← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း ၁၂၁- အပူပိုင်းမိုးသစ်တောအတွင်း ရွှေရှာပုံတော်။

​"တကယ် ပျင်းစရာကောင်းတာပဲ။"

​စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ပြီးနောက်တွင် လုပေါင် သည် ကျင့်စဉ် တစ်ခုကိုမှ ရှာမတွေ့သေးပေ။

​ရုတ်တရက် လုပေါင်သည် မိမိအပေါ်သို့ စူးစိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစားလိုက်ရသည်။

​သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဘေးတွင်ထိုင်နေသည့် မျက်မှန်အထူကြီးနှင့် အနောက်တိုင်းသား အဘိုးကြီးတစ်ဦးမှာ သူ၏လက်ထဲရှိ စာအုပ်မျက်နှာဖုံးကို လည်ပင်းအရှည်ကြီးလုပ်ကာ အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

​"အဘိုး အကူအညီ လိုအပ်လို့ပါလားရှင်။"

လေယာဉ်မယ်လေးမှာချက်ချင်းပင် လာရောက်မေးမြန်းလေသည်။

​အဘိုးကြီးမှာ ဘာမှပြန်မပြောဘဲ လုပေါင်လက်ထဲက စာအုပ်ကိုသာ အသည်းအသန် ကြည့်နေသည်။

​"အဘိုးကြီး ဘာလို့ အဲ့လောက် စိုက်ကြည့်နေတာလဲ။"

လုပေါင် သည် အဘိုးကြီးက သူ့ပစ္စည်းကို လုယူတော့မည့်အတိုင်း ခံစားလိုက်ရသဖြင့် စာအုပ်ကို ပိတ်လိုက်သည်။

​"ဒါ... ရှေးဟောင်း သမ္မာကျမ်းစာလား။"

​အဘိုးကြီးမှာ အံ့ဩတကြီးဖြင့် ထရပ်လိုက်ပြီး သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုသလို ဖြစ်သွားသည်။ လေယာဉ်မယ် ပြောသမျှကို ဂရုမစိုက်တော့ဘဲ လုပေါင်ဘေးနားသို့ တိုးကပ်လာကာ ရှေးဟောင်းကျမ်းစာကို သေချာစိုက်ကြည့်နေတော့သည်။

​"အဘိုးက သိလို့လား။"

​လုပေါင်က စာအုပ်ကို ပုတ်ကာ

"ဒါက သမ္မာကျမ်းစာပဲလေ။"

​"ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ မပုတ်ပါနဲ့ ဒါကို ပုတ်လို့မရဘူး။"

အဘိုးကြီးမှာပျာပျာသလဲဖြင့် လက်ဟန်ခြေဟန်ဖြင့် တားဆီးလေသည်။

လုပေါင် က အဘိုးကြီးကို ကြည့်လိုက်သည်။

​"ဒီစာအုပ်က အရမ်းတန်ဖိုးရှိတာ။မင်း အဲ့လိုပုတ်လိုက်လို့ ပျက်စီးသွားရင် တန်ဖိုးက အကြီးအကျယ် ထိုးကျသွားလိမ့်မယ်။"

"အဘိုးက ကျွန်တော့်ကို စာအုပ်အပေါ် မလေးစားဘူးလို့ ပြောမလို့မှတ်နေတာ။"

လုပေါင်သည် ရယ်ရအခက် ငိုရအခက်ဖြင့်

"အဘိုးက တရုတ်စကား တော်တော်ကျွမ်းတာပဲ။ တရုတ်ပြည်မှာ နေတာ ကြာပြီလား။"

​"ခဏခဏ လာဖြစ်ပါတယ်။ငါ့မိန်းမက တရုတ်မလေ။ငါ့နာမည်က မာဒူထရူးမင်း ပါ ထရူးမင်း လို့ပဲ ခေါ်နိုင်ပါတယ်။ဒီစာအုပ်က လွန်ခဲ့တဲ့ ၆ နှစ်က လန်ဒန်လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၄ သန်းနဲ့ ရောင်းထွက်ခဲ့တာ။ဒီနေ့ ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။"

ထရူးမင်း ၏ အကြည့်မှာ သမ္မာကျမ်းစာအပေါ်တွင်သာ စွဲမြဲနေပြီး သူ၏စကားကြောင့် လုပေါင်ခဏမျှ ဆွံ့အသွားသည်။ လေယာဉ်မယ်လေးမှာလည်း မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။

​"ဘယ်လောက်လဲရှင့်"

"အမေရိကန်ဒေါ်လာ ၂၄ သန်း"

"..."

လုပေါင် သည် စာအုပ်များကို လွှင့်မပစ်ခဲ့မိသည်မှာ ကံကောင်းသည်ဟု တွေးလိုက်မိသည်။အိုရော့စ်၏ လက်စွပ်ထဲတွင် သာမန်ပစ္စည်းတွေ ဘယ်ရှိပါ့မည်နည်း။

​"ဒါဆို ဒါကရော။"

လုပေါင် က နောက်ထပ်စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။

​"ဘုရားသခင်... ဒါ နတ်သမီးသင်္ကေတလား။ဒါ... ဒါက မူရင်းဗားရှင်းကြီးလား။ဒီစာအုပ်က တန်ဖိုးမဖြတ်နိုင်ဘူး။မင်းလက်ထဲက သမ္မာကျမ်းစာနဲ့ တန်ဖိုးချင်း ယှဉ်နိုင်တယ်။"

​"ဒါကရော။"

"ဘုရားသခင်... ဘုရားသခင် မိန့်ကြားချက် မင်း... မင်း ဒါတွေကို ဘယ်ကရတာလဲ။"

​သမ္မာကျမ်းစာ နတ်သမီးသင်္ကေတ နှင့် ဘုရားသခင်မိန့်ကြားချက် တို့သည် အနောက်တိုင်း၏ အမြင့်မြတ်ဆုံးသောကျမ်းစာများဖြစ်ပြီး မူရင်းဗားရှင်းများမှာ နောက်ပိုင်းလက်ဆင့်ကမ်းလာသည့် ကျမ်းများထက် ပိုမိုအသေးစိတ်ကာ တားမြစ်ထားသည့် လျှို့ဝှက်စကားလုံးများစွာ ပါဝင်နေသည်။

​ထရူးမင်း မှာ တစ်သက်လုံး စာပေလေ့လာလိုက်စားခဲ့သည့် အနောက်တိုင်းစာပေပညာရှင် တစ်ဦးဖြစ်သဖြင့် ဤအရာများ၏ တန်ဖိုးကို မည်သူထက်မဆို ပိုသိသည်။

လုပေါင် ဆက်မထုတ်ပြတော့ပေ။ပြာအဖြစ် လောင်ကျွမ်းသွားခဲ့သော ထိုသူကြီးသည် မိမိအား အလွန်တန်ဖိုးကြီးသော ရတနာများ ပေးခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်သွားသည်။ ပစ္စည်းတစ်ခုချင်းစီမှာ အဖိုးမဖြတ်နိုင်ပေ။

​"ဒါတွေကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ အကြီးဆုံး ပြတိုက်တွေမှာတောင် ရှာမတွေ့နိုင်ဘူး..."

ထရူးမင်း၏ ဦးနှောက်မှာ ချာချာလည်နေသည်။

​"ကျွန်တော် လုလာတာ"

လုပေါင် က လက်မထောင်ပြရင်း

"အဘိုးသာ မပြောရင် ဒီစာအုပ်တွေကို အိမ်က စာအုပ်စင်ပေါ်မှာပဲ ပစ်ထားမိတော့မှာ။"

မျက်နှာဝိုင်းလေး သာ သိရင် အကုန်ရောင်းစားပစ်မှာ မဟုတ်လား။

​လေယာဉ်မယ်မှာ ခဏပျောက်သွားပြီးနောက် အခြားလေယာဉ်မယ်များနှင့်အတူ ကော်ဖီနှင့် သစ်သီးများ ယူဆောင်ကာ ပြန်ရောက်လာသည်။သူတို့သည် ကမ္ဘာပေါ်တွင် အဈေးအကြီးဆုံး စာအုပ်များကို မြင်လိုက်ရသဖြင့် အားတက်သရော ရှိနေကြသည်။ထရူးမင်း မှာ စာအုပ်ထဲက အကြောင်းအရာများကို အတင်းကြည့်ချင်နေသဖြင့် လုပေါင် က ဓာတ်ပုံမရိုက်ရဟူသော ကတိဖြင့် သမ္မာကျမ်းစာကို ကြည့်ခွင့်ပေးလိုက်သည်။

နတ်သမီးသင်္ကေတ နှင့် ဘုရားသခင်မိန့်ကြားချက်တို့မှာမူ ကျင့်စဉ်များနှင့် ဆက်စပ်နိုင်သည်ဟု လုပေါင်ခံစားမိသဖြင့် သိမ်းထားလိုက်သည်။

​"အဘိုး... ခဏနေရင် ဆိုက်ရောက်တော့မှာမို့လို့..."

​ထရူးမင်း က လေယာဉ်မယ်ကို လက်ယမ်းကာ အဝေးသို့ မောင်းထုတ်လိုက်သည်။

'ဘယ်လိုဆိုက်ရောက်တာလဲ။ငါကတော့ ဒီလေယာဉ်ပေါ်မှာပဲ တစ်သက်လုံး နေချင်နေတာကို မမြင်ဘူးလား။'

​သို့နှင့် မကြာမီ လေယာဉ်ပေါ်မှ ဆင်းရတော့မည့် ထရူးမင်း တစ်ယောက် လုပေါင် နှင့်အတူ အချိန်အတော်ကြာ လိုက်ပါလာခဲ့ပြီးဩစတြေးလျသို့ ရောက်သောအခါမှ မိန်းမောနေရာမှ နိုးလာကာဒါ ဘယ်နေရာလဲဟု မေးတော့သည်။

​"ဩစတြေးလျပါရှင့်..."

"..."

လုပေါင် သည် ထရူးမင်း လက်ထဲမှ စာအုပ်ကို ပြန်ယူလိုက်သည်။အဘိုးကြီးမှာ ခံစားချက်ပေါင်းစုံဖြင့် ဖုန်းနံပါတ်တောင်းရန် ပြင်လိုက်သော်လည်း လုပေါင်မှာ လေပွေကဲ့သို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​လေယာဉ်ပေါ်မှ ဆင်းသည်နှင့် လုပေါင် ကို စစ်သားများက လာရောက်ကြိုဆိုသည်။လုပေါင်၏ ညွှန်ကြားချက်အတိုင်း သူတို့သည် Queensland အပူပိုင်းမိုးသစ်တောဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်ခဲ့ကြသည်။

​"မစ္စတာလု ဘာလိုအပ်တာရှိရှိ အားမနာတမ်း ပြောနိုင်ပါတယ်။"

​"မလိုပါဘူး ကျွန်တော့်ကို ချပေးခဲ့ရင် ရပါပြီ။"

လုပေါင်၏ စိတ်ထဲတွင် ရွှေရှာရန်သာ အာရုံရောက်နေသည်။နွားဦးခေါင်းလေးနှစ်ကောင်အတွက်ညရွှေတွေ အများကြီးရဖို့က ဒီခရီးစဉ်အပေါ်မှာ မူတည်နေသည်။မဟုတ်ရလျှင် အမေရိကကိုသွားပြီး ရွှေပြန်တူးရလိမ့်မည်။

​Queensland အပူပိုင်းမိုးသစ်တောသည် အပင်အမျိုးအစား ကြွယ်ဝပြီး ကမ္ဘာမြေပေါ်ရှိ အပင်များ၏ ဆင့်ကဲဖြစ်စဉ် အဆင့်များကို မှတ်တမ်းတင်ထားသကဲ့သို့ ရှိသည်။

​၇ နာရီကြာ ကားမောင်းပြီးနောက် လုပေါင် သည် တောအုပ်အစပ်သို့ ရောက်ရှိလာသည်။

​"မစ္စတာလု ဘေးကင်းပါစေခင်ဗျာ။"

ခုပေါင် သည် မိုးသစ်တောကြီးထဲသို့ ခြေချလိုက်သည်။

​စိမ်းလန်းစိုပြည်သည့် တောအုပ်ကြီးက သူ့ကို သက်သောင့်သက်သာ ခံစားရစေသည်။လုပေါင်သည် အသွင်ပြောင်းကျား ကို ထုတ်လိုက်သလို ကြွက်ဘုရင် နှစ်ကောင်ကိုလည်း လွှတ်လိုက်တော့သည်။

​မကြာမီပင် ကြွက်ဘုရင်ငယ် ၁၀၀ ကျော် ပေါ်လာပြီး ရှေ့မှ ကင်းထောက်ကာ မလိုလားအပ်သည့် အရာများကို ရှင်းလင်းပေးတော့သည်။လုပေါင်သည် အသွင်ပြောင်းကျား ပေါ်တွင် စီးနင်းလိုက်ပါလာခဲ့သည်။

​၃ နာရီခန့် သွားပြီးနောက် မြစ်တစ်စင်းကို ဖြတ်ကူးစဉ် ရေစီးသန်သော နေရာတွင် ဧရာမ လျှပ်စစ်ငါးရှဉ့် ကြီးတစ်ကောင်က အသွင်ပြောင်းကျား ကို တိုက်ခိုက်သည်။

​"တောက် မြွေမှတ်လို့။"

လုပေါင်က အနည်းငယ် စိတ်တိုနေသော အသွင်ပြောင်း ကို ကြည့်ကာ မျက်လုံးလှန်လိုက်မိသည်။အသွင်ပြောင်းကျား က ဖိထားသဖြင့် ရုန်းကန်နေသော လျှပ်စစ်ငါးရှဉ့်ကြီးမှာလည်း မခေပေ။သို့သော် အသွင်ပြောင်း ကလည်း ထူးဆန်းစွာပင် အလွှတ်မပေးဘဲ ရေထဲမှာတင် ဖိသတ်လိုက်သည်။

​အနီးနားရှိ ကံဆိုးသော ငါးများနှင့် ဖားများမှာ ရေပေါ်သို့ ပေါ်လာကြသည်။ဤအရာသည် ဗီဇပြောင်း လျှပ်စစ်ငါးရှဉ့်ဖြစ်ပြီး ဤနယ်မြေတွင် ဗိုလ်ကျနေကျ ဖြစ်ပုံရသော်လည်း အသွင်ပြောင်းကျား နှင့် တွေ့မှ ကံဆိုးသွားခြင်း ဖြစ်သည်။

​အသွင်ပြောင်းကျား သည် ထိုငါးရှဉ့်ကြီးကို ကုန်းပေါ်သို့်ဆွဲတင်ကာ သူ၏ အစာအဖြစ် စားသုံးလိုက်တော့သည်။

​"ကျွိ ကျွိ"

ရှောင်ဟွေပြေးလာပြီး အချက်ပေးသည်။အရှေ့တွင် သွေးစုပ်လင်းနို့အုပ်ကြီးကို တွေ့ရသည်ဟု ဆိုသည်။

လုပေါင် အံ့ဩသွား၍ မြေပုံကို စစ်ဆေးကြည့်လိုက်သောအခါ သူတို့ရောက်နေသည့် နေရာမှာ ရွှေတွင်းနှင့် မိုင် ၂၀ ပင် မဝေးတော့ကြောင်း တွေ့လိုက်ရသည်။သူတို့ ဘေးအန္တရာယ်ဇုန်ထဲ ရောက်နေပြီဖြစ်၏။

​"ကြွက်တပ်သားများ... ထွက်လာကြ။"

လုပေါင် သည် တွင်းနက်ကြီး ကို ဖွင့်ထုတ်လိုက်သည်။

​ကြွက်စစ်သည်တော်များ အုပ်နဲ့ကျင်းနဲ့ ထွက်လာကြသည်။သူတို့သည် ဤကျင်းထဲတွင် ပိုမို ကြမ်းတမ်းလာကြပြီး အချိန်တန်လျှင် ကြွက်ဘုရင်ငယ်များကဲ့သို့ အစွမ်းထက်လာကြလိမ့်မည်။

​"နီနီလေး... မီးပုရွက်ဆိတ်နီတပ်ထွက်လာကြ။"

​"ကျိ..."

​မီးပုရွက်ဆိတ်နီစစ်တပ်ကြီးလည်း ထွက်ပေါ်လာသည်။

​ရွှေရှာဖွေခြင်းမှာ ဤကြွက်တပ်နှင့် ပုရွက်ဆိတ်တပ်ပေါ်တွင် မူတည်သည်။ းသူတို့သည် ရွှေဆိုသည်မှာ ဘာလဲဆိုသည်ကို သိကြပြီး ကျောက်ကြား မြစ်ချောင်း နှင့် လျှိုမြောင်များထဲအထိ ဝင်ရောက်နိုင်သည်။

​ရွှေတွေ့သည်နှင့် သူ့ထံသို့ ယူဆောင်လာပေးမည်ဖြစ်သည်။ရွှေအနည်းငယ် ရှာတွေ့ရုံနှင့်ပင် ရွှေကြောကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

"​ရတနာရှာဖွေရေးအဖွဲ့...စတင်လိုက်ပြီ။"

အခန်း ၁၂၂- ရွှေကို ရှာဖွေတွေ့ရှိခြင်း။

အသွင်ပြောင်းကျား တစ်ကိုယ်လုံးတွင် လျှပ်စစ်အလင်းတန်းများ ဖြတ်ပြေးနေသည်။လုပေါင်သည် သူ၏တင်ပါးကို ဆုပ်ကိုင်ရင်း ခုန်ဆင်းလာပြီး မျက်နှာရှုံ့မဲ့လျက် ပြောလိုက်သည်။

“မင်း ကောင်စုတ်လေး... ငါ့ကို လျှပ်စစ်နဲ့ တို့သတ်မလို့လား။”

ဗီဇပြောင်း လျှပ်စစ်ငါးရှဉ့်အတွင်းရှိ လျှပ်စစ်စွမ်းအင်မှာ အလွန်ပြင်းထန်လှပြီး လျှပ်စစ်ဓာတ်သဘာဝရှိသော အသွင်ပြောင်းကျား အတွက်မူ များစွာအကျိုးရှိသွားစေသည်။အသွင်ပြောင်းကျား သည် လုပေါင်ကို အပြစ်ရှိသလို တစ်ချက်ကြည့်ကာ အမြီးနံ့ပြသော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စစ်များမှာမူ ထိန်းမနိုင်သိမ်းမရ တဖျတ်ဖျတ် စီးဆင်းနေဆဲပင်။ခေတ္တခဏအတွင်း ၎င်းအနေဖြင့် ဤစွမ်းအင်ကို ထိန်းချုပ်နိုင်ဦးမည်မဟုတ်ပေ။

ယခု ရွှေရှာပုံတော် စတင်ပြီ။

မီးပုရွက်ဆိတ်နီ တစ်ကောင်ချင်းစီသည် ၎င်းတို့၏ သေးငယ်သော ခန္ဓာကိုယ်ကို အသုံးချကာ နေရာအနှံ့ တိုးဝင်ရှာဖွေနေကြသည်။ အရောင်မတူသော ကျောက်ခဲများကို တွေ့လျှင်ပင် မာကျောမှုကို စမ်းသပ်ရန် ကိုက်ကြည့်ကြသေးသည်။၎င်းတို့၏ ဗီဇပြောင်း သွားများမှာ အလွန်တရာ ထက်မြက်လှ၏။

ကြွက်တပ်ကြီးသည်လည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ရေနှင့်တွေ့လျှင်လည်း မတွန့်မဆုတ် ဆင်းကြသည်။လျှပ်စစ်ငါးရှဉ့် နေထိုင်ခဲ့သည့် မြစ်ထဲတွင်ပင် ကြွက်စစ်သည်တော်များသည် မြစ်အောက်ခြေအထိ ငုပ်လျှိုးကာ ၎င်းတို့၏ နက်မှောင်သော မျက်လုံးလေးများဖြင့် သဲနှင့် ကျောက်ခဲများကို ယက်ကန်ရှာဖွေကြသည်။သတ္တုသတ္တုရိုင်းတစ်ခုခု တွေ့လျှင် စစ်ဆေးရန်အတွက် ပါးစပ်ဖြင့် ခဲယူလာကြသည်။

“ကောင်းတယ် သွားကြ... သွားကြ”

မီးပုရွက်ဆိတ်နီတပ်နှင့် ကြွက်တပ်ကြီးတို့သည်ရတနာရှာပုံတော်အတွက် ရှေ့သို့ ချီတတ်သွားသည်ကို လုပေါင်စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။ကံဆိုးသော ငါးထူးဆန်းတစ်ကောင်မှာ ကြွက်စစ်သည်တစ်ကောင်ကို မျိုချလိုက်မိသည်။တစ်ပတ်လည်ပြီးနောက်တွင် ထိုမြစ်ရေမှာ နီရဲသွားတော့သည်။ကြွက်စစ်သည်မှာ ဘာမှမဖြစ်သလို ပြန်လည်တွားထွက်လာပြီး ရွှေကိုသာ ဆက်လက်ရှာဖွေနေတော့သည်။

တောင်ကြားအက်ကြောင်းများ၊ ကျောက်ဆောင်စုများ၊ ကန်အောက်ခြေ၊ သစ်ပင်အောက်၊ မြစ်ချောင်းများတွင်ရွှေရှာရသည်မှာ မလွယ်ကူပေ။မီးပုရွက်ဆိတ်နီ သန်းနှစ်ရာနှင့် ကြွက်တပ်သား တစ်သန်းရှိသော်လည်း နာရီဝက်ခန့်အထိ ဘာမှမထူးခြားသေးပေ။ သို့သော် လုပေါင် စိတ်မပျက်ပေ။ ဤနေရာမှာ လူသိများသော ရွှေတွင်းနယ်မြေထဲတွင် မရှိသေး၍ ဖြစ်သည်။

အခါအားလျော်စွာ ချစ်စရာကောင်းသော ကြွက်တပ်သားလေးများမှာ ကျောက်ခဲ သို့မဟုတ် သတ္တုများကို ပါးစပ်ဖြင့် ခဲပြီး ပြေးလာတတ်ကြသည်။လုပေါင်က တစ်ခုချင်းစီ ခွဲခြားကြည့်သော်လည်း တစ်ခုမှ ရွှေမဟုတ်သေးပေ။

“ကျွိ... ကျွိ”

“ဟင်...”

လက်သည်းခွံခန့်ရှိပြီး ရွှေရောင်တဝင်းဝင်း တောက်နေသော ကျောက်ခဲ တစ်လုံးကို ခဲလာသည့် ကြွက်စစ်သည်လေးကို မြင်လိုက်ရသောအခါ လုပေါက်၏ ရင်ခုန်သံများ မြန်ဆန်သွားကာ ချက်ချင်းပင် လှမ်းယူလိုက်တော့သည်။လက်ထဲတွင် အနည်းငယ် လေးလံနေသည်။ကြွက်စစ်သည်လေးမှာ ထို ကျောက်ခဲကို မျှော်လင့်တကြီး ကြည့်နေပြီးနောက် လုပေါင်ကို မော့ကြည့်နေသည်။

“ရွှေရိုင်းတုံး။”

လုပေါင် စိတ်လှုပ်ရှားစွာ ကြည့်ရင်း ကိုက်ကြည့်လိုက်သည်။ကြွက်စစ်သည်လေးကို မြှောက်ကာ ဝမ်းသာအားရဖြင့်

“တော်တယ်... တော်တယ် ငါတို့ ရှာတွေ့ပြီ”

ဘုရင်နှစ်ပါး၏ အကြည့်အောက်တွင် ထိုကြွက်စစ်သည်လေးမှာ စိတ်လှုပ်ရှားစွာ လမ်းပြလေသည်။စီးဆင်းနေသော မြစ်တစ်ခုသို့ ရောက်သောအခါ ကြွက်လေးမှာ ချက်ချင်းပင် ရေထဲခုန်ဆင်းကာ ကူးခတ်တော့သည်။နောက်ထပ် ကြွက်တပ်သား အများအပြားလည်း ပေါ်လာကြပြီး အားလုံးမှာ အရွယ်အစားအမျိုးမျိုးရှိသော ရွှေမှုန့်များနှင့် ရွှေတုံးများကို ပါးစပ်ဖြင့် ခဲလာကြသည်။

“ကျွိ...”

ရှောင်ဟွေး၏ အမိန့်ပေးသံနှင့်အတူ ကြွက်စစ်တပ်ကြီးမှာ မြစ်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်သွားကြသည်။မြစ်တစ်ခုလုံးမှာ ကြွက်တပ်သားများနှင့် ပြည့်နှက်သွားပြီး အချို့မှာ မြစ်အထက်ပိုင်း၊ အချို့မှာ မြစ်အောက်ပိုင်းသို့ ခွဲထွက်သွားကြသည်။သန်မာသော မီးပုရွက်ဆိတ်များမှာလည်း ရေကို မကြောက်ဘဲ မြစ်ထဲသို့ အုပ်စုလိုက် တိုးဝင်သွားကြသည်။

ဤမြစ်ကမ်းနားတွင် သစ်ပင်အများအပြား မရှိဘဲ ကျောက်တုံးများနှင့် သစ်ခြောက်များသာ ရှိသည်။ကြွက်စစ်သည်တစ်ကောင်မှာ မျက်လုံးအရွယ်အစားရှိသော ထူးဆန်းသည့် ရွှေတုံးတစ်တုံးကို ကမ်းစပ်တွင် တွေ့ရှိလိုက်သည်။”

“ငါတော့ ချမ်းသာပြီဟေ့။”

လုပေါင်သည်ဤခံစားချက်ကို အလွန်နှစ်သက်သည်။ရွှေများ တရစပ် ရောက်လာသည်ကို ကြည့်နေရသည်မှာ လဲလျောင်းရင်း ပိုက်ဆံရှာနေရသလိုပင်ဖြစ်၏။

‘Live လွှင့်ကြည့်ရင်ကောင်းမလား။’

“စနစ် Live လွှင့်နေတုန်း ပတ်ဝန်းကျင်ကို ပုံတူဖန်တီလို့ရမလား ဥပမာ- နှင်းတွေ ကျနေတာမျိုးပေါ့။ ပရိသတ်တွေကို နှင်းကျနေတာ မြင်စေချင်တာ။”

ဘာပဲဖြစ်ဖြစ် ဤနေရာမှာ သူ၏နိုင်ငံမဟုတ်ပေ။သူများနိုင်ငံမှာ ရွှေလာတူးနေခြင်းက အိမ်နီးချင်းနိုင်ငံများကို ပြဿနာတက်စေနိုင်သည်။

“ရပါသည်။ နှင်းကျသည့် Special Effect ကို ဖွင့်မလား။”

စက်ရုပ်အသံ ထွက်ပေါ်လာသည်။

လုပေါင်ဝမ်းသာသွားသော်လည်း အကုန်လိုက်မေးနေရသည့်အတွက် စနစ်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

“ဖွင့်လိုက်။”

“အောင်မြင်စွာ ဖွင့်လိုက်ပါပြီ။ Live စလွှင့်မလား။”

“စမယ်။”

“Live လွှင့်ပြီ”

Lu Bao က ခေါင်းစဉ်တစ်ခု ပေးလိုက်သည်။

“ရတနာရှာဖွေရေး စစ်တပ် တောရိုင်းထဲတွင် ရွှေကျင်ခြင်း။”

မနေ့က ကျိုင်းကောင်နှိမ်နင်းမှုကြောင့် လုပေါင်မှာ အလွန်နာမည်ကြီးနေသူ ဖြစ်သည်။ လူတိုင်းက သူ ကျိုင်းကောင်တွေကို ဆက်နှိမ်နင်းနေလိမ့်မည်ဟု ထင်ထားကြသော်လည်း Live စလွှင့်သည်နှင့် သူက ရွှေကျင်နေသည် မဟုတ်ပါလာ။

နှင်းပွင့်များ ကျဆင်းလာသော်လည်း မြေပြင်ပေါ်ရောက်သည်နှင့် အရည်ပျော်သွားသည်။ နေရောင်ခြည် ဖြာကျနေပြီး လိပ်ပြာလေးများ ပျံဝဲနေသည်။ဤမှော်ဆန်သော မြင်ကွင်းကြောင့် Live ကြည့်နေသူများ ဆွံ့အသွားကြသည်။

“ရွှေကျင်နေတာလား။”

“ကျိုင်းကောင်တွေကို ဘယ်တော့ သွားနှိမ်နင်းမှာလဲ။”

“ကြွက်တပ်နဲ့ ပုရွက်ဆိတ်တပ်ကို သုံးပြီး ရွှေကျင်တာလား။ဒါ လူလုပ်တဲ့ အလုပ်မှ ဟုတ်ရဲ့လား။”

“ဒါ ဘယ်မှာလဲ။ဘာလို့ နှင်းကျနေတာလဲ။နေလည်း သာနေတာကို။”

“ရွှေက ဘယ်မှာလဲ။”

“အချစ်တို့... Live မပြီးခင်မှာ ကံထူးရှင် ၁၀ ယောက်ကို ရွှေတစ်ပေါင်စီ မဲဖောက်ပေးမယ်။Channel ကို Follow လုပ်ထားကြဦး။”

ရွှေ၁၀ ပေါင်မှာ သူ့အတွက် တန်ဖိုး သိပ်မရှိလှပေ။

ထို့နောက် လုပေါင်လည်း ရွှေတွင်းများကို လိုက်ရှာတော့သည်။ရွှေတွေကို ဒီမှာပဲ ပုံထားနိုင်သည်။ကြွက်တပ်နှင့် ပုရွက်ဆိတ်တပ် ရှိနေသရွေ့ ဤနေရာထက် ဘေးကင်းသည့်နေရာ မရှိပေ။

“ကျွိ... ကျွိ”

(မိစ္ဆာရှိတယ်... မိစ္ဆာရှိတယ်)

ဧရာမ ဘုရင်ငယ်တစ်ကောင် ပြေးလာပြီး လုပေါင်ကို အော်ဟစ်အချက်ပေးသည်။

ကြွက်ဘုရင်ငယ်၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ကျောက်တုံးမင်း က သတင်းပို့ခိုင်းလိုက်ခြင်း ဖြစ်မည်။လုပေါင်အံ့ဩသွားကာ ချက်ချင်းပင် လိုက်သွားတော့သည်။

အသွင်ပြောင်းကျား လည်း ပြေးလိုက်လာသည်။သူ၏ကိုယ်ပေါ်ရှိ လျှပ်စစ်များမှာ အတော်အတန် လျော့ပါးသွားပြီ ဖြစ်သော်လည်း ရံဖန်ရံခါတွင်မူ ဖျတ်ခနဲ ပေါ်လာတတ်သေးသည်။ကံဆိုးသော ကြွက်တပ်သားတစ်ဦးမှာ အသွင်ပြောင်းကျား ကို မတော်တဆ ထိမိသွားပြီး မျက်လုံးများပြူးကာ မြေပြင်ပေါ်တွင် တွန့်လိမ်သွားပြီးမှ ပြန်ထကာ ရွှေဆက်ရှာရရှာသည်။

မြစ်အောက်ပိုင်းတွင် လုပေါင် သည် မိမိဘေးနား၌ သွားလာနေကြသော ကြွက်စစ်သည်များကို ကြည့်လိုက်သည်။ဤနေရာရှိ မြစ်ရေမှာ အတော်လေး ကြည်လင်သော်လည်း အောက်ခြေကိုမူ မမြင်ရပေ။

‘လျှပ်စစ်ငါးရှဉ့်လား။ဒါမှမဟုတ် မိကျောင်းလား။’

“ဘယ်မှာလဲ မိစ္ဆာ။”

လုပေါင် က ကျောက်တုံးမင်း ကို ကြည့်ကာ မေးလိုက်သည်။

“ကျွိ... ကျွိ”

All Chapters