← Chapters

သူတို့ ပြန်လာပြီ ၂

Vol. 87 Ch. 869

သူတို့ ပြန်လာပြီ ၂

Vol. 87 Ch. 869

နဂါးနန်းတော် နတ်ဆိုးစစ်သူကြီးသည် သူ၏ ငွေရောင်လှံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးလှံသွားပေါ်ရှိ သွေးစက်များကို ညင်သာစွာခါထုတ်လိုက်ကာ၊ တည်ငြိမ်စွာ လှည့်ထွက်၍ နတ်ဆိုးစစ်သည်များကို ဦးဆောင်ကာ ရေပြင်ပိုင်နက်ဆီသို့ ဆက်လက်ထွက်ခွာသွားသည်။

ထိုအချိန်မှာပင် ယွင်ဟယ်ဂိုဏ်း၏ ရတနာနယ်မြေတစ်ခုလုံးမှာ ကောင်းကင်ယံကြီးတစ်ခုလုံး ရုတ်တရက်မှောင်အတိကျသွားသကဲ့သို့ ကြီးမားသောအရိပ်ကြီးတစ်ခု လွှမ်းမိုးသွားလေ၏။

နောက်တစ်ခိုက်တွင် မိုးကြိုးပမာဟိန်းဟောက်ရယ်မောသံနှင့်အတူ ကောင်းကင်တိုင်လုံးကြီးကဲ့သို့ ကြီးမားလှသောခြေထောက်တစ်ဖက်သည် မြူနှင်းများကြားမှ နင်းချလိုက်လေသည်။

"ဘယ်သူက ဒီမှာလာပြီး ရမ်းကားနေတာလဲ"

နဂါးနန်းတော် နတ်ဆိုးစစ်သူကြီးမှာ ထိတ်လန့်တကြားမော့ကြည့်ရန်သာ အချိန်ရလိုက်ပြီး ဒေါသတကြီးဟိန်းဟောက်သံတစ်ချက်ထွက်ပေါ်လာခဲ့သည်။

သူ၏ အမြင်အာရုံထဲတွင် ထိုကြမ်းတမ်းသော လက်သည်းကြီးသည် အဆမတန်ကြီးမားလာပြီး အရာအားလုံးသည် မှောင်အတိကျသွား၏။

ဝုန်း

မြေပြင်မှာ တုန်ခါသွားပြီး တောင်တန်းများမှာလည်းသိမ့်သိမ့်တုန်သွားသည်။ ထူးဆန်းသော မျောက်နတ်ဆိုးကြီးသည် နေမင်းကိုပင် ကွယ်နိုင်သောသူ၏ ခန္ဓာကိုယ်ကြီးကို ကိုင်းညွှတ်လိုက်ကာ သူ၏သွယ်လျသော ညာဘက်လက်ကို ဆန့်ထုတ်၍ မြေပြင်ပေါ်ရှိပြန့်ကျဲနေသော အသားစများနှင့် ပြတ်တောက်နေသော ခြေလက်များကို စုတ်ပြတ်နေသောအိတ်တစ်ခုထဲသို့ ပေါ့ပေါ့ပါးပါး ကောက်ထည့်လိုက်ပြီး အဝေးသို့ ပြေးထွက်သွားလေသည်။

မှောင်မိုက်သော တိမ်တိုက်ကြီးတစ်ခု ရုတ်တရက် ပြန်လည်ဖယ်ရှားပစ်လိုက်သကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်းအရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။

"ဟူး... ဟူး..."

အရပ်မြင့်သောကျင့်ကြံသူသည် သူ၏ ရင်ဘတ်ကို ဖိကာ မြေပြင်ပေါ်သို့လဲကျသွားသည်။ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမနိုင် တုန်ရင်နေပြီး အဝတ်အစားများမှာလည်း သွေးများနှင့် ချွေးများဖြင့် ရွှဲရွှဲစိုနေခဲ့၏။

ထိုလက်သည်းကြီးသည် သူနှင့် တစ်ပေပင် မကွာဝေးလှသော နေရာသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ သူ၏ မျက်နှာကိုပင် ပွတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုနတ်ဆိုးစစ်သူကြီးနှင့် စစ်သည်များသည် ပြန်လည်ခုခံရန် အခွင့်အရေးပင်မရဘဲ သူ၏ မျက်စိရှေ့မှောက်မှာပင် ကြိတ်ခြေခံလိုက်ရပါသည်။

ဤမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် သူ၏ ဝိညာဉ်ကိုပင် ကြေမွသွားစေလုနီးပါး ဖြစ်ခဲ့လေ၏။

ယွင်ဟယ်ဂိုဏ်းမှ တပည့်များ အလုအယက်ထွက်လာကြပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သတိပြန်ဝင်လာကာ အရပ်မြင့်သောကျင့်ကြံသူ၏ ဒဏ်ရာများကို ကုသပေးလာသည်။ ကျန်ရှိသူများမှာမူ ထိုမျောက်နတ်ဆိုးကြီးထွက်ခွာသွားရာ လမ်းကြောင်းသို့ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြပေသည်။

"ဒါ... ဒါက သူပဲ..."

အကြီးအကဲတစ်ဦးက ထိုမျောက်နတ်ဆိုးအား မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိသွားသည်။ သူသည် အနောက်ပိုင်းဟုန်မှအလွန်ကြမ်းကြုတ်ရက်စက်မှုကြောင့် နာမည်ကျော်ကြားသော မြေကမ္ဘာနယ်ပယ် ပြည့်စုံခြင်းအဆင့် နတ်ဆိုးကြီးပင်။

သို့သော် ဤနတ်ဆိုးကြီးကို အနောက်ပိုင်း နဂါးနန်းတော်မှ တောင်ဘက်သို့ မောင်းထုတ်လိုက်သည် မဟုတ်လော။ အဘယ်ကြောင့် ရုတ်တရက်ပြန်ရောက်လာသနည်း။

ထို့အတူ ပြန်ရောက်လာချင်းမှာပင် နဂါးနန်းတော်၏ နတ်ဆိုးစစ်သည်များကို လျှင်မြန်ပြတ်သားစွာဖြင့် တိုက်ခိုက်ခဲ့သည်လော။

ယွင်ဟယ်ဂိုဏ်း အကြီးအကဲသည် ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ လေ့လာကြည့်လိုက်၏။

သူ၏ တပည့်တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိခဲ့ပေ။ ထိုမျောက်နတ်ဆိုး၏ ပေါ့ပေါ့ပါးပါး ကန်ချက်မှာ အလွန်ပင်ရှင်းလင်းသော ပစ်မှတ်ရှိနေခဲ့သည်။

သူသည် သူ၏ မျက်ခုံးကို အတင်းအကျပ် ပွတ်သပ်လိုက်၏။ ၎င်းမှာ ယုံကြည်ရန် ခက်ခဲပြီး အဓိပ္ပာယ်မရှိလှပေ။

ဤရေပြင်နယ်မြေတွင် အနောက်ပိုင်းနဂါးနန်းတော်၏ အာဏာကို စိန်ခေါ်ဝံ့သော အရာတစ်ခု ရှိနေလေပြီ။

အနောက်ပိုင်းဟုန်သည် အမှန်တကယ်ပင် ကမောက်ကမဖြစ်စပြုနေပြီ ဖြစ်သည်။

ယွင်ဟယ်ဂိုဏ်း အကြီးအကဲ၏ အတွေးများကို သက်သေပြလိုက်သကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် အနောက်ပိုင်းဟုန်၏ နေရာအနှံ့အပြားတွင် ကြီးမားသောလှိုင်းလုံးကြီးများ ထကြွလာခဲ့သည်။

ဈေးကွက်တစ်ခုအတွင်းဝယ်..

ယခင်က ကျင့်ကြံသူများဖြင့် စည်ကားနေသော ဤနေရာသည် ယခုအခါလူသူကင်းမဲ့သော လွင်ပြင်ကြီးတစ်ခုကဲ့သို့ အေးစက်တိတ်ဆိတ်နေသည်။

ကျင့်ကြံသူများစွာမှာ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများအတွင်း၌သာ နေထိုင်ကြပြီး၊ လှုပ်ရှားရန်အမိန့်ကို နာခံစွာ စောင့်ဆိုင်းနေကြ၏။ တစ်ဖက်တွင်လည်း သူတို့၏ ရတနာအချို့ကို ဖုံးကွယ်ရန်ကြိုးစားနေကြပြီး မကြာမီလာရောက်ရှာဖွေမှုများအတွင်း ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန် မျှော်လင့်နေကြသည်။

ဈေးကွက်တစ်ခုလုံးကို ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နဂါးနန်းတော်စစ်သည်များက စောင့်ကြပ်နေကြပြီး၊ သူတို့၏ မြင့်မားသော ခန္ဓာကိုယ်ကြီးများက ချွန်ထက်သောဓားများကို ကိုင်ဆောင်ထားကာ သူတို့ထံမှ ထွက်ပေါ်နေသော လူသတ်ငွေ့များမှာ အရိုးထဲထိအေးစက်စေ၏။

အမျိုးသမီး ကျင့်ကြံသူတစ်ဦးသည် ငုံးငယ်လေးတစ်ကောင်ကဲ့သို့ သတိထားကာ လျှောက်လှမ်းနေသည်။

သူမသည် မျက်လုံးများကိုမှိတ်ထားပြီး သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးရှာဖွေနေသော လက်များကို သည်းခံနေရ၏။ သူမ၏ အတွေးများအားလုံးမှာ ဤကျိန်စာသင့်ရာနေရာမှ အမြန်ဆုံးထွက်ခွာနိုင်ရန်သာ ဖြစ်သည်။

သို့သော်လည်း အကြောင်းရင်းတစ်ခုကြောင့် အေးစက်လှသော ခံစားချက်မှာပိုမိုပြင်းထန်လာပြီး တစ်ကိုယ်လုံးသို့ပြန့်နှံ့သွားရာ သူမ မနေနိုင်ဘဲ တုန်ရင်သွားမိသည်။ ထိုအရာကို သိလိုက်ရသည်နှင့် သူမ ထိတ်လန့်တကြား မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

သူမ မြင်လိုက်ရသည်မှာ အစောပိုင်းက မတ်မတ်ရပ်နေသောနတ်ဆိုးစစ်သည်များမှာ ပို၍ပင် တောင့်တင်းသွားကြခြင်း ဖြစ်သည်။

သူတို့၏ ခန္ဓာကိုယ်များမှာ နှင်းခဲများဖြင့် ဖုံးလွှမ်းသွားသဖြင့် သူတို့၏ မျက်လုံးများမှာ သက်ရှိအရိပ်အယောင်ကင်းမဲ့သွားကြပြီး၊ သူတို့ ကိုင်ဆောင်ထားသော ဓားများမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။

အမျိုးသမီး ကျင့်ကြံသူသည် ထိုရေခဲရုပ်တုများကြားတွင်မှင်တက်ကာ ရပ်နေမိပြီး နီးကပ်လာသော ခြေသံသဲ့သဲ့ကိုကြားလိုက်ရ၏။

မကြာမီတွင် စုတ်ပြတ်နေသောပုံရိပ်တစ်ခု သူမ၏ မြင်ကွင်းထဲသို့ ရောက်လာသည်။ ပိန်ချုံးနေသော ခန္ဓာကိုယ်နှင့် ညစ်ပတ်ပြီး ရှုပ်ထွေးနေသော မုတ်ဆိတ်မွေးများမှာ မြေပြင်ပေါ်သို့ တရွတ်တိုက် ပါလာ၏။

သူသည် အိတ်တစ်ခုကို ဆုပ်ကိုင်ထားပြီး ထိုရေခဲရုပ်တုအားလုံးကို အမှိုက်ကောက်သူတစ်ဦးကဲ့သို့ လိုက်လံစုဆောင်းနေပါသည်။

ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ထိုသူစိမ်းမှာ ဘေးဘီကိုလှည့်မကြည့်ဘဲ၊ သူ၏ မျက်နှာမှာလည်း ခံစားချက်ကင်းမဲ့နေကာ အလွန်အမင်းစေ့စေ့စပ်စပ်ရှိနေပုံပေါ်သည်။

"ခွင့်ပြုပါဦး"

အဘိုးအိုသည် အမျိုးသမီးကျင့်ကြံသူကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ အက်ရှရှအသံဖြင့် သတိပေးလိုက်ကာ နီးကပ်လာခဲ့၏။

အမျိုးသမီး ကျင့်ကြံသူမှာ ထိတ်လန့်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်သည်။ ထို့နောက် ထိုထူးဆန်းသောလူသည် ရေခဲရုပ်တုအားလုံးကို စုဆောင်းကာ အေးစက်လှသောအငွေ့အသက်များနှင့်အတူ နှင်းဖုံးနေသောမိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေမိသည်။

"..."

အလားတူအခြေအနေမျိုးမှာ အနောက်ပိုင်းဟုန် တစ်ခွင်လုံး၌ တစ်ချိန်တည်းလိုလိုဖြစ်ပွားနေခဲ့၏။

ဤမျှကြမ်းကြုတ်သော သတ္တဝါတစ်အုပ်သည် ရုတ်တရက်ရောက်ရှိလာခဲ့ပြီး၊ အလွန်ရှင်းလင်းသောရည်ရွယ်ချက်ဖြင့် စကားတစ်ခွန်းမျှမဆိုဘဲ သတ်ဖြတ်ခြင်းကိုသာ ပြုလုပ်ကာ အခြားသူများ၏ အကြည့်များကို လုံးဝ ဂရုမစိုက်ကြပေ။

ဤရင်းနှီးနေသော လှုပ်ရှားမှုပုံစံသည် အနောက်ပိုင်းဟုန်မှသတ္တဝါများစွာကို ထိတ်လန့်သွားစေရုံသာမက၊နေ့ရက်များစွာ ပျောက်ကွယ်နေခဲ့သော တည်ရှိမှုတစ်ခုကိုလည်း ရုတ်တရက် သတိရသွားစေခဲ့သည်။

ထိုရက်စက်ကြမ်းကြုတ်သော လူဆိုးဂိုဏ်းကြီး ပြန်ရောက်လာပြီလော။

...

အနောက်ပိုင်း နဂါးနန်းတော်။

ချီကျောက်ဝမ် သည် ရာဇပလ္လင်ကို မှီထားခဲ့ပြီး လှပသောရေနတ်ဆိုးမနှစ်ဦးက သူ၏ ပုခုံးကို နှိပ်နယ်ပေးနေစဉ် သူသည် မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှိတ်ထားပေသည်။

"အကြောင်းရင်းကို ငါတို့ အမြန်ဆုံးမသိရရင်၊ ခမည်းတော်က ငါ့ကို တကယ်သံသယဝင်လာလိမ့်မယ်"

"နတ်ဆိုးတစ်သောင်းခန်းမက အစ်ကိုကြီးနဲ့ တကယ်ပဲ မပတ်သက်တာသေချာလား"

ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားသော ချီပဉ္စမမြောက်သားတော်က စပ်စုလိုက်သည်။

"ဟက်၊ငါလည်း အဲဒီလိုပဲ ဖြစ်စေချင်တာပေါ့"

ချီကျောက်ဝမ်က မျက်လုံးဖွင့်ကာ အေးစက်စွာ ပြန်ပြောလိုက်၏။

"ဒီကြွက်တစ်အုပ်က အနောက်ပိုင်း နဂါးနန်းတော်နဲ့ မယှဉ်နိုင်ပေမဲ့၊သူတို့သာ ငါ့အတွက် အသုံးဝင်မယ်ဆိုရင် ဒါဟာတကယ့်ကိုကြီးမားတဲ့ အင်အားစုတစ်ခု ဖြစ်လာမှာပဲ။အမှန်အတိုင်း ပြောရရင် ခမည်းတော်မနိုးသေးခင် သူတို့သာ ငါ့ရှေ့မှာဒူးထောက်ပြီး သစ္စာခံမယ်ဆိုရင်၊ သူတို့ရဲ့ အရင်က ပြစ်မှုတွေကို ခွင့်လွှတ်ပေးဖို့ ငါ အလေးအနက်စဉ်းစားမှာပါ"

"အခုချိန်မှာတော့"

ချီကျောက်ဝမ်က ရေနတ်ဆိုးမ နှစ်ဦးကို ထွက်သွားရန် အချက်ပြလိုက်ပြီးဖြည်းညှင်းစွာ ထရပ်လိုက်၏။

"သူတို့ရဲ့ တစ်ခုတည်းသော အသုံးဝင်မှုကတော့ ခမည်းတော်ရဲ့ မျက်နှာသာပေးမှုကို ရဖို့နဲ့ ငါ့ရဲ့ အိမ်ရှေ့မင်းသားရာထူးကို ခိုင်မြဲစေဖို့အတွက် သူတို့ရဲ့ အသက်တွေကို ပေးလှူရမှာပဲ"

"ဒါဆိုရင် အစ်ကိုကြီးအတွက် ကြိုတင် ဂုဏ်ပြုပါတယ်"

ချီပဉ္စမမြောက်သားတော်က ပြုံးလျက် ဝိုင်ခွက်ကို မြှောက်လိုက်၏။

"စောစောစီးစီး မပြောနဲ့ဦး"

ချီကျောက်ဝမ်က ထိုသို့ပြောသော်လည်း၊ သူသည် ဝိုင်တစ်ခွက်ကို ငုံ့၍ ငှဲ့လိုက်သေးသည်။ ဝိုင်များ အနည်းငယ် ဖိတ်စင်သွားချိန်တွင် သူသည် တစ်ခုခုကို သတိရသွားပုံရပြီး ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပေသည်။

"ဒီလောက်တောင် နောက်ကျနေပြီကို၊ ဘာလို့ ဒီနေ့ တစ်ယောက်မှ သတင်းပြန်မပို့ကြတာလဲ"

"လမ်းမှာ ကြန့်ကြာနေလို့ ဖြစ်မှာပါ"

ချီပဉ္စမမြောက်သားတော်က ခရုသင်းတစ်ခုကို ထုတ်ယူကာ ပေါ့ပေါ့ပါးပါးအကြံပေးလိုက်၏။

"အစ်ကိုကြီး၊ မင်း ဒီလောက်ထိ သတိကြီးနေစရာ မလိုပါဘူး။ငါတို့ရဲ့ ရေနေမျိုးနွယ် နတ်ဆိုးစစ်သည်တွေက အနောက်ပိုင်းဟုန်တစ်ခွင်လုံးမှာ ပျံ့နှံ့နေတာပဲ။ ငါတို့ မသိဘဲ ဒီသံမဏိအိတ်ထဲမှာ ပြဿနာလာရှာဖို့ဆိုတာ ကြီးမြတ်တဲ့နတ်ဘုရားစွမ်းရည်ရှိတဲ့ လူမျိုးမှ ဖြစ်မှာပါ"

ယင်းကို ကြားသောအခါ ချီကျောက်ဝမ်က ပြန်မပြောဘဲပြန်လည်မတ်တတ်ရပ်လိုက်ပါသည်။

သူသည် မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်လေ၏။

အချိန်ကြာလာသည်နှင့်အမျှ၊ ဤဒုတိယမင်းသား၏ မျက်နှာမှာ ပိုမို တင်းမာလာသည်။

တော်ဝင်အမိန့်စာ တစ်ဆယ့်ခြောက်စောင်စလုံး အဆက်အသွယ် ပြတ်တောက်သွားပြီ။

သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ချီကျောက်ဝမ်၏ သူငယ်အိမ်များမှာကျုံ့ဝင်သွားပြီး အေးစက်လှသော လူသတ်ငွေ့များဖြင့် ပြည့်နှင်သွားခဲ့၏။

"တစ်ခုခု မှားနေပြီ"

နဂါးမျိုးဆက်များနှင့် အစေခံများသည် ကျောက်စိမ်းဖြူမြို့တော်မှ လူများကဲ့သို့ အင်အားမကြီးသော်လည်း၊ ကောင်းစွာလေ့ကျင့်ထားသော စစ်တပ်များကို ဦးဆောင်နေဆဲဖြစ်ပြီး တော်ဝင်အမိန့်စာကို အသက်သွင်းရန် နတ်ဆိုးစွမ်းအားအနည်းငယ်သာ ထည့်သွင်းရန်လိုအပ်သည်။

သို့သော် ယခုအချိန်ထိ တော်ဝင်အမိန့်စာ တစ်စောင်မျှ အသက်ဝင်လာခြင်း မရှိပေ။ မဟုတ်လျှင် သူ သတိပြုမိပေလိမ့်မည်။

ဤအရာဟာ ၎င်းတို့ခုခံရန်တွေးပင်မတွေးလိုက််နိုင်မည် သူတို့အသတ်ခံလိုက်ရသည်ဟု ဆိုလိုသည်လော။

တစ်ကြိမ် နှစ်ကြိမ်ဆိုလျှင် ဖြစ်နိုင်ချေရှိသော်လည်း တော်ဝင်အမိန့်စာတစ်ဆယ့်ခြောက်စောင်လုံးလော။

ဤအရာက ဟာသပင်။ တာအိုပေါင်းစည်းခြင်း ကျင့်ကြံသူတစ်ဦးပင်လျှင် ဤမျှလွှမ်းမိုးနိုင်သော စွမ်းအားမျိုး မရှိနိုင်ပေ။

ဖြစ်နိုင်သည်မှာ အခြားသောနည်းလမ်းအချို့က သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားပြီး သူ၏အာရုံခံစားမှုကို ကွယ်ပျောက်စေခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ၊နေရာအမျိုးမျိုး၌ ပျံ့နှံ့နေသော ဤနဂါးမျိုးဆက်များနှင့် အစေခံများ အားလုံး ပျောက်ကွယ်သွားခြင်းက ကျူးလွန်သူသည် အနောက်ပိုင်းဟုန်နှင့် နဂါးနန်းတော်အကြောင်းကို အလွန်အမင်းရင်းနှီးကျွမ်းကျင်နေကြောင်း ပြသနေလေ၏။

ထို့ပြင် သူတို့မှာ အရေအတွက်များပြားပြီး ကြောက်မက်ဖွယ်ကောင်းသော၊ ထူးဆန်းသော အကောင်အထည်ဖော်မှု စွမ်းရည်ရှိနေကြသည်။

ဤသို့ တွေးမိသည်နှင့် ချီကျောက်ဝမ်၏ စိတ်ထဲတွင်မသက်မသာဖြစ်မှု အရိပ်အယောင်တစ်ခု တိုးဝင်လာပေသည်။

"တစ်ခုခုတော့ မှားနေပြီ ငါ ခမည်းတော်ကို သွားတွေ့ရမယ်"

သူသည် ချီကျောက်ယီကဲ့သို့ မိုက်မဲစွာ မောက်မာသူ မဟုတ်ပေ။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူသည် ခမည်းတော်ထံ ချက်ချင်းသတင်းပို့ရမည်။

"ဒါဆိုရင် ကျွန်တော် သွားပြီး စုံစမ်းလိုက်ပါ့မယ်"

ချီပဉ္စမမြောက်သားတော်က သူ၏ အပြုံးကို ရုပ်သိမ်းကာ ထရပ်လိုက်၏။

"အစ်ကိုကြီး၊အစ်ကို့ရဲ့အစီအစဉ်တွေကို မပျက်စီးစေပါနဲ့။အရင်ဆုံး ဘယ်သူက ပြဿနာရှာနေတာလဲဆိုတာကို ငါတို့ အရင်ဆုံးသိအောင်လုပ်သင့်တယ်"

ချီကျောက်ဝမ် ခဏမျှတွန့်ဆုတ်သွားပြီးမှ ခေါင်းငြိမ့်လိုက်၏။

"ကောင်းပြီ၊ သေချာသတိထားပါ။ ယုန်တစ်ကောင်ကိုဖမ်းရင်တောင် ခြင်္သေ့က သူ့ရဲ့ အစွမ်းကုန် ထုတ်သုံးရစမြဲပဲ"

"အစ်ကိုကြီး၊ အစ်ကို ကျွန်တော့်ကို မယုံသေးဘူးလား"

ချီပဉ္စမမြောက်သားတော်က ရယ်မောလိုက်၏။ သူတို့ ညီအစ်ကိုနှစ်ဦးမှာ အစကတည်းက အသစ္စာအရှိဆုံး မဟာမိတ်များဖြစ်ကြပြီး၊ သူတို့ကြားက နားလည်မှုမှာ ပြောနေရန်ပင် မလိုပေ။

"နောက်တစ်ခု"

ချီကျောက်ဝမ်သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီးမှ ရပ်တန့်ကာ နှာမှုတ်လိုက်ပါသည်။

"အခုလောလောဆယ် အာဏာလုတဲ့ကိစ္စကို ခဏဖယ်ထားလိုက်။မတော်တဆမှုတွေ မဖြစ်အောင် ဝမ်ရှန်းစံအိမ်က ဟိုနှစ်ယောက်ကိုပြန်လာဖို့ သတင်းပို့လိုက်ဦး"

သူ၏ အစ်ကိုကြီးနှင့် အိမ်ရှေ့မင်းသားရာထူးအတွက်နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာခဲ့သော ဒုတိယသားတော်ဖြစ်သည့်အားလျော်စွာ၊ သူသည် ဤမျှလောက်ထိ စိတ်သဘောထားမျိုးမကင်းမဲ့ပေ။

ဤအခွင့်အရေးမှတစ်ဆင့်၊ အနောက်ပိုင်းဟုန် နယ်မြေကို အုပ်ချုပ်ရန်မည်သူက ပိုမို သင့်တော်သည်ကို ခမည်းတော်အား ပြသရန်အကောင်းဆုံးအချိန်ပင် ဖြစ်ပေသည်။

All Chapters