အခန်း (၁၁၅-၁၁၆)
Vol. 9 Ch. 115-116
အပိုင်း(၁၁၅)
ရွှမ်း...
ကွေ့ကောက်၍ ထွက်ပေါ်လာသော ကြယ်ရောင်တန်းတစ်ခုက ကျင်းကလန်၏ လှံ နည်းစနစ်များကို ကိုယ်စားပြုနေ၏။
သဲမြွေဟောက် တစ်ယောက်က အီသန် အပေါ်မှ မာဒြာ ဆူးချွန်များကို ပစ်ချရန် ကြိုးစားလိုက်၏။ အစိမ်းရောင် အပ်များ ကျဆင်းလာခဲ့သည်။ သို့သော် သူသည် လူအုပ်ထဲသို့ တိုးဝင်သွားခဲ့သဖြင့် ထို ကျင့်ကြံသူ သည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရသည်။ သို့မဟုတ်ပါက သူ၏ မဟာမိတ်များကိုပါ ထိုးစိုက်မိမည့် အန္တရာယ် ရှိနေသည်။
အီသန်သည် အပြင်အိတ်ကပ်ထဲသို့ လက်ထည့်ထားလျက် လူအုပ်ထဲသို့ ပိုမို ပိုမို တိုးဝင်သွားစဉ် မီးခိုးငွေ့များက သူ၏ နောက်တွင် ကျန်ရစ်နေခဲ့သည်။ သဲမြွေဟောက် တစ်ယောက်က သူ၏ ဦးခေါင်း ရှိမည်ဟု မျှော်လင့်ထားသော နေရာသို့ သံစူးဖြင့် ထိုးလိုက်သော်လည်း၊ အီသန်က ထိုခြေလှမ်းကို အနည်းငယ် အရှိန်တင်လိုက်သဖြင့် အဝါရောင် ဆံပင်များကြားမှ ဖြတ်သန်းသွားခဲ့သည်။
ဓားတစ်လက်က သူ၏ နံရိုးကို ခုတ်ပိုင်းလိုက်သော်လည်း၊ နောက်ခြေလှမ်းက သူ့ကို ညာဘက်သို့ အနည်းငယ် ရွေ့သွားစေခဲ့ရာ ဓားသည် အခြား သဲမြွေဟောက် တစ်ယောက်၏ နံရိုးကိုသာ ထိမှန်သွားခဲ့သည်။
“အား...”
အဆိပ်သင့် အော်ရာများ ပိုမို ကြီးထွားလာပြီး ပေါက်ကွဲသွားရာ သူ၏ ပတ်လည်တွင် အဆိပ်ပြင်းသော အစိမ်းရောင် မြူတိမ်တိုက်တစ်ခု ကျန်ရစ်ခဲ့သည်။ သို့သော် သူသည် ဘေးဘက်သို့ လျှောထွက်သွားပြီးဖြစ်ရာ၊ ထိုမြူတိမ်တိုက်က ကျင်းလုံကို နေရာတွင်ပင် ရပ်တန့်သွားစေခဲ့ပြီး အီသန်၏ ကျောကို လှံဖြင့် ထိုးဖောက်ခြင်းမှ တားဆီးပေးလိုက်သည်။
အီသန်သည် ဆေးတံကို ကျေနပ်စွာ ဖွာရင်း လူအုပ်ကြားထဲမှ ဟန်ချက်ညီညီ လျှောက်သွားနေသော်လည်း၊ သဲမြွေဟောက်များ၏ လှုပ်ရှားမှုတိုင်းသည် သူတို့၏ မဟာမိတ်ကို ပြန်ထိစေသည်။ သို့မဟုတ်ပါကလည်း အခြားသူ၏ ချဉ်းကပ်မှုကို ပိတ်ဆို့သွားစေသည်။ သူသည် သူတို့ထက် ပိုမြန်အောင် မလှုပ်ရှားခဲ့ပေ။ သူသည် မာဒြာ ကွန်ရက်က ပြသနေသော ကွက်လပ်များဆီသို့ ရိုးရှင်းစွာ လျှောဝင်သွားခြင်းသာ ဖြစ်သည်။
သူတို့အမြင်တွင်မူ သူသည် လွင့်မျောနေသော သရဲတစ္ဆေ တစ်ကောင်နှင့် တူနေပေလိမ့်မည်။
အီသန် အတွက်ကတော့ ကလေးတစ်ယောက် ရွှံ့ထဲမှာ ဖခင်ဖြစ်သူ၏ ခြေရာတွေကို လိုက်နင်းနေရသလိုမျိုး ရိုးရှင်းလွန်းလှသည်။ ကောင်းမွန်သော ဆေးတံလေးကို အရသာခံရင်း အရာရာက အရသာ ရှိလှသည်။
အီသန်သည် ရန်သူ ရှစ်ယောက်၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။ အဆင့်မြင့် ရွှေအဆင့် နှစ်ယောက်မှာ အခြားသူများထက် ပို၍ အံ့သြနေပုံရပြီး၊ အခြားသူများ နားမလည်သော အမှန်တရားများကို သူတို့က နားလည်သွားသည့်အလား ဖြစ်နေသည်။
သို့သော် ထိုတုန့်ပန်မှုမှာ အဆင့်နိမ့် ရွှေအဆင့် အများစုက တစ်ယောက်ကိုတစ်ယောက် ထိခိုက်မိသော ဒဏ်ရာများကြောင့် နာကျင်စွာ ညည်းတွားနေကြသောကြောင့်လည်း ဖြစ်နိုင်သည်။
အီသန်က ဆေးတံကို ပါးစပ်မှ ဖယ်ရှားလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“တောင်းပန်ပါတယ် လူကြီးမင်းတို့... မင်းတို့အတွက် ဖြေသာစရာ ဖြစ်မယ်ဆိုရင်တော့၊ ဒီအတွက် ငါ ပြန်ဆပ်ပါ့မယ်...”
ခရယ်က အော်ဟစ်လိုက်ပြီး မာဒြာများကို စုစည်းကာ၊ သူ လက်ရှိ လုပ်ဆောင်နိုင်သမျှထဲတွင် အကောင်းဆုံးဖြစ်နိုင်သည့် နည်းစနစ်တစ်ခုကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ အီသန်သည် စိတ်ဝင်တစားဖြင့် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျင်းလုံက သူ၏ ခေါင်းဆောင်ငယ် လက်ဖြင့် တားလိုက်သည်။
“အစ်ကိုကြီးရဲ့ နာမည်က ဘယ်သူပါလဲ...”
အစ်ကိုကြီး ဆိုသည်မှာ အီသန်၏ အမြင်တွင် အနည်းငယ် လွန်ကဲနေပုံရသည်။ သေချာသည်မှာ သူသည် ကျင်းလုံထက် ပို၍ အသက်ကြီးပုံ မရပေ။ သို့သော် ၎င်းသည် ဤနေရာတွင် လေးစားမှုကို ဖော်ပြသော အသုံးအနှုန်း တစ်ခု ဖြစ်သဖြင့် သူက ပြုံးလိုက်သည်။
“သူတို့က ငါ့ကို အီသန် လို့ ခေါ်ကြတယ်...”
“အီသန်... ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါတို့ အစ်ကိုကြီးကို စော်ကားမိသွားတယ်ဆိုရင် ငါ တာဝန်ယူပါတယ်... နှစ်ဦးနှစ်ဖက် အကျိုးအတွက် အတူတကွ လက်တွဲအလုပ်လုပ်နိုင်မယ့် အချိန်မျိုးမှာ၊ အသေးအဖွဲ ကိစ္စလေးတွေကို အစ်ကိုကြီးနဲ့ သဲမြွေဟောက် ဂိုဏ်း ကြားထဲ ဝင်မလာပါစေနဲ့...”
အီသန်သည် ပတ်တီးများ လှစ်ဟာနေသည့် အကြားမှ ကျင်းလုံ၏ အမည်းရောင် မျက်လုံးများကို စောင့်ကြည့်လိုက်သည်။ သူသည် သူ၏ အသက်အရွယ်နှင့်စာလျှင် ပါးနပ်လွန်းသည်။ သေချာတာက ကျင့်ကြံခြင်းတွင် သူ အဝေးကြီး ရောက်လိမ့်မည်။
“ဂုဏ်သရေရှိတဲ့ သဲမြွေဟောက် ဂိုဏ်းအတွက် ငါ့မှာ လေးစားမှုကလွဲပြီး တခြား ဘာမှ မရှိပါဘူး...”
အီသန်က ပြောလိုက်သော်လည်း ထိုစကားသည် အပြည့်အဝ မှန်ကန်နေခြင်းတော့ မဟုတ်ပေ။
“ငါက စိတ်အပန်းဖြေစရာလေး တစ်ခု ရှာနေတာ၊ မင်းတို့က ငါ့ကို အပန်းဖြေခွင့် ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...”
သူသည် ခိုးယူလာသော ဆေးတံကို ဝှေ့ယမ်းကာ ဦးညွတ်လိုက်သည်။
ခရယ်က သံစူးဖြင့် သူ့ကို ထိုးချိန်လိုက်သည်။
“ငါ့အဖေ မကြာခင် ပြန်လာတော့မယ်... သူက ငါတို့ နာမည်ကို စော်ကားတာကို သည်းခံမှာ မဟုတ်ဘူး...”
“သူ သည်းခံမှာ မဟုတ်ဘူးဆိုတာ ငါလည်း သေချာပါတယ်...”
အီသန်က စခန်း၏ အခြားနေရာများသို့ သူ၏ စိတ်ကို ဖြန့်ကျက်ထားရင်း ပြောလိုက်သည်။ သေချာသည်က တစ်နေရာရာတွင် နောက်ထပ် ပျော်ရွှင်စရာ အခွင့်အရေး တစ်ခု ရှိနေရမည် ဖြစ်သည်။
“ငါတို့ ထပ်မဆုံခင်အထိ နှုတ်ဆက်ပါတယ် လူကြီးမင်းတို့...”
အီသန်က လှည့်မကြည့်ခဲ့သော်လည်း၊ ကျင်းလုံသည် ထွက်ခွာသွားသော သူ၏ နောက်ကျောကို ဦးညွတ်လိုက်သည်။ သူက ပညာရှိသည့် လူတစ်ယောက်ပင်။
ခရယ်က စူးရဲစွာ ကြည့်လိုက်၏။ သူ၏ လက်မောင်း အစွန်းတွင် မြွေက အစိမ်းရောင် ဒေါသများဖြင့် နှာမှုတ်ကာ တိုက်ခိုက်သူ နည်းစနစ် တစ်ခုကို ပြင်ဆင်လိုက်သည်။ သို့သော်လည်း... နောက်ဆုံးတွင်တော့ စိတ်ပျက်လက်ပျက်ဖြင့် ဟိန်းဟောက်လိုက်ကာ ပြန်လည် ငြိမ်ကျသွားခဲ့သည်။
ကြည့်ရသည်က ခရယ်ထံတွင်လည်း အသိဉာဏ် နည်းနည်းတော့ ရှိပုံရသည်။
...
တစ်ချိန်တည်း၌... ဖစ်ရှာ အဖွဲ့သားများသည် လင်းတုန်းအား အဆောက်အအုံ မြင့်မြင့်တစ်ခုဆီသို့ ခေါ်ဆောင်သွားကြသည်။ ထိုအဆောက်အအုံသည် ပတ်ဝန်းကျင်ရှိ အခြားအရာများထက် ပို၍ ခိုင်ခံ့မြဲမြံပုံရပေသည်။ လင်းတုန်းကမူ ယင်းကို တံခါးကြီးများ တပ်ဆင်ထားသည့် ကျီကျယ်ကြီးတစ်ခုဟုသာ မြင်မိသည်။ ဂီရှာ၏ ပင့်ကူများသည် နံရံများပေါ်သို့ တွားသွားတက်ကြသည်။ ထို့နောက် အမိုးရှိ အပေါက်များမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
ကျီတံခါးဝသို့ ရောက်သောအခါ သူမက ဖစ်ရှာ မိန်းမငယ် ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"နင့်ကိစ္စ မနက်ဖြန်မှ ရှင်းမယ် ကောင်မလေး... မိုးလင်းတာနဲ့ ဒီကိုရောက်နေပါစေ၊ မဟုတ်ရင် ငါ့ချိတ်နဲ့ လာဆွဲထုတ်ရလိမ့်မယ်..."
သူမ၏ ကွေးညွတ်နေသော ရွှေသံမဏိ ဓားသွားသည် တဖျပ်ဖျပ် တောက်ပနေသည်။ အရပ်ရှည်ရှည် မိန်းကလေးမှာ မျက်နှာဖြူရော်သွားပြီး တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။ ထို့နောက် အကြောင်းပြချက်လေး တစ်ခုရှာကာ ကပျာကယာ ထွက်သွားလေသည်။ သူမ၏ သူငယ်ချင်းများလည်း အတူလိုက်ပါသွားကြပြီး ဝိညာဉ်ပန်းပဲဆရာမကြီးကို ကြောက်ရွံ့စွာ လှည့်ကြည့်သွားကြသေးသည်။
ဂီရှာသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုနေရာတွင် ရပ်နေသည်။ သူမသည် အရွယ်အစား သေးငယ်လှသော အကြီးအကဲတစ်ဦးနှင့် တူလှသည်။ အကူမှော်ပစ္စည်းလေး၏ ပင့်ကူခြေတံများသည် မြေကြီးကို စိတ်မရှည်စွာ ကုတ်ခြစ်နေကြသည်။ သို့သော် သူမကမူ ကိုယ်နေဟန်ထားကို အနည်းငယ်မျှပင် မပြောင်းလဲပေ။
လင်းတုန်းသည် သူမ အဘယ်ကြောင့် ကျီတံခါးကို စိုက်ကြည့်နေရသလဲဟူသော အကြောင်းပြချက်ကို သိလို၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တံခါးများ သူ့အလိုလို ပွင့်လာမည်ကို မျှော်လင့်နေသလော။ သို့မဟုတ် ပင့်ကူများကို တံခါးဖွင့်ခိုင်းရန် စောင့်နေသလော။ သို့မဟုတ်... တစ်စုံတစ်ယောက်ကို စောင့်နေတာများလော။
အရပ်ရှည်ရှည်၊ ကျောပေါ်မှ အထုပ်အပိုးနှင့် နောက်မှ ကပ်၍ လိုက်ပါနေသော သံချေးရောင် တိမ်တိုက်တို့ကြောင့် အမှောင်ထဲတွင်ပင် သူသည် ထင်ရှားနေမည်ကို လင်းတုန်း သိသည်။ သူသည် ဝိညာဉ်ပန်းပဲဆရာမကြီးကို အနှောင့်အယှက် မဖြစ်စေနိုင်လောက်အောင် ဝေးကွာနေသော်လည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ တစ်စုံတစ်ခုကို အရိပ်အမြွက် သိရနိုးဖြင့် သူစောင့်ကြည့်နေခဲ့ရာ ငါးမိနစ်မှ ဆယ်မိနစ်အထိ ကြာသွားခဲ့လေသည်။
နောက်ဆုံးတွင် အဘွားအိုက အော်ပြောလိုက်သည်။
"ငါ့ကို အစောင့်ခိုင်းတဲ့ နောက်ဆုံးလူ ဘာဖြစ်သွားလဲ သိလား... ဟမ်... ငါ သူ့ကို လက်ထပ်လိုက်တယ်... အဲဒါ ခြိမ်းခြောက်တာနော်..."
လင်းတုန်းကမူ အမှောင်ထဲမှ အခြားတစ်ယောက် ထွက်လာမည်ကို မျှော်လင့်ကာ ပတ်ဝန်းကျင်ကို ဆက်လက် ကြည့်ရှုနေဆဲဖြစ်သည်။ ထိုအခါ သူမက လှည့်လာပြီး သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"ဘယ်လိုလဲ... သူတို့က အရပ်ပုတဲ့ ကြေးအဆင့် တွေကိုပဲ ယဉ်ကျေးမှု သင်ပေးပြီး အရပ်ရှည်တဲ့သူတွေကိုတော့ မသင်ပေးဘူးလား..."
လင်းတုန်း လက်သီးဆုပ်ကာ ကပျာကယာ အရိုအသေပေးလိုက်သည်။
"ဒီတစ်ယောက်က ယဉ်ကျေးမှု ခေါင်းပါးသွားတဲ့အတွက် တောင်းပန်ပါတယ် လေးစားရပါသော အကြီးအကဲ... ဒီတစ်ယောက်က မိုက်မဲတဲ့အတွက် အစောင့်ကြည့်ခံနေရမှန်း မသိလိုက်လို့ပါ..."
သေးသွယ်လှသော အမျိုးသမီးကြီးထံမှ နှာမှုတ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဒီတစ်ယောက် ဟုတ်လား... မြန်မြန်လုပ်၊ အနားကို လာခဲ့... ငါ့မှာ နေရာတိုင်းကို မြင်နိုင်တဲ့ မျက်လုံးတွေ ရှိပေမယ့် ဒီမျက်လုံးအစုံကတော့ အရင်လို အလုပ်မလုပ်တော့ဘူး..."
လင်းတုန်းသည် သူ၏ အထုပ်အပိုးကို ထိန်းရင်း အပြေးအလွှား သွားခဲ့သည်။ သူသည် ဖစ်ရှာ၏ အာရုံစိုက်မှုကို ရရှိရန် ထူးခြားသော အရာတစ်ခုခု လုပ်ပြရန် စီစဉ်ထားခဲ့သည်။ သို့သော် ယခုမူ သူမကိုယ်တိုင်က သူ့ကို ခေါ်ယူနေလေပြီ။ သူမက သူ့ကို သတိထားမိသွားပြီဖြစ်ရာ ၎င်းသည် ကောင်းသော လက္ခဏာပင် ဖြစ်ပေလိမ့်မည်။
သူမအနားသို့ ရောက်သောအခါ သူ ထပ်မံ၍ အရိုအသေပေးလိုက်သည်။ ယင်းသည် လေးစားမှုကို ပြသရန်ဖြစ်သကဲ့သို့ သူမက သူ၏ မျက်နှာကို အနီးကပ် မြင်ရစေရန် ကိုယ်ကို ကိုင်းညွတ်ပေးခြင်းလည်း ဖြစ်သည်။ သူမသည် အရေတွန့်နေသော မျက်နှာဖြင့် သူ့ကို ခေတ္တမျှ မျက်စိမှေးကြည့်လိုက်သည်။ ထို့နောက် သူမ၏ ဆံထုံးကို ပုတ်လိုက်သည်။
"မင်းက ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး ငါးနှစ်သားလေးလား..."
သူမက ရုတ်တရက် မေးလိုက်သည်။
"မဟုတ်ပါဘူး လေးစားရပါသော အကြီးအကဲ... ဒီတစ်ယောက်ရဲ့ ကျင့်ကြံမှုက အနည်းငယ် နောက်ကျနေခဲ့လို့ပါ..."
"ဒီတစ်ယောက်၊ ဟိုတစ်ယောက်နဲ့... အဲဒီစကားကို နောက်တစ်ခါ ထပ်ပြောရင် မင်းရဲ့ ကြေးအဆင့် ခေါင်းကို လည်ပင်းပေါ်မှာ ချာချာလည်အောင် လှည့်ပစ်မယ်... ကဲ ပြောစမ်း၊ မင်းနာမည် ဘယ်လိုခေါ်လဲ..."
"ဝေ့ရှီလင်းတုန်းပါ လေးစားရပါသော အကြီးအကဲ..."
သူမက ညည်းတွားသံ ပြုလိုက်သည်။
"အကြီးအကဲတစ်ယောက်ဆီမှာ အကူအညီတောင်းဖို့ လာတာကို ပုန်းလျှိုးကွယ်လျှိုး လုပ်ဖို့ ဝေ့ ကလန် က သင်ပေးထားတာလား... ဟမ်... မင်းက ခိုးကြောင်ခိုးဝှက် ကလန်က လာတာလား ရှီလင်းတုန်း..."
ရိုးရိုးသားသား ဆိုရလျှင် ဟုတ်ပေသည်။ ဝေ့ ကလန် သည် ပုံရိပ်ယောင်ဖန်တီးခြင်းကို အထူးပြုကျွမ်းကျင်ကြသည်။ ထို့ကြောင့် တိုက်ပွဲတွင် အသာစီးရသည်အထိ ပုန်းကွယ်စောင့်ဆိုင်းလေ့ရှိကြသည်။ သူတို့သည် ကျားများကဲ့သို့ မဟုတ်ဘဲ နှင်းမြေခွေး များကဲ့သို့ တိုက်ခိုက်ကြသည်။ သို့သော် ထိုအဖြေကို သူမက ကျေနပ်လိမ့်မည်ဟု သူ မထင်ပေ။
"တောင်းပန်ပါတယ် လေးစားရပါသော အကြီးအကဲ... ကျွန်... ကျွန်တော် တတ်နိုင်တဲ့ ဘယ်လိုနည်းလမ်းနဲ့မဆို အကြီးအကဲကို အလုပ်အကျွေး ပြုချင်ပါတယ်..."
မြေကြီးထဲရှိ ကျောက်ခဲများကို သူမ၏ ပင့်ကူခြေတံများဖြင့် တချွတ်ချွတ် ထိခိုက်နေစေစဉ် သူမက သူ့အား စူးစူးရဲရဲ ကြည့်လိုက်သည်။
"အလုပ်အကျွေး ပြုမယ် ဟုတ်လား... ကြေးအဆင့် တစ်ယောက်ကသာ ငါ့ကို အလုပ်အကျွေး ပြုနိုင်မယ်ဆိုရင် သူက ပါရမီရှင်ပဲ ဖြစ်ရမယ်... မင်းက ပါရမီရှင်လား ကြေးအဆင့် လေး..."
***
အပိုင်း(၁၁၆)
ဂီရှာက ကြေးအဆင့်လေး၊ ကြေးအဆင့်လေးနှင့် ခေါ်ဆိုနေခြင်းအား ရပ်တန့်စေချင်သော်လည်း လင်းတုန်း ဖွင့်မပြောဝံ့ချေ။ သူက ပင့်သက်တစ်ချက် ရှိုက်ကာ အလေးစားဆုံးသော အမူအရာနှင့် အလေးအနက်ထား၍ ပြောလိုက်သည်။
"ကျွန်တော့် အမေက ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်ပါ၊ ပြီးတော့ ကျွန်တော်က ကျင့်ကြံဖို့ သင်ယူတတ်မြောက်တဲ့ နေ့ကတည်းက သူ့ရဲ့ လက်ထောက်အဖြစ် လုပ်ခဲ့ပါတယ်... ကျွန်တော့်ရဲ့ အသိပညာ ဗဟုသုတတွေက မပြည့်စုံဘဲ နည်းပါးလှတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် အခြေခံ အစီအရင် အတော်များများကို ကျွန်တော် သိပါတယ်၊ ဝိညာဉ်အကြွင်းအကျန် တစ်ခုကိုလည်း အသုံးဝင်တဲ့ အစိတ်အပိုင်းတွေဖြစ်အောင် ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်၊ အခြေခံ ပြုပြင်ထိန်းသိမ်းမှုတွေကိုလည်း လုပ်နိုင်ပါတယ်..."
“ကျွတ်... ကျွတ်...”
ဂီရှာက 'စုတ်' သပ်လိုက်ပြီး လက်ကာပြလိုက်သည်။
"ငါ့မှာ ပူပန်စရာတွေ လုံလောက်နေပြီလို့ မင်းမထင်ဘူးလား... သွား... သွားတော့... ငါ့ကို နောက်တစ်ခါ ထပ်နှောင့်ယှက်ရင် မင်းကို ပင့်ကူတွေနဲ့ ကိုက်ခိုင်းလိုက်မယ်..."
လင်းတုန်းသည် နာခံမှုကို ပြသသည့်အနေဖြင့် သူမကို အရိုအသေပေးလိုက်သည်။
"ဟုတ်ကဲ့ပါ လေးစားရပါသော အကြီးအကဲ... အကြီးအကဲ ပင်ပန်းနေပါပြီ၊ ကျွန်တော်က အကြီးအကဲ နားရမယ့်အချိန်ကို နှောင့်နှေးစေမိပြီ..."
စိတ်ကို ဖတ်နိုင်သည့် အလား ဂီရှာက ပြောလိုက်သည်။
"မနက်ဖြန် ငါနိုးလာတာကို ဒီနေရာမှာ လာစောင့် မနေရင် အကောင်းဆုံးပဲနော်..."
တကယ်တော့ ယင်းက လင်းတုန်း၏ အစီအစဉ်ပင် ဖြစ်သည်။ သူ၏ နဖူးပေါ်မှ ချွေးပေါက်တစ်ပေါက် စီးကျလာသည်။
"လေးစားရပါသော အကြီးအကဲရဲ့ ဆန္ဒကို ကျွန်တော် အဲဒီလို မလေးမစား မလုပ်ပါဘူး... ဒါပေမယ့် နောက်ဆုံးအနေနဲ့ တစ်ခုလောက် ရိုင်းပျစွာ ရှင်းပြခွင့်ပြုပါ..."
သူမက လက်ချောင်းများကို ခေါက်လိုက်ရာ ကျီတံခါးပေါ်မှ ပင့်ကူတစ်ကောင်သည် သူရှိရာသို့ ပြေးဆင်းလာသည်။ သူမရပ်နေဆဲဖြစ်သော အကူမှော်ပစ္စည်းတော့ မဟုတ်ချေ။ အမိန့်ပေးထားသည့်အတိုင်း စောင့်ကြည့်ပြီး သတင်းပို့ရန်သာ ရည်ရွယ်ထားပုံရသည့် သာမန် မှော်ပစ္စည်း တစ်ခုသာ ဖြစ်သည်။
ယင်းကို အဆစ်များပါသော ခရမ်းရောင် မာဒြာ ဖြင့် ပြုလုပ်ထားပြီး မြေပြင်ပေါ်တွင် ပြေးလွှားနိုင်သကဲ့သို့ တံခါးပေါ်တွင်လည်း လွယ်ကူစွာ သွားလာနိုင်သည်။ အစာခြေမေးရိုး အချို့မှလွဲ၍ ၎င်း၏ ခေါင်းပေါ်တွင် အခြားထင်ရှားသော အစိတ်အပိုင်းများ မရှိချေ။ ၎င်းက အော်မြည်လိုက်ချိန်တွင် မေးရိုးများ ပွင့်ဟသွားသည်။ မြွေတစ်ကောင်ထက် ငှက်တစ်ကောင်နှင့် ပိုတူနေသည့် အသံမျိုးဖြစ်ရာ သူလုံးဝ မမျှော်လင့်ထားမိပေ။ စောစောက မြွေလို တွန်သံမျိုး ထွက်မနေဘူးလော။ သို့တည်းမဟုတ်... သူကပဲ စိတ်ထင်နေသလော။
လင်းတုန်းက ပခုံးများကို လွတ်လပ်စေရန် အထုပ်အပိုးကို ချလိုက်ပြီး ငွေတစ်ဝက် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ အထွတ်အမြတ် တောင်ကြားရှိ မှော်ပစ္စည်းများသည် လူတစ်ယောက်၏ အသက်ကို အန္တရာယ် ပေးနိုင်လောက်သည် အထိ ကြောက်မက်ဖွယ် မကောင်းလှချေ။ သို့သော် ယခုအရာကမူ ရွှေအဆင့် များ ပြည့်နှက်နေသည့် ဂိုဏ်းတစ်ခုကို ဦးဆောင်နေသော ရွှေအဆင့် ဝိညာဉ်ပန်းပဲဆရာ တစ်ဦး၏ ဖန်တီးမှုဖြစ်သည်။ ၎င်းက သူ၏ အသားထဲသို့ ခြေတံများဖြင့် ဖောက်ဝင်ကာ သွေးများပန်းထွက်နေသော အပေါက်ငယ်လေးများ ချန်ထားခဲ့နိုင်ပေသည်။ သို့မဟုတ် အစာခြေမေးရိုးများဖြင့် အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်သည်။ သို့မဟုတ် အနီးအနားရှိ ကျီအမိုးတွင် အလှဆင်ရန် သူ့ကို ပိုးအိမ်တစ်ခုလို ရစ်ပတ်ထားခဲ့နိုင်လေသည်...။
၎င်း၏ ခြေတံတစ်ချောင်း ခလုတ်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး လဲကျလုမတတ် ဖြစ်သွားသည်။ လမ်းလျှောက်ဟန်မှာ မညီမညာဖြစ်သွားသော်လည်း ချက်ချင်းပင် ကိုယ်ကို ပြန်ထိန်းကာ ဆက်သွားလေသည်။ ခလုတ်တိုက်မိခြင်းသည် ချို့ယွင်းချက်ကို ဆိုလိုသည်။ ၎င်းသည် ဟောင်းနွမ်းနေပြီး ပြုပြင်ထိန်းသိမ်းမှု လိုအပ်နေမည်မှာ သေချာသည်။ ယင်းသည် သူအသုံးချနိုင်သော အားနည်းချက်တစ်ခု ဖြစ်သည်။
သို့သော် ယခုအခါ ၎င်းမှာ အလွန်နီးကပ်နေပြီဖြစ်သည်။ မြေကြီးထဲသို့ ချွန်ထက်သော ခြေတံများ စိုက်ဝင်သွားသံကိုပင် သူ ကြားနေရပြီ ဖြစ်သည်။ ထိုခလုတ်တိုက်မိခြင်းမှာ အားနည်းချက် တစ်ခုအဖြစ် မမြင်ရတော့ချေ။ တစ်ခါတစ်ရံ မှော်ပစ္စည်း များသည် အလုပ်လုပ်သင့်သလို မလုပ်နိုင်ကြပေ။ မြေပြင်က မြင်ရသည်ထက် ပို၍ ကြမ်းတမ်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ၎င်းမှာ စွန့်စားရမည့် အခွင့်အရေး အနည်းငယ်သာ ဖြစ်လေသည်။
ထို့နောက် ၎င်းသည် သူ၏ ခြေရင်းသို့ ရောက်လာ၏။ လင်းတုန်း လှုပ်ရှားလိုက်သည်။ သူသည် အနားရှိ မြေပြင်ပေါ်မှ အထုပ်ကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး ဒိုင်းလွှားတစ်ခုကဲ့သို့ ကိုင်ဆောင်ကာ ပင့်ကူ မှော်ပစ္စည်း အပေါ်သို့ မှောက်လျက် ဖိချလိုက်သည်။
ပင့်ကူသည် လမ်းမှဖယ်၍ ထွက်ပြေးရန် ကြိုးစားသော်လည်း သူက အစွန်းတစ်ဖက်မှ ဖမ်းမိသွားပြီး အထုပ်အောက်တွင် ပိတ်လှောင်ထားလိုက်သည်။ ၎င်း၏ ခြေတံများ ရမ်းခါနေပြီး ဒေါသတကြီး အော်မြည်သံ ထွက်ပေါ်လာသော်လည်း ဖိထားခြင်း ခံလိုက်ရပြီဖြစ်သည်။ သူ ဖမ်းမိသွားပြီ။
သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အောက်သို့ စိုက်ကျသွားသည်။ သူ၏ ကိုယ်အလေးချိန် နှစ်ဆပိုလေးသွားသကဲ့သို့ သို့မဟုတ် တစ်စုံတစ်ယောက်က သူ၏ ကျောပေါ်တွင် ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ နှာခေါင်းသည် ပင့်ကူ၏ ချောမွေ့သော ခဲခရမ်းရောင် ကျောပြင်နှင့် ဖိကပ်လုနီးပါး ဖြစ်သည်အထိ ခေါင်းမှာ အောက်သို့ ဆွဲချခံလိုက်ရသည်။ ထိုအခါမှ အမှန်တရားကို သူ သဘောပေါက်သွားသည်။ ပင့်ကူက သူ့ကို ဆွဲယူနေခြင်းဖြစ်သည်။
မည်သို့လုပ်ဆောင်လိုက်သည်ကို သူ မသိပေ။ ၎င်းမှာ မာဒြာ ၏ လုပ်ဆောင်ချက်တစ်ခု သို့မဟုတ် အစီအရင် တစ်မျိုးမျိုး ဖြစ်မည်မှာ သေချာသည်။ ပင့်ကူသည် မျက်မြင်မရသော စွမ်းအားတစ်ခုကို အသုံးပြုကာ သူ့ကို အနီးသို့ ဆွဲယူနေခြင်း ဖြစ်သည်။
သူ၏ လက်ထဲတွင် ငွေတစ်ဝက် ဓားမြှောင် ရှိနေပြီး အသုံးပြုရန် ပြင်းပြနေသော်လည်း သူ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ ထိုရွေးချယ်စရာကို အသင့်ရှိနေစေရန် လိုအပ်သော်လည်း သူ အရင်ဆုံး စမ်းသပ်ရမည့် အခြားအရာတစ်ခု ရှိနေသေးသည်။
သူသည် အတော်အတန် ရုန်းကန်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို ပင့်ကူ၏ ကျောပေါ်သို့ တင်နိုင်သည်အထိ ရှေ့သို့ တိုးသွားလိုက်သည်။
ထို့နောက် အသက်ရှူနှုန်းကို ထိတ်လန့်နေရာမှ စည်းချက်ကျသော ကျင့်ကြံခြင်း နည်းစနစ်သို့ ပြောင်းလဲလိုက်ပြီး သန့်စင်သော မာဒြာကို ထိုမှော်ပစ္စည်း (ပင့်ကူ) ထဲသို့ ပို့လွှတ်လိုက်သည်။
မိုင်တစ်ထောင် တိမ်တိုက် ကဲ့သို့သော အရာတစ်ခုသည် အခြား မှော်ပစ္စည်းများနှင့် တည်ဆောက်ပုံအရ နှိုင်းယှဉ်ပါက ရိုးရှင်းလှသည်။ ၎င်းကို ပေါလောပေါ်နိုင်သော သိပ်သည်းသည့် တိမ်တိုက် မာဒြာ ဖြင့် ပြုလုပ်ထားသည်။ ၎င်းကို ရွေ့လျားစေရန်အတွက် အမြုတေ ထဲတွင် မြှုပ်နှံထားသော အစီအရင် စက်ဝိုင်းတစ်ခုတည်းကို အသက်သွင်းလိုက်ရုံဖြင့် ရသည်။ ၎င်းသည် လက်တွေ့ အစီအရင် ထဲရှိ မည်သည့် ညွှန်ကြားချက်ကိုမျှ မလိုက်နာဘဲ အသုံးပြုသူ၏ ဝိညာဉ် ညွှန်ပြရာဘက်သို့သာ လိုက်ပါသွားသည်။ ထို့ကြောင့် ၎င်းမှာ ပျော့ပြောင်းသော်လည်း ရိုးရှင်းသော ကိရိယာတစ်ခု ဖြစ်သည်။ ထိန်းချုပ်မှုမရှိဘဲ ၎င်းသည် မည်သည့်အခါမျှ ပျံသန်းသွားနိုင်မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပင့်ကူမှာမူ ခွဲထွက်နေသော အစီအရင် များ၊ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော မာဒြာ ပြားများနှင့် ဝိညာဉ်အကြွင်းအကျန် များမှ ထုတ်ယူထားရမည့် သိမ်မွေ့သော အစိတ်အပိုင်းများ ပါဝင်သည့် ရှုပ်ထွေးလှသော ယန္တရားတစ်ခု ဖြစ်သည်။
လင်းတုန်း၏ မာဒြာ သည် ၎င်း၏အတွင်းသို့ စီးဆင်းသွားပြီး ၎င်း၏ လုပ်ဆောင်ချက်များနှင့် အမိန့်များကို လိုက်နာစေရန် ဆက်လက်အသက်ဝင်နေရမည့် အစီအရင် များအကြောင်းကို ဝေဝါးဝါး မြင်ယောင်လာစေသည်။
ဤမှော်ပစ္စည်း၏ လုပ်ဆောင်မှုကို စွမ်းအင်ပေးရမည့် သေးငယ်လှသော ခွက်ကလေးတစ်ခုဖြစ်သည့် ပုံဆောင်ခဲခွက်ကလေးတစ်ခုထံမှ မာဒြာ မီးပွားလေးတစ်ခု ထွက်ပေါ်လာသည်။ လင်းတုန်းသည် သူ၏ ကိုယ်ပိုင် မာဒြာ ကို အသုံးပြု၍ ထိုခွက်ကလေးထံမှ စီးဆင်းမှုကို ဘေးသို့ ဖယ်ရှားပစ်လိုက်လေသည်။
ထိုသို့လုပ်ဆောင်ရန် စွမ်းအင်များစွာ မလိုအပ်ခဲ့ချေ။ ထို မာဒြာ ၏နောက်ကွယ်တွင် မည်သည့်ဆန္ဒမျှ မရှိသဖြင့် လွယ်ကူစွာပင် လမ်းကြောင်းပြောင်းနိုင်လေသည်။ သူသည် အစီအရင် ထဲသို့ စီးဆင်းနေမှုကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ၎င်းကို ပုံဆောင်ခဲထဲတွင်သာ ပိတ်လှောင်ထားလိုက်သည်။
ပင့်ကူသည် တစ်ချက်တုန်ခါသွားပြီးနောက် ပြိုလဲသွားလေသည်။ သူ့အပေါ် သက်ရောက်နေသော မျက်မြင်မရသည့် စွမ်းအားလည်း ပျောက်ကွယ်သွားသည်။ လင်းတုန်းသည် လေကို တဝကြီးရှူသွင်းရင်း မောဟိုက်နေခဲ့သည်။
ဂီရှာသည် သူမ၏ အကူမှော်ပစ္စည်းပေါ်မှ သူရှိရာသို့ လျှောတိုက်ကာ ချဉ်းကပ်လာသည်။ မြေကြီးပေါ်တွင် ပွတ်တိုက်သွားသော ချွန်ထက်သည့် ခြေသံများကို မညီမညာ ကြားနေရသည်။ သူမ ရောက်လာချိန်တွင် အသက်မဲ့သွားပြီဖြစ်သော သူမ၏ မှော်ပစ္စည်း အပေါ်၌ ခွေခွေလေး လဲကျနေသည့် သူ့ကို တွေ့ရပေလိမ့်မည်။ လင်းတုန်း ကိုယ်ကို မတ်လိုက်ပြီးနောက် တုန်ယင်နေသော လက်ချောင်းများဖြင့် ပင့်ကူခြေတံ၏ အစွန်းတစ်လျှောက်ကို ပွတ်ဆွဲလိုက်သည်။
သူသည် ယခင်က ချို့ယွင်းချက်တစ်ခုကို သတိပြုမိခဲ့ခြင်း ဖြစ်နိုင်သည်။ မှော်ပစ္စည်း တွင် ပြုပြင်ထိန်းသိမ်းမှု လိုအပ်နေသော နေရာတစ်ခုပင် ဖြစ်သည်။ အကယ်၍ ထိုသို့သာဆိုလျှင်...
လင်းတုန်း၏ လက်က ခြေတံ၏ အပြားတစ်ခုပေါ်သို့ ရောက်သွားချိန်တွင် ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းမှာ ရေခဲလွှာပါးပါးလေး ကွဲအက်သွားသကဲ့သို့ ဖြစ်သည်။ သူသည် သူ၏ ဝိညာဉ် မှ ထုတ်လွှတ်နိုင်သမျှ စွမ်းအားအကုန်သုံး၍ မာဒြာ များကို ထိုနေရာသို့ တွန်းပို့ပေးလိုက်သည်။
မှော်ပစ္စည်း တစ်ခု၏ အစိတ်အပိုင်းများကို ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းမှာ တူညီသော လမ်းစဉ် မှ မာဒြာ များကို စီးဆင်းဝင်ရောက်စေခြင်း ဖြစ်သည်။ ဤသို့ဖြင့် ထိုအစိတ်အပိုင်းကို မိမိလိုချင်သလောက် အချိန်ကြာရှည်စွာ အသစ်အတိုင်း လတ်ဆတ်နေစေမည် ဖြစ်သည်။ ဒုတိယ အကောင်းဆုံးနည်းလမ်းမှာ ပုံဆောင်ခဲခွက်ကဲ့သို့သော ကိရိယာတစ်ခု သို့မဟုတ် အထူးဒီဇိုင်းထုတ်ထားသော အစီအရင် တစ်ခုခုမှတစ်ဆင့် မာဒြာ ကို သန့်စင်စေပြီး အစားထိုး အသုံးပြုခြင်းပင် ဖြစ်သည်။ ယင်းက အချိန်ပိုမိုကြာမြင့်စေပြီး အကျိုးသက်ရောက်မှုလည်း နည်းပါးလှသည်။ သိမ်မွေ့သော လက်မှုပညာ လိုအပ်သည့် အချို့ကိစ္စများတွင် တိကျမှုလျော့နည်းစေနိုင်သည်။ သို့သော် ထိုနည်းလမ်းက အလုပ်ဖြစ်ပေသည်။
တကယ်တော့ သူ၏ မာဒြာ သန့်စင်မှုကြောင့်သာ အမေဖြစ်သူက သူမ၏ အလုပ်များတွင် သူ့ကို ပါဝင်ကူညီခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း လင်းတုန်း မကြာသေးမီကမှ နားလည်ခဲ့ရခြင်း ဖြစ်သည်။
ခြေတံအပြားသည် အနည်းငယ် ပိုမိုခိုင်မာလာသည်။ အနည်းဆုံးတော့ မှော်ပစ္စည်း ၏ ကိုယ်ပိုင်အလေးချိန်အောက်တွင် ပြိုလဲမသွားနိုင်လောက်အောင် ခိုင်ခံ့သွားလေပြီ။ ယင်းက သူ၏ တန်ဖိုးကို အတိုင်းအတာတစ်ခုအထိ ပြသနိုင်ပေလိမ့်မည်။
လင်တုန်း မော့ကြည့်လိုက်သောအခါ ဖစ်ရှာ ဂီရှာသည် သူနှင့် တစ်လက်မခန့်အကွာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မီးခိုးရောင် ဆံထုံးမှာ သူ၏ခေါင်းနှင့် တစ်တန်းတည်းရှိနေပြီး မှော်ပစ္စည်း အတွင်းသို့ စူးစိုက်ကြည့်နေလေသည်။ ခဏအကြာတွင် သူမက သူ့လက်ကို ရိုက်ဖယ်လိုက်သည်။ ထို့နောက် ပင့်ကူကို သူမ၏ ကိုယ်ပိုင်လက်ချောင်းများဖြင့် စမ်းသပ်ကြည့်လိုက်သည်။
"ဖစ်ရှာ လမ်းစဉ် ကို မင်း ခိုးယူထားတာလား... ဟမ်..."
"မဟုတ်ပါဘူး လေးစားရပါသော အကြီးအကဲ..."
သူက ဖြေလိုက်သည်။ သို့သော် ယင်းမှာ ယဉ်ကျေးမှုအရ ပြောလိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ ဖစ်ရှာ လမ်းစဉ် သည် ဖစ်ရှာ များ လိုက်နာကျင့်ကြံသော လမ်းစဉ် သာဖြစ်ခဲ့လျှင် သူ့ထံတွင် ထိုစွမ်းအင်ရှိမရှိကို သူမ အာရုံခံသိရှိနိုင်ပေလိမ့်မည်။ သူမသည် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မေးလိုက်ခြင်းသာ ဖြစ်ပေသည်။
"ဒါဆိုရင် ဒီကိုလာခဲ့..."
သူမက သူ၏ ဂုတ်ပိုးကို ဆွဲကိုင်လိုက်ရာ သူသည် လုံးဝ ငြိမ်သက်နေလိုက်သည်။ သူ၏ အတွေ့အကြုံများအရ သံမဏိ ခန္ဓာကိုယ်ပိုင်ရှင်များသည် ထိုအဆင့်မရှိသူများ၏ ပျော့ညံ့လွယ်မှုကို မေ့လျော့နေတတ်ကြသည်။
ခဏအကြာတွင် သူမက သူ့ကို နောက်သို့ တွန်းထုတ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ အရေတွန့်နေသော သူမ၏ မျက်နှာပေါ်ရှိ ထိုအမူအရာမှာ ရယ်စရာကောင်းနေသည်။
"မင်းမှာ ဘာကျင့်ကြံမှုမှ မရှိဘူးလား..."
"မရှိပါဘူး အကြီးအကဲ..."
"ဘယ် လမ်းစဉ် မှ မရှိတာလား..."
"မရှိပါဘူး အကြီးအကဲ..."
"မင်းက ကြေးအဆင့် ရောက်နေတာတောင် အော်ရာ အရသာကို တစ်ခါမှ မမြည်းစမ်းဖူးဘူးပေါ့လေ..."
"ကျွန်တော်က ဘယ် လမ်းစဉ် ကိုမှ မရရှိခဲ့ပါဘူး လေးစားရပါသော အကြီးအကဲ... ဘယ်လိုလုပ်ရမယ်ဆိုတာလည်း မသိပါဘူး..."
ဂီရှာ၏ မျက်လုံးများထဲတွင် သနားကြင်နာမှု ကဲ့သို့သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ထို့နောက် သူမက သူ့ နောက်စေ့ကို ကြမ်းတမ်းစွာ ပုတ်လိုက်သည်။
"မင်းက အရူးတွေချည်းရှိတဲ့ ကလန်က လာခဲ့တာကိုး..."
လင်းတုန်း မကန့်ကွက်မီ ခေတ္တတုံ့ဆိုင်းသွားခဲ့သည်။
"သူတို့က ကျွန်တော့်ရဲ့ မိသားစုတွေပါ လေးစားရပါသော အကြီးအကဲ..."
"ဟွန်း..."
သူမက နှာခေါင်းရှုံ့သံ ပြုလိုက်သည်။
"ဘာမိသားစုလဲ... ထားပါလေ... မင်းက ငါ့အတွက် မာဒြာပြားတွေ လုပ်ပေးနိုင်တယ်ဆိုတော့ မင်းကို ငါ လက်ခံလိုက်မယ်..."