နိုင်ပေလိမ့်မည်။
သို့သော် ဖေးလိန်မှာ ယခုထိ နိုးမလာသေးပေ။
ထိုသို့ တွေးတောနေစဉ်မှာပင်—
သူ၏ စိတ်ထဲ၌ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
[စနစ်အသိပေးချက် ]
အရှင်၊ ကံကြမ္မာရွေးချယ်ခံရသူ ခြေရာခံကိရိယာကို ဝယ်ယူလိုပါသလား?
ပိုင်ကျီဟန် ခဏတာ မှင်သက်သွားသည်။
၎င်းမှာ မမျှော်လင့်ထားသော ကိစ္စပင်။
စနစ်၏ မျက်နှာပြင်တွင် အသေးစိတ်အချက်အလက်များကို ဖြည်းဖြည်းချင်း ဖော်ပြလာသည်။
ကံကြမ္မာရွေးချယ်ခံရသူ ခြေရာခံကိရိယာ
ဖော်ပြချက်:
မိုင်အနည်းငယ်အတွင်း၌ ပိုင်ရှင်သည် အဆိုပါ ကံကြမ္မာရွေးချယ်ခံရသူနှင့် ယခင်က ဆုံတွေ့ဖူးပါက၊ စနစ်သည် ၎င်းတို့၏ လက်ရှိတည်နေရာကို ရှာဖွေဖော်ထုတ်ပေးနိုင်မည် ဖြစ်သည်။
ဈေးနှုန်း: အမှတ် ၃၀,၀၀၀
ပိုင်ကျီဟန် အနည်းငယ် အံ့အားသင့်သွားသည်။
ဤစွမ်းရည်မှာ ယခုအချိန်တွင် သူ အလိုအပ်ဆုံးဖြစ်နေသော အရာပင်။
သို့သော်လည်း
သူ၏အာရုံကို ပို၍ဆွဲဆောင်သွားသည်မှာ အခြားအချက်တစ်ခုဖြစ်သည်။
ယခင်က စနစ်သည် အမြဲတမ်း ပုံသေကားကျ ခိုင်းစေထားသည့်အတိုင်းသာ လုပ်ဆောင်သော စက်ရုပ်တစ်ရုပ်ကဲ့သို့ အလွန်ပင် ငြိမ်သက်လွန်းလှသည်။
ပိုင်ကျီဟန်ကိုယ်တိုင် စနစ်စတိုးကို စစ်ဆေးချိန် သို့မဟုတ် တာဝန်များ ပြီးဆုံးချိန်မှသာ လုပ်ဆောင်ချက်များကို ဖော်ပြပေးလေ့ရှိသည်။
ယခုကဲ့သို့ သူ့ဘာသာ ဝင်ရောက်နှောင့်ယှက်ခြင်းမျိုးမှာ အလွန်ရှားပါးသည်။
ယခုမူ
ချုန်ရှန်းကို မည်သို့ရှာရမလဲဟု သူ တွေးတောနေချိန်၌ပင် လိုအပ်သော ပစ္စည်းတစ်ခုကို စနစ်က ရုတ်တရက် အကြံပြုလာခြင်းဖြစ်သည်။
၎င်းမှာ စနစ်သည် သူ၏ အတွေးများကို နားလည်နေသကဲ့သို့ပင် ခံစားရစေသည်။
ပိုင်ကျီဟန်၏ အကြည့်မှာ အနည်းငယ် နက်မှောင်သွား၏
(စနစ်က... ပိုပြီးတော့ အသိဉာဏ်ရှိလာတာလား?)
သူသည် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို ယခင်က တစ်ကြိမ်သာ ကြုံဖူးသည်။
၎င်းမှာ ချင်လင်းရှောင်က သူ၏ စိတ်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့စဉ်ကဖြစ်သည်။
ထိုစဉ်က စနစ်သည် သူ့ကို ကာကွယ်ရန်အတွက် အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခဲ့သည်။
ထိုဖြစ်ရပ်မှလွဲ၍ စနစ်သည် အမြဲတမ်း တိတ်ဆိတ်နေခဲ့သည်။
ပိုင်ကျီဟန်သည် အချိန်ကိုက် ကူညီမှုအတွက် ကျေးဇူးတင်သော်လည်း တစ်ဖက်တွင်မူ စနစ်အပေါ် ပို၍ သတိထားမိလာသည်။
သို့သော်လည်း ယခုအချိန်တွင် သူသည် ဘာမှလုပ်နိုင်လောက်အောင် အင်အားမရှိသေးသဖြင့် ဆက်လက်တွေးတောနေခြင်းမှာ အကျိုးထူးမည်မဟုတ်ပေ။
လောလောဆယ်တွင် ချုန်ရှန်းကိုသာ အာရုံစိုက်သင့်သည်။
ပိုင်ကျီဟန်သည် ချွမ်မျိုးနွယ်စု၏ အပျက်အစီးများကြားတွင် ရပ်နေရင်း သူ၏စိတ်ထဲတွင် ပေါ်နေသော အသိပေးချက်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
အမှတ်သုံးသောင်း။
ဈေးနှုန်းက မနည်းလှပေ။
သို့သော် သူ့တွင် အမှတ် ၈၀,၀၀၀ ရှိနေသဖြင့် ဝယ်ယူနိုင်စွမ်းရှိသည်။
အကယ်၍ ၎င်းက ချုန်ရှန်းကို ရှာဖွေပေးနိုင်မည်ဆိုပါက ထိုအမှတ်များမှာ ပေးရကျိုးနပ်လှပါသည်။
အခန်း (၅၀၂) မျက်စိရှေ့မှောက်မှာတင် ပုန်းကွယ်နေခြင်း
နောက်ထပ်တွေဝေမနေတော့ဘဲ ပိုင်ကျီဟန်သည် ထိုလုပ်ဆောင်ချက်ကို ဝယ်ယူလိုက်သည်။
သူ့စိတ်ထဲရှိ အသိပေးချက်မှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
[ကောင်းကင်ရွေးချယ်ခံရသူ၏ ခြေရာခံကိရိယာ ဝယ်ယူမှု အောင်မြင်သည်]
စနစ်အတွင်းသို့ လုပ်ဆောင်ချက်အသစ်တစ်ခု ပေါင်းစပ်သွားသည်နှင့်အမျှ သူ၏အသိစိတ်ထဲတွင် လှိုင်းအနည်းငယ် ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
ပိုင်ကျီဟန်က ၎င်းကို ချက်ချင်း စတင်အသုံးပြုလိုက်၏။
ထို့နောက် စနစ်မျက်နှာပြင်တွင် မြေပုံတစ်ခု ပေါ်လာပြီး ချုန်ရှန်းဟု အမည်တပ်ထားသည့် အနီရောင်အစက်ကလေးတစ်ခုကို ပြသနေသည်။
ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ချုန်ရှန်းက အနီးအနားမှာတင် ရှိနေသည်။
အလွန်နီးကပ်သော နေရာမှာပင်
သူထင်ထားသည်ထက် များစွာ ပို၍နီးကပ်နေသည်။
သူ၏အကြည့်များက မြေပုံညွှန်ပြရာ အရပ်မျက်နှာဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။
ထိုနေရာတွင် ပျက်စီးသွားသော ချွမ်မျိုးနွယ်စု နယ်မြေ၏ ပတ်ပတ်လည်၌ အင်ပါယာ အစောင့်တပ်ဖွဲ့ တစ်စုကို တပ်ချထားသည်။
အချို့က ကင်းလှည့်နေကြသည်။
အချို့က ပတ်ဝန်းကျင်ကို စစ်ဆေးနေကြသည်။
အချို့ကမူ ကျန်ရှိနေနိုင်သည့် သံသယဖြစ်ဖွယ် အမှတ်အသားများကို ဂရုတစိုက် ရှာဖွေနေကြ၏။
ပထမကြည့်လိုက်လျှင်
အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။
သို့သော် စနစ်၏ ညွှန်ပြချက်မှာ ထိုအစောင့်တပ်ဖွဲ့ဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။
ပိုင်ကျီဟန်၏ နှုတ်ခမ်းထက်တွင် အပြုံးစတစ်ခု ပေါ်လာခဲ့၏။
(ဟီးဟီး... သူက အစောင့်တွေထဲက တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ပုန်းနေတာကိုး။)
ဘာဖြစ်နေသည်ကို ပိုင်ကျီဟန် ချက်ချင်း နားလည်သွားသည်။
ချုန်ရှန်းသည် ရှေးအကျဆုံးသော လှည့်ကွက်တစ်ခုကို အသုံးပြုနေခြင်းပင်။
၎င်းမှာ 'မျက်စိရှေ့မှောက်မှာတင် ပုန်းကွယ်နေခြင်း' ဖြစ်သည်။
ချွမျိုးနွယ်စုကို ဖျက်ဆီးပြီးနောက် အဝေးသို့ ထွက်ပြေးသွားမည့်အစား သူသည် ဤနေရာ၌ပင် ရှိနေသေးသည်။
အခင်းဖြစ်ပွားရာကို စစ်ဆေးနေသည့် အစောင့်များကြားထဲတွင် ရောနှောနေခြင်းပင်။
သူ အဘယ်ကြောင့် ဤသို့လုပ်ရသနည်းဆိုသည်ကို
ပိုင်ကျီဟန်အနေဖြင့် အကြောင်းရင်းနှစ်ခုအား အလွယ်တကူ တွေးတောမိသည်။
ပထမဖြစ်နိုင်ချေမှာ ရိုးရှင်းပါသည်။
လူသတ်သမား အများစုသည် သူတို့ကျူးလွန်ခဲ့သည့် အခင်းဖြစ်ပွားရာနေရာသို့ ပြန်လာတတ်ကြသည်။
ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲများကို ကြည့်ရှုရန်။
သူတို့ ဖန်တီးခဲ့သည့် ဖရိုဖရဲ အခြေအနေများကို ကြည့်ရန်။
ပျက်စီးသွားမှုများကို မိမိမျက်စိဖြင့် ကိုယ်တိုင်ကြည့်ပြီး အရသာခံရန် ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ပို၍ လက်တွေ့ကျသည်။
ချုန်ရှန်းအနေဖြင့် သူ၏လုပ်ရပ်များအတွက် မည်သည့်သက်သေ သို့မဟုတ် ခြေရာလက်ရာမျှ ကျန်ရစ်ခြင်းမရှိစေရန် အခင်းဖြစ်ပွားရာကို ဂရုတစိုက် ပြန်လည်စစ်ဆေးနေခြင်းလည်း ဖြစ်နိုင်ပေသည်။
အဆုံးမှာတော့
ယခင်က အမြင့်မြတ်ဆုံးသော အင်မော်တယ် တစ်ဦး ဖြစ်ခဲ့ဖူးသည့်အတိုင်း သူသည် သဘာဝအရ သတိကြီးသူတစ်ဦး ဖြစ်ပေလိမ့်မည်။
သို့သော် ထိုဖြစ်နိုင်ချေ နှစ်ခုလုံးမှာ အချက်တစ်ချက်တည်းကိုသာ ညွှန်ပြနေသည်။
ယုံကြည်မှု
ချုန်ရှန်းသည် သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူမျှ ရှာမတွေ့နိုင်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။
အင်ပါယာအစောင့်များကြားထဲတွင် သူ ရပ်နေလျှင်ပင် မည်သူမျှ သူ့ကို သံသယမဝင်နိုင်ဟု ယုံကြည်နေခြင်းပင်။
သို့သော် သူ့အတွက် ကံဆိုးသည်မှာ
ပိုင်ကျီဟန်တွင် စနစ်ရှိနေခြင်းဖြစ်သည်။
ကောင်းကင်ရွေးချယ်ခံ၏ ခြေရာခံကိရိယာ ရှိနေသည့်အတွက် ပုန်းကွယ်နေခြင်းမှာ အဓိပ္ပာယ်မရှိတော့ပေ။
ပိုင်ကျီဟန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။
(ငါတို့ သူနဲ့အတူ ကစားပေးရမလား?)
သူ့ကို ချက်ချင်း ဖော်ထုတ်လိုက်မည့်အစား ပိုင်ကျီဟန်သည် ပျက်စီးနေသော နယ်မြေအတွင်းသို့ တဖြည်းဖြည်း လမ်းလျှောက်သွားသည်။
ဧကရီ စွန်းယောင်ချင်းနှင့် မင်ကျူတို့က နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
သူ၏ လှုပ်ရှားမှုများမှာ ပေါ့ပေါ့ပါးပါးပင်။
အခြားသူများကဲ့သို့ပင် ပျက်စီးသွားမှုများကို လာရောက်ကြည့်ရှုစစ်ဆေးနေသည့်ပုံစံမျိုး ဖြစ်သည်။
ခြေလှမ်းတစ်လှမ်းချင်းစီဖြင့်
ပိုင်ကျီဟန်သည် အင်ပါယာ အစောင့်တပ်ဖွဲ့ ရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။
အစောင့်များကိုယ်တိုင်လည်း သူ လာနေသည်ကို ချက်ချင်း သတိထားမိသွားကြသည်။
သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် တောင့်တင်းသွား၏။
အဆုံးမှာတော့ သူတို့ဆီကို လမ်းလျှောက်လာနေသော လူငယ်သည် အင်ပါယာများတစ်လျှောက်တွင် နာမည်ကျော်ကြားနေသူ တစ်ယောက် မဟုတ်ပါလော
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရိုသေစွာဖြင့် ခေါင်းငုံ့နှုတ်ဆက်ကြသည်။
"သခင်လေးပိုင်ကို ဂါရဝပြုပါတယ်”
သို့သော် ပိုင်ကျီဟန်က သူတို့ကို ဂရုမစိုက်သလောက်ပင်။
သူ၏ တည်ငြိမ်သောအကြည့်များက ထိုအစောင့်တစ်စုကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်သည် ချုန်ရှန်းပေါ်သို့ ရောက်ရှိသွားချိန်တွင် အခြားသူများထက် တစ်စက္ကန့်မျှ ပို၍ ကြာသွားခဲ့သည်။
(သူ ငါ့ကို ရိပ်မိသွားတာလား?)
ချုန်ရှန်းသည် စိုးရိမ်တကြီး တွေးတောလိုက်သော်လည်း ပိုင်ကျီဟန်က သူ့ကို ကျော်ဖြတ်သွားချိန်တွင်မူ သက်ပြင်းချနိုင်သွားသည်။
လန့်သွားတာပဲ
သူ တွေးလိုက်မိသည်။
ယခုအချိန်တွင် သူသည် သူ၏ ချီကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားသဖြင့် မည်သူမျှ သိနိုင်စရာ အကြောင်းမရှိပေ။
မိမိကိုယ်မိမိ မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု သိနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် သူသည် သူ၏မျက်နှာကိုလည်း မည်သူ၏ အာရုံစိုက်မှုကိုမျှ ဆွဲဆောင်နိုင်ခြင်းမရှိသည့် သာမန်ရုပ်ရည်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲထားခဲ့သည်။
ဤနေရာတွင် သူ့ကို တစ်စုံတစ်ယောက်က ရှာတွေ့နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
သူ၏ လက်ချက်များကို လာရောက်စစ်ဆေးရန် ပိုင်ကျီဟန် ရောက်ရှိလာသည်ကို သိလိုက်ရစဉ်က သူ အနည်းငယ်တော့ ရင်ခုန်သွားခဲ့သည်။
သူသည် ပိုင်ကျီဟန်နှင့် မည်သို့သော ကံကြမ္မာဆိုးများဖြင့် ဆုံစည်းနေသည်ကို မသိတော့ပေ။
သူ တစ်စုံတစ်ခု လုပ်လိုက်တိုင်း ပိုင်ကျီဟန်က မည်သို့ပင်ဖြစ်စေ ပေါ်ပေါက်လာတတ်သည်။
သို့သော် သူ အများကြီးတော့ မတွေးမိခဲ့ပေ
မိမိကို မိစ္ဆာကျင့်ကြံသူဖြစ်ကြောင်း သွယ်ဝိုက်သောနည်းဖြင့် ဖော်ထုတ်ခဲ့သူမှာ ပိုင်ကျီဟန်ဖြစ်သည်ကိုလည်း သူ မသိရှိခဲ့ပေ။
သိခဲ့ပါက ပိုင်ကျီဟန်ကိုပါ တစ်ပါတည်း လက်စားချေမိမည်မှာ အသေအချာပင်။
သို့သော် ယခုအချိန်တွင်မူ သူသည် ပိုင်ကျီဟန်ကို အန္တရာယ်ရှိပြီး အလွန်ပါရမီထူးချွန်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားသည်။
သူသည် မြို့ရွာများတွင် ခေတ္တနားနေစဉ်အတွင်း ပိုင်ကျီဟန်၏ စွမ်းဆောင်ချက်များကို ကြားသိခဲ့ရသည်။
သူ့အမြင်အရလည်း ပိုင်ကျီဟန်၏ ကြီးထွားနှုန်းမှာ ကြောက်ခမန်းမလိပင်
ပိုင်ကျီဟန်သည်လည်း သူ့ကဲ့သို့ပင် အခြားသူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်နေသူ ဖြစ်နိုင်သည်ဟုပင် သူ သံသယဝင်မိသည်။
သို့သော် ၎င်းမှာ ဖြစ်နိုင်ချေ အလွန်နည်းပါးလှ၏။
သူ့အပေါ် ကျရောက်ခဲ့သော ဖြစ်ရပ်မျိုးမှာ မယုံကြည်နိုင်စရာ ကောင်းလှပြီး၊ ထိုကဲ့သို့သော ဖြစ်ရပ်မျိုး တစ်ချိန်တည်းမှာပင် နှစ်ခုရှိနေလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ရှိအင်အားဖြင့် ပိုင်ကျီဟန်ကို ကြောက်ရွံ့ခြင်းမရှိသော်လည်း သူ့အနီးအနားတွင် ရှိနေပါက သတိထားရမည်ကိုမူ သူ ကောင်းကောင်းသိသည်။
ထို့နောက် ဧကရီ စွန်းယောင်ချင်းက သူ၏အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။
ပထမတွင် သူမကို သတ်ရမလား၊ မသတ်ရမလား သူ ဝေခွဲမရဖြစ်နေခဲ့သည်။
သူမကို သတ်လိုက်ပါက အင်ပါယာကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး ၎င်းမှာ သူအနှစ်သက်ဆုံး မြင်ကွင်းမျိုးပင်။
သို့သော် ထပ်မံစဉ်းစားကြည့်ပြီးနောက်
သို့မဟုတ် သူမ၏ မျက်နှာကို မြင်လိုက်ရပြီးနောက်
သူ တွန့်ဆုတ်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတာ သူ မသိသည့်တိုင် သူမကို သတ်မည့်အစား ကူညီပေးသင့်သည်ဟု ခံစားလိုက်ရသည်။
(ဟင်း... ငါက တော်တော်လေးကို သဘောကောင်းတဲ့လူပဲ)
ဧကရီကို သတ်ရန် ဆုံးဖြတ်ချက်ကို ဖျက်သိမ်းပြီးနောက် မိမိကိုယ်မိမိ တွေးလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ၊ ရှေ့က လမ်းလျှောက်နေသော ပိုင်ကျီဟန်သည် ရုတ်တရက် နောက်လှည့်ကာ ပြန်လျှောက်လာခဲ့သည်။
ထို့နောက် သူသည် ချုန်ရှန်း၏ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်၏။
ချုန်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
(ငါ ဖမ်းမိတာလား?)
သူသည် ထိုအချက်ကို မယုံကြည်နိုင်ပေ။
ပိုင်ကျီဟန်သည် ပထမတစ်ခေါက်ကပင် မည်သည့်လက္ခဏာမျှ မပြခဲ့ဘဲ ယခုမှ သိရှိသွားရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ချုန်ရှန်း”
ပိုင်ကျီဟန်က ခေါ်လိုက်သည်။
ချုန်ရှန်း လန့်ဖျပ်သွားပြီး လက်နက်ကိုဆွဲထုတ်ကာ တိုက်ခိုက်ရန် ချက်ချင်းပင် သတိအနေအထား ပြင်လိုက်သည်။
သို့သော် ပိုင်ကျီဟန်၏ နောက်ထပ်ထွက်ပေါ်လာသော စကားများကြောင့် သူ ဆွံ့အသွားခဲ့ရသည်။
"အဲ့ဒီကောင်ကတော့ကွာ၊ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ?"
ပိုင်ကျီဟန်က အော်ဟစ်လိုက်သည်။
"သူက ကလေးတွေနဲ့ မိန်းမတွေကိုတောင် မချန်ဘူး။ မိစ္ဆာကျင့်ကြံသူဖြစ်ရုံနဲ့ ကိုယ်ကျင့်တရားဆိုတာ လုံးဝ မရှိတော့တာလား?"
ပိုင်ကျီဟန်က ပြောလိုက်၏။
အခြားသူများစွာအတွက် ပိုင်ကျီဟန်၏ စကားမှာ ပုံမှန်ပင်ဖြစ်ပြီး ဖြောင့်မတ်သော သူတစ်ဦးထံမှ မျှော်လင့်ထားသည့်အတိုင်းပင်။
ဧကရီ စွန်းယောင်ချင်းအနေဖြင့် ဤအပြုအမူမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်ရသော်လည်း သူမ အများကြီး မတွေးမိခဲ့ပေ။
သူ၏ အဆင့်အတန်းက မည်မျှပင် မြင့်မားနေပါစေ၊ အဆုံးမှာတော့ ပိုင်ကျီဟန်သည်လည်း လူသားတစ်ဦးသာဖြစ်ပြီး ဤကဲ့သို့သော စက်ဆုပ်ဖွယ်မြင်ကွင်းကို မြင်တွေ့ရချိန်တွင် ဒေါသထွက်ရခြင်းမှာ သဘာဝပင် ဖြစ်သည်။
"အဲ့ဒီ လူအကောင်... အားနည်းတဲ့သူတွေကိုပဲ ရန်ရှာပြီး အမြီးကုပ်ထွက်ပြေးသွားတာပဲ။ သူ့ကိုသာ ငါ တွေ့လိုက်ရင် နောက်နေ့ကို အေးအေးဆေးဆေး မြင်ခွင့်မရစေရဘူးလို့ ငါ ကျိန်ဆိုတယ်"
ပိုင်ကျီဟန်က ပြောလိုက်သည်။
အနီးကပ်ဆုံးနေရာကနေ နားထောင်နေရသော ချုန်ရှန်းသည် ထိုစကားများကို ကြားလိုက်ရသည့်အခါ ဒေါသကို မထိန်းနိုင်တော့ပေ။
သူ ရက်စက်တာတော့ ဟုတ်ပေ၏။
ဒါပေမဲ့ သူ့မှာ ကိုယ်ကျင့်တရား မရှိဘူးတဲ့လား?
သူသည် ထွက်ပြေးဖို့ပဲ သိတဲ့ လူအကောင်လား?
ထိုစကားများက သူ့ကို အလွန်အမင်း ဒေါသထွက်စေသည်။
သဘာဝကျကျပင် ကိုယ်ကျင့်တရားဆိုသည်မှာ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်သော်လည် ပိုင်ကျီဟန်ကမူ သူသည် ချွမ်မျိုးနွယ်စုကို အကြောင်းမဲ့သက်သက် အမြစ်ပြတ်သတ်ဖြတ်ခဲ့သလိုမျိုး ပြောဆိုနေခြင်းပင်။
ထွက်ပြေးသွားတာလား?
သူ ထွက်ပြေးခဲ့ခြင်း သို့မဟုတ် ရှောင်ပြေးခဲ့ခြင်း မဟုတ်ပေ။
သို့တိုင် ပိုင်ကျီဟန် သရုပ်ဆောင်မှုက အစပဲ ရှိသေး၏ သူ့၏ ဆဲရေးတိုင်းထွာမှုများသည် အခုမှ စတင်ရုံသာ ရှိနေချေသည်။
"အဲ့ဒီ အယုတ်တမာ ချုန်ရှန်း... သူ့ရဲ့ အရင်
ဘဝကလည်း ကြောက်တတ်ပြီး ရက်စက်ခဲ့မှာ သေချာတယ်၊ နောက်ဘဝမှာလည်း အဲ့ဒီအတိုင်းပဲ ဖြစ်ဦးမှာ။ သေဖို့အတွက်ပဲ အသက်ရှင်နေရတဲ့ အဲ့ဒီလို အကောင်မျိုးကတော့..."