← Chapters

အမြစ်ဖြတ်ချေမှုန်းခြင်း....

Vol. 83 Ch. 1146

အမြစ်ဖြတ်ချေမှုန်းခြင်း....

Vol. 83 Ch. 1146

" ထွက်သွားကြ။ အားလုံး ထွက်သွားကြစမ်း။ မင်းတို့ရဲ့ သက်ဆိုင်ရာ အချိန်လေဟာနယ်တွေဆီ ပြန်ကြတော့။ "အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက ထိတ်လန့်တုန်လှုပ်သွားသည်။

သူက လုံးဝ ကျဆုံးသွားခြင်း မရှိသေးသော်လည်း အတိတ်နှင့် အနာဂတ် အချိန်အတိုင်းအတာများပေါ်မှ အမှတ်အသား လေးဆယ်ရာခိုင်နှုန်းကျော် ဖျက်ဆီးခံလိုက်ရပြီးနောက် လင်းယွမ်သာ နောက်ထပ် နှစ်ချက်သုံးချက် တိုက်ခိုက်လိုက်လျှင် သူလည်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။

"သက်ဆိုင်တဲ့ အချိန်လေဟာနယ်ဆီ ပြန်ရမယ်။ " ကြောက်စရာကောင်းသော တည်ရှိမှုငါးရာကျော်က ချက်ချင်း နားလည်သွားကြသည်။ သူတို့က လက်ရှိအချိန်လေဟာနယ်မှ သက်ရှိများမဟုတ်ကြပေ။ သူတို့က သူတို့၏ သက်ဆိုင်ရာ အချိန်လေဟာနယ်များဆီသို့ ပြန်သွားလျှင် လင်းယွမ်က သူတို့ကို သတ်ရန်အတွက် နောက်မှ လိုက်လာရမည်ဖြစ်သည်။

အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ သဘောတူညီမှု မရှိသောကြောင့် အတိတ်နှင့် အနာဂတ် အချိန်လေဟာနယ်များတွင် လှုပ်ရှားခြင်းက လင်းယွမ်အပေါ် ကြီးမားသော တန်ပြန်သက်ရောက်မှုများကို ဖြစ်စေလိမ့်မည်။

သူတို့အားလုံးက သက်ဆိုင်ရာ အချိန်လေဟာနယ်များတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ကြသည်။ သူတို့သေဆုံးသွားခြင်းက အနာဂတ်အပေါ် ကြီးမားသော သက်ရောက်မှုရှိပေလိမ့်မည်။ မည်သူမှ တောင့်ခံနိုင်စွမ်းမရှိသော တန်ပြန်သက်ရောက်မှုကို ခံရပေလိမ့်မည်။ လွတ်မြောက်ခြင်းမရှိဘဲ လင်းယွမ်က ၎င်းကို လုပ်မည်မဟုတ်ပေ။

" သွားမယ် သွားမယ်...." မတူညီသော အချိန်လေဟာနယ်မှ တည်ရှိမှုများက တွန့်ဆုန်ခြင်းမရှိဘဲ လက်ရှိအချိန်လေဟာနယ်၏ ငြင်းပယ်မှုကို လက်ခံပြီး သူတို့၏ မူလအချိန်လေဟာနယ်သို့ ပြန်သွားရန် ကြိုးစားလိုက်ကြသည်။

" ထွက်ပြေးချင်တာလား။ " လင်းယွမ်က သူတို့၏ ရည်ရွယ်ချက်ကို နားလည်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

" ကောင်းကင်နဲ့ မြေကြီးကို လှောင်အိမ်အဖြစ် ဖန်တီးခြင်း။ "လင်းယွမ်က သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်နှင့် သူ၏ နဖူးပေါ်မှ အမှတ်အသားက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူ၏ စွမ်းအားက အဆုံးမဲ့ဒိုင်မန်းရှင်းအတားအဆီးများဆီသို့ ပျံ့နှံ့သွားသည်။

ထိုအချိန်တွင် လက်ရှိအချိန်လေဟာနယ်၏ အဆုံးမဲ့ဒိုင်မန်းရှင်းအတားအဆီးက လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ အဝင်သာရှိပြီး အထွက်မရှိပေ။ လက်ရှိအချိန်လေဟာနယ်မှ မဟုတ်သော တည်ရှိမှုများက ပိတ်မိသွားခဲ့ပြီဖြစ်သည်။

" မဟုတ်ဘူး...." မတူညီသော အချိန်လေဟာနယ်မှ တည်ရှိမှုများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကြပြီး အချို့က လက်ရှိအဓိကတိုက်ခိုက်ရေးခန္ဓာကို ဖျက်ဆီးပစ်လိုက်ကြသည်။

သို့သော် အဓိက တိုက်ခိုက်ရေးခန္ဓာကို ဖျက်ဆီးလိုက်လျှင်တောင် အမှတ်အသား အနည်းငယ် ကျန်ရှိနေခဲ့သည်။ ၎င်းတို့ကို မမြင်ရသော စွမ်းအားက ရိုက်ခတ်သွားချိန်တွင် အတိတ်နှင့် အနာဂတ်အချိန်အတိုင်းအတာများစွာပေါ်မှ အသက်ကယ်နည်းလမ်းများဆီကို ပျံ့နှံ့သွားခဲ့သည်။

ဝုန်း....

လင်းယွမ်၏ စွမ်းအားက လှိုင်းလုံးများသဖွယ် ရိုက်ခတ်သွားသည်။ ကပ်ဘေးသန်းတစ်ရာ၊ သန်းနှစ်ရာကျော်ဖြတ်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များက ခဏပင်တောင့်ခံနိုင်စွမ်းမရှိဘဲ တိုက်ရိုက်ဖျက်ဆီးခံလိုက်ရသည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အရာအားလုံး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

ကပ်ဘေးသန်းသုံးရာနီးပါး ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များက အသက်ရှူချိန် အနည်းငယ်လောက် တောင့်ခံနိုင်ခဲ့သော်လည်း ထူးခြားခြင်းမရှိပေ။ သူတို့လည်း အလားတူ ဖျက်ဆီးခံလိုက်ရသည်။

လွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်နားသို့ ရောက်နေသော တည်ရှိမှုငါးရာကျော်ကတော့ ကိုင်တွယ်ရ ပိုမိုခက်ခဲသည်။ သို့သော် အသစ်ဖြစ်ပေါ်လာသော တာအိုစွမ်းအား၏ တိုက်ခတ်မှုအောက်တွင် ပျက်စီးသွားရန် အချိန်တစ်ခုသာ လိုသည်။

လင်းယွမ်က အချိန်လေဟာနယ်၏ အထက်တွင် ထိုင်နေသည်။ သူ၏ အောက်မှ ဒိုင်မန်းရှင်းတစ်ခုလုံးက ဆေးမီးဖိုတစ်ခုကဲ့သို့ ဖြစ်နေပြီး ဒဏ္ဍာရီအချိန်အရှင်သခင်များနှင့် ကြောက်စရာကောင်းသော တည်ရှိမှုများကို ချေဖျက်သန့်စင်နေသည်။

အချိန်လေဟာနယ်က တုန်ခါသွားပြီး အချိန်အတိုင်းအတာများက လိမ်ဖည်ပြီး ပြိုလဲသွားသည်။ ငွေရောင်ပုံရိပ်တစ်ခုက အချိန်အတိုင်းအတာအတိုင်း လိုက်ပါလာပြီး သူ၏ မူလအချိန်လေဟာနယ်ကို ပြန်သွားနေသည်။

" နောက်ဆုံးတော့ ကပ်ဘေးသန်းနှစ်ရာကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ " ငွေရောင်ပုံရိပ်က ပြုံးလိုက်သည်။ "ငါဝမ်ဝေအရှင်သခင်က လွတ်မြောက်ခြင်းလမ်းစဉ်နဲ့ ပိုပြီး နီးစပ်သွားပြီ။ "

ဝမ်ဝေအရှင်သခင်က ဝေးကွာသော အနာဂတ် အချိန်လေဟာနယ်တစ်ခုဆီသို့ သွားရောက်ပြီး ကပ်ဘေးပစ်မှတ်ကို သတ်ဖြတ်ကာ အဆုံးမဲ့မဟာတာအိုစိတ်အသိက သတ်မှတ်ထားသော စမ်းသပ်မှုကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ယခု သူက အနာဂတ်အချိန်လေဟာနယ်မှ မူလအချိန်လေဟာနယ်သို့ ပြန်လာနေခြင်းဖြစ်သည်။

ထိုအချိန်တွင် အလွန်ရှုပ်ထွေးနေသော အချိန်လေဟာနယ်တစ်ခုက ဝမ်ဝေအရှင်သခင်၏ ပြန်လမ်းကို သက်ရောက်သွားပြီး သူ့ကို အတင်းအကျပ် ဆွဲခေါ်သွားသည်။ ဝမ်ဝေအရှင်သခင်က အစပိုင်းတွင် သိပ်ဂရုမစိုက်သော်လည်း အနည်းငယ် လေ့လာကြည့်လိုက်သည်နှင့် တစ်ခါမှမကြုံဖူးသော အသက်ရှုကြပ်မှုကို ခံစားလိုက်ရသည်။

အချိန်လေဟာနယ်တစ်ခုလုံးက လုံးဝ ပိတ်ဆို့ခံထားရသည်။ ထိုထဲသို့ ကျရာက်သွားသည်နှင့် ဝမ်ဝေအရှင်သခင်က သူ၏ မူလအချိန်လေဟာနယ်နှင့် ဆက်သွယ်မှု လုံးဝ ပြတ်တောက်သွားပြီး ပြန်၍မရတော့သည်ကို သိလိုက်ရသည်။

ဝမ်ဝေအရှင်သခင်ကို ပို၍ အံ့ဩသွားစေသည်မှာ ထိုအချိန်လေဟာနယ်ထဲတွင် ပြင်းထန်ပြီး ကြောက်စရာကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပျက်နေခြင်း ဖြစ်သည်။

သူ့ထက် မနိမ့်ကျသော ဒဏ္ဍာရီအချိန်အရှင်သခင်များက တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေကြပြီး ရုပ်အလောင်းများဆီမှ သွေးများက ဟင်းလင်းပြင်အနှံ့ ပျံ့နှံ့နေသည်။ ကြောက်စရာကောင်းသော အော်ရာများရှိသည့် တည်ရှိမှုများကလည်း အလားတူ လျင်မြန်စွာ ပျက်စီးနေသည်။

သူတို့က အနည်းဆုံး ကပ်ဘေး သန်းသုံးရာ တစ်ထာင်နှစ်ထောင်ဖြတ်ကျော်ထားကြပြီး လွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်ကို နီးကပ်နေသူများဖြစ်ကြသည်။ သို့သော် သူတို့အားလုံးက ခုခံနိုင်စွမ်းမရှိဘဲ ကျဆုံးနေကြသည်။

ဝမ်ဝေအရှင်သခင်က ကံကောင်းပြီး ထူးခြားသော စွမ်းအား မသက်ရောက်သော နေရာသို့ ဆင်းသက်မိခဲ့ခြင်းဖြစ်သည်။ သူက တိုက်ပွဲမြေပြင်၏ ထောင့်တစ်နေရာတွင် ရပ်နေပြီး သူ၏ ပတ်ပတ်လည်တွင် မရေတွက်နိုင်သော အလောင်းများ ရှိနေသည်။

ဝမ်ဝေအရှင်သခင်က သူ၏ အတွေးများကို ခက်ခက်ခဲခဲ ထိန်းချုပ်ပြီး အချိန်လေဟာနယ်၏ အမြင့်ဆုံးနေရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ပုံရိပ်တစ်ခု ထိုင်နေပြီး သူက သတ်ဖြတ်မှုအားလုံး၏ မူလအစဖြစ်သည်။ ဝမ်ဝေအရှင်သခင်က ကျယ်ပြောလှသော ကောင်းကင်ကို ​မော့ကြည့်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ထိုပုံရိပ်ကို ငေးကြည့်နေမိသည်။

ဝမ်ဝေအရှင်သခင်၏ မရည်ရွယ်ဘဲ ကျူးကျော်လာမှုကြောင့် သတ်ဖြတ်မှုများက ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ မတူညီသော အချိန်လေဟာနယ်မှ တည်ရှိမှုများက မည်မျှရုန်းကန်သည်ဖြစ်စေ မမြင်ရသော စွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် လျင်မြန်စွာ ပျက်စီးသွားကြပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မှ အမှတ်အသားအားလုံးက ဖျက်ဆီးခံလိုက်ရသည်။

" ဒါ ဒါက ဘာဖြစ်တာလဲ။ ငါဒီလိုမျိုးတစ်ခါမှမကြားဖူးဘူး။ အချိန်အရှင်သခင်တွေ အများကြီး တစ်ချိန်တည်း ကျဆုံးနေကြတယ်။ ပြီးတော့ သူတို့က လုံးဝကျဆုံးသွားတာပဲ။ ဒါက အဆုံးမဲ့မဟာတာအိုစိတ်အသိရဲ့ လွှမ်းမိုးမှုအော​က်မှာ ရှိနေတာလား။ " ဝမ်ဝေအရှင်သခင်က တိတ်ဆိတ်သွားသည်။

သူက မရေတွက်နိုင်သော အချိန်အတိုင်းအတာများကို စောင့်ကြည့်ခဲ့ပြီး အနာဂတ်အချိန်အတိုင်းအတာများဆီသိူ့ ခရီးနှင်ဖူးသော်လည်း ယခုကဲသို့ ဒဏ္ဍာရီအချိန်အရှင်သခင်များက ပုရွက်ဆိတ်များသဖွယ် သတ်ဖြတ်ခံနေရသည်ကို တစ်ခါမှမကြားဖူးခဲ့ပေ။

ဝုန်း....

အဝေးရှိ လှိုင်းထန်သော စွမ်းအားများကြားတွင် ပုံရိပ်တစ်ခုက အတင်းအကျပ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်က ပျက်စီးခြင်းအရှင်သခင်ပင်ဖြစ်သည်။ ထိုစွမ်းအားများကို ရင်ဆိုင်ရချိန်တွင် လွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်နှင့် နီးကပ်နေသော တည်ရှိမှုများပင် အသက်ရှင်ရန် ခဲယဉ်းနေသည်။

ကပ်ဘေးသန်းသုံးရာကို ဖြတ်ကျော်ထားသော ပျက်စီးခြင်းအရှင်သခင်ဆို ပြောစရာပင်မလိုပေ။ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားများက ပျက်စီးနေပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ချန်ထားခဲ့သော အသက်ကယ်နည်းလမ်းများအားလုံး ထိခိုက်ကုန်သည်။ မကြာမီ လုံးဝပျက်စီးတော့မည့် ခံစားချက်က ပျက်စီးခြင်းအရှင်သခင်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

" အဆုံးမဲ့မဟာတာအိုစိတ်အသိ... မင်းဘာလို့ထွက်မလာတာလဲ။ ဒါက မင်းငါတို့ကို တားခိုင်းချင်တဲ့ ပစ်မှတ်လား။ ဟားဟားဟား ခွေးမသား အဆုံးမဲ့မဟာတာအိုစိတ်အသိ။ " ​ပျက်စီးခြင်းအရှင်သခင်က သေခါနီးအချိန်တွင် အရာအားလုံးကို လက်လွှတ်လိုက်ပြီး အဆုံးမဲ့နာကျည်းမှု၊ မကျေနပ်မှုများနှင့် အဆုံးမဲ့မဟာတာအိုစိတ်အသိကို စတင်ကျိန်ဆဲလေတော့သည်။

အကယ်၍ သူတို့က ထိုကပ်ဘေးကို ရှုံးနိမ့်သွားလျှင်တောင် အဆုံးမဲ့မဟာတာအိုစိတ်အသိက သူတို့ကို ဖျက်ဆီးမည့်အန္တရာယ်မရှိပေ။ သို့သော် ယခု လင်းယွမ်၏ စွမ်းအားနှင့် အဆုံးမဲ့မဟာတာအိုစိတ်အသိက ဖျက်ဆီးစရာမလိုဘဲ လင်းယွမ်က တို်ရိုက်ဖျက်ဆီးပစ်နေသည်။

အဆုံးမဲ့မဟာတာအိုစိတ်အသိကို နာကျည်းနေသူက ပျက်စီးခြင်းအရှင်သခင်တစ်ယောက်တည်းမဟုတ်ပေ။ အခြားဒဏ္ဍာရီအချိန်အရှင်သခင်များနှင့် တည်ရှိမှုများကလည်း ထိုအတူ ခံစားနေကြရသည်။ သူတို့အပေါ် လင်းယွမ်၏ သတ်ဖြတ်မှုများက နားလည်ပေး၍ရသည်။

နောက်ဆုံးတွင် သူတို့က စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ လင်းယွမ်၏ မိသားစုများ၊ ဆွေမျိုးများနှင့် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ လင်းယွမ်က ထိုသို့တိုက်ခိုက်ခြင်းက ပုံမှန်သာဖြစ်သည်။

ကပ်ဘေးသန်းပေါင်းများစွာကို ဖြတ်ကျော်ထားသော ​ကြောက်စရာကောင်းသော တည်ရှိမှုများက အဆုံးမဲ့တာအိုစိတ်အသိ၏ ကပ်ဘေးများအကြောင်းကို သိရှိထားသည်။ ၎င်းက စိန်ခေါ်မှုရှိသော်လည်း မျှော်လင့်ချက်ရှိသေးသည်။ မျှော်လင့်ချက်က သေးငယ်လျှင်တောင် လုံးဝ မကျော်ဖြတ်နိုင်ခြင်းမျိုး မရှိခဲ့ပေ။

သို့သော် ယခု လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့က လင်းယွမ်ကို တားဆီးနိုင်ခြင်း မရှိသကဲ့သို့ ထွက်လည်းမ​ပြေးနိုင်ကြပေ။ ထိုအခြေအနေတွင် သူတို့အားလုံးအတွက် အဆုံးမဲ့မဟာတာအိုစိတ်အသိက ဒေါသပုံချစရာအရာတစ်ခုဖြစ်လာသည်။

All Chapters