← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း ၁၂၉- ရှေးဟောင်းကျွန်းနှင့် သရဲသင်္ဘော။

နောက်ဆုံးသော နဂါးမျိုးဆက်ကို ကယ်ဆယ်ရန်။

“ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်သောကျွန်းပေါ်ရှိ နောက်ဆုံးသော နဂါးမျိုးဆက်ကို ကယ်တင်ပါ ကျွန်းပေါ်တွင် နှစ်လကြာ အသက်ရှင်အောင် နေထိုင်ပါ။”

(မှတ်ချက်- ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ကျွန်းသောတွင် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားပြီဖြစ်သော သက်ရှိများနှင့် ရတနာများစွာ ရှိနေသည်။)

“နဂါးကို ကယ်တင်ရမယ်။”

“ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ကျွန်း။”

လုပေါင် သည် ခွေးတွေကို ရိုက်ဖို့ အချိန်မရှိတော့ဘဲ စနစ် ကို ဖွင့်ကာ စစ်ဆေးလိုက်သည်။ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီး၏ လမ်းကြောင်းတစ်ခုပေါ်တွင် တောက်ပသော အလင်းစက်တစ်ခု ပေါ်လာသည်။၎င်းမှာ ရှေးဟောင်းကျွန်း၏ တည်နေရာ ဖြစ်ပေလိမ့်မည်။

“နှစ်လတောင်...”

ဒီမစ်ရှင်က နည်းနည်းတော့ ထူးဆန်းသည်။ နဂါးကို ကယ်တင်ဖို့ ကျွန်းပေါ်မှာ နှစ်လကြာ နေထိုင်ရမည်။

ရတနာတွေအရမ်းများလို့လား။ဒါမှမဟုတ် အန္တရာယ်တွေ အရမ်းများလို့လား။

“သွားကြစို့ ဈေးဝယ်ထွက်ရအောင်။”

လုပေါင် သည် နှင်းလုံးလေး နှင့်အတူ ထွက်လာခဲ့သည်။နှစ်လတာ ကာလအတွက် လိုအပ်မည့် ပစ္စည်းများကို ဝယ်ယူရန် သူ ပြင်ဆင်တော့သည်။သူ့တွင် သိုလှောင်အိတ်ရှိနေသဖြင့် ပစ္စည်းများစွာ သိုလှောင်နိုင်သည်။

“ဝယ်မယ် ဝယ်မယ်”

ကြက်တူရွေးကြီးကအားတက်သရော အော်ဟစ်နေသည်။

မြို့ပေါ်ရှိ ဈေးဝယ်စင်တာနှင့် စူပါမားကတ်များသို့ သွားကာ သစ်သီး၊ အသား၊ ဟင်းခတ်အမွှေးအကြိုင်၊ အိုးခွက်ပန်းကန်၊ ဟင်းသီးဟင်းရွက်နှင့် အရက် အစရှိသည်တို့ကို အမြောက်အမြား ဝယ်ယူတော့သည်။ အကယ်၍ သူ့တွင် သိုလှောင်အိတ်သာ မရှိလျှင် ကုန်တင်ကားတစ်စီးနှင့်ပင် လောက်မည်မဟုတ်ပေ။

ဝိုင်စက်ရုံ အလုပ်များကို ခေတ္တစီစဉ်ပေးပြီးနောက် လုပေါင်သည် ခွေးနှစ်ကောင်နှင့် ကြက်တူရွေးကို ခေါ်ကာ ထွက်ခွာခဲ့သည်။သူတို့ကို ထားခဲ့လျှင် ရွာထဲမှာ ပြဿနာရှာပြီး ရွာလူကြီးတွေ ဖြစ်ကုန်ကြပေလိမ့်မည်။

“ဝု”

“ဝုမနေနဲ့ သိကြားမင်း ဆင်းလာရင်တောင် မင်းတို့ သိုလှောငိအိတ်ထဲဝင်ရမှာပဲ။”

လုပေါင် က ဟေးမီ ကို အိတ်ထဲ ကန်ထည့်လိုက်သည်။အထဲရောက်သည်နှင့် ဟေးမီမှာ ကြောင်လေးတစ်ကောင်လို ငြိမ်ကုပ်သွားတော့သည်။အကြောင်းမှာ အထဲတွင် ချီလင်လေး မြွေဟောက်နက်ကြီးနှင့် အလောင်းကောင်ဘုရင် ပုရွက်ဆိတ်တပ်နှင့် ကြွက်တပ်ကြီးတို့ ရှိနေသောကြောင့် ဖြစ်သည်။

ခရီးက ဝေးသဖြင့် လုပေါင်သည် လေယာဉ်အစား ပင်လယ်လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။မြွဟောက်နက်ကြီးကို အပြင်သို့ထုတ်လိုက်သည်။ဝေလငါးများမှာ တစ်နာရီ ကီလိုမီတာ ၃၀ ခန့်သာ သွားနိုင်သဖြင့် နှေးလွန်းသည်။မြွေဟောက်နက်ကြီးကတော့ တစ်နာရီ ကီလိုမီတာ ၂၀၀ ခန့်အထိ သွားနိုင်သဖြင့် ခရီးအလွန်တွင်သည်။

သူသည် ဥက္ကဋ္ဌလု ဆီသို့ ဖုန်းဆက်ကာ ရေရှည် Live လွှင့်မည့်အကြောင်းနှင့် ကမ္ဘာပေါ်က နောက်ဆုံးနဂါးကို ရှာတွေ့ခဲ့ကြောင်း ကြိုတင်ပြောထားလိုက်သည်။ထို့နောက် သူသည် သမုဒ္ဒရာထဲသို့ ဆင်းခဲ့သည်။မြွေဟောက်နက်ကြီး၏ အရှိန်ဖြင့်ဆိုလျှင် တစ်ရက်မပြည့်မီ ကျွန်းသို့ ရောက်ရှိနိုင်သည်။

Live လွှင့်သည့်ဘက်မှလည်း အကြီးအကျယ် ကြော်ငြာပေးနေသည်။နဂါးအကြောင်းမှာ ယုံရခက်သဖြင့် ပရိသတ်များကို စောင့်ကြည့်ရန်သာ မှာကြားထားသည်။

ညဉ့်နက်ပိုင်းတွင် လုပေါင်သည် မြွေကြီး၏ ဦးခေါင်းပေါ်တွင် လဲလျောင်းကာ ကောင်းကင်ယံကို ကြည့်နေစဉ် ထူးဆန်းသောအသံကြီးကို ကြားလိုက်ရသည်။မြွေဟောက်နက်ပင် ချက်ချင်း ရပ်တန့်သွားသည်။

“အဲ့ဒါက ဘာလဲ။”

သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။

အဝေးသို့ လှမ်းကြည့်လိုက်သောအခါ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ပင်လယ်ပြင်ထက်တွင် မီတာများစွာ မြင့်မားပြီး အနက်ရောင် ငွေ့များ ထွက်နေသည့် ဟောင်းနွမ်းစုတ်ပြတ်နေသောသရဲကြီး သင်္ဘောတစ်စင်း ခုတ်မောင်းလာနေသည်။ထိုသင်္ဘောကြီးသည် ရေလှိုင်းပင် မထဘဲ တိတ်ဆိတ်စွာ သွားနေခြင်း ဖြစ်သည်။

“သရဲသင်္ဘောလား။”

သင်္ဘော၏ ပုံစံမှာ ခေတ်သစ်သင်္ဘောများနှင့် လုံးဝမတူပေ။အနက်ရောင် သံကြိုးများစွာ ချိတ်ဆွဲထားပြီး အလံများမှာလည်း ဆုတ်ပြတ်နေသည်။

“တီ တီ”

စနစ်မှ အနီရောင် သတိပေးချက် တက်လာသည်။

“အန္တရာယ်။”

“မြန်မြန် သွားကြစို့။”

လုပေါင်သည် မြွေကြီးကို ပုတ်လိုက်သော်လည်း မြွေကြီးမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်ခြင်းကို ခံထားရသကဲ့သို့ ထိုသင်္ဘောကြီးကို ကြောင်ကြည့်နေသည်။လုပေါင်လည်း လိုက်ကြည့်လိုက်သောအခါ သင်္ဘောဦးတွင် အနက်ရောင် ဝတ်စုံဝတ်ထားသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ထိုခဏ၌ သူသည် ဒူးထောက်ဝတ်ပြုချင်စိတ်များ ဖြစ်ပေါ်လာသည်။

အဲ့ဒါ လူ မဟုတ်ဘူး။

လုပေါင်က သတိပြန်ဝင်လာစေရန် သူ၏ လျှာဖျားကို ကိုက်လိုက်သည်။ထို့နောက် ချက်ချင်းပင်မြွေဟောက်နက်ကြီး ကို အိတ်ထဲသို့ ပြန်ဆွဲထည့်လိုက်သည်။ထိုခဏ၌ နောက်ကျောမှ အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး မြင်ကွင်းများ မှောင်အတိ ကျသွားတော့သည်။

“မင်းတို့ ဘယ်မှာလဲ...”

“မင်းတို့ အားလုံး ဘယ်မှာလဲ...”

ချောက်ချားဖွယ် ခေါ်သံများကို ကြားရင်း လုပေါင်အသိစိတ် လွတ်သွားခဲ့သည်။

တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်း ခံစားချက်ကြောင့် လုပေါင် မျက်လုံးဖွင့်လိုက်သည်။သူသည် ကမ်းခြေတစ်ခုပေါ်တွင် ရောက်နေပြီး ရေလှိုင်းများက သူ့ကိုယ်ပေါ်သို့ ရိုက်ခတ်နေသည်။

‘သရဲသင်္ဘောကြီး။’

လုပေါင်လန့်နိုးလာပြီး သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။နောက်ကျောတွင် ညိုမည်းနေသောဒဏ်ရာတစ်ခုမှအပ အခြားဘာမှ မဖြစ်ပေ။ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ကျွန်း ဖြစ်ပေလိမ့်မည်။အဝေးတွင် စိမ်းလန်းစိုပြည်သော တောအုပ်ကြီးကို မြင်နေရသည်။

“တိ... ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ကျွန်းသို့ ရောက်ရှိပါပြီ။”

စနစ်မှ အကြောင်းကြားစာ ပေါ်လာသည်။သူ အံ့ဩစရာကောင်းလောက်အောင် ဤကျွန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သိုလှောင်အိတ်ကို ဖွင့်လိုက်သောအခါ ခွေးနှစ်ကောင်နှင့်နှင်းလုံးလေး တို့ ပြေးထွက်လာကြသည်။မြွေဟောက်နက်ကြီး ကတော့ ကြောက်လန့်နေသော မျက်လုံးများဖြင့် အပြင်ကို ခေါင်းပြူကြည့်ပြီးမှ အထဲသို့ ပြန်ဝင်သွားသည်။မြွေကြီးမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားပုံရသည်။

အသွင်ပြောင်းကျား မှာတော့ စိတ်လှုပ်ရှားစွာ ပြေးလွှားနေသည်။ချီလင်လေးလည်း ထွက်လာပြီး ပတ်ဝန်းကျင်ကို အနံ့ခံကြည့်ကာ မျက်လုံးများ တောက်ပလာသည်။

“အဝူးးးးး”

(ရတနာ ရှိတယ်။)

“ဘယ်မှာလဲ။”

လုပေါင် အံ့ဩသွားတော့သည်။

ချီလင်လေးသည် အမြီးကို လှုပ်ခါရင်း တောအုပ်ထဲသို့ ပြေးဝင်သွားသည်။လုပေါင် နောက်က လိုက်သွားသောအခါ မီတာဝက်ခန့် ရှည်သော ငွေရောင် ကင်းခြေများကြီး တစ်ကောင်ကို မြင်လိုက်ရသည်။ဤကျွန်းပေါ်တွင် ရှေးဟောင်းမျိုးစိတ်များ ရှိနေသည်မှာ အမှန်ပင်။

ချီလင်လေးက ကျောက်ကြားထဲမှ ထူထဲသော ဂျင်ဆင်း အမြစ်ကြီး တစ်ခုကို ဆွဲထုတ်လိုက်ပြီး အားရပါးရ ဝါးစားနေတော့သည်။ ဆေးနံ့များပင် သင်းပျံ့လာသည်။

“အားးးး”

လုပေါင် တစ်ယောက် အော်ဟစ်လိုက်မိသည်။

“ငါ့ရတနာလေးတော့သွားပါပြီ။”

အခန်း ၁၃၀- ပင်လယ်စာစားပွဲနှင့် နဂါး ပေါ်ထွက်လာခြင်း။

နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ဂျင်ဆင်း။

၎င်းသည် တစ်ကိုယ်လုံး ရွှေရောင်တောက်နေပြီး အမှန်တကယ်ပင် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဂျင်ဆင်းဖြစ်သည်။ကိုက်လိုက်သည်နှင့် ဆေးနံ့များ သင်းပျံ့လာသည်။လုပေါင် မှာ အစွန်းထွက်လေးကိုသာ လုယူနိုင်ခဲ့ပြီး အကြီးဆုံးအပိုင်းမှာမူ ချီလင်၏ ဗိုက်ထဲသို့ ရောက်သွားချေပြီ။

“ဝု”

(မီးမှုတ်တဲ့ကောင် ငါ့ကိုလည်း တစ်လုပ်လောက် ချန်ဦးလေ။)

ဟေးမီ က မျှော်လင့်တကြီး ကြည့်နေသော်လည်း အဖတ်လေးတစ်ခုတောင် အောက်သို့ မကျလာပေ။

“ဟိုဟိုဒီဒီ မပြေးနဲ့ ပြန်လာခဲ့”

နှင်းလုံးလေးသစ်ပင်ပေါ် ပျံတက်သွားသည်ကို မြင်သောအခါ လုပေါင်ချက်ချင်း လှမ်းအော်လိုက်သည်။စောစောက ငှက်ကိုစားနေသည့် ကင်းခြေများကြီးက နှင်းလုံးလေး ကို မျက်စိကျနေသည် မဟုတ်ပါလား။

“ဒီနေရာက အရမ်းအန္တရာယ်များတယ်။”

နှင်းလုံးလေးလည်း ရိပ်မိပုံရသည်။သူသည် အတောင်ပံခတ်ကာ ပြန်ပျံလာပြီး ဗိုက်ဆာကြောင်း လုပေါင်ကို တကျိကျိနှင့် လာဆိတ်လေသည်။

“သွားကြစို့ ညစာစားရအောင်။”

လုပေါင် လည်း ဗိုက်တော်တော်ဆာနေပြီဖြစ်၏။မနေ့ညက သရဲသင်္ဘောနှင့် တိုက်မိပြီး ဒဏ်ရာရခဲ့သဖြင့် သွေးလေအားနည်းသွားခြင်း ဖြစ်နိုင်သည်ဟု သူ သံသယရှိမိသည်။ကျောကလည်း အခုထိ နည်းနည်း နာနေသေးသည်။

လုပေါင် သည် ကျွန်းပေါ်တွင် အသက်ရှင်နေထိုင်ခြင်း နှင့် ပတ်သက်၍ ဗဟုသုတ သိပ်မရှိသော်လည်း ပစ္စည်းပစ္စယ စုံလင်နေလျှင်တော့ တစ်မျိုးဖြစ်သည်။သူသည် အိုးကြီးတစ်လုံး ချလိုက်ပြီး ရေသန့်ဗူးများ လောင်းထည့်ကာ ဟော့ပေါ့အနှစ်များလည်း ရက်ရက်ရောရော ထည့်လိုက်သည်။ ကမ်းခြေက ပင်လယ်စာများမှာ လုပေါင်၏ ပစ်မှတ်များ ဖြစ်လာတော့သည်။

“ဝု”

“ငါ့နောက်ကိုမလိုက်နဲ့ သွားပြီး ငါးဖမ်းချေအလုပ်မလုပ်တဲ့ကောင် အစာမစားရဘူး”

လုပေါင် က သူ့နောက်တကောက်ကောက်လိုက်ပြီး အစာတောင်းနေသည့် ဟေးမီ ကို ပုတ်ထုတ်လိုက်သည်။ခွေးကလည်း ဗိုက်ဆာနေသဖြင့် တဂျောင်ဂျောင်နှင့် လုပ်နေသည်မှာ ခေါင်းကို ကိုက်နေပြီဖြစ်သည်။

ဟေးမီက ဒါပေါင် ကို မျက်စာပစ်ပြပြီး ပင်လယ်ထဲသို့ ဝုန်းခနဲ ပြေးဝင်သွားကြသည်။မကြာမီမှာပင် ချီလင်လေး နှင့် အသွင်ပြောင်းကျား တို့ပါ လိုက်သွားကြသည်။လုပေါင် ကတော့ ပုံးတစ်ပုံးကို ကိုင်ကာ ကမ်းခြေက ငှက်တွေနှင့် လုပြီး ပင်လယ်စာ ကောက်နေလိုက်သည်။

မကြာမီမှာပင် ဝှစ်... ဝှစ်ဆိုသည့် အသံများ ကြားလိုက်ရသည်။

ဟေးမီ က သူ၏ ခေါင်းကို ပတ်ထားနိုင်လောက်အောင် ကြီးမားသည့် ရေဘဝဲကြီး တစ်ကောင်ကို ကိုက်ပြီး ခေါင်းမော့ကာ ပြန်လာသည်။ဒါပေါင် ကတော့ မီတာဝက်ကျော်ရှည်သည့် ပင်လယ်ငါးကြီး တစ်ကောင်ကို ကိုက်လာသည်။

“ဝုန်းးးး”

အဝေးက ပင်လယ်ရေမျက်နှာပြင်မှာ ပေါက်ကွဲသွားပြီး တူနာငါးကြီး တစ်ကောင် လေထဲကနေ ဝဲပျံလာကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျလာသည်။ငါး၏ခေါင်းခွံပေါ်တွင် ချီလင်လေး၏ ခွာရာကြီးကို မြင်လိုက်ရသဖြင့် ဘယ်သူ့လက်ချက်လဲဆိုတာ လုပေါင်ချက်ချင်း သိလိုက်သည်။

“ငါကတော့ အစအနလေးတွေ လိုက်ကောက်နေတာ အလကားပဲ။”

လုပေါင် က သူ့ပုံးထဲက ငါးအသေးလေးတွေကို သွန်ပစ်လိုက်ပြီး ပင်လယ်ထဲ ဆင်းကာ အကောင်းစား အသားငါးတွေကို စတင်ရှာဖွေတော့သည်။မျှော့ငါး၊ ခရု၊ ပင်လယ်ကဏန်းကြီး၊ ကျောက်ငါးခဏအတွင်းမှာပင် ကမ်းခြေမှာ ပင်လယ်စာဈေးကဲ့သို့ ဖြစ်သွားတော့သည်။

ဟေးမီ က သစ်တုံးအခြောက်ကြီး တစ်တုံးကို ဆွဲလာပြီး အမြန်ချက်ရန် အချက်ပြသည်။လုပေါင် က အလောင်းကောင်ဓားကို သုံးပြီး သစ်တုံးများကို လှပစွာ ပိုင်းဖြတ်လိုက်သည်။

“လာပါဦး ကလေးလေးရဲ့။မီးလေး နည်းနည်းလောက် မှုတ်ပေးစမ်းပါဦး”

လုပေါင် က ချီလင်လေးကို ချီပြီး သစ်ပုံကို ပြလိုက်သည်။

“အဝူး...”

ချီလင်လေး က ပါးစပ်ဟပြီး မီးတောက်လေး တစ်ခု မှုတ်လိုက်သည်။တစ်ခဏအတွင်းမှာပင် မီးပုံကြီးမှာ ဟုန်းခနဲ တောက်လောင်သွားပြီး သစ်တုံးအများစုမှာ ပြာဖြစ်သွားတော့သည်။

“ထားလိုက်တော့... ငါ့ဘာသာငါပဲ လုပ်တော့မယ်။”

ချီလင်လေးမီးမှုတ်လိုက်သည့် အချိန်မှာပင် ထူထပ်သော တောအုပ်နက်ကြီးထဲ၌ ရွှေရောင် မျက်လုံးအစုံ ပွင့်လာခဲ့သည်။

အိုးကြီးထဲတွင် ပင်လယ်စာတွေ ပွက်ပွက်ဆူနေပြီး ကင်စင်ပေါ်မှာလည်း မျှော့ငါး၊ ကမာကြီး၊ ပုစွန်ထုပ်နှင့် ရေဘဝဲများမှာ ဆီထွက်ကာ တရှဲရှဲ မြည်နေသည်။ငရုတ်သီးမှုန့်နှင့် ဇီယာမှုန့်များ ဖြူးလိုက်သောအခါ မွှေးရနံ့မှာ နေရာအနှံ့ ပျံ့လွင့်သွားတော့သည်။

“ငါက တကယ့် ပါရမီရှင်ပဲ။”

လုပေါင် သည် ဗိုက်ဆာလွန်းသဖြင့် ကမာတစ်လုံးကို ယူပြီး တရှူးရှူးနှင့် စားလိုက်သည်။လတ်ဆတ်မှုနှင့် မွှေးရနံ့မှာ ပါးစပ်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားရသည်။ ခွေးတွေ ကြက်တူရွေးနဲ့ တခြားအကောင်တွေလည်း အားရပါးရ ဝါးမြိုကုန်ကြသည်။

ဒီလို စားကောင်းသောက်ကောင်းတွေ စားနေရင်းမှ လုပေါင် သည် သူ၏ အင်အားများ ပြန်ပြည့်လာသလို ခံစားရသည်။မနေ့ညက အထိနာခဲ့သဖြင့် သူ၏ ဝိဉာဉ်စွမ်းအင်များ တော်တော်လေး လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ချီလင်လေး က ရုတ်တရက် ခေါင်းမော့လိုက်သည်။အခြား အကောင်များလည်း ထပ်တူ လိုက်ကြည့်ကြသည်။အဝေးက တောအုပ်ထဲတွင် ငှက်များ ပျံတက်ကုန်ပြီး သားရဲများ ထွက်ပြေးနေကြသည်။တုန်ခါသံ သဲ့သဲ့နှင့်အတူ ဧရာမ သတ္တဝါကြီးတစ်ကောင် ချဉ်းကပ်လာနေသည်။

၎င်းသည် အလွန်ကျယ်လောင်နေသည်။

“တင်- နောက်ဆုံးသော နဂါးမျိုးစက် ပေါ်ထွက်လာပါပြီ။”

(မှတ်ချက်- ကျောဆူးချပ်ဝတ်နဂါး၊ ရှေးဟောင်း မျိုးစိတ်တစ်ခု)

စက္ကန့် ၃၀ မပြည့်ခင်မှာပင် ဧရာမ ခေါင်းကြီးတစ်ခု တောအုပ်ထဲမှ ထွက်ပေါ်လာသည်။ လုပေါင် တစ်ကိုယ်လုံး အေးစက်သွားသည်။ ချီလင်လေးပင် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး တစ်ဖက်လူ၏ အစွမ်းကို အာရုံခံမိပုံရသည်။

၎င်းသည် တစ်ကိုယ်လုံး နက်မှောင်နေသည့် ဧရာမ နဂါးကြီး တစ်ကောင်ဖြစ်သည်။တစ်ကိုယ်လုံးတွင် လက်ဖဝါးထက်ကြီးသော အနက်ရောင် အကြေးခွံများ စီတန်းနေပြီး ကျောရိုးတစ်လျှောက် ခေါင်းမှ အမြီးအထိ ထက်မြက်သော ဆူးချွန်ကြီးများ ရှိနေသည်။ ၎င်း၏ အေးစက်သော ရွှေရောင်မျက်လုံးများမှာ ချီလင်လေး ကို စိုက်ကြည့်နေသည်။

“ငါတို့တော့ အချက်အပြုတ် အလုပ်ခံရတော့မှာပဲ။”

လုပေါင် သည် စနစ်က သူ့ကို ထောင်ချောက်ဆင်လိုက်ပြီဟု ခံစားလိုက်ရသည်။

‘ဒါကရတနာရှာတဲ့ ခရီးစဉ် မဟုတ်တော့ဘဲ အသက်လုရမယ့် ခရီးစဉ် ဖြစ်နေပြီ။’

Live ကြည့်နေသည့် ပရိသတ်များမှာလည်း ဆွံ့အကုန်ကြပြီ။ဤသည်မှာ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရစ်သော ရှေးဟောင်းနဂါးကြီး မဟုတ်ပါလား။

All Chapters