← Chapters

စိတ်ပျက်နေသော ယွီတောင်၏ နဂါးကြင်ယာတော်

Vol. 87 Ch. 864

စိတ်ပျက်နေသော ယွီတောင်၏ နဂါးကြင်ယာတော်

Vol. 87 Ch. 864

အနောက်ပိုင်းဟုန်၊ နဂါးနန်းတော်ပင်မခန်းမ

ခန်းမထဲတွင် နဂါးသားတော်များအများအပြား မတ်တပ်ရပ်နေကြပြီး သူတို့အချင်းချင်းတီးတိုးစကားပြောနေကြသော်လည်း သူတို့၏ မျက်နှာအမူအရာများမှာ ပို၍ပို၍ကြည့်ရဆိုးလာကြလေသည်။

ချီရှန့်ထောင် တစ်ဦးတည်းသာအမြင့်တစ်နေရာတွင် ထိုင်နေပြီး၊ တရားထိုင်နေသကဲ့သို့ မျက်လုံးများကိုမှိတ်ထားကာ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်ကို ခမ်းနားထည်ဝါသောဝတ်ရုံတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့၏။

သူ၏ထံမှ မှေးမှိန်စွာထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကိုတိုက်ရိုက် မကြည့်ရဲကြပေ။

"ဒါဆို မင်းတို့ပြောချင်တာက ရေနေမျိုးနွယ်တွေ အားလုံး နေ့ရောညပါစောင့်ကြည့်နေတာတောင် နတ်ဆိုးတစ်သောင်းခန်းမရဲ့ အရိပ်အယောင်လေးတောင် မတွေ့ရသေးဘူးပေါ့"

အချိန်အတန်ကြာပြီးနောက်၊ အနောက်ပိုင်းနဂါးဘုရင်သည် ခန်းမထဲရှိစကားပြောသံများကို ဖြတ်တောက်လိုက်လျက်သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်၏။

နဂါးသားတော်လေးပါးအနက် အရပ်အရှည်ဆုံးနှင့် အခန့်ညားဆုံးဖြစ်ကာ၊သူရဲကောင်းဆန်သော အသွင်အပြင်ရှိပြီး နဂါးနန်းတော်၏ ငွေရောင်သံချပ်ကာကိုဝတ်ဆင်ထားသူက ရှေ့သို့ ဖြည်းညှင်းစွာထွက်လာပြီး ရိုသေစွာဖြင့် အရိုအသေပေးလိုက်ပါသည်။

"ခမည်းတော်ကို တင်ပြပါတယ်။ သားတော်က အဓိကဂိတ်ဝင်ပေါက်တွေအားလုံးမှာ စောင့်ကြပ်ဖို့ တပ်ဖွဲ့တွေကိုစေလွှတ်ထားပါတယ်။ သတင်းတစ်စုံတစ်ရာရတာနဲ့ တစ်ပြိုင်နက် နဂါးနန်းတော်ကို ချက်ချင်းအကြောင်းကြားမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့အကြိမ်ကလိုမျိုး ထပ်ဖြစ်မှာမဟုတ်ပါဘူး"

ချီကျောက်ဝမ်ဟု အမည်ရပြီးနဂါးသားတော်များထဲတွင်ဒုတိယအဆင့်ရှိသော ဤသားတော်သည်၊ အရှေ့ပိုင်းမှ ကျစ်ရှန်း ရုတ်တရက်ရောက်ရှိမလာခဲ့ပါက အနောက်ပိုင်းနဂါးနန်းတော်၏ အိမ်ရှေ့မင်းသားဖြစ်နေမည်မှာ သေချာပေသည်။

မည်သို့ပင်ဆိုစေ၊ ခွန်အားနှင့် စိတ်နေသဘောထား နှစ်ရပ်စလုံးတွင် သူသည် သူ၏ အစ်ကိုကြီး ကျောက်ယီထက် များစွာ သာလွန်နေခဲ့၏။

ယခုအခါ ခမည်းတော်နိုးထလာပြီဖြစ်ရာ၊ ပြင်ပလူတစ်ဦးဖြစ်သော ကျစ်ရှန်းသည် များစွာ ပို၍ အနေအထိုင်ဆင်ခြင်လာခဲ့ပြီး၊ ယင်းက ကျောက်ဝမ်၏ စိတ်ကို သိသိသာသာ သက်သာရာရစေခဲ့သည်။

ဤသည်က အခွင့်အရေးတစ်ခုပင်။

အနောက်ပိုင်းဟုန်ကို ကြီးကြပ်နေသော ခမည်းတော်၏ အခြေအနေကို အခွင့်ကောင်းယူကာ၊ သူသည် အိမ်ရှေ့မင်းသားရာထူးကို တစ်ချက်တည်းနှင့် လုံခြုံစွာရယူနိုင်ပေသည်။

ကျောက်ယီ သည် ကံကောင်းခဲ့ပြီး၊ ကျစ်ရှန်း နှင့် ပတ်သက်ရန် အစပြုခဲ့ကာတောင်ပိုင်းဟုန်တွင် ပြဿနာများကို သွားရောက် ပုန်းရှောင်နေခဲ့ရသော်လည်း၊နောက်ဆုံးတွင် ထိုကဲ့သို့သော ကံကောင်းသည့် အဖြစ်အပျက်မျိုးနှင့် ကြုံကြိုက်သွားခဲ့လေ၏။

သို့သော် တစ်ဖက်လူ၏ စွမ်းဆောင်ရည်များအရ၊ ထိုလူသည် အနောက်ပိုင်းဟုန်နတ်ဆိုးများ ကိုထိန်းချုပ်နိုင်လိမ့်မည်ဟု ကျောက်ဝမ်က အမှန်တကယ် မယုံကြည်ခဲ့ပေ၊ အခြေအနေများကို ဖရိုဖရဲဖြစ်သွားစေရန်သာ အလားအလာပိုများပေသည်။

ဤအကြောင်းကြောင့်၊ ကြီးမားသော အောင်မြင်မှုတစ်ခုကိုရယူကာ နဂါးနန်းတော်အတွင်း၌ သူ၏ ကိုယ်ပိုင်ရပ်တည်မှုကို ခိုင်မာစေရန် ကြိုးပမ်းသည့်အနေဖြင့်၊ သူက နတ်ဆိုးတစ်သောင်းခန်းမ၏ အရိပ်အယောင်ကိုရှာဖွေရာတွင် သူအစွမ်းကုန်ကြိုးစားအားစိုက်ထုတ်ထားခဲ့လေသည်။

သို့တိုင်အောင်၊ ဤအင်အားစုသည် လောကကြီးထဲမှ အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့ပေ၏။

အနောက်ပိုင်းဟုန် ရေနေမျိုးနွယ်၏ အင်အားဖြင့်ပင်လျှင်၊ သူတို့သည် မည်သည့်သတင်းကိုမျှ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ရုတ်တရက် ရောက်ရှိလာပြီး၊ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ အနောက်ပိုင်း နဂါးနန်းတော်သည် နဂါးသားတော်နှစ်ပါးကို အမှန်တကယ် မဆုံးရှုံးခဲ့ရပါက၊ ၎င်းသည် အခြားသူများ လှည့်စားရန် ဖန်တီးထားသောလှည့်ကွက်တစ်ခုသာ ဖြစ်သည်ဟု ကျောက်ဝမ် ထင်မြင်မိပေလိမ့်မည်။

သို့သော် သူသည် ဤအတွေးကို သူ၏ စိတ်ထဲမှ ချက်ချင်း ဖယ်ရှားလိုက်၏။

အကယ်၍ ၎င်းသည် လှည့်စားရန်ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော အရာတစ်ခုသာ ဖြစ်ပါက၊ ကျောက်ယီ၏ နောက်လိုက်တစ်ဦးဖြစ်သော သတ္တမသားတော်နှင့် ကြားနေဖြစ်သော စတုတ္ထသားတော်တို့ကို သတ်ဖြတ်ခြင်းက မည်သူ့အတွက် အကျိုးအမြတ်ဖြစ်စေသည်ကို ရှင်းလင်းစွာဖော်ပြနေလေသည်။

"ဒါဆို ငါကပဲနတ်ဆိုးတစ်သောင်းခန်းမရဲ့ ခန်းမသခင်ဖြစ်နေတာလား"

ကျောက်ဝမ်သည် သူ၏ လက်သီးများကို ဆုပ်ထားလိုက်ပြီး၊ အရှေ့ပိုင်း နဂါးနန်းတော် နှင့် ပတ်သက်၍ အထူးသံသယများ ရှိနေသည်မှာ သိသာထင်ရှားသော်လည်း ကျောက်ယီကို လက်မလွှတ်သေးဘဲ သူ့အတွက်ကြီးကျယ်ခမ်းနားသော အခွင့်အရေးတစ်ခုကိုပင်တက်ကြွစွာ ဖန်တီးပေးနေသော အထက်ရှိ သူ၏ ခမည်းတော်ကို တိတ်တဆိတ်ခိုးကြည့်လိုက်၏။

သူကိုယ်တိုင် ညီအစ်ကိုချင်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယဝင်ခံနေရဆဲဖြစ်သောကြောင့်လည်းပါဝင်မည်ဟု သူ ခန့်မှန်းမိလေသည်။

"ခမည်းတော်၊ စိတ်ချလက်ချ နေပါ။ သူတို့က လှည့်စားတတ်တဲ့ နတ်ဆိုးတစ်သိုက်သာသာပါပဲ၊ သားတော်က သူတို့ရဲ့ခေါင်းတွေကို ယူဆောင်လာပြီး သားတော်ရဲ့ ညီအစ်ကိုနှစ်ယောက်အတွက် သေချာပေါက် ကလဲ့စားချေပေးပါ့မယ်"

ထိုသို့တွေးတောလျက်၊ ကျောက်ဝမ် သည် သူ၏ ခေါင်းကို မော့လိုက်ပြီးပြောဆိုလိုက်ရာ အသံဟိန်းထွက်သွားလေသည်။

ထိုကဲ့သို့သော စကားများနှင့် ရင်ဆိုင်ရချိန်တွင်၊ အနောက်ပိုင်း နဂါးဘုရင်၏ မျက်နှာကမည်သည့် ခံစားချက်ကိုမျှ မပြသခဲ့ပေ။ သူသည် မျက်ခွံများကို အနည်းငယ်သာပင့်တင်လိုက်ပြီးနောက် ခဏအကြာတွင် သူ၏ လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။

"ဒါဆိုလည်း သွားတော့၊ မင်း လုပ်စရာရှိတာ လုပ်ပေါ့။ မင်းရဲ့ အစ်ကိုကြီးက သတင်းတစ်ခုခု ပြန်ပို့လာရင် ချက်ချင်း လာသတင်းပို့ဖို့မှတ်ထားပါ"

သူ၏ ခမည်းတော်သည် သားဖြစ်သူ၏ ရည်ရွယ်ချက်များကို မည်သို့များဖောက်ထွင်းမမြင်နိုင်ဘဲ ရှိပါမည်နည်း။

ကျောက်ဝမ်၏ အစောပိုင်းစကားများ အားလုံးထဲတွင်၊ဝါကျတစ်ကြောင်းတည်းကသာ ရိုးသားမှုရှိခဲ့၏။

အမှန်တကယ်ပင်၊သူတို့သည် လှည့်စားတတ်သော နတ်ဆိုးတစ်သိုက်မျှသာ ဖြစ်လေသည်။

မြောက်ပိုင်း နဂါးနန်းတော် နှင့် အနန္တတာအိုအင်ပါယာဂိုဏ်းတို့နှင့် နှိုင်းယှဉ်နိုင်သည်ဟု ထည့်မပြော‌သေးနှင့်၊ အကယ်၍ နတ်ဆိုးတစ်သောင်းခန်းမ သည် အနောက်ပိုင်းနဂါးနန်းတော် နှင့် အရွယ်အစား တူညီမှုရှိခဲ့လျှင်၊ သူတို့သည် ကောင်းကင်ဘုံနယ်ပယ်သို့ ‌စတင်ခြေလှမ်းဝင်ရုံမျှရှိသော သတ္တမသားတော်ကို သတ်ဖြတ်ပြီးနောက် ထိတ်လန့်တကြားထွက်ပြေးကာ လုံးဝပျောက်ကွယ်သွားလောက်အောင် ကြောက်ရွံ့နေမည် မဟုတ်ပေ။

၎င်းတို့မှာ အခြားကိစ္စများနှင့် အလုပ်ရှုပ်နေသည်ဟူ၍ လာမပြောပါနှင့်။

ယခင်က အဓိကနတ်ဆိုးအမျိုးမျိုးကို ဖိနှပ်နှိမ်နင်းခဲ့ခြင်းနှင့် တောင်ပိုင်းဟုန်ရှိ မျိုးနွယ်စုအသီးသီးမှ အဓိကနတ်ဆိုးများကိုရှင်းလင်းရန် သူတို့၏ တိကျသောကြိုးပမ်းအားထုတ်မှုများကို ထောက်ရှုပါက၊ဤ ခန်းမသခင်ဆိုသူသည် အဘယ်ကြောင့် မပါဝင်ရဲသနည်း။

ယင်းက အနောက်ပိုင်း နဂါးနန်းတော်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သည်မှာ ထင်ရှားလှပေသည်။

ဤသည်က သူတို့သည် အခြားသူများ၏ ပါးစပ်ဖြားမှ ကြွားလုံးထုတ်ထားသည့်အတိုင်းအတာနှင့် များစွာကွာဝေးပြီး ခွန်အားအချို့သာရှိသည့် သင်းကွဲနတ်ဆိုးများကိုသာ အဘယ်ကြောင့် ပစ်မှတ်ထားခဲ့ကြောင်းကိုလည်း ရှင်းပြနေလေ၏။

အနောက်ပိုင်း နဂါးဘုရင်၏ နှုတ်ခမ်းထောင့်များတွင် အေးစက်သောအပြုံးတစ်ခု ကွေးတက်သွားလေသည်။

သူသည် ဤသတ္တိကြောင်သောကြွက်များကို သေချာပေါက် ဖော်ထုတ်သွားမည်ဖြစ်ပြီး၊ အနောက်ပိုင်းဟုန်ကို မည်သူက အမှန်တကယ် စိုးမိုးထားသနည်းဆိုသည်ကို သူတို့အား သိစေမည်။

ထိုသို့ တွေးတောရင်း၊ ချီရှန့်ထောင်သည် သူ၏ မျက်ခွံများကို တစ်ဖန်ပြန်လည်ပိတ်ချလိုက်၏။

"သားတော် သွားခွင့်ပြုပါဦး"

ကျောက်ဝမ်သည် သူ့ ခမည်းတော်၏ ပြောင်းလဲသွားသောမျက်နှာအမူအရာများကို သေချာစွာ စောင့်ကြည့်ထားရာ၊ သူ၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုသောဆန္ဒကို သတိပြုမိသွားပြီး ထပ်မံ၍ မပြောရဲတော့ပေ။

သူက ညီအစ်ကိုသုံးဦးနှင့်အတူ လှည့်ထွက်ကာ ပင်မခန်းမကြီးထဲမှ ထွက်ခွာသွားခဲ့သည်။

သူ အဝေးသို့ မရောက်သေးခင်မှာပင် သူ၏ ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီး၊ သူ၏ ရှေ့တွင်ရှိသော ခမ်းနားထည်ဝါသည့် ပုံရိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပါသည်။

ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်စုသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို အမှန်တကယ်ပင်ခံစားခဲ့ရကြောင်း၊ တစ်ဦးချင်းစီတိုင်းသည် အံ့မခန်းလှပကြပြီး တစ်မူထူးခြားသောဆွဲဆောင်မှု ကိုယ်စီရှိကြကြောင်းကိုတော့ ဝန်ခံရပါမည်။

အကယ်၍ အရှေ့ပိုင်း နဂါးဘုရင်သည် ကျစ်ရှန်း ကို အသုံးမကျသော ကျောက်ယီ နှင့် လက်ထပ်ပေးရန်ဆုံးဖြတ်မထားခဲ့ပါက၊ ကျောက်ဝမ်သည် အစပိုင်းတွင် အမှန်တကယ်ပင် အတော်လေးစိတ်လှုပ်ရှားခဲ့မိပေသည်။

သို့သော် ယခုအခါတွင်မူ၊ သူမသည် အိမ်ရှေ့မင်းသားရာထူးကို လုံခြုံစွာရယူနိုင်ရန် သူ၏ လမ်းကြောင်းပေါ်ရှိ အကြီးမားဆုံးသော အဟန့်အတားတစ်ခု ဖြစ်လာခဲ့လေပြီ။

ကျောက်ဝမ်၏ နှလုံးသားထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခုသာ ရှိနေပြီး၊မျက်နှာကို တည်ထားလိုက်ကာ သူသည် သူ၏လက်များကို ပေါ့ပေါ့ပါးပါးပင် ဆုပ်ကိုင်လိုက်၏။

"မရီးတော် ယွီတောင်မှာ အနားမယူဘဲ နဂါးနန်းတော်ကို ဘယ်လိုကိစ္စများရှိလို့ ရောက်လာတာလဲ"

"ထွေထွေထူးထူးတော့ မရှိပါဘူး"

ကျစ်ရှန်း က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ကျွန်မလည်း အနောက်ပိုင်းနဂါးနန်းတော်ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ။ မကြာသေးမီက ဒီရေပြင်နဲ့ မြေပြင်တွေမှာ အရမ်းကိုဖရိုဖရဲတွေဖြစ်ပြီး ခမည်းတော်ကိုတောင် အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် သဘာဝကျကျပဲ ကျွန်မလည်း နည်းနည်းတော့ စိုးရိမ်မိတယ်။ ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်း မသိဘူး၊ ရှင်တို့တွေ ဒီကိစ္စတွေကို ဆွေးနွေးတဲ့အခါ ကျွန်မကို ဘယ်သူမှမခေါ်ကြတော့ ကျွန်မကိုပြင်ပလူတစ်ယောက်လို သဘောထားနေကြသလားလို့ပါ"

"မရီးတော်ကတော့ နောက်နေပြန်ပါပြီ"

ကျောက်ဝမ်က နှုတ်ခမ်းကို အနည်းငယ်တွန့်လိုက်ပြီး သူ၏ လက်များကို ချလိုက်၏။

"အစ်ကိုကြီးက တောင်ပိုင်းဟုန်မှာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာက ကြီးမားတဲ့တာဝန်တစ်ရပ်ဖြစ်နေပြီမို့၊ ကျွန်တော်တို့ အနောက်ပိုင်း နဂါးနန်းတော်အနေနဲ့ သဘာဝကျကျပဲ မရီးတော်ကို သေချာဂရုစိုက်ပေးရမှာပေါ့။ ဒါမှ အဝေးမှာရှိနေတဲ့ သူ့ကို စိတ်မပူစေရမှာလေ"

သူတို့နှစ်ဦးသည် အချင်းချင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာနားလည်ထားကြရင်း အပေါ်ယံ ယဉ်ကျေးဟန်ပြကာ၊ သူတို့၏ အကြည့်များကတော့ နောက်ဘက်ရှိပုံရိပ်သုံးခုကို အလားတူပင် အကဲခတ်နေကြလေ၏။

ထို နဂါးသားတော် သုံးပါးအနက်၊ တတိယနှင့် ဆဋ္ဌမသားတော်တို့သည် ကျစ်ရှန်းထံမှ အကျိုးအမြတ် အတော်များများကိုရရှိခဲ့ကြပြီး၊ သူမဘက်သို့ အပြည့်အဝမပါဝင်ကြသော်လည်း သူမဘက်သို့ အနည်းငယ် ယိမ်းယိုင်နေကြလေ၏။

ဆန့်ကျင်ဘက်အားဖြင့်၊ပဉ္စမသားတော် တစ်ဦးတည်းသာ ချီကျောက်ဝမ်ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့သည်။

All Chapters