← Chapters

တင်းမာလာသော အနောက်ပိုင်းဟုန်

Vol. 87 Ch. 865

တင်းမာလာသော အနောက်ပိုင်းဟုန်

Vol. 87 Ch. 865

လက်ရှိအချိန်မှာတော့၊ လေထုမှာ သိမ်မွေ့စွာ စတင်ပြောင်းလဲနေပြီဖြစ်ချေ၏။

ကျစ်ရှန်း၏ ပေါ့ပေါ့ပါးပါး အကြည့်နှင့် ရင်ဆိုင်ရချိန်တွင်၊ တတိယနှင့် ဆဋ္ဌမ ညီအစ်ကိုနှစ်ဦးစလုံးသည် သူမ၏ အကြည့်ကို ရှောင်လွှဲကာ ခေါင်းကို လှည့်သွားကြလေသည်။ အရှေ့ပိုင်း နန်းတော်ထံမှ ရရှိသော အကျိုးအမြတ်များသည် မည်မျှပင် များပြားစေကာမူ၊ သူတို့၏ ခမည်းတော်၏ ကြီးမားလှသောအာဏာစက်နှင့်ကား မယှဉ်သာပေ။

မကြာသေးမီက၊ ခမည်းတော်၏ လုပ်ရပ်များသည် နဂါးကြင်ယာတော်ကို ပြတ်ပြတ်သားသားပင် ဖယ်ကြဉ်ထားခဲ့၏။

အကယ်၍ ဤအမျိုးသမီးသာ အရှေ့ဘက်မှ လာသူ မဟုတ်ခဲ့ပါက၊ ခမည်းတော်သည် သူမကို နဂါးနန်းတော်ထဲမှ နှင်ထုတ်ပစ်လောက်လေပြီ။

"ဟွန့်"

ချီညီအစ်ကိုများထဲတွင် ပဉ္စမမြောက်ချီသားတော်က တိုးညှင်းစွာလှောင်ပြုံး ပြုံးလိုက်လေသည်။

ချီကျောက်ဝမ်သည် မိမိကိုယ်ကို ထိန်းချုပ်လိုက်ပြီးနောက်၊ တစ်ဖက်လူကို အကြည့်ဖြင့်သတိပေးရန် ခေါင်းကိုနောက်သို့လှည့်ကာ၊ ပေါ့ပါးသော ရယ်မောသံဖြင့် စကားပြန်ဆက်လိုက်၏။

"မကြာသေးခင်မှာအခြေအနေတွေက တည်ငြိမ်မှု မရှိလှဘူး မရီးတော်။ မရီးတော် ယွီတောင်ကို ပြန်ပြီး အနားယူတာကပိုကောင်းပါလိမ့်မယ်။အကြောင်းပြချက်မရှိဘဲ လျှောက်မသွားတာ ပိုကောင်းပါတယ်"

ထိုသို့ပြောပြီးနောက်၊ သူသည် သူတို့သုံးဦးကို ဦးဆောင်ကာ ကျစ်ရှန်းကို ကျော်လွန်သွားပြီး၊ လှိုင်းလုံးများပေါ်မှတစ်ဆင့် အဝေးသို့ ထွက်ခွာသွားလေသည်။

...

ကျစ်ရှန်းသည် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး၊ သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း၊သူမ၏ ဖြူဖွေးသော လက်ချောင်းလေးများမှာ တဖြည်းဖြည်း တင်းကျပ်စွာဆုပ်ကိုင်လာခဲ့၏။

သူမ၏ ရင်ထဲရှိ ဒေါသကို ဖိနှိပ်ရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။

ထင်ထားသည့်အတိုင်းပင်၊ အနောက်ပိုင်း နဂါးဘုရင် နိုးထလာသည်နှင့် တစ်ပြိုင်နက်၊ သူမ၏ ကြိုးစားအားထုတ်မှုအားလုံးသည် သဲထဲရေသွန် ဖြစ်သွားခဲ့လေပြီ။

ယခုအခါတွင် သူမ မျှော်လင့်နိုင်သည်မှာ အိမ်ရှေ့မင်းသားနေရာကို ခိုင်မာစွာ မသတ်မှတ်ရသေးမီ၊နတ်ဆိုးတစ်သောင်းခန်းမ၏ ကိစ္စရပ်ကို ဖြေရှင်းနိုင်ရန်သာဖြစ်ပြီး၊ သို့မှသာ ချီရှန့်ထောင်ကို နဂါးသိုက်ထဲတွင် ပြန်လည်လိမ့်ဆင်းသွားစေနိုင်မည်။

သို့မဟုတ်ပါက၊ သူမသည် တောင်ပိုင်းဟုန်၌ ချီကျောက်ယီက သတ္တိအချို့ပြသကာ၊ သူ၏ ညီဖြစ်သူထက် တရားမျှတစွာဖြင့်သာလွန်သွားစေရန် သူမ၏ မျှော်လင့်ချက်များကို ပုံအောထားနိုင်လေသည်။

သို့သော် ၎င်းသည် ထိုမျှလောက်လွယ်ကူနေပါက၊ သူ့ကို ဖယ်ရှားပစ်ခြင်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်နေပေလိမ့်မည်။

ကိစ္စရပ်တစ်ခုလုံးသည် အနောက်ပိုင်း နန်းတော်၏ တံဆိပ်တုံးကို သိမ်းပိုက်မည့်အကြံအစီအား စိတ်ကူးတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ စကားတစ်ခွန်းကွာခြားသွားရုံဖြင့်၊ ကျဆင်းသွာရမည့် တန်ဖိုးမှာ... သူမကိုယ်တိုင် ဖြစ်လာနိုင်ချေ ရှိလေသည်။

"ဟူး"

ကျစ်ရှန်းသည် သက်ပြင်းကိုညင်သာစွာ ချလိုက်ပြီး၊ ထိုကဲ့သို့သော မြင်ကွင်းကို တွေးမိသည်နှင့် ပျို့အန်ချင်စိတ်အနည်းငယ် သူမအပေါ် လွှမ်းမိုးလာခဲ့၏။

သူမသည် လက်ညိုးကို ဆန့်ထုတ်ကာ နားထင်များကို နှိပ်နယ်လိုက်လေသည်။

ထို့နောက် သူမသည် လှည့်ကာ ယွီတောင်ဆီသို့ ပြန်သွားခဲ့ပါသည်။

သူမ ထွက်ခွာသွားပြီးနောက်၊ နဂါးသားတော်များသည် သူတို့၏ ခြေလှမ်းများကို တစ်ဖန် ရပ်တန့်လိုက်ကြသည်။

တတိယနှင့် ဆဋ္ဌမ ညီအစ်ကိုနှစ်ဦးသည် သူတို့၏ မျက်နှာပေါ်တွင် အရှက်ရမှုအရိပ်အယောင်တစ်ခုနှင့်အတူ ချီကျောက်ဝမ်ဘက်သို့ ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြ၏။

လမ်းတစ်ဝက်တွင် ဘက်ပြောင်းခြင်းမှာ စကားပြောရန် လွယ်ကူသော်လည်း၊ အမှန်တကယ် လက်တွေ့လုပ်ဆောင်ရန်မှာ ခက်ခဲလှပေသည်။

အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် တစ်ကြိမ် သစ္စာဖောက်နိုင်ပါက၊ ဒုတိယအကြိမ်လည်း ပြုလုပ်နိုင်သောကြောင့်ပင်။

သူတို့၏ ဒုတိယအစ်ကိုတော်၏ ယုံကြည်မှုကို ရရှိရန်အတွက် သူတို့သည် ထင်ရှားသောအရာတစ်ခုကို ပြုလုပ်ရမည် ဖြစ်လေသည်။

"ကျွတ်"

ချီကျောက်ဝမ်သည် ဖြည်းညှင်းစွာ လှည့်လာပြီး၊ သူ၏ အကြည့်များက သူတို့နှစ်ဦးအပေါ် ဝေ့ဝဲသွား၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ သူသည် နောက်ဆုံးတွင် ပြုံးကာ ပြောလိုက်သည်။

"ငါတို့အားလုံးက ညီအစ်ကိုတွေပဲ၊ ဘာလို့ ဒီလောက် သူစိမ်းဆန်နေရတာလဲ။ ဒီကိစ္စကို ကိုင်တွယ်ဖို့ ခမည်းတော်က ငါ့ကို တာဝန်ပေးထားပေမဲ့၊ ငါက မင်းတို့နှစ်ယောက်ကို တမင်သက်သက် ဒုက္ခပေးပါ့မလား"

"မပေးပါဘူး၊ မပေးပါဘူး"

ထိုနှစ်ဦးက သူတို့၏ လက်များကို အလျင်စလို ဝှေ့ယမ်းလိုက်ကြပြီး၊ ပဉ္စမသားတော်ကမူ ပို၍ ထူထဲသောသရော်ပြုံးဖြင့် ကြည့်နေလေသည်။

"ဒါပေမဲ့၊ မင်းတို့နှစ်ယောက်ကို လုပ်ပေးစေချင်တဲ့ ကိစ္စလေးတစ်ခုတော့ ရှိတယ်"

ချီကျောက်ဝမ်၏ လေသံမှာ ပြောင်းလဲသွားပြီး သူ၏ အပြုံးကို ဖျောက်လိုက်၏။

"စတုတ္ထနဲ့ သတ္တမ ညီအစ်ကိုနှစ်ယောက်က ဝမ်ရှန်းစံအိမ်မှာ သေဆုံးသွားခဲ့ပေမဲ့၊ အဲဒီနေရာကို အခု ယွီတောင်ကတပ်ဖွဲ့တွေက စောင့်ကြပ်နေတယ်ဆိုတော့ နည်းနည်းပုံမှန်မဟုတ်ဘူးလို့ ထင်ရတယ်"

"မင်းတို့နှစ်ယောက် အဲဒီကို ချက်ချင်းသွား၊ တာဝန်ယူပြီးတော့ သေချာစုံစမ်းစစ်ဆေးလိုက်ပါ"

ယင်းကို ကြားသောအခါ၊ ထိုနှစ်ဦးမှာ သိသာစွာ စိတ်သက်သာရာ ရသွားပြီး ပြုံးလျက်ပြိုင်တူ ပြောလိုက်ကြသည်။

"ဒါက ပြဿနာမရှိပါဘူး ဒုတိယအစ်ကိုတော်။ အစ်ကိုတော်က တော်ဝင်အမိန့်စာထုတ်ပြန်လိုက်တာနဲ့ ကျွန်တော်တို့ ပြီးစီးအောင် လုပ်ဆောင်လိုက်ပါ့မယ်"

သို့သော်လည်း၊ နောက်တစ်ခဏတွင် သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တောင့်တင်းသွားခဲ့လေ၏။

ချီကျောက်ဝမ်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

"ငါလို အနောက်ပိုင်း နဂါးနန်းတော်ရဲ့ မင်းသားတစ်ပါးက ရေနေမျိုးနွယ်စစ်သည်တွေကို အမိန့်ပေးဖို့ တော်ဝင်အမိန့်စာလိုအပ်လို့လား။ ဘာလဲ၊ သူတို့က အမိန့်မနာခံရဲဘူးထင်လို့လား၊ ဒါမှမဟုတ် ဒီက ငါ့ညီလေးတွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေကို အမိန့်မပေးနိုင်တော့လို့လား"

"ဟုတ်ပြီ၊ သူတို့ကို ရှင်းလင်းပြီး ရတနာမြေထဲမှာ ဘာတွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရတဲ့အခါ၊ အဲဒီအထဲက ပစ္စည်းတွေက ညီလေးတို့အတွက် ဆုလာဘ်တွေဖြစ်လိမ့်မယ်။ အားပါးတရ စားသုံးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

မရေမတွက်နိုင်သော သက်ရှိများပြည့်နှက်နေသည့် ရတနာမြေတစ်ခုသည် ကောင်းကင်ဘုံနယ်ပယ် နတ်ဆိုးတစ်ကောင်အတွက်ပင် ကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခု ဖြစ်ပေ၏။

သို့သော် ဤအရည်ရွှမ်းပုံရသော အသားတုံးမှာ ဝါးရခက်ခဲနိုင်ချေ ရှိလေသည်။

ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူနှင့် ၎င်း၏ ဆွေမျိုးများသည် ကြင်နာတတ်သော နှလုံးသားရှိကြောင်း လူတိုင်း သိထားကြလေသည်။

ယွီတောင်၏ နတ်ဆိုးစစ်သည်များကို ဦးစွာ သတ်ဖြတ်ပြီးနောက် ဝမ်ရှန်း ရတနာမြေရှိ သက်ရှိများကို ဝါးမြိုပစ်ခြင်း ဤအရာနှစ်ခုကို ပြုလုပ်လိုက်ပါက၊ ယွီတောင် နဂါးကြင်ယာတော် ပြသလာမည့် အေးစက်သောမျက်နှာအမူအရာကို တတိယနှင့် ဆဋ္ဌမသားတော်တို့က မျက်စိထဲ၌ပင် မြင်ယောင်နိုင်လေသည်။

ထိုသို့ဆိုလျှင် သူတို့သည် ကိုယ်ဖောင်ကိုပြန်ဖျက်သလိုဖြစ်နေပေလိမ့်မည်။

"မင်းတို့ မသွားချင်ရင်လည်း မသွားပါနဲ့ ဒီလို ရွှေအခွင့်အရေးမျိုးကို ကျွန်တော်ကိုယ်တိုင်လည်း ကိုင်တွယ်နိုင်ပါတယ်"

ပဉ္စမသားတော်က သူ၏ ဆူဖြိုးသော ခန္ဓာကိုယ်ကို ဘေးသို့တိုးဝှေ့လျက်၊ သူ၏ ညီအစ်ကိုနှစ်ဦး၏ ပခုံးများကို ဖက်ကာ တိုးတိုးလေးပြောလိုက်၏။

"ဒါဆိုလည်း ကျွန်တော် အစ်ကိုတို့ကို ဒုက္ခမပေးတော့ပါဘူးလေ"

"မင်းဘယ်လိုပြောလိုက်တာလဲ ပဉ္စမညီလေး"

သူတို့နှစ်ဦး တုန်လှုပ်သွားကြပြီး၊ ချီကျောက်ဝမ်၏ မျက်နှာပေါ်မှ ပို၍ပို၍လျစ်လျူရှုလာသော အမူအရာကို မြင်လိုက်ရသောအခါ၊ သူတို့က အလျင်စလို အရိုအသေပေးလိုက်ကြသည်။

"ဒါက အမှန်တကယ်ကို ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ၊ ဒုတိယအစ်ကိုကို ကျေးဇူးအများကြီး တင်ပါတယ်"

ဤစကားလုံးများ သူတို့၏ နှုတ်ခမ်းဖျားမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက်၊ သူတို့၏ နှလုံးသားထဲမှ အချုပ်အနှောင်တစ်ခုပယ်သွားသကဲ့သို့ ဖြစ်သွားပြီး၊ သူတို့၏ အမူအရာများမှာ များစွာပို၍ ရက်စက်ကြမ်းကြုတ်လာကာ အေးစက်စွာ ပြောလိုက်၏။

"တစ်ယောက်မှ မကျန်စေရဘူးဆိုတာ သေချာစေရပါမယ်"

အမှန်ပင်၊ ကျစ်ရှန်းမှာ အိမ်ထောင်ချပေးခံရသော အမျိုးသမီးတစ်ဦးမျှသာ ဖြစ်ရာ၊ သူမက အရှေ့ပိုင်းနဂါးနန်းတော်တစ်ခုလုံးကို မည်သို့များ ကိုယ်စားပြုနိုင်မည်နည်း။

ထို့ပြင်၊ အရှေ့ပိုင်း နဂါးနန်းတော်က အာဏာပြချင်လျှင်ပင်၊ ၎င်းက အနောက်ဘက်သို့ ဗြောင်ကျကျ လက်လှမ်းမီနိုင်မည်လော။

မြောက်ဘက်မှ လူများအားလုံးက သူတို့ကို အနီးကပ်စောင့်ကြည့်နေကြသည်ဆိုသည်ကို မမေ့သင့်ပေ။

"အနောက်ပိုင်းဟုန်က ငါတို့ရဲ့ကိစ္စတွေကို အနောက်ပိုင်းနဂါးနန်းတော်က ငါတို့လူတွေ ကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းရမယ်"

တတိယသားတော်က နောက်ဆုံးတွင် အပြုံးတစ်ခု ထုတ်ဖော်ပြသလိုက်ပြီး၊လှည့်ကာ ဆဋ္ဌမသားတော်နှင့်အတူ ရေနယ်မြေ၏ အပြင်ဘက် ဒေသများဆီသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။

...

အနောက်ပိုင်းဟုန်၊ ယွီတောင်

ကျစ်ရှန်းသည် ရှည်လျားသောလှေကားထစ်များပေါ်သို့ ဖြည်းညှင်းစွာတက်လှမ်းသွားခဲ့ပြီး၊ ထိပ်ဆုံးရှိ သီးသန့်အဆောင်ဆောင်များဆီသို့ သွားနေစဉ် သူမ၏ အတွေးများက လွင့်မျောနေခဲ့သည်။

တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ၊ သူမ၏ ကိုယ်ပိုင် သက်တော်စောင့်များထဲတွင် ရင်းနှီးမှုမရှိသောပုံရိပ်များစွာကို သတိပြုမိလိုက်လေသည်။

ရွံစရာလောက်ကောင်များကဲ့သို့ပင်၊ သူတို့သည် သူမ၏ ယွီတောင်ကို လုံးဝရွံရှာဖွယ်ဖြစ်စေခဲ့ပြီး၊ အစာအိမ်ကို ကမောက်ကမဖြစ်စေသော မြင်ကွင်းတစ်ခုဖြစ်၏။

အဆောင်၏ရှေ့တွင်၊ ရင်းနှီးနေသော ကျောနက် ရေနဂါးစစ်သူကြီးနေရာ၌ နဂါးမျိုးဆက် နှစ်ကောင်ဖြင့် အစားထိုးခံထားရလေပြီ။

သူတို့သည် တံခါးအပြင်ဘက်တွင် အစောင့်အဖြစ် ရပ်နေကြပြီး၊ကျစ်ရှန်း၏ ပုံရိပ်ကို မြင်သောအခါ၊ သူတို့နှစ်ဦးစလုံးက ရိုသေစွာ ခေါင်းညိတ်ကာ အရိုအသေပေးလိုက်၏။

"နဂါးကြင်ယာတော်ကို ဂါရဝပြုပါတယ်"

"ဟက်"

ကျစ်ရှန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောမိမတတ် ဖြစ်သွား၏။

"ကျွန်မအတွက် ဂုဏ်သရေရှိတဲ့ နဂါးမျိုးဆက်တွေကိုတံခါးစောင့်ခိုင်းရတာက ရှင်တို့ရဲ့ ဂုဏ်သိက္ခာအတွက်နည်းနည်းတော့ နိမ့်ကျမနေဘူးလား"

"ဒါက မျိုးဆက်သစ်တွေ လုပ်သင့်တဲ့အရာပါ"

ထိုနဂါးမျိုးဆက် နှစ်ကောင်သည် အခြားသို့ မကြည့်ကြဘဲ၊ သူတို့၏ အမူအရာမှာ တည်ငြိမ်နေကာ တိုးညှင်းစွာပြောလိုက်သည်။

"မိတ်ဟောင်းဆွေဟောင်းတွေ လာလည်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ယွီတောင်ကို စာတွေ ရောက်လာတာပဲဖြစ်ဖြစ် နားလည်မှုလွဲမှားတာတွေ မဖြစ်ရအောင် ကျွန်တော်တို့ကို အသိပေးဖို့ နဂါးကြင်ယာတော်ကို မေတ္တာရပ်ခံပါတယ်"

ယင်းကို ကြားသောအခါ၊ ကျစ်ရှန်း၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်မှုတို့ဖြင့် တောက်ပသွားပြီး၊ သူမက အေးစက်စွာ လှမ်းကြည့်လိုက်သည်။

"ဒါဆို ရှင်တို့က မျိုးဆက်သစ်တွေဆိုတာကို မှတ်မိသားပဲပေါ့"

သူမသည် ကျီကျင်းရှီးနှင့် အဆင့်တူညီသော ကောင်းကင်ဘုံနယ်ပယ်မှ စွမ်းအားကြီးမားသည့် ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ဤနဂါးမျိုးဆက် နှစ်ကောင်တင် မဟုတ်ဘဲ၊ ယခင်က ချီကျောက်ယီပင်လျှင် သူမ၏ လက်အင်္ကျီကို တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ယွီတောင်မှ ဖယ်ရှားခံရမည်။

သို့သော် ယခုအချိန်တွင်မူ၊ သူမ၏ အကြည့်အောက်၌၊ဤမျိုးဆက်သစ်များ၏ ကျောရိုးများပင်လျှင်တဖျစ်ဖျစ်မည်သော အသံတစ်ခုကို စတင်ထွက်ပေါ်လာစေပြီး၊ မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ကျသွားကြသော်လည်း၊ သူတို့က ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိသေးပေ။

သွေးကြောများဖောင်းကြွနေသော လက်မောင်းများဖြင့် မြေပြင်တွင်ထောက်ထားကာ၊ အံများကို တင်းတင်းကြိတ်လျက် သူတို့က ပြောလိုက်၏။

"နဂါးကြင်ယာတော်၊ ဒေါသကို လျှော့လိုက်ပါ။ ဒါတွေအားလုံးက အဘိုးရဲ့အကြံအစည်ပါ။ ယွီတောင်မှာ အသောင့်ချဖို့ ကျွန်တော်တို့နဲ့ တပ်ဖွဲ့တွေကို သူ စေလွှတ်လိုက်တာပါ။ ဒါက သင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်၊ ကျွန်တော်တို့ ချက်ချင်းပြန်သွားပြီးတော့ အဘိုးကို သတင်းပို့ကာ စစ်သည်တွေကို ရုပ်သိမ်းလိုက်ပါ့မယ်"

...

ကျစ်ရှန်းသည် သူမ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး၊ တံခါးကို အချိန်အတော်ကြာ လျစ်လျူရှုကာစိုက်ကြည့်နေပြီးနောက် အေးစက်စွာ လှောင်အပြုံးဖြင့် ပြောလိုက်၏။

"မလိုပါဘူး၊ ရှင်တို့ သဘောအတိုင်း လုပ်ပါ။ အဲဒီလိုလုပ်ရင်းနဲ့ ကျွန်မကိုယ်စား ခမည်းတော်ရဲ့ ကြင်နာမှုအတွက်လည်း ကျေးဇူးတင်လိုက်ပါ"

ထိုသို့ပြောပြီးနောက်၊ သူမသည် တံခါးကို တွန်းဖွင့်ကာဝင်ရောက်သွားပြီး၊ တံခါးများ ဝုန်းခနဲ ပိတ်သွားစဉ် သူမ၏ လက်အင်္ကျီများကို ဝှေ့ယမ်းလိုက်၏။

ဝုန်း

နဂါးမျိုးဆက်နှစ်ကောင်မှာ သွေးနှင့်ချွေးများဖြင့် ချွဲနေပြီဖြစ်ပြီး၊ အချိန်မည်မျှကြာသွားသည်ကို မသိပြီးနောက်၊ သူတို့သည် နောက်ဘက်သို့ သတိထားကာ ကြည့်လိုက်ကြလေသည်။

အကယ်၍ ဤအမျိုးသမီးသည် အနောက်ပိုင်းဟုန်တွင် ဆက်နေလိုပါက၊ အဘိုး၏ စကားကို နားထောင်ရပါလိမ့်မည်။

အကယ်၍ သူမသည် အရှေ့ပိုင်းနဂါးနန်းတော်၏ အင်အားကို ကြွားဝါလိုပါက၊ သူမသည် အရှေ့ဘက်သို့ ပြန်သွားပြီးအေးအေးဆေးဆေး လုပ်နိုင်ပေသည်။

"ဟူး"

ကျစ်ရှန်းသည် မျက်လုံးများကို မှိတ်ကာ၊ တံခါးကို မှီလျက်၊ မမှန်မကန် အသက်ရှူနေလေသည်။

သူမ၏ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက်၊ မျက်လုံးများကို ဖွင့်လိုက်ရာ နောက်တစ်ခဏတွင် ကုတင်ပေါ်မှ ဖြည်းညှင်းစွာထွက်ပေါ်လာသော ပုံရိပ်တစ်ခုကို သူမ မြင်တွေ့လိုက်ရပြီး၊ သူမ၏ ဒေါသသည် အံ့အားသင့်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပါသည်။

"ဘာလို့ ဒီလောက်ဒေါသထွက်နေရတာလဲ"

ကျိကျင့်ရှီးက လက်ချောင်းတစ်ချက်တောက်လိုက်ကာ အကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။ တံခါးအပြင်ဘက်မှ အရာအားလုံးကို သူမ ကြားခဲ့ရလေသည်။

အနောက်ပိုင်း နဂါးဘုရင်၏ ခွန်အားအရ၊ နဂါးမျိုးဆက်နှစ်ကောင်နှင့် နတ်ဆိုးစစ်သည် တစ်အုပ်သည် အစစ်အမှန် ကျွမ်းကျင်သူတစ်ဦးကို မဟန့်တားနိုင်ကြောင်း သူ မသိရန် အကြောင်းမရှိပေ။

ထို့ကြောင့်၊ ဤသည်မှာ သူမကို ရွံရှာသွားစေရန် ရိုးရှင်းစွာရည်ရွယ်ချက်ထားခြင်းပင် ဖြစ်လေသည်။

ကျစ်ရှန်းသည် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေတွင် ပိတ်မိနေသည်မှာ သေချာလှပေ၏။ ဤအရှက်ရမှုကို မြိုသိပ်လိုက်ခြင်းက အရှေ့ပိုင်း နဂါးနန်းတော်၏ အမူအကျင့်ပုံစံနှင့် မကိုက်ညီဘဲ အပြစ်ရှိကြောင်း အကြံပြုနေသကဲ့သို့ ဖြစ်ရာ၊သူမအား အနောက်ပိုင်း နဂါးဘုရင်က ပိုမို သံသယဝင်စရာအရာတစ်ခုအဖြစ် ဖန်တီးပေးရန်သာ အလုပ်ဖြစ်ပေလိမ့်မည်။

တစ်ဖက်တွင်လည်း၊ အကယ်၍ သူမသည် ဒေါသတကြီးဖြင့် အရှေ့ဘက်သို့ ထွက်ခွာသွားပါက၊ ၎င်းသည် အနောက်ပိုင်း နဂါးဘုရင်၏ ဆန္ဒအတိုင်းဖြစ်သွားပေလိမ့်မည်။

"ငါ့ကိစ္စတွေကို ဝင်ကူပေးချင်တဲ့ စိတ် ရှိနေသေးတာပဲ"

ကျစ်ရှန်းက ခေါင်းကိုက်မှုတစ်ခုနှင့်အတူ သူမကို စိတ်ပျက်လက်ပျက် အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ လျင်မြန်စွာ လျှောက်လာ၏။

"တောင်ပိုင်းဟုန်က ဘယ်လိုနေလဲ။ ငါ သတင်းတစ်ပုဒ်လေးတောင်မရရသေးဘူး၊ ငါ ဘယ်လောက်တောင် စိုးရိမ်နေရလဲဆိုတာ နင်သိလား"

"အကူအညီ လာတောင်းတာလား။ ငါလည်း အဲဒီကိုသွားပြီး ကူညီပေးချင်နေတာကြာပြီ။ ဒီနဂါးအိုကြီးက အရမ်းကောက်ကျစ်လွန်းတယ်၊ ငါ့ကို အခွင့်အရေးမှ မပေးတာ... တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ငါလည်း နင်နဲ့အတူ လိုက်သွားတာက ပိုကောင်းပါလိမ့်မယ်။ အရှေ့ပိုင်း နဂါးနန်းတော်ဆီကို ငါ့ကို တရားဝင်ထုတ်ပယ်စာ ပို့ရဲတဲ့ သတ္တိ သူ့မှာရှိမရှိ၊ ဒီနဂါးအိုကြီးမှာ သတ္တိရှိမရှိ ငါ ကြည့်ချင်သေးတယ်"

"ဒါနဲ့၊ နင်က ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း ရောက်နေတာလဲ... ဟိုကောင်လေးကော ဘယ်မှာလဲ"

ကျစ်ရှန်းသည် အချိန်အတော်ကြာ မြိုသိပ်ထားခဲ့ရသကဲ့သို့၊ သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် စကားလုံးများ တရဟောထွက်ကျလာရာ မည်သည့်နေရာမှ စတင်ရမည်ကို မည်သူမျှမသိနိုင်အောင် ဖြစ်သွားစေ၏။

"ဟိုကောင်လေးက ဘာလဲ၊ အဲဒါ နန်ယန်ရဲ့ ဂိုဏ်းချုပ်လေ..."

ကျိကျင့်ရှီးက အားလုံးကို တိတ်ဆိတ်စွာ နားထောင်နေပြီး၊ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ရာ၊သူမ၏ မျက်လုံးများထဲတွင် အပြစ်ရှိသလို ခံစားရမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

သူမ၏ မိတ်ဆွေဟောင်းသည် ယခင်ကအတိုင်း ကြင်နာတတ်ဆဲဖြစ်ကြောင်း ပြောရမည်ဖြစ်သော်လည်း၊ သူမ၏ ယနေ့ အလည်အပတ် ခရီးစဉ်မှာ အခြားသူတစ်ဦးထံမှ တာဝန်တစ်ခု ပါလာခဲ့ခြင်းဖြစ်ပြီး၊ တောင်ပိုင်းဟုန်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ ကျစ်ရှန်းထံသို့ ဖွင့်ဟလို့ မရနိုင်ပေ။

ယင်းအစား၊ သူမသည် ကျစ်ရှန်းထံမှ သတင်းအချက်အလက်များကို ထုတ်ယူရမည်။

ရှန်းယီအတွက်သာ မဟုတ်ခဲ့ပါက၊ ကျိကျင့်ရှီးသည် ဤကဲ့သို့သော အရာမျိုးကို အမှန်တကယ်ပင် ကိုယ်တိုင်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

All Chapters