← Chapters

ကျောက်စိမ်းလှေကားကို တက်လှမ်းခြင်း....

Vol. 83 Ch. 1148

ကျောက်စိမ်းလှေကားကို တက်လှမ်းခြင်း....

Vol. 83 Ch. 1148

လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ ဖရိုဖရဲဟင်းလင်းပြင်က ပေါ်လာပြီး သူက အတွင်းသို့ ဝင်ရောက်သွားသည်။

" နဂါးငွေ့တန်း " အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက မလှမ်းမကမ်း အဝေးတွင် ပေါ်လာသော လင်းယွမ်ကို ကြည့်လိုက်ကြသည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို သူ၏ အတွင်းစကြာဝဠာထဲသို့ စုပ်ယူခဲ့ပြီး ယခု အပြင်သို့ ပြန်ထုတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက အပြင်တွင် ကိုယ်ပွားများ ချန်ထားခဲ့ကြသည်။ လင်းယွမ်နှင့် မတူညီသော အချိန်လေဟာနယ်မှ တည်ရှိမှုများနှင့် တိုက်ပွဲက ကြီးမားသော လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်။

" အားလုံး ပြီးသွားပြီ။ " လင်းယွမ်က သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။

" ပြီးသွားပြီလား။ " အချိန်သက်ရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကျောစိမ့်သွားကြသည်။

" နဂါးငွေ့တန်း အဲ့ဒီရန်သူတွေကရော..." လောဟောက်က အဖြေကို သိနေပြီးသား ဖြစ်သော်လည်း မနေနိုင်ဘဲ မေးလိုက်သည်။

" သူတို့အားလုံး သေသွားကြပြီ။ လုံးဝ သေသွားကြတာပဲ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

၎င်းကို ကြားသောအခါ အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက မှင်သက်သွားကြသည်။ အစတွင် သူတို့က ရန်သူများကို အခွင့်အရေးမပေးဘဲ သူတို့ကိုသူတို့ စတေးရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ယခု ရန်သူများအားလုံးက လုံးဝ ချေမှုန်းခြင်းခံခဲ့ရသည်။

" နဂါးငွေ့တန်း မင်း လွတ်မြောက်သွားတာလား။ " အရှင်မိုရှုက မေးလိုက်သည်။

" လွတ်မြောက်သွားပြီလား။ " လင်းယွမ်က တည်ငြိမ်နေဆဲ ဖြစ်ပြီး မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။ ထိုအစား သူက အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ အမြင့်ဆုံးနေရာသို့ ကြည့်လိုက်သည်။ ကျောက်စိမ်းလှေကားပေါ်မှ သူ၏ မူလခန္ဓာကိုယ်က ဆက်လက်တက်လှမ်းနေသည်မှာ ကြာပြီဖြစ်သည်။

" လမ်းပေါ်မှာပဲ။ " လင်းယွမ်က ပြုံး၍ ပြန်ပြောလိုက်သည်။

အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက ထိုအဖြေကို ကြားသောအခါ စိတ်လှုပ်ရှားသွားကြသည်။ လင်းယွမ်က လွတ်မြောက်ခြင်းမရှိသေးဘဲ ထိုမျှအထိ အစွမ်းထက်နေပြီဖြစ်သည်။

" နောက်ပိုင်း ငါက တံခါးပိတ်ကျင့်ကြံနေမှာဖြစ်လို့ အပြင်သိပ်ထွက်ဖြစ်မှာမဟုတ်ဘူး။ " လင်းယွမ်က ပြောလိုက်သည်။

ယခု သူက အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ အကြောင်းမှာ ၎င်းက လွတ်မြောက်ခြင်းလမ်းစဉ် လုံးဝ မဖြစ်နိုင်သာကြောင့် ဖြစ်သည်။ သူက ကျောက်စိမ်းလှေကားထစ်များကို တက်ခြင်းအပေါ် အာရုံစိုက်ရန် ရည်ရွယ်ထားသည်။

ဖရိုဖရဲမူလတာအိုငါးမျိုး ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော တာအိုအသစ်က ကျောက်စိမ်းလှေကားများကို တုန်လှုပ်ရန် ဝေးကွာနေဆဲ ဖြစ်သည်။

အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက ခေါင်းညိမ့်လိုက်ကြသည်။ အချိန်သက်ရှိများအတွက် တံခါးပိတ်ကျင့်ကြံခြင်းက ပုံမှန်သာဖြစ်သည်။ ထို့အပြင် လင်းယွမ်၏ နာမည်က အတိတ်နှင့် အနာဂတ်ကို ကျော်လွတ်သွားမည်ဖြစ်ပြီး ဘယ်သူမှ သူ့ကို ရန်စရဲမည်မဟုတ်တော့ပေ။

" ဖရိုဖရဲဟင်းလင်းပြင်ကို ငါ အချိန်အတိုင်းအတာကနေ ကျော်လွန်အောင် လုပ်ပေးမယ်။ ပြီးတော့ ဘယ်သူကမှ အဲ့ဒါကို ရှာတွေ့နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။

အမှန်​တော့ လင်းယွမ်က ယခင်ကတည်းက ဖရိုဖရဲဟင်းလင်းပြင်ကို အချိန်အတိုင်းအတာမှ ဖယ်ထုတ်နိုင်ခဲ့ပြီး ၎င်းက မပြည့်စုံရုံသာဖြစ်သည်။ ယခုတော့ အဆုံးမဲ့မဟာတာအိုစိတ်အသိပင် ၎င်း၏ တည်နေရာကို ရှာတွေ့ရန် ခက်ခဲသွားပြီဖြစ်သည်။

အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများ၏ အကြည့်အောက်တွင် လင်းယွမ်က တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

" နဂါးငွေ့တန်းက လွတ်မြောက်ခြင်းမရသေးဘူးလို့ မထင်ထားခဲ့ဘူး။ " အရှင်မိုရှုက ပြောလိုက်သည်။

" ငါတို့လို အချိန်သက်ရှိတွေနဲ့ အချိန်အရှင်သခင်တွေအားလုံးအတွက် နဂါးငွေ့တန်းက လွတ်မြောက်ခြင်း ရသည်ဖြစ်စေမရသည်ဖြစ်စေ သိပ်ပြီး မထူးခြားသွားပါဘူး။ " ကျူးယင်က ပြောလိုက်သည်။

အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ လင်းယွမ်က အလွန်သန်မာပြီး သမိုင်းတစ်လျှောက် ဒဏ္ဍာရီအချိန်အရှင်သခင်များအားလုံးကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။

ကျောက်စိမ်းလှေကားပေါ်တွင် လင်းယွမ်က ဆက်လက်တက်လှမ်းနေသည်။

" ဒီကျောက်စိမ်းလှေကားတွေက..." လင်းယွမ်က ဖရိုဖရဲမူလတာအိုငါးမျိုးကို ပေါင်းစပ်ပြီးသော်လည်း ကျောက်စိမ်းလှေကားကို ဆက်လက်တက်လှမ်းချိန်တွင် အသွင်ပြောင်းလဲမှုများကို ခံစားနေရဆဲ ဖြစ်သောကြောင့် စိတ်ထဲမှ အံ့ဩနေမိသည်။

" လွတ်မြောက်ခြင်း.... အလွှာဆယ့်သုံးကနေ အလွှာဆယ့်လေးကို တက်လှမ်းဖို့ ကွာဟချက်က ကြီးမားလွန်းတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အကယ်၍ အလွှာဆယ့်လေးက လွတ်မြောက်ခြင်းဖြစ်လျှင် အလွှာဆယ့်သုံးမှ အလွှာဆယ့်လေးကို တက်လှမ်းခြင်းက အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း ပြည့်စုံသောအချိန်သက်ရှိလမ်းစဉ်ကို ဘယ်သူမှမလျှောက်လှမ်းနိုင်ကြခြင်းဖြစ်သည်။

ပြည့်စုံသော အချိန်သက်ရှိဖြစ်လာခြင်း ရှိမရှိက မိမိလျှောက်လှမ်းနေသော လမ်းစဉ်ပေါ်တွင် မူတည်သည်ဟု ပြောခြင်းမှာ မမှန်ပေ။ လင်းယွမ်၏ လက်ရှိအမြင်အရ ပြည့်စုံသော အချိန်သက်ရှိအဖြစ် အသွင်းမပြောင်းလဲနိုင်ခြင်းမှာ ကြီးမားသော ကွာဟချက်ကြောင့် ဖြစ်သည်။

လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များအတိုင်း ဆက်လက်တက်လှမ်းနေခဲ့သည်။ လှေကားတစ်ထစ်တက်လိုက်တိုင်း သူ၏ မူလတာအိုက အနည်းငယ် ပိုပြီး သန့်စင်လာသည်။ သူ၏ စွမ်းအားကလည်း အနည်းငယ် ပိုတိုးလာခဲ့သည်။

ဆက်လက်တက်လှမ်းနေသည်နှင့်အမျှ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်င တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ အဆုံးမဲ့ဒိုင်မန်းရှင်းများကို ကျော်လွန်သွားသကဲ့သို့ ခံစားလိုက်ရပြီး လှေကား၏ အဆုံးက အမြင့်ဆုံးတွင် ရှိနေသကဲ့သို့ ထင်ရသည်။

" ကျောက်စိမ်းလှေကားထစ်တွေက ပြောင်းလဲလာတယ်။ " လင်းယွမ်က တက်နေစဉ် ကျောက်စိမ်းလှေကားများ၏ ပြောင်းလဲမှုကို သတိပြုမိလာသည်။ ပိုမြင့်လာလေ ပိုပြီးနက်ရှိုင်းလာလေဖြစ်သည်။

၎င်းက သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကဲ့သို့ ဖြစ်သည်။ ထိုနှစ်ခုကြားတွင် ကွဲပြားမှုများရှိနေသော်လည်း အချို့ကဏ္ဍများတွင် တူညီမှုအချို့ရှိနေသည်။

" ကျောက်စိမ်းလှေကားက အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးနဲ့ ဆက်နွယ်နေတာပဲ။ " လင်းယွမ်က သူ၏ စိတ်အနက်ရှိုင်းဆုံးမှ ခမ်းနားထည်ဝါသော ဂိတ်တံခါးကြီးကို ကြည့်လိုက်သည်။

ယခုအချိန်ထိ သူ၏ စိတ်ထဲမှ ဂိတ်တံခါးက အစစ်အမှန်မဟုတ်သေးဘဲ ပုံရိပ်တစ်ခုသာ ဖြစ်သေးသည်။ အကယ်၍ အဆုံးမဲ့ကျောက်စိမ်းလှေကားများ ပေါ်လာကတည်းက အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် တစ်စုံတစ်ခု ပက်သက်မှုရှိလိမ့်မည်ဟု သူက သံသဝင်ခဲ့သည်။

" ပက်သက်မှုရှိမရှိဆိုတာတော့ အဆုံးကို ရောက်တဲ့အခါ အားလုံးသိရလိမ့်မယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ဆက်လက်တက်လှမ်းလိုက်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာခဲ့သည်။ နှစ်ပေါင်းတစ်သောင်း၊ နှစ်ပေါင်းတစ်သိန်း၊ နှစ်ပေါင်းတစ်သန်း၊ နှစ်ပေါင်းငါးသန်း။

လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များကို ဆက်လက်တက်လှမ်းနေဆဲ ဖြစ်သည်။

" ဟမ် " အချိန်တစ်ခုကြာသောအခါ လင်းယွမ်က သူ၏ စိတ်ထဲတွင် နူးညံ့သော လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။

အတိတ်မှ ဆင့်ခေါ်မှုတစ်ခုက သူနှင့် ဝေဝါးသော ဆက်နွယ်မှုတစ်ခုကို တည်ဆောက်လိုက်သည်။ နောက်ထပ်လှေကားထစ်တစ်ခုပေါ်သို့ တက်တော့မည့် လင်းယွမ်၏ ညာခြေထောက်က အနည်းငယ် တုန့်ဆိုင်းသွားသည်။

" အဲ့ဒီအချိန်ကို ရောက်လာပြီလား။ " လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။ ယခုအချိန်က လွန်ခဲ့သော နှစ်ပေါင်းသန်းချီမှ ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းနေစဉ် သွေးပင်လယ်အရှင်သခင်ကြောင့် သူ၏ အနာဂတ်ခန္ဓာကို ဆက်သွယ်လိုက်သောအချိန်ဖြစ်သည်။

လင်းယွမ်က သူ၏ အင်္ကျီလက်ကို သာမန်အတိုင်း ဝှေ့ရမ်းလိုက်သည်။ စွမ်းအားတစ်ခုက အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး အချိန်အတိုင်းအတာများကို ဆန့်ကျင်ပြီး အတိတ်ဆီသို့ တိုက်ခတ်သွားသည်။ သွေးပင်လယ်အရှင်သခင်၏ အတိတ်နှင့် အနာဂတ်များက လုံးဝပျက်စီးပြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လင်းယွမ်က တစ်လှမ်းချင်းစီ ဆက်တက်ခဲ့သည်။

" အခုထိ မလွတ်မြောက်နိုင်သေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။ ယခု သူက အဆုံးမဲ့မဟာတာအိုစိတ်အသိကို ခုခံနိုင်ပြီဟု ခံစားလိုက်ရသည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိက လှုပ်ရှားလျှင်တောင် သူ့ကို ဖျက်ဆီးနိုင်တော့မည်မဟုတ်ပေ။

" ဆက်တက်မယ်။ " လင်းယွမ်က ထိုအကြောင်းကို သိပ်မတွေးတော့ဘဲ လှေကားထစ်တစ်ခုပေါ်သို့ ဆက်တက်လိုက်သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ နှစ်ပေါင်းဆယ်သန်း၊ နှစ်ပေါင်းသန်းတစ်ရာ၊ နှစ်ပေါင်းတစ်ဘီလီယံ။ မဟာပျက်စီးခြင်းစက်ဝန်းတစ်ခု၊ မဟာပျက်စီးခြင်းစက်ဝန်းဆယ်ခု၊ မဟာပျက်စီးခြင်းစက်ဝန်းတစ်ရာ။

All Chapters