← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း(31)

ခန်းမကြီးက အနည်းငယ် တုန်ခါသွားပြီး အပျက်အစီးများကြားတွင် ထောင့်တစ်ထောင့်က နစ်ဝင်သွားခဲ့သည်။

ခန်းမ၏ သုံးပုံတစ်ပုံမှာ တစ်ခဏအတွင်း အပျက်အစီးများအောက်တွင် မြုပ်နှံသွားတော့သည်။

မတိုင်မီက တွားထွက်လာသော အရိုးစုမှာလည်း ခဏအတွင်း ကြိတ်ခြေခံလိုက်ရပေသည်။

အခြားသော အရိုးစုများမှာ ထိတ်လန့်သွားကြပြီး အနည်းငယ်ပင် နောက်ဆုတ်သွားကြချေသည်။

ဤလူသားမှာ အနည်းငယ် ကြောက်စရာကောင်းပုံရသည်။

“ဟင်း.. ဘာလို့ ကိုယ်ထင်မပြသေးတာလဲ”

ယောင်ပင်းသည် အခြားတိုင်တစ်တိုင်ဆီသို့ လျှောက်သွားကာ တူညီသော နည်းလမ်းဖြင့် ဒုတိယတိုင်ကို လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။

“ခင်ဗျား ခဏလေးအတွင်း ကိုယ်ထင်မပြဘူးဆိုရင် ခင်ဗျားရဲ့ တိုင်တွေကို တစ်ခုပြီးတစ်ခုချိုးပြီး ခင်ဗျားရဲ့ ဘုရားကျောင်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်! ခင်ဗျား ဆက်ပြီး ပုန်းနေဦးမယ်ဆိုရင် အားလုံးကို အမှုန့်ခြေပစ်မယ်!”

ခိုင်ယဲ့ထံမှ စာကို လက်ခံရရှိကတည်းက ဤအရာမှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူ သိရှိခဲ့သည်။

ကျန်းရှောင်ပေက ငါးစာတစ်ခုသာ ဖြစ်ချေသည်။

နောက်ကွယ်တွင် မာစတာချင်နှင့် သူ၏လူစု ရှိနေပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ယောင်ပင်းကို သတ်ရန် ဖြစ်လိမ့်မည်။

သို့သော် ခန်းမအတွင်းရှိ ပါးလွှာသော ဇာထည်ဝတ်အမျိုးသမီးနှင့် ထောင့်စွန်းများမှ တွားထွက်လာသော အရိုးစုများကို ကြည့်ချင်းအားဖြင့် ပထမခန်းမအရှင် ချင်ကွမ်းဘုရင်သည် မာစတာချင်နှင့် သူ၏လူစုနှင့် ပူးပေါင်းကာ ယောင်ပင်းကို သတ်ရန် ကြံစည်နေသည်ကို ဖော်ပြနေပေသည်။

သာမန်လူသားများ ဖြစ်ကြသော မာစတာချင်တို့အဖွဲ့က အရိုးစုပေါင်း တစ်သောင်းကို မဆင့်ခေါ်နိုင်ပါချေ။

ယောင်ပင်းက သတိပေးပြီးနောက် နန်းတော်၏ ဒုတိယမြောက် တိုင်ကြီးကိုလည်း သူ၏ လက်ဝါးဖြင့် လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။

“မင်းသာ ဒီနေ့ ငါ့ကို အညံ့ခံမယ်ဆိုရင် ငါ့ကို သတ်ဖို့အတွက် လူယုတ်မာတွေနှင့် ပူးပေါင်းကြံစည်ခဲ့တာကို ငါ အပြစ်မယူတော့ဘူး.. မဟုတ်ရင်တော့..”

သူသည် အရင်နည်းအတိုင်းပင် လက်ထဲက တိုင်ကြီးကို မြှောက်လိုက်ပြီး နန်းတော်၏ အဓိကထောက်တိုင်ကြီးကို ရိုက်ချရန် ပြင်လိုက်လေသည်။

ထိုစဉ်မှာပင် မျက်နှာပြင်၌ ရုတ်တရက် အကြောင်းကြားချက်တစ်ခု ပေါ်လာသည် ။

“ချင်ကွမ်းဘုရင် အညံ့ခံပြီး ကိုယ်တိုင် နာခံလိုက်ပါပြီ”

“သင်သည် ငရဲမင်း ချင်ကွမ်းဘုရင် နှင့် သူ၏ လက်အောက်ရှိ တစ္ဆေဘုရင်များ၊ တစ္ဆေစစ်သူကြီးများနှင့် ကြောက်မက်ဖွယ် တစ္ဆေများကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါပြီ”

“သင်သည် ဆုလာဘ်အဖြစ် မြေအောက်လောက ဒင်္ဂါးပြား သန်း ၁၀၀ ရရှိပါသည်”

“သင်သည် ယမမင်း နန်းတော်တစ်ခုကို တည်ဆောက်ပြီးစီးပါပြီ”

ချင်ကွမ်းဘုရင်၏ နန်းတော်နှင့် မလှမ်းမကမ်းမှာ ရှိသော Land Rover ကားတစ်စီးထဲတွင်..

မာစတာကျန်းနှင့် မာစတာချင်တို့က ကားထဲတွင် ထိုင်နေကြပြီး၊ သူတို့၏ မျက်လုံးများက အဝေးမှ ချင်ကွမ်းဘုရင်၏ နန်းတော်ဆီသို့သာ စိုက်ကြည့်နေကြပေသည်။

“စီနီယာအစ်ကို ချင်ကွမ်းဘုရင်က ကျွန်တော်တို့ကိုကူညီမှာ သေချာလား”

မာစတာကျန်းကတော့ စိတ်မအေးနိုင်သေးဘဲ ရှိနေပေသည်။

သူသည် အရင်က ယောင်ပင်းကို လှည့်စားပြီး အစွမ်းထက်သော တစ္ဆေတစ်ကောင်နှင့် တစ္ဆေသားအမိနှစ်ကောင်ကို လက်လွှတ်ခဲ့ရဖူးသည်။ ကျင်းကျူ KTV မှာလည်း တစ္ဆေဘုရင်ကို သုံးပြီး ယောင်ပင်းကို သတ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာ တစ္ဆေဘုရင်ကပါ အဖမ်းခံလိုက်ရသည် မဟုတ်ပါလား။

ထို့ကြောင့် မာစတာကျန်းကတော့ ယောင်ပင်းကို အရိုးထဲကနေ အသည်းထဲအထိ နာကျည်းနေခဲ့သည်။

သူ့၏ စီနီယာအစ်ကို မာစတာချင် ရောက်လာသောကြောင့် မာစတာချင်က သူ့အတွက် လက်စားချေပေးမည်ဟု သူ အကြီးအကျယ် မျှော်လင့်နေခဲ့သည်။

မမျှော်လင့်ဘဲ မာစတာချင်ကလည်း ယောင်ပင်းနှင့် ရန်ငြိုးရှိနေခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်က ချက်ချင်းပင် လက်တွဲလိုက်ကြပြီး၊ ကျန်းရှောင်ပေကို အသုံးချကာ ယောင်ပင်းကို ချင်ကွမ်းဘုရင်၏ နန်းတော်ဆီ မျှားခေါ်ခဲ့ကြသည်။

ထို့နောက် ချင်ကွမ်းဘုရင်၏ လက်နှင့် ယောင်ပင်းကို အပိုင်းပိုင်းဆွဲဖြဲပစ်ရန်အတွက် ကြံစည်ခဲ့ကြလေသည်။

မာစတာချင်ကတော့ မာနတောင်လွှားစွာနှင့် ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ ချင်ကွမ်းဘုရင် ကို လူငယ်စုံတွဲ ဆယ်စုံ ပေးမယ်လို့ ကတိပေးထားပြီးသားပဲ၊ ပြီးတော့ ချင်ကွမ်းဘုရင်နန်းတော်ကို ပြန်လည် တည်ဆောက်ပေးပြီး ရွှေရုပ်ထုကိုလည်း ပြန်လည်သွန်းလုပ်ပေးယ်လို့ ပြောထားတာလေ၊

ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်ကို ချင်ကွမ်းဘုရင်က ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ”

သူ စကားပြော၍ မဆုံးသေးခင်မှာပင် မလှမ်းမကမ်းမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မာစတာချင်က လှောင်ပြောင်လိုက်၏။ “စိတ်မပူပါနဲ့၊ အဲဒီကလေးတော့ ခဏနေရင် သေတော့မှာ”

ကျန်းထျန်းရှီလည်း စိတ်အေးသွားပြီး ကောက်ကျစ်စွာပြုံးလိုက်သည်။

“အဲဒီကလေးက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ၊ ငါတို့ရဲ့ ချမ်းသာကြွယ်ဝမှုနှင့် အနာဂတ်လမ်းကြောင်းကို ပိတ်ဆို့ရဲတယ်ပေါ့

သူ အပိုင်းပိုင်း ဆွဲဖြဲခံရတာ ထိုက်တန်တယ်.. မဟုတ်သေးဘူး ခဏနေရင် ငါကိုယ်တိုင် သူ့ကို သွားရှာပြီး သေအောင် ရိုက်သတ်မယ်၊ ပြီးတော့ တစ္ဆေအလောင်းအဖြစ် ပြောင်းပစ်မယ်

သူ နောက်တစ်ခါ ဒီလောက်အထိ မာနထောင်လွှားရဲသေးလား ကြည့်ရသေးတာပေါ့”

ယောင်ပင်းကြောင့် သူတို့သည်က လူမှုအသိုင်းအဝိုင်း၏ အထက်တန်းလွှာများကြားမှာ အပယ်ခံများ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် သူတို့ာ ယောင်ပင်းကို အရိုးထဲကနေ နာကျည်းနေကြလေ၏။

“ဝုန်း”

နောက်ထပ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထပ်ထွက်လာပြန်သည်။

ချင်ကွမ်းဘုရင်၏ နန်းတော်၏ ထောင့်တစ်ထောင့်ကတော့ ရုတ်တရက် ပြိုကျသွားချေပြီ။

“စီနီယာအစ်ကို.. အဲဒီကလေး မသေသေးဘူးလား”

ကျန်းထျန်းရှီ ၏ရင်ခုန်သံများကလည်း မြန်လာပြန်သည်။

“စိတ်မပူစမ်းနဲ့၊ သူ ဒီနေ့ သေချာပေါက် သေမှာပါ”

မာစတာချင်က အချိန်ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပြန်သည်။

“ချင်ကွမ်းဘုရင်ရဲ့ အကူအညီအပြင် ငါက နန်းတော်ထဲမှာ ဗုံးတစ်လုံးပါ ထောင်ထားခဲ့တာလေ၊ အချိန်က ပြည့်ခါနီးပြီ.. ဟားဟားဟား”

သူ ရယ်မောနေချိန်တွင်

ကျန်းထျန်းရှီတစ်ယောက်နောက်ကြည့်မှန်မှတစ်ဆင့် နောက်ခန်းကို ရုတ်တရက် လှမ်းကြည့်လိုက်မိသည်။

မျက်တောင်တစ်ခတ်အတွင်း သူသည် မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားတော့သည်။

သူ နောက်ခန်းကို လက်ညှိုးထိုးပြရင်း တုန်ယင်နေသော အသံနှင့် ပြောလိုက်၏။

“စီ.. စီနီယာအစ်ကို”

မာစတာချင်ကတော့ ဝေခွဲမရဖြစ်သွားပြီး စိတ်မရှည်စွာနှင့် လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ.. အဲဒီကလေး ဘယ်လို သေသွားမလဲဆိုတာကို ငါ ကိုယ်တိုင် မြင်ချင်လို့ကြည့်နေတာ”

သူ၏ စကားလုံးများကလည်း ရပ်တန့်သွားတော့သည်။

ထို့နောက် သူ၏ မျက်နှာကလည်း လူသေတစ်ယောက်ကဲ့သို့ ဖြူဆွတ်သွားလေတော့သည်။

ညဉ့်နက်သန်းခေါင် အချိန်ကြီးတွင် သူတို့ကား၏ နောက်ခန်းထဲသို့ တစ်စုံတစ်ယောက်က မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ရောက်ရှိနေခဲ့ချေပြီ။

ရုတ်တရက်ဆို ကား၏ နောက်ခန်းထိုင်ခုံတွင် လူတစ်ယောက် ပေါ်လာခဲ့၏။

မာစတာချင်နှင့် မာစတာကျန်းတို့သည် နောက်ခန်းရှိ ထိုလူကို မြင်လိုက်ရသည့် ခဏ၌ပင် နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားကြပေသည်။

နောက်ခန်းတွင် ထိုင်နေသူမှာ ယောင်ပင်းပင်။

မာစတာချင် ခေါင်းလှည့်ကြည့်လိုက်သောအခါ ယောင်ပင်းက သူတို့အား အေးစက်စွာ ကြည့်နေခဲ့၏။

ယောင်ပင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်နေပြီး သူ၏ အမူအရာမှာ ထက်ရှလွန်းပေသည်။

သူ၏ မည်းမှောင်သော မျက်လုံးအစုံမှာလည်း ခံစားချက်ကင်းမဲ့သော အအေးဓာတ်တို့ဖြင့် တောက်ပနေကာ ငရဲမှ လမ်းလျှောက်ထွက်လာသော နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေခဲ့သည်။

အေးစက်လွန်းသော ထိုအရှိန်အဝါမှာ အရိုးထဲအထိ စိမ့်ဝင်သွားစေလေ၏။

“မင်း.. မင်း မဖြစ်နိုင်..”

မာစတာကျန်းမှာ စကားများပင် ထစ်သွားရသည်။

သူသည်က ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်ရာ သူ၏ တာအိုပညာမှာ နက်ရှိုင်းရုံသာမက သိုင်းပညာ ကျင့်ကြံမှုမှာလည်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

မီတာအနည်းငယ်အတွင်း ရှိနေသော အသေးငယ်ဆုံး လှုပ်ရှားမှုကိုပင် သူ သိရှိနိုင်ပေသည်။

သူ၏ စီနီယာအစ်ကိုဖြစ်သော မာစတာချင်မှာတော့ တာအိုပညာရော သိုင်းပညာတွင်ပါ သူ့ထက် အဆပေါင်းများစွာ သာလွန်သူ ဖြစ်ပေသည်။

သို့သော်လည်း ယောင်ပင်း မည်သည့်အချိန်တွင် ကားပေါ်တက်လာခဲ့သည်၊ မည်သည့်အချိန်တွင် သူတို့နောက်၌ ထိုင်နေခဲ့သည်ကို သူတို့နှစ်ဦးစလုံး သတိမထားမိခဲ့ကြချေ။

သူတို့၏ ကျောပြင်တစ်လျှောက် အအေးဓာတ်တစ်ခုမှာ ဖြည်းညှင်းစွာ စိမ့်တက်လာတော့သည်။

သူတို့ သတိမထားမိဘဲ ကားပေါ်သို့ တက်နိုင်သည်အထိ လုပာနိုင်ခဲ့သော ယောင်ပင်း၏ စွမ်းရည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းပေ၏။

“မင်းတို့တွေက ငါ မင်းတို့ရဲ့ကားပေါ်ကို ဘယ်လိုရောက်နေတာလဲဆိုပြီး အံ့ဩနေကြမှာပဲ၊ ငါက ချင်ကွမ်းဘုရင နန်းတော်ထဲမှာ အရိုးစုပေါင်း တစ်သောင်းရဲ့ ဝါးမျိုတာကို ခံနေရရမှာလို့တွေးနေတာမလား”

ယောင်ပင်းက အေးစက်စွာ ပြောရင်း လှောင်ပြုံး ပြုံးလိုက်သည်။

“မဟုတ်.. မဟုတ်ပါဘူး”

ကျန်းထျန်းရှီး၏ သွားများမှာလည်း အလိုအလျောက် တုန်ယင်စွာရိုက်ခတ်နေတော့သည်။

ယောင်ပင်းကို တစ်ဖန်ပြန်မြင်ရသောအခါ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အေးစက်လှသော အရှိန်အဝါ၊ ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှသော အကြည့်နှင့် အကြီးအကဲတစ်ယောက်၏ အရှိန်အဝါတို့ကို ကျန်းထျန်းရှီး ခံစားလိုက်ရသည်။

ထိုအရှိန်အဝါမှာ ကျန်းထျန်းရှီး၏ စိတ်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုကို စွဲထင်သွားစေပေ၏။

မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို ဤမျှအထိ မကြောက်ရွံ့စေခဲ့ဖူးချေ။

“မင်း.. မင်း ဘာလုပ်ခဲ့တာလဲ”

မာစတာချင်မှာ တံတွေးကို ခက်ခဲစွာ မျိုချရင်း ပြန်ပြောလိုက်မိတော့သည်။

သူသည် ချင်ကွမ်းဘုရင်ကို ပူးပေါင်းတိုက်ခိုက်ရန် မြှူဆွယ်ခဲ့ပြီး ချင်ကွမ်းဘုရင်၏ နန်းတော်ထဲတွင် ဗုံးတစ်လုံးကို တိတ်တဆိတ် ထောင်ထားခဲ့သည်။

သူ၏ အစီအစဉ်မှာ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလှ၏။

မည်သို့ပင်ဖြစ်စေ ယောင်ပင်းကို သေစေနိုင်ခဲ့ရမည်ပင်။

ထို့အပြင် ချင်ကွမ်းဘုရင် နန်းတော်၏ တစ်ဝက်ခန့် ပြိုကျသွားသည်ကိုလည်း သူ မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။

ယောင်ပင်းက အထဲတွင် သေဆုံးသွားခဲ့သင့်ပေသည်။

သို့သော် ယောင်ပင်းမှာ တစ်စုံတစ်ရာ မှ ထိခိုက်မှုမရှိဘဲ ရှိနေခဲ့၏။

ဤသည်မှာ ယုတ္တိမရှိလှပေ။

ချင်ကွမ်းဘုရင်၏ လုပ်ကြံမှုနှင့်၊ ဗုံးဒဏ်ကိုပါ မည်သူမျှ မလွတ်မြောက်နိုင်ဟု သူ အကြွင်းမဲ့ ယုံကြည်ထားခဲ့မိသည်။

မာစတာချင်၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်ရင်း ယောင်ပင်းသည် တစ်စုံတစ်ခုကို ရှေ့ခန်းသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်လေ၏။

“မင်းတို့လည်း သေရတော့မှာပဲဆိုတော့ မင်းတို့ဘာကြောင့်သေရလဲဆိုတာကို သိပြီးမှ သေသွားတာကောင်းလိမ့်မယ်၊

ချင်ကွမ်းဘုရင်ရဲ့ နန်းတော်ကို ဖျက်ဆီးနေတုန်းက ငါ ဒါကို တွေ့ခဲ့တာ၊ ဒါ မင်းတို့ရဲ့ပစ္စည်းမလား”

သူ ရှေ့ခန်းသို့ ပစ်ပေးလိုက်သောအရာမှာ မာစတာချင် တိတ်တဆိတ် ထောင်ထားခဲ့သောဗုံးပင် ဖြစ်ပေသည်။

*

အခန်း(32)

မာစတာချင်၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူလျော့သွားတော့သည်။

သူ ဗုံးထောင်ထားခဲ့သော နေရာမှာ အလွန်ဝှက်လျို့ဝှက်လွန်းသောကြောင့် ယောင်ပင်းက မည်သို့ ရှာတွေ့သွားသည်ကို သူ နားမလည်နိုင်ဖြစ်နေရ၏။

“ဒါဆို.. ချင်ကွမ်းဘုရင်ကရော”

မာစတာချင် အရှုံးမပေးလိုသေးဘဲ မေးလိုက်သည်။

ဗုံးက အလုပ်မဖြစ်ခဲ့သော်လည်း ချင်ကွမ်းဘုရင် ရှိနေသေးသည် မဟုတ်ပါလား။

ငရဲပြည်၏ ဘုရင်တစ်ပါးအနေဖြင့် ချင်ကွမ်းဘုရင်သည်က လက်ချောင်းလေး တစ်ချက်ခါရုံဖြင့် ယောင်ပင်းကို ပြာဖြစ်အောင် လုပ်နိုင်ပေသည်။

သူ၏ နန်းတော်တစ်ခုလုံးကို ယောင်ပင်းအား မည်သို့ ဖျက်ဆီးခွင့် ပေးခဲ့မည်နည်း။

မာစတာချင်၏ အရှုံးမပေးလိုသော မျက်နှာကို ကြည့်ကာ ယောင်ပင်းက အသာပြုံးလိုက်ပြီး လက်ခုပ်ကို ဖွဖွလေး တီးလိုက်၏။

ချက်ချင်းပင် ကားဘေးပတ်လည်တွင် တရှပ်ရှပ် အသံများ ထွက်ပေါ်လာတော့သည်။

ထိုအသံမှာ ချင်ကွမ်းဘုရင်၏ လက်အောက်ရှိ အရိုးစုပေါင်းတစ်သောင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေ၏။

ကားရှေ့တွင် ရပ်နေသူမှာ အရပ်နှစ်မီတာခန့်မြင့်ပြီး ကျားသစ်မျက်လုံး၊ ခြင်္သေ့နှာခေါင်း၊ မုတ်ဆိတ်ရှည်နှင့် လေးထောင့်ပုံစံ သရဖူကို ဆောင်းထားသူ ဖြစ်ပေသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ချင်ကွမ်းဘုရင်ပင် ဖြစ်လေ၏။

ယောင်ပင်းကို မြင်သောအခါ ချင်ကွမ်းဘုရင်မှာ ရိုသေသော အမူအရာဖြင့် အနည်းငယ် ဦးညွှတ်လိုက်ပေသည်။

မာစတာချင်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ရုတ်တရက် ထိတ်လန့်သွားတော့သည်။

“မင်း.. မင်းက.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူ၏ စိတ်ထဲတွင် အဖြေတစ်ခု ပေါ်လာသော်လည်း ထိုအရာကို သူ လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့၏။

အစွမ်းထက်လှသော ငရဲဘုရင် ချင်ကွမ်းဘုရင်က ယောင်ပင်းကဲ့သို့ သာမန်လူသားတစ်ယောက်၏ အနိုင်ယူမှုကို မည်သို့ ခံရနိုင်မည်နည်း။

သို့သော် ချင်ကွမ်းဘုရင်၏ အပြုအမူက အရာအားလုံးကို ရှင်းပြနေပေပြီ။

“ကောင်းပြီ စကားတွေ အများကြီး ပြောမနေနဲ့တော့”

“မင်းတို့ ပြုခဲ့တဲ့ အမှုအတွက် ပြန်ပေးဆပ်ရတော့မယ်”

ယောင်ပင်းက အေးစက်စွာ ပြောလိုက်၏။

သူ့ထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

ထိုသတ်ဖြတ်လိုသော အရှိန်အဝါမှာ ကားအတွင်း၌ ချက်ချင်း ပြည့်နှက်သွားရာ မာစတာချင်နှင့် မာစတာကျန်းတို့သည် အမွေးအမှင်များ ထောင်ထလာပြီး ဦးရေပြားများပင် ထုံကျဉ်သွားကြပေသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်းမှာပင် ကားတံခါးဆီမှ ခုန်ထွက်လိုက်ကြတော့သည်။

ထိုအချိန်၌ ယောင်ပင်းက လှုပ်ရှားလိုက်၏။

သူ လက်ကိုဆန့်ထုတ်ကာ လက်သီးတစ်ချက် ထိုးလိုက်လေသည်။

ဘုန်း..

တိုးသံတစ်ခု ထွက်ပေါ်လာ၏။

ကားတံခါးကို ဆွဲဖွင့်၍ ထွက်ပြေးရန် ပြင်နေသော မာစတာချင်မှာ ရုတ်တရက် တောင့်တင်းသွားပြီး သူ၏ အရိုးများ ကျိုးကြေသွားသည့် အသံကို ကြားလိုက်ရသည်။

ထို့နောက် လက်တစ်ဖက်မှာ သူ၏ ရင်ဘတ်ကို ဖောက်ထွက်လာတော့သည်။

“ဒါ.. ဒါက”

မာစတာချင်သည် သူ၏ ရင်ဘတ်ကို ဖောက်ထွက်နေသော လက်ကိုကြည့်ရင်း ထိတ်လန့်တကြားဖြစ်ကာ မျက်လုံးများလည်း ပြူးကျယ်သွားရသည်။

ထို့နောက်တွင် ထိုလက်က အမြန် ပြန်ဆွဲထုတ်သွားခဲ့သည်။

“ဒါ မဖြစ်နိုင်ဘူး”

သူသည် နောက်ဆုံးစကားကို အားနည်းစွာ ပြောလိုက်ပြီးနောက် ကိုယ်ခန္ဓာမှာ ပျော့ခွေသွားကာ ကားတံခါးပေါ်မှ မြေပြင်သို့ လဲကျသွားတော့သည်။

သူ၏ မျက်လုံးများမှာတော့ ပြူးကျယ်လျက် ရှိနေဆဲပင်။

သူ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများသာ ကျန်ရှိနေလေ၏။

သူ သေဆုံးသွားသည့်တိုင် ယောင်ပင်းက အချိန်တိုအတွင်း ဤမျှ ကြောက်စရာကောင်းလာသည်ကို သူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ယောင်ပင်းက လက်ကို ပြန်ရုပ်လိုက်ပြီး တစ်ဖက်တွင်ရှိသော ကျန်းထျန်းရှီးကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

သူတို့ အကြည့်ချင်း ဆုံလိုက်သည့် ခဏ၌ ကျန်းထျန်းရှီးမှာ တုန်လှုပ်သွားပြီး သူ၏ ခြေထောက်တစ်လျှောက် အပူဓာတ်တစ်ခု စီးကျကာ ကားပေါ်သို့ ပြန့်သွားတော့သည်။

ဆီးနံ့က ကားအတွင်း၌ ချက်ချင်း ပြည့်နှက်သွားခဲ့လေ၏။

ကျန်းထျန်းရှီးတစ်ယောက် ကြောက်လွန်းသောကြောင့်င့် ဆီးများပင် ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။

သူ့ရှေ့တွင်ရှိသော ယောင်ပင်းမှာ လူသားမဟုတ်တော့ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်နေချေပြီ။

“ပြောစမ်း.. ကျန်းရှောင်ပေ ဘယ်မှာလဲ”

ယောင်ပင်းက ကျန်းထျန်းရှီး၏အနားသို့ တိုးသွားကာ အေးစက်သော အသံဖြင့် မေးလိုက်သည်။

သူသည်က ပတ်ဝန်းကျင်တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ကျန်းရှောင်ပေကို ရှာမတွေ့ခဲ့ချေ။

သူ့ကို ချင်ကွမ်းဘုရင် ဘုရားကျောင်းသို့ ခေါ်လာပြီးနောက် ကျန်းရှောင်ပေမှာ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“သူ... သူပြန်သွားပြီ”

ကျန်းထျန်းရှီးမှာ လေပြင်းဒဏ်အောက်မှ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရီရင်း စကားများပင် ထစ်နေခဲ့သည်။

“သူမက မင်းကို ဒီကို ခေါ်လာခဲ့ပြီးတာနဲ့ ပြန်သွားခဲ့တာပါ”

ပြန်သွားပြီဟုတ်လား။

ယောင်ပင်းက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဘယ်ကို ပြန်သွားတာလဲ”

“ငါ.. ငါလည်း မသိဘူး”

ကျန်းထျန်းရှီးက ကြောက်လန့်တကြား ခေါင်းခါလိုက်သည်။

“ဒါက ငါ့ရဲ့စီနီယာအစ်ကို ချမှတ်ထားတဲ့ အစီအစဉ်ပါ၊ ကျန်းရှောင်ပေကို သူပဲ ရှာတွေ့ခဲ့တာ၊ သူမက မင်းကို ချင်ကွမ်းဘုရင် ဘုရားကျောင်းဆီ ခေါ်လာပေးပြီးပြန်သွားဖို့ပဲ တာဝန်ရှိတာတဲ့”

ကျန်းထျန်းရှီးမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏ မျက်နှာမှာ ရိုးသားပုံရကာ လိမ်ညာနေပုံ မပေါ်ချေ။

ယောင်ပင်း မျက်မှောင်ကြုတ်သွားတော့သည်။

ကျန်းရှောင်ပေမှာ ဟောင်ကောနှင့် နီးစပ်သော ကောရွှေနှင့် ဖောက်ပြန်ခဲ့ဖူးသည်။ ယောင်ပင်း ကျန်းထျန်းရှီးနှင့် ပထမဆုံး တွေ့ခဲ့စဉ်ကလည်း ကျန်းထျန်းရှီးက ကောရွှေ၊ ဟောင်ကောတို့နှင့် အတူရှိနေခဲ့သောကြောင့်ည ကျန်းထျန်းရှီးအနေဖြင့် ကျန်းရှောင်ပေ မည်သည့်နေရာတွင်ရှိသည်ကို ပိုသိသင့်ပေသည်။

သို့သော် ယခုအခါ သူက မသိကြောင်း ပြောဆိုနေပြီး သူ၏ စီနီယာအစ်ကို မာစတာချင်ကသာ သူမကို ရှာတွေ့နိုင်သည်ဟု ပြောလာခဲ့၏။

မာစတာချင်လည်း ဤကိစ္စတွင် ပါဝင်နေခဲ့သည်လား။

ယောင်ပင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မေးလိုက်၏။

“ကျန်းရှောင်ပေ ဘာဖြစ်သွားတာလဲ၊ သူမ ဘာလို့ ရုတ်တရက် သတ်သေသွားရတာလဲ”

ယောင်ပင်းသည် ကျန်းရှောင်ပေ သေဆုံးသွားခြင်းကို လက်မခံနိုင်သေးချေ။

ကျန်းရှောင်ပေ အဘယ်ကြောင့် သေဆုံးခဲ့ရသည်ကို သူ သိရန် လိုအပ်ပေသည်။

“သူမက.. သူမက..”

ကျန်းထျန်းရှီးမှာ အချိန်အတော်ကြာအောင် စကားထစ်နေပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ စကားတစ်ခွန်း ပြောလာခဲ့၏။

“ဖြစ်နိုင်တာက သူမ.. သေရတော့မယ်ဆိုတာကိုသိလို့ သတ်သေခဲ့တာ ဖြစ်မယ်”

ကျန်းရှောင်ပေက သေရတော့မှာလား။

ဘာကြောင့်လဲ။

ယောင်ပင်းက ထပ်မံ ဖိအားပေးလိုက်ပေသည်။

“သခင်လေး ငါ.. ငါ တကယ် မသိပါဘူး”

ကျန်းထျန်းရှီးက ကြောက်လန့်တကြား ခေါင်းခါလာခဲ့လေ၏။

“အစတုန်းက ဟောင်ကောရဲ့အဖေ ဟောင်ထျန်းချိုင်က ငါ့ကို ရှာပြီး အဲဒီမိန်းမရဲ့ ကိုယ်ထဲမှာ တစ္ဆေတစ်ကောင် မွေးမြူဖို့ ခိုင်းခဲ့တာ.. အဲဒီနောက်ပိုင်းမှာ သူက ကျွန်တော့်ကို အဲဒီမိန်းမနဲ့ လုံးဝ မတွေ့ခိုင်းတော့ဘူး”

“ဟောင်ကောနဲ့ ကောရွှေတို့ ပြောတာကို ကျွန်တော် ကြားခဲ့တာတော့ အဲဒီမိန်းမမှာ အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်တဲ့၊ ငါ သူတို့ကို အဲဒီလျှို့ဝှက်ချက်က ဘာလဲလို့ မေးခဲ့ပေမဲ့ သူတို့က ငါ့ကို မမေးနဲ့၊ အများကြီး သိရင် ခေါင်းပြတ်သွားလိမ့်မယ်လို့ ပြောခဲ့ကြတယ်၊

ငါ့ရဲ့ စီနီယာအစ်ကိုက ကျန်းရှောင်ပေကို သုံးပြီး မင်းကို မြှူထုတ်နိုင်တယ်လို့ ပြောတုန်းက ငါတောင် အရမ်း အံ့ဩသွားခဲ့တာ၊

သူမအကြောင်းကို သူ ဘယ်လိုသိလဲလို့ မေးခဲ့ပေမဲ့ သူကလည်း ငါးကို အများကြီး မစပ်စုသင့်ဘူးတဲ့၊ အများကြီးသိတာက ငါ့အတွက် မကောင်းဘူးလို့ပဲ ပြောခဲ့တယ်”

ကျန်းထျန်းရှီးက ယောင်ပင်း၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး ကြည့်ရင်း ပြောနေခဲ့၏။

ယောင်ပင်း၏ တည်ငြိမ်နေသော မျက်နှာကို မြင်သောအခါ သူက အမြန်ပင် ဖားယားလိုက်ပေသည်။

“ဒါပေမဲ့ ငါ တခြားတစ်ခု ကြားခဲ့သေးတယ်”

“ဘာလဲ”

“နောက်ထပ် ရက်အနည်းငယ်ကြာရင် တွေ့ဆုံပွဲတစ်ခုရှိလိမ့်မယ်လို့ ကြားတယ်၊ အဲဒါက အဲဒီမိန်းမနဲ့ ပတ်သက်နေတာပဲ”

ကျန်းထျန်းရှီးက ဖားယားရင်း ပြောလိုက်၏။

“တကယ်လို့ မင်းသာ ငါ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် ငါ မင်းအတွက် သတင်းစုံစမ်းပေးဖို့ အသင့်ပါပဲ”

ယောင်ပင်းမှာ တိတ်ဆိတ်နေခဲ့၏။

ကျန်းထျန်းရှီးမှာ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး ယောင်ပင်းကို စိုးရိမ်တကြီး စောင့်ဆိုင်းနေတော့သည်။

ခဏအကြာတွင် ယောင်ပင်းက အေးစက်စွာ ပြောလိုက်သည်။

“ကောင်းပြီ၊ ငါ မင်းအသက်ကို ချမ်းသာပေးမယ်၊ အခု မင်းပြောခဲ့တာကို မှတ်ထားလိုက်၊ မင်းရဲ့ အသက်ကို ငါ ခနလောက်ချမ်းသာပေးလိုက်မယ်.. သွားတော့”

ယောင်ပင်း၏ မျက်လုံးများထဲတွင် ခံစားချက်မဲ့သော အအေးဓာတ်များနှင့် ပြည့်နှက်နေခဲ့၏။

ကျန်းထျန်းရှီးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အမြန်ပင်ထွက်ပြေးသွားတော့သည်။

ယောင်ပင်း Land Rover ကားထဲတွင် တစ်ယောက်တည်း အချိန်အတော်ကြာအောင်ထိုင်နေခဲ့၏။

ကျန်းထျန်းရှီး၏ပြောပြချက်အရ ကျန်းရှောင်ပေက ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားခဲ့သည်။

လျှို့ဝှက်ချက်က ဘာများလဲ။ နောက်ကွယ်မှဘယ်သူ ကြိုးကိုင်နေတာလဲ။

နောက်ရက်အနည်းငယ်အတွင်း ကျင်းပမဲ့ လူစုလူဝေးရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ။

ယောင်ပင်း မည်သည့်အရာကိုမျှ မသိရှိရသေးချေ။

အခြေအနေများက ပို၍ ရှုပ်ထွေးလာပုံရသည်။

ကျန်းရှောင်ပေ၏ လျှို့ဝှက်ချက်ကို သိရှိရန်အတွက် သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန်သာ တတ်နိုင်ပေတော့သည်။

ကားကို အချိန်ကြာမြင့်စွာ မောင်းနှင်ပြီးနောက် ယောင်ပင်း မြို့ထဲသို့ ပြန်ရောက်လာပြီး ခိုင်ယဲ့ကို ဖုန်းဆက်ကာ ကျန်းထျန်းရှီးကို ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ရန် လူလွှတ်ခိုင်းလိုက်သည်။

သူသည်က ကျန်းထျန်းရှီးကို မည်သည့်အချိန်တွင်မဆို ပြန်ရှာတွေ့နိုင်စေရန်အတွက် ကျန်းထျန်းရှီး ထွက်ပြေးစဉ်အတွင်း တိတ်တဆိတ် အစီအမံတစ်ခု လုပ်ထားခဲ့ပေ၏။

ကျန်းထျန်းရှီးမှာတော့ ထိုအကြောင်းကို မသိရှိခဲ့ချေ။

သုံးရက်အကြာတွင်။

ပထမအဆင့်ဆေးရုံ။

ယောင်ပင်း အစားအသောက် ဝယ်ယူပြီး ပြန်လာသော်လည်း သူ၏ အမေက လူနာခန်းထဲတွင် မရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။

သူသည် သူနာပြုကို မေးမြန်းကြည့်လျှင် သူမက သန့်စင်ခန်းသို့ သွားသည်ဟု ဖြေခဲ့လေသည်။

သို့သော် ယောင်ပင်းက အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သူမကပြန်မလာခဲ့ချေ။

တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသဖြင့် ယောင်ပင်းက သူနာပြုအား သန့်စင်ခန်းသို့ သွားရောက် စစ်ဆေးခိုင်းလိုက်လေသည်။

သို့သော် သူ၏ အမေမှာ ထိုနေရာတွင် လုံးဝ မရှိတော့ပါချေ။

ထိုခဏ၌ ယောင်ပင်း၏ စိတ်မှာ ဗလာဖြစ်သွားတော့သည်။

သူ၏ အမေမှာ ဤလောကတွင် သူ၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်ပေသည်။ အကယ်၍ သူမ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင်...

သူ ဆက်၍ပင် မတွေးရဲတော့ချေ။

All Chapters