အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း ၁၂၇- ရွှေများဝန်းရံထားသော နွားခေါင်း အလောင်းကောင်ဘုရင်။
ခေါင်းနှစ်လုံးမြွေကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။၎င်း၏ မာကျောသော အကြေးခွံများ သို့မဟုတ် အရိုးများပင် လွတ်မြောက်ခြင်းမရှိပေ။ဆင့်ကဲပြောင်းလဲလာသော မီးပုရွက်ဆိတ်နီများဖြစ်စေ ကြွက်တပ်သားများဖြစ်စေ ဤအရသာရှိလှသော စားသောက်ပွဲကြီးကို လက်လွတ်မခံချင်ကြပေ။
“ကျွိ...”
ရှောင်ဟွေမှာစူးရှသောအသံဖြင့် အော်ဟစ်လိုက်ပြီး ကြွက်တပ်ကြီးမှာ ရွှေများကို ဆက်လက်ရှာဖွေရန် လူစုခွဲသွားကြသည်။
မီးပုရွက်ဆိတ်နီများကလည်း ရှာဖွေမှုကို ပြန်စကြသည်။ဤနေရာကို နေရာအနှံ့မှာ ရွှေတွေချည်းပဲဟု အမှန်တကယ်ပင် ဖော်ပြ၍ရပြီး နေရာတိုင်းတွင် ရွှေအနည်အနှစ်များကို တွေ့ရှိနိုင်သည်။ကြွက်တပ်သားတစ်ဦးချင်းစီတွင် ကြီးမားသော ခွန်အားရှိကြပြီး ၎င်းတို့သည် ရွှေရိုင်းတုံးများကို သူတို့၏ အမြီးရှည်များဖြင့် ပတ်ကာ တစ်တုံးချင်းစီ သယ်ယူလာကြသည်။
လုပေါင်ကတော့ ယခုတွင် ချီလင်လေးကို စိုက်ကြည့်နေသည်။
“အဝူး...”
(အထဲကို ထည့်လိုက်ရမလား။)
“ဒါက... ငါ မင်းကို ရှင်းပြဖို့ ခက်တယ်...”
လုပေါင် က ချီလင်လေး ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။အကယ်၍ သူသာ ထိုရွှေရုပ်တုကြီးကို အိတ်ထဲထည့်လိုက်လျှင် ဤနေရာမှ ရွှေတွေကို သူ ယူဆောင်သွားနိုင်ကြောင်း တစ်ကမ္ဘာလုံး သိသွားလိမ့်မည် မဟုတ်ပါလား။ချီလင်လေးကတော့ သူ၏ ရွှေရုပ်တုလေးကို ငေးကြည့်နေရှာသည်။
လူရိုင်းများမှာ ခေါင်းနှစ်လုံးမြွေကြီး သေဆုံးသွားကတည်းက မြေပြင်ပေါ်တွင် ဒူးထောက်နေကြခြင်း ဖြစ်သည်။အန္တရာယ်မရှိတော့ကြောင်း သိလိုက်ရသောအခါ လူရိုင်းခေါင်းဆောင်မှာ သတိကြီးစွာဖြင့် လမ်းလျှောက်လာသည်။
“ရွှေတွေ... အနားမှာ ထပ်ရှိသေးလား။”
ဤလူရိုင်းများသည်အမှန်တကယ်တော့ သနားစရာကောင်းသူများဖြစ်ပြီး ခရီးသွားများ သေဆုံးမှုမှာလည်း မြွေကြီး၏ လက်ချက်သာဖြစ်ကြောင်း လုပေါင်အတည်ပြုနိုင်ခဲ့သဖြင့် သူတို့နှင့် စတင်ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။
“ရွှေတွေ... ဂူထဲမှာ...”
လူရိုင်းခေါင်းဆောင်မှာယခင်က ဆက်သွယ်ပြောဆိုရန် သင်ယူခဲ့ဖူးသော်လည်း အချိန်ကြာသွားသဖြင့် သူတို့ဘာသာစကားနှင့် ရောထွေးနေကာ ပြောဆိုရန် အနည်းငယ် ခက်ခဲနေသည်။
လုပေါင် နားလည်သွားသည်။ငါးညှီနံ့နံနေသော ဂူမှာ ခေါင်းနှစ်လုံးမြွေ၏ အသိုက်ဖြစ်သည်။ချီလင်လေးက ချီလင်မီးတောက်ဖြင့် မှုတ်ထုတ်ခဲ့သဖြင့် ဂူအတွင်း အပူချိန်မှာ အလွန်မြင့်မားနေပြီး အနံ့အသက်များမှာလည်း လွင့်ပြယ်သွားပြီဖြစ်သည်။
“ကျွိ ကျွိ”
ရွှေရောင်ကြွက်ဘုရင်က ပြေးလာပြီး နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကာ အထဲဝင်ကြည့်ချင်ကြောင်း အချက်ပြလေသည်။
“သတိထားဦးနော်။”
“ကျွိ”
ရွှေရောင်ကြွက်ဘုရင်နှင့်အတူ ကြွက်တပ်သားတစ်အုပ် ဂူထဲသို့ ဝင်သွားကြသည်။ မြွေသိုက်ထဲတွင် ရွှေတွေ အများကြီး ရှိလိမ့်မည်မဟုတ်ဟု လုပေါင်ထင်ခဲ့သည်။မြွေတစ်ကောင်က သူ့ဂူထဲမှာ ကျောက်ခဲတွေ အများကြီး သိမ်းထားစရာ အကြောင်းမရှိပေ။ချီလင်လေးလေးလည်း ဂူထဲသို့ ပြေးဝင်သွားသည်။
ရွှေရိုင်းတုံးများ ပိုမိုများပြားလာသည်နှင့်အမျှ လုပေါင်သည် ရွှေတောအုပ်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလာရသည်။ရွှေအစအနများမှာ နေရာအနှံ့ ရှိနေသည်။
“ပရိတ်သက်တို့ရေ... ရွှေလက်ကျန်က သိပ်မများဘူးလို့ ပြောကြတယ် မဟုတ်လား။ငါသာ ဒီရွှေတွေ အကုန်ယူသွားရင် ရွှေဈေးတွေ အကြီးအကျယ် ကျသွားမှာ မဟုတ်ဘူးလား။”
လုပေါင် က မြေပြင်မှ ရွှေတုံးတစ်တုံးကို ကောက်ကိုင်ကာ လျှာသပ်ရင်း ပြန်ချထားလိုက်သည်။ဒီတစ်တုံးတည်းတင် သိန်းရာချီ တန်နေပြီဖြစ်သည်။
Live မှ ပရိသတ်များမှာတော့ မနာလိုဖြစ်လွန်း၍ မျက်စိများ နီနေကြပြီဖြစ်၏။သူတို့သည် တည်နေရာကို ပြောပြရန် အသည်းအသန် တောင်းဆိုနေကြပြီး အချို့မှာ ဓာတ်ပုံများကို နှိုင်းယှဉ်ကာ ဤရတနာသိုက်၏ တည်နေရာကို ရှာဖွေရန် ကြိုးစားနေကြသည်။အပင်များ၊ ရာသီဥတု၊ တိရစ္ဆာန်များနှင့် နေရောင်ခြည်ကို ကြည့်ကာ နေရာကို တွက်ချက်နေကြသည့် အဖွဲ့များစွာလည်း ရှိနေသည်။ဤနေရာကို ရှာတွေ့သူသည် မတွေးဝံ့စရာ ချမ်းသာသွားပေလိမ့်မည်။
“တည်နေရာ ပြောပေးပါ။”
“ငါ ရွာပြန်ပြီး ရတနာသွားရှာတော့မယ်။ ဒီစက်ရုံအလုပ်ကို ထွက်လိုက်တော့မယ်။”
“ရတနာရှာဖွေရေးအဖွဲ့အတွက် ဆရာ ခေါ်ယူနေပါသည်။”
ထိုစဉ်မှာပင် ချီလင်လေးဂူထဲမှ ပြေးထွက်လာသည်။
“ပါးစပ်ထဲမှာဘာကို ခဲလာတာလဲ။ရွှေချောင်းတစ်ချောင်းလား။”
“ဘုရားရေ... ရွှေချောင်းကြီး”
“ရွှေချောင်းက ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။”
ချီလင် လေးက လုပေါင် ရှေ့သို့ ရောက်လာသောအခါ ပရိသတ်များသာမက လုပေါင် ပင် အံ့ဩသွားဪသည်။၎င်းမှာ ၁၀ စင်တီမီတာခန့် ရှည်သော ရွှေချောင်းတစ်ချောင်း ဖြစ်သည်။ သန့်စင်မှုမှာတော့ သာမန်မျှသာ ဖြစ်သည်။
လုပေါင်က ရွှေချောင်းကို ယူကာ ချီလင်လေးကို ချီလိုက်ပြီး
“အထဲမှာ ထပ်ရှိသေးလား။”
“အဝူး...”
ဂူထဲတွင် ဤကဲ့သို့သော ရွှေများစွာ ရှိနေသေးကြောင်း ချီလင်လေးထံမှ သိလိုက်ရသောအခါ လုပေါင်အံ့ဩသွားမိသည်။ဂူအတွင်းပိုင်းတွင် အစာအိမ်အက်ဆစ်နံ့နှင့် တိရစ္ဆာန်အလောင်းများ နေရာအနှံ့ ရှိနေသော်လည်း ထိုအရာများကို လှည့်မကြည့်ဘဲ အနက်ပိုင်းမှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများကိုသာ စိုက်ကြည့်နေမိသည်။
“မြွေနဂါးတွေက ရတနာနဲ့ တောက်ပတဲ့အရာတွေကို ကြိုက်တယ်ဆိုတဲ့ ဒဏ္ဍာရီက အပိုမဟုတ်ဘူးပဲ။”
လုပေါင် ကြောင်ကြည့်နေမိသည်။ရွှေချောင်းများစွာ စီတန်းထားပြီး ကျောက်ဂူတစ်ခုလုံး ရွှေများဖြင့် ပြည့်နှက်နေသည်။ခရီးသွား ရတနာရှာဖွေသူအချို့မှာ ဤနေရာတွင် အလုပ်လုပ်ရင်း သေဆုံးခဲ့ကြခြင်း ဖြစ်ပုံရသည်။
“ဒီနေရာကို စိတ်မပူနဲ့ ငါ့ကိုပဲ လွှဲထားလိုက်တော့။”
လုပေါင် က ကြောင်တောင်တောင် ဖြစ်နေသော ကြွက်ဘုရင်ကို လှမ်းပြောလိုက်သည်။ ကြွက်ဘုရင်နှင့် ကြွက်တပ်များကို ပြန်လွှတ်လိုက်ပြီး လုပေါင် နှင့် ချီလင်လေး သာ ကျန်ရစ်ခဲ့သည်။
နာရီအနည်းငယ်အကြာတွင် နေရာအနှံ့မှ ရွှေတုံး ရွှေရိုင်းနှင့် ရွှေမှုန့်များစွာကို ရှာတွေ့ခဲ့သဖြင့် ရတနာနတ်ဘုရား ဟု လူသိများသော တရုတ် Streamer မှာ ရွှေတွင်းကြီးတစ်ခုကို ရှာတွေ့ခဲ့ကြောင်း ကမ္ဘာတစ်ဝန်း သတင်းကြီးသွားတော့သည်။
မိုးချုပ်လာသောအခါ လုပေါင် သည် အလောင်းကောင်ဘုရင် နှစ်ကောင်ကို ကြည့်နေလိုက်သည်။အရည်ပျော်နေသော ရွှေရည်များမှာ ထိုအလောင်းကောင်များ၏ ခန္ဓာကိုယ်ထဲသို့ တရစပ် စီးဝင်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ကြီးထွားလာသည်။
“ရွှေကိုယ်ထည် စစ်စစ်ပဲ။ဒါပေမဲ့ ဒီလောက် ကုန်ကျစရိတ်ကို ဘယ်သူ တတ်နိုင်မှာလဲ။”
ချီလင်လေး၏ မီးတောက်အောက်တွင်ရွှေများမှာ အရည်ပျော်ကာ ရွှေအိုင်ကြီး ဖြစ်နေသည်။အလောင်းကောင်ဘုရင်နှစ်ကောင်မှာ ၎င်းတို့ကို စုပ်ယူရင်း ဆင့်ကဲပြောင်းလဲနေကြသည်။၎င်းတို့၏ ဦးချိုများမှာ သတ္တုကဲ့သို့ မာကျောထက်မြက်လာရုံသာမက ထူးဆန်းသော စာသားများ ပင် ပေါ်လာသည်။
၎င်းတို့၏ ကျောဘက်တွင် တဖျတ်ဖျတ် တောက်နေသော ရွှေရောင် အတောင်ပံတစ်စုံမှာလည်း လှုပ်ခတ်နေပြီး ရွှေရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။သူတို့၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို ဖိနှိပ်လာသည်။
“အဝူး...”
ချီလင်လေးသည် တွင်းနက်ထဲမှ ထွက်လာသည်။ယခုအခါ ထိုတွင်းထဲတွင် နေရာအနှံ့မှာ ရွှေတွေချည်း ဖြစ်နေသည်။ခေါင်းနှစ်လုံးမြွေ၏ အမြုတေကို စားသုံးထားသဖြင့် ချီလင်လေးမှာလည်း အင်အားများ ပြည့်ဝနေသည်။
“နောက်ကျရင် တိုက်ပွဲတွေအတွက် မင်းတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မယ်။”
လုပေါင်သည် အလောင်းကောင်ဆေးတောင့် များကို ထုတ်ယူလိုက်သည်။ အလောင်းကောင်ဘုရင်နှစ်ပါးမှာ ထိုဆေးတောင့်များကို ဝါးမြိုလိုက်ကြပြီး အလောင်းကောင်စွမ်းအင် များဖြင့် ဖုံးလွှမ်းသွားကြသည်။ကျန်ရှိနေသော ရွှေရည်များကိုတော့ လုပေါင်က ရွှေတုံးများအဖြစ် ပြုလုပ်လိုက်ပြီး သိမ်းဆည်းရန် ပြုလုပ်လိုက်တော့သည်။
အခန်း ၁၂၈- အဖိုးမဖြတ်နိုင်သော ရှေးဟောင်းစာအုပ်။
နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်သည် သုံးရက်နှင့် သုံးညတိုင်တိုင် ကျင့်ကြံခဲ့ကြသည်။
စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲလာပြီးနောက် ဘုရင်များ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပိုမိုသွယ်လျလာသော်လည်း ၎င်းတို့၏ ပေါက်ကွဲအားမှာမူ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။သူတို့၏ ပုံပန်းသဏ္ဌာန်မှာ လုပေါင် ကို Bleach ထဲက Ichigo ၏ Hollow ပုံစံကို သတိရစေသည်။
‘နောင်ကျရင် ငါကိုယ်တိုင် တိုက်ခိုက်နေဖို့တောင် လိုပါ့ဦးမလား။’
ရရှိလာသော ရွှေပမာဏမှာလည်း ကြောက်စရာကောင်းလှသည်။ရွှေအမြောက်အမြားကို သန့်စင်သော ရွှေရည်များအဖြစ် အရည်ကျိုလိုက်သည်။ချီလင်လေး ကလည်း ဤရွှေအားလုံးသည် သူ့အတွက်ဟု ထင်မှတ်ကာ မမောမပန်း ကူညီပေးခဲ့သည်။
“ကမ္ဘာ့ရွှေလက်ကျန်က စာရင်းဇယားတွေထက် ပိုများမယ်ဆိုတာ ငါအမြဲသိနေတာ။ ဈေးကွက်ပျက်မှာကြောက်လို့ ထိမ်ချန်ထားတာနေမှာ။”
လုပေါင် တစ်ယောက် ချမ်းသာသွားပြီ ဖြစ်သည်။မီးပုရွက်ဆိတ်နီတပ်နှင့် ကြွက်တပ်ကြီးတို့မှာ ဤနေရာရှိ ရွှေအားလုံးနီးပါးကို ရှင်းလင်းနိုင်ခဲ့ကြသည်။
ရွှေတွေက အလွန်များပြားလှသဖြင့် သူလုပ်စရာရှိသည်များကိုပင် မေ့လျော့နေမိသည်။ ရွှေထက် ဘာကများ ပိုအရေးကြီးဦးမှာလဲ။တွင်းနက်ကြီးထဲတွင် ရွှေတုံးများမှာ တဖျတ်ဖျတ် တောက်ပြောင်နေသည်။အဆင့်မြင့်ရွှေများ၏ အလှတရားမှာ တကယ်ပင် ဆွဲဆောင်မှုရှိလှသည်။
မီးပုရွက်ဆိတ်နီများနှင့် ရွှေရှာကြွက်များ အားလုံး အနားယူရန် ပြန်လာကြသည်။ လွန်ခဲ့သောရက်အနည်းငယ်က အလုပ်ရှုပ်ခဲ့သဖြင့် သူတို့အားလုံး ပင်ပန်းနေကြပြီဖြစ်၏။လုပေါင် ရှာတွေ့သမျှ ရတနာများကြောင့် ရတနာရှာဖွေရေးအဖွဲ့များမှာ ရူးသွပ်မတတ် ဖြစ်နေကြသည်။သူတို့မှာ နေရာကို ရှာမတွေ့ကြသဖြင့် ဤ Live လွှင့်ချက်များကို နည်းပညာဖြင့် ဖန်တီးထားသည့် အတုများဟုပင် သံသယဝင်လာကြသည်။
လုပေါင် လေယာဉ်ဖြင့် အိမ်ပြန်ရောက်ပြီး ဖုန်းဖွင့်လိုက်သောအခါ မက်ဆေ့ခ်ျများစွာ တရစပ် ဝင်လာတော့သည်။လွတ်သွားသော ဖုန်းခေါ်ဆိုမှု ၃၀၀ ကျော် ရှိနေသည်။
“ထရူးမင်း...”
လေယာဉ်ပေါ်တွင်စုံခဲ့ရသော ထိုအဘိုးကြီးဆီမှ မက်ဆေ့ခ်ျ ဆယ်ခုကျော် ရောက်နေသည်ကို တွေ့လိုက်ရသည်။သူသည် လုပေါင်ဆီမှ သမ္မာကျမ်းစာ စာအုပ်နှင့် ဘုရားသခင်မိန့်ကြားချက်စာအုပ်များကို ဝယ်ချင်နေခြင်းဖြစ်ပြီး လုပေါင် စိတ်ကြိုက်ဈေးခေါ်နိုင်ကြောင်း ပြောထားသည်။
အလင်းဘုရားကျောင်းမှ အိုရော့စ်သည် တော်တော်လေး စွမ်းဆောင်နိုင်သူ ဖြစ်ပုံရသည်။ဤမျှ ကောင်းသော ပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်မှာ။သို့သော် လုပေါင် ကိုယ်တိုင်ကလည်း ပိုက်ဆံ မရှားပေ။
“မရောင်းနိုင်ဘူး။”
လုပေါင် က စာပြန်လိုက်သည်။မကြာမီ ဖုန်းဝင်လာသည်။ထရူးမင်း ၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။
“မစ္စတာလု စာပြန်တာကို ဝမ်းသာပါတယ်ဗျာ။ကျွန်တော့်ကို မှတ်မိသေးလား။”
ထရူးမင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက လည်ချောင်းတွေ ခြောက်ကပ်နေရသည်အထိ စိုးရိမ်နေခဲ့ပြီး တရုတ်နိုင်ငံသို့ပင် ကိုယ်တိုင် ရောက်လာခဲ့သည်။
“မှတ်မိပါတယ်။ခင်ဗျား ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ။”
လုပေါင် သိချင်မိသွားသည်။
ထရူးမင်းက က အိုးတိုးအမ်းတန်းဖြင့်
“အဆက်အသွယ်တွေကတစ်ဆင့် ရှာလိုက်တာပါ။နှောင့်ယှက်မိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဒါပေမဲ့ အဲ့ဒီစာအုပ်တွေက ကျွန်တော့်အတွက် ဆွဲဆောင်မှု အရမ်းရှိနေလို့ပါ။အဲ့စာအုပ်တွေထဲမှာရှေးဟောင်းလျှို့ဝှက်ချက်တွေ ရှိနိုင်ပါတယ်။မစ္စတာလုရောင်းဖို့ စဉ်းစားပေးပါဦးလား။”
“မရောင်းဘူးလို့။”
ဤစာအုပ်နှစ်အုပ်မှာ အနောက်တိုင်း ကျင့်စဉ်များနှင့် ဆက်စပ်နေပုံရသည်။အိုရော့စ် မှာ ဤစာအုပ်များကို အားကိုးပြီး ဂုဏ်ထူးဆောင်ဆရာတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်နိုင်သည်။
“ဒါဆို မိတ္တူကူးခွင့်ပေးမလား။မူရင်းကို ခင်ဗျားပဲယူထားပါ။ဈေးနှုန်းကို ခင်ဗျား စိတ်ကြိုက်ခေါ်ပါ။”
ထရူးမင်း သတင်းတစ်ခု ရထားသည်မှာ ဤစာအုပ်များတွင် ကောင်းကင်တမန်များ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက် ပါဝင်နေသည်ဟူ၏။
“စိတ်ကြိုက်လား။ဒါဆို ခင်ဗျားတို့နိုင်ငံ ငွေကြေးနဲ့ ၁၀ ထရီလီယံ ပေးလေ။”
လုပေါင် က မပေးချင်သဖြင့် ရွဲ့ပြောလိုက်ခြင်းဖြစ်သည်။
ထရူးမင်း မှာ ဆွံ့အသွားပြီးမှ
“ခင်ဗျာ... ခင်ဗျာ ကျွန်တော် ဇင်ဘာဘွေ နိုင်ငံသား ပြောင်းလိုက်ရင်ရော “
“ခင်ဗျားက ငါ့ကို Bug သုံးပြီး လှည့်စားမလို့လား။”
‘ကောင်းရော... ငါ့ထက်တောင် မျက်နှာပြောင်တဲ့လူနဲ့ တွေ့နေပြီ။’
ထရူးမင်းသည် တွေ့ချင်သော်လည်း လုပေါင် ငြင်းလိုက်သည်။သူ ရှာစရာ ရတနာတွေ အများကြီး ရှိသေးပေသည်။
အိမ်မှာ ဘယ်သူမှမရှိသဖြင့် လုပေါင် သည် မျက်နှာဝိုင်းလေးကို ဖုန်းဆက်ပြီး တာရှမ်းကျွဲ ကျေးရွာသို့ အပြေးမောင်းလာခဲ့သည်။မျက်နှာဝိုင်းလေး က ရွာထဲမှာ ခွေးနှစ်ကောင်နဲ့ ကြက်တူရွေးတစ်ကောင်ကြောင့် ရွာပျက်တော့မည်ဟု ပြောပြသည်။၎င်းတို့ သုံးကောင်မှာ ရွာ၏ လူမိုက်ဂိုဏ်း ဖြစ်နေပြီဖြစ်၏။ မနက်ဆို ရဲခွေးစခန်းမှာ အနှိပ်ခံနေ့လယ်ဆို ဝက်ခြေထောက် ဝယ်စား ညဆို တောင်ပေါ်မှာ သောင်းကျန်းနှင့် သူတို့ ဘဝက တော်တော်လေးသာယာနေသည်။
“ဝု”
ဟေးမီက သားသတ်ဆိုင်မှာ ဟောင်နေသည်။
(လတ်ရဲ့လား။ဘာလို့ အရောင်က တစ်မျိုးဖြစ်နေတာလဲ။)
“ငါတို့က လတ်တာပဲ လိုချင်တာ ဒါ လတ်လို့လား။”
ကြက်တူရွေးက ကောင်တာပေါ်ကနေ ဘာသာပြန်ပေးနေသည်။ဆိုင်ရှင်မှာလည်း ဤအဖိုးတန် ဖောက်သည်ကြီးများအတွက် အစေ့အဆန်များကို အထူးမှာယူထားရသည်။
“လတ်ပါတယ်ဗျာ မနက်ကတင် ပြုတ်ထားတာပါ။”
ဆိုင်ရှင်ကပြုံးရွှင်နေသည်။ ဒီခွေးတွေနဲ့ ကြက်တူရွေးကြောင့် သူ့ဝင်ငွေ တော်တော်တက်နေသည်။
ဒါပေါင်က နွားအမြီးကို မျက်စာပစ်ပြသည်။
(တစ်ခုယူရအောင်။)
“မြေးလေး... ပြန်လာပြီလား။”
အိမ်ရောက်သောအခါအဘွားဖြစ်သူက ဝမ်းသာအားရ ကြိုဆိုသည်။
“ဘာစားမလဲ။မြေးလေး ပိန်သွားသလားလို့။”
“စားပြီးပြီ အဘွား။ ကျွန်တော့်ခွေးတွေရော။”
“နေဦး... ဒီအချိန်ဆို သားသတ်ဆိုင်မှာ အသားသွားဝယ်နေလောက်ပြီ။သူတို့ကို အမြန်ချည်ထားမှ။ဘယ်သူက သူတို့ကို ကျွေးနိုင်မှာလဲ။”
လုပေါင် တောင်ပေါ်သို့ ရောက်သောအခါ နွားအမြီးကို ကိုက်နေသော ဒါပေါင် မှာ ကြောင်ကြောင်တောင်တောင်မျက်နှာနှင့် ရပ်သွားသည်။ဟေးမီကလည်း ဝက်ခြေထောက်ကို ပါးစပ်က ခဲထားရင်း နောက်လှည့်ကြည့်သည်။
“ဂူးး”
လုပေါင် ကို မြင်သည်နှင့် ကြက်တူရွေးက ပျံလာသော်လည်း ခွေးနှစ်ကောင်ကတော့ တောင်ထဲသို့ အလုအယက် ပြေးဝင်သွားကြသည်။
“ပြေးကြစမ်း ဒီနေ့ မင်းတို့ကို ငိုအောင် မရိုက်ရင် ငါ လူမဟုတ်တော့ဘူး။”
သူတို့ကို မြင်တာနဲ့ ထွက်ပြေးပုံအရ တစ်ခုခုတော့ ပြဿနာရှာထားကြပြီ ဖြစ်မည်။ရိုက်ရခြင်း အကြောင်းရင်းကို လုပေါင် မသိသော်လည်း ထိုခွေးနှစ်ကောင်မှာတော့ သူတို့ဘာသာ အဖြေဖြေပြီးသား ဖြစ်လိမ့်မည်။ဒီလို တုံ့ပြန်ပုံမျိုးနဲ့တော့ အရိုက်ခံရဖို့ လုံးဝ ထိုက်တန်နေပြီဖြစ်၏။
“ဂူး...”
ကြက်တူရွေးက ခေါင်းစောင်းကြည့်နေသည်။
“တီ... အထူးမစ်ရှင် စတင်ပါပြီ...”
ခွေးတွေကို ဘယ်လိုရိုက်ရမလဲ စဉ်းစားနေစဉ်မှာပင် ပျောက်ကွယ်နေတာ ကြာပြီဖြစ်သော စနစ် ၏ အသံ ထွက်ပေါ်လာတော့သည်။