← Chapters

မင်းရဲ့ကံကြမ္မာကို ငါလွှဲယူလိုက်ပြီ

Vol. 87 Ch. 870

မင်းရဲ့ကံကြမ္မာကို ငါလွှဲယူလိုက်ပြီ

Vol. 87 Ch. 870

"ကျွန်တော်မျိုး ကြင်ယာတော်ကိုတွေ့ခွင့်တောင်းပါတယ်၊ အရေးတကြီး တင်ပြစရာရှိလို့ပါ"

ယွီတောင်ထိပ်ရှိ သီးသန့်ခန်းမဆောင်၏ အပြင်ဘက်မှ စူးရှသောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။

"ဘာတွေလာအော်ဟစ်သောင်းကျန်းနေတာလဲ"

နဂါးမျိုးဆက်နှစ်ဦးက ပတ်ဝန်းကျင်ကို အေးစက်စွာ အကဲခတ်လိုက်လေ၏။

"ကိစ္စရှိရင် တိုက်ရိုက်ပြော၊ ကြင်ယာတော်ဆီကို ငါတို့ကိုယ်တိုင် သတင်းပို့ပေးမယ်"

"အဲဒါက..."

ကျောနက်ရေနဂါးစစ်သူကြီး သည် အံကိုတင်းတင်းကြိတ်ကာ တံခါးကြီးကိုစိုက်ကြည့်ရင်း တိတ်ဆိတ်သွားခဲ့ပေသည်။

"ဟက်"

ယင်းကိုမြင်သောအခါ နဂါးမျိုးဆက်နှစ်ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး၊ သူတို့၏အမူအရာများမှာ အေးစက်သွားခဲ့လေသည်။

"တကယ်ကို ထူးဆန်းတာပဲ၊ အနောက်ပိုင်းဟုန် ရေပြင်နဲ့ မြေပြင်မှာ ငါတို့ နဂါးသားတော်တွေနဲ့ မျိုးဆက်တွေမကြားနိုင်တဲ့ ကိစ္စများရှိနေလို့လား။မင်း ဘယ်သူ့အမိန့်အောက်မှာ ရှိနေလဲဆိုတာကို မေ့သွားပြီလား"

ပြောစရာပင် မလိုဘဲ၊ ဤမိန်းမသည် လူတို့၏ နှလုံးသားကိုသိမ်းပိုက်ရာတွင် အမှန်တကယ်ပင် နည်းလမ်းကောင်းတစ်ခု ရှိနေခဲ့၏။

နဂါးမျိုးဆက်နှစ်ဦးအနက်မှ တစ်ဦးသည် ရုတ်တရက် ရှေ့သို့လှမ်းလာပြီး၊ ကျောနက်ရေနဂါးစစ်သူကြီး၏ မျက်နှာကို လက်ခုံဖြင့်ရိုက်ချလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ မှောက်ကာလဲကျသွားခဲ့လေသည်။

"ပြောစမ်း"

ကျောနက်ရေနဂါးစစ်သူကြီးသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီးကြောက်ရွံ့စွာဖြင့် ခေါင်းမော့ကြည့်လာခဲ့လေသည်။

သူ ဆက်လက်၍ တောင့်ခံထားချင်သေးသော်လည်း၊ ယွီတောင်ထိပ်တစ်ခုလုံးသည် ရုတ်တရက် လွန်စွာအေးစက်သွားခဲ့လေတော့သည်။

နဂါးမျိုးဆက်နှစ်ဦး သက်သာကာစရှိသေးသော အတွင်းဒဏ်ရာများသည် ဤအရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် သူတို့၏ မျက်နှာများကို တစ်ဖန်ပြန်လည်နီရဲလာစေပြီး၊သူတို့၏ လျှာဖျားများတွင် ချိုအီအီ သွေးညှီနံ့များ လွှမ်းမိုးလာခဲ့ပါသည်။

"ဒီနန်းတော်က ဖြောင့်မတ်မှန်ကန်စွာရပ်တည်နေတာဆိုတော့၊တကယ်တမ်း ရှက်စရာကောင်းတဲ့ ကိစ္စဆိုလို့ ဘာမှမရှိပါဘူး၊ နင်ပြောစရာရှိရင် ပြောလိုက်ပါ"

အခန်းဆောင်အတွင်းမှ မိန်းကလေးတစ်ဦး၏လျစ်လျူရှုထားဟန်ရှိသော အသံ ထွက်ပေါ်လာခဲ့ပြီးနောက်၊ နဂါးမျိုးဆက်နှစ်ဦး၏ အမူအရာများမှာ မည်းမှောင်သွားခဲ့ကာ သူတို့၏ ဒဏ်ရာများကို အောင့်ခံရင်းအခန်းတွင်းသို့ ဦးညွှတ်လိုက်ကြလေသည်။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြင်ယာတော်"

ထိုသီးသန့်အခန်းဆောင်၏ ကုတင်ပေါ်တွင်။ ကျိကျင့်ရှီးသည် သူမ၏ လက်ဖဝါးကို ကျစ်ရှန်း၏ လက်ပေါ်သို့ တင်လိုက်ပြီး၊ တည်ငြိမ်စွာနေရန် အချက်ပြလိုက်လေ၏။

...

ကျစ်ရှန်းသည် မေးစေ့ကို ညင်သာစွာညိတ်ပြလိုက်လေသည်။ ယွီတောင်၏ နဂါးကြင်ယာတော်၏ အနောက်ပိုင်းဟုန်တစ်ခွင်လုံးကျော်ကြားမှုသည် အရှေ့ပိုင်းနဂါးနန်းတော်၏ ကျောထောက်နောက်ခံကြောင့်သာမက၊ သူမ၏ ကိုယ်ပိုင် ထူးချွန်လှသော စိတ်သဘောထားကြောင့်ပါဖြစ်ကြောင်းကို သူမ ကောင်းစွာ သိရှိထား၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်၊ အပြင်ဘက်မှ စကားသံများကိုကြားလိုက်ရသောအခါ သူမ၏ တည်ငြိမ်နေသောမျက်နှာမှာ ချက်ချင်း အရောင်ပြောင်းသွားခဲ့လေသည်။

"ကြင်ယာတော်ကို တင်ပြပါတယ်၊ မင်းသားသုံးနဲ့ မင်းသားခြောက်တို့က စစ်သူကြီးများစွာကို ဝမ်ရှန်းစံအိမ်ဆီ ဦးဆောင်ခေါ်သွားပြီး၊ အဲဒီကို... သေချာစစ်ဆေးချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့ ယွီတောင် စစ်သည်တွေကို အကုန်လုံးဆုတ်ခွာဖို့ အမိန့်ပေးနေပါတယ်"

ကျောနက်ရေနဂါးစစ်သူကြီးသည် နဂါးမျိုးဆက်နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးသွယ်ဝိုက်သောနည်းဖြင့် ပြောဆိုလိုက်သော်လည်း၊ နောက်ဆုံးစကားလုံးအနည်းငယ်ကိုမူ တမင်တကာ အလေးပေး ပြောဆိုလိုက်၏။

ဒေါက်..ဒေါက်

ကျစ်ရှန်း၏ မျက်လုံးများ အနည်းငယ်တွန့်ကွေးသွားပြီး၊ သူမ၏ လက်ချောင်းများမှာ ချက်ချင်း ဆုပ်ကိုင်မိလျက်သားဖြစ်သွားခဲ့လေသည်။

သူမ၏ လက်အောက်ငယ်သား ပြောစကားများထဲမှ လျှို့ဝှက်ဆိုလိုရင်းကို သူမရှင်းလင်းစွာ နားလည်နိုင်ပေသည်။ သိသာထင်ရှားစွာပင်၊ ဤသည်မှာ မင်းသားသုံးနှင့် မင်းသားခြောက်တို့ဟာ ချီကျောက်ဝမ်ထံသို့ သစ္စာခံကြောင်းပြသသည့် လက္ခဏာတစ်ရပ်ပင်။

သူတို့၏ သစ္စာရှိမှုကို ချီကျောက်ဝမ် လုံးဝယုံကြည်စေရန်အတွက်၊ ဤအခွင့်အရေးကို အသုံးချကာ သူမအားတစ်ကြိမ်တည်းဖြင့် လုံးဝ အပြစ်ပြုစော်ကားရန် လိုအပ်ပေသည်။

အကယ်၍ သူတို့တွင် ထိုသို့သောရည်ရွယ်ချက်များ ရှိနေမည်ဆိုပါက၊ ကိစ္စရပ်များကို အစွန်းရောက်သည်အထိ သေချာပေါက်လုပ်ဆောင်ကြပေလိမ့်မည်။

ယခုအခါ အနောက်ပိုင်းနဂါးဘုရင်မှာ ခန်းမဆောင်ကြီးထဲတွင် ရှိနေသဖြင့်၊ ကျစ်ရှန်းအနေဖြင့် ယာယီအားဖြင့် သူမကိုယ်တိုင်များများစားစား မလုပ်ဆောင်နိုင်ချေ။ ထိုနှစ်ဦး၏ ပုန်ကန်မှုကို သူမ ဂရုမစိုက်သော်လည်း၊ ပြဿနာမှာ... သူမကြောင့် အခြားသောအပြစ်ကင်းစင်သည့် သက်ရှိများ ပါဝင်ပတ်သက်လာပြီး အကြောင်းမဲ့သတ်ဖြတ်ခြင်းဘေးဒုက္ခထဲသို့ ဆွဲသွင်းခံရမည်ကိုမူ သူမ လက်မခံနိုင်ခြင်းပင်။

...

ကျိကျင့်ရှီးသည် တိုးတိုးလေးသက်ပြင်းချလိုက်ပြီး၊ ကျစ်ရှန်းထံမှ သူမ၏ လက်ကို တဖြည်းဖြည်း ဖယ်ရှားလိုက်၏။

မုတ်ဆိတ်ခရမ်းရောင်နဂါးဖြူမျိုးနွယ်များ၏ စိတ်သဘောထားကို သူမ သိရှိထားပြီး၊ ဤကိစ္စကို သင့်လျော်စွာကိုင်တွယ်ဖြေရှင်းနိုင်စွမ်း သူတို့တွင် ရှိသည်ဟု သူမ ယုံကြည်ထားလေသည်။

သေချာသည်မှာ၊ သူမကိုယ်တိုင်လည်း ထိုကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပေါ်လာသည်ကို မမြင်တွေ့လိုချေ။

မသေမျိုးဂိုဏ်း၏ ကျင့်ကြံသူတစ်ဦးဖြစ်သည့်အပြင်၊ဂိုဏ်းကို ကိုယ်စားပြုသော ဂိုဏ်းချုပ်တစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့်၊ သူမ၏ ကိုယ်ပိုင်ဂိုဏ်း မဟုတ်လျှင်ပင်၊ အခြားသော ရတနာနယ်မြေများမှ အပြစ်ကင်းစင်သောသက်ရှိများအပေါ်တွင် သူမသည် အနည်းငယ်သော ကရုဏာတရားကို ထားရှိလေသည်။

"ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်"

"ကျေးဇူးပါပဲ"

ကျစ်ရှန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမအား ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

အရှေ့ပိုင်းနဂါးဘုရင်၏ အရင်းအချာ သမီးတော်တစ်ပါးအနေဖြင့်၊ သူမသည် မြင့်မြတ်သော အဆင့်အတန်းနှင့် ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားပုံပေါ်သော်လည်း၊ အမှန်တကယ်တွင်မူ သူမသည် အနောက်ပိုင်းဟုန်တွင် အဖော်မဲ့ကာအထီးကျန်စွာနေထိုင်လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။

ကျိကျင့်ရှီးထံမှ ဤရိုးရှင်းသော စကားတစ်ခွန်းက ကျစ်ရှန်းအား အရှေ့ပိုင်းနဂါးနန်းတော်နှင့် ဂိုဏ်းခုနစ်ခုတို့မိသားစုတစ်ခုကဲ့သို့ ရင်းနှီးခဲ့ကြသော လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းခန့်က အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

"ကျွန်မရဲ့ လုပ်ရပ်တွေက သူတို့ကို ဘယ်လောက်တောင်စိုးရိမ်ပူပန်စေလဲ၊ ဒါမှမဟုတ် မင်းသားတွေဆီကနေဒီလောက်တောင် စိုးရိမ်မှုရဖို့ ထိုက်တန်သလားဆိုတာကို ကျွန်မ တကယ်ပဲကြည့်ချင်သေးတယ်"

ကျိကျင့်ရှီးက လရောင်အဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏ဘေးမှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက်၊ ကျစ်ရှန်းသည် ရုတ်တရက် မတ်တတ်ထလိုက်ပြီး အခန်းတွင်းမှလျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

နဂါးမျိုးဆက်နှစ်ဦးမှာ သူမကို တားဆီးရန် အခွင့်အရေးပင် မရလိုက်ဘဲ၊ သောင်းကျန်းနေသောအရှိန်အဝါ၏ တွန်းကန်ခြင်းကို ခံလိုက်ရကာ၊ သူတို့၏ ကျောက်စိမ်းဦးချို ငွေရောင်နဂါး စစ်မှန်သောပုံစံများကို ဖော်ထုတ်ရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရသဖြင့် ယွီတောင်တစ်ခုလုံး တုန်ခါသွားခဲ့လေတော့သည်။

ထိုပုံရိပ်မှာ အပေါ်သို့တိုက်ရိုက်ပျံတက်သွားပြီး ရေပြင်နယ်မြေထဲမှ တည့်မတ်စွာထွက်ခွာသွားသည်ကို ငွေရောင်နဂါးနှစ်ကောင်သည် ထိတ်လန့်တကြား မော့ကြည့်နေခဲ့ကြလေ၏။

"အဘိုးဆီကို အမြန် သတင်းသွားပို့ချေ"

"ဒီမိန်းမ နောက်ဆုံးတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ဘူးပဲ"

...

အနောက်ပိုင်းဟုန်၊ ဝမ်ရှန်းစံအိမ်

လွန်ခဲ့သော ရက်အနည်းငယ်က၊ ယွီတောင်မှ စစ်သည်များသည် ဤနေရာကိုတင်းကျပ်စွာ စောင့်ကြပ်ခဲ့ကြပြီး မည်သူ့ကိုမျှဝင်ထွက်ခွင့် မပြုခဲ့ကြချေ။

ပိုင်ရှင်မဲ့ ဝမ်ရှန်းရတနာနယ်မြေအကြောင်းကို ကျင့်ကြံသူ အများအပြားကြားဖူးကြသော်လည်း၊ ယွီတောင်၏နဂါးကြင်ယာတော်၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းအောက်တွင်၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤတာအိုပေါင်းစည်းခြင်း ရတနာနယ်မြေကို တပ်မက်ဝံ့ခြင်း မရှိခဲ့ကြချေ။

ယခုအခါတွင်မူ အရပ်ရှည်ရှည်ပုံရိပ်နှစ်ခုသည် စစ်သည်များကြားတွင် သက်တောင့်သက်သာ ရပ်နေခဲ့ကြပြီး၊ ၎င်းတို့အနက်မှ တစ်ဦးမှာ ချီမိသားစု၏ မင်းသားသုံး ဖြစ်လေ၏။

သူသည် သူ၏ ညာဘက်လက်မောင်းကို အနည်းငယ်မြှောက်ထားပြီး လက်ချောင်းငါးချောင်းကို ခပ်လျော့လျော့ဆုပ်ကိုင်ထားလေသည်။

သူ၏ လက်ဖဝါးရှေ့ရှိ သိပ်သည်းစွာ စုရုံးနေသော စစ်သည်များကြားမှ နေရာကျယ်ကြီးတစ်ခုမှာ ရုတ်တရက်ရှင်းလင်းသွားခဲ့ပြီး၊ ထူထဲသော သွေးရည်များက ကျောက်အုတ်များပေါ်တွင် စွန်းထင်းနေကာ အက်ကွဲကြောင်းများကို ပြည့်လျှံသွားစေပြီး၊သွေးညှီနံ့များမှာ နေရာအနှံ့ လွှမ်းမိုးနေခဲ့လေသည်။

"ဒီမင်းသားကို ခဏစောင့်ခိုင်းရမယ်လို့... မင်း ပြောလိုက်တာလား"

"ဒါက အနောက်ပိုင်းဟုန်ဆိုတာရယ်၊ မင်းတို့တွေက အနောက်ပိုင်းနဂါးနန်းတော်က ငါ့ရဲ့ စစ်သည်တွေဆိုတာကို မင်း မေ့သွားပြီလား"

ချီမိသားစု၏ မင်းသားသုံးသည် သူ၏ လက်ကို တဖြည်းဖြည်းချလိုက်ပြီး၊ သူ၏ အေးစက်သော အကြည့်များက ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုသွားပြီးနောက်၊ ခရုခွံတစ်ခုကို ကိုင်ဆောင်ထားသော ကျောနက်ရေနဂါးစစ်သူကြီးအပေါ်သို့ နောက်ဆုံးတွင် ကျရောက်သွားခဲ့သည်။

ရေနဂါးစစ်သူကြီးမှာ အသက်ပင်မရှူရဲလောက်အောင် ကြောက်လန့်သွားပြီး ခေါင်းကို ကြောက်ရွံ့စွာ ငုံ့ထားလိုက်သည်အထိပင်။ ထို့နောက် မင်းသား၏ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့လေ၏။

"သစ္စာဖောက်တွေကို သေဒဏ်ပေးရမယ်"

သူ၏ စကားအဆုံးတွင် ကြီးမားလှသော နဂါးစွမ်းအင်လှိုင်းလုံးကြီးတစ်ခု ရုတ်တရက်ပျံ့နှံ့ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ရှိ ယွီတောင်၏စစ်သည်များအားလုံးကို လွှမ်းခြုံမျိုချသွားခဲ့လေတော့သည်။

All Chapters