အဆုံးမဲ့မဟာတာအိုစိတ်အသိက ပစ်မှတ်ထားခြင်း....
Vol. 83 Ch. 1142
" မထူးဆန်းတော့ဘူး။ အဆုံးမဲ့မဟာတာအိုစိတ်အသိက နဂါးငွေ့တန်းအရှင်သခင်ကို တားဆီးဖို့ ကပ်ဘေးတစ်ခု ဘာလို့ချမှတ်ရဲလဲဆိုတာ မထူးဆန်းတော့ဘူး။ " ဟောက်ထျန်းနှင့် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များက နားလည်သွားကြသည်။
နဂါးငွေ့တန်းကို တားဆီးမည့်သူများက သူတို့မဟုတ်သည်မှာ ထင်ရှားလေသည်။ သူတို့က မတူညီသော အချိန်လေဟာနယ်များမှ အဆုံးမဲ့ဒိုင်မန်းရှင်းများကို အပေါ်စီးမှ ကြည့်ရှုနေသော ကြောက်စရာကောင်းသည့် တည်ရှိမှုများ ဖြစ်ကြသည်။
၎င်းကို နားလည်သွားသောအခါ သူတို့၏ စိတ်ထဲတွင် နောက်ထပ် အတွေးတစ်ခု ပေါ်လာကြသည်။ နဂါးငွေ့တန်းအရှင်သခင်ကို ကျောက်စိမ်းလှေကားထစ်အပေါ် တက်လှမ်းခြင်းမှ တားဆီးရန် ယခုလောက်ထိ ကြီးမားသော ကြိုးစားအားထုတ်မှုကို လိုပါသလား။ သို့သော် အဆုံးမဲ့မဟာတာအိုစိတ်အသိက သေချာပေါက် မှားမည်မဟုတ်ပေ။ နဂါးငွေ့တန်း၏ စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဟောက်ထျန်းနှင့် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များက မတူညီသော အချိန်လေဟာနယ်များမှ ရောက်လာကြသော တည်ရှိမှုများကို စောင့်ကြည့်နေကြသည်။ တစ်ချိန််တည်းတွင် ထိုတည်ရှိမှုများကလည်း ပတ်ဝန်းကျင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသဘ်။
" ဒါက အဆုံးမဲ့မဟာတာအိုစိတ်အသိ လမ်းညွှန်လိုက်တဲ့ အချိန်လေဟာနယ်လား။ " ကြီးမားသော တည်ရှိမှုတစ်ခုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပုံရိပ်ငါးရာကျော်ထဲတွင် အော်ရာနှစ်ဆယ်လောက်က သူ့အောက် မနိမ့်ကျသည်ကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားသည်။
" အခုတစ်ကြိမ်မှာ အဆုံးမဲ့မဟာတာအိုစိတ်အသိက ဒီလောက်များပြားတဲ့ အစွမ်းထက်သူတွေကို စုစည်းလိုက်တယ်ဆိုတော့ အဲ့ဒီနဂါးငွေ့တန်းက တကယ်ဘာလုပ်ခဲ့လို့လဲ။ ဒါမှမဟုတ် သူ့ရဲ့ လွတ်မြောက်ခြင်းလမ်းစဉ်မှာ ပြဿနာတစ်ခုခုရှိနေလို့လား။ " အဆုံးမဲ့အလင်းတန်းများနှင့် ပုံရိပ်တစ်ခုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြသည်။
" ငါက ငါတစ်ယောက်တည်းလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ဒီလောက်ထိများလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အကုန်လုံးကလည်း သန်မာကြတယ်။ " လွတ်မြောက်ခြင်းလမ်းစဉ် အဆုံးသတ်နားသို့ ရောက်နေသော တည်ရှိမှုတစ်ခုက တွေးလိုက်သည်။
" အားလုံးပဲ။ ငါတို့တွေ ဒီအချိန်လေဟာနယ်မှာ စုစည်းကြတယ်ဆိုတော့ အားလုံးက မဟာတာအိုစိတ်အသိချမှတ်လိုက်တဲ့ နဂါးငွေ့တန်းကို တားဆီးရမယ့် ကပ်ဘေးကို သဘောတူထားလို့ဖြစ်ရမယ်။ " ကြီးမားသော တည်ရှိမှုကြီးက ပြောလိုက်သည်။
" အဲ့ဒီနဂါးငွေ့တန်းက အခု လွတ်မြောက်ခြင်းလမ်းစဉ်ကို တက်လှမ်းနေတယ်။ ငါတို့မှာ အခြားနည်းလမ်းမရှိဘူး။ ဒါပေမယ့် အဆုံးမဲ့မဟာတာအိုစိတ်အသိရဲ့ လမ်းညွှန်မှုအောက်မှာ နဂါးငွေ့တန်းရဲ့ ခန္ဓာကိုယ်တွေနဲ့ ကိုယ်ပွားတွေအားလုံးကို ငါတို့သိထားပြီ။ အခု ဘာလုပ်ကြမလဲဆိုတာ ဆွေးနွေးကြတာပေါ့။ "
အဆင့်တူများကြားတွင် တစ်ဖက်က ပုန်းနေလျှင် ရှာတွေ့ရန် ခက်ခဲသည်။ သို့သော် အဆုံးမဲ့မဟာတာအိုစိတ်အသိက နဂါးငွေ့တန်းကို တားဆီးရန် ကပ်ဘေးသတ်မှတ်လိုက်သောကြောင့် ကပ်ဘေးကို စိန်ခေါ်မည့်သူများကို လင်းယွမ်၏ ခန္ဓာကိုယ်နှင့် ကိုယ်ပွားများ၏ တည်နေရာများကို သိရှိအောင် ကူညီပေးမည်ဖြစ်သည်။
" အဲ့ဒီနဂါးငွေ့တန်းက ရင်ဆိုင်ဖို့ သေချာပေါက် ခက်ခဲမှာပါ။ "
" ဒါပေါ့။ တကယ်လို့ ရင်ဆိုင်ရလွယ်ကူမယ်ဆိုရင် အဆုံးမဲ့မဟာတာအိုစိတ်အသိက ဘာလို့ဒီလောက်အားထုတ်ပြီး ငါတို့ကို စုစည်းမှာလဲ။ ပြီးတော့ ဘာလို့ဒီလောက်အကျိုးကျေးဇူး အများကြီး ပေးမှာလဲ။ ရှုံးနိမ့်ရင်တောင် ဖျက်ဆီးခြင်း မခံရဘူး။ "
" ဟုတ်တယ်။ အဆုံးမဲ့မဟာတာအိုစိတ်အသိက ဒီလိုလုပ်လေ ငါက ပိုပြီး မသေချာလေပဲ။ မတူညီတဲ့ အချိန်လေဟာနယ်က အချိန်အရှင်သခင်တွေ ဒီလောက်အများကြီးလာမှန်းမသိရင် ငါလာချင်မှလာမှာ။ "
" ဒီကိုရောက်လာမှတော့ နောင်တရဖို့ နောက်ကျသွားပြီ။ အဲ့ဒီနဂါးငွေ့တန်းကို သွားတွေ့ကြတာပေါ့။ "
" ငါအတွေးကတော့ အဲ့ဒီနဂါးငွေ့တန်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားကြည့်ရမယ်။ ငါတို့က သူ့ကို စိုးရိမ်သလို သူကလည်း ငါတို့ကို စိုးရိမ်မှာပဲ။ သူက လွတ်မြောက်ခြင်းလမ်းစဉ်ကို ဆက်မတက်သရွေ့ ငါတို့ ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးနိုင်တာပဲ။ "
" မှန်တယ် အရင်ဆုံး ညှိနှိုင်းကြည့်တာပေါ့။ "
" တကယ်လို့ ညှိနှိုင်းလို့မရရင်ရော။ နဂါးငွေ့တန်းက လွတ်မြောက်ခြင်းလမ်းစဉ်ကို ဆက်တက်မယ်ဆိုရင်ရော။ "
" အဲ့ဒါဆိုရင်တော့ တိုက်ခိုက်ဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူး။ အပြင်မှာရှိတဲ့ နဂါးငွေ့တန်းရဲ့ ရုပ်ခန္ဓာတွေနဲ့ ကိုယ်ပွားတွေကို သတ်ဖြတ်ပြီး သူရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်အောင် လုပ်ကြတာပေါ့။ "
" ပြီးတော့ နဂါးငွေ့တန်းမှာ ဆွေမျိုးတွေ၊ မိသားစုတွေ မိတ်ဆွေတွေ ရှိမလား ကြည့်ပြီး သူတို့ကို ဖမ်းဆီးပြီး ခြိမ်းခြောက်လို့ရတာပဲ။ "
ကြောက်စရာကောင်းသော တည်ရှိမှုများက တစ်ယောက်ပြီးတစ်ယောက် စကားပြောလိုက်ကြသည်။ ဆွေးမျိုးများ၊ မိသားစုဝင်များဖြင့် ခြိမ်းခြောက်ခြင်းက ရှက်စရာကောင်းသော်လည်း လင်းယွမ်ကို တားဆီးပြီး ကပ်ဘေးကို ဖြတ်ကျော်နိုင်လျှင် ထိုက်တန်ပေသည်။ ထို့အပြင် သူတို့ထဲမှ ဆယ်ယောက်လောက်က ထိုကပ်ဘေးကို ဖြတ်ကျော်ပြီးသည်နှင့် အဆုံးမဲ့ကပ်ဘေးလမ်းစဉ်၏ အဆုံးသတ်သို့ တိုက်ရိုက်ရောက်ရှိသွားပေလိမ့်မည်။
စစ်မှန်သော လွတ်မြောက်ခြင်း မျှော်လင့်ချက်ပါဝင်နေသောကြောင့် သူတို့က ဂုဏ်သိက္ခာများကို ဂရုမစိုက်တော့ပေ။ သူတို့သာ လွတ်မြောက်နိုင်လျှင် အရှက်သိက္ခာက အရေးမပါပေ။
" အဲ့ဒါဆို ငါတို့အားလုံး အတူတူသွားကြတာပေါ့။ "
" နဂါးငွေ့တန်းရဲ့ မူလခန္ဓာကိုယ်က အခုဒီနားမှာရှိနေပြီဆိုတော့ သူ့ကို သွားတွေ့ကြတာပေါ့။ "
ကြောက်စရာကောင်းသော တည်ရှိမှုများက ဖရိုဖရဲဟင်းလင်းပြင်ဆီသို့ ခမ်းနားစွာ ချီတက်သွားခဲ့သည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ အကူအညီကြောင့် သူတို့က လင်းယွမ်၏ တည်နေရာကို အလွယ်တကူ သိနိုင်ကြသည်။
" ငါတို့ဘာလုပ်ကြမလဲ။ " ဟောက်ထျန်းနှင့် လက်ရှိအချိန်လေဟာနယ်မှ အချိန်အရှင်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
" ငါတို့ သူတို့နောက်ကို လိုက်သွားသင့်လား။ " ဝမ်ရှန်းအရှင်သခင်က မေးလိုက်သည်။
သူတို့နောက်လိုက်သွားခြင်းက ကပ်ဘေးကို ရင်ဆိုင်ပြီး နဂါးငွေ့တန်း၏ လွတ်မြောက်ခြင်းလမ်းစဉ် တက်လှမ်းခြင်းကို တားဆီးမည်ဟု ဆိုလိုခြင်းဖြစ်သည်။မဟုတ်လျှင် သူတို့က အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လမ်းညွှန်မှုကို ခံရမည်မဟုတ်ဘဲ လင်းယွမ်၏ တည်နေရာ အတိအကျကို သိနိုင်မည်မဟုတ်ပေ။
" သူတို့နောက် လိုက်သွားကြတာပေါ့။ "
" ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေနဲ့ဆိုရင် နဂါးငွေ့တန်း ဘယ်လောက်ပဲသန်မာနေပါစေ အလွယ်တကူ ခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ "
" ဟုတ်တယ်။ ဒီကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေက နဂါးငွေ့တန်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ထားမှာဆိုတော့ ငါတို့ကိုလည်း သတိထားမိမှာမဟုတ်ဘူး။ "
" ငါတို့လုပ်ရမှာက သူတို့နဲ့ ရောနှောနေဖို့ပဲ။ တကယ်လို့ ငါတို့ရှုံးနိမ့်သွားရင်တောင် သူတို့ပဲ နဂါးငွေ့တန်း အမဲလိုက်တာ ခံရမှာပဲ။ ငါတို့ကတော့ ဘာဒဏ်ရာမှမရှိဘဲ ဆုတ်ခွာနိုင်မယ့် အခွင့်အရေးကောင်းရှိတယ်။ အောင်မြင်သွားရင် ကပ်ဘေးတစ်ထောင် ဖြတ်ကျော်ပြီးသားဖြစ်မှာဆိုတော့ အကျိုးအမြတ်က မသေးဘူး။ "
ဟောက်ထျန်း၊ ဖန်ထျန်းနှင့် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ မိုးပြိုလျှင် အရပ်ရှည်ဆုံးသူများက အရင်ဆုံးထိန်းရမည်ဖြစ်သည်။
ယခု အတိတ်နှင့် အနာဂတ် အချိန်လေဟာနယ်မှ လာသော ကြောက်စရာကောင်းသော တည်ရှိမှုများက အရပ်အရှည်ဆုံးသူများ ဖြစ်ကြသည်။ သူတို့က နဂါးငွေ့တန်းကို ရင်ဆိုင်ကြမည်ဖြစ်သောကြောင့် ဟောက်ထျန်းနှင့် အခြားသူများက အမှားအယွင်းမရှိနိုင်ဟု ယုံကြည်နေကြသည်။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူတို့အတွက် ဆုံးရှုံးမှုကြီးမားမည်မဟုတ်ပေ။
ဖရိုဖရဲဟင်းလင်းပြင်။
လင်းယွမ်က ထိုင်နေရင်း မျက်မှောင်ကြုတ်သွားသည်။ " ငါ့ရဲ့ မူလခန္ဓာကိုယ်တွေနဲ့ ကိုယ်ပွားတွေအားလုံးကို အဆုံးမဲ့မဟာတာအိုစိတ်အသိက သိသွားတာလား။ "
လင်းယွမ်၏ လက်ရှိစွမ်းအားနှင့် သူ၏ တည်နေရာသတ်မှတ်ခံလိုက်ရသည်ကို အာရုံခံနိုင်သည်။ ကျောက်စိမ်းလှေကားထစ်ပေါ်မှ မူလခန္ဓာကိုယ်မှလွဲ၍ အခြားခန္ဓာကိုယ်အားလုံးက အဆုံးမဲ့မဟာတာအိိုစိတ်အသိ၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။
" အဆုံးမဲ့မဟာတာအိုစိတ်အသိက မရိုးရှင်းဘူးဆိုတာ ငါသိနေတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူက ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးကို အချိန်အတိုင်းအတာမှ သီးခြားဖြစ်သွားအောင် ရှန်ထျန်းအသွင်ပြောင်းလဲခြင်း စွမ်းအားငါးမျိုးကိုပင် အသုံးပြုခဲ့သည်။ ထိုအခြေအနေမျိုးတွင် အချိန်သက်ရှိများနှင့် အချိန်အရှင်သခင်များက ဖရိုဖရဲဟင်းလင်းပြင်၏ တည်နေရာကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
သို့သော် ယခု ဖရိုဖရဲဟင်းလင်းပြင်သာမက သူ၏ တည်နေရာကိုပင် သတ်မှတ်ခြင်း ခံလိုက်ရသည်။
" အတိတ်နဲ့ အနာဂတ် အချိန်လေဟာနယ်က ဒဏ္ဍာရီအချိန်အရှင်သခင်တွေ။ " လင်းယွမ်က အချိန်တုန်ခါမှုများကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။
အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ ယခုအချိန်တွင် သူတို့စောင့်ကြည့်နေသော အနာဂတ်အချိန်အတိုင်းအတာများက လုံးဝမှောင်မိုက်နေပြီး အချိန်အတိုင်းအတာများကလည်း လျင်မြန်စွာ ပြိုလဲနေသည်ယာ ၎င်းက ကြောက်စရာကောင်းသော အရာတစ်ခု နီးကပ်လာသည်ကို ညွှန်ပြနေသည်။
ထိုကြောက်စရာကောင်းသော အရာက အနာဂတ်အချိန်အတိုင်းအတာ အားလုံးကို ပျက်စီးစေမည်ဖြစ်ပြီး သူတို့တစ်ခါမှ မကြားဖူးသောအရာဖြစ်သည်။
" နဂါးငွေ့တန်း " အရှင်မိုရှုနှင့် အခြားအချိန်အရှင်သခင်များက လင်းယွမ်ကို ချက်ချင်း ဆက်သွယ်လိုက်ကြသည်။ ထိုအခြေအနေက သူတို့ကိုင်တွယ်နိုင်စွမ်းထက်ကျော်လွန်နေသောကြောင့် ဖရိုဖရဲဟင်းလင်းပြင်၏ အရှင်သခင်ဖြစ်သော နဂါးငွေ့တန်းကို အစီရင်ခံရန် လိုအပ်သည်။