အခန်း (၇၈၁-၇၈၃)
Vol. 53 Ch. 781-783
အပိုင်း ( ၇၈၁ ) အတောက်ပဆုံးသော အလင်းရောင်
ဆန်နီ ဟာ ခန္တာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပြီး သူ့ကိုယ်သူ မီးလောင်နေပြီလို့ တွေးမိလိုက်တယ်..။ သို့ပေမယ့် နောက်တစ်ခနမှာတော့ သူ အံ့ဩသွားခဲ့ပါပြီ..။အဲတာကတော့ ဒီ အဖြူရောင် အလင်းတန်းတွေက သူ့ကို ဘာမှ အန္တရာယ်မပေးတာကြောင့်ပါပဲ..။ ဒီအလင်းရောင်တွေက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားရုံသာ ရှိပြီး.. သူ့ရဲ့ အရေပြားကို နူးညံ့တဲ့ တောက်ပမှုတစ်ခုနဲ့ လင်းလက်နေစေခဲ့တယ်..။
ဒါပေမဲ့ ဒီအရာက သူ့ကို ကုသပေးနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး..။
အဲ့ဒီအစား...
ဆန်နီ က နစ်ဖီ ကို အံ့သြတကြီး စိုက်ကြည့်လိုက်ပြီး တိုးညှင်းတဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။
“ဘာ... ဘာတွေ ဖြစ်နေတာလဲ..”
သူမရဲ့ မျက်နှာပေါ်က ဝေခွဲမရတဲ့ အမူအရာကို ကြည့်ရုံနဲ့တင် ဒါက သူမ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာမျိုး မဟုတ်ဘူးဆိုတာ သိသာပါတယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က မသိစိတ်အလျောက် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီး.. ဆန်နီရဲ့ ပါးပြင်ပေါ်က သူမရဲ့ အေးမြတဲ့ လက်ဖဝါးကို ခွာလိုက်ကာ သူမရဲ့ လက်ကို ပြန် ငုံ့ကြည့်လိုက်ပါတယ်..။
အဖြူရောင် အလင်းတွေက သူမရဲ့ လက်ဆီကနေ ပျောက်ကွယ်သွားခဲ့တယ်။
“ငါ... ငါလည်း မသိဘူး..”
ဆန်နီ မျက်လုံး ပြူးသွားခဲ့ပြီး တောက်ပနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်တယ်..။သူက ထူးထူးဆန်းဆန်းပဲ ခွန်အားတွေ ပြည့်ဝလာသလိုပါပဲ..ခံစားလိုက်ရပါတယ်။
အမှန်တော့ လက်ရှိအခြေအနေက သူ့ရဲ့ အရိပ်တစ်ခုက ခန္တာကိုယ်မှာ လာပြီး ရစ်ပတ်ထားသလို ခံစားချက်နဲ့ အတော်လေး ဆင်တူပါတယ်..။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က နှစ်ဆလောက် တိုးလာသလို ခံစားနေခဲ့ရတယ်..။ဒါပေါ့.. ဒီနေရာမှာ အနည်းငယ် ကွဲပြားမူတော့ ရှိနေခဲ့တယ်..။ နစ်ဖီ ရဲ့ မီးတောက်တွေက ပေးတဲ့ အားဖြည့်မှုက ပိုမို အားကောင်းပြီး တက်ကြွနေသလိုပါပဲ..။ ဒီတိုးမြှင့်မူက ခွန်အားနဲ့ ခံနိုင်ရည်ကို အဓိကထားပြီး ဖြစ်ပေါ်လာတာပါ..။ ပြီးတော့ ဒါက သူ့ကို နူးညံ့သာယာတဲ့ နွေးထွေးမှုတစ်ခုနဲ့ ပြည့်နှက်နေစေခဲ့တယ်..။
ဒါက သူ့ရဲ့ ခန္ဓာကိုယ်ကိုတင် သက်ရောက်တာ မဟုတ်ပါဘူး..။ သူ့ရဲ့ ဝိဥာဥ်ထဲအထိ ရောက်ရှိသွားပြီး.. ဝိဥာဥ်ကို တောက်လောင် စေကာ ပိုပြီး တိုးမြှင့်ပေးနေခဲ့ပါတယ်..။ သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ အရိပ်အဆီအနှစ်တွေက ပိုမိုအစွမ်းထက်လာကာ သက်ဝင်လှုပ်ရှားလာပြီး.. ကြီးမားတဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်..။
ဆန်နီ မျက်တောင်ခတ်လိုက် တယ်..။
နစ်ဖီ က သူမရဲ့ စွမ်းရည် နဲ့ သူ့ကို အားဖြည့် ပေးလိုက်တာလား..။
“နင်က ဘယ်တုန်းက တခြားလူတွေကို အားဖြည့်ပေးနိုင်သွားတာလဲ ”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကလည်း မျက်နှာမှာ ထုတ်မပြပေမယ့် သူ့လိုပဲ တွေဝေသွားပုံရပါတယ်..။
“ငါ မလုပ်နိုင်ဘူးလေ..။ဒါက... ဒါက ဖြစ်မလာသင့်တဲ့ အရာပဲ..။ ငါ့ရဲ့ အသွင်ပြောင်း စွမ်းရည် က ငါ တက်ရောက်သူ ဖြစ်လာတဲ့ အချိန်ကျမှ
ဝိဥာဥ်အားဖြည့်မှုကို လုပ်ဆောင်နိုင်ခဲ့တာ.။ အဲဒါက ဘယ်တုန်းကမှ တခြားလူတွေဆီကို မပို့လွှတ်နိုင်ခဲ့ဘူး”
ဆန်နီ တစ်ခုခု ပြောဖို့လုပ်လိုက်ပြီးမှ ပြန်ပိတ်လိုက်တယ်..။ နောက်ဆုံးမှာတော့ သူက စိတ်လှုပ်ရှားစွာ နဲ့ ပြောလိုက်ပါတယ်..။
“ဒါဆို ဒါကို ဘယ်လို ရှင်းပြမှာလဲ..။ ငါ့ ခန္တာကိုယ်က တောက်ပနေတာလေ.."
သူ လက်ကို ဝေ့ယမ်းလိုက်တဲ့ အချိန်မှာ. မြေအောက် လေ့ကျင့်ရေးကွင်းထဲက အရိပ်တွေက လှုပ်ခတ်သွားခဲ့တယ်..။
ယင်းနောက် ထူးဆန်းတဲ့ အတွေးတစ်ခုက သူ့ခေါင်းထဲကို ဝင်လာခဲ့ပါတယ်..။
“နေဦး...”
သူ့ရဲ့ သံသယကို အတည်ပြုဖို့အတွက် ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးမှ.. သုန်မုန်နေတဲ့ အရိပ်ကို နစ်ဖီ ရဲ့ ကိုယ်မှာ ရစ်ပတ်ဖို့ အမိန့်ပေးလိုက်ပါတယ်..။
အရိပ်က အမိန့်ရတဲ့အခါတိုင်း လုပ်လေ့ရှိသလို မျိုး ပြန်စိုက်ကြည့်တာတောင် မလုပ်တော့ပါဘူး..။ သူက စိတ်အားထက်သန်စွာနဲ့ ရှေ့ကို တိုးသွားပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပတ်လိုက်ပါတော့တယ်..။
နစ်ဖီ တုန်ရီသွားခဲ့တယ်..။
“ဟင်.."
သူမက သူမရဲ့ လက်မောင်းတွေကို မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်တယ်..။ သူမရဲ့ ဆင်စွယ်ရောင် အရေပြားက မှောင်မိုက်တဲ့ အလွှာတစ်ခုနဲ့ ဖုံးအုပ်ခံလိုက်ရသလိုမျိုး မီးခိုးရောင် ပြောင်းသွားခဲ့ပါတယ်..။ ယင်းနောက် သူမက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။
“ငါ ပိုပြီး သန်မာလာသလို ခံစားရတယ်...”
သူတို့နှစ်ယောက်လုံးက မျှော်လင့်မထားတဲ့ ဒီတွေ့ရှိချက်ရဲ့ အကျိုးဆက်တွေကို စဉ်းစားရင်း ခဏတာ တိတ်ဆိတ်သွားခဲ့ကြပါတယ်..။ ပုံမှန်အားဖြင့်တော့ ဆန်နီ ဟာ သူ့ကို ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အလိုဆန္ဒအောက်မှာ ချည်နှောင်ထားတဲ့ အရိပ်ချည်နှောင်ခြင်း ကို စဉ်းစားမိတိုင်း စိတ်မသက်မသာ ဖြစ်နေခဲ့တာပါ..။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့.. သူ့ရဲ့ စူးစမ်းလိုစိတ် နဲ့ စွမ်းအားအပေါ် မက်မောမှုက သူ့ရဲ့ မကျေနပ်ချက်တွေကို ခနလောက် လွှမ်းမိုးသွားခဲ့တယ်..။
တကယ်လို့ အရိပ်သစ္စာခံခြင်း က နစ်ဖီ နဲ့ သူ့ကို ဒီအတိုင်းအတာအထိ အပြန်အလှန် အားဖြည့်ပေးနိုင်တယ်ဆိုရင်... သူတို့ နောက်ထပ် ဘာတွေများ လုပ်နိုင်ဦးမှာလဲ..။
နစ်ဖီ လည်း ဒီလိုပဲ တွေးနေတဲ့ ပုံပါပဲ..။ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတဲ့ အချိန်မှာတော့.. စကားတစ်ခွန်းမှ ပြောစရာမလိုပဲ တစ်ဖက်လူရဲ့ အတွေးကို နားလည်လိုက်ပါတယ်..။
ဆန်နီ ခဏလောက် တွန့်ဆုတ်နေပြီးမှ ပြောလိုက်တယ်..။
“နင့်ရဲ့ စွမ်းရည်ကို သုံးရင် နာကျင်ရမှာပေါ့..။ အခုပဲ ရပ်လိုက်ကြရအောင်..”
သူမက ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပါတယ်..။
“ဟင့်အင်း...ရပ်လို့ မဖြစ်သေးဘူး...”
ဆန်နီ က ခေါင်းညိတ်ပြလိုက်ပြီး သုန်မုန်နေတဲ့ အရိပ်ကို သူ့ဆီ ပြန်လာကာ ခန္ဓာကိုယ်မှာ ရစ်ပတ်ဖို့ အမိန့်ပေးလိုက်တယ်..။ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ အရိပ်သုံးခုကိုလည်း အဲ့ဒီအတိုင်း လုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် အာရုံစူးစိုက်လိုက်တဲ့ အချိန်မှာ. ဆန်နီရဲ့ အရေပြားပေါ်မှာ ရှိနေတဲ့ အဖြူရောင် တောက်ပမှုတွေက အဆပေါင်းများစွာ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်..။
ဆန်နီ အသက်ရှူမှားတော့မလိုတောင် ခံစားလိုက်ရတယ်..။
အရိပ်လေးခုက သူ့ကို ငါးဆလောက် ပိုပြီး သန်မာစေတယ် ဆိုတာကိုတော့ သူ သိထားပြီးသားပါ..။
တိုင်းရန့် အဆင့်မှာရှိနေတဲ့ နစ်ဖီ ဆင့်ခေါ်လိုက်တဲ့ မီးတောက်တွေကတော့ အရိပ်ငါးခုနဲ့ အလားသဏ္ဌာန် တူညီပါတယ်..။ သီအိုရီအရဆိုရင်တော့.. သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က ဆယ်ဆလောက် တိုးတက်လာပါလိမ့်မယ်..။
ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ အားဖြည့်မှုလဲ..။မာစတာ တစ်ယောက်အနေနဲ့ သူ့ရဲ့ အစွမ်း ၊ သူ့ရဲ့ အမြုတေ လေးခု.. ပြီးတော့ ဝီဗာသွေး ဆီကနေ သူ ရရှိထားတဲ့ အရေးပါတဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင်.. ဆန်နီ ဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလာတော့မှာပါ..။
ဒါပေမဲ့ လက်တွေ့မှာတော့...
ရလဒ်က ဒီထက် ပိုပြီး ကြီးမားနေခဲ့တယ်..။
အရိပ်တွေနဲ့ တောက်ပတဲ့ အလင်းရောင်တွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ် တုံ့ပြန်နေကြသလိုပဲ..။ ဒါက အမြုတေတွေကို ပေါင်းလိုက်တာထက် ပိုကြီးမားတဲ့ စွမ်းအားတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်..။ ဆန်နီ ဟာ အမှောင်ထုတွေ လွှမ်းခြုံထားတဲ့ အရိပ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ သို့ပေမယ့် ဒီအမှောင်ထုထဲမှာ မျက်စိကျိန်းလောက်တဲ့ အဖြူရောင် အလင်းတန်းတွေက စိမ့်ဝင်နေခဲ့ပါတယ်..။ အလင်းရောင်က အမှောင်ထုကို ပိုပြီး နက်ရှိုင်းစေသလို.. အမှောင်ထုကလည်း အလင်းရောင်ကို ပိုပြီး သိသာထင်ရှားကာ တောက်ပစေခဲ့တယ်..။
သူဟာ ကြယ်တာရာတွေ လင်းလက်နေတဲ့ ဟင်းလင်းပြင်ထဲက အမှောင်ထုဝိဥာဥ် တစ်ခုလို ဖြစ်နေခဲ့ပါတယ်..။
သူ ..အင်မတန်မှကို အစွမ်းထက်နေသလို ခံစားနေခဲ့ရတယ်..။
သူ့အနေအထားက သူတော်စင် တစ်ယောက်ကို တိုက်ပွဲမှာ ရင်ဆိုင်နိုင်လောက်တဲ့အထိ အစွမ်းထက်နေတာပါ..။
သူက လက်ထဲမှာ ကိုင်ထားတဲ့ လေ့ကျင့်ရေးဓားကို ကြည့်လိုက်ပြီး.. သူ့ရဲ့ ဆုပ်ကိုင်မှုတစ်ခုတည်းနဲ့တင် အလွယ်တကူ ကြေမွသွားအောင် လုပ်လိုက်တယ်..။ သူက အားအများကြီးတောင် စိုက်ထုတ်စရာတောင် မလိုခဲ့ပါဘူး..။
အတော်လေး အံ့ဩသွားတဲ့ ဆန်နီဟာ တီးတိုး ရေရွတ်လိုက်တယ်..။
“ကြောက်စရာပဲ...”
ခဏအကြာမှာတော့ နစ်ဖီ သက်ပြင်းချလိုက်ပြီး သူမရဲ့ မီးတောက်တွေကို ပြန်သိမ်းလိုက်ပါတယ်..။ ဆန်နီ လည်း သူ့ရဲ့ အရိပ်တွေကို ကြမ်းပြင်ပေါ်ဆီ ပြန်လွှတ်လိုက်တယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို ကြည့်ပြီး တွန့်ဆုတ်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။
“ဘယ်လို ခံစားရလဲ”
ဆန်နီ ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။
နောက်ဆုံးမှာတော့ သူက ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်ပါတယ်..။
“အိပ်မက်တစ်ခုလိုပဲ...”
သူတို့က တစ်ညလုံး လေ့ကျင့်ရေးကွင်းထဲမှာပဲ ရှိနေခဲ့ကြတယ်။.. သူတို့ရဲ့ သဘာဝလွန် ချည်နှောင်မှုကနေ ထွက်ပေါ်လာတဲ့ ဒီထူးဆန်းပြီး ကြောက်မက်ဖွယ် စွမ်းအားတွေကို စမ်းသပ်နေခဲ့ကြပါတယ်..။ ဒီစွမ်းအားသစ်ရဲ့ အကန့်အသတ်ထိအောင် စမ်းသပ်ဖို့က အရမ်း အန္တရာယ်များလွန်းပေမဲ့လည်း.. သူတို့ ရှာဖွေစူးစမ်းရမယ့် အရာတွေက အများကြီး ရှိနေပါသေးတယ်..။
ဆန်နီ မဖြစ်ချင်ဆုံး အရာကတော့ သူ့အိမ်ရဲ့ မြေအောက်အုတ်မြစ်ကို လုံးဝ ဖျက်ဆီးမိသွားတာမျိုးပါပဲ..။ အဆောက်အဦးတစ်ခုလုံး ရုတ်တရက် ပြိုကျသွားရင်တော့ ဒါက ပျော်စရာကောင်းမှာ မဟုတ်တော့ပေ...။
ဒါပေမဲ့ သူတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတွေက အတော်လေးကို များပါတယ်။
ပထမဆုံးအနေနဲ့.. ဆန်နီ နဲ့ နစ်ဖီ နှစ်ယောက်လုံးက အဖြူရောင် မီးတောက်တွေနဲ့ အရိပ်တွေရဲ့ အားဖြည့်မှုကို ခံယူနိုင်ကြပါတယ်..။ ဒီစွမ်းအား အားလုံးကို လူတစ်ယောက်တည်းအပေါ်မှာ စုစည်းထားနိုင်သလို.. သူတို့ စိတ်ကြိုက် အချိုးအစားအတိုင်း နှစ်ယောက်ကြား ခွဲဝေယူနိုင်ပါတယ်..။ အရိပ်တွေထဲကို အလင်းရောင် အနည်းငယ် ဒါမှမဟုတ် တောက်ပတဲ့ အလင်းထဲကို အရိပ်တစ်ခုလောက် ပေါင်းစပ်လိုက်တာကတင် နောက်ဆုံးရလဒ်ကို ပိုပြီး အစွမ်းထက်သွားစေမှာပါ။
ဒုတိယအနေနဲ့.. သူတို့ရဲ့ မှတ်သားမူ တွေကိုလည်း ဒီနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်..။ ဥပမာအနေနဲ့ ရက်စက်သော မြင်ကွင်း ထဲကို သူတို့ရဲ့ စွမ်းအားအားလုံးကို ထည့်သွင်းလိုက်ရင်.. သေစေနိုင်စွမ်းက ဆယ့်ငါးဆလောက်အထိ မြင့်တက်သွားပါတယ်..။ ဒီလို အားဖြည့်မှု ပမာဏက လက်နက်ရဲ့ အဆင့် အကန့်အသတ်ထက် အများကြီး ကျော်လွန်သွားတာကြောင့်.. လှံရှည်ကို အထွတ်အထိပ်အဆင့် လက်နက်တစ်ခုလို အစွမ်းထက်သွားစေခဲ့တယ်..။ ချပ်ဝတ်တန်ဆာမှာ အသုံးပြုရင်လည်း အားဖြည့်မှုက အဲ့ဒီအတိုင်းပါပဲ..။
ဒါပေမဲ့ ဒီလို လုပ်တာက နည်းနည်းတော့ ဖြုန်းတီးရာ ရောက်နိုင်ပါတယ်..။ မှတ်သားမူ တွေမှာ ဝိဥာဥ် မရှိတာကြောင့်.. လူတစ်ယောက်ရဲ့ ဝိဥာဥ်ကို ပိုမို တက်ကြွပြီး ခံနိုင်ရည်ရှိအောင် လုပ်ပေးတဲ့ နစ်ဖီ ရဲ့ မီးတောက် အစိတ်အပိုင်းတွေက လက်နက်တွေအပေါ်မှာ အလဟဿ ဖြစ်သွားလို့ပါပဲ..။
...သို့ပေမယ့် ဒီစွမ်းရည်က အရိပ်တွေ နဲ့ ထပ်တူညီမူတွေ အပေါ်မှာတော့ သက်ရောက်မှု ရှိပါတယ်..။
ဆန်နီ နဲ့ နစ်ဖီ တို့ဟာ သူတို့ရဲ့ ပေါင်းစပ်ထားတဲ့ စွမ်းရည်တွေရဲ့ အပြည့်အဝ အားဖြည့်မှုကို သူတော်စင် အပေါ်မှာ အရင် စမ်းသပ်ခဲ့ကြတယ်။ယင်းနောက်မှာတော့ နစ်ဖီ ပိုင်ဆိုင်ထားတဲ့ လက်ခြောက်ဖက်ပါ တက်ရောက်သူ အဆင့် မိစ္ဆာ ရဲ့ ထပ်တူညီမူ အပေါ်မှာ စမ်းသပ်ခဲ့ကြပါတယ်..။
ရလဒ်ကတော့ ဆန်နီ ကိုယ်တိုင် ခံစားခဲ့ရသလိုမျိုးပဲ ကြောက်မက်ဖွယ် ကောင်းလှပါတယ်..။
အရုဏ်တက်ချိန်ရောင်လာပြီး ကမ္ဘာကြီးကို ဖျော့တော့တဲ့ ခရမ်းရောင်နဲ့ ခရမ်းနုရောင်တွေ ခြယ်သလိုက်တဲ့ အချိန်မှာတော့.. သူတို့နှစ်ယောက်ဟာ မြေအောက် လေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်နေကြဆဲပါပဲ.။ ဘယ်သူမှ စကားမပြောကြပေမဲ့ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ အတွေးတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
သူတို့ရဲ့ တွေ့ရှိချက်က ဘာကို ဆိုလိုတာလဲဆိုတာကို နှစ်ယောက်လုံး နားလည်ထားကြပါတယ်..။ သူတို့ တစ်ယောက်စီတိုင်းက နတ်ဘုရားအဆင့်စွမ်းရည် တစ်ခုစီကို ပိုင်ဆိုင်ထားကြတာပါ..။ တခြား တက်ရောက်သူ တွေနဲ့ နှိုင်းယှဉ်ရင် သူတို့တစ်ယောက်ချင်းစီ ကတင် အတော်လေး အစွမ်းထက်နေကြပါပြီ။
ဒါပေမဲ့ နတ်ဘုရားအဆင့်စွမ်းရည် ပိုင်ရှင် နှစ်ယောက်က သူတို့ရဲ့ စွမ်းအားတွေကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့...
သူတို့ ဘာတွေ လုပ်နိုင်မလဲဆိုတာကို စိတ်ကူးကြည့်ရုံနဲ့တင် တကယ်ကို ကြောက်စရာ ကောင်းနေခဲ့ပါပြီ..။
အတန်ကြာမှ ဆန်နီ က သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာကို ကြည့်ပြီး တွန့်ဆုတ်သွားခဲ့တယ်..။
“သွားပြီ..မနက်တောင် ရောက်နေပြီပဲ..။ငါ့ရဲ့ သင်ခန်းစာ ပို့ချချက်အတွက် နောက်ကျတော့မယ်”
သူက နစ်ဖီ ကို ကြည့်လိုက်တဲ့အချိန်မှာတော့.. သူမ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေလဲ ဆိုတာကို ရုတ်တရက် သတိပြုမိသွားခဲ့ပါတယ်..။ သူမရဲ့ စွမ်းရည်တွေကို ဒီလောက်အထိ အများကြီး အသုံးပြုလိုက်တာက လွယ်ကူမှာ မဟုတ်ပါဘူး...။
သူမက ခေါင်းညိတ်ရုံသာ ညိတ်ပြပါတယ်..။
“နင် သွားချင်ရင် သွားလို့ရတယ်..။ ငါ... ငါ ခနလောက် အနားယူလိုက်ဦးမယ်..”
ဆန်နီ ခနလောက် တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်ပြီး.. အရိပ်ခြေလှမ်း ကို အသုံးပြုကာ အိမ်ရဲ့ ဒုတိယထပ်မှာ ရှိတဲ့ သူ့ရဲ့ အဝတ်လဲခန်းဆီကို ခုန်ကူးသွားလိုက်ပါတယ်..။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. အရင်တုန်းက ကိုင် ရွေးပေးထားတဲ့ အရပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ဆန်နီ ဟာ တံခါးပေါက်ကနေ အပြေးအလွှား ထွက်သွားခဲ့ပါပြီ..။
အိမ်ထဲမှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် တစ်ယောက်တည်းသာ ကျန်နေခဲ့ပါတယ်။
အပိုင်း ( ၇၈၁ ) ပြီး၏။
အပိုင်း ( ၇၈၂ ) အဖိုး ဆရာ..
ကျောင်းမှ အပြန်လမ်းမှာတော့ ရိန်း တစ်ယောက် သူမရဲ့ အတန်းဖော်တွေဆီက ကြားခဲ့ရတဲ့ သတင်းကလွဲပြီး တခြားဘာကိုမှ မတွေးနိုင်အောင် ဖြစ်နေခဲ့တယ်..။ အစတုန်းကတော့ ဒါဟာ ကောလာဟလတစ်ခုလို့ပဲ သူမ သဘောထားခဲ့ပေမဲ့.. စူးစမ်းချင်စိတ် ပြင်းပြတာကြောင့် အစိုးရရဲ့ ခိုင်မာတဲ့ ဝက်ဘ်ဆိုဒ်တွေမှာ သွားရောက် စစ်ဆေးကြည့်ခဲ့ပါတယ်..။ တစ်မိနစ်လောက် ရှာဖွေပြီးတဲ့နောက်မှာတော့ ဒီကောလာဟလတွေက မှန်ကန်ကြောင်း သူမ သိလိုက်ရတယ်..။
အင်မော်တယ် မီးတောက် ကလန် ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်.. မေ့ပျောက်ကုန်းမြေ ရဲ့ ပျောက်ဆုံးနေတဲ့ သူရဲကောင်းက တက်ရောက်မူ အဆင့်ကို ရောက်ရှိပြီး လက်ရှိကမ္ဘာကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ..။ သူမက အသက်ရှင်နေပါသေးတယ်..။
‘မဖြစ်နိုင်တာ...’
အခုအချိန်မှာတော့ ဒီသတင်းဟာ ကွန်ရက်စာမျက်နှာတွေပေါ်မှာ တောမီးပမာ ပျံ့နှံ့နေခဲ့တယ်..။ ရထားပေါ်မှာ သူမနဲ့အတူ လိုက်ပါလာတဲ့ ခရီးသည်တွေအားလုံးကလည်း ဒီအကြောင်းကိုပဲ ပြောဆိုနေကြတာကို ရိန်း သတိထားမိတယ်..။ လူတိုင်းက အံ့ဩတုန်လှုပ်နေကြသလို စိတ်လည်း လှုပ်ရှားနေခဲ့ကြပါတယ်..။
သို့ပေမယ့် သူမကတော့ တခြားလူတွေကို အာရုံမစိုက်နိုင်ခဲ့ပေ..။ သူမရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိနေခဲ့တယ်..။
ဒါကို ဆန်နီ့ ကို ပြောပြရမယ်..
သူမရဲ့ သူငယ်ချင်းလည်းဖြစ် ဆရာလည်းဖြစ်တဲ့ သူဟာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အဖွဲ့ဝင်တစ်ယောက် ပါ..။ ဒီထက် ပိုတာကတော့.. အယ်ဖီ ဆီက ရခဲ့တဲ့ အရိပ်အမြွက်တွေ ၊ ဆန်နီ နဲ့ စကားပြောခဲ့ဖူးတာတွေအရ.. ရိန်း အနေနဲ့ သူတို့နှစ်ယောက်ကြားမှာ သာမန်ရဲဘော်ရဲဘက် ဆက်ဆံရေးထက် ပိုတဲ့အရာတစ်ခုခု ရှိနေတယ်ဆိုတာကို သိထားခဲ့ပါတယ်..။
သူကိုယ်တိုင်လည်း အဲ့ဒီလိုမျိုး ဝန်ခံခဲ့ဖူးတာပဲ မဟုတ်ဘူးလား..။
‘ဆန်နီ တော်တော်လေး ပျော်သွားမှာပဲ..'
နောက်ထပ် သင်ခန်းစာ အတွက်က ရက်အနည်းငယ် လိုသေးပေမဲ့လည်း.. ရိန်း ဟာ ဒီသတင်းကို ဆန်နီ ဆီကို ကိုယ်တိုင်ကိုယ်ကျ ချက်ချင်း သွားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ သူမ ထပ်ပြီး မစောင့်နိုင်တော့ပါဘူး..။ ဒါပေါ့.. သူမ အရမ်း စိတ်လှုပ်ရှားနေတာကြောင့် သတင်းကသာ တကယ်မှန်ရင် ဆန်နီ က ဒါကို အရင်ဆုံး သိရှိထားမယ့်လူတွေထဲက တစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုတာကိုတော့ ထည့်မတွေးမိခဲ့ပေ။
ရိန်း ဟာ ရင်ခုန်စွာနဲ့ ရထားဘူတာကနေ သူမဆရာရဲ့ အိမ်ဆီကို အပြေးအလွှား သွားလိုက်တယ်..။ပြီးတာနဲ့ တံခါးကို ဖွင့်ပြီး အထဲကို ဝင်သွားခဲ့ပါတယ်..။ သူမရဲ့ ကျောပိုးအိတ်ကို အကျင့်အတိုင်း ထောင့်တစ်နေရာကို ပစ်တင်လိုက်ရင်း ဖိနပ်ချွတ်ကာ အော်ပြောလိုက်တယ်..။
“ဆန်နီ.. ဆန်နီ..အိမ်မှာ ရှိလား .။ နင် ယုံမှာတောင် မဟုတ်ဘူး...”
ယင်းနောက်မှာတော့.. ဒီဆယ်ကျော်သက် မိန်းကလေးဟာ ပါးစပ်အဟောင်းသားနဲ့ အံ့ဩသွားခဲ့ပါတယ်..။
သူမ မှင်သက်စွာ ကြည့်နေစဉ်မှာပဲ.. ဧည့်ခန်းထဲက အိပ်ခန်းတံခါးမှာ ချိတ်ထားတဲ့ လိုက်ကာက ပွင့်သွားခဲ့ပြီး.. အရပ်ရှည်ရှည်နဲ့ အင်မတန် လှပတဲ့ အမျိုးသမီးငယ်တစ်ယောက် က ဧည့်ခန်းထဲကို လမ်းလျှောက်ဝင်လာခဲ့တယ်..။ ရုတ်တရက်ဆိုသလိုပဲ ပြတင်းပေါက်ကနေ ဝင်လာတဲ့ နေရောင်ခြည်တွေတောင် ပိုပြီး တောက်ပသွားသလို ထင်မှတ်လိုက်ရပါတယ်။
ဒီအမျိုးသမီးငယ်ဟာ သွယ်လျပြီး ထည်ဝါလှပနေခဲ့တယ်..။ အပြစ်ပြောစရာမရှိတဲ့ ဆင်စွယ်ရောင် အသားအရေ နဲ့ စူးရှတဲ့ မီးခိုးရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။ သူမရဲ့ မျက်နှာက တည်ငြိမ်အေးစက်နေပေမဲ့ ဆွဲဆောင်မှုရှိနေခဲ့တယ်..။ ရိန်း ကို ပိုပြီး အံ့ဩသွားစေတာကတော့.. ဒီလို လှပတဲ့ မိန်းကလေးရဲ့ အရေပြားပေါ်မှာ ရေစက်ကလေးတွေ စိုစွတ်နေပြီး.. ခုလေးတင် ရေချိုးခန်းထဲက ထွက်လာတဲ့ပုံစံ ပေါက်နေတာပါပဲ..။ သူမက ဆန်နီ့ ရဲ့ အနက်ရောင် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ထားတာကြောင့်.. သူမရဲ့ ရှည်လျားတဲ့ ခြေတံတွေက ပေါ်လွင်နေခဲ့တယ်..။
ပြီးတော့ သူမရဲ့ စိုစွတ်နေတဲ့ ဆံပင်တွေ...ဆံပင်တွေက.. ထူးဆန်းစွာပဲ ငွေရောင် ဖြစ်နေခဲ့ပါတယ်..။
ငွေရောင်ဆံပင်နဲ့ အမျိုးသမီးငယ်ဟာ မီးဖိုချောင်ဘက်ကို လမ်းလျှောက်သွားရင်း ရပ်လိုက်ကာ ရိန်း ကို ကြည့်လိုက်တယ်..။ သူမရဲ့ မျက်နှာပေါ်မှာ ဝေခွဲမရတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။ သူမ ခဏလောက် တွန့်ဆုတ်နေပြီးမှ ပြောလိုက်ပါတယ်..။
“..ဟဲလို ”
ရိန်း က တုန်ရင်နေတဲ့ လက်ကို မြှောက်လိုက်ပြီး မိန်းကလေးရဲ့ ဦးခေါင်းဆီကို လက်ညှိုးထိုးလိုက်တယ်..။ သူမရဲ့ သွားတွေကလည်း တုန်ရီနေခဲ့ပြီး အတင်းအကျပ် ပြောလိုက်ရပါတယ်..။
“နင်က... နင်က... နင်က...”
လှပတဲ့ သူစိမ်းမလေးက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ဘာမှ ပြန်မပြောပဲ ငြိမ်နေခဲ့တယ်..။ ရိန်း နောက်ဆုံးမှာတော့ စကားကို ဆုံးအောင် ပြောနိုင်ခဲ့ပါတယ်..။
“နင်က ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပဲ.."
အင်မော်တယ် မီးတောက် မျိုးနွယ်စုရဲ့ နောက်ဆုံး သမီးတော်ဟာ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
“ဟုတ်တယ်.. ငါပဲ..။ နင်က ဘယ်သူလဲ.."
ရိန်း တံတွေး တစ်ချက် မျိုချလိုက်မိတယ်..။ သူမဟာ လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး သူရဲကောင်းတွေထဲက တစ်ယောက်ရဲ့ ရှေ့မှာ ရောက်နေတာကို ဖြည်းဖြည်းချင်း သတိပြုမိလိုက်ပါတယ်..။ တစ်ကမ္ဘာလုံးမှာ သူမရဲ့ နာမည်ကို မသိတဲ့လူ မရှိသလောက် နာမည်ကြီးတဲ့လူ...
ပြီးတော့ ဆန်နီ့ ရဲ့... ဆန်နီ့ ရဲ့...
ဆန်နီ သင်ပေးထားတဲ့ သင်ခန်းစာတွေကို ပြန်သတိရသွားခဲ့တာကြောင့်.. ဆယ်ကျော်သက် မိန်းကလေးဟာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်ပြီး အားနည်းတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
“ငါ... ငါက ရိန်း ပါ..။ ဆန်နီ က ငါ့ရဲ့ ဆရာပါ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခဏလောက် တိတ်ဆိတ်သွားပြီး မျှော်လင့်မထားတဲ့ ဧည့်သည်ကို အကဲခတ်နေခဲ့တယ်..။ ယင်းနောက် သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“တကယ်လား..။အင်း... ငါကတော့ နင့်ဆရာရဲ့ ဆရာ ဖြစ်ခဲ့ဖူးတယ်လေ..။ ဒါဆိုရင် ငါက နင့်ရဲ့ အဖိုးဆရာ ပေါ့..”
ရိန်း မျက်လုံး ပြူးသွားခဲ့တယ်..။
“ဟင်...”
အင်မော်တယ် မီးတောက် ကလန်ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က... သူမရဲ့ ဘာဖြစ်တယ်....
ဒီအယူအဆကို သူမရဲ့ ဦးနှောက်က လက်မခံနိုင် ဖြစ်နေခဲ့ပါတယ်..။
အဖိုးဆရာလို့ အမည်ခံယူထားတဲ့ သူမကတော့ မီးဖိုချောင် စားပွဲဆီကို လမ်းလျှောက်သွားပြီး ရေတစ်ခွက် ငှဲ့လိုက်တယ်..။ ရေသောက်ပြီးနောက် ရိန်း ကို ကြည့်လိုက်ပါတယ်..။ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်တယ်..။
“ငါ ဒီမှာ ရက်နည်းနည်းလောက် နေရဦးမှာ..။ ငါ့ကို နစ်ဖီ လို့ ခေါ်လို့ရတယ်..”
ရိန်း က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပေမဲ့ သူမကို ဘာပြောရမလဲ မသိတော့ပါဘူး..။
သူမ အိပ်မက်မက်နေတာလား..။နာမည်ကျော် အင်မော်တယ် မီးတောက် အမျိုးသမီးက သူမရှေ့မှာ ရှိနေတယ်... ဆန်နီ့ ရဲ့ အင်္ကျီကို ဝတ်ထားတယ်... ပြီးတော့ သူမကို နာမည်အရင်းနဲ့ ခေါ်ဖို့ ပြောနေတယ်...။သူမရဲ့ အိမ်နာမည်နဲ့တောင် ခေါ်ခိုင်းနေတာလား...။
တကယ်လို့ အဲ့ဒီလူယုတ်မာ ဆန်နီ သာ ရိန်း ကို လွန်ခဲ့တဲ့ အချိန်တွေတုန်းက ကျရှုံးမူ သံစဥ် ၊ ဝံပုလွေ စောင့်ရှောက်သူ နဲ့ နိုက်တင်ဂေး တို့နဲ့ မိတ်ဆက်မပေးထားခဲ့ရင်.. အခုအချိန်မှာ သူမ မေ့လဲသွားလောက်ပါပြီ..။ အခုတော့ ရိန်း ဟာ လဲကျမသွားအောင် အနိုင်နိုင် ရပ်နေခဲ့ရတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်... နစ်ဖီ... က သူမကို သေချာ ကြည့်နေပြီးမှ ရုတ်တရက် ထူးဆန်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်..။
“ရိန်း... နင်တို့အိမ်မှာ ပြတင်းပေါက်ကြီးကြီးနဲ့ မြက်ခင်းပြင် ရှိလား.."
ရိန်း က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်တယ်..။
“ရှိပါတယ်.. ဘာလို့လဲ.."
နစ်ဖီ ခဏလောက် တိတ်ဆိတ်သွားပြီးမှ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
“ဒီတိုင်း သိချင်လို့ပါ..”
ယင်းနောက် သူမက ဧည့်ခန်းဘက်ကို ကြည့်ရင်း ရေကို တစ်ငုံ သောက်လိုက်ပါတယ်..။
“အော်.. ဒါနဲ့.. ဒီအိမ်က ဖျော်ဖြေရေး စနစ်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ နင် သိလား"
ရိန်း က ထပ်ပြီး ခေါင်းညိတ်ပြလိုက်တယ်..။
“အာ... ဟုတ်ကဲ့.. သိပါတယ်..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ကျေနပ်စွာ ပြုံးလိုက်တယ်..။
“ကောင်းပြီ.. ငါ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ရှိတယ်လို့ ကြားတယ်..။ အဲ့ဒါကို ပရိုဂျက်တာ ပေါ်မှာ ဖွင့်ပေးလို့ ရမလား”
ရိန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပရိုဂျက်တာ ဆီကို လမ်းလျှောက်သွားလိုက်တယ်..။ သူမရဲ့ ဖုန်းနဲ့ ချိတ်ဆက်လိုက်ပြီး ကွန်ရက်ပေါ်မှာ 'အလင်းနဲ့ အမှောင်ရဲ့ သံစဥ်' ကို ရှာဖွေလိုက်ပါတယ်..။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. သူမက မာစတာ ပြောင်းလဲနေတဲ့ ကြယ်ပွင့်...၊ အင်မော်တယ် မီးတောက် ကလန် ရဲ့ ဒဏ္ဍာရီလာ အမွေခံသူ နဲ့အတူ ဆိုဖာပေါ်မှာ ဘေးချင်းယှဉ် ထိုင်နေမိခဲ့ပါတယ်..။ လွမ်းမောဖွယ် ဂီတသံတွေက ပတ်ဝန်းကျင်မှာ ထွက်ပေါ်နေခဲ့ပြီး ရုပ်ရှင် စတင်လာခဲ့ပါပြီ..။
‘ငါ... ငါ အိပ်မက်မက်နေတာလား..ဒါက တကယ် မဖြစ်နိုင်ပါဘူး.. ဟုတ်တယ်မလား..'
သူတို့ရှေ့က နံရံပေါ်မှာတော့ ကျယ်ဝန်းပြီး လင်းထိန်နေတဲ့ အခန်းတစ်ခုရဲ့ အတွင်းပိုင်း ပေါ်လာခဲ့တယ်..။ မျက်ကွင်းတွေ ညိုနေပြီး ခန့်ညားတဲ့ အမျိုးသားတစ်ယောက်က မြေပုံတစ်ခုကို လေ့လာနေခဲ့တယ်။.. ငွေရောင်ဆံပင်နဲ့ မိန်းကလေးငယ်လေး တစ်ယောက်ကတော့ သူ့ဘေးနားက ကော်ဇောပေါ်မှာ ကစားနေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ အမျိုးသားက ပြောလာခဲ့ပါတယ်..။
“...ငါတို့ နိုးထသူ တွေဆိုတာက လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက်ပဲ လက်နက်ကိုင်စွဲကြရမယ်.."
ရိန်း ရဲ့ ဘေးမှာ ထိုင်နေတဲ့ နစ်ဖီ ကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမရဲ့ လက် နဲ့ မျက်နှာကို အုပ်လိုက်ပါတော့တယ်..။
အပိုင်း ( ၇၈၂ ) ပြီး၏။
အပိုင်း ( ၇၈၃ ) ထွက်ပေါက်မရှိသော ပရိသတ်
နံရံပေါ်က ပရိုဂျက်တာမှာ ပြသနေတာကတော့ သွယ်လျတဲ့ ခါး ၊ ရှည်လျားတဲ့ မျက်တောင် နဲ့ ပျော့ပျောင်းနွဲ့နှောင်း တဲ့ အလှအပလေး တစ်ဦးပါ။သူမက ကြက်သွေးရောင် သန္တာကျောက်တန်း ဝင်္ကပါထဲမှာ ဖြတ်သန်းသွားလာနေပြီး သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်ကို ပါးလွှာတဲ့ရေမှော်အဝတ်အစားနဲ့သာ ဖုံးအုပ်ထားခဲ့ပါတယ်။ အသက် ၁၃ နှစ်လောက်ရှိတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ သူမရဲ့နောက်ကနေ အပြေးအလွှား လိုက်ပါရင်း အော်ဟစ်နေခဲ့တယ်..။
“...နင် ရူးနေတာလား.."
တကယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ဘေးနားက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရိန်း ကတော့ မြေကြီးထဲကို ငုပ်လျှိုးဝင်သွားချင်စိတ်တောင် ပေါက်နေခဲ့ပါပြီ..။ ရုပ်ရှင်က ဆက်သွားနေတာနဲ့အမျှ သူမရဲ့ ပါးပြင်တွေက တဖြည်းဖြည်းနဲ့ နီရဲလာခဲ့တယ်..။ အင်မော်တယ် မီးတောက် ကလန် ရဲ့ သမီးတော်ကတော့ ဆန့်ကျင်ဘက်အနေနဲ့ခံစားချက် ကင်းမဲ့တဲ့ မျက်နှာနဲ့သာ ရှိနေခဲ့ပါတယ်..။ အခုဆိုရင် သူ မျက်နှာက မလှုပ်မယှက်နှင့် အသိစိတ်ကင်းမဲ့နေသလိုတောင် ထင်မှတ်ရပါတယ်..။
ရိန်း က အနေခက်စွာနဲ့ လည်ချောင်းတစ်ချက် ဟန်ဆောင်ရှင်းလိုက်တယ်..။
“အာ...သေချာကြည့်ကြည့်မှပဲ.. သူတို့ရွေးထားတဲ့ မင်းသမီးက အစ်မ နဲ့ လုံးဝ မတူဘူးပဲ။အစ်မက အများကြီး ပိုလှတာပေါ့.."
နစ်ဖီ က အနည်းငယ် လှုပ်ရှားလိုက်ပြီး သူမကိုယ်သူမ တစ်ချက် ငုံ့ကြည့်လိုက်တယ်..။ ယင်းနောက် တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်..။
“ကျေးဇူးတင်ပါတယ်..”
ခဏအကြာမှာတော့ သူမက ထပ်ပြောလိုက်တယ်..။
“ဆန်နီ့ နေရာမှာ ဘာလို့ ကလေးတစ်ယောက်ကို သရုပ်ဆောင်ခိုင်းထားတာလဲ။ တကယ် ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ပဲ..။အရူးတစ်ယောက်ကပဲ သူ့ကို ကလေးတစ်ယောက်လို့ တွေးမိလိမ့်မယ်.."
ရိန်း က စိုးရိမ်တကြီးနှင့် ဟန်ဆောင် ရယ်မော လိုက်တယ်..။
“ဟုတ်သားပဲ...ဟုတ်တယ်... သေချာတာပေါ့...”
သူမက ရှက်ရွံ့စွာအကြည့်ကိုလွှဲလိုက်ပြီး အားတင်းကာ ထပ်ပြောလိုက်တယ်..။
“ပြီးတော့ အဲ့ဒီ စကားလုံးတွေကလဲ ဘာကြီးလဲ။အဲတာတွေက ဆန်နီ ဘယ်တော့မှ မပြောမယ့် စကားလုံးတွေပဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ရုတ်တရက် အသက်ဝင်လာသလိုမျိုး လှုပ်ရှားလာခဲ့ပါတယ်။
“အိုး..အဲလိုလည်း မဟုတ်ပါဘူး။ အဲ့ဒါတွေက တကယ် ဖြစ်ခဲ့တာပဲ။ အကြိမ်ပေါင်းများစွာတောင် ဖြစ်ခဲ့တာ..”
အဲ့အချိန်မှာတော့ ရုပ်ရှင်က ဆက်လက် ပြသနေခဲ့တယ်။ အိပ်စက်သူ သုံးဦးက မေ့ပျောက်ကုန်းမြေရဲ့ ကြမ်တမ်းတဲ့ ကုန်းမြေတွေကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်ခဲ့ကြပြီး နောက်ဆုံးမှာတော့ အမှောင် မြို့တော် ဆီသို့ ရောက်ရှိသွားခဲ့ကြပါတယ်..။ ခနတာ အသက်ဝင်ခဲ့တဲ့ အခိုက်အတန့်တွေက ပျောက်ကွယ်သွားခဲ့ပြီး.. မြင်ကွင်းတစ်ခုစီ တိုးလာလေလေ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပိုပိုပြီး အေးစက်လာခဲ့ပါတယ်..။ ရိန်း ကတော့ အတော်လေး အနေရခက်နေတာကြောင့် ဘာမှ မပြောတော့ပါဘူး။
ဘယ်လို အရူးမျိုးက ဒီလို ရုပ်ရှင်ကို ဒါရိုက်တာ လုပ်ခဲ့တာလဲ...
အဲ့အချိန်မှာပဲ ပုခုံးကျယ်ကျယ် နဲ့ မြင့်မြတ်တဲ့အသွင်အပြင်ရှိတဲ့ လူငယ်တစ်ယောက်က စခရင်ပေါ်မှာ ပေါ်လာခဲ့တယ်..။သူက အတော်လေးကို ခန့်ညားလှပါတယ်။ ရိန်း က လေဒီ နစ်ဖီ ကို သိချင်စွာ လှမ်းကြည့်လိုက်မိတယ်။.. သူရဲကောင်းဆန်တဲ့ ဟန်လီ ကတ်စတာ နှင့် သူမ ရဲ့ ပတ်သက်မှုအကြောင်း ရိုက်ကူး ပြသထားတာတွေက ဘယ်လောက်အထိ မှန်ကန်လဲဆိုတာကို သူမက အတည်ပြုချင်နေခဲ့တာပါ..။
ပြီးတော့ ဆန်နီ နှင့် သူမရဲ့ လက်ရှိ ဆက်ဆံရေးကရော ဒီအထဲမှာ ဘယ်လို ပါဝင်နေတာလဲ...
ဖြစ်နိုင်တာက... သူတို့ကြားထဲမှာ တကယ်ပဲ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမျိုး ရှိနေခဲ့တာလား..
ကံမကောင်းစွာပဲ သူမက ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ တည်ငြိမ်သော မျက်နှာပေါ်မှ ဘာကိုမှ မတွေ့ခဲ့ရပါဘူး..။ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ အထွတ်အထိပ် အခန်းကို ရောက်ရှိလာခဲ့တယ်..။
နံရံပေါ်မှာတော့ သူရဲကောင်း ကတ်စတာ အဖြစ် သရုပ်ဆောင်နေတဲ့ မင်းသားရဲ့ ယောက်ျားပီသတဲ့ မျက်နှာပေါ်မှာ ရဲရင့်မှုနှင့် စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သူက ဝမ်းနည်းပူဆွေးနေတဲ့ ကျောက်စိမ်းရောင် မိန်းမလှလေးရဲ့ လက်ကို ဆုပ်ကိုင်ထားရင်း သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ ပြောလိုက်တယ်..။
“တကယ်လို့ ကျွန်တော် ကျဆုံးသွားခဲ့ရင် ကျွန်တော့်အတွက် မငိုပါနဲ့ လေဒီ။ ကျွန်တော့် အသက်က အရေးမကြီးပါဘူး... ဒါပေမဲ့ လေဒီရဲ့ အသက်ကတော့ အရေးကြီးပါတယ်..။အင်မော်တယ် မီးတောက် ဟာ ဘယ်တော့မှ ငြိမ်းသတ်လို့ မရဘူး..။ဒီမီးတောက် တောက်လောင်နေသရွေ့ လူသားမျိုးနွယ်မှာ မျှော်လင့်ချက် ရှိနေဦးမှာပဲ..။အမှောင် မြို့တော် က အိပ်မက်မက်သူတွေမှာလည်း မျှော်လင့်ချက် ရှိနေဦးမှာပဲ..။လေဒီ သာ အသက်ရှင်နေမယ်ဆိုရင် ကျွန်တော်ကတော့ အကြိမ်ပေါင်း တစ်ထောင် သေရမယ်ဆိုရင်တောင် အောင်ပွဲခံတဲ့ အပြုံးနဲ့ ရင်ဆိုင်နိုင်ပါတယ်.."
ရိန်း ကတော့ အနေခက်စွာနဲ့ တလှုပ်လှုပ်
ဖြစ်လာခဲ့ပါတယ်..။
‘ငါပဲ စိတ်ထင်နေတာလား.. ဒါမှမဟုတ် ဒီမှာပဲ အပူချိန် မြင့်လာတာလား...'
ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ မျက်နှာကတော့ လုံးဝကို မလှုပ်ရှားခဲ့ပါဘူး။သူမက မျက်နှာသေနဲ့သာ ပရိုဂျက်တာကို ကြည့်နေခဲ့တယ်..။
...သို့ပေမယ့် ပရိုဂျက်တာမှာ ရုတ်တရက် ပိတ်သွားခဲ့ပါတယ်..။
ရိန်း မျက်မှောင်ကြုတ်လိုက်တယ်..။
‘ဟင်..'
နောက်ထပ်တစ်ခနမှာတော့ သူမက မီးခိုးနံ့ တစ်ချို့ ရလိုက်သလို ခံစားလိုက်ရပါတယ်..။သူမလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ ဆန်နီရဲ့ ဈေးကြီးတဲ့ ပရိုဂျက်တာ အတွင်းထဲကနေ မီးခိုးတွေထွက်လာနေတာကို သတိထားမိလိုက်ပါတယ်..။
‘ထူးဆန်းလိုက်တာ...’
ရိန်း က တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက် ပေမယ့်လည်း သူမ စကားမပြောနိုင်ခင်မှာပဲ...
ပရိုဂျက်တာက ရုတ်တရက် ပေါက်ကွဲသွားခဲ့ပါပြီ..။
......
ရုပ်ရှင်က ရုတ်တရက် ပြင်းထန်စွာ ရပ်တန့်သွားခဲ့ပြီးတဲ့ နောက်မှာတော့ ရိန်း ဟာ ပရိုဂျက်တာရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို နစ်ဖီ နဲ့အတူ ကူညီရှင်းလင်းပေးခဲ့တယ်..။ ယင်းနောက် သူမက အကြောင်းပြချက်တစ်ခု ရှာပြီးကျောပိုးအိတ်ကို ဆွဲကာ အလျင်အမြန် ထွက်သွားခဲ့ပါတယ်..။
နောက်ထပ် ဘာတွေ ထပ်ပေါက်ကွဲဦးမလဲ ဆိုတာ ဘယ်သူ သိမှာလဲ...
ဆယ်ကျော်သက် မိန်းကလေး ထွက်သွားပြီးတဲ့နောက်မှာတော့ အိမ်ထဲမှာ နစ်ဖီ တစ်ယောက်တည်းသာ ကျန်နေခဲ့ပြန်ပါတော့တယ်..။ သူမက ခနလောက် ငြိမ်နေပြီးမှ ဧည့်သည်အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အယ်ဖီ ရဲ့ဗီရိုထဲကို လိုက်ရှာကြည့်လိုက်တယ်..။ သူမ မှာအကယ်ဒမီက ထုတ်ပေးတဲ့ အားကစားဝတ်စုံမှလွဲပြီး တခြား အဝတ်အစား မရှိပါဘူး။ အားကစား ဝတ်စုံကလည်း ဆန်နီ နဲ့အတူ မြေအောက်မှာ တစ်ညလုံးလေ့ကျင့်ထားတာကြောင့် ချွေးတွေနဲ့ စိုရွဲနေခဲ့ပါပြီ..။
ဒါပေါ့.. သူမမှာ မှတ်သားမူ တွေတော့ ရှိပါသေးတယ်...။သို့ပေမယ့် သူမက လွန်ခဲ့သော သုံးနှစ်ပတ်လုံးနီးပါး ချပ်ဝတ်တန်ဆာတွေကိုပဲ ဝတ်ဆင်ခဲ့ရတာပါ။ သာမန် အဝတ်အစားတစ်ခုခုကို ဝတ်ဆင်ရခြင်းက ထူးဆန်းစွာပဲစိတ်သက်သာရာ ရစေပါတယ်..။
သူမက ဆန်နီ ရဲ့ ရှပ်အင်္ကျီကို ဝတ်ထားရင်းနဲ့ပဲ အားကစားဘောင်းဘီတို တစ်ထည်ကို ရှာတွေ့ခဲ့ပါတယ်..။ ကံမကောင်းစွာနဲ့ပဲ အယ်ဖီရဲ့ တခြား အဝတ်အစားများတွေက သူမနဲ့ မတော်ခဲ့ပါဘူး..။ မကြာခင်မှာ သူမက ဈေးဝယ်ထွက်ရပါလိမ့်မယ်..။
ဒီလို ကိစ္စတွေကို ပြန်ပြီး စဉ်းစားရတာက အတော်လေး ထူးဆန်းနေခဲ့တယ်..။
နောက်ဆုံးမှာတော့ နစ်ဖီဟာ ဧည့်ခန်းထဲကိုပြန်လည် ရောက်ရှိလာခဲ့ပြီး ဘာမှလုပ်စရာ မရှိတော့ပါဘူး..။ သူမက ခနလောက် တိတ်ဆိတ်စွာ ထိုင်နေရင်း အန္တရာယ်ကင်းတဲ့နေရာ တစ်ခုရဲ့ နေမထိထိုင်မသာ ခံစားမူကို ဖြေဖျောက်ဖို့ ကြိုးစားနေခဲ့ပါတယ်..။ ယင်းနောက် သူမက အနေခက်စွာနဲ့ ဟိုဒီကြည့်လိုက်ပြီး အစိုးရက သူမကို ထုတ်ပေးထားတဲ့ ခေတ်မီ ဆက်သွယ်ရေး ကိရိယာကို ထုတ်လိုက်ပါတယ်..။
သူမ က ဒီကိရိယာကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အထဲကို စမ်းသပ် ဝင်ရောက်ကြည့်လိုက်တယ်..။
ခနအကြာမှာတော့ နစ်ဖီ ဟာ လူကြိုက်များတဲ့ ဗီဒီယိုတွေကို အဓိပ္ပာယ်မရှိစွာ လိုက်ကြည့်နေမိခဲ့ပါတယ်..။ မိနစ်အနည်းငယ် ကြာပြီးနောက် မှာတော့ ဗီဒီယိုတစ်ခုက သူမရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ်..။
အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ မိစ္ဆာပုံရိပ်တစ်ခုဟာ တောအုပ်တစ်ခုရဲ့ ကွင်းပြင်လေးတစ်ခုမှာ ရပ်နေခဲ့ပါတယ်။ဒီလူက အိုဒါချီ ဓားရှည်ကြီးကို ပုခုံးပေါ်မှာ တင်ထားခဲ့တယ်..။ ဒီဓားသမားရဲ့ ငွေရောင်ဆံပင်တွေက လေထဲမှာအနည်းငယ် လှုပ်ခတ်နေခဲ့ပါတယ်..။ သူ့ကိုကြည့်ရတာက တစ်ခုခု...ထူးဆန်းနေခဲ့တယ်။
ရုတ်တရက် သစ်ပင်တွေ နောက်ကနေ ပုံရိပ် ဆယ့်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာဓားသမားကို ဝိုင်းရံလိုက်ကြပါတယ်..။ ချောင်းမြောင်း တိုက်ခိုက်သူများထဲမှ တစ်ယောက်က ပြောလိုက်တယ်..။
“စိတ်မကောင်းပါဘူး မွန်ဂရယ်.. စိတ်မရှိနဲ့နော် ဟုတ်ပြီလား”
နစ်ဖီ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်ပါတယ်..။
“ဆယ့်နှစ်ယောက်နဲ့ တစ်ယောက်လား...”
အဲ့အချိန်မှာတော့ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူဟာ ခနလောက် တိတ်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်တယ်..။
“...ဘာမှ မဖြစ်ပါဘူး”
ဒီတိုက်ပွဲက ဘယ်လို အဆုံးသတ်မလဲဆိုတာကို သိရှိထားပြီးဖြစ်တာကြောင့် နစ်ဖီ ဟာ ဗီဒီယိုကို ကျော်ဖို့ သူမရဲ့ လက်ချောင်းကို ရွှေ့လိုက်ပေမယ့်... ချက်ချင်းပဲ ပြန်ရပ်ထားလိုက်ပါတယ်..။
ဒါကတော့ သူမရဲ့ ဆက်သွယ်ရေး ကိရိယာ စခရင်ပေါ်မှာ လုံးဝ မျှော်လင့်မထားတဲ့ အရာတစ်ခု ဖြစ်ပျက်နေလို့ပါ..
ချက်ချင်း အနိုင်ယူခံရမည့်အစား စစ်သည်တော်ဟာ တိုက်ခိုက်မှု အတော်များများကို ရှောင်တိမ်းလိုက်ပြီး တောက်လောင်နေသော မီးတောက်တွေထဲကို တိုးဝင်သွားခဲ့တယ်..။ သူ့ရဲ့ အနက်ရောင် ချပ်ဝတ်တန်ဆာမှာတော့ မီးတောက်တွေက ငရဲမိစ္ဆာတစ်ကောင်ရဲ့ ကြေးခွံတွေလိုမျိူးအလင်းပြန်နေခဲ့ပါတယ်..။ သူ့ရဲ့ သံလက်အိတ်က ရန်သူတစ်ယောက်ရဲ့ ဦးခေါင်းကို ရိုက်မိသွားပြီး ဦးခေါင်းခွံကို ချက်ချင်း ကြေမွသွားစေခဲ့တယ်..။
နစ်ဖီ ရဲ့ မျက်လုံးတွေထဲမှာ အဖြူရောင် မီးပွားလေးတွေ တဖြည်းဖြည်း လင်းလက်လာခဲ့ပါတယ်..။
“စိတ်ဝင်စားစရာပဲ...”
သူမက အတွေးနက်စွာပဲ ရက်စက်တဲ့ သတ်ဖြတ်ပွဲကို စိတ်လှုပ်ရှားမှု အနည်းငယ်နဲ့ စောင့်ကြည့်နေခဲ့ပါတယ်..။ အင်အားချင်း မမျှတတဲ့ တိုက်ပွဲတွေကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရတာကြောင့် နစ်ဖီ ရဲ့ ရပ်တည်ချက်ကတော့ တစ်ကိုယ်တော် ဓားသမားဘက်မှာ ရှိနေတယ် ဆိုတာ သိသာလှပါတယ်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူမက ဗီဒီယိုထဲကို လုံးဝ စိတ်ဝင်တစား စီးမျောသွားခဲ့ပါပြီ..။
“တကယ်ကို ထူးခြားတာပဲ.."
အပိုင်း ( ၇၈၃ ) ပြီး၏။