← Chapters

လွတ်မြောက်ခြင်း.... (ဇာတ်သိမ်း)

Vol. 83 Ch. 1149

လွတ်မြောက်ခြင်း.... (ဇာတ်သိမ်း)

Vol. 83 Ch. 1149

ခမ်းနားထည်ဝါသော အလင်းတံခါးကြီးတစ်ခု။ ထိုတံခါး၏ တည်ရှိမှုက အချိန်အတိုင်းအတာများ၊ ဒိုင်မန်းရှင်းနယ်မြေများ၊ ကောင်းကင်နှင့် မြေကြီး၊ မရေတွက်နိုင်သော သက်ရှိများအပေါ် တိတ်တဆိတ် လွှမ်းမိုးနေသည်။ ထိုအလင်းတံခါး၏ အဝင်ဝတွင် ဝေဝါးသော ပုံရိပ်တစ်ခုက မှီရပ်နေသည်။

ထိုပုံရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရခြင်းမရှိဘဲ သူ၏ မျက်လုံးများက မှိတ်ထားပြီး အိပ်ပျော်နေသည်ဟု ထင်ရသည်။ ထိုပုံရိပ်က ခမ်းနားထည်ဝါသော အလင်းတံခါးကြီးအောက်တွင် ရှိနေသော်လည်း သူ ထုတ်လွှတ်နေသော အော်ရာက အလင်းတံခါးထက် သာလွန်နေသည်။

သူ၏ အသက်ရှူသံကပင် မရေတွက်နိုင်သော အချိန်အတိုင်းအတာများကို ဖြတ်သန်းသွားပြီး ဒိုင်မန်းရှင်းနယ်မြေများ၊ စကြာဝဠာများနှင့် အဆုံးမဲ့ကမ္ဘာများကို ဖြစ်တည်စေသည်။ ထိုအချိန်တွင် ထိုပုံရိပ်က ဝေဝါးမနေတော့ဘဲ အရာအားလုံး ရှင်းလင်းသွားသည်။ သူက လင်းယွမ်နှင့် တစ်ပုံစံတည်း တူသော်လည်း ပို၍ အစွမ်းထက်ပြီး ပို၍ နက်ရှိုင်းသည်။ သူဆီမှ သာမန်အတိုင်း ထုတ်လွှတ်လိုက်သော အော်ရာအမျှင်တစ်ခုကပင် အဆုံးမဲ့မဟာတာအိုစိတ်အသိထက် အဆပေါင်းများစွာ သာလွန်နေသည်။

" ဒီတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းက ဒီလောက်မြန်မြန် ပြီးသွားတာလား။ " လင်းယွမ်က မတ်တပ်ရပ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ကျောက်စိမ်းလှေကားက အောက်သို့ ဦးတည်နေပြီး အဆုံးသတ်ကလည်း အဆုံးမဲ့ဒိုင်မန်းရှင်းများဆီသို့ ဆင်းသက်သွားသည်။

လင်းယွမ်၏ အကြည့်က အဆုံးမဲ့ဒိုင်းမန်းရှင်းများကို ဖြတ်သန်းသွားပြီး အချိန်နှင့် လေဟာနယ်ဆိုင်ရာ ရှုထောင်နှစ်ခုလုံးကိုပါ ဖမ်းယူကာ ထိုဒိုင်မန်းရှင်းများ စတင်ဖြစ်ပေါ်လာသည့်အချိန်မှ လက်ရှိအချိန်ထိ အရာအားလုံးကို ဘာအတားအဆီးမှမရှိဘဲ စောင့်ကြည့်နေသည်။

" ဒါက ၃၃၃၃၃ ကြိမ်မြောက် ပြန်လည်မွေးဖွားခြင်းပဲ။ အရင် ၃၃၃၃၂ ကြိမ်မြောက်တုန်းက ခေတ်ကာလတစ်ခုလုံးဖြတ်သန်းပြီးမှ ပြီးဆုံးခဲ့တာပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ စောစောစီးစီး ပြီးသွားတယ်။ ဆိုလိုတာက ငါ့ရဲ့ စုဆောင်းမှုတွေ ပြည့်သွားပြီပေါ့။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အဆုံးမဲ့ဒိုင်မန်းရှင်းများကို လင်းယွမ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး မတူညီသော လမ်းစဉ်များကို လျှောက်လှမ်းရန်၊ စုဆောင်းမှုများနှင့် ကိုယ်ပိုင်အခြေခံကို မြှင့်တင်ရန်၊ ပိုမိုမြင့်မားသော အဆင့်များကို တက်လှမ်းရန်အတွက် အသုံးချခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ပြန်လည်မွေးဖွားခြင်းတစ်ကြိမ်၏ အချိန်က အဆုံးမဲ့ဒိုင်မန်းရှင်းများ စတင်ဖြစ်ပေါ်လာချိန်မှ ပျက်စီးချိန်အထိ သက်တမ်းထက် မကျော်လွန်ပေ။ ယခင် ပြန်လည်မွေးဖွားခြင်းများတွင် လင်းယွမ်က ပြည့်စုံသော ခေတ်တစ်ခုကုန်မှ နိုးထလာလေ့ရှိပြီး ထိုခေတ်၏ အတွေ့အကြုံများက စုဆောင်းမှုများနှင့် အခြေခံအုတ်မြစ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော် ယခု မဟာပျက်စီးခြင်းစက်ဝန်း ရာဂဏန်းလောက်သာရှိသည်။ မဟာပျက်စီးခြင်းစက်ဝန်း ရာဂဏန်းလာက်က ပြည့်စုံသော ပျက်စီးခြင်းခေတ်တစ်ခုနှင့်ယှဉ်လျှင် တစ်မှေးအိပ်နေသလောက်သာရှိသည်။

" ပြန်လည်မွေးဖွားတိုင်းမှာ ငါက နည်းလမ်းအားလုံးကို စွန့်လွှတ်ခဲ့တယ်။ ငါ့ရဲ့ မှတ်ဉာဏ်တွေကိုတောင် ပိတ်လှောင်ခဲ့တယ်။ ငါနဲ့အတူ ဂိတ်တံခါးရဲ့ ပုံရိပ်တစ်ခုပဲ ပါလာစေခဲ့တယ်။ ဒါပေဖယ့် ဖိအားပိုများအောင်လို့ ဂိတ်တံခါးရဲ့ ပုံရိပ်မှာတောင် တိုက်ခိုက်ရေးနည်းလမ်းတွေ မပါစေခဲ့ဘူး။ ငါ့ရဲ့ အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားအားလုံးကို ဖယ်ထုတ်ထားခဲ့တယ်။ " လင်းယွမ်၏ မျက်နှာတွင် ခံစားချက်အချို့ ပေါ်လာသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက သူကိုယ်တိုင်ဖန်တီးထားသော လက်နက်ဖြစ်ပြီး ၎င်း၏ ပုံရပ်ကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ ပြန်လည်မွေးဖွားနေသော လင်းယွမ်ကို မတူညီသော ကမ္ဘာများသို့ အထူးသဖြင့် ရင်းမြစ်ကမ္ဘာ ၃၃ခုသို့ ဆင်းသက်နိုင်အောင် လမ်းပြပေးရန် ဖြစ်သည်။

ထိုရင်းမြစ်ကမ္ဘာ ၃၃ခုက ထင်သလောက် မရိုးရှင်းပေ။ လင်းယွမ်က သူ၏ ပြန်လည်မွေးဖွားမည့် ခန္ဓာကိုယ်အတွက် အားထုတ်မှု အမြောက်အမြားနှင့် ဖန်တီးထားခြင်းဖြစ်သည်။

လွန်ခဲ့သော ပြန်လည်မွေးဖွားခြင်း ၃၃၃၃၃ ကြိမ်တွင် လင်းယွမ်က ထိုရင်းမြစ်ကမ္ဘာ ၃၃ ခု၏ လျို့ဝှက်ချက်များကို နားမလည်ခဲ့ပေ။ သို့သော် ယခု ရင်းမြစ်ကမ္ဘာ ၁၀ခုလောာက် စူးစမ်းရုံနှင့် ပြန်လည်မွေးဖွားခြင်းက ပြီးဆုံးသွားခဲ့သည်။ ၎င်းမှာ သူက ရင်းမြစ်ကမ္ဘာ ၃၃ခု၏ အနှစ်သာရကို လုံးဝနားလည်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

လင်းယွမ်အတွက် ဤတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းက လျင်မြန်စွာ ပြီးဆုံးသွားသောကြောင့် သူ၏ စုဆောင်းမှုများက ပြည့်စုံသွားပြီဖြစ်ကြောင်း နောက်ထပ်ပြန်လည်မွေးဖွားရန်မလိုကြောင်း ဖော်ပြနေသည်။

" ဖရိုဖရဲထိုက်ကျိတာအို၊ ရှန်ထျန်းအသွင်ပြောင်းလဲခြင်းစွမ်းအားငါးမျိုး၊ ဖရိုဖရဲမူလတာအိုငါးမျိုးက ပေါင်းစပ်လိုက်တဲ့ တာအို။" လင်းယွမ်က ဤတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းမှရရှိသော အသီးအပွင့်များကို ကြည့်ပြီး ပြုံးလိုက်သည်။ " ဒါကြောင့် ဒီလောက်မြန်မြန် ပြီးသွားတာကိုး။ ငါနားလည်သွားတဲ့ လမ်းစဉ်က ငါလျှောက်လှမ်းနေတဲ့ လမ်းစဉ်ကို လုံးဝ ပြည့်စုံသွားစေခဲ့တာပဲ။ "

" အဆုံးမဲ့ဒိုင်မန်းရှင်းတွေ..." လင်းယွမ်၏ အကြည့်က အဆုံးမဲ့ဒိုင်မန်းရှင်းများကို ဖြတ်သန်းသွားသည်။

ပြန်လည်မွေးဖွားခြင်း ၃၃၃၃၃ကြိမ်လ့်ုး၏ အတွေ့အကြုံများက ယေဘုယျအားဖြင့် အတူတူသာဖြစ်သည်။ ဥပမာ ယခင်က ပြန်လည်မွေးဖွားခြင်းများတွင်လည်း လင်းယွမ်က အဆုံးသတ်နားသို့ ရောက်သောအခါ ယခုကဲ့သို့ အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ တားဆီးခြင်း ခံခဲ့ရပြီး အတိတ်နှင့် အနာဂတ်မှ တည်ရှိမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

လင်းယွမ်းက သူတို့ကို မခုခံခဲ့ပေ။ သူက သူ၏ မျိုးနွယ်၊ မိသားစုနှင့် မိတ်ဆွေများကို စွန့်လွှတ်ခဲ့ပြီး သူ၏ ဒေါသနှင့် မကျေနပ်မှုများကို ကျင့်ကြံခြင်းအတွက် တွန်းအားအဖြစ် ပြောင်းလဲရုံသာ တတ်နိုင်ခဲ့သည်။ ၎င်းကလည်း လင်းယွမ်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကျင့်ကြံခြင်းလမ်းစဉ်က အမြဲတန်း ချောမွေ့နေ၍ မရပေ။ ၎င်းမှာ ပြင်ပဖိအားများနှင့် စိန်ခေါ်မှုများလိုအပ်သည်။ ထို့ကြောင့် အစောပိုင်း ပြန်လည်မွေးဖွားခြင်းများတွင် လင်းယွမ်၏ ဘဝက အလွန်ဝမ်းနည်းရာကောင်းလှသည်။ သူ၏ ငယ်ဘဝတွင် မိဘများက ရန်သူလက်ချက်ဖြင့် သတ်ခံရခြင်း၊ နေရပ်မှ အရင်းအမြစ်များ လုယက်ခံရခြင်းနှင့် သူကိုယ်တိုင် အမဲလိုက်ခံရခြင်းတို့ ဖြစ်ခဲ့သည်။

ထိုဖိအားများအောက်တွင် လင်းယွမ်က ပိုမိုပြည့်စုံသော လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းတွင် ယခင် ၃၃၃၃၂ ကြိမ်သော ပြန်လည်မွေးဖွားခြင်းများမှ ရရှိထားသော အခြေခံအုတ်မြစ်များကြောင့် လင်းယွမ်က သူ့ကိုသူ အားနည်းအောင် အတတ်နိုင်ဆုံး ကြိုးစားလျှင်တောင် အောင်မြင်ရန် ခက်ခဲသည်။ အကြောင်းမှာ ရန်သူများက လှုပ်ရှားမှုမပြုနိုင်ခင် လင်းယွမ်က သူတို့ကို ကျော်တက်သွားလေ့ရှိသည်။

ပြန်လည်မွေးဖွားခြင်း ၃၃၃၃၃ခုထဲတွင် အဓိကဖြစ်ရပ်များက ခပ်ဆင်ဆင်သာဖြစ်သည်။ သို့သော် အသေးစိတ်အချက်အလက်များက အနည်းငယ် ကွဲပြားမှုရှိနေသည်။ ပြန်လည်မွေးဖွားခြင်းအကြိမ်အရေအတွက်ကဲ့သို့ပင် ၃၃၃၃၃ မြောက် ပြန်လည်မွေးဖွားခြင်းတွင် အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ အနှစ်သာရက ၃၃၃၃၃ဆိုသော ကိန်းဂဏန်းနှင့် ဆက်နွယ်နေသည်။ ၁၁၁၁၁ ကြိမ်မြောက် ပြန်လည်မွေးဖွားခြင်းတွင် အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ အနှစ်သာရက ၁၁၁၁၁ ဟူသော ကိန်းဂဏန်းနှင့် ဆက်နွယ်နေသည်။

အဆုံးမဲ့ဒိုင်မန်းရှင်းတစ်ခုလုံးကို လင်းယွမ် ဖန်တီးခဲ့ခြင်းဖြစ်ပြီး အဆုံးမဲ့မဟာတာအိုစိတ်အသိကလည်း အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ လည်ပတ်မှုကို ထိန်းသိမ်းရန် လင်းယွမ်က သာမန်အတိုင်း ဖန်တီးလိုက်သော စိတ်ဝိညာဉ် အပိုင်းအစလေးတစ်ခုသာ ဖြစ်သည်။

အဆုံးမဲ့ကပ်ဘေးလမ်းစဉ်နှင့် ပက်သက်၍ ဒဏ္ဍာရီအချိန်အရှင်သခင်များက လွတ်မြောက်ခြင်းဟု ယုံကြည်ခဲ့ကြသော်လည်း ၎င်းက မမှန်ပေ။ အကယ်၍ သူတို့က အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့လျှင် သူတို့ရရှိသည်မှာ အဆုံးမဲ့မဟာတာအိုစိတ်အသိဆီမှ ကတိတစ်ခုဖြစ်ပေလိမ့်မည်။ ယခင် ပြန်လည်မွေးဖွားခြင်းများတွင် အဆုံးမဲ့ကပ်ဘေးများကို လျှောက်လှမ်းခဲ့သော ရန်သူများက အဆုံးမဲ့မဟာတာအိုစိတ်အသိဆီတွင် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ ၎င်းမှာ လင်းယွမ်၏ တည်ရှိမှုကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။

အဆုံးမဲ့မူလလွတ်မြောက်ခြင်းလမ်းစဉ်ကလည်း မလွတ်မြောက်နိုင်ပေ။ အချိန်၏ မူလရင်းမြစ်ဆိုသည်မှာ လင်းယွမ်၏ မူလခန္ဓာကိုယ် အိပ်စက်နေသော နေရာဖြစ်သည်။ အဆုံးမဲ့ဒိုင်မန်းရှင်းများမှ သက်ရှိများက ထိုနေရာကို ချဉ်းကပ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ ရောက်လာခဲ့လျှင်တောင် ချက်ချင်း ဖျက်ဆီးခံရမည်ဖြစ်သည်။

နောက်ဆုံးပြည့်စုံသော အချိန်သက်ရှိက အလွှာဆယ့်သုံးမှ လွတ်မြောက်ခြင်းဆီသို့ ခုန်ကူးခြင်းက အမှန်တကယ် ကြီးမားလွန်းလှသည်။ လင်းယွမ်က လွတ်မြောက်သူတစ်ယောက် ဖြစ်လာရန်အတွက် မရေတွက်နိုင်သော ကပ်ဘေးများကို ဖြတ်သန်းခဲ့ရပြီး ယခုအချိန်တွင် သူက လွတ်မြောက်သူများ၏ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ရှိနေခဲ့သည်။

" ဒီတစ်ကြိမ် ငါ့ရဲ့ တိုးတက်မှုက တကယ်ကို ချောမွေ့ခဲ့တာပဲ။ " လင်းယွမ်က ခဏစဉ်းစားပြီး ခေါင်းခညလိုက်သည်။

" စုဆောင်းမှုတွေ ပြည့်စုံသွားပြီဆိုတော့ ချိုးဖျက်ဖို့ အဆင်သင့်ပဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ပြန်လည်မွေးဖွားခြင်း ၃၃၃၃၃ ကြိမ်မြောက်ကို မစခင်ကတည်းက သူက လွတ်မြောက်သူ အထွတ်အထိပ်တွင် ရှိနေခဲ့သည်။ ထိုမျှများပြားသော ပြန်လည်မွေးဖွားခြင်းများကို ဖြတ်သန်းပြီးနောက် ပြန်လည်မွေးဖွားခြင်းတစ်ကြိမ်စီက မတူညီသော လမ်းစဉ်တစ်ခုစီဖြစ်ပြီး အခြေခံအုတ်မြစ်ကို ပြည့်စုံအောင် စုဆောင်းနိုင်ခဲ့သောကြောင့် အဆင့်တက်ခြင်းက ဖြစ်နိုင်ခြေရှိလာခဲ့သည်။

" လွတ်မြောက်ခြင်းရဲ့အလွန်လား။ အဲ့ဒီကို ဘယ်သူမှမရောက်ဖူးသေးဘူး။ " လင်းယွမ်က သူ၏ ကိုယ်ပိုင်အသွင်ပြောင်းလဲမှုကို ခံစားနေရသည်။ အမှန်တော့ နိုးထလာပြီးနောက် စုဆောင်းမှုများ ပြည့်စုံသွားသည်နှင့် သူက သဘာဝအတိုင်း အသွင်ပြောင်းလဲနေခဲ့သည်။

အဆုံးမဲ့ဒိုင်မန်းရှင်းနယ်မြေများ၏ အပြင်ဘက်တွင် လင်းယွမ်နေထိုင်သော ကျယ်ပြောလှသည့်ကမ္ဘာကြီး ရှိနေသည်။ ထိုနေရာတွင် လွတ်မြောက်သူများက အထူးကဲဆုံးတည်ရှိမှုများ ဖြစ်ကြပြီး အရေအတွက် အလွန်နည်းပါးလှသည်။

ဝုန်း ဝုန်း....

အသွင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်နှင့်အမျှ လင်းယွမ်၏ စိတ်ဝိညာဉ်က လျင်မြန်စွာ မြင့်တက်လာပြီး အတားအဆီးအားလုံးမှ ရုန်းထွက်ကာ နောက်ဆုံးတွင် နယ်ပယ်အသစ်တစ်ခုကို ဖိတွေ့နိုင်ခဲ့သည်။

" လွတ်မြောက်ခြင်းရဲ့ အလွန်ဆိုတာ လက်တွေ့ဘဝပဲ.... လုံးဝစစ်မှန်တဲ့ လက်တွေ့ဘဝပဲ..."

အတားအဆီးများနှင့် အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်လာပြီးနောက် သူနေထိုင်သော ကမ္ဘာထက် ပို၍ မယုံကြည်နိုင်စရာကောင်းသော နယ်ပယ်တစ်ခုက လင်းယွမ်၏ အာရုံထဲတွင် ပေါ်လာခဲ့သည်။

" လက်တွေ့ဘဝ..." လင်းယွမ်က မျက်လုံးများက တောက်ပသွားပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ညာလက်ကို ဝှေ့ရမ်းကာ ကျယ်ပြောလှသော ကမ္ဘာကြီးကို ဆွဲဖြဲပြီး လက်တွေ့ဘဝနယ်ပယ်ခဲသို့ ခုန်ဝင်သွားတော့သည်။

(ဇာတ်သိမ်းပါပြီ။)

All Chapters