မင်းတို့ သေဖို့ အဆင်သင့်ဖြစ်ပြီလား....
Vol. 83 Ch. 1145
ဖရိုဖရဲဟင်းလင်းပြင်။
ထိုနေရာက လင်းယွမ်ကို နှိမ်နင်းမည့် တိုက်ပွဲမြေပြင်တစ်ခု ဖြစ်သွားခဲ့သည်။ မတညီသော အချိန်လေဟာနယ်မှ ဒဏ္ဍာရီအချိန်အရှင်သခင်များက လင်းယွမ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ အမှန်တော့ သူတို့သာမက လက်ရှိအချိန်လေဟာနယ်မှ ဒဏ္ဍာရီအချိန်အရှင်သခင်များလည်း ပါဝင်ကြသည်။
လင်းယွမ်ကို လွတ်မြောက်ခြင်းလမ်းစဉ် တက်လှမ်းခြင်းကို တားဆီးရန် အဆုံးမဲ့မဟာတာအိုစိတ်အသိ သတ်မှတ်လိုက်သောကပ်ဘေးကို ကပ်ဘေးသန်းသုံးရာ ဖြတ်ကျော်ထားသူတိုင်း စိန်ခေါ်နိုင်ကြသည်။ လက်ရှိအချိန်လေဟာနယ်မှ အချိန်အရှင်သခင်များက တတိယအဆင့် ကပ်ဘေးကို ရောက်ရှိနေသူတိုင်း ပါဝင်နိုင်ကြသည်။
ထို့ကြောင့် လင်းယွမ်ကို တိုက်ခိုက်သော အချိန်အရှင်သခင်များက တစ်သောင်းကျော်သွားခဲ့သည်။ သို့သော် သူတို့က လင်းယွမ်ကို တိုက်ခိုက်ရာတွင် အထောက်အပံ့ပေးရုံသာဖြစ်ပြီး အဓိကတိုက်ခိုက်သူများက မတူညီသော အချိန်လေဟာနယ်မှ ဒဏ္ဍာရီအချိန်အရှင်သခင် ငါးရာကျော်ပင်ဖြစ်သည်။
လင်းယွမ်က ဖရိုဖရဲထိုက်စုတာအိုကို နားလည်သွားသည်နှင့် ဖရိုဖရဲမူလတာအိုငါးခုက ပေါင်းစပ်သွားပြီး တာအိုအသစ်တစ်ခု မွေးဖွားလာခဲ့သည်။ သူ၏ စိတ်အာရုံက ထိုထဲသို့ နစ်မြှုပ်သွားခဲ့သောကြောင့် သူ၏ ကာကွယ်မှုများက လျော့ရဲသွားခဲ့သည်။ ပြင်ပစကြာဝဠာက ပျောက်ကွယ်သွားပြီး အသက်ကယ်နည်းလမ်းများကလည်း တဖြည်းဖြည်း ရပ်တန့်သွားသည်။
" အခွင့်ကောင်းပဲ။ " အဆုံးမဲ့အလင်းများနှင့်တည်ရှိမှုက စိတ်လှုပ်ရှားသွားသည်။
လင်းယွမ် ထိုသို့ဖြစ်နေသည့်အကြောင်းရင်းကို သူမသိသော်လည်း ၎င်းက ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်ကို သူသိထားသည်။ ဒဏ္ဍာရီအချိန်အရှင်သခင်ငါးရာကျော်က ပူးပေါင်းတိုက်ခိုက်နေကြသော်လည်း အချိန်အတော်ကြာထိ လင်းယွမ်ကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် ယခု လင်းယွမ်က ကာကွယ်မှုများကို ဆန္ဒအလျောက် စွန့်လွှတ်ပြီး သူတို့ကို အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။
" မူလအလင်းတန်း " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက သူ၏ စွမ်းအားအားလုံးကို တောက်ပသော အလင်းတန်းတစ်ခုတည်းတွင် စုစည်းလိုက်သည်။ ထိုအလင်းတန်းက အချိန်လေဟာနယ်များစွာကို တုန်ခါသွားစေခဲ့သည်။
၎င်းကို မြင်သောအခါ အခြားသူများကလည်း သူတို့၏ ကိုယ်ပိုင်သတ်ဖြတ်ရေးတိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံး၏ တိုက်ခိုက်မှုများက အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လမ်းညွှန်မှုအောက်တွင် ပေါင်းစပ်သွားကြပြီး ပိုမိုပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက လင်းယွမ်ဆီသို့ ဦးတည်သွားသည်။
ပြင်ပစကြာဝဠာကဲ့သို့ ကာကွယ်မှုများ မရှိသောကြောင့် ဒဏ္ဍာရီအချိန်အရှင်သခင်များ၏ တိုက်ခိုက်မှုများက လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ အတားအဆီးမရှိ ကျရောက်သွားသည်။
အဆုံးမဲ့အလင်းများနှင့်တည်ရှိမှုက လင်းယွမ်မှာ ကာကွယ်မှုအားလုံးကို စွန့်လွှတ်လိုက်သကဲ့သို့ ဖြစ်နေသည်ကို ကြည့်ရင်း အံ့ဩသွားသည်။
" ဟင်...."
ဒဏ္ဍာရီအချိန်အရှင်သခင်များ၏ တိုက်ခိုက်မှုက လင်းယွမ်ပေါ်သို့ ကျရောက်ခဲ့သော်လည်း သူ့ကို အနည်းငယ်မျှပင် တုန်လှုပ်စေနိုင်ခြင်းမရှိခဲ့ပေ။ ကြောက်စရာကောင်းသော စွမ်းအားများက လင်းယွမ်၏ ခန္ဓာကိုယ်နှင့် ထိတွေ့သည်နှင့် စုပ်ယူဝါးမြိုခြင်းခံလိုက်ရသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက မယုံကြည်နိုင်ဖြစ်သွားသည်။ သူတို့၏ သတ်ဖြတ်ရေးတိုက်ကွက်များ ပေါင်းစပ်မှုက အလွယ်တကူ တားဆီးခံလိုက်ရသည်။
" စွမ်းအားကို ဖုံးကွယ်ထားတာလား။ ဒါမှမဟုတ် အခုမှ အဆင့်တက်သွားတာလား။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက တွေးလိုက်သည်။
ယခု အဖြစ်အပျက်က ဖြစ်နိုင်ခြေနှစ်ခုသာရှိပြီး သူက ပထမဖြစ်နိုင်ခြေကို ပို၍ ဖြစ်နိုင်သည်ဟု ခန့်မှန်းသည်။ အကြောင်းမှာ တိုက်ပွဲအတွင်း အဆင့်တက်ခြင်းက မယုံကြည်နိုင်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။ နယ်ပယ်က ပိုမြင့်လေ အဆင့်တက်ရန်အတွက် လိုအပ်ချက်များက ပိုမိုတင်းကျပ်လေဖြစ်သည်။
တိုက်ပွဲအလယ်တွင် အဆင့်တက်ခြင်းက အားနည်းနေသော အချိန်တွင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လွတ်မြောက်ခြင်းလမ်းစဉ်အနီးသို့ ချဉ်းကပ်နေသော သူတို့အတွက် ၎င်းက စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်သည်။
လင်းယွမ်က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာက မယုံကြည်နိုင်စရာကောင်းလောက်အောင် သန်မာနေပြီး ဒဏ္ဍာရီအချိန်အရှင်သခင်ငါးရာကျော်၏ ပူးပေါင်းတိုက်ခိုက်မှုများကို မည်သည့်နည်းလမ်းမှ အသုံးမပြုဘဲ သူ၏ ရုပ်ခန္ဓာ သက်သက်ဖြင့် ခုခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။
" မင်းတို့ သေဖို့ အဆင်သင့်ဖြစ်ပြီလား။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး ဒဏ္ဍာရီအချိန်အရှင်သခင်များစွာကို ကြည့်လိုက်သည်။
" ဟားဟားဟား...." အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ရယ်မောလိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " နဂါးငွေ့တန်း ငါတို့ မင်းကို လျှော့တွက်မိသွားတာပဲ။ မင်းက ဒီလိုကာကွယ်ရေးနည်းစနစ်တစ်ခုကို ဖုံးကွယ်ထားခဲ့တာကိုး။ "
" ကာကွယ်ရေးအပိုင်းမှာ နဂါးငွေ့တန်း မင်းက အဆုံးမဲ့ဒိုင်မန်းရှင်းရဲ့ ခေတ်အဆက်ဆက်မှာ ဘယ်သူမှမယှဉ်နိုင်ဘူးဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အဲ့ဒါက ဒီလောက်ပါပဲ။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ခေါင်းခါလိုက်သည်။ " သန်မာတဲ့ ကာကွယ်ရေးရှိနေတာက မင်းငါတို့ကို သတ်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ငါတို့မှာ အသက်ဆက်ဖို့အတွက် မရေတွက်နိုင်တဲ့ နည်းလမ်းတွေအပြင် မရေတွက်နိုင်တဲ့ အချိန်လေဟာနယ်တွေရဲ့ အတိတ်နဲ့အတာဂတ်မှာ ငါတို့အတွက် အစီအစဉ်တွေ ရှိပြီးသားပဲ။ ငါတို့ နာမည်တွေကို မှတ်မိနေတဲ့သူရှိနေသရွေ့ ငါတို့ကို မသေနိုင်တဲ့သူတွေလို့ သတ်မှတ်လို့ရတယ်။ မင်း ငါတို့ကို ဘယ်လိုသတ်မှာလဲ။ "
လင်းယွမ်က များပြားသော တည်ရှိမှုများကို ကြည့်ပြီး သူ၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု ပေါ်လာသည်။ ထိုတံဆိပ်၏ အနှစ်သာရက ဖရိုဖရဲမူလတာအိုငါးမျိုးမှ မွေးဖွားလာသော တာအိုအသစ်ဖြစ်သည်။ လင်းယွမ်က ၎င်းကို အသက်သွင်းရန် ကြိုးစားလိုက်သောအချိန်တွင် သူ့ကို ဗဟိုပြုပြီး စွမ်းအားတစ်ခုက အရပ်မျက်နှာအားလုံးကို ပျံ့နှံ့သွားသည်။ ထိုစွမ်းအား ပျံ့နှံ့သွားသည်နှင့် ဒဏ္ဍာရီအချိန်အရှင်သခင်များ တည်ဆောက်ထားသော လှောင်အိမ်များက ချက်ချင်း ကြေမွသွားခဲ့သည်။
ဝုန်း ဝုန်း ဝုန်း....
လှောင်အိမ်များ ပြိုလဲသွားပြီး ဒဏ္ဍာရီအချိန်အရှင်သခင်များက ပျံ့နှံ့လာသော စွမ်းအားကို ခံစားမိလိုက်ကြသည်။
" ဒါကဘာလဲ။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက သူငယ်အိမ်များ ကျုံ့သွားသည်။ သူက တစ်ခါမှမကြုံတွေ့ဖူးသော ဖိအားမျိုးကို ခံစားလိုက်ရပြီး သူ၏ စိတ်ထဲမှ တုန်လှုပ်သွားသည်။
" မတောင့်ခံနိုင်ဘူး။ သေချာပေါက် မတောင်ခံနိုင်ဘူး။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုစွမ်းအားကို သူလုံးဝတားဆီးနိုင်ခြင်းမရှိသည်ကို သိလိုက်ရသည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " သူက အဆုံးမဲ့အလင်းများအဖြစ် ပေါက်ကွဲသွားပြီး အရပ်မျက်နှာအမျိုးမျိုးသို့ ထွက်ပြေးသွားသည်။ တားဆီး၍မရနိုင်သောကြောင့် ရှောင်ရှားရန်သာ ကြိုးစားရမည်ဖြစ်သည်။
အခြားသူများကလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသွားကြပြီး ချက်ချင်း ထွက်ပြေးသွားကြသည်။ အဝေးတွင် လက်ရှိအချိန်လေဟာနယ်မှ ဒဏ္ဍာရီအချိန်အရှင်သခင်များက အချိန်မီ ထွက်ပြေးနိုင်ခြင်းမရှိဘဲ ထိုစွမ်းအားနှင့် ချက်ချင်း ထိတွေ့သွားခဲ့သည်။
" အား.... အား...." ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်က မမြင်ရသော စွမ်းအား၏ တိုက်ခိုက်မှုအောက်တွင် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်အသိနှင့် စိတ်စွမ်းအားတို့က တိုက်ရိုက်ပျက်စီးသွားခဲ့သည်။
အကယ်၍ ထိုမျှသာဆိုလျှင် သူက ယခုလောက်ထိ ထိတ်လန့်နေမည်မဟုတ်ပေ။ သို့သော် ထိုစွမ်းအားပျံ့နှံ့လာသည်နှင့်အမျှ သူ၏ အတိတ်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ အချိန်အတိုင်းအတာများပေါ်မှ အသက်ကယ်နည်းလမ်းများနှင့် သူ၏ တည်ရှိမှုအမှတ်အသားများပါ ဖျက်ဆီးခံလိုက်ရသည်။ သူ လုံးဝ သေဆုံးသွားခြင်းဖြစ်ပြီး ပြန်လည်ရှင်သန်ရန် အခွင့်အရေးမရှိတော့ပေ။ ၎င်းက ဒဏ္ဍာရီအချိန်အရှင်သခင်များအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
" နဂါးငွေ့တန်း ငါမှားပါပြီ ငါမှားပါပြီ။ " စွမ်းအားများ ဆက်လက်ပျံ့နှံ့လာသည်နှင့်အမျှ ဦးချိုနှင့် ဒဏ္ဍာရီအချိန်အရှင်သခင်၏ အော်ဟစ်သံများက ပြတ်တောက်သွားပြီး လုံးဝ ဖျက်ဆီးခြင်း ခံလိုက်ရသည်။
" နဂါးငွေ့တန်း " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ပြန်ပေါ်လာပြီး ဒဏ္ဍာရီအချိန်အရှင်သခင်က လုံဝသေဆုံးသွားသည်ကို သူလည်း သိရှိလိုက်သည်။
ကပ်ဘေးသန်းနှစ်ရာကျော် ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်ကို လုံးဝသေဆုံးသွားရန် အဆုံးမဲ့မဟာတာအိုစိတ်အသိကသာ လုပ်နိုင်သည်။ သူ၏ စွမ်းအားအကုန် ထုတ်လျှင်တောင် ပြိုင်ဘက်၏ အဓိကတိုက်ခိုက်ရေးခန္ဓာနှင့် ကိုယ်ပွားအချို့ကို သတ်ပစ်နိုင်ရုံသာဖြစ်ပြီး လုံးဝသတ်ပစ်ရန် မဖြစ်နိုင်ပေ။
" မင်းက လွတ်မြောက်သွားပြီလား။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက လေးနက်စွာ မေးလိုက်သည်။ ယခုအချိန်တွင် လင်းယွမ်၏ စွမ်းအားက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သာမန်လှုပ်ရှားမှုတစ်ခုနှင့် ကပ်ဘေးသန်းနှစ်ရာ ကျော်ဖြတ်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်ကို လုံးဝ သတ်ပစ်နိုင်သည်။
" လွတ်မြောက်ဖို့က အဝေးကြီး လိုပါသေးတယ်။ " လင်းယွမ်က ခေါင်းခါပြီး ကြောက်စရာကောင်းသော တည်ရှိမှုငါးရာကျော်ကို ကြည့်လိုက်သည်။ " မင်းတို့အလှည့်ပဲ။ "
ဝုန်း....
မမြင်ရသော စွမ်းအားက ရုတ်တရက် လွှမ်းခြုံလာသောကြောင့် အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ခုခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
" မလွတ်မြောက်သေးဘူးဟုတ်လား။ " ထိုစွမ်းအားနှင့် ထိတွေ့လိုက်သည်နှင့် သူ၏ အတိတ်ခန္ဓာများနှင့် အနာဂတ်ခန္ဓာများ၏ လေးဆယ်ရာခိုင်နှုန်းကျော်က ဖျက်ဆီးခံလိုက်ရသည်ကို တွေ့ရှိသွားသည်။