← Chapters

အခန်း (၂၄၁၇-၂၄၁၈)

Vol. 173 Ch. 2417-2418

အခန်း (၂၄၁၇-၂၄၁၈)

Vol. 173 Ch. 2417-2418

အပိုင်း(၂၄၁၇)

ပိုင်ရှု နှစ်ယောက်သည် တာအို ဝိညာဉ်များ အဖြစ် ကျင့်ကြံခြင်းတွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့သည်သာမက၊ သူ၏ မူလ ဆေဘာ ဝိညာဉ် ဖြစ်သော ဒြပ်စင် သည်လည်း သူ အလဲအလှယ် လုပ်ခဲ့သော နည်းလမ်းကို အားကိုးခြင်းဖြင့် စုရီ နှင့် မခြားနားစွာ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ တစ်သားတည်းဖြစ်ခြင်း အမတေကို သူ၏ အိုမီဂါ ဆေဘာ ဝိညာဉ် အလင်း ၊ အယ်လ်ဖာ ကမ္ဘာဦး ဝိညာဉ် အလင်း ၊ ပုံသဏ္ဌာန်မဲ့ မြင့်မြတ်ခြင်း ဝိညာဉ် အလင်း နှင့် အရင်းအမြစ် ခုနစ်ခု ဝိညာဉ် အလင်း တို့နှင့် ပေါင်းစပ်ကာ ဒြပ်စင် ကို သန့်စင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆင့်တက်ရန် ခုနစ်နှစ် အတိအကျသာ အချိန်ယူခဲ့ရလေသည်။ ထိုအချိန်မှစ၍ ဘုရင် နှင့် အိုရီ တို့က ၎င်းကို အချစ်ခံရသော ကလေးလေး တစ်ယောက်လို ပွေ့ဖက်ထားရင်း ၎င်း၏ အဆင့်ကို ခိုင်မာအောင် လုပ်ဆောင်နေခဲ့ကြ၏။

ထို့အပြင်... သူ၏ အရေးအကြီးဆုံးသော ပြင်ပ စွမ်းအားဖြစ်သည့် သာမည နှင့် အဓိက ဥပဒေသများ ကိုလည်း ချိတ်ပိတ်ထားခြင်းမှ ဖြေလျှော့ပေးခဲ့ပြီ ဖြစ်၏။ ဒြပ်စင်သည် ၎င်း၏ စွမ်းအားသစ်ဖြင့် ဆေဘာ၏ အဓိက ဥပဒေသများ ၊ ပျက်သုဉ်းခြင်း နှင့် အင်ပါယာ ဥပဒေသ တို့ကို ထိန်းချုပ်နိုင်ရန် အတွက် ဘုရင် ကို ကူညီပံ့ပိုးပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရင်သည်လည်း ၎င်း၏ စွမ်းအားများနှင့် အနည်းနှင့်အများ လိုက်လျောညီထွေ ဖြစ်လာခဲ့ပြီး အတိုင်းအတာတစ်ခုအထိ စည်းကမ်းတကျ ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

အချိန်သဲပွင့်များကို အသုံးပြု၍ ဝေ့ဝူယင် သည် သူ၏ မျိုးဗီဇပြောင်းလဲနေသော အချိန် သာမည ဥပဒေသ ကို အချိန် အဓိက ဥပဒေသ အဖြစ်သို့ ဖော်ပြ၍မရနိုင်လောက်အောင် လွယ်ကူစွာ မြှင့်တင်နိုင်ခဲ့၏။ အာကာသ သာမည ဥပဒေသသည်လည်း ၎င်းနှင့်အတူ တက်လှမ်းသွားခဲ့သည်။ ၎င်းတို့သည် သူ ကျင့်ကြံထားသော ဟင်းလင်းပြင် တာအို နှင့် ချိတ်ဆက်နေပုံရပြီး ဉာဏ်အလင်းကို အတူတကွ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေမည်။ သို့မဟုတ်ပါက မကြာသေးမီက စွန့်စားခန်းများအပြီးတွင် သူသည် သူ၏ အာကာသ သာမည ဥပဒေသ ကို အဆင့်မြှင့်တင်နိုင်ခဲ့သော်လည်း အချိန် သာမည ဥပဒေသ က ၎င်းကို ဆွဲထားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

အိုရီ၏ မူလ ဥပဒေသ တစ်ခုတည်းသာ သာမည အာဏာ အဆင့်တွင် ကျန်ရစ်နေခဲ့၏။ ထို့နောက်တွင်တော့ ၎င်းသည် ဖန်တီးခြင်း မျိုးစေ့ နှင့် အပြန်အလှန် သက်ရောက်မှု ရှိလာခဲ့သည်။ ၎င်း၏ စွမ်းအားနှင့် မွေးရာပါ ဂုဏ်သတ္တိ တစ်စွန်းတစ်စကို မူလ ဥပဒေသ က စုပ်ယူလိုက်ပြီးနောက် ချက်ချင်းပင် အဆင့်တက်လှမ်းသွားခဲ့လေသည်။ ထိုအရာက ဝေ့ဝူယင် ကို တုန်လှုပ်သွားစေခဲ့ပြီး အိုရီ ကမူ သုံးရက်တိုင်တိုင် အဆက်မပြတ် တခစ်ခစ် ရယ်မောနေခဲ့၏။

ဧဒင် နှင့် အိုရီ တို့သည် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ထိုလုပ်ရပ်ကို အကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဤသည်မှာ အစီအစဉ်တစ်ခု ဖြစ်ပုံရပေသည်။ ဖန်တီးခြင်း မျိုးစေ့ သည် အချိန်သဲပွင့်များ ကဲ့သို့ပင် မူလ ဥပဒေသ ကို အဓိက အာဏာ အဆင့်သို့ မြှင့်တင်ပေးနိုင်ကြောင်း သူတို့ အမြဲတမ်း သိနေခဲ့သလားဟု သူက မေးမြန်းခဲ့သည်။ ထိုအခါ သူရရှိခဲ့သည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ အလွန် ကောက်ကျစ်စဉ်းလဲသော အဖြေတစ်ခုသာ ဖြစ်လေသည်။

"မူလ ဥပဒေသ ရဲ့ မူကြမ်းက ဘယ်ကနေ စတင်ခဲ့တယ်လို့ ထင်လဲ..."

ထို့နောက် ထွက်ပေါ်လာသော အိုရီ ၏ ရယ်မောသံကြောင့် သူ၏ မျက်ခွံများ တုန်လှုပ်သွားခဲ့ရ၏။ ဤအချက်ကို သူ မသိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် အိုရီ ၏ ပါးစပ်မှ ထိုစကားကို ကြားလိုက်ရခြင်းက အကြောင်းပြချက် တစ်ခုခုကြောင့် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

ဧဒင်၏ နှစ်သိမ့်စကားများကသာ သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့၏။ ဖန်တီးခြင်း မျိုးစေ့ သည် ယခင်က လုံလောက်သော ရင့်ကျက်သည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း ဧဒင် က ရှင်းပြခဲ့သည်။ သို့သော် အတုအယောင် ဝိညာဉ် တန်ခိုးရှင် အဆင့် ကုန်ကြမ်းများကို ဖန်တီးပြီးနောက်တွင် ၎င်းသည် လိုက်လျောညီထွေဖြစ်ရန် ပေါက်ကွဲထွက်မတတ် ကြီးထွားလာခဲ့ခြင်း ဖြစ်ပေသည်။

ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများ အားလုံးသည် အဓိက အာဏာများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူ ပိုင်ဆိုင်ထားသည် လက်ရှိ ဝိညာဉ်စွမ်းအင်သည် ၎င်းတို့၏ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်ရန် မလုံလောက်သေးသော်လည်း ကျင့်ကြံခြင်း အဆင့်အနည်းငယ် တက်လှမ်းပြီးနောက်တွင် ထိုကောင်းကင် စွမ်းအားများကို ကိုင်တွယ်အသုံးပြုရာ၌ သိသိသာသာ ပိုမို လွယ်ကူလာလိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။

လောလောဆယ်တွင် သူသည် အင်အားအပြည့်အဝ ရှိနေပြီ ဖြစ်၏။

"အဲဒါကို ဘယ်တော့ သန့်စင်မှာလဲ..."

ကောင်းကင်စစ်ဝိညာဉ် က နူးညံ့သော လေသံဖြင့် မေးလိုက်၏။

"ဟီးဟီး... ဟား ဟား..."

ဒုတိယမြောက် ပိုင်ရှုလေးသည် ပိုင်လင် အပေါ်တွင် လူးလှိမ့်နေစဉ် ဝေ့ဝူယင် က သူမကို ကလိထိုးနေခဲ့၏။ ပိုင်ရှု ကလည်း ဝင်ရောက် ကူညီပေးနေပြီး သူတို့၏ မျက်နှာအမူအရာများသည် ရွှင်မြူးမှုများနှင့် ပြည့်နှက် နေခဲ့လေသည်။

ပိုင်လင်သည် အမှောင် ဟင်းလင်းပြင် ကို လှည့်ပတ်ပျံသန်းနေပြီး ထိုသုံးယောက်ကို ရွှင်မြူးစွာ စောင့်ကြည့်နေ၏။ သူမသည် ဤဆိုးသွမ်းသော လုပ်ရပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူ တစ်ဦးကဲ့သို့ ဖြစ်နေပေသည်။ ထို့ပြင် အေးချမ်းတည်ငြိမ်သော တာအို ဝိညာဉ်၏ တက်ကြွနေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် သူမ ကျေနပ်သွားခဲ့လေသည်။

"ဟင်... အဲ့တာလား... မကြာခင်ပါပဲ..."

ဝေ့ဝူယင် က ပေါ့ပေါ့ပါးပါးပင် ကတိပေးလိုက်၏။ သာလွန်ခြင်း အဆင့် အမိန့်တော် ဆေးရည် ကို ဖော်စပ်ပြီးကတည်းက သူမသည် အလွန် လောနေခဲ့သည်။ ဝေ့ဝူယင် က ပြုံးလိုက်၏။ စစ်ဥပဒေသ မျိုးစေ့ ကို ရရှိရန် အဂ္ဂိရတ် ထုတ်ကုန်များ အသုံးပြုမည့် အကြံအစည်ကို သူ ထုတ်ပြောခဲ့စဉ်က သုံးနှစ်ဟူသော အချိန်ကန့်သတ်ချက်အတွင်း သူ လုပ်နိုင်မည် မဟုတ်ဟု ထင်ကာ သူမက တိုက်ရိုက် ပယ်ချခဲ့ဖူးလေသည်။

သို့သော် ယခုတော့ သူတို့ လုပ်နိုင်ခဲ့ပြီ ဖြစ်၏။

အမိန့်တော် ဆေးရည် ပင်တည်း။

ကောင်းကင် စစ်ဝိညာဉ်ဘက်မှ ခုခံပြောဆိုရလျှင် သူ၏ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဆင့်သို့ ရောက်ရှိမှုသည် ကောင်းကင်ဘုံကိုပင် ဖီဆန်နေခဲ့၏။ ၎င်းသည် ဝေ့ဝူယင် ကိုယ်တိုင်ပင် ကြိုတင်မခန့်မှန်းနိုင်ခဲ့သော အကြောင်းရင်းများစွာအပေါ် မှီခိုနေခဲ့ရသည်။ ထို့အပြင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ကို သိမ်းပိုက်ပြီးနောက် စစ်ပွဲများ ဆင်နွှဲရန် အခွင့်အရေးများကို သူ အဆက်မပြတ် လက်လွတ်ခံခဲ့ရလေသည်။

ဝေ့ဝူယင်၏ မူလ အစီအစဉ်မှာ အမည်မဲ့ ဂလက်ဆီ သို့မဟုတ် ကောင်းကင်နှလုံးသား ဂလက်ဆီ သို့မဟုတ် အခြားသော သေးငယ်သည့် ဂလက်ဆီ တစ်ခုခုကို တိုက်ခိုက်ရန် တပ်မှူးတစ်ဦးအနေဖြင့် ဆောင်ရွက်ရန် ဖြစ်၏။ အဘိဿဲလ် မျိုးနွယ် နှင့် ဟင်းလင်းပြင် ယဇ်ပလ္လင်များ ကို သယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုကာ စစ်တာအို ကို ရရှိရန် ဖြစ်သည်။ သို့သော် သွေးထွက်သံယိုမှု အလွန်နည်းပါးသော အကြံအစည်များဖြင့်သာ သူက ၎င်းတို့ကို ဆက်တိုက် သိမ်းပိုက်နေခဲ့လေသည်။

အစတုန်းက ဝေ့ဝူယင်သည် သူနှင့် ယွီစွန်းလီ တို့၏ ဧည့်ခံပွဲတော်သို့ ဖိတ်ကြားထားသူ တစ်ဦးဦးကို အပြစ်ရှာကာ ဂလက်ဆီ စစ်ပွဲတစ်ခုအတွက် အကြောင်းပြချက်တစ်ခု အဖြစ် အသုံးပြုရန်ပင် စီစဉ်နေခဲ့သေး၏။ ဧည့်သည်များသည် သူတို့ ရှောင်လွှဲနိုင်ခဲ့သည့် ကြီးမားသော ကပ်ဘေးတစ်ခု၏ အန္တရာယ်များကို လုံးဝ မသိရှိခဲ့ကြပေ။ ကံဆိုးစွာပင် ဤအချက်က မကြာမီ မလွဲမသွေ ဖြစ်ပေါ်လာမည့် စစ်ပွဲအတွက် သူ၏ လေ့ကျင့်ရေး နည်းလမ်းများကိုပါ ဖယ်ရှားပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

သို့သော် သူ၏ အဓိက လမ်းစဉ်မှာ အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်၏။ ဥပဒေသ မျိုးစေ့ တစ်ခုကို ဖော်ထုတ်ရန် ထိုလမ်းကြောင်းအတိုင်း လိုက်ပါက မည်သည့်အခါမျှ လွယ်ကူမည် မဟုတ်ဘဲ ကျရှုံးနိုင်ခြေ အလွန် မြင့်မားပေသည်။ သူ၏ လက်ရှိ ဥပဒေသများ အားလုံးသည် သူ၏ ပြိုင်ဘက်ကင်းသော လမ်းစဉ်မှ ရရှိလာသည့် ရင်းနှီးကျွမ်းဝင်သော ဘေးထွက်ရလဒ်များသာ ဖြစ်၏။ အကယ်၍ သူသာ ဥပဒေသများ ၏ အယူအဆများကို အလွယ်တကူ နားလည်နိုင်မည်ဆိုပါက ယခုအချိန်တွင် ဥပဒေသ သုံးထောင်စလုံးကို ပိုင်ဆိုင်နေမည် ဖြစ်ပေသည်။

အမိန့် ဆေးရည် သည် လိုအပ်နေသော အဂ္ဂိရတ် ဖြေရှင်းချက် တစ်ခုဖြစ်ပြီး သာလွန်ခြင်းအဆင့် ပင် ဖြစ်၏။ ၎င်းကို သန့်စင်ပြီးနောက် မည်သည့်အရာများ ဖြစ်လာမည်ကို သူ သိချင်နေခဲ့လေသည်။

"ကောင်းပြီလေ..."

ကောင်းကင်စစ်ဝိညာဉ် သည် အလွန်အမင်း ချစ်စရာကောင်းသော အသံဖြင့် တစ်ဖန် နှုတ်ခမ်းဆူကာ ပြောလိုက်၏။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ သူက နှစ်သိမ့်ပေးလိုက်လေသည်။

"ငါ လျှို့ဝှက်ဝိညာဉ် အဆင့် ကို တက်လှမ်းပြီးတဲ့ နောက်မှာ လုပ်ကြတာပေါ့... အဲဒီအဆင့်ကို မရောက်ခင် ငါ လုပ်ရမယ့် ကိစ္စလေး တစ်ခု ရှိသေးတယ်..."

ဝေ့ဝူယင်၏ အကြည့်များသည် အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင် ကြီးကို ထိုးဖောက်သွားပြီး အမျိုးသမီး တစ်ဦးကို ရှာဖွေတွေ့ရှိသွား၏။ သူမ၌ မြင်ရသူ အမျိုးသမီး အများစုက မနာလိုဖြစ်ရပြီး၊ သွေးဆူနေသည့် ဆန့်ကျင်ဘက် လိင်အဖွဲ့ဝင် အားလုံးက တပ်မက်ကြသည့် တောင်တန်းကြီးများကဲ့သို့ ကြီးမားလှသော ကောက်ကြောင်းအလှ နှစ်ခု ရှိနေပေသည်။

ကပြားတစ်ယောက်၊ သားရဲတစ်ကောင်၊ မူလဝိညာဉ်တစ်ခု၊ လောကချည်နှောင် ကြယ်တာရာ တစ်ခု၊ တာအို ဝိညာဉ် သုံးခုနှင့် ကျင့်ကြံခြင်း ဝိညာဉ် လေးခုတို့သည် အတိတ်ကြောင်းများ ပြန်ပြောင်းပြောဆိုရင်း သို့မဟုတ် ကျပန်းအကြောင်းအရာများကို ဆွေးနွေးရင်း အနှောင့်အယှက်ကင်းသော ငြိမ်းချမ်းသည့် နာရီပေါင်းများစွာကို ဖြတ်သန်းခဲ့ကြ၏။ ထိုအချိန်နာရီများသည် ရယ်မောသံများ၊ နှုတ်ခမ်းဆူသံများနှင့် သက်တောင့်သက်သာ ရှိမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ကျရောက်လာမည့် အကျပ်အတည်း အရိပ်အယောင်များ၏ လွှမ်းမိုးမှု တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။

အကယ်၍ သူတို့၌သာ ရွေးချယ်ခွင့်ရှိမည်ဆိုပါက... အကြံအစည်များ၊ ပရိယာယ်များ၊ စစ်ပွဲများ၊ မုန်းတီးမှုများ ကင်းမဲ့နေသည် ဤစစ်မှန်သည့်အခိုက်အတန့်လေးကို ထာဝရ သိမ်းဆည်းထားချင်ပေသည်။ ကံမကောင်းစွာဖြင့် ဘဝဆိုသည်မှာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းရခြင်းပင် ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ လူများထဲတွင် ကောင်းကင် တာအိုများ၏ ကောင်းချီးပေးခံထားရသော အန်နီမာ ဝါးမြိုသူ သွေးမျိုးဆက် ပိုင်ရှင် လူငယ်လေးသည် ငရဲ ဟုသိကြသော အရိပ်ကြီး တစ်ခု၏ အနားမပေးသော လိုက်လံနှောင့်ယှက်မှုကို ခံနေရလေသည်။ ၎င်းက သူ၏ ပျော်ရွှင်မှု၊ ရောင့်ရဲမှုနှင့် ငြိမ်းချမ်းမှုတို့ကို ဂရုမစိုက်ဘဲ ချောင်းမြောင်းနေခဲ့၏။ သူ၏ ထူးခြားသော အရည်အသွေးများကိုလည်း လျစ်လျူရှုကာ တစ်ခဏတာ ပေါ့ဆမှုလေးကို အခွင့်ကောင်းယူ၍ သူ့ကို သုတ်သင်ရှင်းလင်းရန် ကြိုးစားနေခဲ့ပေသည်။

***

အပိုင်း(၂၄၁၈)

[ညာဘက် လက်မောင်း - မာန]

ကမ္မကံ တန်ဖိုး : ၂၆၈,၃၃၄.၄

ပထမ ကပ်ဘေး ရှင်သန်ခြင်း... (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)

စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)

ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၃၁ နှစ်)

...

[ဘယ်ဘက် လက်မောင်း - ရမ္မက်]

ကမ္မကံ တန်ဖိုး : ၂၆၈,၃၃၄.၄

ပထမ ကပ်ဘေး အောင်မြင်ခြင်း... (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)

စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)

ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၃၁ နှစ်)

...

'သုံးဆယ့်တစ်နှစ်...'

ပိုင်လင် တစ်ယောက် မူလအာရုဏ်ဦး နန်းတော် အိမ်ဂေဟာသစ် ဖြစ်သော ဗလာနယ်မြေ ဆီသို့ တည့်မတ်စွာ ပျံသန်းသွားချိန်တွင် ဝေ့ဝူယင် သည် သူ၏ ညောင်းညာနေသော လက်မောင်းများကို ဆန့်ထုတ်လိုက်၏။ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ သည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် အတွင်း၌ သူ ကျင့်ကြံရန်နှင့် အခြေချရန် ခမ်းနားသော စင်မြင့်တစ်ခု ဖြစ်ခဲ့ရုံမျှမကပေ။ ၎င်းက သူ၏ ပဉ္စမမြောက် ကပ်ဘေးကို ဆယ့်ခြောက်နှစ်ခန့် ပိုမို မြန်ဆန်လာစေရန် ဖိအားပေးခဲ့လေသည်။

သို့သော်... သူ ရွေးချယ်ထားသော ပါရဂွန် လမ်းစဉ်ကြောင့် သူ့ကိုယ်သူ တိုးတက်စေရန် နောက်တွန့်နေ၍ မရနိုင်ခဲ့ပေ။ အခြားသော အချိန်စီးကြောင်းများမှ ဝေ့ဝူယင်များ၏ ကျေနပ်ရောင့်ရဲနေသော ခြေရာများကို နင်းရန်လည်း သူက ငြင်းဆန်ခဲ့၏။ အသက်ရှင်နေထိုင်ရန် အခွင့်အရေးကို စွန့်လွှတ်ရန်အတွက်လည်း သူက ငြင်းဆန်ခဲ့လေသည်။ သူ၏ ရည်ရွယ်ချက်က အမှန်တကယ် ရှင်သန်ရန်ပင် ဖြစ်၏။

အကယ်၍ သူ၏ နိုးကြားနေသော အချိန်တိုင်းကို ငရဲကပ်ဘေးများမှ အသက်ရှင်လွတ်မြောက်ရေး အတွက် တွေးတောခြင်းဖြင့်သာ ကုန်ဆုံးစေမည်ဆိုပါက စုပုံလာသော စိတ်ဖိစီးမှုများသည် ပေါက်ကွဲထွက်မတတ် အဆင့်အထိ ရောက်ရှိသွားမည်ကို သူ သံသယ မရှိ သိရှိထားပေသည်။ ထိုအရာက သူ၏ စိတ်၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ကို ချောက်ကမ်းပါးစွန်းသို့ တွန်းပို့သွားမည် ဖြစ်၏။ မီလီစက္ကန့်လေး တစ်ခု ဆုံးရှုံးသွားမည်ကို အကြောက်လွန်ကာ ရှင်းလင်းပြတ်သားစွာ တွက်ချက်ခြင်း သို့မဟုတ် အကြံအစည်များ ရေးဆွဲခြင်း မပြုလုပ်နိုင်ဘဲ အမှားများ ပြုလုပ်မိရန် လွယ်ကူသွားမည် ဖြစ်လေသည်။

စက္ကန့်တိုင်းသည် သေမျိုး များ၏ အမြင်တွင် ရွှေစင်၏ တန်ဖိုးကဲ့သို့ အလွန်အမင်း တန်ဖိုးကြီးမားလာမည် ဖြစ်၏။

ဝေ့ဝူယင် သည် သူ၏ ကျင့်ကြံခြင်း နှလုံးသား ကို တစ်ဆင့်ချင်း တည်ဆောက်ရင်း ထိုသို့သော စိတ်ပိုင်းဆိုင်ရာ အချုပ်အနှောင်များမှ လွတ်မြောက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အသက်တစ်ကြိမ်ရှူချိန်တိုင်းကို ရည်မှန်းချက်တစ်ခုတည်းအတွက် အမြင့်ဆုံး အသုံးချရမည့်အစား အသက်ရှူလိုက်တိုင်း ကျေနပ်မှု ရရှိစေရန် သေချာအောင် လုပ်ဆောင်ခဲ့လေသည်။

မည်သို့ပင် ဆိုစေ... အသက်ရှင်ရကျိုးနပ်သော ဘဝတစ်ခုကို မနေထိုင်နိုင်ပါက အသေအလဲ ကျင့်ကြံခြင်း၊ တိုက်ခိုက်ခြင်းနှင့် ရှင်သန်ရန် ကြိုးစားခြင်းတို့၏ အဓိပ္ပါယ်က ဘာများရှိတော့မည်နည်း။

"ကျွန်တော်တို့ မမစွန်းလီဆီကို သွားကြမှာလား..."

ပိုင်လင်က စိတ်လှုပ်ရှားမှုများဖြင့် မေးလိုက်၏။

"မမ ဟုတ်လား..."

ဝေ့ဝူယင်၏ ဘယ်ဘက်မျက်ခုံး ပင့်တက်သွားလေသည်။

"ဘာဖြစ်လို့လဲ..."

ပိုင်လင်က ချက်ချင်း ပြန်မေးလိုက်၏။

"ဟားဟား... ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး..."

ဝေ့ဝူယင် က ထိုကိစ္စကို ပယ်ဖျက်လိုက်သည့်ဟန်ဖြင့် သူ၏ လက်များကို ဝှေ့ယမ်းပြလိုက်လေသည်။ ရှင်းလင်းနေသည့် အခေါ်အဝေါ် အပြောင်းအလဲကို သူက မည်သို့ သွား၍ ထောက်ပြနိုင်မည်နည်း။

မည်သို့ပင်ဖြစ်စေ... သူသည် သူ၏ လူသားသဘာဝကို ဖိနှိပ်ကာ အစစ်အမှန် နဂါး တစ်ကောင် ဖြစ်လာခဲ့ပြီး ငယ်ရွယ်သော မီးဖီးနစ် တစ်ကောင်၏ အပျိုစင်ဘဝကို ရယူခဲ့ပြီးပြီ ဖြစ်သောကြောင့် အခြား ပြောစရာ မရှိတော့ပေ။ ပိုင်လင် သည် သူ၏ဘေးတွင် သူမ၏ နေရာကို သတ်မှတ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။ ထိုအချက်မှာ ယွီစွန်းလီ အား သူမ ပေးထားသော အမည်နာမမှတစ်ဆင့် ရှင်းလင်းနေပေသည်။

"မမပဲဟာကို..."

ပိုင်လင် က အောင်ပွဲခံသည့်ဟန်ဖြင့် ခပ်ဆတ်ဆတ် ပြောလိုက်၏။ ထို့နောက် သူမ၏ လေသံက မှိုင်းညို့လာပြီး စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလေသည်။

"မမစွန်းလီက အမြဲတမ်း နည်းနည်း အေးစက်စက် နေတတ်တော့ ကျွန်တော့် အနေနဲ့ သူ့အတွက် စိတ်မပူဘဲ နေဖို့ ခက်တယ်... ကျွန်တော်တို့ရဲ့ အစီအစဉ် အလုပ်ဖြစ်ခဲ့ရဲ့လား..."

အတိတ်တုန်းက ယွီစွန်းလီသည် အစစ်အမှန် မွေးဖွားသူများ ထံတွင် ရာစုနှစ်ပေါင်းများစွာ ယန် စွမ်းအင်များ ထုတ်ယူကာ ကျင့်ကြံရန် ဖိအားပေးခံခဲ့ရသော အကျဉ်းသား တစ်ဦး ဖြစ်ခဲ့၏။ သူတို့ နှစ်ဦးသည် သူမကို တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ပြီးနောက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုဝေ့ဝူယင်သည် လှုပ်ရှားမှု အနည်းငယ်သာ ပြုလုပ်ခဲ့၏။ ယွီစွန်းလီကို သူရဲကောင်းဆန်ဆန် ကယ်တင်ခြင်းနှင့် နောက်ဆက်တွဲ တိုက်ပွဲဝင်ခြင်း အားထုတ်မှုများမှာ သီးသန့်နီးပါး သူမ၏ လက်ရာများသာ ဖြစ်ပေသည်။ ပိုင်လင်သည် ယွီစွန်းလီ ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အလွန်အမင်း ဂရုစိုက်ခဲ့လေသည်။ ထိုမိန်းကလေးသည် အထီးကျန်ဆန်သော အဖြစ်ဆိုးတစ်ခုကို ဖြတ်သန်းခဲ့ရသူ ဖြစ်၏။ ပိုမိုကြီးမားသော အဖြစ်ဆိုးကြီးမှ သူမ၏ ထူးခြားသော ခန္ဓာကိုယ် ဂုဏ်သတ္တိများကြောင့်သာ ကယ်တင်ခြင်း ခံခဲ့ရပြီး ထို့နောက်တွင် ဝေ့ဝူယင်၏ စိတ်ရောကိုယ်ပါ လိုက်လံ ပိုးပန်းမှုကို ခံခဲ့ရခြင်း ဖြစ်လေသည်။

"အောင်မြင်ခဲ့တယ်..."

ဝေ့ဝူယင်က အရိုးပြာနယ်မြေ ဘက်သို့ လှမ်းကြည့်ရင်း အတည်ပြုလိုက်၏။ သူသည် ကောင်းကင်ဘုံနတ်မျက်လုံးများဖြင့် စုရီကို လိပ်ခွံထဲမှ အတင်းအကျပ် ထွက်လာစေရန် လုပ်ဆောင်နေသော စစ်ဆင်ရေးတစ်ခုကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

အထွတ်အထိပ် သူတော်စင်များစွာသည် ကြီးမားသော ဟင်းလင်းပြင် သင်္ဘောများစွာနှင့်အတူ ထိုနယ်မြေ၏ အာကာသ တည်ငြိမ်မှုကို ဖိအားပေးနေကြ၏။ ၎င်းတို့က ထိုနယ်မြေကို အတွင်းဘက်သို့ ပြိုကျကာ ပျက်စီးသွားစေရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဝေ့ဝူယင်က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ဆက်ပြောလေသည်။

"ချင်ချူးမူနဲ့ ယွီစွန်းလီတို့က တူညီတဲ့ အချက်တွေကို ရှာတွေ့ခဲ့ပြီး ခိုင်မာတဲ့ သံယောဇဉ်တစ်ခု တည်ဆောက်နိုင်ခဲ့တယ်... သူတို့ အတူတူ ခရီးတွေ အများကြီး ထွက်ခဲ့ကြတယ်... မကြာသေးခင်ကမှ သူတို့ နှစ်ယောက်စလုံး ကိုယ်ပိုင် လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာနိုင်လောက်အောင် ကြီးပြင်းလာခဲ့ကြတာပါ... ယွီစွန်းလီမှာ ဒါကာရိုင်း ရှိပြီး ချင်ချူးမူဆီမှာတော့ ငါ့ရဲ့ အဓိက စွမ်းအား အငွေ့အသက်လေးတစ်ခု ပါသွားတယ်..."

"သူတို့တွေ ဘေးကင်းလုံခြုံတယ်၊ လွတ်လပ်တယ်၊ ပြီးတော့ မသိမမြင်နိုင်တဲ့ အရာတွေ အများကြီးရှိတဲ့ ကမ္ဘာကြီးထဲမှာ အကြောက်တရား ကင်းကင်းနဲ့ ရပ်တည်နိုင်တယ်ဆိုတာကို သူတို့ သေချာ သိသွားအောင် ငါ အရာအားလုံး လုပ်ပေးခဲ့တယ်... ကံကောင်းတာက တခြားလူတွေကလည်း သူတို့ရဲ့ မျက်နှာသာပေးမှုကို လိုချင်ကြပြီး သူတို့ရဲ့ အမြင်တွေကို တန်ဖိုးထားကြလို့ သွယ်ဝိုက်ပြီး အကူအညီတွေ ပေးနေကြတယ်... ချင်ချူးမူဆိုရင် ငါ အနားမှာ မရှိဘဲနဲ့ တစ်ရက်လုံး နေနိုင်တဲ့အထိ တိုးတက်လာခဲ့ပြီ... သူတို့ရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ စွဲထင်နေတဲ့ ဒဏ်ရာတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကုစားလာနိုင်တဲ့ တိုးတက်မှုကတော့ အံ့မခန်းပါပဲ... သူတို့ နှစ်ယောက်စလုံးက သန်မာတဲ့ မိန်းမတွေပါ..."

ပိုင်လင်၏ မျက်လုံးများက ဝမ်းသာအားရ တောက်ပသွား၏။

"တွေ့လား... မမချူးမူက အလွယ်တကူ ပြိုလဲသွားမယ့်သူ မဟုတ်ဘူးလို့ ကျွန်တော် သခင့်ကို ပြောသားပဲ... သူ့ဆီမှာ သခင့်ကို... အင်း... သတိရစေမယ့် နှလုံးသား ခွန်အားမျိုး ရှိတယ်..."

ဝေ့ဝူယင်က ရယ်မောလိုက်၏။ ၎င်းမှာ ရယ်စရာကောင်း၍ မဟုတ်ဘဲ ထိုဖော်ပြချက်က မည်မျှ သင့်လျော်မှန်ကန်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။ ချင်ချူးမူနှင့် သူသည် စိတ်တူကိုယ်တူများ ဖြစ်ကြ၏။ ၎င်းမှာ သူတို့၏ တူညီသော အဖြစ်ဆိုးများ သို့မဟုတ် ဇာတ်လမ်းများကြောင့်တော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ချင်ချူးမူသည် အနန္တ ကုန်းမြေတိုက်ကြီး၏ အယ်ဗန် မျိုးနွယ်စုမှ မင်းသမီးတစ်ပါး ဖြစ်၏။ သူမသည် လူတိုင်း၏ ချစ်ခင်မြတ်နိုးမှုကို ခံရပြီး လွတ်လပ်ခွင့်နှင့် ထိုလွတ်လပ်ခွင့်ကို ထိန်းသိမ်းထားရန် လိုအပ်သော စွမ်းအားကို တောင့်တခဲ့သူ ဖြစ်သည်။

သူတို့တွင် တူညီသော နောက်ခံသမိုင်းကြောင်းများ မရှိခဲ့သော်လည်း ကမ္ဘာလောကနှင့် ပတ်သက်၍ တူညီသော အမြင်တစ်ခု ရှိခဲ့ကြ၏။ ၎င်းမှာ... အဖြစ်ဆိုးများ သို့မဟုတ် အမှောင်ထုများ ရှိနေသော်လည်း ဤလောကကြီးက လှပသည်ဟူသော အချက်ပင် ဖြစ်သည်။ သူတို့က ထိုအရာကို မြင်တွေ့ခဲ့ကြ၏။ ဝတ္ထုပစ္စည်းများထဲမှ အလှတရားကို မြင်တွေ့နိုင်ပြီး ၎င်းကို လိုက်လံရှာဖွေရန် သတ္တိလည်း ရှိခဲ့ကြပေသည်။ သူတို့ နှစ်ယောက်၏ တူညီသော ဟာသဉာဏ်ကို ထည့်မတွက်လျှင်ပင် စိတ်နေသဘောထားပိုင်း၌ ကြီးမားသော တူညီမှုများ ရှိနေခဲ့လေသည်။

အချိန်နာရီများကို မေ့လျော့ကာ တစ်ယောက်၏ စကားများကို တစ်ယောက်က ပျော်ရွှင်စွာ နားထောင်ရင်း နာရီပေါင်းများစွာ စကားပြောခဲ့ကြချိန်ကတည်းက ဤအရာကို သူတို့ နှစ်ဦးစလုံး စောစီးစွာ ခံစားသိရှိခဲ့ကြ၏။

"မမရီဖေး၊ မမရှင်းရီ နဲ့ မမပိုင်ကျိုးတို့ အားလုံးဆီမှာ သခင့်ကို သတိရစေမယ့် အရည်အချင်းတွေ ရှိတယ်လို့ ကျွန်တော် ခံစားရတယ်..."

ဝေ့ဝူယင် မမြင်နိုင်သော အရာတစ်ခုကို ထောက်ပြရင်း ပိုင်လင်က ပေါ့ပေါ့ဆဆ မှတ်ချက်ချလိုက်၏။

"တကယ်တော့... သူတို့အားလုံးက..."

"အေးပါ... အေးပါ... မင်းက သူတို့ကို မမတွေလို့ ခေါ်ရတာ တော်တော် သဘောကျနေတာပဲလား..."

ဝေ့ဝူယင်က သူမ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း စကားဖြတ်ပြောလိုက်၏။

"ဟမ့်..."

သူမက တောင်ပံများကို ရုတ်သိမ်းကာ အကြမ်းပတမ်း လှည့်ပတ်လိုက်၏။ သို့သော် ဝေ့ဝူယင်ကို သူမ၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားစေရန် ကြိုးပမ်းမှုသည် ရိုးရှင်းသော တွယ်ကပ်ခြင်း နည်းစနစ်တစ်ခုကြောင့် အချည်းနှီး ဖြစ်သွားခဲ့ရသည်။ ပိုင်လင်၏ အတောင်ပံများ ပြန်လည် ဖြန့်ကျက်သွားချိန်တွင် ဝေ့ဝူယင်က အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောလိုက်၏။ ပိုင်လင်သည် သူမ၏ ကြိုးစားမှုက အဓိပ္ပါယ်မရှိကြောင်း သိလိုက်ရသဖြင့် စူပုပ်ပုပ် မျက်နှာထားကို ဆင်လိုက်လေသည်။ ထို့နောက်... ထိုကိစ္စကို ဆက်လက် အာရုံမထားတော့ဘဲ သူမက တဖြည်းဖြည်း ငြိမ်သက်သွားကာ မေးလိုက်၏။

"သူတို့ကို လွမ်းလား... အားလုံးကိုလေ..."

All Chapters