← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း ၁၂၃- ဧရာမ မြွေကြီး၏ ရတနာ။

(မြွေ... မြွေကြီး အကြီးကြီးပဲ)

ရွှေရောင်ကြွက်ဘုရင် မှာ ချက်ချင်းပင် အော်ဟစ်အချက်ပေးတော့သည်။ခဏမျှ တကျွိကျွိ မြည်တမ်းပြီးနောက် မြစ်အောက်ခြေတွင် ရွှေတုံးအကြီးကြီးများ ရှိနေကြောင်း လုပေါင်ကို ပြောပြလေသည်။

‘မြွေတွေကလည်း တောက်ပတဲ့ ရွှေတွေကို ကြိုက်တာပဲလား။’

“မြွေဘာလို့ကြောက်တာလဲ။သူ့ကို အပြင်ထွက်လာခိုင်းလိုက်။”

မြွေဆိုသည်ကို ကြားလိုက်ရသောအခါ လုပေါင်ဘာမှဂရုမစိုက်တော့ပေ။ မြွေဟောက်နက်ကြီး။ထက် ပိုကြီးတဲ့မြွေဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ။

“ကျွိ...”

ရွှေရောင်ကြွက်ဘုရင်သည်မြစ်ထဲသို့ ဦးတည်ကာ စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။တစ်ခဏအတွင်းမှာပင် မြစ်ရေပြင်တစ်ခုလုံး တုန်ခါသွားပြီး ငါးအချို့မှာ ဝမ်းဗိုက်အဖြူသားများ ပေါ်ကာ ရေပေါ်သို့ ပေါ်လာကြသည်။

မြစ်ရေများ လှုပ်ခတ်သွားပြီး လုပေါင် ၏ စိတ်အာရုံ မှာလည်း ရေအောက်ရှိ မြွေကြီးကို ချက်ချင်းပင် ဖမ်းယူမိလိုက်သည်။

“အန်နာကွန်ဒါ ပဲ။”

၎င်းမှာ ဧရာမ အန်နာကွန်ဒါကြီး ဖြစ်သည်။

မြစ်ရေများ ဝူးဝူးဝါးဝါး ထွက်ပေါ်လာသည်။ ရွှေရောင်ကြွက်ဘုရင်နှင့် ကြွက်ဘုရင်ငယ်များမှအပ ကျန်ကြွက်တပ်သားများမှာ တုန်လှုပ်ချောက်ချားသွားကြသည်။ထိုစဉ်မှာပင် နက်မှောင်သော ခေါင်းကြီးတစ်ခု ရေပေါ်သို့ ပေါ်လာတော့သည်။

အရွယ်အစားကို ကြည့်ရသည်မှာ မြွေဟောက်နက်ကြီးနှင့် မရှေးမနှောင်းပင်။တစ်ကိုယ်လုံးမှာ အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေပြီး သိသိသာသာပင် ဗီဇပြောင်းမျိုးစိတ် ဖြစ်နေသည်။ထိုခေါင်းကြီးမှာ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် နောက်ဆုံးတွင်လုပေါင် ထံသို့ အကြည့်ချင်း ဆုံလိုက်သည်။

“ရှူး... ရှူး”

ရန်လိုမှု မရှိပေ။

မိမိ၏ နှစ်သက်မှုစွမ်းရည်ကြောင့်ဖြစ်ကြောင်း လုပေါင်နားလည်လိုက်သည်။

“ကြည့်ရတာ အန်နာကွန်ဒါနဲ့ တူပေမယ့် ရှေးဟောင်းမြွေဘုရင် နဲ့လည်း နည်းနည်းဆင်တယ်။ ငါ သွားကြည့်ဦးမယ်”

လုပေါင် က မြွေကြီး မိမိကို တိုက်ခိုက်မည်မဟုတ်ကြောင်း သိသဖြင့် အချက်ပြလိုက်သည်။

သူသည် ဝုန်းခနဲ မြစ်ထဲသို့ ခုန်ဆင်းလိုက်သည်။Live ကြည့်နေသော ပရိသတ်များမှာ လုပေါင်၏ အသေခံသည့် လုပ်ရပ်ကြောင့် ထိတ်လန့်သွားကြသည်။မြစ်ထဲတွင် ကြောက်မက်ဖွယ် ဧရာမ မြွေကြီး ရှိနေသည်ကို ထွက်မပြေးဘဲ ရေထဲဆင်းသွားသည်မှာ မြွေစာသွားလုပ်ခြင်းလော။

“သူရဲ့ အသေခံအကွက်တွေ ပြန်စပြီ။”

“မြွေကြောက်တဲ့သူတစ်ယောက်အနေနဲ့ လုပေါင်ရဲ့ Live ကို ကြည့်ပြီး မြွေတစ်ကောင်လောက် ရှာဆော့ချင်လာတယ်။”

“ဘုရားရေ... အဲ့ဒါ ဧရာမ အန်နာကွန်ဒါကြီးလား အဲ့ဒါတွေက လူစားတာနော်။အပူပိုင်းမိုးသစ်တောထဲမှာ ဘာလို့ နှင်းကျနေတာလဲ။”

“အကြည့်က ကြောက်စရာကြီး”

“ရတနာနတ်ဘုရား ရေ... ကျွန်တော်တို့မှာ ခင်ဗျား လိုအပ်သေးတယ် ကျိုင်းကောင်တွေကို ခုခံဖို့ ခင်ဗျား သေလို့ မရဘူး။”

“တောက်... ဒီ Streamer ကတော့ ရူးနေတာပဲ။”

“မိုက်လိုက်တာ...”

လူတိုင်းက လုပေါင်အတွက် စိုးရိမ်နေကြသော်လည်း သူကတော့ ဧရာမမြွေကြီးအနားအထိ ကူးခတ်သွားပြီး မြွေကြီး၏ ခန္ဓာကိုယ်ပေါ် တက်ရပ်ကာ ခေါင်းကို ပုတ်ပေးလိုက်သည်။အန်နာကွန်ဒါမှာ တိုက်ခိုက်ခြင်းမရှိရုံမျှမက ခေါင်းငုံ့ကာ လုပေါင် ၏ လက်ကို ခွေးကလေးတစ်ကောင်လို ပွတ်သီးပွတ်သပ် လုပ်နေသေးသည်။

“မင်းအိမ်မှာ ရွှေတွေ ရှိတယ်လို့ ငါကြားတယ်။မင်းလည်း စားလို့ရတာ မဟုတ်တော့ ငါ့ကို ပေးလိုက်ပါလား။”

“ရှူး...”

“ငါ တစ်ခုခု ပြန်ပေးမှာပေါ့။”

လုပေါင်နှစ်တစ်ရာ မီးဝိညာဉ်သီးတစ်လုံးကို ထုတ်လိုက်သည်။စောစောက မြစ်အောက်ခြေကို ကြည့်လိုက်စဉ်က အထက်ပိုင်းမှ စီးဆင်းလာသော ရွှေများ အနည်ကျ စုပုံနေသည်ကို မြင်ခဲ့ရသည်။

အန်နာကွန်ဒါကြီးက ခေါင်းငြိမ့်ပြပြီး ပါးစပ်အဟောင်းသား လုပ်ပြလိုက်သည်။ဗီဇပြောင်းမျိုးစိတ်ပီပီ အလွန်ဉာဏ်ကောင်းလှသည်။ လုပေါင် က အသီးကို ပစ်ထည့်ပေးလိုက်သည်။သာမန်အသီးဆိုလျှင် မြွေကြီးက ဤမျှ စိတ်လှုပ်ရှားမည်မဟုတ်သော်လည်း ဤအသီးမှာ ချီလင်လေးနှင့်အတူ ကြီးပြင်းလာပြီး ချီလင် ၏ အငွေ့အသက် ပါဝင်နေသဖြင့် မြွေကြီးအတွက် မတွန်းလှန်နိုင်သော ဆွဲဆောင်မှု ဖြစ်နေသည်။

“ကုန်းပေါ်မှာ သွားအိပ်နေတော့။ငါ မင်းအိမ်ထဲက ပစ္စည်းတွေ သွားရှာဦးမယ်။ဒါနဲ့ မင်းရဲ့ မြွေကလေးတွေကိုလည်း ခေါ်လိုက်ပါဦး ခုလေးတင် မွေးထားတာလား။”

လုပေါင် ငုံ့ကြည့်လိုက်သောအခါ ရေအောက်တွင် အန်နာကွန်ဒါလေးများစွာ ရှိနေသည်။ ထိုမြွေကလေးများမှာ အကြီးကြီးအတိုင်း အနက်နှင့် ရွှေရောင် ရောယှက်နေပြီး ရေအောက်ခြေတွင် ငြိမ်သက်စွာ အနားယူနေကြသည်။

မြွေကြီးက ခေါင်းငြိမ့်ပြပြီး ၁၅ မီတာရှည်သော ခန္ဓာကိုယ်ဖြင့် ကုန်းပေါ်သို့ တက်သွားသည်။၁ မီတာခန့်စီရှိသော အနက်ရွှေရောင် မြွေကလေး ၂၃ ကောင်လည်း နောက်က လိုက်သွားသည်။လုပေါင်၏ အချက်ပြမှုကြောင့် ထိုနေရာရှိ မီးပုရွက်ဆိတ်များနှင့် ကြွက်တပ်ကြီးမှာ လမ်းဖယ်ပေးလိုက်ကြသည်။

ဤမြွေကလေးများသည်လည်း ထူးခြားပုံရသည်။မဟုတ်လျှင် ကြွက်ဘုရင်၏ အော်သံကြောင့် အသက်ပျောက်သွားကြမည်မှာ ကြာပြီဖြစ်၏။

‘သူတို့ကို မွေးစားရမလား။’

လုပေါင် စိတ်လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် စိတ်ပြောင်းလိုက်သည်။သူ မွေးထားသမျှ အရာအားလုံးက ထူးဆန်းနေပြီးသားဖြစ်လို့ သူတို့ကို သဘာဝအတိုင်းပဲ ကြီးထွားခွင့်ပေးလိုက်တော့မည်။

မြစ်အောက်ခြေသို့ ရောက်သောအခါ လုပေါင်သည် ရွှေရောင်တောက်နေသော မြစ်ပြင်ကို မြင်လိုက်ရသည်။ရွှေမှုန့်များ နေရာအနှံ့ ရှိနေသည်။ရွှေ၏ အလေးချိန်နှင့် ချိုင့်ခွက်၏ အနက်ကြောင့် အထက်ပိုင်းမှ စီးလာသမျှ ရွှေများမှာ ရေတံခွန်အထိ မရောက်ဘဲ ဤနေရာတွင်သာ ပိတ်မိနေခြင်း ဖြစ်သည်။

လက်သီးဆုပ်အရွယ် ရွှေတုံးများ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ရွှေခဲများနှင့် ထူထပ်လှသော ရွှေသဲများမှာ ရေအောက်ခြေတွင် တဖျတ်ဖျတ် တောက်ပနေသည်။လှပလိုက်ပါဘိ။

‘ဒီတစ်ခါလည်း နွားဦးခေါင်းအလောင်းကောင်ဘုရင်နှစ်ပါးအတွက် မလုံလောက်သေးရင်တော့ ငါ ရွှေတွေကို အရည်ကျိုပြီး လက်ဝတ်ရတနာဆိုင်ပဲ ဖွင့်တော့မယ်။’

လူ့ဦးခေါင်းခန့်ရှိသော ရွှေတုံးကြီးတစ်ခုက လုပေါင်ကို ဆွဲဆောင်သွားသည်။သူ့ခေါင်းထက်တောင် ပိုကြီးနေသေးသည်။ပြင်ပကမ္ဘာမှာဆိုလျှင် ဤရွှေတုံးကြီးမှာ ပြတိုက်ရောက်သွားလောက်သည်။လက်ထဲတွင် ကိုင်ကြည့်လိုက်သောအခါ အတော်လေး လေးလံနေပြီး အနည်းဆုံး ကျပ်သိန်းထောင်ချီ တန်ဖိုးရှိနိုင်သည်။

“တည်နေရာ ပို့ပေးပါဦး။ကျေးဇူးတင်မိမှာပါ မြွေကြောက်တယ်ဆိုတာ နောက်တာပါ။”

“သူ နောက်တစ်ခါ ချမ်းသာပြန်ပြီ... တောက်။”

“ဒါ ဘယ်နေရာလဲ မြွေကြီးတွေကို မကြောက်ပါဘူး ရှုခင်းကြည့်ချင်လို့ပါ။”

လုပေါင်Live လွှင့်သည့်အခါတိုင်း အဆိုးရွားဆုံး ခံစားရသူများမှာ ရတနာရှာဖွေရေး အဖွဲ့များဖြစ်သည်။မျောက်ဘုရင်ကြီးကနေစပြီး အခုထိ သူတို့မှာ တစ်ခုမှ ရှာမတွေ့ကြသေးဘဲ လမ်းလွဲနေကြသည်။မျောက်အရက်နဲ့ ရွှေတွေရဲ့ တန်ဖိုးက အရမ်းများလွန်းပေသည်။

အခုလည်း နှင်းကျနေတဲ့ အပူပိုင်းမိုးသစ်တောထဲမှာ ရွှေတွေ အများကြီး ရှာတွေ့ပြန်ပြီ။ဒီမှာတော့ တကယ်ကို ကြီးမားတဲ့ ရွှေတွင်းကြီး ရှိနေတာ အသေအချာပါပဲ။

ဒါပေမဲ့ နှင်းကျနေတဲ့ အပူပိုင်းမိုးသစ်တောက ဘယ်မှာလဲ။ဒီလိုနေရာမျိုး တကယ်ရှိလို့လား စသည်ဖြင့်လူအများအပြားမှာ စဉ်းစားမရ ဖြစ်နေကြသည်။ရွှေတွေအများကြီးရှိတဲ့ ဒီနေရာက ရွှေရှာဖွေသူတွေအတွက်တော့ အိမ်မက်နယ်မြေပင်ဖြစ်၏။

လုပေါင် က ရွှေတုံးကြီးကို ကိုင်ကာ ရေပေါ်သို့ တက်လာသည်။ကြွက်တပ်နှင့် ပုရွက်ဆိတ်တပ်များ မြစ်ထဲသို့ တိုးဝင်သွားကြပြီး မကြာမီမှာပင် ရွှေများစွာမှာ ကုန်းပေါ်သို့ တရစပ် ရောက်ရှိလာတော့သည်။

“ကလေးတို့... ဆက်လုပ်ကြ”

လုပေါင် က လက်ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“တူးကြ အကုန်တူးထုတ်ကြ။”

ဤနေရာတွင် ရွှေတွေက အလွန်တရာ များပြားလှသည်။အန်နာကွန်ဒါကြီးထံမှ နီကျင်ကျင် အလင်းတန်းလေးများ ထွက်ပေါ်လာပြီး မြွေကလေးများက ဝိုင်းအုံနေကြသည်။သိသိသာသာပင် နှစ်တစ်ရာအသီးက သူတို့အတွက် များစွာ အကျိုးရှိစေသည်။

အခန်း ၁၂၄- ကြောက်မက်ဖွယ် ရှေးဦးလူရိုင်းများ။

ဤနေရာသည် အလွန်ထူးခြားလေသည်။ဤနေရာသို့ ရောက်ရှိလာသော မည်သည့်ရွှေမဆို ၎င်း၏ သီးခြားအလေးချိန်ကြောင့် ရေအောက်သို့ နစ်မြုပ်သွားပြီး ကျန်ရှိနေခဲ့သည်။ထို့အပြင် ရေအောက်ခြေ အလွန်နက်ရှိုင်းသောကြောင့် ဧရာမ အန်နာကွန်ဒါကြီး၏ အိမ်ဂေဟာ ဖြစ်လာခဲ့သည်။

“ကျွိ...”

ရုတ်တရက် ရေထဲတွင် ရှိနေသော ရွှေရောင်ကြွက်ဘုရင် မှာ အပြင်သို့ ခုန်ထွက်လာပြီး အဝေးတစ်နေရာသို့ ဦးတည်ကာ စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။၎င်း၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များမှာလည်း ဒေါသကြောင့် ထောင်ထနေ၏။

“ဘာဖြစ်တာလဲ။”

လုပေါင်လန့်သွားသည်။သူသည် ရွှေများကို လေ့လာရင်း အနီးကပ် Live လွှင့်နေခြင်းဖြစ်သည်။ကျောက်ခဲမင်း၏ ရုတ်တရက် ဒေါသထွက်မှုက ကြွက်တပ်သားအချို့ သေဆုံးသွားပြီဖြစ်ကြောင်း သူ့ကို သတိပြုမိစေသည်။အသေအပျောက်ထဲတွင် ကြွက်ဘုရင်ငယ်အချို့ပင် ပါဝင်နိုင်သည်။

“ကျွိ”

ရှောင်ဟွေသည်လည်း အပြင်သို့ ခုန်ထွက်လာပြီး လုပေါင် ကို အချက်ပေးလိုက်သည်။

“မြန်မြန် လမ်းပြစမ်း ကြွက်ဘုရင်ငယ်တွေ နောက်ကလိုက်ခဲ့ ကျန်တဲ့ကောင်တွေ ဒီမှာပဲ နေခဲ့ကြ။”

လုပေါင်လည်း စိုးရိမ်တကြီး ဖြစ်သွားရသည်။ကြွက်တပ်သား အတော်များများ သေဆုံးပြီး ဆယ်ဂဏန်းကျော် ဒဏ်ရာရရှိခဲ့သည်။ဤနေရာတွင် ကြွက်တပ်သားများကို အမဲလိုက်နိုင်သော အရာတစ်ခုခု ရှိနေသည်။ ဤကြွက်တပ်သားများထဲတွင် အားအနည်းဆုံးကောင်ပင် တောရိုင်းဝံပုလွေတစ်ကောင်နှင့် ယှဉ်နိုင်သည်ကို သတိပြုရမည်။

“ကျွိ ကျွိ”

“ကျွိ”

ကြွက်ဟိန်းသံများ ထွက်ပေါ်လာပြီး ရတနာရှာဖွေနေသော ကြွက်တပ်သားအားလုံး နားစွင့်လိုက်ကြသည်။ကြွက်ဘုရင်ငယ်အဆင့်ရောက်ရှိနေသော ကောင်များသည် ရှာဖွေမှုကို ရပ်တန့်ကာ ကြွက်ဘုရင်ကြီး နှစ်ကောင်ရှိရာသို့ အပြေးအလွှား ရောက်လာကြသည်။လုပေါင် လေချွန်လိုက်သောအခါ အသွင်ပြောင်းကျား မှာလည်း ချက်ချင်း ပြေးလာသည်။

“သွားကြစို့”

“ဝူးးးး”

အသွင်ပြောင်းကျား သည် ကြွက်ဘုရင်များနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားတော့သည်။

“ဝူးးးး”

“နီနီလေး... မင်းကတော့ ရွှေဆက်ရှာဖို့ ပြန်သွားတော့။ကျန်တာ ငါ့တာဝန်ထားလိုက်။”

လုပေါင် သည် အန္တရာယ်ကို မကြောက်ပေ။ မြွေဟောက်နက်ကြီး ချီလင်လေး နှင့် အစွမ်းထက်သောအလောင်းကောင်ဘုရင် နှစ်ပါး ဘယ်သူက သူ့ကို မကာကွယ်နိုင်ဘဲ ရှိမည်နည်း။

ဒါ့အပြင် သူကိုယ်တိုင်ကရော အားနည်းလို့လား။ဂုဏ်ထူးဆောင် အဆင့်ဆရာတစ်ယောက်တောင် သူ့ရှေ့မှာ ဒူးထောက်ရမည် မဟုတ်ပါလား။

Live ကြည့်နေသော ပရိသတ်များမှာမူ ဘာဖြစ်နေမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေကြသည်။

“ဘာဖြစ်တာလဲ။ မိစ္ဆာနဲ့ တွေ့တာလား။”

“သူတို့ တော်တော် စိုးရိမ်နေပုံပဲ။ ဘာနဲ့တွေ့လို့ အဲ့လောက် ပြေးနေကြတာလဲ။”

“ရတနာနတ်ဘုရား... ဘာဖြစ်တာလဲ ပြောပြပါဦး။”

“ထွက်မပြေးနဲ့လေ ရွှေတွေ ရွှေတွေကို ဒီအတိုင်း ပစ်ထားခဲ့တော့မှာလား။မြန်မြန် သိမ်းဦးလေ။”

လုပေါင်က ရွှေတွေကို ပစ်ထားခဲ့ပြီး ပြေးထွက်သွားသဖြင့် လူအများအပြားမှာ နှမြောတသဖြစ်ကာ စိုးရိမ်နေကြသည်။

မှန်ပါသည်။ သူ စစ်တိုက်ရန် သွားခြင်း ဖြစ်သည်။

တောအုပ်ထဲတွင် ၁၀ မီတာခန့် အကွာ၌ မြစ်အထက်ပိုင်းသို့ လိုက်ပါသွားသော ကြွက်တပ်သား အုပ်စုတစ်စုမှာ နယ်ခံလူရိုင်းအချို့နှင့် တွေ့ဆုံခဲ့သည်။ထိုနေရာတွင် နေထိုင်သော လူရိုင်းများက ကြွက်တပ်သားများကို ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။လုပေါင်က လူသားများကို အန္တရာယ်မပြုရန် မှာကြားထားသောကြောင့် လူရိုင်းများက သူတို့ကို ရူးသွပ်စွာ အမဲလိုက်နေကြခြင်း ဖြစ်သည်။

လုပေါင်ရောက်သွားသောအခါ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။နေရာအနှံ့တွင် လူအရိုးစုများ ချိတ်ဆွဲထားပြီး ဦးခေါင်းခွံ တစ်ခုချင်းစီကို အနက်ရောင် အရိုးစူးများဖြင့် ထိုးဖောက်ထားသည်။

“လူရိုင်းတွေ...”

အလောင်းများကို မြင်လိုက်ရသဖြင့် လုပေါင်ကြက်သီးဖြားသွားသည်။သေဆုံးသူများထဲတွင် အချို့မှာ လူရိုင်းများ ဖြစ်ပုံရသော်လည်း အချို့မှာ ပုပ်သိုးနေသော အဝတ်အစားများကြောင့် ခရီးသွားများ ဖြစ်ပုံရသည်။ အားလုံးကို ထူးဆန်းသော သစ်ပင်များပေါ်တွင် ပူဇော်သက္ကာများသဖွယ် ချိတ်ဆွဲထားသည်။အများစုမှာ လူရိုင်းများ၏ အရိုးစုများ ဖြစ်သည်။

“ကျွိ ကျွိ”

ချုံပုတ်တစ်ခုထဲမှ ကြွက်တပ်သား တစ်ထောင်ကျော် ပြေးထွက်လာသည်။အချို့မှာ သွေးအိုင်ထဲတွင် လဲနေပြီး ဒဏ်ရာပြင်းထန်သူများမှာ သေလုမျောပါး ဖြစ်နေပြီ။လုပေါင် က Live မြင်ကွင်းကို လွှဲလိုက်ပြီး ဒဏ်ရာရသော ကြွက်တပ်သားများကို တွင်းနက် ထဲသို့ ထည့်လိုက်သည်။ချီလင်လေးကို ဆွဲထုတ်ကာ ကျောပိုးအိတ်ထဲ ထည့်လွယ်လိုက်သည်။သူ မနိုင်သောသူနှင့် တွေ့လျှင် ချီလင်လေးနှင့် ပစ်ပေါက်မည်ဟု တွေးထားသည်။

“အဝူး...”

ချီလင်လေးမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

“ရတယ်... အိပ်တော့။”

“…”

သတ္တဝါလေးမှာ လုပေါင်ဘာလုပ်မလဲဆိုတာ နားမလည်သော်လည်း အိပ်စက်ခြင်းက သူ၏ ပထမဦးစားပေး ဖြစ်သည်။ဘာမှမထူးခြားသဖြင့် အပျင်းကြောဆန့်ကာ ကျောပိုးအိတ်ထဲတွင် ခွေအိပ်လိုက်ပြန်သည်။အိပ်နေစဉ်မှာပင် သူ၏လှပသော ဦးထုပ်လေး ကျွတ်မသွားစေရန် စမ်းကြည့်နေသေးသည်။

“ငါ့အကောင်တွေကို ဘယ်သူသတ်တာလဲထွက်ခဲ့စမ်းးးး”

လုပေါင် သည် ထိုကြောက်မက်ဖွယ် နေရာသို့ လှမ်းအော်လိုက်သည်။ချီစွမ်းအား ပါသော သူ၏အော်သံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။

သစ်ပင်ပေါ်တွင် ၇ မီတာ၊ ၈ မီတာခန့် ရှည်သော အန်နာကွန်ဒါ အရေခွံတစ်ခု ချိတ်ဆွဲထားသည်ကိုပင် မြင်လိုက်ရသည်။ဤနေရာသည် အလွန်ဆိုးရွားလှသဖြင့် ကြမ်းတမ်းသော သားရဲတိရစ္ဆာန်များပင် ဝေးဝေးက ရှောင်သွားကြသည်။

လေတစ်ချက် တိုက်ခတ်သွားသည်။လုပေါင်မျက်တောင်ခတ်လိုက်သောအခါ ကြွက်ဘုရင် နှစ်ကောင်က သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူက

“ဘာကြည့်တာလဲ။တစ်ယောက်ယောက် ထွက်လာမလားလို့ အော်ကြည့်တာပါ။ ဒီနေရာကတော့ တကယ်ကို မကောင်းတဲ့ နေရာပဲ။”

“ကျွိ...”

ရွှေရောင်ကြွက်ဘုရင်က နောကခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကာ တောအုပ်အနက်ပိုင်းသို့ လက်ညှိုးထိုးပြလိုက်သည်။

“ကောင်းပြီလေ... အထဲဝင်ကြည့်ရအောင်။”

“ရှူးးးး”

လေကို ဖြတ်သန်းလာသော အသံတစ်ခု ထွက်ပေါ်လာသည်။လုပေါင်သည် လျင်မြန်စွာ လက်လှမ်းကာ အနက်ရောင် အရိုးစူးတစ်ခုကို ဖမ်းယူလိုက်သည်။ထိုအရိုးစူးတွင် အရောင်စုံ အရည်များ သုတ်လိမ်းထားပြီး သိသိသာသာပင် အဆိပ်လူးထားခြင်း ဖြစ်သည်။

“တကယ်ပဲ လူရိုင်းတွေ”

လုပေါင် တောအုပ်ဘက်သို့ ကြည့်လိုက်သည်။သစ်ပင်ပေါ်တွင် တိရစ္ဆာန်အရေခွံများ ပတ်ထားပြီး ဆံပင်ဖရိုဖရဲနှင့် သန်မာသော လူရိုင်းတစ်ယောက်မှာ သူ့ကို သွေးဆာနေသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။သူ၏ ခန္ဓာကိုယ်တွင် ကြွက်တပ်သား အလောင်းအချို့ကို သီလျက် ချိတ်ဆွဲထားသေးသည်။

သိသာသည်မှာ သူသတ်ထားသော ကြွက်တပ်သားများကို အစာအဖြစ် သဘောထားခြင်း ဖြစ်သည်။

“ကျွိ...”

ရှောင်ဟွေ မှာ အလွန်ဒေါသထွက်နေသည်။

“ဂုဂု ဂု”

ထိုလူရိုင်း၏ ပါးစပ်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။တစ်ချိန်တည်းမှာပင် အရပ်မျက်နှာအနှံ့မှ ချိုးငှက်တွန်သံကဲ့သို့ အသံများ ပြန်လည်ကြားလိုက်ရပြီး လူရိုင်းများမှာ ဝိုင်းရံလာကြတော့သည်။

လုပေါင် သည် အရိုးစုတစ်ခုအနားသို့ ချဉ်းကပ်ကာ အသွင်ပြောင်းကျားပေါ်မှ ဆင်းလိုက်သည်။ဤအရိုးစုမှာ အမျိုးသမီးတစ်ဦး၏ အရိုးစုဖြစ်ပုံရသော်လည်း သေဆုံးခြင်းမပြုမီ အရေခွံနွှာခြင်း ခံထားရသဖြင့် အလွန်ရက်စက်သော သေခြင်းမျိုးနှင့် ကြုံခဲ့ရပုံရသည်။အလောင်းပေါ်တွင် တစ်ခုခု ပက်ဖြန်းထားသဖြင့် အသားခြောက်ကဲ့သို့ ဖြစ်နေပြီး ဖယောင်းလွှာတစ်ခုဖြင့် ဖုံးအုပ်နေသည်။

အဝတ်အစားနှင့် ကျောပိုးအိတ်မှာ ဆွေးမြည့်နေပြီ ဖြစ်သည်။လုပေါင်ရှာဖွေကြည့်သောအခါ သွေးစွန်းနေသော ပိုက်ဆံအိတ်တစ်ခု တွေ့ရှိလိုက်သည်။ထဲတွင် ငွေအချို့နှင့်အတူ ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်တို့ကို တွေ့ရသည်။

“လျိုကျားလင်း ၁၉၉၀ ခုနှစ် ဇွန်လ ၉ ရက်နေ့ နန့်ချန်းမြို့ ဒါ့ထုန် မြို့နယ်။

လုပေါင် က အသံထွက် ဖတ်လိုက်မိသည်။ သူမသည် ခရီးသွားတစ်ဦးဖြစ်ပုံရပြီး သူမ၏ အဖော်များနှင့်အတူ လမ်းပျောက်ကာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။ဟမ်ဘာဂါ အိတ်ခွံတစ်ခုကိုလည်း တွေ့ရပြီး ထိုအိတ်ပေါ်ရှိ ရက်စွဲအရ ဤအမျိုးသမီးမှာ ဤနေရာတွင် သေဆုံးနေသည်မှာ ၅ နှစ်နီးပါး ရှိနေပြီဖြစ်သည်။

လူရိုင်းများမှာ တဖြည်းဖြည်း ဝိုင်းလာကြသော်လည်း လုပေါင်ကတော့ ဂရုမစိုက်ဘဲ အလောင်းများကိုသာ လေ့လာနေသည်။

အခြား အလောင်း အချို့ကိုလည်း သူ သွားကြည့်လိုက်သည်။ဤသူများသည် အတူတူ လာကြသူများ ဖြစ်သည်။၁၉၈၂ ခုနှစ်ဖွား တစ်ဦးနှင့် ကျန်သုံးဦးမှာ ၉၀ နောက်ပိုင်း မွေးဖွားသူများ ဖြစ်ကြသည်။ဝမ်းနည်းစရာမှာ လေးဦးစလုံး ဤနေရာတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

Live ကြည့်နေသူများလည်း ဆူညံသွားကြသည်။သူတို့ကို သတ်ပြီးနောက် တစ်စုံတစ်ရာ ပူဇော်မှုပြုလုပ်ကာ အရေခွံနွှာပြီး မပုပ်မသိုးအောင် ဖယောင်းရုပ်အလောင်းများအဖြစ် ထားခဲ့ကြခြင်း ဖြစ်သည်။

“ခရီးသွားတွေ ဘာလို့ နှစ်တိုင်း ပျောက်ဆုံးနေလဲဆိုတာ မဆန်းတော့ဘူး။ ဒီလိုနေရာမှာ ပျောက်သွားရင် ဘယ်လိုရှာမလဲ။”

“ကြောက်စရာကြီးးး”

“ဘုရားရေ... အဲ့ဒီလူရိုင်းတွေ ဝတ်ထားတဲ့ ဆွဲကြိုးတွေကို ကြည့်ဦး။တိရစ္ဆာန်သွားတွေလား။ဘာလို့ လူသွားတွေနဲ့ တူနေတာလဲ။”

“သူတို့ ရွှေတွေကို စောင့်ရှောက်နေတာလား လူရိုင်းတွေရှိတဲ့နေရာမှာ ရတနာတွေ ရှိတတ်တယ်ဆိုတာ တကယ်ပဲထင်တယ်။”

“မပြေးတော့ဘူးလား။”

“တောက်... တရုတ်လူမျိုး အရိုးစုတွေလား ဒါဆို ဒီတောအုပ်ကြီးက နိုင်ငံထဲမှာ ရှိနေတာလား။”

All Chapters