← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 9 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 9 Ch. 119-120

အပိုင်း(၁၁၉)

တံမြက်စည်းလှည်းနေရသော နေ့ရက်များတွင် သူသည် ဝင်ထွက်သွားလာနေသော ဖောက်သည်များကို စောင့်ကြည့်လေ့လာခဲ့သည်။ သူတို့သည် များသောအားဖြင့် ဂီရှာ သို့မဟုတ် အခြား ဖစ်ရှာ များနှင့် သီးခြား နေရာများတွင် တွေ့ဆုံလေ့ရှိကြ၏။ အလွန်ဇွဲကောင်းသူများသာ သူမ၏ အလုပ်ရုံအထိ လိုက်လာကြခြင်းဖြစ်သည်။ ထိုအချိန်မှသာ လင်းတုန်းသည် သူ၏ မေးခွန်းအတွက် အဖြေကို တွေ့ရှိခဲ့ရလေသည်။

ဂီရှာသည် တစ်ကြိမ်ထက်မက ချိတ်ဆက်မှု တစ်ခုကို ယူကာ အသက်မဲ့ရုပ်ဝတ္ထုများဖြင့် ဖုံးအုပ်လေ့ရှိသည်။ ထို့နောက် ဓားတစ်လက်၊ ဒိုင်းတစ်ခု၊ ဂေါ်ပြားတစ်လက် သို့မဟုတ် ဖောက်သည်များ မှာကြားသည့် မည်သည့် လက်နက်နှင့်မဆို တူညီစေရန် သူမ၏ အကူမှော်ပစ္စည်း ကို အသုံးပြု၍ ပုံသွင်းသည်။

တစ်ခါက သူမသည် ရေခဲမြစ်မှ ထုဆစ် ပုံသွင်းထားပုံရသည့် တူတစ်လက်ထဲသို့ ပုံဆောင်ခဲ ချိတ်ဆက်မှု တစ်ခုကို ထည့်သွင်းပေးခဲ့ခဲ့သည်။ ထိုစဉ်က... လူကောင်ကြီးကြီး အမျိုးသားတစ်ဦးသည် သူမ လုပ်ဆောင်ပြီးစ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းကို လာယူသွားခဲ့သည်။

သူ့ လက်မောင်းတွင် သဲမြွေပွေး ဝိညာဉ်အကြွင်းအကျန် မရှိသလို အလွန်ထူထဲသော သားမွေး ဝတ်စုံကိုလည်း ဝတ်ဆင်ထားသည်။ ဆောင်းဦးရာသီသာ စတင်သေးပြီး နေ့ရက်များက နွေးထွေးနေဆဲဖြစ်သော်လည်း သူ၏ မှောင်မိုက်သော သားမွေးဝတ်စုံတွင် နှင်းမှုန်များပင် ကပ်ငြိနေသေးသည်။

သူသည် စကားတစ်ခွန်းမျှမဆိုဘဲ သူမထံမှ တူကို ယူကာ လက်အိတ်စွပ်ထားသော လက်များဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက်... ဂီရှာ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် သူက ရုတ်တရက် လှည့်ကာ ရေခဲတူခေါင်းဖြင့် ကျီ၏ သစ်သားပြားများကို ရိုက်ချလိုက်သည်။

ရိုက်ခတ်လိုက်သော အလယ်ဗဟိုမှ ရေခဲများ ပွင့်ထွက်လာပြီး ချက်ချင်း အေးခဲသွားသော လှိုင်းလုံးများကဲ့သို့ ဖြာထွက်သွားသည်။ ထိုအသံကြောင့် လင်းတုန်း လန့်ဖျပ်သွားသော်လည်း ခဏအကြာတွင် သူသည် အံ့သြမှင်တက်စွာဖြင့် ရပ်တန့်သွားသည်။ ကျီထဲတွင် ရေခဲပန်းတစ်ပွင့် ပွင့်လန်းလာခဲ့ပြီဖြစ်သည်။

ယင်းမှာ ထိုအမျိုးသား၏ ကိုယ်ပိုင် ကျင့်စဉ်များက ရေခဲကို ဖန်တီးလိုက်ခြင်းဖြစ်နိုင်သော်လည်း ထိုသို့မဟုတ်လောက်ဟု သူ သံသယဝင်မိသည်။ ထိုလူသည် သူ၏ ကိုယ်ပိုင် နည်းစနစ်ကို တူမပါဘဲ မည်သည့်နေရာတွင်မဆို စမ်းသပ်နိုင်သည်။

‘မဟုတ်ဘူး... သူက ဒီ လက်နက်ကို... အတွင်းက ချိတ်ဆက်မှု နဲ့အတူ စမ်းသပ်နေတာပဲ... ရေထွက်လာတာကို မြင်ဖူးတယ်ဆိုတော့ ရေခဲကော ဘာလို့ မရနိုင်ရမှာလဲ...’

ယီရင် သူမ၏ ဆရာဖြစ်သူထံမှ အမွေရခဲ့သော ဓားမှာ အဖြူရောင်ဖြစ်ပြီး သဘာဝလွန် အေးစက်နေသည်။ သူမ၏ နည်းစနစ်များသည် ထိုဓားမပါသည်ထက် ပါလျှင် ပို၍ သေစေနိုင်လောက်ပုံရသည်။ ထိုဓားထဲတွင်ကော ချိတ်ဆက်မှု တစ်ခု ပါဝင်နေသလား။

ကျီကြမ်းပြင်ကို ပျက်စီးစေသည့်အတွက် ဂီရှာသည် သူစိမ်း၏ ပခုံးများကို ရိုက်ပုတ်ပြီး ပြင်ဆင်ရန် အကြွေပြားများ အပိုပေးခိုင်းခဲ့သည်။ လင်းတုန်းသည် ယခင်က အခြားသော အရောင်းအဝယ် ကိစ္စများကို ကြားဖူးသော်လည်း ဤသည်မှာ သူ ပထမဆုံး မြင်တွေ့ရခြင်းဖြစ်ပြီး အကြွေပြားတစ်ပြားကို အမှန်တကယ် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။

၎င်းမှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းလှသည်။ အကြည်ရောင်ဖြစ်ပြီး အပြာရောင်အစင်းများ ပါဝင်ကာ မာဒြာ ဖြင့် ဖန်တီးထားသော ဒင်္ဂါးပြားတစ်ပြားထက် မပိုချေ။ တူအတွက် အကြွေပြား ငါးဆယ်၊ ကြမ်းပြင်အတွက် နောက်ထပ် နှစ်ဆယ် နှင့် သူမကို အိပ်ရာ စောစောထခိုင်းသည့်အတွက် ငါးပြား ပေးရသည်။ သူက ဝမ်းသာအားရ ပေးချေလိုက်ပြီး သူ၏ လက်နက်အသစ်ကို ပခုံးပေါ်တင်ကာ လေချွန်ရင်း ထွက်သွားလေသည်။

အကြွေပြားများအပေါ် လင်းတုန်း၏ စိတ်ဝင်စားမှုကို ဂီရှာ သတိထားမိသောအခါ သူမက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

"မင်း စိတ်ဝင်စားနေတာလား... ဟမ်... ကောင်းပြီ၊ အဲဒီရေခဲတွေကို ရှင်းလင်းပြီးတာနဲ့ ဒါက မင်းရဲ့ အလုပ်ဖြစ်လာတော့မယ်…”

...

သဲမြွေပွေးတန်...

သဲမြွေပွေးတန်သည် အရပ်မရှည်သော လူပိန်ပါးတစ်ယောက်ဖြစ်သည်။ သူသည် ကျင်းလုံ ၏ မျက်လုံးများကို အမြဲလိုလို ရှောင်လွှဲကြည့်တတ်လေသည်။ စကားတစ်ခွန်းပြောတိုင်း သူသည် ကိုယ်နေဟန်ထားကို ဂနာမငြိမ်စွာ ပြောင်းလဲနေတတ်သည်။ သူ၏ လက်မောင်းပေါ်ရှိ မြွေပုံသဏ္ဌာန် ရွှေအဆင့် လက္ခဏာ သည်ပင် ပုံမှန်ထက် သေးငယ်နေပုံရသည်။ သူသည် အပြည့်အဝ ယုံကြည်မှုရှိနေချိန်တွင်ပင် ထိတ်လန့်နေသော ကလေးငယ်တစ်ယောက်၏ အသွင်အပြင်ကို ပေးစွမ်းနေလေသည်။

သို့သော် ယနေ့တွင်မူ သူသည် ယုံကြည်မှု ရှိမနေခဲ့ပေ။

"အဲဒီ ကြေးအဆင့်က ဖစ်ရှာ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်ဆီမှာ ရောက်နေတယ်..."

တန်က ကျင်းလုံ ၏ ဖိနပ်များကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့ သူ့ကို အလှည့်ကျ စောင့်ကြည့်ခဲ့ပေမယ့် သူက အလုပ်ရုံထဲကနေ ထွက်မလာဘူး... သူ့ကို အဲဒီအမျိုးသမီးက လက်ခံလိုက်တာ သေချာတယ်..."

ကျင်းလုံသည် တန်၏ ခေါင်းပေါ်မှ ကျော်လွန်၍ ဖမ်းဆီးခံထားရသော သတ္တုတွင်းလုပ်သားများ ပြည့်နှက်နေသည့် လှောင်ချိုင့်များကို လှမ်းကြည့်လိုက်သည်။ အစီအရင် များ ပြုလုပ်ထားသော လှောင်ချိုင့် နှစ်တန်း ရှိသည်။ ၎င်းတို့သည် ထူးကဲသော ရှေးဟောင်း အပျက်အစီး၏ ကြီးမားကျယ်ပြန့်သော ဝင်ပေါက်ဆီသို့ တိုက်ရိုက်ဦးတည်နေသည့် မြက်ခင်းတန်းလေး တစ်ခုကို ဘေးတစ်ဖက်တစ်ချက်စီမှ ဝန်းရံထားလေသည်။

သူသည် ဝိညာဉ် အာရုံများကို ဖွင့်မထားသော်လည်း စုဝေးနေသော သက်စောင့် အော်ရာ များ၏ လက္ခဏာများကို နေရာတိုင်းတွင် တွေ့မြင်နေရသည်။ မြက်ပင်တိုင်းသည် အရပ်မျက်နှာ အသီးသီးသို့ လွင့်ခါနေကြသည်။ လှောင်ချိုင့်တစ်ခု၏ အစွန်းတွင် မှိုများကဲ့သို့ ရေခဲလွှာများ စုပုံနေပြီး အခြား လှောင်ချိုင့်တစ်ခုရှိ လူများမှာမူ ချွေးများ ရွှဲနစ်နေကြသည်။ ထို့ပြင် အပျက်အစီးများ အထက်ရှိ တိမ်တိုက်များသည်လည်း ဧရာမ လက်ကြီးတစ်ဖက်ဖြင့် မွှေနှောက်နေသကဲ့သို့ လည်ပတ်နေကြလေသည်။

ကောင်းကင်နှင့် မြေကြီးသည် စွမ်းအားများဖြင့် ပြည့်လျှံနေသည်။ ဤနေရာတွင်မူ သူ၏ သတ္တုတွင်းလုပ်သားများသည် အကြောက်တရားနှင့် ဒေါသတို့ဖြင့် လှောင်ချိုင့်တိုင်များကို လှုပ်ရမ်းနေကြလေသည်။

သတ္တု မတူးကြချေ။

"ဂီရှာက သူ့ကို အလုပ်ရုံလှည်းဖို့၊ ပျက်စီးသွားတဲ့ မှော်ပစ္စည်း တွေကို ရှင်းလင်းဖို့၊ သေတ္တာတွေ စီဖို့၊ အဲဒီလိုမျိုး အလုပ်တွေအတွက် လိုချင်တာ ဖြစ်နိုင်တယ်..."

နောက်ဘက်မှ ဆူညံသံများကို ကျော်လွန်၍ ကြားနိုင်ရန် တန်က အသံမြှင့်ပြောလိုက်သည်။ ထို့နောက် သူ၏ အကြည့်ကို ကျင်းလုံ ၏ ပခုံးဆီသို့ ရွှေ့လိုက်သည်။

"နောက်ရက်အနည်းငယ်အတွင်း ဂီရှာက သူ့ကို နှင်ထုတ်လိုက်ရင် ကျွန်တော်တို့ တွေ့ရမှာပါ... အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူး... သူ့ရဲ့ အဖော်ကတော့ ပိုပြီး ပြဿနာပေးနိုင်တယ်၊ သူက..."

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ..."

တန်သည် ကိုယ်ကို မတ်လိုက်ပြီး ကျင်းလုံ ၏ မျက်လုံးများကို တိုက်ရိုက် ကြည့်လုနီးပါး ဖြစ်သွားသည်။

"ပြဿနာ နည်းနည်းပါ အဆင့်မြင့် ရွှေအဆင့်... ခင်ဗျားအတွက် စိုးရိမ်စရာ မရှိပါဘူး... အဆင့်တွေကြားထဲမှာ သဘောထားကွဲလွဲမှု နည်းနည်းရှိနေတာပါ၊ ဒါပါပဲ..."

လှောင်ချိုင့်တစ်ခုသည် အတွင်းရှိ လူများ၏ အလေးချိန်ကြောင့် ရှေ့သို့ ယိမ်းထိုးသွားပြီး မှောက်ကျလုမတတ် ဖြစ်သွားသည်။

"ဒီပြဿနာက ဘယ်ကနေ စဖြစ်တာလဲ သဲမြွေပွေးတန်..."

မြက်ခင်းပေါ်တွင် ခြေတစ်ဖက်မှ တစ်ဖက်သို့ ပြောင်းရပ်ရင်း တန်က မျက်နှာရှုံ့မဲ့လိုက်သည်။

"သားရဲဆိုးတွေ... ပိုဆိုးလာတယ်... သူတို့ ဘယ်ကနေ ရောက်လာမှန်း ကျွန်တော်တို့ မသိဘူး၊ ဒါပေမယ့် သူတို့က အဆုံးအစ မရှိဘူး... ပြီးတော့ ဝိညာဉ်အကြွင်းအကျန် တွေကလည်း... အစပိုင်းတုန်းကတော့ ဝိညာဉ်အကြွင်းအကျန် တွေလိုပဲ ပြုမူကြတယ်... တချို့က တိုက်ခိုက်ပေမယ့် တချို့က ဥမင်လှိုဏ်ခေါင်းတွေထဲ ပြန်တက်သွားကြတယ်၊ ဒါမှမဟုတ် ထိုင်နေကြတယ်၊ တိမ်တွေကို ရေတွက်နေကြတယ်၊ အဲဒီလိုမျိုးတွေပေါ့... အခုကျတော့ သူတို့အားလုံးက သွေးဆာနေကြတယ်..."

ကျင်းလုံသည် ထပ်မံရှင်းပြမည့်အချိန်ကို စောင့်ဆိုင်းရင်း သူ့အား စိုက်ကြည့်နေလိုက်သည်။ မျက်နှာဖုံးစွပ်ထားသော သူ၏ မျက်နှာသည် အချို့လူများကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အမှန်တကယ်တော့ လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်းပင်။ သို့သော် သူသာ မျက်နှာဖုံး မပါဘဲ လျှောက်သွားနေမည်ဆိုပါက သူတို့ တုံ့ပြန်ကြမည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယင်းမှာ ဘာမှမဟုတ်ပေ။ တန်အား ကြီးမားကျယ်ပြန့်သော အပြုံးကြီးတစ်ခု ပြုံးပြလိုက်ရန် သူ စဉ်းစားနေမိသည်။

“သတ္တုတွင်းလုပ်သားတွေက အထဲကို ပြန်မဝင်ချင်ကြဘူး..."

နောက်ဆုံးတွင် တန်က ပြောလိုက်သည်။

"မနေ့ညက ဝိညာဉ်အကြွင်းအကျန်တွေက သူတို့ကို ဝင်ခုတ်ကြလို့ ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့ထက်မက ဆုံးရှုံးခဲ့ရတယ်... အခု သူတို့ ကျွန်တော်တို့ စကားကို နားမထောင်ကြတော့ဘူး... အကျယ်လောင်ဆုံး အော်နေတဲ့ တစ်ယောက်ကို ရွေးပြီး သူတို့ရှေ့မှာတင် လှံနဲ့ ထိုးသတ်ပြလိုက်တယ်၊ သူ သေသွားတာကို ကြည့်ခိုင်းလိုက်တယ်... အဲဒါတောင် သူတို့ ဥမင်ထဲကို မဝင်ကြဘူး..."

ကျင်းလုံသည် သူ၏ လှံကို မြှောက်ကိုင်လိုက်သည်။

"ငါ သဘောပေါက်ပြီ..."

"ကျွန်တော်တို့ သူတို့ကို အတင်းတွန်းသွင်းလို့တော့ ရတယ်၊ ဒါပေမယ့် သူတို့ကို ဘယ်လို အလုပ်လုပ်ခိုင်းရမလဲ မသိဘူး..."

"မရဘူး..."

ကျင်းလုံ က ပြောလိုက်သည်။

"မင်းတို့ လုပ်နိုင်မှာ မဟုတ်ဘူး..."

သူသည် လက်တစ်ဖက်တွင် လက်နက်ကို ကိုင်ဆောင်လျက် ရှေ့သို့ လျှောက်သွားလိုက်သည်။ လမ်းလျှောက်နေစဉ် သံမဏိလှံထိပ်ဖျားသို့ ကြယ်ရောင်လှံ မာဒြာ များကို စုစည်းလိုက်သည်။

ကျင်းလုံ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပိုမိုများပြားသော မျက်လုံးများက သူ့ထံသို့ လှည့်လာကြသည်။ ဆူပူအုံကြွနေသော သတ္တုတွင်းလုပ်သားများနှင့် အထိန်းအကွပ်မဲ့နေသော သဲမြွေပွေး အစောင့်များအားလုံး၏ မျက်လုံးများပင်...။

***

အပိုင်း(၁၂၀)

ကျင်းလုံ လှောင်ချိုင့်တန်း၏ အလယ်သို့ ရောက်ချိန်တွင်မူ ဆူညံသံများ ငြိမ်သက်သွားလေပြီ။ လူပြည့်ကျပ်နေသော ဤစခန်းတွင် ယင်းမှာ တိတ်ဆိတ်ခြင်းဟုပင် သတ်မှတ်၍ ရနိုင်ပေသည်။

"ကိုယ် ထိန်းသိမ်းထားနိုင်သမျှ အရာအားလုံးကို ယူဆောင်ခွင့်ရှိတယ်..."

ကျင်းလုံ က ကြေညာလိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း လှောင်ချိုင့်တိုင်းဆီသို့ ပျံ့လွင့်သွားလေသည်။

"ဒါက လူသူကင်းမဲ့တဲ့ တောရိုင်းမြေ ရဲ့ ဥပဒေပဲ... သဲမြွေပွေးတွေက မင်းတို့ကို ဖမ်းခေါ်လာတာ အကြွေးမဆပ်နိုင်လို့၊ ဒါမှမဟုတ် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့လို့၊ ဒါမှမဟုတ်လည်း ငါတို့ကို စိန်ခေါ်ပြီး ကျရှုံးသွားလို့ပဲ... အကြောင်းပြချက် အမျိုးမျိုး ရှိပေမယ့် အဓိကကတော့ မင်းတို့က အရမ်းအားနည်းနေလို့ပဲ... မင်းတို့ထဲက တစ်ယောက်ယောက်က ဒီအမှန်တရားကို ငြင်းဆန်ရဲသလား..."

ဒေါသတကြီး တုံ့ပြန်လိုက်သော အသံအချို့ ထွက်ပေါ်လာသည်။

"မင်းတို့ မကျေနပ်ရင်၊ မင်းတို့ရဲ့ အားနည်းချက်ကြောင့် မဟုတ်ဘဲ ကံမကောင်းလို့ ဒီလိုဖြစ်ရတာလို့ ယုံကြည်ရင်... အဲဒါကို သက်သေပြဖို့ အခွင့်အရေး တစ်ခု ငါပေးမယ်..."

ကျင်းလုံ သည် သူ၏ လှံရိုးကို မြေကြီးထဲသို့ စိုက်ချလိုက်ပြီး လှံထိပ်ဖျားကို သူ့ မျက်လုံးများဘေးတွင် မီးရှူးတိုင်တစ်ခုကဲ့သို့ တောက်ပနေစေလိုက်သည်။

"ရှေ့ကို ထွက်လာခဲ့၊ မင်းတို့ရဲ့ လည်ပတ်ကို ငါ ဖြုတ်ခိုင်းမယ်... မင်းတို့က ကျင့်ကြံသူ တစ်ယောက်လိုမျိုး ဂုဏ်သိက္ခာရှိရှိနဲ့ ငါ့ကို ရင်ဆိုင်ရမယ်၊ ပြီးတော့ မင်းတို့ရဲ့ စွမ်းအားကို ငါ့ကို ပြသရမယ်..."

ဤစကားကြောင့် အသံအများစု တိတ်ဆိတ်သွားသော်လည်း တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦး ရှေ့သို့ ထွက်လာသည်။ သူ၏ ပခုံးအကျယ်မှာ ကျင်းလုံ ထက် နှစ်ဆခန့် ကျယ်ဝန်းပြီး သူ၏ ကြွက်သားထစ်နေသော လည်ပင်းသည် တင်းကျပ်နေသည့် လည်ပတ်ကို ဖိကပ်ရုန်းကန်နေသည်။

"အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်ယောက်ကို ရင်ဆိုင်ဖို့တော့ ငါ့မှာ ယုံကြည်မှု ရှိတယ်..."

သူက အသံသြသြဖြင့် ပြောလိုက်သည်။

"မင်းတို့ရဲ့ ကိုယ်စားလှယ်အဖြစ် တစ်ယောက်ကို လွှတ်လိုက်၊ သူ့ကို ငါ ရင်ဆိုင်မယ်... အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို တိုက်ခိုက်ရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး..."

တူညီသော အဆင့်ရှိသူများအကြား တိုက်ခိုက်မှုကသာ တစ်စုံတစ်ရာကို သက်သေပြနိုင်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ကျင်းလုံ အတွက် သိုးများကို သတ်ဖြတ်နေသည်နှင့် တူနေပေမည်။ သူက တန်ကို လှမ်းကြည့်လိုက်သည်။

"သဲမြွေပွေးတန်... ဒီလူ့ရဲ့ လည်ပတ်ကို ဖြုတ်ပေးလိုက်..."

သဲမြွေပွေးက ထိုသို့ လုပ်ဆောင်ပေးလိုက်သည်။ အကျဉ်းသားကို စူးရဲစွာ ကြည့်ပြီး မလိုအပ်ဘဲ တွန်းထိုးလိုက်သေးသည်။

လူထွားကြီးကမူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ လက်များကို ဆန့်ထုတ်လိုက်သည်။ သူ ဖမ်းဆီးခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ၏ ခန္ဓာကိုယ်ထဲတွင် မာဒြာ များ အတားအဆီးမရှိ စီးဆင်းသွားသည်ကို ခံစားနေရသည်မှာ သေချာလှသည်။

"အခု အဲဒါကို ငါ့လည်ပင်းမှာ တပ်လိုက်..."

ကျင်းလုံ က သူ၏ ပြိုင်ဘက်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သဲမြွေပွေး တိုင်းက သူ့ကို အံ့သြတကြီး ကြည့်နေကြသည်။ တောင့်တင်းသော သတ္တုတွင်းလုပ်သားကြီးကလည်း ထိုနည်းတူပင် ဖြစ်သည်။

သဲမြွေပွေးတန်၏ ပါးစပ်မှာ ဟသွားလေသည်။

"အဆင့်မြင့် ရွှေအဆင့် ခင်ဗျာ... သူ့ကို ကျွန်တော် ရင်ဆိုင်တာ ပိုမကောင်းဘူးလား..."

ကျင်းလုံသည် သူ၏ အကြည့်ကို နေရာ မပြောင်း သကဲ့သို့ အသံနေအသံထားကိုလည်း မပြောင်းလဲဘဲ ပြောလိုက်သည်။

"မင်း ကိုယ်တိုင် လှောင်ချိုင့်ထဲ ရောက်သွားဖို့ အမှားတစ်ခုပဲ လိုတော့တယ်... မင်းအတွက် အလုံခြုံဆုံး လမ်းစဉ် ကတော့ ငါပြောတဲ့အချိန်မှာ ငါပြောတဲ့အတိုင်း တိတိကျကျ လုပ်ဖို့ပဲ... အခုကစပြီးပေါ့..."

တန်သည် ကပျာကယာဖြင့် ကျင်းလုံ ၏ လည်ပင်းတွင် လည်ပတ်ကို သွားရောက်တပ်ဆင်ပေးလိုက်လေသည်။ သူ၏ လှံမှ အလင်းရောင်သည် သိသိသာသာ မှိန်ကျသွားပြီး သူ့ အမြုတေ အတွင်းရှိ မာဒြာ စီးဆင်းမှုမှာလည်း တင်းကျပ်စွာ ဖိနှိပ်ခံလိုက်ရသည်။

လည်ပတ်၏ ကန့်သတ်ချက်သည် သူ၏ စွမ်းအားကို အဆင့်နိမ့် ရွှေအဆင့် အထိ လျှော့ချပစ်လိုက်ရုံမျှ ရိုးရှင်းသည်တော့ မဟုတ်ပေ။ ၎င်းသည် သူ့ကို နည်းလမ်းပေါင်းစုံဖြင့် ချည့်နဲ့သွားစေပြီး သူ ပိုင်ဆိုင်ထားသည့် သံမဏိ ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများနှင့် အခြေခံအကျဆုံး နည်းစနစ်များမှလွဲ၍ ဘာမျှ မကျန်တော့အောင် ပြုလုပ်ထားလေသည်။

"ဒီလူ နိုင်သွားရင် သူ သဲမြွေပွေး ဂိုဏ်း ကို ပေးစရာရှိတဲ့ အကြွေးတွေအားလုံး ကင်းလွတ်ခွင့် ရမယ်..."

ကျင်းလုံ က ပြောလိုက်သည်။

"သူ မနိုင်ခဲ့ရင်တော့ သူ့အသက်ကို ငါပိုင်တယ်၊ ငါသဘောရှိ လုပ်မယ်..."

လူထွားကြီးက သဘောတူညီကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရာ သဲမြွေပွေး တစ်ယောက်က သူ့အား လှံတစ်လက်ကို ကမ်းပေးလိုက်သည်။ သူသည် လှံရိုးတစ်လျှောက်ကို လက်ဖြင့် ပွတ်ဆွဲလိုက်ပြီး လက်နက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ချိန်ခွင်လျှာကို စမ်းသပ်ရင်း အသင့်အနေအထား ပြင်ထားလိုက်သည်။

ပြိုင်ဘက်ဖြစ်သူ အသင့်ဖြစ်ချိန်တွင် ကျင်းလုံ စတင်လှုပ်ရှားလိုက်သည်။

ရွှမ်း...

၎င်းသည် သန်းနှင့်ချီသော ထပ်ခါတလဲလဲ လေ့ကျင့်မှုများမှ ဖြစ်ပေါ်လာသည့် ရိုးရှင်းသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ပြီး အားနည်းနေသော ကြယ်ရောင်လှံ နည်းစနစ်၏ နောက်ဆုံး မီးပွားလေးများနှင့်အတူ တောက်ပနေသည်။ လူထွားကြီး၏ ရှောင်တိမ်းမှုမှာ ဆံခြည်တစ်မျှင်စာ လွဲချော်သွားပြီး သူ၏ ပြန်လည်တိုက်ခိုက်မှုမှာလည်း တစ်ကြိမ်မျှ နောက်ကျသွားခဲ့သည်။

ရွှစ်...

တောက်ပနေသော လှံထိပ်ဖျားသည် သူ၏ နှလုံးကို ဖောက်ထွင်းသွားပြီး အခြားတစ်ဖက်မှ ထွက်ပေါ်လာလေသည်။

လတ်လတ်ဆတ်ဆတ် ထောပတ်ကဲ့သို့ ဖြူဝါဝါ အရောင်ရှိသော ဝိညာဉ်အကြွင်းအကျန် တစ်ခုက ဂေါ်ပြားပုံသဏ္ဌာန် လက်နှစ်ဖက်ဖြင့် ထိုလူ၏ ခန္ဓာကိုယ်ထဲမှ ရုန်းထွက်လာချိန်တွင်ပင် ကျင်းလုံ သည် သူ၏ လက်နက်ကို ပြန်ဆွဲထုတ်လိုက်လေသည်။

ဝိညာဉ် အကြွင်းအကျန် တစ္ဆေသည် ပုံးတစ်ပုံးကဲ့သို့သော ခေါင်းကို စောင်းကာ အပျက်အစီးများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျင်းလုံ ထံမှ လေးကန်စွာဖြင့် ထွက်ခွာသွားလေသည်။ ၎င်းသည် လေထဲရှိ အော်ရာ များ၏ စီးဆင်းမှုနောက်သို့ လိုက်ပါသွားပြီး ဝင်ပေါက်၏ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။

လှောင်ချိုင့်များအတွင်းရှိ သတ္တုတွင်းလုပ်သားများမှာ ငြိမ်သက်နေကြလေသည်။

"မင်းတို့ရဲ့ အသက်တွေက ငါ့ကို ပိုင်တယ်..."

ကျင်းလုံ သည် အသံကို မမြှင့်ဘဲ ပြောလိုက်သည်။

"ဂိုဏ်းငါးခု မဟာမိတ်အဖွဲ့ လူစုကွဲသွားတဲ့အခါ သူတို့ကို ငါ အသုံးမလိုတော့ဘူး... မင်းတို့ လွတ်လပ်ခွင့်ရမယ်၊ ဘေးကင်းမယ်၊ အကြွေးတွေ ကင်းလွတ်ပြီး အိမ်ပြန်ဖို့ ထောက်ခံပေးမယ်... အဲဒီအချိန်ကျရင် အပျက်အစီးတွေထဲမှာ မင်းတို့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို အိပ်မက်တစ်ခုထက် မပိုဘူးလို့ မင်းတို့ မှတ်ယူလို့ရပြီ..."

ကျင်းလုံက လည်ပတ်ကို ပုတ်ပြလိုက်ရာ တန်က တုန်ယင်နေသော လက်များဖြင့် ဖြုတ်ပေးလိုက်သည်။

"အဲဒါက ငါ့ရဲ့ ဆန္ဒပဲ... မင်းတို့အတွက်တော့ အဲဒါ ဥပဒေပဲ... တခြား ရွေးချယ်စရာ မရှိဘူး... ထွက်ပြေးဖို့လမ်း မရှိဘူး... အပျက်အစီးတွေထဲမှာ မင်းတို့ သေဆုံးသွားမယ်ဆိုရင် အဲဒါဟာ မင်းတို့ကို ပထမဆုံး ဒီနေရာကို ခေါ်ဆောင်လာခဲ့တဲ့ အပြစ်အနာအဆာတစ်ခုတည်းကြောင့်ပဲ ဖြစ်လိမ့်မယ်... အဲဒါကတော့ မင်းတို့ရဲ့ ကိုယ်ပိုင် အားနည်းချက်ပဲ…”

ကျင်းလုံသည် လှည့်ထွက်သွားပြီး သူ့ နောက်သို့ လိုက်ခဲ့ရန် တန်အား လက်ဟန်ပြလိုက်သည်။

နောက်ကျောဘက်ရှိ လှောင်ချိုင့်များထဲမှ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

"သူတို့ မင်းနဲ့အတူ အပျက်အစီး တွေထဲကို လိုက်သွားကြလိမ့်မယ်၊ ဒါပေမယ့် ထွက်ပြေးမယ့်သူတွေကို စောင့်ကြည့်ထား... ထွက်ပြေးတဲ့သူ မှန်သမျှကို အစောင့်တွေလွှတ်ပြီး ပြန်ဖမ်းခိုင်း၊ သူတို့ကို မသတ်ပစ်နဲ့..."

တန်က အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။

"ကဲ ဒီနေ့ မင်း ဘာသင်ခန်းစာရလိုက်လဲ တန်..."

ထိုလူသည် ခလုတ်တိုက်မိမတတ်ဖြစ်သွားပြီးနောက် အမီလိုက်နိုင်ရန် ကပျာကယာ သွားလိုက်သည်။

"အဆင့်မြင့် ရွှေအဆင့် က ဘယ်လောက်တောင် အထင်ကြီးလေးစားစရာ ကောင်းသလဲဆိုတာပါပဲ... ခင်ဗျားရဲ့ နာမည်ကျော်ကြားမှုက ခင်ဗျားရဲ့ အစွမ်းအစအစစ်အမှန်ကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိပါဘူး..."

"ဒါကြောင့် ငါက မင်းကို ကြေးအဆင့် တစ်ယောက် ဖမ်းခိုင်းတဲ့အခါ..."

တန်သည် တံတွေးကို အသံကျယ်လောင်စွာ မျိုချလိုက်သည်။

"မင်း အခွင့်အရေးကို စောင့်ရမယ်..."

ကျင်းလုံက တန်အား စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း အသက်ကြီးလို့ သေသွားရင်တောင် မင်းရဲ့ တာဝန်ကျရာ နေရာမှာပဲ သေရမယ်... အဲဒီ ကြေးအဆင့် ထွက်လာတဲ့ အချိန်၊ ဒါမှမဟုတ် ဖစ်ရှာ က သူ့ကို တစ်ယောက်တည်း ထားတဲ့ အချိန်ရောက်တာနဲ့ သူ့ခေါင်းကို စွပ်ဖို့ အိတ်တစ်လုံး အသင့်ကိုင်ပြီး မင်း အဲဒီနေရာမှာ ရှိနေရမယ်... ပြီးတော့လေ တန်..."

သဲမြွေပွေးသည် ကျင်းလုံကို မျက်လုံးချင်းဆုံကြည့်နိုင်ရန် ကြိုးစားရင်း တုန်ယင်နေလေသည်။

"ဒါက ငါ့အတွက် အရေးမကြီးဘူး... ဒါက ငါ့ရဲ့ ဦးစားပေးစာရင်းမှာ အောက်ဆုံးကပဲ... ဒါပေမယ့် မင်းအတွက်တော့ အရမ်းကို အရေးကြီးသင့်တယ်..."

သဲမြွေပွေးတန်သည် ဒူးထောက်ချလိုက်ပြီး သူ၏ခေါင်း မြေကြီးနှင့် ထိသည်အထိ ဦးညွှတ်လိုက်လေတော့သည်။

All Chapters