အခန်း (၂၄၁၅-၂၄၁၆)
Vol. 173 Ch. 2415-2416
အပိုင်း(၂၄၁၅)
ဝေ့ဝူယင်သည် ထိုပုံရိပ်ကို အဝေးမှ စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်များထဲတွင် အရောင်ခုနစ်မျိုး အလင်းများ တောက်ပနေသည်။
အမှောင် ဟင်းလင်းပြင် အတွင်း မျောပါနေသော ပင်ပန်းနွမ်းနယ်ကာ ဒဏ်ရာရရှိထားသည့် ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် သည် တိတ်ဆိတ်လျက် ရှိနေ၏။ ညဉ့်ဦးယံ နိမိတ်ဖတ်သူများ အဖွဲ့ဝင် တစ်ဦး ဖြစ်သော်လည်း ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် သည် မထိမတို့ရသော သူတစ်ဦးတော့ မဟုတ်ပေ။ အထူးသဖြင့်... ဂလက်ဆီ၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် အထွတ်အထိပ် တည်ရှိမှုများ အတွက် ထိုအချက်က မှန်ကန်ပေသည်။
သူမကို တိုက်ခိုက်နေသော အထွတ်အထိပ် သူတော်စင် သည် ကံကြမ္မာဟောကိန်းများ၊ အထူးသဖြင့် နတ်ဆရာများကို ကိုင်တွယ်ဖြေရှင်းပေးသော ပြိုင်ဘက် အဖွဲ့အစည်းတစ်ခုမှ သူရဲကောင်း အရှင်သခင် တစ်ဦး ဖြစ်၏။ ထိုအဖွဲ့ကို လောကမျက်လုံး ဟု လူသိများကြသည်။ ထို အထွတ်အထိပ် သူတော်စင်သည် မျက်သုံးလုံး အရှင်သခင် ဖြစ်ပြီး အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီးဖြစ်သော ကောင်းကင်ငယ် တမန်တော် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သို့သော် ဘက်စုံ တိုက်ခိုက်ရေး စွမ်းအားတွင်မူ အခြေခံ မခိုင်မာသေးသော ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် ထက် အားနည်းနေပေသည်။
မည်သို့ပင် ဆိုစေကာမူ... မျက်သုံးလုံး အရှင်သခင်၏ တိုက်ခိုက်မှုကြောင့် ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် ၏ နှစ်သောင်းနှင့်ချီသော အားထုတ်မှုများ အလဟဿ ဖြစ်သွားခဲ့ရ၏။ မျက်သုံးလုံး အရှင်သခင် အတွက်မူ သူမ၏ ခိုင်မာပြီးဖြစ်သော ကျင့်ကြံခြင်း အခြေခံကြောင့် ပို၍ လွယ်ကူစွာ ပြန်လည် နာလန်ထူနိုင်ပေသည်။
သူတို့နှစ်ဦး ယခုကဲ့သို့ ထိပ်တိုက်တွေ့ဆုံခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ မျက်သုံးလုံး အရှင်သခင်သည် ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် ထွက်ပေါ်လာဝံ့သည့် အချိန်တိုင်း၌ ရာစုနှစ်ပေါင်းများစွာ ကြာအောင် အားထုတ်ထားမှုများကို အလဟဿဖြစ်စေရန် မကြာခဏ ဖိအားပေးလေ့ရှိ၏။ အကယ်၍ ဝေ့ဝူယင် နှင့် ပတ်သက်နေသည့် လောလောလတ်လတ် ဖြစ်ရပ်များသာ မရှိခဲ့လျှင် သူမက ချက်ချင်း တိုက်ခိုက်ခဲ့မည် ဖြစ်သည်။
မျက်သုံးလုံး အရှင်သခင် နှင့် ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် တို့သည် သူတို့၏ ချီစွမ်းအင် အတက်အကျများကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားကြောင်း ဝေ့ဝူယင် သိရှိထား၏။ ထို့ကြောင့် တိုက်ပွဲ၏ ဂယက်များသည် ဟင်းလင်းပြင် လေပွေ အထိ မရောက်ရှိလာခဲ့ပေ။ မည်သို့ပင်ဖြစ်စေ စူးဟောင်ရန် ကလည်း ထိုဂယက်များကို သူ၏အနီးသို့ ရောက်လာခွင့် ပြုမည်မဟုတ်ပေ။
"နားလည်ပြီ..."
ဝေ့ဝူယင် က ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်၏။
သူသည် ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ စကားနည်းသော ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် ကလည်း ခေါင်းညိတ်၍ ပြန်လည် တုံ့ပြန်လိုက်၏။ ထို့နောက် မျက်သုံးလုံး အရှင်သခင် ကို တစ်ချက် လှမ်းကြည့်ပြီး ပျောက်ကွယ်သွားလေသည်။ သူသည် စူးဟောင်ရန် ဘက်သို့ လှည့်ကြည့်လိုက်သောအခါ စူးရှသော အကြည့်တစ်ချက်နှင့်အတူ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို လက်ခံရရှိလိုက်၏။
"ဒီလောက်ဆို တန်ပါပြီဗျာ... ဟားဟား..."
စူးဟောင်ရန်က ရယ်မောလိုက်ပြီး သူတော်စင် နိုးထခြင်း လျှို့ဝှက်အရှင် သင်္ကေတများ ပါဝင်သော သူတော်စင် နိုးထခြင်း ဆေးရည် သုံးပုလင်းကို လူပုံအလယ်တွင် ပွင့်လင်းစွာ ပြသလိုက်လေသည်။ ထို့နောက် သူလည်း ပျောက်ကွယ်သွားခဲ့၏။
စူးဟောင်ရန်သည် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို အတွက် ဓမ္မစောင့်ရှောက်သူ အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း လူတိုင်း ချက်ချင်း နားလည်သွားကြသည်။ ထိုလုပ်ရပ်က အလွန် ရက်ရောသော သဘောတူညီမှုတစ်ခု ဖြစ်ကြောင်းလည်း သိလိုက်ကြ၏။ ဂလက်ဆီ အတွင်းရှိ အစစ်အမှန် သူတော်စင်များ နှင့် ဉာဏ်အလင်းရ သူတော်စင်များ ၏ မျက်လုံးများထဲတွင် မနာလိုမှုများ ပြင်းထန်စွာ တောက်လောင်လာခဲ့လေသည်။
ဝေ့ဝူယင် သည် ပတ်ဝန်းကျင်ရှိ သူတော်စင်များ အားလုံးကို အကဲခတ်ကြည့်ရှုရင်း ပိုင်လင် ၏ အမွေးအတောင်များကို ယုယစွာ ပွတ်သပ်ပေးလိုက်၏။
"သူက ပိုင်လင် ပါ... ကောင်းကင်ယံက ကျွန်တော့်ရဲ့ လက်တွဲဖော်ပဲ..."
ဂရီး...
ပိုင်လင် က ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်၏။ ဂလက်ဆီ ၏ အထက်တန်းလွှာဆိုသူများကို သူမက လွှမ်းမိုးနိုင်စွမ်းရှိသော အကြည့်ဖြင့် တိုက်ရိုက် ကြည့်ရှုလိုက်သည်။ သူမ၏ ရွှေနီရောင် မီးတောက်များသည် ငွေရောင် အရိပ်အယောင် အနည်းငယ် ပါဝင်သော ရွှေစင်ရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ ကြီးမားကျယ်ပြန့်သော ရွှေရောင် ကားချပ်ကြီးတစ်ခုသဖွယ် ဖြစ်နေသည့် သူမ၏ မီးတောက်များထဲတွင် ကြယ်လေးများကဲ့သို့ တောက်ပနေလေသည်။ သူမ၏ တည်ရှိမှု၌ လုံးဝ ပြီးပြည့်စုံသော အာဏာရှင် ဂုဏ်သတ္တိများ ပါဝင်နေပေသည်။
"ပိုင်လင်ရဲ့ ကျင့်ကြံခြင်း တိုးတက်မှု အောင်ပွဲ အထိမ်းအမှတ် အနေနဲ့ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်ရဲ့ လက်အောက်မှာ ကျင်းပမယ့် နှစ်တစ်ထောင် ပြိုင်ပွဲတစ်ခုကို ကျွန်တော် ကြေညာချင်ပါတယ်... အဲဒါကတော့ ဖီးနစ် ခြေချခြင်း ပြိုင်ပွဲ ပါပဲ... ဒီပြိုင်ပွဲက တစ်ပိုင်း သေမျိုး သခင် အဆင့် နဲ့ အဲဒီအောက်က လူတွေအတွက် ဖြစ်ပြီး အသက်အရွယ် ကန့်သတ်ချက် ရှိပါမယ်... ပြိုင်ပွဲမှာ အနိုင်ရရှိသူက ကိုယ်တိုင်အတွက် ဖြစ်စေ၊ အဖွဲ့အစည်းအတွက် ဖြစ်စေ အခြား အရင်းအမြစ်တွေအပြင် အထွတ်အထိပ် အရည်အသွေး ရှိတဲ့ သူတော်စင် နိုးထခြင်း ဆေးရည် တစ်ပုလင်းကို ရရှိမှာပါ..."
"ဘာလဲ..."
"လူငယ်တွေအတွက် ပြိုင်ပွဲလား..."
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ သမိုင်းကြောင်းတွင် မေ့ဖျောက်၍မရသော သူတို့၏ ပေါင်းစည်းမှုကို အမှတ်အသား ပြုလုပ်လိုက်ရင်း ဝေ့ဝူယင် နှင့် ပိုင်လင် တို့ ပြုံးလိုက်ကြလေသည်။
...
ဖီးနစ် ခြေချခြင်း ပြိုင်ပွဲ...
ဖီးနစ် ခြေချခြင်း ပြိုင်ပွဲကို အတည်ပြု သတ်မှတ်လိုက်ပြီ ဖြစ်၏။ မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု ကလည်း လိမ္မာပါးနပ်စွာ တိတ်ဆိတ်နေခြင်းဖြင့် တိုက်ရိုက် ထောက်ခံပေးခဲ့ကြသည်။ တောက်ပသော ကြယ်တာရာ နန်းဆောင်သည် ပထမအကြိမ် ပြိုင်ပွဲအတွက် အဓိက စီစဉ်သူ အဖြစ် တာဝန်ယူရန် တင်ဒါ အောင်မြင်ခဲ့လေသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွက် လူငယ်များ၏ အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်မည့် ခမ်းနားသော ပြိုင်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့မည် ဖြစ်၏။
ထိုအချိန်တွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းကာ သတ်မှတ်ထားသော လမ်းကြောင်းမရှိဘဲ လွတ်လပ်စွာ ဝဲပျံနေကြသော လူငယ်တစ်ဦးနှင့် ငှက်ငယ်တစ်ကောင် ရှိလေသည်။ သူတို့၏ သီးသန့် အထီးကျန်နေသော နယ်မြေလေးအတွင်း၌ ရယ်မောသံများနှင့် သက်ပြင်းချသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
"ဟီးဟီး... ဟုတ်တယ်... သူတို့ တကယ် မသိကြဘူး..."
ဝေ့ဝူယင်က ဆိုးသွမ်းစွာ ပြုံးလိုက်ရင်း ပိုင်လင် ၏ နူးညံ့သော ဝမ်းဗိုက်ပေါ်တွင် မှီချလိုက်၏။ ပိုင်လင် ကလည်း သူမ၏ ကျွမ်းကျင်သော ပျံသန်းမှု နည်းစနစ်ကို အသုံးပြုကာ အပျက်အစီး မန်နာ များနှင့် ဟင်းလင်းပြင် ကို လေနှင့် ရေကဲ့သို့ အသုံးချ၍ ပျံသန်းနေလေသည်။
"အဲဒီတော့ လုံးဝကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူးပေါ့... တကယ်လား... ဝိုး..."
ပိုင်လင်က အနည်းငယ် အံ့သြစွာဖြင့် ရေရွတ်လိုက်ချိန်တွင် ဝေ့ဝူယင် က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့် ဒါမှမဟုတ် အသက်အရွယ်ကို ဖုံးကွယ်ဖို့ ငါ မကြိုးစားတော့ဘူး... ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး... ငါ့ရဲ့ တည်ရှိမှုနဲ့ ငါရွေးချယ်ထားတဲ့ လမ်းစဉ်က သာမန် ယုတ္တိကို ဆန့်ကျင်နေတဲ့ ပဟေဋ္ဌိတစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ကို ငါ လက်ခံထားတာ ကြာပါပြီ... ဒါကြောင့် အပြင်ဘက်ကို လျှောက်တွေးနေမယ့်အစား ငါသိထားတဲ့ အသိပညာထဲမှာပဲ အကြောင်းပြချက် ရှာတာက ပိုကောင်းပါတယ်..."
လူတိုင်းနီးပါး လျစ်လျူရှုထားသော သူ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း သဘာဝလွန် အဖြစ်အပျက်ကို ဝေ့ဝူယင် က ပခုံးတွန့်ကာ ရှင်းပြလိုက်လေသည်။
"နားလည်ပါပြီလေ..."
ပိုင်လင် က ခေါင်းခါလိုက်၏။ သူမ ထွက်သွားသည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း ထိုကာလအတွင်း ဝေ့ဝူယင် သည် ကြီးထွားလာခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ပေသည်။ စုမေ့ကို ခြိမ်းခြောက်ခဲ့သော အရာ၊ ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၊ သို့မဟုတ် လုံရှီယာ တို့ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ဝေ့ဝူယင်နှင့်အတူ ယှဉ်တွဲ၍ သူမ မတိုက်ခိုက်နိုင်ခဲ့ပေ။ သူမ၏ အသွင်ပြောင်းခြင်းက အချိန်အခါ မသင့်စွာ ရောက်ရှိလာခဲ့ခြင်းအပေါ် သူမ နောင်တရမိလေသည်။
ကံကောင်းထောက်မစွာဖြင့် ဝေ့ဝူယင်သည် သူမထံသို့ သူ၏ မှတ်ဉာဏ်များကို အတားအဆီးမရှိ ပေးပို့ခဲ့၏။ အစစ်အမှန်-နိဗာန ဒွန်တွဲခြင်း ကျင့်စဉ် ကို ကျင့်ကြံပြီးနောက် ပိုင်လင်၏ ရုပ်ခန္ဓာနှင့် သွေးမျိုးဆက် သည် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ ဂုဏ်သတ္တိများနှင့် သွေးမျိုးဆက် အတွင်းရှိ ဟင်းလင်းပြင် တာအို ၏ အရိပ်အယောင်များကို ရရှိခဲ့လေသည်။ ဤအပြောင်းအလဲက အတွေးများနှင့် မှတ်ဉာဏ်များကို အလွယ်တကူ ဖလှယ်နိုင်စေခဲ့၏။
သူတို့၏ သဟဇာတဖြစ်မှုမှာ ငြင်းဆန်၍ မရနိုင်ပေ။ သူတို့၏ နှလုံးခုန်သံများပင် အပြည့်အဝ စည်းချက်ကျနေလေသည်။ နှလုံးခုန်သံများ၏ စည်းချက်ကျသော အသံက သူတို့ နှစ်ဦးစလုံးကို သာယာမူးယစ်စေ၏။ သွေး၊ စိတ်ဝိညာဉ် နှင့် ဝိညာဉ် တို့၏ ပြီးပြည့်စုံသော တစ်သားတည်းဖြစ်မှုမှ ရရှိလာသည့် ပြိုင်ဘက်ကင်းသော ခံစားချက်ကြောင့် နှစ်သိမ့်မှု၊ နွေးထွေးမှု၊ ရင်းနှီးမှုနှင့် ကျေနပ်မှုတို့ကို ခံစားသိရှိနိုင်လေသည်။
"သူတို့ကိုလည်း အပြစ်မတင်ရက်ပါဘူး..."
ပိုင်လင် က တီးတိုး ရေရွတ်လိုက်၏။
"နောက်ဆုံးတော့... နားလည်တဲ့လူ တစ်ယောက် တွေ့ပြီပဲ..."
ကောင်းကင်စစ်ဝိညာဉ်သည် ထူးဆန်းစွာပင် တက်ကြွနေခဲ့၏။ စကားပြောဖော်အသစ် တစ်ယောက်ကို တွေ့ရှိပြီးနောက် ပိုင်လင် နှင့် စကားပြောဆိုရာတွင် မည်သည့်အရာကိုမျှ သူမ ချန်လှပ်မထားတော့ပေ။
"အသက် တစ်ရာ မတိုင်ခင်ကတည်းက လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်ခဲ့တာ... အခု အသက် ၁၅၀ တောင် မပြည့်သေးဘဲ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်နေပြန်ပြီ... အထွတ်အထိပ် တည်ရှိမှုတွေ ကို တိုက်ခိုက်နိုင်တဲ့ သူ့ရဲ့ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း အခြေခံကိုတော့ စကားတောင် မစနဲ့တော့..."
"ပြီးတော့... ပိုင်လင်... ဒီလူက နေကြယ်တွေ အတွက် ဖီဆန် အရွယ်အစားကို ဖန်တီးပြီး ကျင့်ကြံခြင်းရဲ့ သဘောသဘာဝနဲ့ စည်းမျဉ်းတွေကို လုံးဝ ပြောင်းလဲရေးဆွဲလိုက်တာပဲ... ဖီဆန်လေးက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်း နားလည်လား... သူ ဘယ်လောက် ကြီးလဲဆိုတာ မင်း သိလား..."
"နောက်ပြီး သူက သာမန် သေမျိုး တစ်ယောက်အနေနဲ့ မိန်းကလေး တစ်ယောက်အတွက် ခန့်မှန်းလို့မရတဲ့ တည်ရှိမှုကြီး တစ်ခုကို တိုက်ခိုက်ခဲ့တာ... ပြီးတော့... ပြီးတော့... ဂလက်ဆီ တွေနဲ့ ပြိုင်ဘက်ကင်း အလှလေးတွေကို သိမ်းပိုက်ဖို့ စတင်ခဲ့တယ်... ငယ်ရွယ်တဲ့ နတ်ဘုရားတစ်ပါးလို ပြိုင်ဘက်ကင်းတဲ့ ဟန်ပန်နဲ့ လောကကြီးထဲကို ဖြတ်သန်းသွားလာခဲ့တာလေ... ငါတော့... ဟူး..."
ကောင်းကင်စစ်ဝိညာဉ်သည် သူမ၏ တစ်သက်တာတွင် ကြုံတွေ့နေရသော တုန်လှုပ်ချောက်ချားမှုများကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိတော့ပေ။
ဝေ့ဝူယင် နှင့် စတင်တွေ့ဆုံချိန်မှစ၍ ဤလူသည် သူမ၏ နားလည်နိုင်စွမ်းများကို အကြိမ်ကြိမ် မပျက်မကွက် ဖီဆန်ခဲ့၏။ ယခုအချိန်အထိ ခရီးစဉ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင်၊ ဖော်ပြ၍ မရနိုင်လောက်အောင် အတိုင်းအတာများရှိသည့် ယုံကြည်နိုင်ဖွယ် မရှိသော မော်ကွန်းကဗျာ တစ်ပုဒ်ပင် ဖြစ်သည်။ မည်သည့် စကားလုံးများနှင့်မျှ ထိုအရာများကို ပြည့်စုံအောင် ဖော်ပြနိုင်မည် မဟုတ်ပေ။
ကောင်းကင်စစ်ဝိညာဉ်၏ တုန်လှုပ်ချောက်ချားစွာ အော်ဟစ်ပေါက်ကွဲမှုများကို ကြားပြီးနောက် ပိုင်လင် က ရယ်မောလိုက်လေသည်။
ဝေ့ဝူယင်ကတော့ ဘာမှမပြောပဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ထိုနှစ်ယောက်မှာ သူ ရင်ဆိုင်နေရသည့် အစစ်အမှန် စိန်ခေါ်မှုများကို မသိကြသေးချေ။ အထူးသဖြင့်... ငရဲ၏ ကပ်ဘေးကြီး ဆယ့်ရှစ်ထပ်...
ကောင်းကင်စစ်ဝိညာဉ်က လက်မြှောက်အရှုံးပေးလိုက်ကာ တီးတိုးရေရွတ်လိုက်၏။
"ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်... ဖီဆန်လေး... လျှို့ဝှက် ကြယ်တာရာ အဆင့်... အသက် နှစ်ရာအောက်..."
သူမသည် ဝေ့ဝူယင် ၏ အဓိပ္ပါယ်မဲ့လှသော အရာများအားလုံးကို ဆက်လက် ရေရွတ်နေခဲ့လေတော့သည်။
***
အပိုင်း(၂၄၁၆)
ဝေ့ဝူယင်သည် စိတ်အေးလက်အေး ခံစားလိုက်ရပြီး ရင်ထဲမှလှိုက်၍ ရယ်မောလိုက်၏။ သူသည် သူ၏ စိတ်ကို ခွဲခြားကာ ပိုင်လင် နှင့် စကားပြောရင်း ကျင့်ကြံခြင်း အခြေခံ အကြောင်းကို စတင် တွေးတောလိုက်သည်။
အဂ္ဂိရတ် တိုက်ပွဲ ကာလဖြစ်သော ဆယ့်ငါးနှစ်တာ အချိန်ကို အသုံးပြုကာ သူသည် ထုတ်ကုန်များကို တိတ်တဆိတ် သန့်စင်ခဲ့ပြီး ဝိညာဉ် တစ်ခုစီ၏ လွတ်လပ်သော ဖြစ်စဉ်မှတစ်ဆင့် ကျင့်ကြံခဲ့၏။ ထို့ကြောင့် ဝေ့ဝူယင်သည် လျှို့ဝှက် အာဏာရှင် အဆင့် ၏ ပထမဆုံး အဆင့်ဖြစ်သော လျှို့ဝှက် ကြယ်တာရာ အဆင့် သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ၏ အခြေခံအုတ်မြစ်ကို အထိရောက်ဆုံး မြှင့်တင်နိုင်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ဖီဆန်လေးလည်း ဝဖြိုးလာခဲ့၏။ ဝေ့ဝူယင်သည် များပြားလှသော ကုန်ကြမ်း ပမာဏများကို ၎င်းထံသို့ ပေးပို့ရန် မည်သည့်အခါမျှ တွန့်ဆုတ်မနေခဲ့ပေ။ ထို့ကြောင့် ၎င်းသည် မူလ အရွယ်အစားထက် လေးဆအထိ ကြီးထွားလာခဲ့လေသည်။
သို့သော်လည်း... ထို့နောက်တွင်တော့ ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖီဆန်လေး သည် တစ်စင်တီမီတာမျှ ထပ်မံ ကြီးထွားနိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် ဖီဆန်လေး နှင့် သက်ဆိုင်ခြင်း မဟုတ်ဘဲ ဝေ့ဝူယင်၏ ကိုယ်ပိုင် အသိစိတ် ပင်လယ် နှင့် စိတ်မျက်လုံး နယ်ပယ်တို့နှင့်သာ သက်ဆိုင်လေသည်။ ထို့အပြင် နောက်ထပ် ကြီးထွားမှုများသည် ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် နှင့် စိတ်မျက်လုံး ကို ဆိုးရွားစွာ တုန်လှုပ်သွားစေနိုင်ကြောင်း အလိုအလျောက် ခံစားသိရှိနေရ၏။
၎င်းက ဆက်လက် ကြီးထွားနိုင်သေးသော်လည်း သူ၏ စိတ်နှင့် ဝိညာဉ်က ထိုအရာကို မခံနိုင်တော့ခြင်းသာ ဖြစ်၏။ ၎င်းသည် သူ၏ ကန့်သတ်ချက် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အခြေခံကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။
လောကချည်နှောင် ကြယ်တာရာ နယ်မြေ တစ်ခု အနေဖြင့် ဖီဆန်လေးသည် စွမ်းအင်များ၏ အရင်းအမြစ် တစ်ခုနှင့် ကျင့်ကြံခြင်းကို အထောက်အကူပြုသော စွမ်းအားတစ်ခု ဖြစ်၏။ ၎င်း၏ သန့်စင်နိုင်စွမ်းကို ကျင့်ကြံခြင်း ဝိညာဉ် လေးကောင်က အသုံးချကာ ထုတ်ကုန်များနှင့် ကုန်ကြမ်းများကို ချေဖျက်သည့် နှုန်းကို အရှိန်မြှင့်တင်ပေးသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်း နှုန်းကို များစွာ တိုးတက်စေခဲ့လေသည်။
သို့တိုင်အောင်...
သို့တိုင်အောင်ပင် ဝေ့ဝူယင် အနေဖြင့် လျှို့ဝှက်လောက အဆင့် ထုတ်ကုန် အမြောက်အမြားကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် အခြေခံအုတ်မြစ်ကို အမြင့်ဆုံးသို့ ရောက်ရှိစေရန် ဆယ့်သုံးနှစ်တာ အချိန်ယူခဲ့ရလေသည်။ ၎င်းသည် သူ၏ အနာဂတ် လျှို့ဝှက် အာဏာရှင် အဆင့် တက်လှမ်းမှုများအတွက် အခြေခံအုတ်မြစ် ဖြစ်လာမည် ဖြစ်၏။ လျှို့ဝှက် ကြယ်တာရ ၏ အဓိက ရည်ရွယ်ချက်မှာ နားလည်သဘောပေါက်ခြင်းနှင့် အဆင့်တက်လှမ်းခြင်းကိုသာ အာရုံစိုက်သော လျှို့ဝှက် အဆင့်များ တွင် ပြင်းထန်စွာ လစ်ဟင်းနေသည့် သေမျိုး အဆင့်များ ၏ စုဆောင်းမှု ကဏ္ဍကို ပြန်လည် စတင်ရန်ပင် ဖြစ်လေသည်။
၎င်းသည် အထွတ်အထိပ် ပါရမီရှင်များ အားကိုးအားထားပြုသော နည်းလမ်းတစ်ခု ဖြစ်၏။ သေမျိုး တာအို နှင့် လျှို့ဝှက် တာအို တို့အကြား နောက်ဆုံး ဆက်သွယ်မှုကို အသုံးချကာ ပြိုင်ဘက်ကင်းသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်သည်။
အချို့က လျှို့ဝှက် ကြယ်တာရာ အဆင့် သို့ ရောက်ရှိနေသူများကို ကျရှုံးသူများအဖြစ် သတ်မှတ်ကြ၏။ ရှုထောင့်များစွာတွင် ၎င်းသည် လျှို့ဝှက် တာအို ကို နားလည်သဘောပေါက်ရန် ကျရှုံးခြင်း၏ လက္ခဏာတစ်ခု ဖြစ်ပေသည်။ သို့တိုင်အောင် သေမျိုး တာအို ၏ နောက်ဆုံး ကျန်ရစ်နေသော ကောင်းချီးများကို ရယူရန် ကြိုးစားနိုင်သူများအတွက်မူ ၎င်းသည် အစားထိုးမရနိုင်သော ထူးခြားသည့် အခွင့်အရေးတစ်ခု ဖြစ်လေသည်။
ကြယ်တစ်လုံး ဂလက်ဆီ ၏ အင်ပါယာ သုံးခုတွင်ဖြစ်စေ၊ သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် ဟု လူသိများသည့် ပိုမိုကြီးမားသော ဂလက်ဆီ လေးခုတွင်ဖြစ်စေ ပါရမီရှင်များ အားလုံးသည် ဤနည်းလမ်းကို အသုံးပြုကာ သူတို့၏ အခြေခံအုတ်မြစ်များကို တည်ဆောက်ခဲ့ကြ၏။
အကယ်၍ ကောင်းစွာ အသုံးချနိုင်ပါက မည်မျှအထိ စွမ်းဆောင်နိုင်မည် ဆိုသည်ကို စုရီ က အကောင်းဆုံး သက်သေပြနေပေသည်။ အထွတ်အထိပ် သူတော်စင် အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော လျှို့ဝှက်အရှင် တစ်ပါးသည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တစ်ခုလုံးတွင် မကြုံစဖူးသော ကိစ္စရပ်တစ်ခု ဖြစ်၏။ သူ ကိုယ်တိုင်မှလွဲ၍ အခြား မည်သူမျှ မရှိခဲ့ပေ။
အကယ်၍ ပျမ်းမျှ လျှို့ဝှက် ဝိညာဉ် တစ်ခု၏ စွမ်းအားကို ၁ ဟု သတ်မှတ်မည်ဆိုပါက တစ်ပိုင်း သေမျိုး သခင် အဆင့် သည် ၉ ဟု ယူဆနိုင်၏။ ထို့အပြင် အကယ်၍ ပျမ်းမျှ လျှို့ဝှက် ဝိညာဉ် သည် လျှို့ဝှက် ကြယ်တာရာတွင် သူတို့၏ အခြေခံအုတ်မြစ်ကို အမြင့်ဆုံးသို့ ရောက်ရှိစေမည်ဆိုပါက ၃ အထိ ရောက်ရှိနိုင်လေသည်။ ထို့နောက် တစ်ပိုင်း သေမျိုး သခင် အဆင့် သို့ ဝင်ရောက်သွားသောအခါ ဥပမာ နှစ်ခုစလုံးတွင် အရာအားလုံး တူညီနေမည်ဆိုပါက သူတို့၏ စွမ်းအားသည် ၂၇ အထိ ဖြစ်လာမည် ဖြစ်၏။
ဤအချက်က သာမန်နှင့် ထူးခြားသူများကို ခွဲခြားပေးလိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်သည် ယခင်က မကြုံစဖူးသော ကျင့်ကြံခြင်း လမ်းစဉ်မှတစ်ဆင့် သူ၏ ကျင့်ကြံခြင်း အခြေခံကို ခွဲဝေခြင်း၊ ချဲ့ထွင်ခြင်း၊ ထပ်မံ ခွဲဝေခြင်းနှင့် ချဲ့ထွင်ခြင်းတို့ကို ပြုလုပ်ပြီးနောက် ဤအရာကို အစွန်းရောက်အထိ တွန်းပို့ခဲ့လေသည်။ သူသည် လျှို့ဝှက် ဝိညာဉ် အဆင့် သို့ပင် မဝင်ရောက်ရသေးပေ။ သို့သော် သူ၏ စွမ်းအားကိုမူ တစ်သန်း အဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်၏။
ယခုအခါ... မည်သည့်အရာများ ဖြစ်လာမည်နည်း။
ဝေ့ဝူယင်သည် ရလဒ်ကို ခန့်မှန်းရုံသာ တတ်နိုင်ခဲ့၏။ သို့သော် အဂ္ဂိရတ် ပညာရှင်များ၏ တိုက်ပွဲ ကာလအတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်မှာ သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုတည်းတော့ မဟုတ်ပေ။ အစစ်အမှန်နဂါး သွေးမျိုးဆက် အတွင်း၌လည်း မှေးမှိန်သော အဖြူနှင့် အမည်းရောင် အစက်အပြောက်ငယ်များသည် အပြစ်အနာအဆာ ကင်းစင်စွာဖြင့် လှည့်ပတ်ပေါင်းစပ်နေကြသည်။ ၎င်းတို့က ကောင်းကင်နှင့် မြေကြီး၏ စီးဆင်းမှုကို လမ်းညွှန်နိုင်စွမ်းရှိသည့် အော်ရာ တစ်ခုကို ထုတ်လွှတ်ပေးနေသော ဘီးငယ်လေးများအဖြစ် ပုံဖော်ထားကြ၏။ ၎င်းသည် ပိုင်လင်၏ နိဗာန မီးတောက်၊ အစစ်အမှန် မွေးဖွားခြင်းမှ နက်ခရို စွမ်းအင် နှင့် စုရီ လူဝင်စားရန် အသုံးပြုခဲ့သော သံသရာ စက်ဝန်း တို့နှင့် ပေါင်းစပ်သွားခြင်း၏ လက္ခဏာတစ်ခုပင် ဖြစ်လေသည်။
နိဗာန ဖြစ်စေ၊ နက်ခရို ဖြစ်စေ... နှစ်ခုစလုံးသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း အသွင်အပြင်များကို ပုံဖော်ထားသော ထူးခြားသည့် ရည်ရွယ်ချက်များ ဖြစ်ကြ၏။ ၎င်းတို့ နှစ်ခုစလုံးတွင် ကျင့်ကြံသူများ အားကိုးအားထားပြုသော အချိန်ကာလကို နောက်ပြန်လှည့်သည့် စံသတ်မှတ်ချက် ရှင်ပြန်ထမြောက်ခြင်း နည်းလမ်းများထက် သာလွန်သော ရှင်ပြန်ထမြောက်ခြင်း ဂုဏ်သတ္တိများ ပါဝင်နေပေသည်။
ဤအပြောင်းအလဲမှ မည်သည့် စွမ်းရည်များ ထွက်ပေါ်လာမည်ကို သူ ကိုယ်တိုင်ပင် မသေချာခဲ့ပေ။ သူသည် သူ၏ သွေးမျိုးဆက်ကို သံသရာ ဟင်းလင်းပြင် အစစ်အမှန်နဂါး သွေးမျိုးဆက် ဟု အမည်ပြောင်းရကောင်း ပြောင်းရနိုင်လေသည်။ ထို့အပြင် သူ၏ လျှို့ဝှက် ဒဏ္ဍာရီ အမှတ်အသား သည်လည်း ဒုတိယအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။ ၎င်းက သူ့ကို စွမ်းရည်အသစ်များဖြင့် ကောင်းချီးပေးခဲ့သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ သံသရာ စက်ဝန်း နှင့် သက်ဆိုင်နေပြီး ထိုအရာကို အသုံးပြုရန် သူ ဝန်လေးနေခဲ့၏။
လျှို့ဝှက် ဒဏ္ဍာရီ အမှတ်အသားတွင် အဆင့် ခုနစ်ဆင့် ရှိ၏။ ထို့ကြောင့် ဒုတိယအဆင့်သို့ ရောက်ရှိခြင်းသည် အလွန် သိသာထင်ရှားသော တိုးတက်မှု ဖြစ်ပြီး သူ၏ ယခင် စွမ်းရည်များနှင့် စွမ်းအားများ အားလုံးကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ လူသားသဘာဝကို ဖိနှိပ်ခြင်းနှင့် မြင့်မြတ်သော စွမ်းအားကို နိုးကြားစေခြင်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များသည် အလွန်အကျွံ မဖြစ်ခဲ့ပေ။ အချို့သူများအတွက်မူ ၎င်းကို အလွန်အမင်း အကျိုးရှိသည်ဟုပင် ယူဆနိုင်၏။ အဘယ်ကြောင့်ဆိုသော် အပြောင်းအလဲ ဖြစ်ပေါ်သွားသော တစ်ခုတည်းသောအရာမှာ သူ၏ ယန် အမြစ် နှင့် ဆက်သွယ်နေသော မူလ ယန် အရင်းအမြစ် သာ ဖြစ်သောကြောင့်တည်း။
၎င်းမှာ...
"ဆရာ... ညစ်ညမ်းတဲ့ အရာ တစ်ခုခုကို တွေးနေတာလား..."
ပိုင်ရှု သည် ဘယ်ဆီကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုစကားကြောင့် သူ၏ စိတ်ထဲရှိ အတွေးများက သူ့ကို လည်ပင်းညှစ်လိုက်သကဲ့သို့ သူ ချက်ချင်း ချောင်းဆိုးသွားခဲ့သည်။ သူ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်အနည်းငယ် ယူလိုက်ရ၏။
"ဆရာ ဟုတ်လား..."
ဝေ့ဝူယင် သည် သူ၏ ရင်ဘတ်ပေါ်တွင် တောင်းပန်မှု ကင်းမဲ့စွာ ထိုင်နေသော ပိုင်ရှု လေးကို စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး အနေအထားမှာလည်း ခြေထောက်နှစ်ဖက်ကို ကားထားကာ အနည်းငယ် သံသယဖြစ်ဖွယ် ကောင်းနေပေသည်။ သူမသည် အပြစ်ကင်းစင်သူ တစ်ယောက်ကဲ့သို့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။
"ငါ တွေးနေတာက..."
ဝေ့ဝူယင် စကားတစ်ခွန်းခု ပြောရန် ပြင်လိုက်စဉ်မှာပင် ပိုင်ရှု ၏ ပုံစံကို သတိထားမိသွား၏။ သူမသည် တစ်ဝက်တစ်ပျက် အလင်းဖောက်ထွင်းနိုင်သော အနေအထား ဖြစ်နေသည်။
"မင်း အဆင်ပြေရဲ့လား... သာလွန်ခြင်း အဆင့် အမိန့်တော် ဆေးရည် ဖော်စပ်တုန်းက ဒဏ်ရာတွေ မပျောက်သေးဘူးလား..."
ပိုင်ရှု က မျက်တောင် ပုတ်ခတ်လိုက်၏။ ထို့နောက် အရွယ်အစားနှင့် အလင်းဖောက်ထွင်းနိုင်မှု အတိအကျ တူညီသော ဒုတိယမြောက် ပိုင်ရှု တစ်ယောက် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့၏ ဝတ်စုံသာ ဖြစ်၏။ ပိုင်ရှုက သေမျိုး မင်းသမီးလေး တစ်ပါးကဲ့သို့ ဝတ်ဆင်ထားသည်။ အခြား ပိုင်ရှု ကမူ လက်ရှည် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဦးထုပ်ကို တစ်ဝက်တစ်ပျက် ဆောင်းထားကာ သူမ၏ ခါးတွင် ကျောက်စိမ်း ခါးပတ်အထူ တစ်ခုကို ပတ်ထားလေသည်။
သူမသည် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
"ကျွန်မ အဆင်ပြေပါတယ်..."
ပိုင်ရှုက တက်ကြွစွာ အော်ပြောလိုက်၏။
"မမကြီး လည်း အဆင်ပြေပါတယ်... ကျွန်မတို့ရဲ့ ဝိညာဉ်တွေကို ညီမျှအောင် လုပ်နေတာမို့လို့ တည်ငြိမ်အောင် ဆက်လုပ်နေရတုန်းပဲ... လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံးတွေ ဖော်စပ်မှုကနေ ရလာတဲ့ အရည်ရွှမ်းတဲ့ အသန့်စင်ဆုံး မြူနှင်း အရည်က ကျွန်မတို့ကို အများကြီး အထောက်အကူ ဖြစ်စေတယ်..."
"အစားအသောက်ကြီးပဲ..."
အခြား ပိုင်ရှုက ညင်သာသော လေတက်သံလေးနှင့်အတူ ဖြည့်စွက်ပြောလိုက်၏။ ထိုအရာက အလွန်အမင်း ချစ်စရာ ကောင်းနေပေသည်။
ဝေ့ဝူယင် ၏ မျက်လုံးများ နူးညံ့သွား၏။ သာလွန်ခြင်း အရည်အသွေး ရှိသည့် လျှို့ဝှက်လောက ထုတ်ကုန် တစ်ခု ဖော်စပ်စဉ်ကပင် သူတို့ နှစ်ဦးစလုံး စွမ်းအင်ကုန်ခန်းကာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုသို့သော အခြေအနေတွင် သူတို့ကို သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသည့် လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန် တစ်ခု ဖော်စပ်ရန် အသုံးပြုခဲ့ခြင်းမှာ အလွန် ကြမ်းတမ်းလွန်းရာ ကျနေခဲ့၏။ သူ သတိမထားမိခဲ့သော်လည်း သူတို့သည် ထူးကဲစွာ တိုးတက်နေခဲ့ကြပေသည်။ အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး သည် လျှို့ဝှက်ကောင်းကင် အဆင့် ရတနာ တစ်ခုနှင့် မခြားနားတော့ပေ။