ဖရိုဖရဲထိုက်စုတာအို....
Vol. 83 Ch. 1144
"နဂါးငွေ့တန်း ဒီလိုလုပ်တာ ရှက်စရာကောင်းပေမယ့် ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ "
" နဂါးငွေ့တန်း မင်းနဲ့ငါတို့ကြားမှာ ရန်ငြိုးလည်းမရှိဘူး။ အမုန်းတရားလည်းမရှိဘူး။ ငါတို့ရဲ့ ကိုယ်ပိုင်တာအိုနဲ့ လွတ်မြောက်ခြင်းအတွက်သာ မင်းကို တိုက်ခိုက်ရတာပဲ။ အဲ့ဒီလိုပဲ မင်းကလည်း ငါတို့အပေါ် အလားတူ လုပ်နိုင်ပါတယ်။ "
လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသည်။ ကျောက်စိမ်းလှေကားပေါ်မှ သူ၏ မူလခန္ဓာကိုယ်ကို အဆုံးမဲ့မဟာတာအိုစိတ်အသိက ပစ်မှတ်ထားနိုင်ခြင်းမရှိသည်ကို သူသိထားသည်။ တစ်နည်းအားဖြင့် မတူညီသော အချိန်လေဟာနယ်မှ လာကြသော တည်ရှိမှုများကလည်း ကျောက်စိမ်းလှေကားပေါ်သို့ တက်လှမ်းနေသော သူ့ကို တားဆီးနိုက်ခြင်း မရှိကြပေ။
အဆိုးဆုံးအခြေအနေတွင် သူက အပြင်တွင်ရှိနေသော မူလခန္ဓာကိုယ်များနှင့် ကိုယ်ပွားများကို စွန့်လွှတ်လိုက်ရုံသာဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက အရာအားလုံးကို စွန့်လွှတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်၊ လူသားမျိုးနွယ်၊ အခြားသက်ရှိများအားလုံးက အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လမ်းညွှန်မှုအောက်တွင် ထိုကြောက်စရာကောင်းသော တည်ရှိမှုများက ပစ်မှတ်ထားပြီးသား ဖြစ်သည်။ ၎င်းတို့အားလုံးကို စွန်းလွှတ်ရန်္းာဝယာယရ လင်းယွမ်အတွက် ဝန်လေးနေသည်။
သို့သော် လွတ်မြောက်ခြင်းလမ်းစဉ်နှင့်ပက်သက်လျှင် လင်းယွမ်က လွတ်မြောက်ခြင်းလမ်းစဉ်ကိုသာ ရွေးချယ်ပေလိမ့်မည်။ သူသာ လွတ်မြောက်သွားလျှင် သေဆုံးသူများအားလုံးကို ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်မည်ဖြစ်သည်။
လင်းယွမ်က သူတို့၏ ခြိမ်းခြောက်မှုကို စိုးရိမ်ခြင်းမရှိပေ။ သို့သော် ၎င်းက ရွေးချယ်စရာမရှိသော အခြေအနေတွင် ဖြစ်သည်။ ထိုမတိုင်မီ လင်းယွမ်က အတတ်နိုင်ဆုံး ကြိုးစားကြည့်ရန် ပြင်ဆင်ထားသည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က ဆင်းသက်လာသည်။
" နဂါးငွေ့တန်း..."
" ဆွေးနွေးညှိနှိုင်းမှုက အောင်မြင်မှာ မဟုတ်လောက်ဘူး။ " လင်းယွမ်က သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။
" နဂါးငွေ့တန်း စိတ်ချပါ။ အချိန်ကျရင် ငါတို့ရဲ့ ကိုယ်ပွားတွေနဲ့ ရှင်သန်နိုင်မယ့် နည်းလမ်းတွေအားလုံးကို ဖျက်ဆီးပစ်ဖို့ ငါတို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ သူတို့တွေ ငါတို့ကို ခြိမ်းခြောက်ဖို့ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ " အရှင်မိုရှုက ပြောလိုက်သည်။
"ငါသာ လွတ်မြောက်နိုင်ခဲ့ရင် မင်းတို့အားလုံးကို ပြန်ရှင်သန်လာအောင် လုပ်ပေးမယ်။ " လင်းယွမ်က ထိုသို့ ပြောပြီး ပျောက်ကွယ်သွားသည်။
ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် လင်းယွမ်က သူ၏ ညာလက်ကို ဆန့်ထုတ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ကို ပြန်လည်ခေါ်ယူလိုက်သည်။ သူ၏ အဆင့်နှင့် ဒိုင်မန်းရှင်းနယ်မြေတစ်ခုကို အတင်းအကျပ် တည်နေရာရွှေ့ပြောင်းပြီး ယူဆောင်သွားနိုင်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဒဏ္ဍာရီအချိန်အရှင်သခင်များကလည်း တိုက်ခိုက်ရတော့မည်ကို ချက်ချင်း နားလည်လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်ကို သိမ်းဆည်းပြီးသည်နှင့် လင်းယွမ်က စတင်လှုပ်ရှားလိုက်သည်။ ဖရိုဖရဲထိုက်ယိတာအို၊ ဖရိုဖရဲထိုက်ချူးတာအို၊ ဖရိုဖရဲထိုက်ရှီတာအိုနှင့် ဖရိုဖရဲထိုက်ကျိတာအိုတို့က ချက်ချင်း ပျံ့နှံ့သွားပြီး ကြောက်စရာကောင်းသော တည်ရှိမှုအားလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း....
ရှန်ထျန်းအသွင်ပြောင်းလဲခြင်းမှ ဆင့်ကဲပြောင်းလဲလာသော ဖရိုဖရဲမူလတာအိုလေးမျိုးက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
" တကယ်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ဖရိုဖရဲမူလတာအိုလေးမျိုးကြောင့် အသက်ရှူကျပ်မတတ်ခံစားလိုက်ရပြီး အလွန်အံ့ဩသွားသည်။
ထိုနဂါးငွေ့တန်း၏ စွမ်းအားက သူတို့ထဲမှ လူတိုင်းထက် သာလွန်နေပြီး တစ်ယောက်ချင်း ရင်ဆိုင်ရလျှင် ဘယ်သူမှ နဂါးငွေ့တန်းကို ယှဉ်နိုင်မည်မဟုတ်ဘဲ လျင်မြန်စွာ ရှုံးနိမ့်သွားပေလိမ့်မည်။
" ငါတို့ ပူးပေါင်းကြမယ်။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ကြောက်စရာကောင်းသော တည်ရှိမှုငါးရာကျော်က ချက်ချင်း တိုက်ခိုက်လိုက်ကြပြီး သူတို့၏ အော်ရာများက လှောင်အိမ်များသဖွယ် လင်းယွမ်ကို ဝန်းရံသွားကြသည်။
" အဆုံးမဲ့မဟာတာအိုစိတ်အသိရဲ့ ကောင်းချီးအောက်မှာ ငါတို့ရဲ့ စွမ်းအားအားလုံးက အချင်းချင်း ဆန့်ကျင်ခြင်းမရှိဘဲ ပြည့်စုံအောင် ပေါင်းစပ်နိုင်ကြတယ်။ "
ကြောက်စရာကောင်းသော တည်ရှိမှုငါးရာကျော်၏ ပူးပေါင်းထားသော စွမ်းအားအောက်တွင် ဖရိုဖရဲမူလတာအိုလေးမျိုးမှ ထွက်ပေါ်လာသော စွမ်းအားများက လျင်မြန်စွာ ပြိုလဲသွားသောကြောင့် လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
" ထိပ်တိုက်ရင်ဆိုင်ရင်တော့ ငါက သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ဒဏ္ဍာရီအချိန်အရှင်သခင် ငါးရာကျော်၏ စွမ်းအားအပြည့် ပူးပေါင်းမှုက မယုံကြည်နိုက်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်သွားခဲ့သည်။ လှောင်အိမ်အထပ်ထပ်က ဖရိုဖရဲမူလတာအိုများကို လွှမ်းခြုံသွားပြီး လင်းယွမ်ကို ဖိနှိပ်လာသည်။
လင်းယွမ်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်နိုင်သည်။ သူ၏ ခန္ဓာကိုယ်က မယုံကြည်နိုင်စရာကောင်းအောင် သန်မာပြီး အမှုန်ကမ္ဘာတစ်ခုချင်းစီကလည်း ဒိုင်မန်းရှင်းတစ်ခုနှင့် ယှဉ်နိုင်သည်။ ဒဏ္ဍာရီအချိန်အရှင်သခင် ငါးရာကျော်၏ ပူးပေါင်းတိုက်ခိုက်မှုအောင်တွင် အဆိုးဆုံး သူကို အနည်းငယ် ဖိနှိပ်ထားနိုင်ရုံသာ ဖြစ်ပြီး စစ်ှန်သော ခြိမ်းခြောက်မှုမပေးနိုင်ပေ။
" မင်းတို့ရဲ့ နည်းလမ်းတွေက ဒါပဲလား။ " လင်းယွမ်က ဒဏ္ဍာရီအချိန်အရှင်သခင်များကို ကြည့်လိုက်သည်။
" မင်းတို့ရဲ့ အစွမ်းရှိသမျှ အကုန်ထုတ်ကြစမ်း။ " အဆုံးမဲ့အလင်းများနှင့်တည်ရှိမှုက ချက်ချင်း ပြောလိုက်သည်။
လွတ်မြောက်ခြင်းလမ်းစဉ်နားသို့ နီးကပ်နေသူများနေဖြင့် အချိန်တိုအတွင်း သူတို့၏ ကန့်သတ်ချက်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည့် နည်းလမ်းအမျိုးမျိုး ရှိကြသည်။ သူတို့အစွမ်းကုန် ထုတ်သုံးလိုက်သောအခါ လင်းယွမ်ခံစားနေရသော ဖိအားက လျင်မြန်စွာ မြင့်တက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အမှုန်ကမ္ဘာ တစ်ခုချင်းစီက ပြိုလဲနေပြီး တစ်ပြိုင်နက်တည်း ပြန်လည်ကုသနေသော်လည်း ပြိုလဲသော အရှိန်ကို မမီတော့ပေ။
" မတောင့်ခံနိုင်တော့ဘူးလား။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချပြီး သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။
တစ်ချိန်းတည်းတွင် အဆုံးမဲ့ကျောက်စိမ်းလှေကားထစ်ကို တက်နေသော လင်းယွမ်က ရပ်တန့်သွားသည်။ သူက ဒဏ္ဍာရီအချိန်အရှင်သခင် ငါးရာကျော်၏ စွမ်းအားကို ခုခံရန်အတွက် သူ၏ အာရုံအားလုံးကို အသုံးချနေသောကြောင့် ကျောက်စိမ်းလှေကားကို တက်မတက်နိုင်တော့ပေ။ လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျောက်စိမ်းလှေကား၏ အလယ်မှ စတင်လာသော ပျော်ဝင်ပျက်စီးမှုများက သူဆီသို့ လျင်မြန်စွာ ပျံ့နှံ့လာသည်ကို တွေ့လိုက်ရသည်။
" ငါ လွတ်မြောက်ခြင်းကို ရဖို့အတွက် အပြင်လောကက အရာအားလုံးကို စွတ်လွှတ်ရတော့မှာလား။ " လင်းယွမ်က တိတ်ဆိတ်နေသည်။ ယခုအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုက အပြင်လောကမှ ရုပ်ခန္ဓာနှင့် ကိုယ်ပွားအားလုံးကို ဖျက်ဆီးပြီး စိတ်အာရုံမပျံ့လွင့်ဘဲ ကျောက်စိမ်လှေကားကို ဆက်တက်ရန်ဖြစ်သည်။
" နောက်နှစ်ပေါင်းသန်းချီမှာ ရှိနေတဲ့ ငါ့ရဲ့ အနာဂတ်ခန္ဓာကိုယ်ကလည်း ဒီရွေးချယ်မှုကိုပဲ လုပ်ခဲ့တာလား။ " လင်းယွမ်က သွေးပင်လယ်အရှင်သခင်၏ ဖိအားပေးမှုကြောင့် အနာဂတ်ခန္ဓာကိုယ်ကို ဆင့်ခေါ်ခဲ့ရသည့်အချိန်ကို ပြန်တွေးမိသွားသည်။ ထိုအချိန်တွင် အနာဂတ်ခန္ဓာကိုယ်ကလည်း ကျောက်စိမ်းလှေကားပေါ်တွင် တစ်ယောက်တည်း တက်လှမ်းနေခဲ့သည်။
ယခု အဆုံးမဲ့မဟာတာအိုစိတ်အသိက အတိတ်နှင့် အနာဂတ်ကို လွှမ်းမိုးထားသောကြောင့် လင်းယွမ်က သူ၏ အနာဂတ်ခန္ဓာကိုယ်ကို ဆင့်ခေါ်နိုင်ခြင်းမရှိတော့ပေ။
လင်းယွမ်က သက်ပြင်းချလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ဖရိုဖရဲထိုက်ယိတာအို၊ ဖရိုဖရဲထိုက်ချူးတာအို၊ ဖရိုဖရဲထိုက်ရှီတာအိုနှင့် ဖရိုဖရဲထိုက်ကျိတာအိုတို့က ရောက်ယှက်နေကြသည်။
စွမ်းအားလေးမျိုးက စတင်ပျံ့နှံ့လာပြီး ပဉ္စမမြောက် ဖရိုဖရဲမူလတာအို၏ စွမ်းအားကို စတင်မွေးဖွားလာသည်။ ပဉ္စမမြောက်စွမ်းအား ထွက်ပေါ်လာသည်နှင့် ယခင် စွမ်းအားလေးမျိုးနှင့် ပြည့်စုံစွာ ပေါင်းစပ်သွားသည်။
" ဖရိုဖရဲထိုက်စုတာအို "
ဖရိုဖရဲထိုက်ယိတာအို၊ ဖရိုဖရဲထိုက်ချူးတာအို၊ ဖရိုဖရဲထိုက်ရှီတာအို၊ ဖရိုဖရဲထိုက်စုတာအိုနှင့် ဖရိုဖရဲထိုက်ကျိတာအိုတို့က လျင်မြန်စွာ ပေါင်းစပ်သွားကြပြီး တာအိုအသစ်တစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ်က အသစ်မွေးဖွားလာသော တာအိုကို အာရုံစိုက်နေပြီး ၎င်းက ဖရိုဖရဲမူလတာအိုများစွာ၏ အထက်တွင် ရှိနေသကဲ့သို့ အဆုံးမဲ့မဟာတာအို၏ အရိပ်အယောင်များပင် ပါဝင်နေသည်။ အသစ်မွေးဖွားလာသော တာအိုက လင်းယွမ်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားများ အားလုံးကို အားဖြည့်ပေးသွားသည်။ သူ၏ ခန္ဓာကိုယ်များနှင့် ကိုယ်ပွားများအားလုံးက လျင်မြန်သော အရှိန်အဟုန်နှင့် တိုးတက်နေကြသည်။