← Chapters

လွတ်မြောက်ခြင်းလမ်းစဉ်မဟုတ်သော အဆုံးမဲ့ကပ်ဘေး...

Vol. 83 Ch. 1147

လွတ်မြောက်ခြင်းလမ်းစဉ်မဟုတ်သော အဆုံးမဲ့ကပ်ဘေး...

Vol. 83 Ch. 1147

" ငါနားမလည်ဘူး။ အဆုံးမဲ့မဟာတာအိုစိတ်အသိက အောင်မြင်ဖို့ မျှော်လင့်ချက်မရှိတဲ့ ကပ်ဘေးကို ဘာလို့ပေးရတာလဲ။ ငါတို့ကို သေခိုင်းဖို့လား။ "

" ဒါမှမဟုတ် အဆုံးမဲ့ကပ်ဘေး လွတ်မြောက်ခြင်းလမ်းစဉ်ရဲ့ အဆုံးသတ်က လမ်းဆုံးကြီး ဖြစ်နေတာလား။ ပြီးတော့ ဒီလမ်းဆုံးကို ချဉ်းကပ်လာတဲ့ ဘယ်သူမဆို နဂါးငွေ့တန်း ဖျက်စီးတာခံရဖို့ ဒီအချိန်လေဟာနယ်ကို ရောက်လာကြတာလား။ "

ကြောက်စရာကောင်းသော တည်ရှိမှုများက အဆုံးမဲ့နာကျည်းမှု၊ မကျေနပ်မှုများနှင့်အတူ ပျောက်ကွယ်းသွားကြသည်။ သို့သော် သူတို့က လုံးဝ မပျောက်ကွယ်သွားမီ မတူညီသော အချိန်လေဟာနယ်များတွင် ထားခဲ့သော အသက်ကယ်နည်းလမ်းများကို ပေါက်ကွဲစေပြီး ၎င်းတို့ကို နာကျည်းမှုများနှင့် စွဲလမ်းမှုများအဖြစ် အချိန်လေဟာနယ်များစွာသို့ ပျံ့နှံ့သွားစေခဲ့သည်။

ထိုနာကျည်းမှုများနှင့် စွဲလမ်းမှုများက သူတို့ပြန်လည်ရှင်သန်ရန်အတွက် အထောက်အကူမပြုနိုင်ပေ။ ၎င်းက အနာဂတ်အချိန်အရှင်သခင်များအတွက် သတိပေးချက်အနေဖြင့် သတင်းစကားတစ်ခု ပါးလိုက်ခြင်း ဖြစ်သည်။

" မသွားနဲ့ လုံးဝမသွားကြနဲ့။ "

သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေသည်။ စစ်​မြေပြင်၏ ထောင့်တစ်နေရာတွင် ရပ်နေသော ဝမ်ဝေအရှင်သခင်က မရေတွက်နိုင်သော တည်ရှိမှုများ၏ နာကျည်းစွာ အော်ဟစ်သံများက ကြားနေရသည်။

" အဆုံးမဲ့မဟာတာအိုစိတ်အသိက ကပ်ဘေးတစ်ခု ပေးမှာလား။ အဆုံးမဲ့ကပ်ဘေး လွတ်မြောက်ခြင်းလမ်းစဉ်က လမ်းဆုံးနေတာလား။ နောက်ဆုံးကပ်ဘေး ခံယူတဲ့သူကို ဒီအချိန်လေဟာနယ်ဆီ ရောက်လာအောင် လုပ်မှာလား။ " ဝမ်ဝေအရှင်သခင်က တုန်လှုပ်သွားသည်။ သူက အဆုံးမဲ့ကပ်ဘေးလမ်းစဉ်အတိုင်း ဆက်သွားလျှင် အချိန်လေဟာနယ်၏ ထိပ်ဆုံးတွက် ထိုင်နေသော ထိုပုံရိပ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

ဝုန်း ဝုန်း....

တာအိုအသစ်၏ စွမ်းအားများက ဆက်လက်ပျံ့နှံ့နေပြီး နောက်ဆုံးတွင် ဝမ်ဝေအရှင်သခင်ရပ်နေသော နေရာကို လွှမ်းခြုံသွားသည်။

ဝမ်ဝေအရှင်သခင်က ခါးသီးစွာ ရယ်မောလိုက်ပြီး သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်မရှိတော့ပေ။ ထိုစွမ်းအားနှင့် ထိတွေ့မိသော ဘယ်သူမဆို အမြစ်ပြတ် ချေမှုန်းခံရမည်ဖြစ်သည်။ ဝမ်ဝေအရှင်သခင်က ၎င်းအချိန်လေဟာနယ်သို့ မရည်ရွယ်ဘဲ ဝင်ရောက်မိခဲ့ပြီး သူ၏ မူလအချိန်လေဟာနယ်သို့ အာရုံခံနိုင်စွမ်းမရှိဘဲ ဤနေရာတွင် ပိတ်မိနေခဲ့သောကြောင့် ရလဒ်က ကျဆုံးခြင်းသာ ဖြစ်ပေလိမ့်မည်။

" ဖြစ်သမျှအကြောင်း အကောင်းပေါ့။ အနာဂတ်မှာ သေတာနဲ့ အခုသေတာနဲ့ ဘာမှမထူးခြားဘူး။ " ဝမ်ဝေအရှင်သခင်က တွေးလိုက်သည်။ အကယ်၍ အနာဂတ်တွင် အချိန်လေဟာနယ်၏ ထိပ်ဆုံးတွင် ထိုင်နေသော ထိုပုံရိပ်နှင့် ရင်ဆိုင်ရသည်နှင့် ယှဉ်လျှင် သူ ယခုပျောက်ကွယ်သွားခြင်းက ပိုကောင်းသည်။ သူက အနာဂတ်တွင် ဤအချိန်လေဟာနယ်သို့ ရောက်မလာချင်တော့ပေ။

ထိုအချိန်တွင် အချိန်လေဟာနယ်၏ အမြင့်ဆုံးတွင် ထိုင်နေသော လင်းယွမ်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး စစ်မြေပြင်၏ ထောင့်တစ်နေရာသို့ ကြည့်လိုက်သည်။ သူက ထိုလူကို မတွေ့ခဲ့ဖူးသော်လည်း ဝမ်ဝေဟင်းလင်းပြင်ထဲတွင် သူ၏ တည်ရှိမှုကို လင်းယွမ်ခံစားခဲ့ဖူးသည်။

" မင်းက ဒီအချိန်လေဟာနယ်ကို မတော်တဆ ရောက်လာတာပဲ။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။ " ပြန်တော့။ မင်းရဲ့ ကိုယ်ပိုင်အချိန်လေဟာနယ်ဆီ ပြန်သွားတော့။ "

လင်းယွမ်က သူ၏ မျက်လုံးများကို နောက်တစ်ကြိမ် ပြန်မှိတ်လိုက်သည်။ သူက အချို့နေရာများတွင် ဝမ်ဝေဟင်းလင်းပြင်မှ အကျိုး​ကျေးဇူးအချို့ ရရှိခဲ့သည်။ ထို့ကြောင့် သူက ဝမ်ဝေအရှင်သခင်ကို တိုက်ခိုက်ခြင်းမရှိဘဲ သူ၏ မူလအချိန်လေဟာနယ်သို့ ပြန်ရန်အတွက် စွမ်းအားအချို့ ချန်လှပ်ပေးခဲ့သည်။

တစ်ချိန်တည်းတွက် သေရန်အတွက် စောင့်ဆိုင်း​နေသော ဝမ်ဝေအရှင်သခင်က သူဆီသို့ တိုက်ခတ်လာသော စွမ်းအားများက လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားသည်။ ထိုမျှသာမက အဝင်သာရှိပြီး အထွက်မရှိသော အချိန်လေဟာနယ်က အပေါက်တစ်ခု ပွင့်လာခဲ့သည်။ နူးညံ့သော စွမ်းအားတစ်ခုက ဝမ်ဝေအရှင်သခင်ကို ပွင့်သွားသော အပေါက်ထဲသို့ ဆွဲခေါ်သွားပြီး ထိုအချိန်လေဟာနယ်မှ အဝေးသို့ ခေါ်ထုတ်သွားသည်။

သတ်ဖြတ်မှုများက အရှိန်အဟုန် မြင့်စွာဖြင့် ဆက်လက်ဖြစ်ပျက်နေသည်။ အဆုံးမဲ့ဒိုင်မန်းရှင်းတစ်ခုလုံးက လင်းယွမ်၏ သတ်ကွင်းဖြစ်လာခဲ့သည်။ လက်ရှိအချိန်လေဟာနယ်မှ ဒဏ္ဍာရီအချိန်အရှင်သခင်များက လင်းယွမ်၏ လက်စားချေမှုနှင့် ချေမှုန်းမှုအောက်သို့ ရောက်ရှိလာခဲ့သည်။ သူတို့က လင်းယွမ်ကို နည်းမျိုးစုံနှင့် ခြိမ်းခြောက်ခဲ့သောကြောင့် လင်းယွမ်က သူတို့ကို လုံးဝ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

" ဘာတွေဖြစ်နေတာလဲ။ ဒဏ္ဍာရီအချိန်အရှင်သခင်တွေက ဘာလို့တစ်ယောက်ပြီးတစ်ယောက် ပျက်စီးနေကြတာလဲ။ " ကျန်ရှိသော ဒဏ္ဍာရီအချိန်အရှင်သခင်များက ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က လင်းယွမ်ကို တားဆီးရန် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် မပါဝင်ခဲ့ကြသော ဒဏ္ဍာရီအချိန်အရှင်သခင်အချို့က မရည်ရွယ်ဘဲ အသက်အန္တရာယ်မှ လွတ်မြောက်သွားခဲ့သည်။

" နဂါးငွေ့တန်းက လွတ်မြောက်သွားပြီလား။ "

" မတူညီတဲ့ အချိန်လေဟာနယ်ကလာတဲ့ တည်ရှိမှုတွေတောင် လုံးဝ ပျက်စီးသွားတာလား။ "

"ဒါက ကြောက်စရာကောင်းတယ်။ "

" လွတ်မြောက်ခြင်း။ ဒါက လွတ်မြောက်ခြင်းမဟုတ်ရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ။ "

ဒဏ္ဍာရီအချိန်အရှင်သခင်များက သတ်ဖြတ်မှုများကို အဝေးမှကြည့်ပြီး သူတို့၏ စိတ်ထဲတွင် ထိတ်လန့်ရိုသေမှုများဖြင့် ပြည့်နှက်နေသည်။

" နဂါးငွေ့တန်း " ခရမ်းရောင်အလင်းအရှင်သခင်က တံတွေးများကို မြိုချလိုက်ပြီး ဝမ်ဝေဟင်းလင်းပြင်ထဲတွင် လင်းယွမ်၏ အနာဂတ်ခန္ဓာကို အတင်းအကျပ် ဆင့်ခေါ်ခဲ့သည့်အချိန်ကို ပြန်တွေးမိသွားသည်။

ထိုမြင်ကွင်းထဲတွင် ပုံရိပ်တစ်ခုက အဆုံးမရှိသော ကျောက်စိမ်းလှေကားပေါ်တွင် တက်လှမ်းနေခဲ့သည်။ ၎င်းက လင်းယွမ်၏ အနာဂတ်ပင်ဖြစ်သည်။

" ဒါဆို ငါက ဒီကပ်ဘေးရဲ့ ရလဒ်ကို အရင်ကတည်းက မြင်တွေ့ခဲ့ရတာပေါ့။ " ခရမ်းရောင်အလင်းအရှင်သခင်က ရေရွတ်လိုက်သည်။

ထိုအချိန်တွင် လင်းယွမ်၏ အနာဂတ်ခန္ဓာက ကျောက်စိမ်းလှေကားပေါ်သို့ အတားအဆီးမရှိ တက်နေခဲ့သည်။ ၎င်းမှာ လင်းယွမ်ကို တားဆီးရန်အတွက် အဆုံးမဲ့မဟာတာအိုစိတ်အသိက သတ်မှတ်ထားသော ကပ်ဘေးမှာ ရှုံးနိမ့်ရန် ကံပါလာခဲ့သည်ကို ဆိုလိုခြင်းဖြစ်သည်။

သို့သော် ခရမ်းရောင်အလင်းအရှင်သခင် မမျှော်လင့်ထားသည်မှာ ရှုံးနိမ့်ခြင်းက ယခုလောက်ထိ ရက်စက်သော ရလဒ်မျိုးဖြစ်လာ​ခြင်းဖြစ်သည်။ ပါဝင်ခဲ့သူအားလုံးက လုံးဝ ပျက်စီးသွားခြင်းဖြစ်သည်။

" နဂါးငွေ့တန်း " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက အဝေးမှ စောင့်ကြည့်နေသည်။ သူက ဒဏ္ဍာရီအချိန်အရှင်သခင်မဟုတ်သောကြောင့် တိုက်ပွဲမြင်ကွင်းများကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ သို့သော် ကြောက်စရာကောင်းသော တည်ရှိမှုများနှင့် ဒဏ္ဍာရီအချိန်အရှင်သခင်များက လုံးဝဖျက်ဆီးခံလိုက်ရသည်ကို သူသိနေသည်။

ကျဆုံးသွားသော ဒဏ္ဍာရီအချိန်အရှင်သခင်များနှင့် ကြောက်စရာကောင်းသော တည်ရှိမှုများက အလွန်ပင်များပြားလှသည်။ သူတို့မပါလျှင်တောင် ကပ်ဘေးသန်းတစ်ရာကျော်ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များက သောင်းကျော်ရှိသည်။ တစ်ချိန်က အရာအားလုံးကို လွှမ်းမိုးခဲ့သော ဒဏ္ဍာရီအချိန်အရှင်သခင်များက ယခုအခါ ပုရွက်ဆိတ်များသဖွယ် ဖြစ်နေခဲ့သည်။

အချိန်များက ကုန်လွန်သွားခဲ့သည်။ လင်းယွမ်က ဒဏ္ဍာရီအချိန်အရှင်သခင်များကို ဆက်လက်သတ်ဖြတ်နေခဲ့သည်။ အချိန်ကြာနေသည့်အကြောင်းရင်းမှာ မတူညီသော အချိန်လေဟာနယ်မှလာသည့် တည်ရှိမှုများ၏ အသက်ကယ်နည်းစနစ်များကြောင့် ဖြစ်သည်။

စွမ်းအားငါးမျိုး၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော တာအိုအသစ်၏ စွမ်းအားက သူတို့၏ အသက်ကယ်နည်းလမ်းများကို တစ်ခုချင်းစီ လိုက်လံပိတ်ဆို့ရန် အချိန်ယူရသည်။ သို့သော် လင်းယွမ်က သတ်ဖြတ်မှုများကို နောက်ဆုံးတွင် အဆုံးသတ်နိုင်ခဲ့သည်။

" ပျောက်ကွယ်စေ။ " လင်းယွမ်က တွေးလိုက်သည်နှင့် အဝင်အထွက်မရှိသော လှောင်အိမ်ကြီးဖြစ်နေသည့် အချိန်လေဟာနယ်က ပြန်ပွင့်သွားခဲ့သည်။ ထိုအျိန်လေဟာနယ်ကို ပိတ်ထားရန် လင်းယွမ်က အတော်အားထုတ်ရပြီး ယခုအားလုံးကို ရှင်းလင်းလိုက်ပြီဖြစ်သောကြောင့် ၎င်းကို ဆက်ထိန်းထားရန် မလိုတော့ပေ။

လင်းယွမ်က အဆုံးမဲ့ဒိုင်မန်းရှင်းများကို ကြည့်လိုက်သည်။ တိတိကျကျပြောရလျှင် သူက အဆုံးမဲ့​ဒိုင်မန်းရှင်းများကို ဖြတ်သန်းစီးဆင်းနေသော အဆုံးမဲ့မဟာတာအိုစိတ်အသိကို ကြည့်နေခြင်းဖြစ်သည်။

ဝုန်း ဝုန်း...

အဆုံးမဲ့မဟာတာအိုစိတ်အသိက ဟိန်းဟောက်လိုက်သော်လည်း နောက်ဆုံးတွင် လျင်မြန်စွာ နောက်ဆုတ်သွားသည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိက အဆုံးမဲ့ဒိုင်မန်းရှင်းများ လည်ပတ်မှုကို ထိန်းသိမ်းပေးသော တည်ရှိမှုတစ်ခုသာ ဖြစ်ပြီး ကိုယ်တိုင်တိုက်ခိုက်နိုင်ခြင်းမရှိပေ။

ယခုတစ်ကြိမ်တွင် အဆုံးမဲ့မဟာတာအိုစိတ်အသိက လင်းယွမ်ကို တားဆီးချင်သော်လည်း ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်နိုင်သောကြောင့် မတူညီသော အချိန်လေဟာနယ်မှ တည်ရှိမှုများကို စုစည်းခဲ့သည်။

"အဆုံးမဲ့မဟာတာအိုစိတ်အသိ.... အဆုံးမဲ့ဒိုင်မန်းရှင်းတွေက လွတ်မြောက်သူတစ်ယောက် ထွက်ပေါ်လာမှာကို မလိုလားဘူးလား။ အဆုံးမဲ့ကပ်ဘေးလမ်းစဉ်က လွတ်မြောက်ခြင်းကို ဦးတည်မနေဘူးလား။ " လင်းယွမ်က စိတ်ထဲတွင် ၎င်းကို အလွန်သေချာနေသည်။

အဆုံးမဲ့ကပ်ဘေးများက အဆုံးမဲ့မဟာတာအိုစိတ်အသိမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အကယ်၍ နောက်ဆုံးတွင် လွတ်မြောက်သူများ ထွက်ပေါ်လာသည်ကို မလိုလားလျှင် ထိုလွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်က လွတ်မြောက်ခြင်းဖြစ်လာမည်မဟုတ်ပေ။

All Chapters