← Chapters

အတိတ်နှင့် အနာဂတ် အချိန်လေဟာနယ်မှ တည်ရှိမှုများ....

Vol. 83 Ch. 1141

အတိတ်နှင့် အနာဂတ် အချိန်လေဟာနယ်မှ တည်ရှိမှုများ....

Vol. 83 Ch. 1141

" အချိန်လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းက တုန်ခါနေတာ မင်းတို့သတိထားမိလား။ " ဖန်ထျန်းအရှင်သခင်က ပြောလိုက်သည်။

အချိန်လေဟာနယ်၏ တုန်ခါမှုက ရှေးဟောင်းအတိတ်နှင့် အလှမ်းဝေးသော အနာဂတ်မှ လာခြင်းဖြစ်သည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လွှမ်းမိုးမှုက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အားလုံးကို သက်ရောက်မှုရှိခဲ့သည်။

အတိတ်အချိန်လေဟာနယ်။

၎င်းက အဆုံးမဲ့ဒိုင်မန်းရှင်းများ စတင်ဖြစ်ပေါ်လာပြီး မကြာမီ အချိန်ကာလဖြစ်ပြီး ရှုပ်ထွေးသော မူလတာအိုများက တစ်ခုနှင့်တစ်ခု ဖြတ်သန်းနေကာ အချိန်သက်ရှိများစွာနှင့် ကြောက်စရာကောင်းသော အချိန်အရှင်သခင်များက လွတ်မြောက်ခြင်းလမ်းစဉ်များကို စူးစမ်းရှာဖွေနေကြသော အချိန်ဖြစ်သည်။

" အဆုံးမဲ့မဟာတာအိုမဟာတာအိုစိတ်အသိ။ " ကြီးမားလှသော တည်ရှိမှုတစ်ခုက ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။ သူ၏ ရုပ်ခန္ဓာက ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေပေါင်းသောင်းချီနှင့်ညီမျှသည်။ အိပ်ပျော်နေချိန်မှာပင် သူ၏ အော်ရာက ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းများကို လွှမ်းမိုးနိုင်ပြီး အချိန်သက်ရှိများက သူ၏ အော်ရာကို နားလည်ရုံနှင့် အချိန်အရှင်သခင်အဆင့်ကို ထိတွေ့နိုင်သည်။

"အနာဂတ် အချိန်လေဟာနယ်က နဂါးငွေ့တန်း လွတ်မြောက်ခြင်းလမ်းစဉ်အသစ်တစ်ခု တက်လှမ်းတာကို တားဆီးခိုင်းတာလား။ တကယ်လို့ အောင်မြင်ခဲ့ရင် ကပ်ဘေးဆယ်ခုကို ဖြတ်ကျော်တာနဲ့ ညီမျှတယ်။ ဒါဆိုရင် အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ကို တိုက်ရိုက် ပြည့်စုံသွားစေမှာမဟုတ်ဘူးလား။ "

ကြီးမားသော တည်ရှိမှုကြီးက စိတ်ဝင်စားသွားသည်။ " စိတ်ဝင်စားစရာပဲ။ အနာဂတ်မှာ လွတ်မြောက်ခြင်းလမ်းစဉ်အသစ်တွေ အများကြီး ရှိနေတာလား။ အဆုံးမဲ့ကပ်ဘေးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ လမ်းစဉ်တွေ ထွက်ပေါ်လာတာလား။ "

သူ့အတွက် လွတ်မြောက်ခြင်းလမ်းစဉ်အများစုက နောက်ဆုံးတွင် ပျက်စီးသွားကြသည်ကို အလွယ်တကူ မြင်နိုင်လေသည်။ မျှော်လင့်ချက်အရှိဆုံးတစ်ခုမှာ အဆုံးမဲ့ကပ်ဘေးဖြစ်ပြီး ထိုလမ်းစဉ်က အဆုံးမဲ့မဟာတာအိုစိတ်အသိမှ ဆင်းသက်လာခြင်းဖြစ်သည်။

အကယ်၍ တစ်ယောက်ယောက်က အဆုံးထိရောက်သွားလျှင် လွတ်မြောက်နိုင်ခြေက အလွန်ကြီးမားနေဆဲ ဖြစ်သည်။ သူကိုယ်တိုင်ကလည်း တတိယအဆင့် သန်း ၃၃၀တွင် ပြည့်စုံသွားရန် ကပ်ဘေးဆယ်ခုသာ လိုတော့သည်။ သို့သော် အဆုံးသတ်နား နီးကပ်လာသည်နှင့်အမျှ ထိုတည်ရှိမှုက ပို၍ သတိထားလာပြီး ကပ်ဘေးများကို ပေါ့ပေါ့တန်တန် မလုပ်ရဲတော့ပေ။ သို့သော် ယခု အဆုံးမဲ့မဟာတာအိုစိတ်အသိက ကပ်ဘေးတစ်ခုကို တိုက်ရိုက်သတ်မှတ်ပေးပြီး ရှုံးနိမ့်ခဲ့လျှင်တောင် ဖျက်ဆီးခံရမည်မဟုတ်ပေ။

" ကောင်းပြီလေ။ သွားကြည့်တာပေါ့။ " ကြီးမားသော တည်ရှိမှုက စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

ပထမအချက်က ထိုစမ်းသပ်မှုကို အောင်မြင်အောင် လုပ်နိုင်မလားဆိုသည်ကို ကြည့်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ အဆုံးမဲ့မဟာတာအိုစိတ်အသိကို ထိုကဲ့သို့ လှုပ်ရှားလာအောင် လုပ်နိုင်သော နဂါးငွေ့တန်းက ဘယ်လိုသက်ရှိမျိုးလဲ လေ့လုရန်ဖြစ်သည်။

ဝုန်း...

ထိုတည်ရှိမှုက ဆုံးဖြတ်လိုက်သည်နှင့် အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ စွမ်းအားများ ပျံ့နှံ့လာပြီး ထိုတည်ရှိမှုကို အနာဂတ်အချိန်လေဟာနယ်တစ်ခုသို့ ခေါ်ဆောင်သွားသည်။

" မင်းတို့ အရင်လေ့လာနှင့်ဦး။ ငါပြန်လာမှ ဆက်ပြီးဆွေးနွေးကြတာပေါ့။ " ထိုတည်ရှိမှုက သူ၏ တပည့်များကို တစ်ချက်ကြည့်လိုက်ပြီး အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လမ်းညွှန်မှုအတိုင်း အနာဂတ် အချိန်လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။

နောက်ထပ်ရှေးဟောင်း အချိန်လေဟာနယ်တစ်ခုတွင် အဆုံးမဲ့အလင်းတန်းများ ပြည့်နှက်နေပြီး ဒိုင်မန်းရှင်းများကို လွှမ်းမိုးထားသော တည်ရှိမှုတစ်ခုက မျက်လုံးများ ဖွင့်လိုက်သည်။

" အနာဂတ် အချိန်လေဟာနယ်ကို သွားပြီး နဂါးငွေ့တန်း လွတ်မြောက်ခြင်းလမ်းစဉ်အသစ်တစ်ခု တက်လှမ်းတာကို တားဆီးရမှာလား။ ဘယ်လိုလွတ်မြောက်ခြင်းလမ်းစဉ်က အဆုံးမဲ့မဟာတာအိုစိတ်အသိကို ကပ်ဘေးတစ်ခု သတ်မှတ်လာအောင် လှုံ့ဆော်နိုင်တာလဲ။ " အဆုံးမဲ့အလင်းတန်းများနှင့် တည်ရှိမှုက စိတ်ဝင်တစား တွေးလိုက်သည်။

" ဘယ်သူမှမယှဉ်နိုင်တဲ့ ဝူယုအရှင်သခင်တောင် လွတ်မြောက်ခြင်းစွမ်းအားတစ်ဝက်ကို တိုးတက်ပြောင်းလဲစေပြီး ပြည့်စုံတဲ့ အချိန်သက်ရှိလမ်းစဉ်ရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့တာတောင်မှ အဆုံးမဲ့မဟာတာအိုစိတ်အသိကို တုန်လှုပ်စေရုံပဲရှိပြီး ကပ်ဘေးချမှတ်တာမျိုး မရှိခဲ့ဘူး။ "

" သွားကြည့်တာပေါ့။ " အဆုံးမဲ့အလင်းတန်းများနှင့် တည်ရှိမှုက ခဏစဉ်းစားပြီးနောက် အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လမ်းညွှန်မှုအတိုင်း အနာဂတ်အချိန်လေဟာနယ်သို့ ထွက်ခွာသွားသည်။

" အနာဂတ် အချိန်လေဟာနယ်ကို သွားပြီး နဂါးငွေ့တန်း လွတ်မြောက်ခြင်းလမ်းစဉ်အသစ်တစ်ခု တက်လှမ်းတာကို တားဆီးရမှာလား။ " ကျင့်ကြံရာမှ ထွက်လာသော ကွေ့ရှုအရှင်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ " အောင်မြင်ရင် ကပ်ဘေးတစ်ထောင်ကို ဖြတ်ကျော်တာနဲ့ ညီမျှတယ်။ ရှုံးနိမ့်သွားရင်လည်း ဖျက်ဆီးခဲ့ရမှာမဟုတ်ဘူး။ "

" ငါက အခု ကပ်ဘေး သန်းသုံးရားနဲ့ တစ်ထောင်ကို ဖြတ်ကျော်ထားတာပဲ။ နောက်ထပ်ကပ်ဘေးတစ်ထောင်ဆိုရင် ကပ်ဘေးသန်းသုံးရာနှစ်ထောင်ကို ဖြတ်ကျော်ပြီးသား ဖြစ်သွားလိမ့်မယ်။ " ကွေ့ရှုအရှင်သခင်က ခဏစဉ်းစားလိုက်သည်။

အဆုံးမဲ့မဟာတာအိုစိတ်အသိက ထိုမျှအထိ ရက်ရောမည်မဟုတ်သည်ကို သူသိထားသည်။ နဂါးငွေ့တန်းအရှင်သခင်ကို လွတ်မြောက်ခြင်းလမ်းစဉ် တက်လှမ်းခြင်းမှ တားဆီရန် သေချာပေါက် မလွယ်ကူနိုင်ပေ။ သို့သော် ရှုံးနိမ့်ခဲ့လျှင် ဘာပြစ်ဒဏ်မှ မရှိခြင်းက ကွေ့ရှုအရှင်သခက်ကို စိတ်ဝင်စားသွားစေသည်။

" သွားကြည့်တာပေါ့။ " ကွေ့ရှုအရှင်သခင်က အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လမ်းညွှန်မှုအတိုင်း အနာဂတ်အချိန်လေဟာနယ်တစ်ခုသို့ ထွက်ခွာသွားသည်။

အလှမ်းဝေသော အနာဂတ်အချိန်လေဟာနယ်။ ကပ်ဘေးသန်းသုံးရာကျော်ကို ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များကလည်း အဆုံးမဲ့မဟာတာအိုစိတ်အသိ သတ်မှတ်ထားသော ကပ်ဘေးကို သိရှိလိုက်ကြသည်။

" အတိတ်အချိန်လေဟာနယ်ကို သွားပြီး နဂါးငွေ့တန်း လွတ်မြောက်ခြင်းလမ်းစဉ်အသစ်တစ်ခု တက်လှမ်းတာကို တားဆီးရမှာလား။ "

" နဂါးငွေ့တန်းဆိုတာကို ဘာလို့ဒီလောက်ရင်းနှီးနေရတာလဲ။ "

" ငါမှတ်မိပြီ။ အဲ့ဒီတည်ရှိမှုကြီးမဟုတ်လား။ "

" မသွားဘူး။ အရူးပဲသွားလိမ့်မယ်။ "

အတိတ်အချိန်လေဟာနယ်နှင့် နှိုင်းယှဉ်လျှင် အနာဂတ် အချိန်လေဟာနယ်မှ ဒဏ္ဍာရီအချိန်အရှင်သခင်များက တစ်စုံတစ်ခုကို သိထားကြပုံရသည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိက ပေးသော အကျိုးအမြတ်များက မည်မျှကြီးမားသည်ဖြစ်စေ သူတို့က တုန်လှုပ်ခြင်းမရှိကြပေ။

သို့သော် ပို၍ ဝေးကွာသော အနာဂတ် အချိန်လေဟာနယ်ကို ရောက်လာသည်နှင့်အမျှ အခြေအနေကို သိပ်မသိကြသော ဒဏ္ဍာရီအချိန်အရှင်သခင်များလည်း ရှိလာပြီး သူတို့ထဲမှ အချို့က အဆုံးမဲ့မဟာတာအိုစိတ်အသိ ချမှတ်သော ကပ်ဘေးကို လက်ခံရန် ရွေးချယ်ခဲ့ကြသည်။

လက်ရှိအချိန်လေဟာနယ်တွင် ဟောက်ထျန်း၊ ဖန်ထျန်းနှင့် ဒဏ္ဍာရီအချိန်အရှင်သခင်များက အတိတ်နှင့် အနာဂတ်ကို ဆက်သွယ်ထားသော တုန်ခါမှုကို စောင့်ကြည့်နေကြသည်။

ခဏကြာသောအခါ သူတို့၏ အံ့ဩသော အကြည့်များအောက်တွင် အဆုံးမဲ့ဒိုင်မန်းရှင်းများကို လွှမ်းခြုံထားသော ကြောက်စရာကောင်းသည့် အော်ရာများ ပိုင်ဆိုင်ထားသော ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ ထိုပုံရိပ်များက ရပ်နေရုံနှင့် ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကို လွှမ်းမိုးနိုင်ကြသည်။

" ဒါ ဒါက...." ဒဏ္ဍာရီအချိန်အရှင်သခင်များက မှင်သက်သွားကြသည်။ ထွက်ပေါ်လာသော ပုံရိပ်များထဲမှ အားအနည်းဆုံးသူပင် သူတို့ထက် နိမ့်ကျခြင်းမရှိပေ။

သူတို့ထဲမှ အများစုက သူတို့ကို ကျော်လွန်သော အော်ရာများကို ထုတ်လွှတ်နေကြပြီး သူတို့ထဲမှ အချိန်ဆိုလျှင် အကြည့်တစ်ချက်နှင့် လွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားသွားစေသည်။

မကြာမီ တုန်ခါမှုက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ယခုအချိန်တွင် အတိတ်မှ အနာဂတ်အထိ မတူညီသော အချိန်လေဟာနယ်များမှ ရောက်လာကြသော ပုံရိပ် ၅၀၃ခုက တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့၏ အော်ရာများ တစ်ခုနှင့်တစ်ခု တွေ့ဆုံသွားခြင်းက အချိန်အတိုင်းအတာများကို ရှုပ်ထွေးသွားစေသည်။

ထိုပုံရိပ် ၅၀၃ ယောက်ထဲတွင် အားအနည်းဆုံးသူများကပင် ကပ်ဘေးသန်းသုံးရာကျော်ကို ဖြတ်ကျော်ထားကြပြီး အများစုက ကပ်ဘေးသန်းသုံးရာ တစ်ထောင်နှင့် နှစ်ထောင်တို့ကို ဖြတ်ကျော်ထားသူများဖြစ်ကြသည်။ သူတို့ထဲတွင် ကပ်ဘေး ၃၂၉သန်း ကိုးသိန်းကျော်ကို ဖြတ်ကျော်ထားသူများ ပါဝင်ပြီး အဆုံးမဲ့ကပ်ဘေးကို အဆုံးသတ်ရန် ကပ်ဘေးဆယ်ဂဏန်းလောက်သာ လိုသောသူများလည်း ပါဝင်ကြသည်။

ဟောက်ထျန်း၊ ဖန်ထျန်းနှင့် အခြားအချိန်အရှင်သခင်များက လက်ရှိအချိန်လေဟာနယ်၏ အသန်မာဆုံး အချိန်အရှင်သခင်များဖြစ်ကြသည်။ ယခုအချိန်တွင် အတိတ်နှင့် အနာဂတ် အချိန်လေဟာနယ်များမှလာသော အချိန်အအရှင်သခင်များနှင့် နှိုင်းယှဉ်လျှင် သူတို့က အားနည်းနေပုံရလေသည်။

အများစုက သူတို့ထက် ပိုပြီး ကြောက်စရာကောင်းနေကြသည်။ ၎င်းက သူတို့၏ အတိတ်မှ အားနည်းသော အချိန်များသို့ ပြန်ရောက်သွားသလို ခံစားသွားရစေသည်။

All Chapters